Religion Nazi

religionnazi

 

Facebook မှာ ပရလောကမှ ရှားပါးမှတ်တမ်းများ ဆိုတဲ့ ပေ့ချ် မှာ တင်ထားတဲ့ ရွှေတိဂုံစေတီတော် ရဲ့ ပုံရိပ် ဆလိုက်မီး ထိုးလို့ မိုးသားတိမ်အနိမ့် မှာ ထင်နေတဲ့ ပုံမှာ တွေ့လိုက်ရတာပါ။

မယုံတဲ့သူတွေ ယုံတဲ့သူတွေ နမိတ်ဆိုပြီးပြောတဲ့လူတွေ ရူပဗေဒ သဘောနဲ့ ရှင်းပြနေတဲ့လူတွေ ကုလားမုန်းတဲ့လူတွေ ရွှေပြည်အေး တရားဟော ဆရာတွေ ရဲ့ မျိုးစုံသော ကောမန့်တွေကို အိပ်ငိုက်ပြေလေး လိုက်ဖတ် မိနေတုန်းပဲ ဒီကောမန့်ကို တွေ့လိုက်တာပါ။

မင်းတို့က ဗုဒ္ဒ ဘာသာဝင်တွေ မဟုတ်လား။ ဗုဒ္ဒ ဘာသာဝင် ဆိုရင် ဘာမှကို မဝေဖန် နဲ့” ဆိုပဲ။

hitler nazi, neo nazi, grammar nazi, spelling nazi တွေပြီးတော့ ခုများ religion nazi တွေပါ ပေါ်လာပြီလားမသိဘူး။ း)

 

ပုံ ခရက်ဒစ် ဒီက

2 comments

  • ဇီဇီ

    July 3, 2014 at 8:23 pm

    အသာပြောပါ။
    ဝီဝီ လာရိုက်လိမ့်မယ်။
    😀

    • JackSkellington

      July 4, 2014 at 5:57 am

      ဝီဝီ တို့ က မျိုးစောင့်ရမယ်တို့ မြန်မာ့စီးပွားရေးအားပေးရမယ်တို့။
      အဲ့ဒါတွေက တစ်နှစ်လောက် မြင်ထားတော့ နည်းနည်း ရိုးနေပြီ။
      ဒီဟာမြင်လိုက်တော့မှ မျက်စိထဲ ခိုးလိုးခုလု နဲ့ရယ်။
      နောက်ဆို ဒါမျိုးတွေလဲ trend ဖြစ်လာမလား မသိ။ 😛

Leave a Reply