မင်းသားကြီးတစ်လက်ကွယ်လွန်ခြင်း

khinmintatthuAugust 13, 20101min441

Hallyu မင်းသားကြီး Park Yong-ha ကို နေအိမ်မှာ မိမိ ကိုယ် မိမိ သတ်သေပြီးး သေဆုံး နေတာကို ယနေ့ နံနက် (30th June 2010) တွေ့ရှိ ခဲ့ရလို့ အနုပညာ ပရိသတ် ကြီး တစ်ရပ်လုံး အံ့ဩ တုန်လှုပ် သွားခဲ့ ပါတယ်။

မနေ့ ညနေ ( (29th June 2010) မှာ Park Yong-ha ဟာ မကြာမှီ ရိုက်တော့ မဲ့ Love Song – Drama အတွက် producer နဲ့ ချိန်းထား ရောက် မလာ ခဲ့ပါ။ မန်နေဂျာ မှ မင်းသား နဲ့ ဆက်သွယ်လို့ မရခဲ့ဘူး လို့လည်း သိရ ပါတယ်။

မင်းသား စိတ်ဓါတ် ကျနေတဲ့ ပုံနဲ့ အခု တစ်လော တွေ့နေ ရတယ် လို့လည်း ပြောကြ ပါတယ်။ သူ့အဖေ ကင်ဆာ ရောဂါ ရနေတော့၊ စိတ်မကောင်း ဖြစ်နေတယ် လို့ပဲ ထင်နေ ကြပါတယ်။

ယနေ့ မနက် မှာတော့ မင်းသားကို ၎င်းရဲ့ အခန်း ထဲမှ ဆွဲကြီုးချ သေဆုံး နေတာကို မိခင် ဖြစ်သူမှ တွေ့ရှိ ခဲ့ရတယ် လို့ ဆို ပါတယ်။

မနေ့ည က ဖခင် ဖြစ်သူကို နှိပ်ပေး နေရင်း “ကျွန်တော် စိတ်မကောင်း ပါဘူး” လို့ အထပ်ထပ် ပြောပြီး သူ့အခန်း ထဲဝင် သွားတာ နောက်ဆုံး အသက် ရှင်လျက် တွေ့လိုက် ခြင်းပဲလို့ ဆိုပါတယ်။


Park Yong-ha the actor

Park Yong-ha ဟာ သေဆုံးတဲ့ အချိန်မှာ အသက် ၃၂ နှစ် ရှိပါပြီး၊ ၁၉၉၅ ခုနှစ်မှာ KBS ရဲ့ Love Blossoms in the Classroom ဇာတ်လမ်းတွဲ နဲ့ သရုပ်ဆောင် လောကကို ခြေချ ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ နာမည်ကျော် Winter
Sonata ဇာတ်လမ်းတွဲ နဲ့ Hallyu star ဖြစ်လာခဲ့ ပါတယ်။

၂၀၀၈ ခုနှစ် ကပြတဲ့ မင်းသား ပါဝင်တဲ့ One Air ဇာတ်လမ်းတွဲ ဟာလည်း အထူး နာမည် ကြီးခဲ့ ပါတယ်။

မင်းသားဟာ Love Song လို့အမည် ပေးထာတဲ့ ဇာတ်လမ်းတွဲ မှာ မင်းသမီး Yoon Eun-hye နဲ့တွဲဖက် ရိုက်ကူး ဖို့ အဆင်သင့် လုပ်နေဆဲ လို့လည်း သိရ ပါတယ်။

မင်းသားကြီး Park Yong-ha ကောင်းရာ သုဂတိ လားပါစေ။


Park Yong-ha the singer

One comment

  • maypearl

    August 13, 2010 at 7:50 am

    စိတ်မကောင်းပါဘူး
    ကိုရီးယားရဲ့ ဒုတိယရေပန်းအစားဆုံးရောဂါတစ်မျိုးလို့သိရှိရပါတယ်
    ပထမကတော့ ကင်ဆာဖြစ်ကြောင်းတွေ့ရှိရပါတယ်။

Leave a Reply