ခါးသောမျက်ရည်

ကာရံJuly 3, 20141min783

 သံသယအတွေးနဲ့ ချိန်နာရီကြား ဖြတ်သန်းဖူးတယ်

အမှန်တရားမဲ့မို့ ခံစားရတာ လူသားတိုင်းပါ

အကြောင်းရယ်မတူလို့ လောကကမ္ဘာကြီးက ဗျောင်းဆန်ကုန်ပြီလား

တစ်ခါတစ်ရံမှာ လူသားတိုင်း အေးချမ်းခြင်းကို တန်ဖိုးထား လိုလားသူတွေပါ

ဘယ်သူကရော ငိုချင်ပါ့မလဲလေ ရာသီတွေ တစ်ရွှေ့ရွှေ့ဖြတ်သန်းစဲမို့

ငါလည်းတစ်နေ့ ရောက်ရမယ့်လမ်းမှာ အခက်အခဲကြမ်းကြီးကို

ဖြတ်သန်းနေရသေးတယ်

အတ္တတွေ ရေပန်းစားနေပြီလား မာနတွေ ထွေခင်းကစားနေရော့သလား

ကလေးသူငယ်တွေရဲ့အတွေးမှာ တစ်ယောက်ထဲရပ်တည်ဖို့

ရိုက်သွင်းနေရော့သလားလေ

အချိန်ဆိုတာ ရပ်တန့်မနေသရွှေ့တော့

ခါးသောမျက်ရည်စက်များ တစ်သွင်သွင်

စီးဆင်းနေရဦးမယ်ပေါ့

ကာရံ 3.7.2014

3 comments

  • မဟာရာဇာ အံစာတုံး

    July 4, 2014 at 12:30 pm

    ဖြစ်သမျှ အကြောင်း ပဲလေ လို့
    ဖြေသိမ့်တတ်ခဲ့ရင်
    ခါးသော မျက်ရည်ဟာ ငန်ကျိကျိ ဖြစ်လာမှာ အမှန်ဘာဘဲ …
    စကားမစပ် ငါးကြောင်းမြောက်က စဲ က ဆဲ ကို ဆိုလိုတာ ဖြစ်မယ် ထင်ပါတယ် ခင်ဗျာ။

  • ကာရံ

    July 4, 2014 at 5:39 pm

    ဆဲကိ်ု ဆိုလိုခြင်းတော့မဟုတ်ပါဘူး ပထမတစ်ခါတုန်းက ရပ်ဆဲပေးပါ ခေါင်းစဉ်နဲ့ ရေးထားလို့ စားလုံးမှားတယ်ပြောလို့ စလုံးနဲ့ စဲထားခြင်းပါ အမှန်ကို တင်ပြပေးပါနော် တစ်ခါတစ်လေ မရေးတာကြာတော့ စာလုံးပေါင်း တစ်အားမှားတယ်လေ ကျေးဇူးတင်ပါတယ် ခင်ဗျ
    ကာရံ

Leave a Reply