၅ မိနစ်ပဲစောင့် Lazy Cook!

Ma MaJuly 4, 20141min30031

လေးဇီးကွတ်ရဲ့ထုံးစံအတိုင်း လွယ်ကူပေါ့ပါးစွာ ချက်နိုင်တဲ့ ကြက်သားကော်ဖီမှုန့်ဟင်းပါ။

 

စားနေကျအရသာနဲ့မတူပဲ ကော်ဖီမှုန့်ရဲ့ ခါးစိမ့်စိမ့်အရသာနဲ့ပေါင်းပြီး အရသာထူးခြားတဲ့ကြက်သားဟင်းလျှာကို ရရှိစေနိုင်ပါတယ်။

 

ဒါ့အပြင် လွယ်ကူသက်သာလို့ ချွေးတစ်စက်မှ မထွက်ဘူးဆိုရင် ………………….

မီးချောင်ဝင်နေရတဲ့ အိမ်ရှင်မတွေ (အိမ်ရှင်ထီးတွေကတော့ ကိုယ့်ထက်ပိုကျွမ်းတာမို့ သူတို့မပါ) မျက်ခုံးတစ်ချက်ပင့်ဖြစ်သွားကြမယ်ထင်ပါရဲ့။ :chit:

 

မီးဖိုချောင်ဝင်တာနဲ့ ချက်တာကနည်းနည်း၊ ချွေးထွက်တာက များများဖြစ်တတ်တဲ့ ကိုယ့်အတွက်တော့ အလွန်သဘောကျစရာကောင်းတဲ့အချက်တစ်ချက်ပါပဲ။ 🙂

 

ကြော်ငြာနဲ့တင် အတော်ရှည်သွားပြီ။

 

ကဲ- ချက်နည်းစပါပြီ။  :s:

 

ပါဝင်ပစ္စည်းတွေအနေနဲ့……………..

၁။ ကြက်သား ၁၅ကျပ်သား

၂။ ကော်ဖီမှုန့် လက်ဖက်ရည်ဇွန်းကြီး ၁ဇွန်း

၃။ ထောပတ် လက်ဖက်ရည်ဇွန်းကြီး ၁ဇွန်း

၄။ သကြား လက်ဖက်ရည်ဇွန်းသေး ၁ဇွန်း

၅။ ဆားအနည်းငယ်

၆။ Mayonnaise လက်ဖက်ရည်ဇွန်းကြီး ၁ ဇွန်း တို့ လိုအပ်ပါတယ်။

 

ဟင်းချက်ဖို့အတွက် ကြက်သားကို အတုံးသေးသေးလေးများဖြစ်အောင် လှီးပါ။

ပြီးလျှင် ကော်ဖီမှုန့်၊ ထောပတ်၊ သကြား၊ ဆား တို့ဖြင့် ရောနယ်ပါ။

CAM01997[1]
အားလုံးရောနယ်ပြီး မိနစ်၃ဝ ကြာအောင် နှပ်ထားစဉ်။

မိနစ် ၃ဝခန့် နှပ်ထားပြီးနောက် Microwave Oven တွင် ထည့်၍ ၂မိနစ်ခွဲ ချက်ပါ။

 

CAM01999[1]
Microwave Oven နှင့် ၂မိနစ်ခွဲ ချက်ပြီး မွှေထားစဉ်။

 

၂မိနစ်ခွဲ ပြည့်လျှင် ဇွန်းဖြင့် မွှေပေးပြီး  အပေါ်အောက်လှန်ပြီး Microwave Oven တွင် နောက်ထပ် ၁မိနစ်ခွဲ အပူပေးပါ။

ထို့နောက် ကြက်သားကော်ဖီမှုန့်ဟင်းကို အပေါ်မှ Mayonnaise ဆမ်း၍ စားသုံးနိုင်ပါပြီ။

 

CAM02001[1]
စားကြမယ်ဟေ့ ကောင်းကောင်းးးးးးးးးး
(အုန်းနို့ကြိုက်လျှင် ကြက်သားနှပ်စဉ်မှာ ရောနယ်ပြီး ချက်နိုင်ပါသည်။)

 

 

 

 

31 comments

  • ဦးဦးပါလေရာ

    July 4, 2014 at 8:40 pm

    .စားဖူးဘို့ထားလို့..
    .ကြား​တောင်​ မကြားဖူးတဲ့ဟင်​းပဲ….
    .​ကော်​ဖီပါလို့
    .အရမ်​းစိတ်​ဝင်​စားတယ်​….
    .တစ်​ခါ​လောက်​ ချက်​စားကြည်​့ဦးမယ်​…:-)

    • Ma Ma

      July 5, 2014 at 9:43 am

      သူငယ်ချင်းတစ်ယောက်စီက နည်းရလို့ ဆန်းတယ်ဆိုပြီး ချက်စားကြည့်တာ။
      ပုံမှန်စားနေကျအရသာနဲ့ မတူပဲ အရသာတမျိုးပြောင်းလို့ သဘောကျတာနဲ့ တင်လိုက်တာ။
      ချက်စားကြည့် ဦးပါရေ။
      မကောင်းတော့လည်း အသိသာကြီးပေ့ါ။ 😀

  • အရီးခင်

    July 5, 2014 at 2:09 am

    သွေးသောက်ချစ်မ ရေ့
    သများက ကာဖီ မကြိုက် အနံ့တောင် မခံနိုင်လို့ အိုဗာတင်းလေး အစားထိုးပြီး ထည့်ချက်ကြည့်မယ် နော်။
    ;-)))
    ကျေးဇူးကြီးပါ။
    အစ်မဒုံ အသံပျောက်နေလို့ အီးမေးပို့ဖို့ စိတ်ဘဲ ရှိ။ လက်မပါနိုင်သေးလို့ ဒီမှာဘဲ လှမ်းပြီး လွမ်းပြလိုက်ပါတယ်။
    စာလေးရေးပို့ပါဦး မယ် လို့။

    • Ma Ma

      July 5, 2014 at 9:59 am

      သွေးသောက်ဒုံတစ်ယောက် သူတို့လမ်းမှာ မြောင်းတူးလို့ ဖိုင်ဘာပြတ်သွားတာရယ်၊
      သင်တန်းမှာ စာသင်ပေးရတာရယ်၊
      စာမေးပွဲအတွက် စာဖတ်နေရတာရယ်နဲ့ အွန်လိုင်းပေါ်မရောက်ဖြစ်နေတယ်။
      ပြောပြပေးလိုက်မယ် မလတ်ရေ။ 🙂

  • Crystalline

    July 5, 2014 at 3:41 am

    ချစ်မရယ် ထူးထူးဆန်းဆန်းပါလား… ဒီတိုင်းမြည်းဖို့ကောင်းမယ်ထင်တယ်… ခုရာသီနဲ့ကွက်တိ.. ညပိုင်းမြည်း.. ဘောလုံးပွဲကြည့်ရင် မျက်စိကျယ်အောင်.. :))

    • Ma Ma

      July 5, 2014 at 10:40 am

      ကမာ့္ဘဖလား ခရေဇီတွေအတွက် final ပွဲအမီဆိုတော့ အတော်ပဲပေ့ါနော် ခရစ်စ်လေးးး 🙂

  • ရိုးရိုးမီးဖိုနဲ့ရော ချက်လို့မရဘူးလားဟင် 🙂
    ကော်ဖီဆိုလို့ အရမ်းစိတ်ဝင်စားသွားပြီ

    • Ma Ma

      July 5, 2014 at 1:48 pm

      လုံမရေ-
      နည်းပေးတဲ့သူက မိုက်ခရိုဝေ့ဖ်နဲ့ပြောလို့ သူပြောတဲ့အတိုင်းချက်လိုက်တာ။
      ရိုးရိုးမီးဖိုနဲ့ မီးမျှင်းမျှင်းနဲ့တည်လည်း ရမယ်ထင်တာပဲ။
      မိုက်ခရိုဝေ့ဖ်ကတော့ မြန်တာပေ့ါ။ 🙂

  • kyeemite

    July 5, 2014 at 10:16 am

    ဦးပါပြောသလို….
    .စားဖူးဘို့ထားလို့..
    .ကြား​တောင်​ မကြားဖူးတဲ့ဟင်​းပဲ….စိတ်ဝင်စားတယ်ဗျ..ဒါပေမဲ့…Microwave Oven မရှိရင်ဘိုလုပ်ရမလဲဟင်

    • Ma Ma

      July 5, 2014 at 1:56 pm

      ရိုးရိုးမီးဖိုနဲ့ချက်လည်း ရမယ်ထင်တာပဲ။
      မဒမ်မိုက်ကို စမ်းခိုင်းလေ။
      မိုက်ခရိုဝေ့ဖ်နဲ့ချက်တာကတော့ ပိုမြန်တယ်ထင်တယ်။ 🙂

  • alinsett (gazette)

    July 5, 2014 at 10:31 am

    စားချင်လိုက်တာ…
    ဘယ်သူများ….ချက်ကျွေးမှာပါလိမ့်…

    • Ma Ma

      July 5, 2014 at 2:03 pm

      အလင်းဆက်စားချင်နေတယ်ဆိုရင် ဒေါ်ဖွားမေကို လက်တို့ပေးလိုက်ရမလား။ 😀

      • အလင်းဆက်

        February 19, 2015 at 1:27 pm

        .ဖွေးဖွေး ချက် ကျွေးမှာကို စားချင်တယ်။
        (ချက်= ချက်ပြုတ်ခြင်း)

        :k:

  • weiwei

    July 5, 2014 at 10:56 am

    မကြားဖူးသေးတဲ့အစားအစာတစ်မျိုးပဲ ..
    လောလောဆယ် မိုက်ခရိုဝေ့ပျက်နေသေးလို့ ပြန်ပြင်ပြီးတော့မှပဲ တစ်ခါလောက် စမ်းကြည့်အုန်းမယ် ..

    • Ma Ma

      July 5, 2014 at 6:30 pm

      စမ်းကြည့်ပါ ဝေဝေရေ။
      ကော်ဖီမှုန့်အရသာလို့လည်း ပြောလို့မရပဲ အရသာတမျိုးထူးတာတော့ အမှန်ပဲ။ 🙂

  • surmi

    July 5, 2014 at 11:09 am

    အန်တီမမရေ
    ရိုးရိုး ဒယ်အိုးနဲ့ရောချက်လို့ရသလားဗျာ
    ဂက်စ် မီးဖိုမှာမီးအေးအေးနဲ့ပေါ့
    နောက်ပြီး ဝက်သားရောချက်လို့ရပါသလားခင်ဗျ 🙂

    • Ma Ma

      July 5, 2014 at 7:34 pm

      အချက်အပြုတ်ကျွမ်းတဲ့ ကဆာမိရေ-
      ဝက်သားနဲ့တော့ မချက်ကြည့်ဖူးဘူး။
      ချက်ဖြစ်ရင် ထပ်လာပြောမယ်။ 🙂

      • Ma Ma

        February 18, 2015 at 4:21 pm

        ကဆာမိရေ-
        ဝက်သားနဲ့ချက်ကြည့်တာ ကြက်သားနဲ့ချက်သလို အရသာရပေမယ့်
        အရမ်းအီနေလို့ ကြက်သားလောက် စားမကောင်းဘူး။
        အဲဒါလာပြန်ပြောပြတာ။

  • ဇီဇီ

    July 5, 2014 at 12:54 pm

    ဟယ်။
    တစ်ခါမှ မတစ်ခါဖူးဘူးးး
    ကိုယ့် အကြိုက်တွေချည်းပဲ။
    ရုပ်ရှင်ကြည့်ရင်း မြည်းလို့ ရအောင် လုပ်စားမယ်။
    ကျေးကျေး ချစ်မမ

    :s:

    • Ma Ma

      July 5, 2014 at 7:50 pm

      လွယ်တယ် ဇီဇီရေ။
      လုပ်စားကြည့်ပါ။ 🙂

  • TNA

    July 5, 2014 at 5:02 pm

    အန်တီမမရေ ကော်ဖီမှုန့်က ဘာကော်ဖီမှုန့်လဲ နက်စ်လား ရိုးရိုးဗမာကော်ဖီမှုန့်လား။ လုပ်စားကြည့်လိုက်အုံးမယ်။ ကျေးကျေး။ အန်တီမမတယောက်ဟင်းချက်ရတာ ချွေးမထွက်ပဲ စာရိုက်ရတာချွေးထွက်နေပထင့် :mrgreen:

    • Ma Ma

      July 5, 2014 at 7:56 pm

      ရိုးရိုးဗမာကော်ဖီမှုန့်နဲ့ပဲ ညွသဲရေ။
      စာရိုက်ပြီး တင်မှပဲ ချွေးပြန်သွားတာ။
      ညွသဲ နတ်မျက်စေ့ရနေတယ်ထင်တယ်။ :kwi:

  • TNA

    July 6, 2014 at 12:45 pm

    ကျေးကျေး မမရေ

  • မမ က နည်း ပေး

    ဝေဝေကချက်

    မာမာ ရယ် ဆူး ဆူး ရယ် ပေါက်ပေါက်ရ ယ် က ထုံး စံ အတိုင်း အား ပေး ပါ မယ်

    ချက်ပြီး ရင် လက် တို့ လိုက်ပါ

    • Ma Ma

      July 6, 2014 at 7:41 pm

      ကိုပေါက်ရေ-
      အရင်အခေါက်တွေတုန်းက ဝေဝေချက်ကျွေးတာချည်းပဲ စားခဲ့ရတာ။
      အရမ်းလည်း လွယ်လို့ ကြုံရင် ချက်ကျွေးချင်ပါတယ်။ 🙂

  • Choo

    July 7, 2014 at 2:56 pm

    ဘီဖိုးယီးတင်ထားတော့ အာဖတာတောင်စားဂျင်ဇယာမကောင်းတော့ဝူး
    နောက်ဆို ဘီဖိုးမတင်နဲ့နော် အာဖတာကျိပီး ဗိုက်ဖျေ့ရအောင်လို့ 😀

    • Ma Ma

      July 7, 2014 at 10:10 pm

      တင်ကတည်းက ဘယ်သူများ အဲလိုပြောလာပါ့မလဲလို့ ရင်တထိတ်ထိတ်နဲ့ စောင့်နေတာ။ 😀
      ဟင်းက လှတပတမရှိတာသိပေမယ့် လှအောင်လည်း မလုပ်တတ်တာနဲ့ ဒီအတိုင်းတင်လိုက်တာ။
      ကြည့်ရတာ ပုံကြည့်ပြီး စားချင်စိတ်ပျောက်သွားပုံရတယ်။ 🙁

  • Mr. MarGa

    July 7, 2014 at 3:53 pm

    ချက်ထားတာလေး စားချင်ပါတယ်ဗျ
    မြည်းကြည့်ချင်လို့ :mrgreen:

    • Ma Ma

      July 7, 2014 at 10:12 pm

      နတ်တွေဆိုတာ အငွေ့ပဲစားတယ်ဆိုတော့………
      နတ်တို့သနင်းသကြားမင်းဆိုတော့……….
      အမြင်ပဲစားသွားပါတော့ကွယ်။ :mrgreen:

  • kai

    February 19, 2015 at 4:08 pm

    အမတော်မမရေးမှ.. ဂိုဂယ်လိုက်တာ.. တွေ့ပါသဗျ..။
    အံ့ဖွယ်သုတ…။

    Coffee-Rubbed Roasted Chicken | Whole Foods Market
    chicken coffee from http://www.wholefoodsmarket.com
    http://www.wholefoodsmarket.com/…/coffee...
    Whole Foods Market
    440 calories (250 from fat)
    A coffee, brown sugar and butter rub adds unique and flavorful crispness to whole roasted chicken. Feel free to substitute individual chicken pieces if you like, …
    Coffee Chicken Recipe – Food.com
    chicken coffee from http://www.food.com
    http://www.food.com/recipe/coffee-chicken-109851
    Food.com
    Rating: 4.5 – ‎5 reviews – ‎2 hrs – ‎398.9 cal
    Use to make this dish B.C.(before children). It turns out such a pretty color! You can eat it hot or cold and it freezes well.

  • Mike

    February 20, 2015 at 1:39 pm

    .ဒါကြောင့် ဒီရွာသူားတွေ တော်ပါတယ်ဆို..သဂျီးကမယုံဘူး…ခိခိ :k:

Leave a Reply