စဉ်းစားကြစေလိုပါတယ် ( ၇၅ ) ( အနှိမ်ခံ တဲ့လား )

Foreign ResidentJuly 6, 201410min55230

စဉ်းစားကြစေလိုပါတယ် ( ၇၅ ) ( အနှိမ်ခံ တဲ့လား )

 

သိပ်မကြာခင်တုန်းက ၊ အဘ ရဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ နှင့် ၊

အဘ နှင့် မွတ်ဆလင် / ဘင်္ဂါလီ ကိစ္စ ဆွေးနွေးဖြစ်ကြတယ် ။

 

အဲဒီမှာ ၊ အံ့ဩစရာ သိလိုက်ရတဲ့ အချက် တစ်ချက်ကတော့ ၊

မြန်မာပြည်က လူတွေက ၊ အဘတို့ နေတဲ့ ဒီမို အစစ် နိုင်ငံတွေမှာ ၊

( တရားဝင် လာရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား / အာရှသားတွေဟာ ) ၊

အနှိမ်ခံ ဘဝ နှင့် အဖိနှိပ်ခံ ပြီး နေနေရတယ်လို့ တရားသေ ယူဆနေတာကို တွေ့ခဲ့ရတယ် ။

 

အမှန်ကတော့ ၊ မြန်မာပြည်မှာက ၊ မြန်မာပြည်ပေါက် အချင်းချင်းတောင်မှ ၊

တရုတ် ကုလား ဘင်္ဂါလီ စသဖြင့် ၊ လူမျိုးရေး ခွဲခြားတတ်တဲ့ စရိုက်ဆိုးကြီး စွဲနေတာကြောင့် ၊

( ကိုယ့်စိတ်နှင့် နှိုင်းတော့ ရိုင်း ဆိုသလိုပေါ့ ) ဒီဖက်က ဒီမိုအစစ် နိုင်ငံကြီးတွေမှာလည်း ၊

အဲဒီလိုဘဲ တရားလက်လွတ် uncivilized ဖြစ်နေလိမ့်မယ်လို့ တထစ်ချ ယူဆနေကြတယ် ။

အခု Post ကတော့ အဲဒီ အကြောင်းကို နဲနဲ ရှင်းပြချင်တာပါ ။

 

အဘ ရဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ နှင့် ၊

မွတ်ဆလင် / ဘင်္ဂါလီ ကိစ္စ ဆွေးနွေးဖြစ်တာ ၊ အကျိုး ( ၂ ) ခုရခဲ့တယ် ။

 

၁ ။

ပထမ အချက်က ၊ အဘ ရဲ့ ဒီမို နိုင်ငံတွေ ရောက်နေတဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေက ၊

အဘ ဆီ Message ပို့ပြီး ၊ အဘ ရဲ့ အတွေးအခေါ် ကို ထောက်ခံကြောင်း ပြောခဲ့ကြတယ် ။

( အမေရိက ရောက် ) ကျောင်းတုန်းကသူငယ်ချင်း ပို့ခဲ့တဲ့ Message ထဲက တစ်ချို့ကို ချပြရရင် ၊

 

” I totally agree with you,

my friends of different color, religion help me through the hard time,

all these years people never put me down

just because of my religion or color & the differences that I have.

I never have inferiority complex either.

I never felt that way & Nobody think I’m inferior to them either.

I have equal opportunity & equal right always.

So I don’t think others are inferior to me because of their believe either. “

 

အဲဒီတော့ ၊ အနဲဆုံး ဒီမို အစစ် နိုင်ငံတွေမှာ နေကြတဲ့ မြန်မာတွေမှာ ၊

လူဆန်တဲ့ အတွေးအခေါ်တွေ ရှိနေကြတာ တွေ့ခဲ့ရတယ် ။

 

၂ ။

ဒုတိယ အချက်ကတော့ ၊ မွတ်ဆလင်ဘာသာဝင် အဘ သူငယ်ချင်းတွေက ၊

သူတို့ကို စာနာ နားလည်ပေးတဲ့အတွက် ၊

အဘ ကို ကျေးဇူးတင်ပါကြောင်း Message ပို့ပေးကြတယ် ။

 

အောက်ကဟာကတော့ ၊

မွတ်ဆလင်ဘာသာဝင် အဘ သူငယ်ချင်းက ပို့ပေးတဲ့ Message နှင့် ၊

အဘက အကြောင်းပြန်ခဲ့တဲ့ Message ပါ ။

 

အဲဒီ သူငယ်ချင်းဟာ တစ်နေ့ကို ဒေါ်လှ ၇၀ဝ ကျော် နေ့တွက်ရနေတဲ့ ၊

မြန်မာ လူမျိုးထဲမှာ ရှာမှရှားတဲ့ Dynamic Positioning Master ကပ္ပတိန် တစ်ယောက်ပါ ။

( နေတာကလည်း အင်းယားလမ်းမှာ နေတဲ့သူပါ )

ဘိုးဘွားလက်ထက်ကတည်းက မြန်မာနိုင်ငံမှာနေခဲ့ကြတဲ့ ၊

မြန်မာနိုင်ငံကို ချစ်တဲ့ ၊ မြန်မာနိုင်ငံသား မွတ်ဆလင် တစ်ဦးပါ ။

သူ့ Message ကို ဖတ်ကြည့်လိုက်ပါဦး ။

 

Hi Ko XXX XXX XXX,

Always very much appreciated for your kind understanding

the status of Myanmar country and religion conflict things.

As you know, I’m a Burmese Muslims and

my ancestors were good Burmese Muslims too.

They always paid attention good things for Burma and

I’m also willing to do whatever it takes for me for my country.

But there’re some people doing silly things

just to hold their positions and

some people following their tactics ”

 

ဒါကတော့ အဘ သူ့ကို အကြောင်းပြန်ခဲ့တဲ့ Message ပေါ့ ။

 

XXX XXX XXX ရေ ။

 

ကျနော် ကုလားကို / မွတ်ဆလင် ကို ချစ်လွန်လွန်းလို့ ရေးနေတာ မဟုတ်ရပါဗျာ ။

 

၁ ။ ” တရားမျှတမှု ” နှင့် ” လူ ( သား ) ဆန်မှု ” ဘက်က ရပ်တည်တာပါဗျာ ။

 

၂ ။ မွဲပြာကျနေတဲ့ တိုင်းပြည်ကြီး ဖွံဖြိုးတိုးတက်ဖို့အတွက် ၊

မရှိမဖြစ် လိုအပ်နေတဲ့ ၊ ” ငြိမ်းချမ်းရေး ” ကို မြတ်နိုးတာလဲ ပါသပေါ့လေ ။

 

၃ ။ နောက်ဆုံးတစ်ချက်က ကျနော် ဗုဒ္ဓဘာသာ ရဲ့ ဂုဏ်သိက္ခာ ဘက်ကရပ်တည်တာပါဗျာ ။

တကယ့်တကယ်က ၊ သတ္တဝါ အားလုံးအပေါ် မေတ္တာထားတဲ့ ၊

ဗုဒ္ဓ ဘာသာဝင် အစစ် တွေဟာ ဘယ်လိုရပ်တည်တယ် ။

ဗုဒ္ဓ ဘာသာဝင် အစစ် တွေလဲ ရှိနေပါသေးလား ဆိုတာကို ။

လူလုံး ထွက်ပြရုံလေးတင်ပါဗျာ ။

 

ကျနော် သူတော်ကောင်းကြီး / သူရဲကောင်းကြီး လည်း မဟုတ်ရပါဘူးဗျာ ။

သာမာန် လူစိတ်ရှိတဲ့ လူ တစ်ယောက်ပါဘဲ ။

 

တစ်ခုတော့ရှိတာပေါ့လေ ၊ လက်ရှိ ကျနော် က ၊

ဒီမိုကရေစီ အစစ်အမှန် ( အစစ်အမှန် ) ထွန်းကားတဲ့ ၊

နိုင်ငံကြီးတစ်ခုမှာ အခြေချ နေထိုင်နေတာဆိုတော့လဲ ၊

တကယ့် တရားမျှတမှု အစစ်အမှန် ( အစစ်အမှန် ) ဟာ ဘာလဲဆိုတာကို ၊

ခံစားသိ နှင့် ပါ ပီပီပြင်ပြင် သိသွားပြီကိုးဗျ ။

 

ဒီရက်ပိုင်းလေးတင် ၊ ကျနော်တို့ Sydney မှာ ၊

Personal Discrimination Incident တစ်ခု ရထားပေါ်မှာ ဖြစ်ခဲ့တယ် ။

( မိန်းမနှစ်ယောက် စကားများတုန်း ၊ နဲနဲ နှိမ်ချပြီး ပြောမိ ဆိုမိယုံလေးပါ )

အဲဒါကို ၊ ဒီက ( ယဉ်ကျေးတဲ့ ) ဩဇီ ပြည်သူတွေက ချက်ချင်း ဘယ်လို တုန့်ပြန်ခဲ့တယ် ။

( ကိစ္စက သေးဖွဲလွန်းလို့ တရားဝင် တိုင်ကြားမယ့်သူ မရှိတာတောင် ) ၊

ဩဇီ ရဲတပ်ဖွဲ့က ၊ သိသိချင်း နေ့မကူးခင်ဘဲ ဘယ်လို အရေးယူခဲ့တယ် ။

အောက်က Page တွေမှာသာ ဖတ်ကြည့်ပါတော့ဗျာ ။

 

http://www.smh.com.au/nsw/woman-launches-racist-tirade-on-packed-train-20140703-zsui5.html

 

http://www.dailytelegraph.com.au/news/nsw/womans-racist-rant-against-asian-woman-filmed-on-train-from-central-coast-to-sydney/story-fni0cx12-1226976118971?nk=b4e888c7965945e853485f49d1223a7f

 

ဒီလို လူဆန်တဲ့ ၊ တရားမျှတတဲ့ ၊ ယဉ်ကျေးတဲ့ တိုင်းပြည် မှာ နေနေရတော့လဲ ၊

ကျနော့်မှာ လူဆန်တဲ့ အတွေးအခေါ်တွေ ရှိလာတာပါဗျာ ။ မထူးဆန်းလှပါဘူး ။

 

အဓိက ကတော့ ၊

ယုတ်မာလှတဲ့ အာဏာရှင် စံနစ် အဆက်ဆက် ရဲ့ လက်အောက်မှာ ၊

 

၁ ။

မ တရားမှုတွေကို စဉ်ဆက်မပြတ် ရှေ့ဆောင် ဥပမာ ပေးလာခဲ့တဲ့ အတွက် ၊

ကျနော်တို့ ၊ မြန်မာ တိုင်းသူပြည်သားတွေ ခမျာ ၊

” တရားမျှတမှု ” နှင့် ” လူ ( သား ) ဆန်မှု ” ဆိုတာကို ၊

( တွေ့လည်း မတွေ့ဖူး တော့ ) နားကို မလည်ကြတော့တာပါ ။

 

၂ ။

ပညာရေး ကိုလည်း တမင်တကာ ဖိနှိပ် ရိုက်ချိုးခံခဲ့ရတဲ့ အတွက် ၊

” တရားမျှတမှု ” နှင့် ” လူ ( သား ) ဆန်မှု ” ဆိုတာကို ၊

ပညာ ဉာဏ် နှင့်လည်း တွေးခေါ်ကြည့်ဖို့ / မြင်ကြည့်လို့ ၊ မမြင်တော့ဘူးလေ ။

ဒါပါဘဲ ။

 

XXX XXX XXX ရေ ။

ကျနော်တို့ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ လွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ၊

ကျနော် ကိုယ်စား တောင်းပန်စကား ဆိုပါတယ်ဗျာ ။

ကျနော်တို့ ဗုဒ္ဓ ဘာသာဝင် အစစ်တွေကို အထင် မလွဲကြပါနှင့် ။

 

XXX XXX XXX နှင့် မိသားစု ၊ ကျန်းမာ ချမ်းသာပါစေလို့ မေတ္တာပို့ပေးပါတယ် ။ ”

 

 

 

 

အဲ ၊ အခုမှဘဲ ၊ အဘရဲ့ ပြောလိုရင်း အကြောင်းအရာကို ရောက်တော့တယ် ။

ဒီမိုကရေစီ အစစ်အမှန် ထွန်းကားတဲ့ နိုင်ငံတွေမှာ ၊

( တရားဝင် လာရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား / အာရှသားတွေဟာ ) ၊

အနှိမ်ခံ ဘဝ နှင့် အဖိနှိပ်ခံ ပြီး မ နေရပါဘူး ဆိုတဲ့ အကြောင်းကို ပြောပြမှာပါ ။

 

 

 

ဒီ ကိစ္စ က ၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ( 02-07-14 ) က

Sydney မြို့တွင်း ရထားပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ ။

Detail ကတော့ သတင်းစာ ၂ စောင် ရဲ့ အောက်က Web Page မှာသာ ဖတ်ကြည့်ကြပါတော့ ။

 

Woman launches racist tirade on packed train

http://www.smh.com.au/nsw/woman-launches-racist-tirade-on-packed-train-20140703-zsui5.html

 

Woman’s racist rant against Asian woman filmed on train from Central Coast to Sydney

http://www.dailytelegraph.com.au/news/nsw/womans-racist-rant-against-asian-woman-filmed-on-train-from-central-coast-to-sydney/story-fni0cx12-1226976118971?nk=b4e888c7965945e853485f49d1223a7f

 

VDO clip ကြည့်ချင်ရင်တော့ ၊ ဒီမှာပါ ။

http://www.youtube.com/watch?v=ZBdYvN49eRU

 

 

အဘ က ၊ အကြမ်းဖျင်း ၊ အဓိက အချက်တွေကိုဘဲ ရေးပြရရင်တော့ ။

 

The video was posted on YouTube on Wednesday by user Kareem Abdul.

အဲဒီ VDO ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ( 02-07-14 ) က Kareem Abdul ဆိုသူက YouTube မှာတင်လိုက်ပါတယ် ။

 

အကြမ်းဖျင်း ပြောရရင် ၊ Ms Wilkins ( Bailey ) ဆိုတဲ့ အသက် ၅၅ နှစ်ရှိတဲ့ အဖွားကြီးက ၊

ရထားပေါ်မှာ ( အဖြူ ) ကလေးလေးတွေက သူ့အတွက် နေရာဖယ်မပေးတဲ့အတွက် ၊

( အဖြူ ) ကလေး အမေ နှင့် စကားမျာပါတယ် ။

 

ထုံးစံအတိုင်းပါဘဲ ၊ ဒီမှာက ရုတ်ရုတ် ရုတ်ရုတ် ဖြစ်တာနှင့် ၊

ဘေးလူတွေက လက်ကိုင်ဖုန်းတွေ နှင့် VDO မှတ်တမ်းတင်ကြပါတယ် ။

 

Ms Bailey was filmed turning to a passenger of Asian heritage.

 

အဲဒီမှာ အဖွားကြီး Ms Wilkins ( Bailey ) က ၊ ရှက်ရမ်းရမ်းပြီး ၊

လက်ကိုင်ဖုန်း နှင့် VDO မှတ်တမ်းတင်နေတဲ့ လူ ( တွေထဲက ) ၊

( တရုတ် လို့ထင်ရတဲ့ ) Asian မ တစ်ယောက်ကို ပြဿနာ ရှာပါတယ် ။

 

Ms Wilkins (Bailey ) pulling her eyes back with her fingers and

mocking the Asian woman’s accent..

“What’s wrong with Hong Kong? Why did you come to this country?

This is our country,” she shouts.

 

မျက်စိ အစွန်းကို လက်၂ဖက်နှင့် ဆွဲပြပြီး မျက်စိမှေးတဲ့ပုံ လုပ်ပြတယ် ။

Asian woman’s accent တရုတ်စကားပြောတဲ့ပုံ ” တ ဒ တ ဒ ” ဆိုပြီးရွတ်ပြတယ် ။

” မင်း ဟောင်ကောင်မှာ မနေဘဲ ၊ ဘာလို့ ဒီနိုင်ငံကိုလာသလဲ ။ ဒါ ငါတို့နိုင်ငံ ” လို့ပြောပါတယ် ။

 

When the man tells her to “shut up”, she focuses her attack on him.

 

အဲဒီ အာရှသူမ ဘေးမှာ ထိုင်နေတဲ့ အဖြူ တစ်ယောက်က ၊

ဒီလို လူမျိုးရေး ခွဲခြားတာကို လက်မခံနိုင်လို့ ၊ ” ပါးစပ်ပိတ်စမ်း ” လို့ဝင်ပြောတယ် ။

အဲဒီအခါ ၊ သူမ ရဲ့ Target က အဲဒီ အဖြူယောက်ျား ဘက် လှည့်သွားပြန်ရော ။

 

Who is this little jerk off he can only get a gook,

he can’t even get a regular girlfriend — it is so sad,” she said.

 

” ဒီကောင် ၊ အာရှသူမ ကိုဘဲ ( ရည်းစား ) ရနိုင်တယ် ။

( gook ဆိုတာ အာရှသူမ ကို နှိမ်ပြီး ခေါ်တဲ့ အသုံးအနှုန်း )

ပုံမှန် ဩဇီ အဖြူမ ( ရည်းစား ) မရနိုင်လို့ပေါ့ ။ သနားပါတယ် “

ဆိုပြီး အာရှသူမ ကို လူမျိုးရေး ခွဲခြားတဲ့ စကား ပြောလိုက်တယ် ။

 

she took to a nearby male passenger who was unrelated to the woman.

 

တကယ့် တကယ်ကတော့ အဲဒီ အဖြူယောက်ျား ဟာ ၊

ဘေးက အာရှသူမ နှင့် ဘာမှ မတော်စပ်ပါဘူး ။

 

Shocked passengers on the train react to the outburst in different ways

one tells her she is “f–king scum” and another to “go away”, others laugh or groan.

 

ရထားစီးလာတဲ့ တခြား ခရီးသည်တွေကလည်း ( အချိန် မဆိုင်းဘဲ / ချက်ချင်း ) ၊

သူမ ရဲ့ လူမျိုးရေး ခွဲခြားတဲ့ စကားကို ဝိုင်းဆန့်ကျင်ကြပါတယ် ။

 

တစ်ဦးက ” တန်ဘိုးမရှိတဲ့ ေ–ာက် ကောင်မ ” လို့ ဆဲဆိုခဲ့ပြီး ၊

နောက် တစ်ဦးကတော့ ” ( နင် ဒီကနေ ) ထွက်သွားစမ်း ” လို့ ဝိုင်းပြောခဲ့ပါတယ် ။

တခြားသူတွေကတော့ သူမ Ms Wilkins (Bailey ) ကို ဝိုင်းလှောင်ပြောင် ကြပါတယ် ။

 

When she did get off at Strathfield she was spoken to by police,

who were patrolling the station by chance.

A train guard alerted them she had been involved in an incident.

 

သူမ Ms Wilkins (Bailey ) ရထားပေါ်က ဆင်းတဲ့အချိန်မှာ ၊

ရထား တွဲစောင့်က သတင်းပို့လိုက်လို့ ၊

ရဲတွေက သူ့ကို စတင် စစ်ဆေး မေးမြန်းခဲ့တယ် ။

 

No formal statements have been made by the passengers on the train.

Police are appealing for the Asian woman

who was allegedly verbally abused and taunted to contact them.

 

အခုထက်ထိ ဘယ်သူ့ဆီကမှ ထွက်ချက် မယူရသေးပါဘူး ။

ရဲတွေက စော်ကားခံခဲ့ရတဲ့ အာရှသူမ ကို သူတို့ဆီ ဆက်သွယ်ဖို့ ပြောနေပါတယ် ။

 

Ms Bailey was last night taken to Wyong police station and

charged with offensive conduct.

 

Ms Wilkins (Bailey ) ကိုတော့ အဲဒီနေ့ ညမှာဘဲ စွဲချက်တင်လိုက်ပါပြီ ။

 

She said she wanted to offer a “public apology”

but added: “I was called white trash earlier in the week so I know it’s not nice.

But it’s only names. It’s not like I’m murdering anyone.”

Everyone’s playing the race card. It wasn’t purely the Asian lady “

 

Ms Wilkins (Bailey ) ကတော့ ၊ သူ ပြုခဲ့တဲ့ အမှားတွေအတွက် ၊

လူသိရှင်ကြား ပြည်သူ့ အရှေ့မှာ ပြန်လည် တောင်းပန်ပါ့မယ်တဲ့ ။

 

ဒါပေမယ့် ၊ သူမက ထပ်တော့ ပြောလိုက်ပါသေးတယ် ။

” ငါလည်းဘဲ သိပ်မကြာခင်တုန်းက အဖြူ အမှိုက် ဆိုပြီး အပြောခံခဲ့ရဘူးပါတယ် ” တဲ့ ။

” အခုခေတ်ကြီးမှာတော့ လူတွေက ( အထူးသဖြင့် အဖြူ မဟုတ်သူတွေက ) ၊

လူမျိုးရေး ခွဲခြား ဖိနှိပ်ခံရပါတယ် ဆိုပြီး ၊ အခွင့်အသာစီး ယူနေကြတာပါဘဲ ” တဲ့ ။

 

Police Transport Command Assistant Commissioner Max Mitchell said

the woman could be charged with offensive conduct.

This type of behaviour is totally unacceptable and

we will thoroughly investigate this matter and

the person responsible will be prosecuted,” he said.

 

ပို့ဆောင်ရေး ရဲတပ်ဖွဲ့ ရဲ့ လက်ထောက် ရဲချုပ် ကတော့ ၊

” ဒီလို အပြုအမူတွေဟာ လုံးဝ (လုံးဝ ) လက်ခံနိုင်စရာ မရှိပါဘူး ” တဲ့ ။

 

Witness Zachary Harrison, 18,

It was disgusting. I am in disbelief people still hold these views so strongly and

express them in public,” he said.

 

ဘေးမှာရှိနေတဲ့ သက်သေ Zachary Harrison ကတော့ ၊

” အခုလို ခေတ် အချိန်ကြီးမှာ ၊ ဒီလို လူမျိုးရေးခွဲခြားတဲ့ စကားတွေကို ၊

လူအများရှေ့မှာ ပြောရဲတာ ၊ ငါ ယုံတောင် မယုုံနိုင်လောက်အောင် ဖြစ်ရတယ် ” တဲ့ ။

 

ကဲ ၊ ဒီလောက် ဖတ်မိပြီ ဆိုရင်တော့ ၊

ဒီမိုကရေစီ အစစ်အမှန် ထွန်းကားတဲ့ နိုင်ငံတွေမှာ ၊

( တရားဝင် လာရောက်နေထိုင်နေတဲ့ နိုင်ငံခြားသား / အာရှသားတွေကိုရော ) ၊

လူသား မှန်သမျှ ( လူသား မှန်သမျှ ) ကို ၊

အစိုးရမင်းတွေက တရားမျှတတဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး ၊

ထိထိမိမိ အကာအကွယ်ပေးထားတာ ကိုရော ၊

ထိထိရောက်ရောက် အချိန်မဆိုင်း အရေးယူနေတာ ကိုရော ၊

ရွာသူားတွေ အတော်အတန် ရိပ်မိလောက်ပါပြီ ။

 

လူသား အားလုံး ၊

” တရားမျှတမှု အစစ်အမှန် ” ကို မြင်တွေ့နိုင်ပြီး ၊

” လူ ( သား ) ဆန်တဲ့ စိတ်ထား ” ထားနိုင်ကြပါစေကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

ဒါကတော့ Daily Telegraph သတင်းစာ ရဲ့ Face Book Page ပေါ်က ပုံပါ ။
ဒါကတော့ Daily Telegraph သတင်းစာ ရဲ့ Face Book Page ပေါ်က ပုံပါ ။

 

30 comments

  • မင်း ခန့် ကျော်

    July 6, 2014 at 12:56 pm

    ကျတော်တို့မန္တလေးမှာတော့
    အကြမ်းဖက်သမားတွေကိုပဲ
    လက်မခံကြတာလို့မြင်ပါတယ်။
    အုပ်ချုပ်ရေးအပိုင်းက ချော်တော့ငေါ့တာတော့
    တပိုင်းပေါ့ဗျာ။
    အသလွတ်မုန်းတီးမူ့တွေတော့ ရင်ထဲမှာရှိကြသူ့တခိုျု့ရှိပါလိမ့်မယ်။
    ဒီအချိန်မှာတော့ လူမျိုးရေးပါတ်သတ်ပြီး နှစ်ဖက်စလုံးသတိထားကြ
    ပါတယ်။
    စဉ်းစဉ်းစားစား ဘာမဆိုလုပ်သင့်တဲ့အချိန်မို့
    ဒီလောက်ပါပဲ။
    ဟုတ်ကဲ့ပါ။

  • surmi

    July 6, 2014 at 1:00 pm

    အင်းးး ရာသီဥတုနဲ့ အံကိုက်ပါဘဲ :mrgreen:

    အခြားတဖက်ကခံစားပြီးပြောပါမယ်
    (အပျင်းပြေ ဂလန့်တိုက်တယ်သဘောထားပါနော )
    အဲဒီအဖွါးကြီး ပြောဆိုတာ ပြုမူတာလွန်တယ်ဆိုရင် …
    ဘေးက ဝင်ဆဲသူတွေရောမလွန်ဘူးလားအဘရေ
    မသကာပြေရာပေကြောင်း ပြောရမယ့်အစား
    ဝိုင်းဆဲကြတာ အနိုင်ကျင့်သလိုမဖြစ်ဘူးလားးးး လို့ဗျာ
    :kwi:

    • Foreign Resident

      July 6, 2014 at 2:00 pm

      surmi says:
      ” အဲဒီအဖွါးကြီး ပြောဆိုတာ ပြုမူတာ လွန်တယ်ဆိုရင် …
      ဘေးက ဝင်ဆဲသူတွေရော မလွန်ဘူးလား အဘရေ ”

      ကို surmi ရေ ။
      မှန်တာပြောရရင် ၊ ဘေးက ဝင်ဆဲတဲ့သူတွေလဲ နဲနဲတော့ မှားတာပါဘဲ ။
      အမှန်ကတော့ ၊ ရဲတိုင်ရမယ့် ကိစ္စပါဘဲ ။
      ဒါပေမယ့် ၊ ဒီဖက်မှာက တော်ယုံ အဆဲလေးနှင့် ၊
      Fucking စသဖြင့် ၊ ပြောတာလောက်ကတော့ used to ဖြစ်နေပေါ့ ။

      နောက်ပြီးတော့ ၊ ပုဂ္ဂလိက တစ်ဦးကို တစ်ဦး ဆဲဆိုတာက သိပ် အပြစ်မကြီးဘဲ ၊
      အဲဒီလို ဘာသာရေး ၊ လူမျိုးရေး နှိမ်ချတာ ၊
      Discriminate လုပ်တာက ၊ အပြစ် ပိုကြီးတယ် ခမျ ။

      ” မသကာပြေရာပေကြောင်း ပြောရမယ့်အစား ”

      ပြေရာပြေကြောင်း ဝင် ပြောတဲ့သူတွေလဲ ရှိပါတယ် ။
      အဲဒီ Page တွေမှာ Detail ဖတ်လို့ ရပါတယ် ။

      အခုက ကျနော်က ၊
      ဘာသာရေး ၊ လူမျိုးရေး ခွဲခြား နှိမ်ချတာ ၊ လုံးဝ လုပ်လို့မရဘူး ။
      အဲလိုလုပ်ရင် မဆိုင်းမတွ အရေးယူတဲ့ အကြောင်းကို ၊
      ဦးစားပေး ရှင်းပြတာ မို့လို့ပါ ။

  • surmi

    July 6, 2014 at 1:04 pm

    တကယ်လို့ ကျနော်လို နထူဘေဒ တစ်ယောက်
    သင်္ဘောပေါ်ကပြုတ်ကျပြီး ဩဇီမှာ ယောင်ကန်းကန်းဖြစ်နေရင်ရော
    ကျနော့လိုငထူရဲ့ လွဲချော်တဲ့အပြုအမူအတွက်
    ဝိုင်းဆဲကြမှာဘဲလားးးးးး လို့ :mrgreen:

    တကယ်မလာနိုင်ဘူးနော် စကားအဖြစ်ပြောတာ ဟဲဟဲ

    • Foreign Resident

      July 6, 2014 at 2:21 pm

      ကို surmi ရေ ။
      ဘာသာရေး ၊ လူမျိုးရေး နှိမ်ချတာ ၊ Discriminate လုပ်တာမျိုးဆိုရင်တော့ ၊
      ဝိုင်း ကန့်ကွက် အပြစ်တင်ကြမှာဘဲ ခမျ ။

      အဲလို အပြုအမူမျိုးဟာ အင်မတန် ရိုင်းတဲ့ အပြုအမူ ဆိုတာကို ၊
      ဒီဖက် နိုင်ငံတွေမှာ အခြေခံ မူလတန်းမှာကတည်းက သင်ထား ဆုံးမထားပြီးသား ခမျ ။

      ဒါကြောင့် ၊ အမေစု က ၊ ကုလားတွေ မကြိုက်ရင် ကုလားလို့ မခေါ်သင့်ဘူး ။
      မိဘတွေက မဆုံးမထားကြဘူးလား ၊ ဆိုပြီး တန်းပြောတော့တာကိုးဗျ ။
      အဲဒါဘဲလေ ၊ လူယဉ်ကျေး ဆိုတာ ၊ အပြောအဆိုမှာ တန်းပြီး ပေါ်တာပေါ့ ။

      ကျနော် အခု ကုလားလို့ သုံးမိသွားတာကတော့ ၊
      အဲဒီ အစား ဘာသုံးရမယ် ဆိုတာ အခုထိ ပြတ်ပြတ်သားသား မဆုံးဖြတ်ကြသေးလို့ပါဗျာ ။
      ကုလားတွေကို နှိမ်ချလိုရင်း မရှိရပါဘူးဗျာ ။ ကျနော့်စာတွေ ဖတ်ရင် သိကြမှာပါ ။

      • surmi

        July 6, 2014 at 4:02 pm

        ဟဲဟဲ
        ဘယ်သူမှ ဂျီမကျခင် ကျနော်အရင်ဂျီ ကျတာပါ ။
        အပြင်မှာအလွတ်သဘောပြောရင်တော့ ကုလားလို့ပြောမိတတ်ပေမယ့်
        အများသူငါရှေ့ နဲ့ ဂဇက်မှာစာရေးကွန်မန့်ပေးရင်တော့
        သတိထားပါတယ် ။
        ကျနော်က ဟိန္ဒူ နွယ်ဝင်တွေကို မဇ္ဈိမတိုင်းသာ ဒါမှမဟုတ်
        အိန္ဒိတိုင်းသား ဒီလို ပေါ့နော။
        ဟို ဆရာတွေကိုတော့ အစ္စလမ် ဘာသာဝင်တွေလို့ဘဲ သုံးလေ့ရှိပါတယ် ။
        တနည်းအားဖြင့်လည်း အဲဒီ နှစ်မျိုးလုံးနဲ့ အပြင်မှာ ရင်းနှီး ခင်မင်နေတော့
        သူတို့မကြိုက်တဲ့ ကုလား ဆိုတဲ့အသုံးအနှုံးကို သုံးရမှာအားနာတာလည်းပါတယ်ပေါ့ ။
        ကုလားကို ကုလားလို့မခေါ်ရင် ဘယ်လိုခေါ်မလဲ ဆိုတာအတွက် အဲဒီလိုခေါ်လို့ရတာပါဘဲ ။
        ကျောင်းနေဖက်သိပ်ရင်းနှီးတဲ့ တနည်းအားဖြင့် စားအတူသွားအတူ အိပ်အတူနေတဲ့ သူငယ်ချင်းထဲမှာ
        အဲဒီနှစ်မျိုးလုံးပါခဲ့ပါတယ် ။
        သူတို့နှစ်ယောက်ကို ကုလားလို့မခါ်ခဲ့ပါဘူး ။
        ရင်းနှီးတာနဲ့ လူမျိုးဘာသာကို အသားယူပြောတာ ခွဲသင့်တယ်ထင်လို့ပါ ။
        ပြောရရင် ကျနော်တို့က ထမင်းအတူစားနေကျ ။
        ဟိုမူဆလင် ဘော်ဒါက မူဆလင်ဆိုင်ကဟင်းဝယ်လာပြီး ကျနော်တို့စားတဲ့ တရုပ်ဆိုင်မှာလာစားတာ ။
        ထားပါတော့……
        လူမျိုးဘာသာ အသားအရောင်ဆိုတဲ့အရာတွေကို ခွဲခြားရှုံ့ချရင် အပြစ်ပေးမယ်ဆိုတာထက်
        ကိုယ့်အသိနဲ့ကိုယ် စောင့်စည်းနိုင်တာပိုကောင်းပါတယ်လေ ။
        ပညာတတ်သည်မတတ်သည် ဆိုတာထက်
        ဗုဒ္ဓဘာသာ စစ်စစ် (စစ်စစ်) တကယ်ဖြစ်ရင် ဒါတွေဟာ အလိုလိုပြီးသွားမယ့်ကိစ္စပါ ။
        ဥပမာ တစ်ခုပေးရရင် __
        သာကီဝင်မင်းသားကြီးတွေတောထွက်ပြီးရဟန်းပြုတော့ သူတို့ထဲက မျိုးရိုးအားဖြင့် အနိမ့်ဆုံး / နန်တော်မှာ ငယ်ကျွန်ဖြစ်ခဲ့တဲ့ ဆတ္တာသည်ဥပါလိ ကို အရင် ရဟန်းပြုစေခဲ့တာဟာ ………
        ရဟန်းဘဝရောက်သွားရင်လည်း ငါတို့ဟာ သာကီဝင်မင်းသားတွေဘဲ ဆိုတဲ့ မာန်ကို ချဖို့ တနည်းအားဖြင့်
        ဝါစဉ်ကြီးတဲ့ ရှင်ဥပါလိ ကိုနေရာပေး အလေးအမြတ်ပြု ကန်တော့ခြင်းဖြင့် ဗုဒ္ဓရဲ့အဆုံးအမအောက်မှာ တန်းတူညီမျှ တသားတည်းဆိုတာကို
        စံပြလုပ်ခဲ့ခြင်းပါဘဲ ။သူတို့ဟာ အဲဒီအချိန်မှာ သာသနာတော်ကို ကြည်ညိုတယ်ဆိုရုံမျှသာနဲ့ ရဟန်းပြုလာသူတွေပါ ။
        ဒိတ်ဒိတ်ကျဲ ရဟန္တာကြီးတွေမဖြစ်သေးပါဘူး ။
        ဒါကြောင့် သဂျီးက ဘာသာရေးကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုသော်လည်း
        ဘာသာရေးအဆုံးအမကို တကယ်စစ်စစ်
        လိုက်နာ ကျင့်သုံး စောင့်ဆည်း သုံးသပ်နိုင်ခဲ့ ရင် ……………
        .
        .
        .
        .
        .
        သို့သော် ………
        အများစုတွေ့နေရတာက
        မိရိုးဖလာ အမည်ခံရုံမျှသာ ဖြစ်နေတာတွေပါဘဲ 🙁

        • Foreign Resident

          July 7, 2014 at 7:35 am

          surmi says:
          ” လူမျိုးဘာသာ အသားအရောင်ဆိုတဲ့အရာတွေကို ခွဲခြားရှုံ့ချရင် အပြစ်ပေးမယ်ဆိုတာထက်
          ကိုယ့်အသိနဲ့ကိုယ် စောင့်စည်းနိုင်တာပိုကောင်းပါတယ်လေ ။
          ဗုဒ္ဓဘာသာ စစ်စစ် (စစ်စစ်) တကယ်ဖြစ်ရင် ဒါတွေဟာ အလိုလိုပြီးသွားမယ့်ကိစ္စပါ ”

          အဲဒါကိုတော့ ၊ သဘောမတူဘူး ကို surmi ရဲ့ ။

          လူမှန်သမျှဟာ ( ဖြူ မဲ ဝါ ) ၊
          ကိုယ်နှင့် မျိုးမတူတဲ့ သူတွေကို မကြိုက်တဲ့စိတ် Xenophobia ၊
          လူတန်းစား ခွဲခြားတဲ့စိတ် နဲနဲ ရှိတတ်ကြတယ်ဗျ ။
          ဥပဒေ နှင့်သာ တင်းတင်းကျပ်ကျပ် သတ်မှတ် မထားရင် ၊
          နဲတာ နှင့် များတာဘဲ ကွာမယ် ၊ ပြောမိကြလိမ့်မယ်ဗျ ။

          အဲဒီ Discriminate နှိမ်ချ စော်ကားတဲ့စကား တွေကို ၊
          သဘောတူသူတွေ နှစ်ကိုယ်ကြား အချင်းချင်း ပြောတာ ပြဿနာမရှိပေမယ့် ၊
          Public ပြင်ပမှာ ယောင်လို့တောင် ပြောမထွက်မိအောင် ၊
          ဥပဒေ နှင့် တင်းတင်းကျပ်ကျပ် သတ်မှတ် ထိန်းချုပ်ထားတာ အကောင်းဆုံးဘဲ ။

          ဘာမှ ငြင်းနေစရာ အလျော့အတင်းဖြစ်စရာ မရှိတော့ဘူး ။
          ဒါ ဥပဒေ ။ ချိုးဖေါက်ရင် ဖမ်းမယ် ။ ဒါဘဲ ၊ ပြီးရော ။

        • surmi

          July 7, 2014 at 9:27 am

          အဘကလဲ ဖမ်းမယ်ဆိုတာချည့်ဘဲ :mrgreen:
          ကြက်ဆင်ပုလိပ်များဝင်စားလားမသိ ဟေးဟေး
          အဲဒီဥပဒေမျိုး ဗမာပြည်မှာ ဘယ်တော့မှ ထုတ်မှာမှမဟုတ်ဘဲဗျာ
          ဘာကြောင့်လဲ ဆိုတာ အဘလည်း သိနေတာဘဲ ။
          ပြန်တူးနေရင် ဒီပို့စ်နဲ့လွဲနေရော့မယ်
          လောလောဆယ် သစ်မရှိခင် ဝါးနဲ့အရင်တဲ ဆိုသလို ပေါ့ ……
          လူ့သဘောကို လက်မခံတာမဟုတ်ဘူးနော် လက်ခံတယ်
          လူတိုင်း သူတော်စင် /အရိယာတွေမှမဟုတ်ဘဲ
          အကယ်၍ ဥပဒေပြကြမယ်ဆိုရင
          အခြားပြုစရာဥပဒေ တွေလည်းဟအများကြီးကျန်နေသေးတယ်

  • TNA

    July 6, 2014 at 1:06 pm

    စဉ်းစားလိုက်အုံးမယ်အဘရယ်။ အကြောက်တရားသွေးခွဲစကားတွေကြားမှာ လူလားမြောက်လာသူတွေမို့ နိုင်ငံကြီးသားပီသရေး ဒီမိုကရေစီအစစ် တရားမျှတမှု့နဲ့အစစ်အမှန် လူမျိုးရေးခွဲခြားတာဟုတ်တယ် မဟုတ်ဘူးဆိုတာတွေဟာ မျက်မမြင်ပုဏားတွေ ဆင်ကိုစမ်းမိသလိုပါပဲ။ ဘယ်ဟာကိုမှရှင်းရှင်းလင်းလင်းမသ်နိုင်သေးဘူးဖြစ်နေတယ် အဘရေ။

  • captainamerica

    July 6, 2014 at 1:18 pm

    ဘဖော FB Account လေးများ အဆင်ပြေရင် ရမလားဗျ စာတွေ ဖတ်ချင်လို.ပါ

    တော်တော်ကြာကြာပျောက်နေတဲ့ ကပ်ပတိန် အမေရိကပါ :mrgreen:

    • surmi

      July 6, 2014 at 2:01 pm

      ငင်
      မသိသေးဘူးလား

    • Foreign Resident

      July 7, 2014 at 7:10 am

      captainamerica says:
      ” ဘဖော FB Account လေးများ အဆင်ပြေရင် ရမလားဗျ စာတွေ ဖတ်ချင်လို.ပါ ”

      ကို captainamerica ရေ ။
      အထင် မကြီးပါနှင့်ကွယ် အဘ က ၊
      Face Book မှာ Post တင်ပြီး မရေးပါဘူးကွယ် ။
      ဒီ ဂဇက် ရွာထဲမှာသာ ရေးတာပါကွယ် ။

      နို့ ၊ တစ်နေရာထဲက အမုန်းခံ / အဆဲခံ ရရင် တော်ရောပေါ့ကွယ် ။
      ဟီ ဟိ ။

  • အရီးခင်

    July 6, 2014 at 2:12 pm

    အဘဖော ပြောတာကို သဘောပေါက် နားလည်ပါတယ်။
    ကျွန်မ လဲ သူများနိုင်ငံ မှာ အေလီယန် မို့ ကိုယ်ချင်းစာနာစိတ်လဲ ရှိပါတယ်။

    ဒီအဖြစ်ကို အသားအရောင် ကို အသာထား ပြီး ကြည့်စို့။
    အဖွားကြီး က အရင်ထဲက ဂျီကျတဲ့ ဂျစ်ထူး မိန်းမကြီး ဆိုတဲ့ သဘောပေါ်ပါတယ်။
    သူ့ အဖြူအချင်းချင်း ကိုတောင် ရစ်နေတာလေ။
    ပြသနာဖြစ်ချိန် “လက်ကိုင်ဖုန်းတွေနဲ့ မှတ်တမ်းတင်တာ” ဆိုတာက အတော်လေး ပြောရခက်သား။
    no expectation of privacy in public ဆိုပေမဲ့ ချွင်းချက်လေးတွေ နဲ့ စောင့်ထိန်းသင့်တာ လေးတွေ respect people’s privacy ရှိသင့်သလားဘဲ။
    အဓိက ကျွန်မတို့လို အေလီယန် တွေ က ပိုပြီး သတိထားရပါတယ်။

    လူ တော့ လူချင်း အတူတူ ပါဘဲ။
    ဒါပေမဲ့ တစ်ဖက်လူ က ဘယ်လို ရှိမယ် ဆိုတာ မသိနိုင်သမို့ ကိုယ့်ဘက် ကဘဲ စည်းမဖောက်အောင်၊ စည်းမကျော်အောင်၊ ချစ်စရာကောင်း တဲ့ အများလေးစားလောက်တဲ့ အေလီယန် လေးဖြစ်အောင်နေပြဖို့ လိုပါတယ်။

    ကျွန်မ ဒီ တရုတ်မလေး ကို အပြစ်တင်တာမဟုတ်ပါဘူး။
    အေလီယန် အားလုံး ကို သတိပေးလိုတာပါ။
    ကိုယ်က ပိုပြီး စံပြ ဖြစ်အောင် လူ ယဉ်ကျေးတစ်ယောက်လို နေပြမှ သူများ တွေ အလယ် မှာ နေလို့ ဖြစ်မှာပါ။
    ဒါမှလဲ နောက်ပိုင်း ဝင်လာမဲ့ အေလီယန်တွေ အတွက်လဲ ပိုပြီး ကောင်းမှာပါ။
    မဟုတ်လို့ကတော့ ဒီလိုလူ တွေ ဆို မလိုချင် လို့ မလာရ တားခံခဲ့ရရင် ကိုယ့် အပြစ် ကိုယ့်ချို့ယွင်းချက် ရှိမရှိ ကို အရင် သုံးသပ်ကြပါလို့ဘဲ။

    အခုလဲ လူအခွင့်အရေး အင်မတန် အော် လွန်း တဲ့ နိုင်ငံတွေ မှာတောင် မှ အသံပြောင်းချင်လာပြီ။
    ဘာလို့လဲ ဆိုတော့ မကောင်းတဲ့ အေလီယန် တွေ ကြောင့်ပါဘဲ။
    ဒီတော့ ကိုယ့် ကို လေးစားစေချင် နေရာပေးစေချင်ရင် ကိုယ်ကလဲ စလို့ သူများ ကို လေးစားပြ နေရာပေးပြ မှ လောကကြီး မှာ ညီမျှခြင်း ကို နည်းလမ်းကျကျ ချလို့ ရမယ် ထင်တာပါဘဲ။

    အောက်ကျို့တာ နဲ့ ရိုကျိုး တာ မတူပါဘူး ဆိုတာလေး ကိုလဲ သိမှ ….. “ရိုကျိုး လိုက်ရင် သူများ က ပိုနှိမ်မယ်” ဆိုတာမတွေး ရအောင်ပါ။

    • ဇီဇီ

      July 7, 2014 at 10:53 am

      အရီးပြောတာကို အလုံးစုံ သဘူတောပါတယ်။
      နောက်တစ်ခု မြင်ဖူးသမျှပေါ့လေ။
      အစိုးရကောင်းရထားတဲ့ ပြည်သူတွေက ပိုမာန်တက်ပြီး ခွဲခြားတတ်သလားမသိ။ 🙄

      ဘာလို့ အနော်တို့ ဆီမှ ပြောင်းပြန်ဖြစ်နေလဲ မသိ။ 🙄
      အမှန်တော့ ဗမာသော ကုလားသော စစ် အစိုးရ အဖိနှိပ်ခံခြင်း တူတူကို တမူးသာပြီး နှိမ်ချင်သေးတယ်။ :mrgreenn:

  • အားလုံးကို မေတ္တာ ထား ဘို့

    အရာရာ ကို ဆင် ခြင် ပြီး မှ လက် ခံ ဘို့

    ဂိုဏ်းဂ ဏ အစွဲ တွေ မထား ဘို့

    ဆို တာ တွေ က

    ဗုဒ္ဓမြတ်စွာဘုရား ရဲ့ တရား တော် တွေ ပါ။

    ဒီ တ ရားေ တွ ကို မ လိုက် နာ ဘူး ဆို ရင် ဒီ ဘာ သာ ကို

    အမှန် တကယ် သက် ဝင် ယုံ ကြည် သူ မဟုတ် ဘူး လို့

    ကျနော် က တော့ သတ်မှတ် ထား ပါ တယ်။

    • Foreign Resident

      July 7, 2014 at 7:06 am

      ကိုပေါက် ရေ ။
      ကိုပေါက် နှင့် မန္တလေး က ရွာသူားတွေ ၊ အဆင်ပြေကြရဲ့လား ။
      သတင်း ဓါတ်ပုံလေး လိုချင်တယ် ဆိုပြီး အရဲမကိုးနှင့်နော် ။
      သတိထားကြ ။

  • Ma Ma

    July 6, 2014 at 3:29 pm

    အရင့်အရင် ဘဖောပိုစ့်တွေကိုလည်း ဖတ်လာခဲ့တဲ့သူတစ်ယောက်အနေနဲ့………
    အဓိကကတော့ ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်ပြီး မတ်မတ်သွားနိုင်တဲ့ လူတိုင်းကို လူလို့အသိအမှတ်ပြု ပြီး ကိုယ်ချင်းစာစိတ်ထားကြဖို့လို့ သဘောပေါက်ထားပါတယ်။
    ကိုယ်နစ်နာတာ မကြိုက်ရင် သူများကိုလည်း နစ်နာအောင် မလုပ်နဲ့။
    (လူမျိုး၊ ဘာသာ၊ အသားရောင် မပါ)

  • ​မောင်​မိုဘိုင်​း

    July 6, 2014 at 3:46 pm

    လွန်​ခဲ့တဲ့ ၂ နှစ်​​လောက်​ကဆိုရင်​​တော့ ဒီလိုသ​ဘောတရား​တွေကို
    ကျ​နော်​ဘာမှနားမလည်​တာအမှန်​ပါ..ရွာထဲ​ရောက်​ပြီး ​ဆွေး​နွေးတာ​တွေ
    အွန်​လိုင်​း​ပေါ်က ဟိုစာမျက်​နှာ ဒီစာမျက်​နှာ​တွေ ဖတ်​တာ​တွေ….
    အဓိက က​တော့ ပုံမှန်​စာဖတ်​ဖြစ်​တဲ့ အကျိုး​တွေ​ကြောင်​့
    မိမိပတ်​ဝန်​းကျင်​ နိုင်​ငံ ကမ္ဘာ မှာဘာ​တွေဘယ်​လိုဆိုတာ​တွေ…
    ဘာသာတရားပတ်​သတ်​တာ​တွေ အနည်​းငယ်​မျှ​သိကျွမ်​းနားလည်​လာလို့
    ​လောကမှာ အသက်​ရှင်​​နေထိုင်​ရတာ အင်​မတန်​ သဟဇာတ ဖြစ်​လှပါ​​ကြောင်​း
    ဗဟုသုတရစရာ အသိအမြင်​တိုးပွားစရာ ပို့များကွန်​မန်​းများကို…
    စဉ်​ဆက်​မပြက်​ ​လေ့လာအား​ပေး​နေပါတယ်​လို့ ​ပြောချင်​ပါတယ်​…

  • Mg Yit Htoke

    July 6, 2014 at 4:05 pm

    ရှယ်တွားတယ် ဘရေ့

  • အရီးခင်

    July 6, 2014 at 7:38 pm

    { ” မင်း ဟောင်ကောင်မှာ မနေဘဲ ၊ ဘာလို့ ဒီနိုင်ငံကိုလာသလဲ ။ ဒါ ငါတို့နိုင်ငံ ”}
    ဆိုတာကတော့ အတော်ရီဖို့ကောင်းပါတယ်။
    တကယ်တော့ Australia ဆိုတာ အဖြူတွေ မူရင်းပိုင် ခဲ့တာမှ မဟုတ်ဘဲကို။
    Aborigines တွေရဲ့ မြေကို အတင်းသိမ်းခဲ့ပြီး migrate လုပ်ခဲ့တဲ့ သမိုင်း ကို တောင် မသိတဲ့ မိန်းမ ရဲ့ အဆင့်မို့ ဒီလို ဖြစ်ခဲ့တာ ထင်ပါ့။

  • naywoon ni

    July 7, 2014 at 12:32 am

    အဓိကဖြစ်​​နေတာက အစိုးရ လုပ်​တဲ့သူ​တွေဗျ ။ ရာစုနှစ်​တစ်​ဝက်​​လောက်​ကို အသိပညာ အတတ်​ပညာ ဆိုတဲ့ အရင်​းအနှီး မစိုက်​ထုတ်​ပဲ ရသ​လောက်​ အိတ်​ထဲ ထည်​့​နေကြလို့ ။ အသိအတတ်​ နဲနဲ​လောက်​ ချွန်​ထွက်​လာတဲ့သူ​တွေကြ​တော့ ​ထောင်​ထဲထည်​့ခဲ့ကြ​သေးတယ်​။ ဒီနိုင်​ငံ​လေးကိုပဲ ချစ်​ကြ ဒီ လူမျိုးကိုပဲ ချစ်​ကြ လို့မ​ပြောရုံတစ်​မယ်​ ​ပေါ်လစီ ​တွေကျင်​့သုံးကြ​တော့ လူ​တွေလည်​းတုံးကုန်​တာ​ပေါ့ ။ ခုတ်​တဲ့သူပဲရှိပြီး ​သွေးမဲ့သူမရှိတဲ့ ဓားလို တုံးကုန်​တာ အဆန်​း​တော့မ​ဟုတ်​ပါဘူး ။

  • kai

    July 7, 2014 at 5:38 am

    ဩကာသ ဘုရားရှိခိုး

    ဩကာသ…ဩကာသ….ဩကာသ
    ကာယကံ၊ ဝစီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော
    အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊
    တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ
    ရတနာ မြတ်သုံးပါးတို့ ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့
    ကန်တော့ပါ၏ ရှင်ဘုရား။
    ဆုတောင်း ခြင်း။ ။ ကန်တော့ ရသော အကျိုး အားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ် ရှစ်ပါး၊
    ရန်သူမျိုးငါးပါး ၊ ဝိပတ္တိတရားလေးပါး၊ ဗျသန တရားငါးပါး၊ တို့မှ အခါ ခပ်သိမ်း ကင်းလွတ်
    ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရားနိဗ္ဗာန် တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား၊
    =

    • Foreign Resident

      July 7, 2014 at 7:02 am

      kai says:
      ” ဩကာသ…ဩကာသ….ဩကာသ ”

      ဒါမှ ငဒို့ သူဂျီး ကွ ။ ရွှီး ၊ ဖြောင်း ဖျောင်း ဘျောင်း ။
      ဘယ်ဒူဒွေလဲကွ ငါဒို့ သူဂျီးကို ၊ ဘုရားစာတောင် မရဘူးလို့ အမနာပ ပြောဂျတာ ။
      အခု ငဒို့ သူဂျီး ရွတ်ပျတွားဒါမှ ဖျောင့်နေဒါဘဲ ။ တွေ့လား ၊ သေချာကြည့်ထားကြ ။
      ဟီ ဟိ ။ 😛

      • kai

        July 7, 2014 at 8:36 am

        ဩကာသရှိခိုးမှာ… ဗုဒ္ဓဘာသာနဲ့မကိုက်ညီတာ.. . အဓိကအချက်ကြီး၂ချက်နဲ့တွေ့ရပြီး.. အဲဒါကို မြန်မာပြည်က.. ထေရဝါဒဝင်တိုင်း.. (မသိစိတ်ကပါ)အလွတ်ရနေတာမို့.. အဲဒါကို.. ယဉ်ကျေးမှုနဲ့အတွေးအခေါ်တို့ရဲ့.. အမြုတေအဖြစ်.. စွဲနေတယ်ပဲဆိုပါစို့..
        ၁) လူသားအချင်းချင်း.. (ကံ..ကံရဲ့အကျိုး ထည့်မစဉ်းစားပဲ.. ) အဆင့်အတန်းခွဲမှု
        ၂) ဆုတောင်းယူလို့မရနိုင်တဲ့ နိဗ္ဗာန်ကို ဆုတောင်းယူ/ဆုပေးစေမှု မျိုးစေ့ချထားမှု..

        ကဲ..လိုရင်းက…
        ” ဩကာသ…ဩကာသ….ဩကာသ ”.. ငါ့ထိုင်ကန်တော့ကြ… တဲ့..။ :mrgreen:
        =
        UNIVERSAL DECLARATION OF HUMAN RIGHTS
        Article 1.

        All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
        =
        The Buddha says — “He honors me best who practices my teaching best.” “He who sees the Dhamma sees me.”
        =
        Do Zen Buddhists Worship Idols?

        In Zen, followers and monks pay respect to images of the Buddha, but do not worship or pray to him. Bowing to a statue representing the Buddha is simply an expression of respect towards the teaching (Dharma) and the teacher (Buddha).
        Do Zen Buddhists pray?

        Since Buddhists do not believe in a personal God, they don’t pray. In Zen, nothing in the Universe exists independently, separated from the rest. There is not separation between me and the Universe, therefore to whom could I address my prayers to?

        • အရီးခင်

          July 7, 2014 at 2:12 pm

          {{၁) လူသားအချင်းချင်း.. (ကံ..ကံရဲ့အကျိုး ထည့်မစဉ်းစားပဲ.. ) အဆင့်အတန်းခွဲမှု}
          အဲဒါမျိုး ပါဘဲ။ မီလင်ဒါဂိတ်စ် ပြောခဲ့တာ။

          သူကြီး ဆိုလိုချင်တာနဲ့ တူလားတော့ မသိ။

          Bill and I talk about this with our kids at the dinner table.
          Bill worked incredibly hard and took risks and made sacrifices for success.

          But there is another essential ingredient of success, and that ingredient is luck – absolute and total luck.

          When were you born?
          Who were your parents?
          Where did you grow up?

          None of us earned these things. They were given to us.

          When we strip away our luck and privilege and consider where we’d be without them, it becomes easier to see someone who’s poor and sick and say “that could be me.”

          This is empathy; it tears down barriers and opens up new frontiers for optimism.

          သူတို့ ဗုဒ္ဓဘာသာမဟုတ်ပေမဲ့ တရားလမ်းမှန် ကို ပိုပြီး နားလည် ရုံမက လိုက်နာကျင့်ကြံနေကြတယ်လို့ ယုံကြည်မိတယ်။

          လူကိုတောင် လူလို မမြင်ဘဲ ခွဲ နေစိတ်ရှိသ၍ တရားမှန် မသိတာ မြင်နိုင်ပါတယ်။

  • ဦးဦးပါလေရာ

    July 7, 2014 at 11:12 am

    .လူလူချင်း မခွဲခြားတာ ကောင်းပါတယ်…

    သို့သော်-

    .လူလူချင်းမခွဲခြားဖို့မှာ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တစ်ခုက
    .လူလူချင်း တူ ဖို့ လိုပါတယ်…။
    .အဲဒါမှ လူလူချင်းအတူတူပဲ လို့ မြင်ပြီး မခွဲခြားမယ့်လူတွေ ပေါ်ပေါက်လာပါမယ်…..။

    .အဘဖေါ ရေ …
    .ကျုပ်တို့နိုင်ငံမှာရော ..
    .(ဒီလောက်မဆိုးရင်တောင်) အခြားဖွံ့ဖြိုးဆဲနိုင်ငံများစွာမှာရော
    .လူ လူ ချင်း မတူ ကြဘူးဗျာ….

    .ဘာတွေမတူသလဲ..
    .မတူတာတွေက အများကြီးပဲ..
    .တိုအောင် ချုပ်ရရင် လူလူချင်း အခွင့်အရေးတွေ မတူကြပါဘူး….

    .မတူတာတွေက ကွဲပြားစေတယ်
    .တူတာတွေများမှ ကွဲပြားမှု့နည်းမယ် ။ စည်းလုံးညီညွတ်မယ်..။

    .မတူတာတွေ များလွန်လွန်းလို့ ..
    .မတူအောင် လုပ်ထားတာတွေ များလွန်လွန်းလို့ …
    .ကျုပ်တို့ လူနိုင်ငံသား များစွာမှာ ခွဲခြားတဲ့ အမြင်လေးတွေ စိတ်အခံလေးတွေ ဖြစ်နေကြရတာပါ… လို့ပဲ..

    • အရီးခင်

      July 7, 2014 at 2:05 pm

      ကိုပါ ပြောတာ ၁၀၁% မှန်လွန်းပါကြောင်း။
      လူချင်းတူဖို့ကမှ ဟိုဘက် က သူကြီးမင်း လက်ချောင်းတွေထောင်ပြသလို ၂ခါ.. ၃ခါ…။
      ဒါထက်တောင် ပိုနိုင်သေး။
      အခုချိန်မှာ နဲနဲ ပိုထူးပြီး လူချင်းကွဲ မတူတဲ့ အချက် ရှိသေး။
      ပိုက်ဆံဖြုန်းနိုင်တာချင်း တူရင်တောင် USA/ UK အနောက်နိုင်ငံ တွေမှာဝင်ခွင့် ရသူတွေ နဲ့ ဝင်ခွင့် ပိတ်ထားခံ ရသူတွေတော့ ကွာမယ်။
      ဝင်ခွင့်ရထားသူတွေ က ဝင်ခွင့်မရသူတွေ ကို ချော့နေရတာပေါ့။
      အခုဆို USA အဝင် ပိတ်တာ နှစ်တိုးသွားပြန်တော့ မျှော်လင့်သူတွေ ပိုပြီး ဒေါသကြီးနေတာလေး။
      ဒါကိုတော့ မမြင်ကြဘဲ မဆိုင် တဲ့ ဟာတွေ မှာ အာရုံ များ နေကြရင်ဖြင့်
      မပြောတော့ဘူး။ 🙄

  • Mr. MarGa

    July 7, 2014 at 3:44 pm

    လူဟာ လူ ပဲ
    ဒါပေမယ့် အသက်ရှူ ကွဲပါတယ်
    မျှတ၊ စနစ်ကျတဲ့ ပတ်ဝန်းကျင် အသိုက်အဝန်း တစ်ခု မပေါ်ပေါက်သေးသ၍ တော့
    ဒါတွေ ကြားနေရဦးမှာပဲဗျာ

  • ပန်း စံပါယ်

    July 7, 2014 at 5:14 pm

    မိဘတွေက ကိုယ်ပိုင် လွတ်လပ်ခွင့် စဉ်းစားဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝပေးထားတယ်ဆိုပေမယ့် တခါတရံမှာ တစ်ချို့အရာတွေမှာ အလွန်ကျဉ်းတဲ့ ကိုယ့်မိသားစုတွင်းမှာတောင်မှ မိဘနဲ့သားသမီးကြား ညီအစ်ကိုမောင်နှမအချင်းချင်းကြား ဒီမိုကရေစီ ဆန် မဆန် စစ် မစစ် မဆန်းစစ်တတ်လို့ ဒီကိစ္စကို ဝင်မဆွေးနွေးတတ်ပါဘူး။ ဖတ်ရှူမှတ်သားသွားပါတယ်။

  • kyeemite

    July 8, 2014 at 1:18 pm

    သေချာပေါက်ပြောနိုင်တာတစ်ခုကတော့
    ” တရားမျှတမှု အစစ်အမှန် ” ” လူ ( သား ) ဆန်တဲ့ စိတ်ထား ”
    အဲဒီနှစ်ခုစလုံး ကျုပ်တို့ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာသူတွေထံမှာ
    တစ်ခုမှမရှိတာတော့ ကျိန်းသေပါပဲ….. :buu:

Leave a Reply