“ စာ နယ် ဇင်း လွတ် လပ် ခွင့် ဆို တာ ဒါ လောက် ဘဲ အသုံး ချဘို့ လား”

 

 

အောက်လုံးကို မှ ထင် ရှား အောင် လုပ် ထား တာလေ

အောက်လုံးကို မှ ထင် ရှား အောင် လုပ် ထား တာလေ

ဒီ နေ့ မ နက် ဘဏ် ရောက် တော့ အ လှည့် စောင့် နေရင်း

 

ပျင်း လို့  ဂျာ နယ် တစ် စောင် ကောက် ဖတ် လိုက် ပါတယ်။

 

 

ဖတ် ရင်း ဖတ်ရင်း နဲ့ ရုပ် ရှင် ကြော် ငြာ တစ် ခု ကို  ဖတ် မိ ပါ တယ်။

 

ရေး သား ထား တာ တွေ က တ ကယ့် အောက်လုံး တွေ။

 

ညစ်ညမ်း တဲ့ စကားလုံး ဆို တာ  က လူ တိုင်း ပြော တတ်  ပါတယ်။

 

အပြင် လော က မှာ စကား ပြော ရင် လဲ  သုံးတတ်ပါတယ်။

 

ဒါ ပေ မယ့် အ လွှာ အသီး သီး က လူ တွေ ဖတ် တဲ့ ပုံနှိပ် စာမျက်နှာတွေ

 

အပေါ် မှာ တော့ အ ခု ဖော် ပြ ထား တဲ့  စကား လုံး မသုံးသင့် သလို

 

လူ အများ ကြည့် ရှု့ ကြ မယ့် ရုပ် ရှင် တွေ  ပြ ဇာတ် တွေ ဗွီဒီ ယို တွေ မှာ

 

လဲ ဒီ လို စကား လုံး တွေ မသုံး သင့် ဘူး လို့ ထင် ပါတယ။်

 

 

တီဗွီ ထိုင် ကြည့် တယ်  ဟာ သ  သရုပ်ဆောင်တွေ က ပါး စပ် က

 

ဒီလို အောက်လုံး တွေ နဲ့ ဟာ သ လုပ် တာ မြင်ရ တယ်။

 

အခု ပုံ နှိပ် စာ လုံး နဲ့ မြင်ရ တယ်။

 

မေး နိုင် ပါ တယ် “ ဒီ လို ပြော လို့  ဘယ်သူ ထိ ခိုက်သွားလဲ”

 

ပြန် ဖြေ ရ မယ် ဆို ရင် တော့  နည်း နည်း ကြီး ကျယ် သွား ပါ မယ်။

 

ယဉ်ေ ကျး စွာပြော ဆို ပြု မူ ခြင်း ဆို တဲ့  “ လူ သား ယဉ် ကျေး မူ့ ” ကြီး ကို ထိ ခိုက် ပါတယ်။

 

အခု အချိန် မှာ စာ နယ် ဇင်း လွတ် လပ် စွာ ရေး သား ခွင့် အ တွက်

 

ရှေ့ တန်း က နေ  ပြီး တိုက် ပွဲ ၀င် နေ သူ တွေ ရှိ ပါတယ်။

 

ကိုယ် နစ် နာ မှာ ထိ ခိုက် မှာ ကို ခေါင်း ထဲ မထား ဘဲ  တောင်း ဆို နေ သူ တွေ ရှိ ပါတယ်။

 

တာ ၀န် ရှိ သူ တွေ ဘက် က

 

“ ခင် ဗျား တို့ ကို  လွတ် လပ် စွာ ရေး သား ပြောဆို ပုံ နှိပ် ခွင့် ပေး ပြီး သား ပါ  ဗျာ “ လို့များ

 

ဒီ ပုံ တွေ ကို လက် ညျိုး ထိုး ပြီး ဖြေ လိုက် မယ် ဆို ရင်

 

တကယ့် လွတ် လပ် ခွင့် ရအောင်လုပ် နေ သူ များ အတွက် မျက် နှာ ပူ မိ အား နာ မိ ပါတယ်။

 

အဲ တော့ အောက် လုံး ဆရာ ဦး ဦး  ကို ကို  ဒေါ်ဒေါ် မမ များ ဆင် ခြင် သင့် ပါ ပြီ လို့

 

ဘဲ ပြော ချင် ပါ တယ။်

 

ကိုပေါက်လက်ဆောင် အတွေး ပါးပါးလေး

7-7-2014

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1610 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။