ဆီမီးဖိုင်နယ် အဆင့်ရောက်လာတဲ့ ၂၀၁၄ ကမာ္ဘ့ဖလား

၂၀၁၄ ကမာ္ဘ့ဖလားပွဲကား ပြီးဆုံးတော့မည် ဖြစ်သည်။ ယခု ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာရကား နောက်ဆုံးကျန်ရှိသော

အသင်း ၄သင်းမှာ ဘရာဇီး Vs ဂျာမနီ။ အာဂျင်တီးနား Vs နယ်သာလန် တို့ ဖြစ်သည်။ ဥရောပနှင့် တောင်အမေရိက ထိပ်တန်း

အသင်းများ၏ အားပြိုင်မှုတည်း။ ချန်ပီယံဟောင်း ၃သင်း နှင့် ချန်ပီယံမဖြစ်ဖူးသော်ငြား ဒုတိယ ၃ကြိမ်ရ အသင်းတို့၏ တိပ်တိုက်

တွေ့ဆုံမှုလည်းဖြစ်သည်။ ဒီ ၃သင်း၏ ဖြတ်သန်းမှု အား လေ့လာကြည့်ချင်မိသည်။

 

A ဆီမီးဖိုင်နယ် ရောက်အသင်းများ

 

BraLogo

 

 

 

 

 

၁။ ဘရာဇီး

 

Bra Players

 

အိမ်ရှင်ဘရာဇီးသည် အုပ်စု A တွင် ၃ပွဲကစား ၂ပွဲ နိုင် ၁ပွဲရှုံး ရမှတ် ရမှတ် ရဂိုး ရဂိုး ပေးဂိုး၂ဂိုးနှင့် အုပ်စုဗိုလ်အဖြစ်

ရှုံးထွက်အဆင့်ကို တက်လှမ်းလာသော အသင်းဖြစ်သည်။ ဂိုးမရှိ သရေကျသော မက်ဟီကို နှင့် ပွဲတပွဲသာ ဂိုးမသွင်းနိုင်ခဲ့သော်လည်း

ဂိုးပြတ်အနိုင်ရခဲ့သော ခရိုအေးရှားနှင့် ကင်မရွန်းတို့၏ ပွဲတွေတွင် ခံစစ်မှ ၁ဂိုးစီ ပြန်ပေးရတာကတော့ နောက်တန်းလုံခြုံမှုအတွက်

သတိချပ်စရာကောင်းသော အချက် တချက်ဖြစ်သည်။

 

Bra Matches

 

တဖက်တွင်လည်း (ရှုံးထွက်အဆင့် ပွဲစဉ်များမှစ၍) ရရှိခဲ့သော ဂိုးများမှာ

နောက်တန်းလူများကချည်း ရှေ့တက် သွင်းယူခဲ့ခြင်း ကလည်း ထူးခြားပေသည်။ ချီလီ နှင့် ၁-၁ သရေ ပွဲတွင် ဒါးဗီးလူးဝီးစ်

ကိုလံဘီယာ နှင့် ကွာတားဖိုင်နယ် ၂-၁ ပွဲတွင် ဒါးဗီးလူးဝီးစ် နှင့် သီယာဂို ဆေးလ်ဗား တို့ ဖြစ်သည်။ ဒါကိုကခါတိုင်း

ဘရာဇီးအသင်းများနှင့်မတူညီဘဲသည်နှစ် ဘရာဇီးအသင်း ၏ စုဖွဲ့မှု ထူးခြားချက်ပင်။ အရင်လို အလွန်ဖန်တီးနိုင်စွမ်းမြင့်မားသော

ကွင်းလယ်ဗိုလ်ချုပ်များ နှင့် စကေးလ်ကောင်းမွန်သော ထိပ်တန်း ဂိုးသွင်းဘုရင်များ မပါလင့်ကစား

နောက်တန်းကစားသမားကောင်းများ နှင့်စုဖွဲ့ထားခြင်းဖြစ်သည်။

နောက်တန်းကစားသမားများ ရှေ့တက်လွန်းသည်ဟု ဝေဖန်သူအချို့ ဆိုကြသည်မှာလည်း အုပ်စုအဆင့်ပေးဂိုးများနှင့် ရှုံးထွက်အဆင့်

ရဂိုးများ ကို ထောက်ရှုလျင် အထူးအဆန်း မဆိုသာပေ။

 

Bra Fre

 

 

 

ယခု ဆီမီး ဖိုင်နယ်အဆင့်တွင် အသင်းလိုက် ကစားအားကောင်းမွန်သော ဂျာမနီ အသင်းနှင့် တွေ့ပြီ။ ကိုလံဘီယာနှင့်ပွဲတွင် နောက်ကျောဒဏ်ရာ

ရရှိသွားသော အားထားရသော ဦးဆောင်တိုက်စစ်မှူး နေးမား မပါဝင်နိုင်တော့သလို အသင်းခေါင်းဆောင် ခံစစ်မှူး ဆေးလ်ဗားသည်လည်း

ပွဲပယ်ပြစ်ဒဏ်ကြောင့် ဝင်ကစားခွင့်မရပါ။ အိမ်ရှင်တို့အဖို့ အိမ်ကွင်း အားသာချက်မှ လွဲလျင် ကျန်အချက်အလက်များ အသီးသီး အားနည်းနေသည်

ဖြစ်ရာ လွယ်တော့ မလွယ်ချေ။

———- ——————————————————————————————

 

Ger Logo

 

 

၂။ ဂျာမနီ

 

Ger Players

 

ဂျာမနီ အသင်းဟာ အုပ်စု G မှာ ပေါ်တူဂီအသင်းကို ၄-ဝ အနိုင်။ ဂါနာအသင်း နှင့် ၂-၂ သရေ။ အမေရိကအသင်း ကို ၁-ဝ အနိုင်

၃ပွဲကစား ရမှတ် ရမှတ် ရဂိုး ရဂိုး ပေးဂိုး ၂ဂိုး ဖြင့် အုပ်စုဗိုလ်အနေနဲ့ ဖြတ်သန်းလာသော အသင်းဖြစ်သည်။ ရမှတ် ရဂိုးပေးဂိုး ပိုင်း

သူနှင့် ဆီမီးတွင်တွေ့မည့် ဘရာဇီးအသင်းနှင့် တူညီနေသည်ကိုတွေ့ရပါသည်။ ရှုံးထွက်အဆင့်တွင် အယ်ဂျီးရီးယားအသင်းကို ၂-၁

ပြင်သစ်အသင်းကို ၁-ဝ စသည်ဖြင့် ဖြတ်ကျော်လာခဲ့ သည့်အသင်းဖြစ်သည်။

 

Ger Matches

 

ဂါနာနှင့်ပွဲ တွင် ၂ဂိုးပေးရသည်မှအပ ရော်နယ်ဒိုလိုကစားသမားမျိုး

ပါဝင်သော ပေါ်တူဂီအသင်း ။ အသင်းလိုက်ကစားအားကောင်းမွန်သော အမေရိကအသင်း နှင့် ယခုပြိုင်ပွဲ၏ကြောက်စရာအကောင်းဆုံးသော

တိုက်စစ်သမားဖြစ်သော ကီရင်ဘန်ဇီမား ဦးဆောင်သည့်ပြင်သစ်အသင်းတို့ကို ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်သည်က မောကျော

ကျစ်လစ်သော နောက်တန်း စုဖွဲ့မှု၏ သက်သေဖြစ်သည်။ ဖိလစ်လမ်း ရှဝိုန်းစတိုင်ဂါ တိုနီခရူး ဒက်စလာ ခါဒီရယ်ယာ အိုဇေးလ်တို့ ၏

ကွင်းလယ်မှာ ယခု ဆီမီးဖိုင်နယ်တက် ၄သင်းထဲတွင် အတောင့်တင်းဆုံး ဟု ဆိုနိုင်ပြီး ရှေ့တန်းတွင် ပိုဒေါစကီး တဦးမှလွဲပြီး

ကျန်တိုက်စစ်မှူးများ ဂိုးပေါက်ရှာတွေ့ထားသည့် အသင်းလည်းဖြစ်သည်။ ဂျာမနီအသင်း၏ ထူးခြားချက်မှာ ခြေစွမ်းတည်ငြိမ်ပြီး ဆီမီးဖိုင်နယ်

အဆင့်ကို ဆက်တိုက် တက်ရောက်နိုင်မှုပင်ဖြစ်သည် ၂၀၀၂ တွင် ဒုတိယ ။၂၀၀၆တွင် တတိယ ။၂၀၁ဝ တွင် တတိယ ဆု ရရှိထားသောအသင်းကို

၁ဝစုနှစ်တခုကျော်ကြာ စဉ်ဆက်မပြတ် စုဖွဲ့ထားသည့် အသင်းလည်းဟုတ်သည်။

 

Ger Fre

 

ဥရောပအသင်းပင်ဖြစ်လင့်ကစား ကစားအားကောင်းမွန်ပြီး ဂျာမန်ဘောလုံး ရိုးရာအတိုင်း စိတ်ဓါတ်ကောင်းကောင်းနှင့် နည်းစနစ်တကျ

ကစားတတ်ခြင်း ကလည်း အားသာချက်ဖြစ်သည်။အိမ်ရှင်တို့ကို ကျော်ဖြတ်ပြီး ဖိုင်နယ်တက်မလား ဆိုတာကတော့ စိတ်ဝင်စားဖွယ်ရာ။

 

———- ——————————————————————————————

 

Argentina-national-football-team-logo

 

 

၃။ အာဂျင်တီးနား

 

Arg Players

 

ဗိုလ်စွဲမည်ဟု ရေပန်းစားနေသော တောင်အမေရိက နာမည်ကျော် အာဂျင်တီးနားအသင်းဟာ အုပ်စု F မှာ ဘော့စနီးယား အသင်းကို ၂-၁

အီရန် ကို ၁-ဝ နှင့် နိုင်ဂျီးရီးယားအသင်းကို ၂-၃ ဖြင့် ၃ပွဲလုံးအနိုင်ကစားကာ ရမှတ် ၉မှတ် ရဂိုး ၆ဂိုး ပေးဂိုး ၃ဂိုး ဖြင့် အုပ်စုဗိုလ်စွဲခဲ့သော

အသင်းဖြစ်သည်။ တပွဲ ၂ဂိုးနှုန်း ရခဲ့သည်ဟု ဆိုနိုင်သော်လည်း ဆီမီးရောက် ၄သင်းထဲတွင် အုပ်စုအချောင်ဆုံး ဖြစ်ခဲ့သည် ဆိုတာက

ထည့်တွက်ချင်စရာ ။ ဒါတောင်မှ နောက်တန်းက တပွဲ ၁ဂိုးနှုန်းကျ ပေးခဲ့ရပြန်သည် မဟုတ်ပါလား။ ရှုံးထွက်အဆင့်များတွင်တော့ အာဂျင်တီးနား

အသင်းသည် ဥရောပအသင်းများဖြစ်သော ဆွစ်ဇာလန် နှင့်ဘယ်လ်ဂျီယံကို ၁ဂိုးစီ ဖြင့် ကျော်ဖြတ်လာနိုင်ခဲ့သည်။

 

Arg Matches

 

 

 

 

 

 

 

နောက်ထပ်ဥရောပအသင်းတသင်းဖြစ်သော နယ်သာလန်ကို ဖြတ်ကျော်နိုင်မလား ဆိုတာက စိတ်ဝင်စားစရာပင်။ အကယ်ရွေ့ အာဂျင်တီးနားက

နယ်သာလန်ကိုနိုင်တဖက်တွင်လည်း ဂျာမနီက ဘရာဇီးကို နိုင်လာပြီး ဖိုင်နယ်တွင် အာဂျင်တီးနား ဂျာမနီကို ဖြိုနိုင်ခဲ့ပါက ရှုံးထွက်မှသည် ဖိုင်နယ်အထိ

ဥရောပအသင်းများကို နောက်ကောက်ချ ဗိုလ်စွဲခဲ့သည် ဟူသော မှတ်တမ်းကောင်းတခုကို ပိုင်ဆိုင်ရမည်လည်း ဖြစ်သည်။ အာဂျင်တီးနားကစားဟန်

ကတော့ ကမာ္ဘ့အကောင်းဆုံး (ဘောလုံးသမိုင်းတလျောက်အကောင်းဆုံးတောင်ဖြစ်ချင်ဖြစ်လိမ့်မည်) ကစားသမား မက်ဆီကို ဝင်ရိုးသဖွယ် တည်ပြီး

သူ့ အတိုးအလှုပ် အလိမ်အခေါက် ကျွမ်းကျင်မှုကို အားပြုကာ တိုက်စစ်ဆင် လေ့ရှိသည့်အသင်းဖြစ်သည်။ နောက်ခံလူ ၂ယောက် ၃ယောက်လောက်တော့

အသာလေးဖြတ်ကျော် နိုင်သော သူ့ကို လူကပ်ကစားဖို့တော့ အတော် ခက်ခဲလိမ့်မည်။ သို့သော် အခြား အားထားရသော တောင်ပံကစားသမား

တဦးဖြစ်သည့် ဒီမာရီယာ နာသွားတာကတော့ ဘယ်ခြမ်းတိုက်စစ်အတွက် အားနည်းချက် ဖြစ်ပေလိမ့်မည်။

 

Arg Fre

 

အတန်ငယ်လေးသော နောက်တန်း ကစားသမားများ က လျင်မြန်သော နယ်သာလန် တိုက်စစ်အတွဲကိုထိန်းနိုင်ပါ့မလား ဆိုတာလည်း စိတ်ပူစရာပင်။

မည်သို့ပင်ဖြစ်စေ ဆီမီးဖိုင်နယ်မရောက်တာ ၂၄နှစ်ကြာပြီဖြစ်သော အာဂျင်တီးနားအသင်း အသဲပေါက်မတတ် ကစားမည် ဆိုတာကတော့ အသေအချာပင်ဖြစ်သည်။

 

 

Net Logo

 

 

၄။ နယ်သာလန်

 

Net Players

 

 

ဒီနှစ် ကမာ္ဘ့ဖလားပွဲအတွက် အလွန်အံ့ဩစရာကောင်းသော အသင်းများထဲတွင် နယ်သာလန် ထိပ်ဆုံးကပါဝင်သည်။ ဟုတ်သည် ။

တကယ်တော့ ဒီနှစ်ကမာ္ဘ့ဖလား ဆီမီးဖိုင်နယ်အဆင့်အတွက် ခန့်မှန်းကြသူများ ၃သင်းတော့ မှန်အောင် ခန့်မှန်းနိုင်ကြသည်ချည်း။

(ထို ၃သင်းမှာ အပေါ်က ၃သင်း ဖြစ်သည်) နောက်ဆုံးအသင်းနေရာတွင် လက်ရှိချန်ပီယံ စပိန်အသင်း ကို မှန်းကြ၏။ အဲ့သည့်မှာ

တက်တက်စင်အောင် လွဲပါတော့သည်။ အဘယ်ကြောင့်ဆိုသော် နယ်သာလန်အသင်းသည် လွန်ခဲ့တဲ့ ၄နှစ် ကမာ္ဘ့ဖလားဖိုင်နယ်တွင်

သူတို့ကို တီးခဲ့သော ချန်ပီယံအသင်းအား အုပ်စုတွင်းတွင် ၅-၁ ဂိုးတည်းဟူသော ရလာဒ်ဖြင့် အိမ်ပြန်စော အောင်လှလှပပ

လက်စားချေနိုင်ခဲ့သဖြင့်ဖြစ်သည်။

 

Net Matches

 

ပြိုင်ပွဲမစခင်ကတော့ နယ်သာလန်အသင်းကို အုပ်စုဒုတိယလောက်ဖြင့် လိမ်ဖယ်ဖယ်တက်လာပြီး

ကွာတားလောက်တွက် ဇာတ်သိမ်းမည်ဟု တွက်ခဲ့သူမနည်း။ သို့သော် ခန့်မှန်းသူများ မေ့လျော့နေကြသည့်အချက်၂ခုမှာ

နယ်သာလန် နည်းပြ လူးဝစ်ဗန်ဟား သည် နည်းဗျူဟာပိုင်းအလွန်ထူးချွန်ပြောင်မြောက်ပြီး နယ်သာလန် ကွင်းလယ် တိုက်စစ် နှင့်

တောင်ပံ လူများဖြစ်သော ဗန်ပါစီ ရော်ဘင် ရှနိုက်ဒါ နှင့် ကူရစ် တို့မှာ အသက် ၃၀-၃၁ နှစ်အရွယ် ရွှေအိုရောင် အတောက်ပဆုံးခြေစွမ်း

နောက်ဆုံးအခိုက်အတန့်နှင့် သူတို့အတွက် နောက်ဆုံးကြုံရသော ကမာ္ဘ့ဖလား မို့ ရေကုန်ရေခမ်း ကစားနေကြခြင်းပင်ဖြစ်သည်။

နယ်သာလန် အသင်းသည် အုပ်စုတွင်းတွင် စပိန်ကို ၅-၁ ဩစတျေးလျ ကို ၃-၂ ချီလီအသင်းကို ၂-ဝ ဖြင့် ၃ပွဲလုံးအနိုင်ကစားကာ

၉မှတ် ၁ဝဂိုး (၃ဂိုး) ဖြင့် ကျော်ဖြတ်လာခဲ့သည့်အသင်းဖြစ်သည်။ ရှုံးထွက်အဆင့်တွင် မက်ဟီကို ကို ၂-၁ ဖြင့်အနိုင် ကော့စတာရီကာ နှင့်

(၀-၀)ပယ်နယ်တီ ၄-၃ဖြင့် အနိုင်ယူ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းပွဲတွေမှာ ကိန်းဂဏန်းအရ သွင်းဂိုးကျသွားသယောင်

ထင်ရသော်လည်း ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု အပိုင်းအရကြည့်လျင် မက်ဟီကို နှင့် ကော့စတာရီကာ ဂိုးသမားတို့ ကမာ္ဘကျော်သွားခြင်း က

သက်သေဖြစ်သည်။

 

Net Fre

 

ဟုတ်သည် နယ်သာလန်အသင်း ဂိုးကံခေခဲ့လွန်းခြင်းဖြစ်သည်။ ယခုတော့ လီယွန်နယ် မက်ဆီ ၏ အာဂျင်တီးနားကို

ဒတ်ချ်မန်း တို့ ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို ရှုစားကြရတော့ပေမည်။

 

 

B. ဆီမီးဖိုင်နယ် ခန့်မှန်း

 

၁။ ဘရာဇီး Vs ဂျာမနီ

 

brazil-world-cup-poster-espn-150x224      germany-world-cup-poster-espn-150x224

 

အချက်အလက်တွေအရတော့ ဘရာဇီး တက်လှမ်းလာမှုမှာ သရေ၂ပွဲ ပါဝင်ပြီး ဂျာမနီကတော့ သရေ တပွဲသာ ပါဝင်ပါသည်။

သည်၂သင်းဟာ ရဂိုးနဲ့ တူညီပေမယ့် ဂိုးပေါက်ကန်သွင်းမှုမှာ ဘရာဇီးက ပိုအသာ ရထားသည်။

 

Bra Vs Ger

 

တိကျမှုခြင်းလည်း တူညီနေတာမို့ ဂျာမနီအသင်းက ကန်ချက်အနည်းငယ်နည်းပေမယ့် သေချာမှကန်သွင်းတဲ့ သဘောကိုမြင်ရပါသည်။

ဥပဒေပ ကစားမှုမှာ ဘရာဇီးဘက်က ပိုများပြီး အဝါ ၁ဝကတ်ထိထားတဲ့ နှုန်းဟာ အတော်လေး များပါသည်။ ပြေးလွှားကစားတဲ့ ဧရိယာ

ပမာဏမှာတော့ ဂျာမနီက မဆိုစလောက်ကလေးသာပါသည်။ ဂျာမနီ အပြတ်အသတ်သာတာကတော့ ဘောလုံးပေးပို့မှုအပိုင်းဖြစ်ပြီး

ဘရာဇီးက ကြိမ်ရေ ၁၈၀ဝကျော်သာ ပေးပို့ပြီးချိန်မှာ ဂျာမနီ က ကြိမ်ရေ ၂၉၀ဝကျော် ပေးပို့ပြီးဖြစ်လို့ပါ။ ဘောလုံးပေးပို့မှု တိကျပုံ

မှာလည်း ၈၀% နဲ့ နှာတဖျား အသာရထားခြင်းဖြစ်သည်။ သည်တော့ ကောက်ချက်ချကြည့်ရရင် ဂျာမနီ ခြေသာတယ် ဆိုတာ မငြင်းသာပါဘူး။

 

ဖြစ်နိုင်ဖွယ် Star Player နှိုင်းယှဉ်ချက်
ဖြစ်နိုင်ဖွယ် Star Player နှိုင်းယှဉ်ချက်

 

အားထားရတဲ့ ဘရာဇီးတိုက်စစ်မှူးနေမား လည်းမပါနိုင်တာမို့ သည်တကြိမ်တော့ ဂျာမနီ အနိုင်ယူကျော်ဖြတ်သွားဖို့ ရာနှုန်းများတယ်လို့ သုံးသပ်ချင်ပါသည်။

ဘရာဇီးအနေနဲ့ မျှော်လင့်စရာကတော့ ၂ချက်ရှိသည်။ ပထမတချက်ကတော့ သမိုင်းတလျောက် ဂျာမနီနဲ့တွေ့ဆုံမှုအပိုင်းမှာ

အသာစီးရထားတာပါ။ တွေ့ဆုံမှုသမိုင်း ၉ပွဲမှာ ၅ပွဲနိုင် ၂ပွဲသရေ ၂ပွဲရှုံးနဲ့ ဂိုးကွာခြားချက် ၈ဂိုးအထိ ရှိလို့ပါ။

 

HeadtoheadGEr-Bra

 

ဒုတိယအချက်ကတော့ အိမ်ရှင်အသားသာချက်ဖြစ်သည်။ ကမာ္ဘမှာ ဘောလုံးနဲ့ပါတ်သတ်ရင် အရူးသွပ်ဆုံး သန်း၂၀ဝ က သည်၁၁ယောက်နောက်မှာ

တခဲနက် ရှိနေကြမယ် မဟုတ်ပါလား။ သည်တော့ ခြေသိပ်မကောင်းသော်ငြား အိမ်ရှင်တို့ ဖိုင်နယ် တက်သွားရင်လည်း အံ့ဩစရာမရှိပါချေ။

 

 

၂။ အာဂျင်တီးနား Vs နယ်သာလန်

 

argentina-world-cup-poster-espn-150x226   netherlands-world-cup-poster-espn-150x225

 

အာဂျင်တီးနားအသင်းဟာ ပွဲတိုင်းအနိုင်ကစားပြီး ဖြတ်ကျော်လာခဲ့ပေမယ့် နယ်သာလန်အသင်းကတော့ ၁ပွဲသရေ ကျထားပါသည်။

ဒါပေမယ့် ဂိုးသွင်းယူမှု အပိုင်းမှာတော့ အာဂျင်တီးနား ရဂိုး ရချိန်မှာ နယ်သာလန်က ၁၂ဂိုးတိတိ ရရှိထား၏။

 

Arg Vs Ned

 

ဂိုးကန်သွင်းမှု အရေအတွက်မှာ အာဂျင်တီးနား အနည်းငယ်သာပေမယ့် တိကျမှုမှာ နယ်သာလန်က အသာစီးရရှိထားပါသည်။

နယ်သာလန်အသင်းက ကစားအားမှာ အနည်းငယ်သာပေမယ့် ပိုပြီးကြမ်းကြမ်းတမ်းတမ်း ကစားတတ်တာလည်း တွေ့ရမှာဖြစ်ပါသည်။

ဘောလုံးပေးပို့မှု အပိုင်းမှာ အာဂျင်တီးနား သာပေမယ့် တိကျမှုချင်းကတော့ အတူတူပဲ ဖြစ်ပါသည်။ မက်ဆီ ရဲ့ ကျွမ်းကျင်မှု ရယ်

နယ်သာလန်တိုက်စစ်အတွဲရဲ့ လျင်မြန်မှုရယ် ထိပ်တိုက်ဆုံတဲ့ပွဲ ဖြစ်ပါသည်။

ဖြစ်နိုင်ဖွယ် Star Player နှိုင်းယှဉ်ချက်
ဖြစ်နိုင်ဖွယ် Star Player နှိုင်းယှဉ်ချက်

 

 

သုံးသပ်ချက် ရေးရရင်ဖြင့် တယောက်ကောင်းကစားတဲ့ အာဂျင်တီးနားထက် အသင်းလိုက် ကစားပုံကောင်းတဲ့ နယ်သာလန်ကို ပိုမို နှစ်သက်ပါသည်။

၂ဖက် နည်းပြတွေရဲ့ တန်းကလည်း တဆင့် ကွာတာမို့ နယ်သာလန်ပဲ အခြေအနေကောင်းသွားမယ် ယူဆမိပါသည်။

အမှားမခံတဲ့အဆင့်မို့ အရင်ဂိုးရသွားတဲ့အသင်းက ရလာဒ်ကို ထိန်းပြီး အနိုင်ကစားသွားမယ် မြင်မိပါတယ်။ တဖက်တိုက်စစ်ကိုတဖက်

ရှိန်ပြီး ပိတ်ကစားကြရင်တော့ ပျင်းစရာပွဲတပွဲအဖြစ် အချိန်ပိုပယ်နယ်တီထိရောက်သွားနိုင်ပါသည်။ ဒီ၂သင်းရဲ့ သမိုင်းတလျောက် ထိပ်တိုက်တွေ့ဆုံမှု

၈ကြိမ် မှာလည်း နယ်သာလန်အသင်းက အသာရထားပြီး ၄ပွဲနိုင် ၃ပွဲသရေ ၁ပွဲရှုံးနဲ့ ဂိုးကွာခြားချက် ရဂိုးအထိ ရှိနေပါသည်။

HeadtoheadNet-Arg

 

 

 

C. ၂၀၁၄ ကမာ္ဘ့ဖလား မှတ်တမ်းမှတ်ရာများ

 

၁။ စုပေါင်း မှတ်တမ်းများ

 

ဖီဖာက ထုတ်ပြန်တဲ့ မှတ်တမ်းမှတ်ရာများအနေနဲ့ကတော့ တပွဲချင်းသွင်းဂိုးဟာ ၂.၆ လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁ဝ က ၂.၃ သာရခဲ့လို့

တိုးတက်လာမှု လို့ ဆိုနိုင်ပါသည်။ တနည်းအားဖြင့် ဘောလုံး တိုက်စစ် ခေတ် ပြန်ရောက်လာတယ် ပြောနိုင်မှာဖြစ်ပါသည်။

တဦးချင်းသွင်းဂိုးလည်း မြင့်တက်လာပြီး တဖက်မှာလည်း သူရဲကောင်းဆန်တဲ့ ဂိုးသမားတွေ ပေါ်ထွက်လာတဲ့ ကမာ္ဘ့ဖလားလည်းဖြစ်ပါသည်။

ဘောလုံးပေးပို့မှု အမှန်တကယ်ပွဲကစားချိန် စတာတွေ တိုးတက်လာပြီး ဥပဒေပကစားမှုတွေ ကျဆင်းလာလို့ အပြုသဘောဆောင်လာတဲ့ပွဲလို့

ပြောနိုင်ပါသည်။

 

2014

 

ထူးခြားမှတ်တမ်းအနေနဲ့ကတော့ ဂိုးအသွင်းနိုင်ဆုံးဟာ ကိုလံဘီယာဖြစ်ပြီး ထိုးဖောက်မှုအကောင်းဆုံးဟာ ဘယ်လ်ဂျီယံပါတဲ့။.

ဘောလုံးပေးပို့မှု အကောင်းဆုံးက ဂျာမနီ ဖြစ်ပြီး ခံစစ်အကောင်းဆုံးက ကော်စတာရီကာ ပါလို့ ဖော်ပြပါရှိပါသည်။

Players

ကစားသမား အပိုင်းမှာတော့ ကိုလံဘီယာ ရဲ့ ဂျိမ်းစ် ရိုဒရီဂွက်စ် ဟာ ၅ပွဲကစား ရာမှာ ၁ရကြိမ် ကန်သွင်းပြီး ၆ဂိုးရခဲ့တာကြောင့် လက်ရှိအချိန်ထိ

သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိပါသည်။ ကော်စတာရီကာ ရဲ့ ဘောဂတ်စ် ကတော့ မီတာ ၆သောင်းပြေးထားပြီး အပြေးလွှားဆုံး

ကစားသမားအဖြစ် မှတ်တမ်းဝင်နေပါသည်။ ဘောလုံးပေးပို့မှုအများဆုံး ကစားသမားကတော့ ဂျာမနီအသင်းခေါင်းဆောင် ဖိလစ်လမ်း ဖြစ်ပြီး

၄၀၈ကြိမ်ပေးပို့ အောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၈၆.၆% ရှိနေပါသည်။ ကော်စတာရီဂါ ရဲ့ ကေလာ နားဗတ်စ် ကတော့ ၂၁ကြိမ် စုစုပေါင်းကာကွယ်ပြီး

၂ဂိုးသာ ပေးခဲ့ရလို့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် ရပ်တည်လျက်ရှိပါသည်။

 

Matches
ထူးခြား ပွဲမှတ်တမ်းအနေနဲ့ကတော့ ပြင်သစ်က ဆွစ်ဇာလန်ကို ၅-၂ နဲ့နိုင်တဲ့ပွဲဟာ အပြန်အလှန် သွင်းဂိုးအများဆုံးပွဲဖြစ်ပြီး

ဘယ်လ်ဂျီယံက အမေရိကအသင်းကို ၂-၁ နဲ့ နိုင်တဲ့ပွဲကတော့ ထိုးဖောက်ဂိုးသွင်းမှု အများဆုံး ပွဲ ဖြစ်ပါသည်။ ကော်စတာရီကာနဲ့ ဂရိတို့

၁ဂိုးစီ သရေကျတဲ့ပွဲကတော့ အကြမ်းရမ်းဆုံး ပွဲ ဖြစ်ခဲ့ပြီး ဂျာမနီက အယ်ဂျီးရီးယားကို ၂-၁နဲ့ အနိုင်ရတဲ့ပွဲကတော့ ဘောလုံးပေးပို့မှု

အများဆုံးသောပွဲဖြစ်ခဲ့ပါသည်။

 

၂။ ၂၀၁၄ ကမာ္ဘ့ဖလား ၏ အကောင်းဆုံးသော ကစားသမားများ

(ကွာတားဖိုင်နယ်များ ပြီးဆုံးချိန်အထိသာ)

 

Castrol ကန်ပနီ က ပြုလုပ်တဲ့ Castrol Index အမှတ်ပေးပုံနဲ့ ပေးအပ်ထားတာဖြစ်ပါသည် ဇုံအလိုက် သော်လည်းကောင်း

ကစားကွက် ပေးပို့မှု ခုခံကာကွယ်မှု ကန်သွင်းမှု စသည် ကို တာဝန်ကျေပြွန်စွာ ကစားတတ်မှုအပေါ်

အခြေခံ တွက်ချက်တယ် လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။ အဲ့သည့် စနစ် အရ အကောင်းဆုံး ကစားသမား ၁ဝဦး ကတော့

1-5

 

6-10

ဒီစာရင်းဟာ စွမ်းဆောင်ရည် အလိုက်သာ ရမှတ်နဲ့ တွက်ချက်ထားတာဖြစ်ပြီး နေရာအလိုက် (အကောင်းဆုံးအသင်း ပုံစံ) ရွေးချယ်ထားတာမဟုတ်ပါဘူး

၂၀၁၄ ဖီဖာ ကမာ္ဘ့ဖလား ရဲ့  (လက်ရှိ) အကောင်းဆုံးအသင်း ကတော့

 

allstar

 

(ဂိုး) ဗရာဗို  (ချီလီ)
(ဂိုး) ဗရာဗို (ချီလီ)

 

Back

နောက်တန်း
ဗာရိန်း(ပြင်သစ်)               သီယာဂိုဆေးလ်ဗား(ဘရာဇီး)           မတ်ဟမ်းမဲလ်(ဂျာမနီ)            ဒါးဗီးလူးဝီးစ်(ဘရာဇီး)

Mid

ကွင်းလယ်
ရိုဒရီဂွက်ဇ် (ကိုလံဘီယာ)         ဒီမာရီယာ (အာဂျင်တီးနား)          ရှာကွီရီ (ဆွစ်ဇာလန်)                  တိုနီခရူးစ် (ဂျာမနီ)

Forward

ရှေ့တန်း
ဘန်ဇီးမား (ပြင်သစ်)                                           ရော်ဘင် (နယ်သာလန်)

(ဆက်ပါဦးမည်)

38 comments

  • Mr. MarGa

    July 7, 2014 at 3:59 pm

    ဆက်တာကိုစောင့်ဖတ်မယ်ဗျာ
    ဘယ်သူဘာပြောပြော အော်လိုက်ဦးမယ်
    နယ်သာလန် နယ်သာလန်
    နယ်သာလန် နယ်သာလန် :mrgreen:

  • kai

    July 7, 2014 at 4:14 pm

    ဘရာဇီးရှုံးရင်.. အဲဒီသန်း၂၀ဝ ပြသနာအကြီးအကျယ်ရှာမှာလည်း.. ထည့်တွက်ထားဖို့လိုမယ်ထင်မိတယ်..။
    အားကစားတော်တော်များများက.. နိုင်ငံရေးပါသဗျ…
    ဆိုတော့…
    ဘာဖြစ်မလည်း.. စောင့်ကြည့်ချင်…

    စကားအတင်းစပ်..
    ယူအက်စ်ပါတီကြီး၂ခုရဲ့.. အားကစားဆိုင်ရာအားပေးမှုမှာ..
    လက်ရှိအာဏာရ ဒီမိုကရက်.. ဘောလုံးနဲ့ ဘက်စကက်ဘော
    ရီပါ့ဗလစ်ကန်င်ပါတီ… ဂေါဖ့်၊ ဘေ့စ်ဘော၊ ကားမောင်းပြိုင်ပွဲ.. စသဖြင့်ဆိုသဗျ..

    အခုကနေ ၂၀၁၆အထိ.. အိုဘားမားရဲ့ ဒီမိုကရက်ပါတီခေတ်မို့..
    လာမယ့်နှစ်တွေမှာ.. အမေရိကန်တွေ ဘောလုံးကို ဖိပြီးအားပေးကြတော့မယ်… ထင်..။ :mrgreen:

  • အရီးခင်

    July 7, 2014 at 4:14 pm

    ဪ ဒင်း ကလဲ ဒီလို သွေးစုတ်ကောင် ဘဲကိုး။

    ဘရာဇီး က ဆီမီး မှာ နေမာတင်မဟုတ် အသင်း ကပ္ပတိန် Thiago Silva လဲ အဝါကဒ် ၂ ပွဲ မိ ထားလို့ မပါပါ။
    လောလောဆယ်တော့ သူတို့ အယူခံ ဝင်နေကြတယ်။
    ဆက်ဖတ်လိုက် ဦးမယ်။
    ပြောချင်လွန်းလို့ ဖြတ်ပြောတာ။
    :-)))

    • ဇီဇီ

      July 7, 2014 at 4:27 pm

      အရီးးး
      အဒူ့ ကို ပေါဒါရဲဟမ်?
      တိဒလိုလိုပဲ။
      ဒီ လက်ရာက ဘူ့လက်ရာတုန်းဆိုတာ။

      အဟီးဟီးဟီး

      😀

  • မင်း ခန့် ကျော်

    July 7, 2014 at 4:30 pm

    ဒိန်းဒိန်း ဒိန်းဒိန်းဒိန်း ဟော်လန်။
    ဒိန်းဒိန်း ဒိန်းဒိန်းဒိန်း ဟော်လန်။
    အိုးးးးးးလေးးးးးးးး အို လေးးးးးဟေးးးဟေးးးး ဟော်လန်
    အိုးးးးးးလေးးးးးးးးးအို လေးးးး ရေးးးး ဟေးးး ဟော်လန် :mrgreen:

  • ပန်း စံပါယ်

    July 7, 2014 at 4:59 pm

    Netherlands Netherlands Netherlands (Holland Holland Holland)
    Brazil နဲ့ Netherlands တွေ့တော့မယ် ထင်တယ်။

  • black chaw

    July 7, 2014 at 5:05 pm

    ကမ္ဘာ့ဘောလုံး ကို တောင်အမေရိက နဲ့ ဥရောပ က လွှမ်းမိုးထားတဲ့ သဘောပေါ့…။
    တိုက်တိုက်ဆိုင်ဆိုင် ဆီမီး ၂ ပွဲစလုံးက တောင်အမေရိက အသင်း နဲ့ ဥရောပအသင်းတွေ…။
    တစ်ပွဲကို တောင်အမေရိက က နိုင်ပြီး တစ်ပွဲကို ဥရောပက နိုင်သွားရင် သိတ်လှတဲ့ အကွက်ပေါ့…။
    အဲဒီလို ဖြစ်လာလိမ့်မယ်လို့လည်း ထင်မိ…။
    အာဂျင်တီးနား နဲ့ ဂျာမနီ တွေ့လိမ့်မယ်လို့ မျှော်လင့်…။
    ဖိုင်နယ်ကတော့ ဘာမဆိုဖြစ်နိုင်သွားပြီ…။
    အားလုံးမှာ ခြေထောက် ၂ ချောင်းစီနဲ့ ခေါင်းတစ်လုံးစီ ပါကြသကိုး…။
    :mrgreen:

  • နှူးဘာ မိဂီ

    July 7, 2014 at 6:25 pm

    ဖိုင်နယ်မှာ ဥရောပ ၂သင်း တက်မယ်ဆိုလည်း သိပ်တော့ အံ့ဩစရာ မရှိဘူးထင်ပါ့ဗျာ

    ဂျာမနီက တောင့်တင်းနေပေမယ့် ဘရာဇီးက လူမစုံ (စတားပလေယာနဲ့ ကတ်ပတန် မှ လွဲရတယ်လို့)
    နယ်သာလန် က အသင်းလိုက် ကစားအား ကောင်းပေမယ့် အာဂျင်တီးနားက ဒီ၄သင်းထဲမှာ
    ရဂိုးအနည်းဆုံး နဲ့ တဦးကောင်း တည်ကစားနေရတဲ့အသင်း (၅ပွဲကန် ရဂိုး မှာ မက်ဆီ တယောက်တည်းက ၄ဂိုး –
    တဖက်အသင်း အုံးဂိုးက တဂိုး) ဆိုတော့ ကျန်တဲ့အသင်းသားတွေ စုစုပေါင်း သွင်းတဲ့ ဂိုး က ၂ဂိုးတည်းသာ
    အဲ့၂ဂိုးမှာ ၁ဂိုး သွင်းခဲ့သူ ဒီမာရီယာက မပါနိုင်ပြန်….

    အဲ့လို

  • marblecommet

    July 7, 2014 at 8:17 pm

    ဂိုးလေးတွေ ရနေတဲ့ မက်ဆီ အတွက်တော့
    အရင်တုန်းကလို ကလပ်အသင်းအတွက်သာ….ဆိုတဲ့
    ဖိအားတွေ လျော့စေတာပေါ့နော်
    ကျော်ကတော့…အဖတိုင်းပြည်ကြီးကို အားပေးပါမည်ခင်ည…

  • Crystalline

    July 8, 2014 at 2:23 am

    သူတို့ကလည်း ဟိုတျောက်နဲ့တစ်လေထဲ… 😀

  • အာဂျင်တီးနားနဲ့ဂျာမနီတွေ့မယ်လို့မျှော်လင့်တဲ့ဦးဦးဘလက် အတက်ရှည် အဆင်းလှ လိုတိုင်းရပါစေ

  • surmi

    July 8, 2014 at 8:43 am

    ဘာမထီ … ဂျာမဏီ ~~~ ဖလား ယူပါမည် ~~ :kwi:

  • Kaung Kin Pyar

    July 8, 2014 at 9:11 am

    ဂျာမနီ နိုင်ပါစေ….

    :mrgreen:

    ဂျာမနီ နိုင်ပါစေ….

    :mrgreen:

    • နှူးဘာ မိဂီ

      July 9, 2014 at 5:16 am

      ဟန်နီ
      ဂျာမနီ နိုင်သွားတယ် ၇-၁ နဲ့

      ပျော်ထှာ..

      :mrgreen:

  • kyeemite

    July 8, 2014 at 9:26 am

    ကျုပ်တော့ ဘောလုံးပွဲအကြောင်း ဘာမှမသိ…ဆိုတော့ ..
    အိပ်ရေးပျက်သက်သာဂျောင်းးးးး 😀

  • အရီးခင်

    July 8, 2014 at 11:33 pm

    ရွာထဲ မှာ ဂျာမဏီ ပိတ်သတ် တယ်တောင့်နေပါ့လား။

    သများ ကတော့
    ဒီနေ့ တော့ ရှုံးတော့မဲ့ ဘရာဇီး ကို အားပေးပါ့မယ်။
    အိမ်ခံလူတောင့်ပေမဲ့ တကယ်ကန်မဲ့သူတွေ က အားနည်းနေလို့။
    နောက်ပြီး ဂျာမဏီ နည်းပြက ကိုယ့် ချဉ်ဖတ် ဖောက်သည် မို့။ LOL:-)))

    ဟေ့ ဘရာဇီး ကို အထင်မသေးနဲ့နော်။
    ဘုရားရှိခိုး ဆုတောင်းကောင်း တဲ့ လူဝီစုတ်ဖွားလေး ရှိလယ်။

    • Crystalline

      July 9, 2014 at 3:40 am

      တကယ့်ဖရိုဖရဲပဲ….ဒီပွဲတော့သေချာကြည့်ပါ့မယ်ဆိုတာ…. :))

      • အရီးခင်

        July 9, 2014 at 3:45 am

        ဒီ ဂျာမာန်တွေ က နေရာ အနှံ့ ကို နေရာယူနိုင်တာ။
        နောက်ပြီး သူတို့ က ကိုယ်သွင်းရပြီးရော ပုံစံမဟုတ်ဘဲ အချိတ်အဆက်ကောင်းတာ။
        နောက် ဂိုး တွေလာဦးမှာ။ ပြီးမှာ မဟုတ်သေးဘူး ထင်ရဲ့။
        အရံ တွေထုတ်ကန်ခိုင်းလိုက် ရင်တော့ တစ်မျိုးပေါ့။
        ဘရာဇီး ပွဲကြည့်သူတွေတော့ အိမ်ပြန်ကုန်ပြီ။
        ဘာဖြစ်လဲ။ ရှုံးလဲ ဂုဏ်ရှိရှိ ရှုံးပေါ့။
        ဒီပွဲကတော့ The best man win ပါဘဲ။

        • Crystalline

          July 9, 2014 at 3:57 am

          တကယ်ပါပဲ… 6:0 :))

    • အရီးခင်

      July 9, 2014 at 3:20 am

      ရာဇဝင်မှာ စာတင်မဲ့ ပွဲ
      ပင်တိုင်စံ စိတ်မကောင်း ပါဘူး ကွယ်။
      Bye Bye ဘရာဇီး။

    • နှူးဘာ မိဂီ

      July 9, 2014 at 5:14 am

      နိုင်ဂံရေးပါမယ်ထင့် ..
      ဥရောပ စက်မှု ရထားခေါင်းတွဲ ဂျာမနီ အဓိပတိ
      မာကယ် ဆိုတဲ့ဘွားတော် ဘယ်လောက် လျှော်လိုက်လဲမှ မသိတာ
      ငိငိ

      အလကားနောက်တာပါဗျာ…
      ဘောလုံး အရူးဆုံးတိုင်းပြည်က ဘောလုံး စိတ်ဓါတ်ပြည့်ဝပါတယ်…
      မှန်တာပြောရရင် တန်ရာတန်ရာပါပဲ…
      သူတို့လည်း သည်လောက်ပဲ တန်တယ်ဆိုတာ သိနေမင့်ကို

      မည်သို့ပင်ဆိုစေကာမူ
      ဟစ်တလာ့ မြေးတွေ ရီယို ဒီဂျနေးရိုး ကို သိမ်းပြီ…

      အားးးး ဟိ

  • နှူးဘာ မိဂီ

    July 9, 2014 at 4:51 am

    စိတ်မကောင်းဘာဘုူး
    ၇-ဝ နဲ့ပီးရမှာ
    ၇-၁ ဖြစ်သွားတယ်…
    အာဟိ
    အစောကတည်းက ပြောပါတယ် ဂျာမေးနီးယားပါလို့

    ထပ်ပြောမယ် စပိန်ကို ၅ဂိုးသိပ်တဲ့ အသင်းနဲ့
    ဘရာဇီးကို ရဂိုး သိပ်တဲ့ အသင်း ဗိုလ်လုကြရင်
    အံ့ဩစရာမရှိ…

    လဟိလဟိ…

    😀

    • kai

      July 9, 2014 at 5:50 am

      ကလေးလူကြီးပွဲကြီးဖြစ်နေတယ်..။
      ကြည့်ရတာ..စိတ်ပျက်စရာ..
      အနိစ္စ..။ :mrgreen:

      • နှူးဘာ မိဂီ

        July 9, 2014 at 11:40 am

        တိုနီခရူးစ် ရှဝိန်းစတိုင်ဂါ ဖိလစ်လမ်း ခါဒီရေယာ ထိပ်တန်း ကွင်းလယ်ကစားသမားတွေ လုပ်ချင်ရာလုပ်နေတဲ့
        ပွဲလို့ပဲမြင်တယ် … ဘရာဇီးကွင်းလယ်ကိုကြည့်တော့ … အလယ်အလတ်တန်း ကလပ်တွေမယ် ကစားနေတဲ့ ဘဲတွေ …

        သည်တော့ ပြိုဆင်းတာမဆန်း..

        အဲ …
        ကျော် ပြောဖူးပါတယ်… ချံပျံလိဂ်မှာ -င်အယားဆုံး နောက်ခံ ၃ယောက် ဘရာဇီး ခံစစ်မှာ ဖူးလ်ဘက် ကစားကြပါတယ်ဆို
        ဒီပွဲကတော့ ပြောစရာ အောလပုံပဲ…
        မာဆယ်လို က ရီးရဲလ်မှာ ကစားသလို … ရှေ့စွတ်တက် … ခက်တာက သူ့ရှေ့မှာ ရော်နယ်ဒိုမရှိ
        ဒါးဗီးလူးဝီးစ် က ပလေးမိတ်ကာလိုလို … ခံပေါ့ဗျာ … ဇုံအလိုက် ဂလောက် အဆင့်ကွာနေတာ…

        တခုတော့ စိတ်မကောင်း …..
        Braဇီး ရှုံးတော့ … သာမီးလေးတွေ Bra ချွတ်ပီးက တာ မကျိရဒေါ့ဘူး…
        ဟင့်ဟင့်..
        ငိုဗျဇီ

        :byae:

  • surmi

    July 9, 2014 at 6:57 am

    ဘာမထီ … ဂျာမဏီ ~~~ ဖလား ယူပါမည် ~~
    အာ ဂျင် တွေ ကို . . သနားလှတော့သည် ~~~
    နာဇီ ပါတီ သတိ္တသွေး ရဲသည် ~~~~
    ကမ္ဘာ့ ဖလား ကို လေ … သိမ်းပိုက်ကြတော့မည် ~~~ :mrgreenn:

  • sorrow

    July 9, 2014 at 9:56 am

    မိုးမပြိုဘူးဆို….ဆမ်ဘာမလေးတွေရဲ့
    ရီယိုဒီဂျနေးရိုးကောင်းကင်မှာ…မိုးခါးတွေရွာ….
    အဟိဟိ …
    ကမ္ဘာမှာ ဘရာ မဟုတ်ဘူး…ကမ္ဘာမှာ ဂျာဂျာ….

  • Myo Thant

    July 9, 2014 at 11:49 am

    ဖိုင်နယ်မှာ ဟော်လန် – ဂျာမနီ တွေ့မယ်ထင် ၊

    မက်ဆီကို အားကိုးလွန်းတာမျိုး မကြိုက်လို့

    ဗန်ပါစီ မပါလျင်သော်ငြား ဟော်လန်အား အားပေးပါမည် ၊

    မန်ယူရောက်မယ့် ဗန်ဂေါလ် လက်မထောင်နိူင်ပါစေ ၊

  • Kaung Kin Pyar

    July 9, 2014 at 11:51 am

    ဂျာမနီ နိုင်မယ် ယုံထားပြီးသားပါ…။ ဘယ်တုန်းက မှားဖူးလို့လဲ ။ Confirm ချင်ရုံပဲ…:-D

    နိုင်မှနိုင်တော့လဲ ဂိုးပြတ်နဲ့ကို နိုင်တာ
    :
    :
    :
    အဲ့ဒါ သိရတဲ့အချိန်လေး အရမ်းအရမ်းးးးးး စိတ်ချမ်းသာ
    :mrgreen:
    :mrgreen:
    :mrgreen:

  • နှူးဘာ မိဂီ

    July 9, 2014 at 5:43 pm

    မနက် ၉နာရီမှာ တကြိမ်
    နေ့လည် ၂နာရီမှာ တကြိမ်
    ရီပလေးပြန်ပြလို့ ပြန်ကြည့်ဖြစ်တယ်
    ည၆နာရီမှာ နောက်တကြိမ်ပြန်လာအုံးမယ် ကြည့်အုံးမယ်

    ဒါ နောင် နှစ်တော်တော်များများထိ လူတွေ ပြောဖြစ်နေမယ့်
    ကလပ်စီကယ် ပွဲတပွဲကိုးဗျ…

    ကွင်းလယ်က ဖိလစ်လမ်း နဲ့ ရှဝိန်းစတိုင်ဂါကို ပိုချီးကျူးရမယ်
    သူတို့က ဝင်ရိုးပုံစံ ကစားနေခဲ့တာကိုး ..
    ဂိုးမရပေမယ့် .. ရှေ့ကလူတွေ လုပ်ချင်တာလုပ်နိုင်အောင်
    လုပ်အားနှုန်းကောင်းကောင်းနဲ့ ပိတ်ဆို့ ခုခံခဲ့တာ ရယ် ဖန်တီးပေးခဲ့တာရယ်ပါ..

    နောက်ဆုံးတဂိုးကလွဲရင် ရှေ့ဂိုးတွေက လူပေး-ပိတ်သွင်းနဲ့
    အတော်လွယ်လွယ်ကူကူ ရခဲ့သယောင် ပဲ…
    အဲ့သလောက် တိုက်စစ်ဆင်နိုင်အောင်ကစားနိုင်တဲ့
    ဂျာမန် ဗားရှင်း pressure football စတိုလ် ကို ပိုသတိပြုမိရဲ့
    လုပ်အားနှုန်း စည်းကမ်းသေဝတ်ပုံ အသင်းလိုက် ရွေ့လျားပုံ နေရာယူမှု တကိုယ်ကောင်းမဆန်မှု
    ဘယ်တခုမှ ပြောစရာအကွက်မမြင်တဲ့ တကယ့် ဘောလုံးအသင်း…

    လေးလေးစားစားကို အားပေးနေပါတယ် ဂျာမေးနီးယားရယ်..

  • surmi

    July 9, 2014 at 8:19 pm

    အားးးးကစားး မြှင့်တင်ခြင်းသည် ×××× ဘွတ်ကီဒိုင် ကို ကာ ကွယ် …စောင့်ရှောက်နေခြင်း ဖြစ်ပါသည် ~~~~
    အားးးးး ကစားးး ရည်မှန်းချက်သည် ×××× ဘွတ် ကီ အားး လုံးး … က မ္ဘာ ကို လွှမ်း ရ မည် ~~~~ :mrgreen:

    ယနေ့ည

    ဟော် လန် 🙂

  • မဟာရာဇာ အံစာတုံး

    July 10, 2014 at 1:50 am

    လောလောဆယ်
    ဂျာမနီ ကတော့ ဘရာဇီးလ်ကို ဂိုးပြတ် နိုင်ပြီး
    ဖိုင်နယ် တက်သွားပြီ …။
    မကြာမီ ကန်တော့မယ့် ဟော်လန်-အာဂျင်တီးနား ကတော့ ဘယ်လို လာမယ် မသိဘူး။
    ဘယ်လိုပဲ ဖြစ်ဖြစ် ဖိုင်နယ်ကတော့ ကြည့်ကောင်းမှာ အမှန်ပဲ။

    ဒီအသင်းတွေထဲမှာ ကျုပ် အားပေးတဲ့ အသင်းကတော့
    ဘောလုံးကန်တာ ကောင်းပြီး နိုင်သွားတဲ့ အသင်းပဲ …..။

    မတော်တဆ ဆယ်ထပ်တိုက်ပေါ်က ပြုတ်ကျလာတဲ့ အပ်တစ်ချောင်းနဲ့ မြေကြီးပေါ်ထောင်ထားတဲ့ အပ်တစ်ချောင်း ထိပ်ချင်းဆိုင်မိလို့များ မြန်မာအသင်း ကမ္ဘာ့ဖလားမှာ ဝင်ပြိုင်ခွင့် ရခဲ့မယ်ဆိုရင်တော့ ကောင်းကောင်း မကောင်းကောင်း မြန်မာအသင်းကိုပဲ အားပေးသွားမှာပါ။

  • surmi

    July 10, 2014 at 5:22 am

    …… ဟော်လန်ရေ … ပြန်ပါတော့လေ ~~~ တကယ်ပင်ကောင်းးးးလည်းးး …… ရှုံးခဲ့ရပေ ~~~
    နောက်တစ်ခေါက်ပေါ့ကွယ်ယ်ယ် ………… အားမလျော့နဲ့လေ ~~~~
    အာဂျင် တီးးးနားး ×××× ဖိုင်နယ်သွားတော့မလေ ~~~~~ 😛

    {အကော်ဒီယံအုန်းကျော်စတိုင်နဲ့ သီဆိုပါရန် :mrgreen: }

  • sorrow

    July 10, 2014 at 10:58 am

    ဗျူနိုအေးရိစ်ကနေတင်ပို့လိုက်တဲ့ မျက်ရည်ခြွေစက်တွေ ရိုတာဒန်ကိုမနက်ကရောက်တယ်….
    အမြန်နှုန်းတွေကို ကံတရားက မျက်နှာသာမပေးပေမယ့် …ရော်ဘင်ရေ ..သူတို့ ဟန်နီကန်ကိုတရှိုက်မက်မက်သောက်နေလေရဲ့ …. ခုခွိခုခွိ …

  • pooch

    July 10, 2014 at 3:02 pm

    ဂျာမဏီဖလားသိမ်းမယ်ထင်တယ်။ ဒါပေမဲ့ တောင်အမေရိက (အပူကလာတဲ့ ) အကောင်းဆုံးတွေ စုထားတဲ့ အာဂျင်းတီးနားလည်း လျှော့တွက်လို့မရတော့ ။ ၅၀:၅၀။
    ဘာကြောင့်ရယ်မသိ ဂျာမဏီကို ရစေချင်တယ်။ ကဲ ဂျာမှ ဂျာပဲ ။ :p

Leave a Reply