အမြတ်​

Maung ThuJuly 7, 20141min33228

တ​နေ့သ၌ ကျွန်​ုပ်​သည်​ ​ဆေးခန်​းထိုင်​​နေစဉ်​ လူနာမလာသည်​နှင်​့ ပက်​လက်​ကုလားထိုင်​အ​ဟောင်​း​လေးတွင်​ထိုင်​ကာ စာဖတ်​ခြင်​းသမှုပြု​နေ​လေ​၏ ။

ထိုအချိန်​တွင်​ “ကလင်​ ကလင်​ ကလင်​” ဘဲလ်​တီးသည်​နှင်​့အတူ ဆိုက္ကားဆရာ​မောင်​မိုးကြီး ​ရောက်​လာ​လေ၏။

“ကိုယ်​့ဆရာ လူနာ​တွေတန်​းစီလို့ပါလား။ ပိုက်​ဆံထားစရာ ​နေရာ​ရောရှိ​သေးလား။ ကျွန်​​တော်​တုံကင်​လိုချင်​လို့ပါ ” ဟိုုဆိုကာ အခုမှဖွင်​့ခါစ လူနာပါးလှ​သော ကျွန်​ုပ်​၏​ဆေးခန်​း​လေးအား ​လှောင်​​ပြောင်​သမှု ပြု​လေ၏ ။

ကျွန်​ုပ်​က “တယ်​ ​မောင်​ရင်​ ​နောက်​ခါ ​နေမ​ကောင်​းဖြစ်​ရင်​ အပ်​တုံးတ​ုံးနဲ့ ထိုးလွှတ်​မယ်​” ဟု​ပြော​သောအခါ သူ၏ကွမ်​းချိုးကပ်​​နေ​သော သွားများ​ပေါ်သည်​အထိ တဟားဟားရယ်​​လေ၏ ။

ထို့​နောက်​ ပလပ်​စတစ်​ထိုင်​ခုံတစ်​လုံးဆွဲယူကာ ကျွန်ု​ုပ်​အနားတွင်​ထိုင်​ပြီး စပ်​မိစပ်​ရာစကားစမြည်​ပြောကြ​လေ၏ ။

“ဒါနဲ့ ကိုယ်​့ဆရာ ​ဆေးတစ်လုံးထိုး ဘယ်​​လောက်​လဲဗျ”

“အသား​ဆေးဆိုရင်​ တစ်​​ထောင်​ဗျာ၊ အ​ကြော​ဆေးဆိုရင်​ ​ထောင်​့ငါးရာ၊ ဆေးနှစ်​လုံးထိုးရရင်​ ​နှစ်​​ထောင်​ ပိုးသတ်​​ဆေး​ကောင်​းတာ​ပေးရရင်​ ငါးရာပိုယူတယ်​ ”

“​ဈေး​ပေါလှချည်​လား ကိုယ်​့ဆရာ၊ ကျုပ်​ပါစင်​ကြယ်​ လိုက်​ပို့​နေကျ ​ဆေးခန်​းက အသား​ဆေးနှစ်​​ထောင်​ အ​ကြော​ဆေးဆို သုံး​ထောင်​ဗျ ။ ဧကန္တ ကိုယ်​့ဆရာ ​ဆေးအ​ပေါစား​တွေ သုံးတယ်​ထင်​တယ်​”

“ကျုပ်​သုံးတဲ့​ဆေး​တွေကလည်​း တခြား​ဆေးခန်​း​တွေက သုံးတဲ့​ဆေး​တွေလို အတူတူပါပဲ အများစုက တရုတ်​နဲ့ အိန္ဒိယက လာတဲ့​ဆေး​တွေ”

“ဒါဖြင်​့ ကိုယ်​့ဆရာ ခင်​ဗျားအတွက်​​ အမြတ်​ရောကျန်​လား”

“မန်​းနီးက​တော့ ပွတ်​ကာသီကာပါပဲဗျာ ။ ခင်​ဗျားသိတဲ့အတိုင်​းပဲ သူတို့​ဆေးခန်​း​တွေကိုလာတာက ရှိတဲ့သူအများစုဗျ ။ ကျုပ်​​ဆီလာတာက မရှိဆင်​းရဲသားလက်​လုပ်​လက်​စား​တွေများတယ်​ ။ သူတို့ခမြာ တစ်​​နေကုန်​အလုပ်​လုပ်​မှ နှစ်​​ထောင်​သုံး​ထောင်​ပဲရတာ ကျုပ်​က အကုန်​​တောင်​းထားလိုက်​ရင်​ သူတို့ဘာနဲ့ စားကြမတုန်​းဗျ ”

​”​အေးဗျ ကိုယ်​့ဆရာ​ပြောတာလည်​း မှန်​သား ။ ဘာပဲဖြစ်​ဖြစ်​ ကိုယ်​့ဆရာဖို့ ကုသိုလ်​​တော့ကျန်​ပါတယ်​​ဗျာ ” ဟု​ပြောကာ ခါးကြားမှ ကွမ်​းယာကိုထုတ်​၍ ပြုံးပြုံးကြီးဝါး​နေ​လေသတည်​း ။       ။

 

​မောင်​သူ

 

 

 

 

28 comments

  • surmi

    July 7, 2014 at 4:02 pm

    ဆရာရေ
    ကော်ပီပေ့စ်ကြီးဖြုတ်ပြီး တစ်ခုခုရွေးဖို့မေ့သွားတယ်ထင်တယ် ။
    မော့ တစ်ယောက်ယောက် ပြင်ပေးမှရမယ်ခင်ဗျ ။

    ကျနော်နောက်မှပြန်လာပါဦးမယ်

  • အခုလို ဝင်ရောက်ရေးသားဖို့စိတ်အားထက်သန်စွာ ကြိုးစားခဲ့တဲ့မောင်လေးရေ ကျေးကျေးပါ။
    ပို့ကောင်းလေးကိုအားပေးယင်း ရွာကနေဆီးကြိုလိုက်ပါတယ်
    🙂

  • အရီးခင်

    July 7, 2014 at 4:23 pm

    မနန်းလိုဘဲ ကြိုပါတယ်။
    ကွမ်းကြိုက်တဲ့ စေတနာ ဆရာဝန် ကို လဲ သာဓု ခေါ်သွားပါတယ်လို့ ပြောပေးပါနော်။ :-)))

  • kai

    July 7, 2014 at 4:24 pm

    အပ်က.. တခါသုံးတွေမဟုတ်ဖူးလား..
    အပ်တုံးတုံးနဲ့ထိုးတဲ့ခေတ်ရှိသေးတာလား…။
    =
    ကုသိုလ်က.. ပြုတ်စားလို့ရသလားဟင်င်…
    =
    ဘာရယ်မဟုတ်.. ညမအိပ်နိုင်သေးတာနဲ့.. နောက်တာ..။ :mrgreen:

    • surmi

      July 7, 2014 at 7:50 pm

      ကိုအောင်မျိုးရေ
      ဟောဒီအပေါ်က kai ဆိုတာ ဒီဆိုဒ်ရဲ့ အက်ဒမင် ဘောစိပေါ့ ။
      ဂွတီးဂွကျနဲ့ ဆန့်ကျင်ဖက်က အမြဲနေတဲ့သူလေ ။
      ထော်လော်ကန့်လန့်မလုပ်ရရင် အိပ်မပျော်လို့ ဝင်ပွါးသွားတာ ။

      နောက်ဆို ပြောစရာရှိတာ ရေးစရာရှိတာရဲရဲသာရေးဗျ ။

      ကွန်မန့်ရေးတဲ့သူတွေကလည်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဝေဖန်ကြလိမ့်မယ် ။

    • Aung Myothu

      July 8, 2014 at 2:05 am

      အပ်​က တစ်​ခါသုံးပါပဲ ဗျာ

      အပ်​တုံးတုံးက မိတ်​ရင်​း ​ဆွေရင်​း​တွေ အတွက်​ သီးသန်​့​လေ 😀

      အိပ်​မက်​လှလှ မက်​ပါ​စေဗျာ …

  • Nyo Win

    July 7, 2014 at 4:32 pm

    ကြိုဆိုပါတယ် ကိုအောင်မျိုးသူ…နောက်ပို ့စ်တွေလည်းမျှော်နေပါတယ်….။

    • Aung Myothu

      July 8, 2014 at 2:13 am

      ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ ကိုညိုဝင်​း 🙂

  • Mr. MarGa

    July 7, 2014 at 4:42 pm

    ကုသိုလ်ဆိုရင် ဒါရိုက်တာပဲ သိတယ် ကိုရင်ဒေါက်တာရဲ့
    ဟီးးး ဝင်နောက်တာ
    နောက်ထပ် လက်ရာတွေ စောင့်နေမယ်ဗျို့

    • Aung Myothu

      July 8, 2014 at 2:20 am

      ဦးကုသိုလ်​က​တော့ အ​သောက်​ကြမ်​းလို့ ​နောက်​တစ်​လမ်​း မြန်​းသွား​လြေပြီ ဆရာမာ​ဃ​ရေ

      ဦးကုသိုလ်​ ​ကောင်​းရာမွန်​ရာ ​ရောက်​ပါ​စေဗျာ ….

  • Aung Myothu

    July 7, 2014 at 4:56 pm

    ကူ​ညီတာ​တွေ အတွက်​ ​ကျေးဇူးပါ မနန်​း နဲ့ ကိုဆာမိ
    အားလုံးပဲ ​နွေး​နွေး​ထွေ​း​ထွေး ကြိဆိုကြတာ ​ကျေးဇူးတင်​ပါတယ်​ 🙂

  • Ma Ma

    July 7, 2014 at 9:56 pm

    အတွေးသွက် အရေးသွက်လို့ သဘောကျတယ်။
    ဆရာကြီးရွှေဥဒေါင်းနဲ့လက်ရာခပ်ဆင်ဆင်ပဲ။
    ကြိုဆိုပါတယ်နော်။ 🙂

    • Aung Myothu

      July 8, 2014 at 2:09 am

      ​ကျေးဇူးတင်​ပါတယ်​ မမ

      ဆရာကြီး​ရွှေဥ​ဒေါင်​းရဲ့ စာ​တွေက ကျ​တော်​့ရဲ့ စာကျက်​ချိန်​​တွေကို အများဆုံး လုယူခဲ့တဲ့ စာ​ပေ​တွေပါ

      ချီးကျူးမှုကို မခံယူဝံ့ပါဘူးဗျာ

      ​ကျေးဇူးတင်​ပါတယ်​ မမ 🙂

  • snow smile

    July 7, 2014 at 10:14 pm

    မန် ့ မ လို ့ စိတ် ကူး ထား တဲ့ အ တွေး
    မမ က ဦး သွား တယ်
    မမ ပြော သ လို ပါ ဘဲ
    ကြို ဆို ပါ တယ် နော်

    • Aung Myothu

      July 8, 2014 at 2:11 am

      ဟုတ်​ကဲ့

      ​ကျေးဇူးတင်​ပါတယ်​ snow smlie

      ကြိုစားပါ့မယ်​ 🙂

  • Foreign Resident

    July 8, 2014 at 7:17 am

    ကြိုဆိုပါတယ် ကိုအောင်မျိုးသူ !!! 🙂

    • Aung Myothu

      July 8, 2014 at 9:48 am

      ဟုတ်​ကဲ့ ​ကျေးဇူးပါ 🙂

  • kyeemite

    July 8, 2014 at 8:44 am

    ဝမ်းမလီးဝဲလကမ်းပါ ကိုအောင်မျိုးသူ…လူနာတေါအတွက်စဉ်းစားပေးတဲ့စေတနာဆာဝန် ကို လေးစားပါတယ်

  • alinsett (gazette)

    July 8, 2014 at 9:29 am

    ပိုစ့်ခေါင်းစဉ်နဲ ့… ရေးသူနာမည် Aung Myothu ဆိုတာကို မြင်ပြီး..
    ရုတ်တရက်တော့.. ကိုအောင်မိုးသူ လို ့ပဲ..ထင်နေသေးတာ.. ။
    သေချာကြည့်တော့မှ… မျိုး နဲ ့ မိုး..ကွာတာလေး..သတိပြုမိတယ်.. ။
    နာမည် ဆင်နေတာကိုး…
    မောင်သူ ဆိုတာလေးက..ပိုခေါ်လို ့ကောင်းသလားလို ့.. ။
    ———————

    …..သူတို့ခမြာ တစ်​​နေကုန်​အလုပ်​လုပ်​မှ နှစ်​​ထောင်​သုံး​ထောင်​ပဲရတာ
    ကျုပ်​က အကုန်​​တောင်​းထားလိုက်​ရင်​ သူတို့ဘာနဲ့ စားကြမတုန်​းဗျ ”….

    အဲဒီ စာသားလေး ဖတ်ရတာ.. မရှိဆင်းရဲသားတွေနေရာ ခံစားကြည့်တော့….
    စိတ်ကျေနပ်မှုလေးတစ်ခု ရလိုက်တယ်.. ။

    —————-

    စာကောင်းလေးတွေ ဖတ်ခွင့်ရလို ့လည်း..ကျေနပ်မိပါတယ်.. ။

    ဆက်လက်ရေးသားနေပါဦးဗျို ့..
    အားပေးပါတယ်..
    ကြိုဆိုပါတယ်.. ။

  • Maung Thu

    July 8, 2014 at 10:27 am

    ​ကျေးဇူးတင်​ပါတယ်​ အကို alinsett

    Profile ကို Maung Thu ​ ​မောင်​သူ ​ပြောင်​းထားပါတယ်​ 🙂

  • စာ ရေး သူ အသစ ်ဆို တော့ နွေးနွေး ထွေး ထွေး ကြို ဆို ပါ တယ်

    ကျ နော်က ဆရာ ဝန် မဟုတ် တော့ ဆေး ပညာ အကြောင်းတော့ မသိ ဘူး ဗျ

    ဒါ ပေမယ့်သိချင်တာတော့ မေး မယ် ဗျာ

    ပင် ပန်း တယ် ဆို ပြီး အကြော ဆေး အသား ဆေး တွေ ထိုး ကြ တာ

    တကယ် မှန် ကန် တဲ့ ကု သ နည်း ဟုတ် ပါ သလား ဆို တာ လေး တော့ ဖြေ ပေး စေ ချင် တယ်

    ဘယ်သူ ဖြေ ဖြေ ရ ပါ တယ်.

    • Maung Thu

      July 9, 2014 at 3:50 am

      ပင်​ပန်​းတယ်​ဆိုြပြီး အား​ဆေး ထိုးခိုင်​းတာ​တွေက အရိုးစွဲ​နေတဲ့အယူအဆဗျ

      ကျ​တော်​့ မိဘ ​ဆွေမ​ျိုး​တွေ​တောင်​ ရှင်​းပြတာ နားမလည်​ကြဘူး

      ကိုယ်​ကပဲ အလကားမို့ မထိူး​ပေးချင်​သလိုလို ထင်​ကြ​သေးတာ

      တချို့ ​တောင်​သူ​တွေဆို ​တောထဲမသွားခင်​​လေး ဆိုြပြီး အား​ဆေး​လေး လာသွင်​းတာပါ ဆိုသူက ရှိ​သေး

      အား​ဆေး​သောက်​ပါဆို​တော့ မ​သောက်​ဖူးဗျ

  • ဇီဇီ

    July 8, 2014 at 11:59 am

    ခိခိ။

    အရင်က ဆို မိုးရေ ဆိုတာ မိုးရွာတုန်း ခံထားတဲ့ မိုးရေမှတ်ခဲ့တာ၊။
    နယ်ဘက်မှာဆို ဒွစ်ချိတ် ပေးဆို ဇွတ်ခိုင်းကြတာ။

    :mrgreen:

  • nicolus agral

    July 8, 2014 at 6:39 pm

    (ပင် ပန်း တယ် ဆို ပြီး အကြော ဆေး အသား ဆေး တွေ ထိုး ကြ တာ

    တကယ် မှန် ကန် တဲ့ ကု သ နည်း ဟုတ် ပါ သလား ဆို တာ လေး တော့ ဖြေ ပေး စေ ချင် တယ်)

    သောက်ဆေးနဲ့ဘာမှ မထူးဘူး လေးပေါက်
    ဒါပေမဲ့ သူငယ်ချင်း GP ခဏထိုင်ပေးတုံးကတော့ မလုပ်လို့မရမကထိုးပေးခိုင်းတဲ့လူနာကြုံဘူးတယ်
    ထိုးဆေးယဉ်ကျေးမှုဗျ
    အကျိုးမရှိပေမဲ့ အမြစ်တွယ်နေပီ
    (သူငယ်ချင်း GP ကျနော့်လက်ချက်နဲ့ ဝင်ငွေ ၇၅%ကျသွားကြောင်း)

    • အရီးခင်

      July 8, 2014 at 11:12 pm

      ဒါဆို မောင်နီကိုလတ် က ဆရာဝန်ပေါ့။
      ရွာထဲမှာ ဒီလို လူစုံရှိပြီး ပျော်ရွှင်စွာ လက်ရည်တပြင်တည်း ငြင်းခုန် နေတာ ကို က ရွာ့ရဲ့ အလှတရား ဆိုရင်ဖြင့် ဒီ သူကြီးမင်း လက်ခမောင်း ခတ်သင့် နေပြီ။
      ဒီမှာတော့ နေမကောင်းရင် ဆေးထိုးဖို့ မပြောနဲ့ သောက်ဆေးတောင်မပေး။
      တစ်ရက် နှစ်ရက် စောင့်ကြည့်ပါ ဘဲပြောတယ်။
      ဟုတ်လဲဟုတ်တယ်။
      အများအားဖြင့်တော့ တစ်ရက် နှစ်ရက် ပြီး သူ့ဟာသူ ကောင်းသွားတာဘဲ။

      • nicolus agral

        July 9, 2014 at 6:55 pm

        တချိန်ကတော့ဆရာဝန်ဖြစ်ခဲ့ဘူးပါတယ်
        ငွေအတွက်မဟုတ်ဘဲ မာနလို့ခေါ်ရမလားအတ်တလို့ခေါ်ရမလား မသိတယ်အရာတခုအတွက်
        ကိုယ့်ကြောင့် ဝေဒနာသက်သာသွားရင် ….. ငါကွ
        ကိုယ့်ကြောင့် ရောဂါပျောက်သွားရင် ……တယ်ဟုတ်တဲ့ငါပါလား
        ကိုယ့်ကြောင့် လူနာတယောက်အသက်ရှင်သွားရင် ….ကိုယ့်ဟာကို နတ်ဘုရားလိုလို
        ခံစားချက်က လွှတ်ကောင်း
        နောက်အသက်ကယ်လိုက်လို့ ရောဂါပျောက်သွားလို့ ဝေဒနာသက်သာသွား ကျေးဇူးတင်စကားလာပြောရင် ငါဟဲ့ဆိုပြီးမြောက်နေတာ

        နောက်ပိုင်းတော့ လူနာနဲ့ ဆရာဝန်တွေကြား ဆက်ဆံပုံတွေပြောင်းလာတယ်
        customer နဲ့ Service Provider ပုံတွေဖြစ်လာတယ်
        money & service တွေဖြစ်လာတယ်
        အဲမှာတချက်

        နောက်တချက်က မိသားစုကဆေးလောကအသိုင်းအဝိုင်းကပါ
        ဆေးလောကမှာနေရင်း
        အဒေါ် ၂ယောက် စီပိုးကူခံရတယ်
        အမေ စီပိုးကူးခံရတယ်
        အဖေ စီပိုးနဲ့ အသည်းကင်ဆာဖြစ်ပြီးဆုံးတယ်
        အဖေမဆုံးခင်မှာမှာခဲ့တယ်
        သားသမီးတွေ ဘယ်သူမှ ဆေးလောကမှာမနေရဘူး
        အိမ်ထောင်ပြုရင်ဆေးလောကက မဖြစ်ရဘူးလို့မှာခဲ့တယ်
        အဲချိန်မှာကျနော်က ဆရာဝန် ညီက နောက်ဆုံးနှစ်အပိုင်း က ညီမက ရတန်း
        ပထမ အကြောင်းနဲ့ ဒုတိယအကြောင်းတိုက်ဆိုင်သွားတော့ ဆရာဝန်ဘဝကိုစွန့်လွှတ်လိုက်တယ်
        နေပေါ့နော
        ကျနော်ကလည်းဆေးကုပြီး ကျေးဇူးတင်ခံရတာကိုလိုချင်တာ
        လူနာတွေကလည်း ပိုက်ဆံပေးပြီး Service လိုချင်တာ
        ရောင်းသူဝယ်သူအသံမတူတော့သိပ်အလုပ်မဖြစ်တော့ဘူး

        အခုတော့ service ပေးတဲ့အလုပ်ပြောင်းလုပ်နေတယ် ငွေပဲရတာပေါ့
        တခါတရံ အကြောင်းတိုက်ဆိုင်လို့ရှိရင် ဆရာဝန် Soul လေးကိုသတိရသား

        အရင်းစစ်ရင်တော့ ကိုယ်ကစေတနာမမှန်ခဲ့ဘူး
        စစ်မှန်တယ်သမားတယောက်ရဲ့နှလုံးသားမရှိခဲ့ဘူး
        စိန်အစစ်မဟုတ်တော့ အပွန်းအစားမခံနိုင်တဲ့သဘောပေါ့
        သမားတယောက်ရဲ့နှလုံးသားရှိတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတွေကိုတွေ့တိုင်း
        တပည့်တယောက်အနေနဲ့ တာဝန်မကျေမှုအတွက် ရှက်ရွံသိမ်ငယ်မိပါတယ် အရီးရယ်

    • Maung Thu

      July 9, 2014 at 4:01 am

      ဟုတ်​တယ်​ အကို Nicolus ​ရေ လူနာ အများစုက ​ဆေးထိုးမှ ကြိုက်​တယ်​

      ​ဆေးထိုးမှ ​ရောဂါ​ပျောက်​မယ်​ ထင်​​နေကြတာဗျ ​ဆေးမထိုးပဲ Antibiotics ​ကောင်​း​ကောင်​း​လေး ​ပေးရလို့ ​ဆေးဖိုးပို​တောင်​းရင်​ မကြိုက်​ကြဘူး

      က​လေးငယ်​​တွေဖျားရင်​လည်​း အတင်​း​ဆေးထိုး​ပေးပါ လုပ်​ကြတာ ​ဆေးထိုးမ​ပေးပဲ ​သောက်​​ဆေးပဲ ​ပေး​တော့ ​နောက်​တစ်​ခါဆို မလာကြ​ဆော့ဘူး 😀

  • nicolus agral

    July 9, 2014 at 6:12 pm

    ကျနော့်ဆရာကပြောဘူးတယ်
    များသောအာဖြင် အမှန်တကယ်ကို ဆေးထိုးဖို့လိုတယ်ဆိုရင်
    ဆေးရုံတက်ဖို့လည်းလိုတယ်တယ့်
    ဆေးရုံတက်ဖို့မလိုတဲ့အခြေအနေတခုမှာဆေးထိုးဖို့လဲသိပ်မလိုအပ်ပါဘူး
    လူနာအလိုလိုက်ပီး ဆေးခန်းကောင်းအောင်လိုက်လုပ်ဖို့ဆိုတာ
    ကိုယ့်ကိုယ်ကိုရောင်းစားနေရသလိုပဲ

Leave a Reply