ရွှေအကြောင်းသိကောင်းစရာ 92,93

Zaw AungJuly 7, 20141min1023

ရွှေအကြောင်းသိကောင်းစရာ(92)
(စဉ် 91 မှအဆက်)
တစ်ချို့က အတွေ့အကြုံမရှိတဲ့ ဝန်ထမ်းကိုပိုကြိုက်တယ်။ သင်ပေးပြပေးတာ ဝါသနာမပါတဲ့သူ စိတ်မရှည်တဲ့သူ
အတွက်ကတော့ တတ်ပြီးသားကပိုကောင်းတာပေါ့။ ကိုယ်လိုချင်တဲ့ပုံစံ သွင်းချင်တဲ့သူ သင်ပေးတာဝါသနာ
ပါတဲ့သူအတွက်တော့ ဘာမှမတတ်သေးတာက ပိုကောင်းပါတယ် ကျွန်တော့ဆီကဝန်ထမ်းတွေကတော့
တစ်ကျပ်သားမှာ၁၆ ပဲရှိတာကစပြီး သင်ပေးခဲ့ရတဲ့သူတွေချည်းပါပဲ။ သူတို့ကိုတစ်ခါတစ်လေ နောက်ပြီးပြောပြလေ့
ရှိတာက သူများတွေဒီရွှေပညာတတ်ချင်လို့ တစ်လကိုနှစ်သိန်းလောက်ပေးပြီး ရွှေသင်တန်းသွားတတ်ရတယ် အခု
ဒီမှာပညာလဲရ လခလဲရ ဘယ်လောက်ကောင်းလဲလို့။ ရွှေဆိုင်မှာက ပစ္စည်းအမျိုးအစား အလျော့တွက်တွေ
မှတ်ရတာကများတော့ လေးငါးလလောက်မှ နဲနဲစရောင်းတတ်တယ် customer နဲ့ပြောဆိုဆက်ဆံရေးလဲ
သင်ရသေးတယ် ကြိုးစားတဲ့သူရှိသလို သိပ်မကြိုးစားတဲ့သူတွေလဲတွေ့ရပါတယ်။ (စဉ် 93 သ)ို့
ရွှေအကြောင်းသိကောင်းစရာ(93)
(စဉ် 92 မှအဆက်)
အခုဒီစာတွေရေးမယ်ဆိုပြီး အရင်ကအကြောင်းတွေ ကိုယ်လုပ်ခဲ့ကိုင်ခဲ့တာတွေ ပြန်စဉ်းစားကြည့်လိုက်တော့
လွန်ခဲ့တဲ့ဆယ်နှစ်ကျော် အသက် ၃ဝ အရွယ်က အတွေးအခေါ် အယူအဆ တွေနဲ့ အခုအသက် ၄၄ နှစ်အရွယ်
အတွေးအခေါ် အယအူ ဆတွေ တော်တော်ကွာသွားတာသွားတွေ့တယ်။ဟိုတုန်းကလုပ်ခဲ့ကိုင်ခဲ့တာတွေ
အခုစဉ်းစားကြည့်တော့ ငါတော်တော်လွဲခဲ့ပါလား ညံ့ခဲ့ပါလား ဆိုတာတွေအများကြီးတွေ့ရတယ် အတွေ့အကြုံ
ဗဟုသုတတွေ ကွာသွားလို့ဖြစ်မယ်။ အဲဒီလိုပါပဲ နောက်ဆယ်နှစ်လောက်နေရင် အခုလုပ်ကိုင်ခဲ့တာတွေ
ပြန်တွေးကြည့်ရင် ငါတော်တော် ညံ့ပါလားလို့တွေးမိအုံးမှာပါ အဲဒါဟာလူ့သဘာဝပဲထင်ပါရဲ့။ ဆိုင်စဖွင့်တော့
ဝန်ထမ်းတွေခေါ်ရတယ် အဲဒီတုန်းကတော့နှစ်ယောက်သုံးယောက်ပါပဲ အခုမှ ၁၅ ယောက်ဖြစ်လာတာ
ဝန်ထမ်းလိုက်နာဖို့ စည်းကမ်းတွေထုတ်ရတာပေါ့။ (စဉ် 94 သို့)

3 comments

  • အရီးခင်

    July 7, 2014 at 11:26 pm

    ဗျို့ ရွှေဆရာ
    ရွှေအကြောင်းသိကောင်းစရာ ၂၉/၃ဝ ကနေ ဘိုလိုဖြစ်ပြီး ၉၂/၉၃ ရောက်တွားတာလဲ။
    သူကြီးလို အိပ်ချင်မူးတူး ထပြီး ရွာထဲ ဝင်လာလို့ ထင်ရဲ့။
    အတွေ့အကြုံ နဲ့ ရင်းပြီး မျှပေးတဲ့ စာလေးတွေ အတွက် ကျေးဇူးပါ။ :-))

  • Zaw Aung

    July 8, 2014 at 6:28 am

    ပြန်တင်ပေးပါမယ်

  • alinsett (gazette)

    July 8, 2014 at 9:14 am

    92,93 တောင်ရောက်သွားပြီပဲ..ဆိုပြီး.အံ ့ခနဲ..ဩောသွားတာ…
    Zaw Aung has written 22 post in this Website.. ကို ကြည့်တော့မှ…

    အင်း…..
    ငါလည်း..အဆက် သိပ်မပြတ်လှပါဘူး..လို ့..
    :mrgreen:

Leave a Reply