အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁ရ ( Return Home ) ။

Foreign ResidentJuly 8, 201414min23013

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁ရ ( Return Home ) ။

 

၂၁ – ၁၂ – ၂၀၁၃ နှင့် ၂၂ – ၁၂ – ၂၀၁၃ ။

 

ဩစတေလျှ နိုင်ငံ ရဲ့ တောင်ဘက်စွန်း က ၊

Tasmania ပြည်နယ် ရဲ့ မြို့တော် Hobart ကနေ ထွက်ခွာလာပြီးနောက် ၊

၂၁ ရက်နေ့ တစ်နေ့လုံးကို Tasman Sea ပင်လယ်ထဲမှာ ဖြတ်သန်းပြီး ၊

၂၂ ရက်နေ့ မနက် မှာတော့ ၊ အဘ ရဲ့ နေထိုင်ရာ ( အိမ် ရှိရာ ) ၊

Home Sweet Home မြို့လေး ၊ ချစ်စရာ Sydney မြို့လေးကို ပြန်ရောက်ပါတယ် ။

 

အဘတို့ရဲ့ Cruise သင်္ဘောကြီး ပင်လယ်ထဲမှာ ဖြတ်သန်းနေတဲ့နေ့တွေမှာတော့ ၊

သူတို့ သင်္ဘောက တောက်လျှောက် တင်ဆက်ပေးနေတဲ့ ၊

ဖျော်ဖြေမှု အစီအစဉ်တွေကိုဘဲ အတိုးချ လိုက်ကြည့်နေတာပေါ့ ။

 

ဒါကတော့ Cruise သင်္ဘောကြီးကို ဘယ်လို မောင်းနှင်ကြသလဲ ဆိုတာကို ၊

သင်္ဘောရဲ့ Navigation Officer တွေက ရှင်းလင်း တင်ပြကြတဲ့ ၊

The Secrets of Ship Navigation အစီအစဉ်ပါ ။

 

17 Cruise သင်္ဘောကြီးကို ဘယ်လို မောင်းနှင်ကြသလဲ ဆိုတာကို ရှင်းလင်း တင်ပြကြတာ ။

17 Cruise သင်္ဘောကြီးကို ဘယ်လို မောင်းနှင်ကြသလဲ ဆိုတာကို ရှင်းလင်း တင်ပြကြတာ ။
17 Cruise သင်္ဘောကြီးကို ဘယ်လို မောင်းနှင်ကြသလဲ ဆိုတာကို ရှင်းလင်း တင်ပြကြတာ ။

 

ဒါကတော့ အမေရိကန် နိုင်ငံသူ Violinist Jane Cho ( aka ) Elektra တဲ့ ။

သူမက Electric Violin လျှပ်စစ် တယော တီးပြီး ဖျော်ဖြေသွားတာပါ ။

သူမဟာ ကိုရီးယား မျိုးနွယ်ဖြစ်ပြီး ၊ သူမကို ဒီလို ဘဝမျိုးရောက်အောင် ၊

ငယ်စဉ် ဘဝ တုန်းက အပြင်းအထန် မောင်းပေးခဲ့တဲ့ ၊

သူမရဲ့ ကိုရီးယား မိခင် Tiger Mum ကို ကျေးဇူးတင် စကားဆိုသွားခဲ့ပါတယ် ။

 

17 ဒါကတော့ အမေရိကန် နိုင်ငံသူ Violinist Jane Cho ( aka ) Elektra တဲ့ ။

17 ဒါကတော့ အမေရိကန် နိုင်ငံသူ Violinist Jane Cho ( aka ) Elektra တဲ့ ။
17 ဒါကတော့ အမေရိကန် နိုင်ငံသူ Violinist Jane Cho ( aka ) Elektra တဲ့ ။

 

သူကတော့ Pianist Jon Darsk ပါ ။

သူက Piano စန္ဒယား တီးပြီး ဖျော်ဖြေသွားပါတယ် ။

သူက နာမည် အသင့်အတင့် ရှိတယ်ထင်တယ် ။

ပွဲပြီးတော့ ၊ အပြင်မှာ သူ့အခွေတွေရောင်းပြီး လက်မှတ်ထိုးပေးနေတာ တွေ့ရတယ် ။

 

17 သူကတော့ Pianist Jon Darsk ပါ ။

17 သူကတော့ Pianist Jon Darsk ပါ ။
17 သူကတော့ Pianist Jon Darsk ပါ ။

 

Solstice Theatre မှာ ဒီလို ကျွမ်းဘား ဆန်ဆန် ဖျော်ဖြေမှုတွေလဲ ရှိတယ် ။

တစ်ချို့ Entertainer ဖျော်ဖြေသူ / သီချင်း ဆိုသူတွေက မိုးပေါ်ကနေ ဆင်းလာကြတယ် ။

 

17 Solstice Theatre မှာ ဒီလို ကျွမ်းဘား ဆန်ဆန် ဖျော်ဖြေမှုတွေလဲ ရှိတယ် ။

17 Solstice Theatre မှာ ဒီလို ကျွမ်းဘား ဆန်ဆန် ဖျော်ဖြေမှုတွေလဲ ရှိတယ် ။
17 Solstice Theatre မှာ ဒီလို ကျွမ်းဘား ဆန်ဆန် ဖျော်ဖြေမှုတွေလဲ ရှိတယ် ။

 

17 တစ်ချို့ Entertainer ဖျော်ဖြေသူ / သီချင်း ဆိုသူတွေက မိုးပေါ်ကနေ ဆင်းလာကြတယ် ။

17 တစ်ချို့ Entertainer ဖျော်ဖြေသူ / သီချင်း ဆိုသူတွေက မိုးပေါ်ကနေ ဆင်းလာကြတယ် ။
17 တစ်ချို့ Entertainer ဖျော်ဖြေသူ / သီချင်း ဆိုသူတွေက မိုးပေါ်ကနေ ဆင်းလာကြတယ် ။

 

အခန်းထဲက TV ကနေလည်း ၊ နောက်ဆုံးပေါ် ရုပ်ရှင်တွေ အခမဲ့ ကြည့်လို့ရသကွဲ့ ။

ဒါကတော့ ၊ အဘတို့ အခန်းထဲက TV ရဲ့ Navigation Channel မှာ ၊

အဘတို့ရဲ့ Cruise သင်္ဘောကြီး ဩဇီ Victoria ပြည်နယ် ကနေ ၊

အဘတို့နေတဲ့ New South Wales ပြည်နယ် နယ်နမိတ်ထဲ စဝင်လာတဲ့ အချိန်မှာ ၊

အမှတ်တရ ရိုက်ထားလိုက်တာပါကွယ် ။

 

17 သင်္ဘောကြီး အဘတို့ရဲ့ New South Wales ပြည်နယ် နယ်နမိတ်ထဲ စဝင်လာပြီ ။

17 သင်္ဘောကြီး အဘတို့ရဲ့ New South Wales ပြည်နယ် နယ်နမိတ်ထဲ စဝင်လာပြီ ။
17 သင်္ဘောကြီး အဘတို့ရဲ့ New South Wales ပြည်နယ် နယ်နမိတ်ထဲ စဝင်လာပြီ ။

 

သင်္ဘော ပေါ်မှာ ဒီလို လောင်းကစားစက်တွေ နှင့် လောင်းကစားခန်း အကျယ်ကြီး ရှိပါတယ် ။

အဘတော့ သိပ် စိတ်မပါလှတာနှင့် ဝင် မကစားဖြစ်ခဲ့ပါဘူး ။

 

17 သင်္ဘော ပေါ်မှာ ဒီလို လောင်းကစားစက်တွေ နှင့် လောင်းကစားခန်း အကျယ်ကြီး ရှိပါတယ် 1

17 သင်္ဘော ပေါ်မှာ ဒီလို  လောင်းကစားစက်တွေ နှင့် လောင်းကစားခန်း အကျယ်ကြီး ရှိပါတယ် 1
17 သင်္ဘော ပေါ်မှာ ဒီလို လောင်းကစားစက်တွေ နှင့် လောင်းကစားခန်း အကျယ်ကြီး ရှိပါတယ် 1

 

17 သင်္ဘော ပေါ်မှာ ဒီလို လောင်းကစားစက်တွေ နှင့် လောင်းကစားခန်း အကျယ်ကြီး ရှိပါတယ် 2

17 သင်္ဘော ပေါ်မှာ ဒီလို  လောင်းကစားစက်တွေ နှင့် လောင်းကစားခန်း အကျယ်ကြီး ရှိပါတယ် 2
17 သင်္ဘော ပေါ်မှာ ဒီလို လောင်းကစားစက်တွေ နှင့် လောင်းကစားခန်း အကျယ်ကြီး ရှိပါတယ် 2

 

အဘကတော့ မကစားဖြစ်ခဲ့ဘဲ အားရင်စားဘို့ကိုဘဲ ပိုအားသန်နေမိတယ် ။

နောက်ပိုင်းရက်တွေမှာတော့ ရှုပ်ယှက်ခတ်နေအောင် မစားတော့ဘဲ ၊

Spaghetti လေးနှင့်ဘဲ ကျေနပ်နေမိတယ် ။

 

17 အဘကတော့ မကစားဖြစ်ခဲ့ဘဲ အားရင်စားဘို့ကိုဘဲ ပိုအားသန်နေမိတယ် ။

17 အဘကတော့ မကစားဖြစ်ခဲ့ဘဲ အားရင်စားဘို့ကိုဘဲ ပိုအားသန်နေမိတယ် ။
17 အဘကတော့ မကစားဖြစ်ခဲ့ဘဲ အားရင်စားဘို့ကိုဘဲ ပိုအားသန်နေမိတယ် ။

 

17 နောက်ပိုင်းရက်တွေမှာတော့ ရှုပ်ယှက်ခတ်နေအောင် မစားတော့ဘဲ Spaghetti လေးနှင့်ဘဲ ကျေနပ်နေမိတယ် ။

17 နောက်ပိုင်းရက်တွေမှာတော့ ရှုပ်ယှက်ခတ်နေအောင် မစားတော့ဘဲ Spaghetti လေးနှင့်ဘဲ ကျေနပ်နေမိတယ် ။
17 နောက်ပိုင်းရက်တွေမှာတော့ ရှုပ်ယှက်ခတ်နေအောင် မစားတော့ဘဲ Spaghetti လေးနှင့်ဘဲ ကျေနပ်နေမိတယ် ။

 

၂၂ ရက်နေ့ မနက်မှာတော့ မနက်အစာကြီး ၅နာရီခွဲ လောက်ထပြီး ၊

အဘတို့ရဲ့ Sydney မြို့ အဝင်ကို ထကြည့်မိခဲ့တယ် ။

 

17 ပင်လယ်ဖက်မှ အဝင် ၊ Sydney မြို့ ရဲ့ နံနက်ခင်း အလှ ။

17 ပင်လယ်ဖက်မှ အဝင် ၊ Sydney မြို့ ရဲ့ နံနက်ခင်း အလှ ။
17 ပင်လယ်ဖက်မှ အဝင် ၊ Sydney မြို့ ရဲ့ နံနက်ခင်း အလှ ။

 

17 Sydney မြို့ ရဲ့ အထိမ်းအမှတ်တွေထဲက တစ်ခု ၊ နာမည်ကျော် Harbour Bridge ။

17 Sydney မြို့ ရဲ့ အထိမ်းအမှတ်တွေထဲက တစ်ခု ၊ နာမည်ကျော် Harbour Bridge ။
17 Sydney မြို့ ရဲ့ အထိမ်းအမှတ်တွေထဲက တစ်ခု ၊ နာမည်ကျော် Harbour Bridge ။

 

အဘတို့ရဲ့ Cruise သင်္ဘောကြီး Celebrity Solstice ဟာ ၊

နာမည်ကျော် Harbour Bridge နှင့် Opera House တို့ရဲ့ ကြားက ၊

Sydney မြို့လည်ခေါင် Circular Quay နားက Cruise Terminal မှာကပ်မှာပါ ။

 

ရွာသူားတို့ မှတ်မိအုန်းမယ် ထင်ပါရဲ့ ၊

Wellington မြို့ ဆိပ်ကမ်းမှာတုန်းက ၊ အဘတို့ သင်္ဘော နှင့် ရှေ့နောက် ကပ်ခဲ့တဲ့ ၊

Holland America Line က ခရီးသည်တင် Cruise သင်္ဘောကြီး Oosterdam လည်း ၊

အဘတို့ သင်္ဘော နောက်က ကပ်လိုက်လာပြီး ၊ သူလဲ Sydney မြို့ ကို ဝင်လာပါပြီ ။

အောက်က Opera House ပုံထဲမှာ ၊ အဲဒီ သင်္ဘောကြီး ဝင်လာတာကို တွေ့ရမှာပါ ။

 

17 နာမည်ကျော် Opera House ဘေးကနေ Cruise သင်္ဘောကြီး Oosterdam ဝင်လာပြီ ။

17 နာမည်ကျော် Opera House ဘေးကနေ Cruise သင်္ဘောကြီး Oosterdam ဝင်လာပြီ ။
17 နာမည်ကျော် Opera House ဘေးကနေ Cruise သင်္ဘောကြီး Oosterdam ဝင်လာပြီ ။

 

အ ဟင်း ဟင်း ၊ သူကတော့ အဘတို့ သင်္ဘောလောက် ကံမကောင်းရှာပါဘူး ။

အဘတို့ သင်္ဘောလို Sydney မြို့လည်ခေါင် မှာ ကပ်ခွင့် မရပါဘူး ။

Paramatta မြစ်အတိုင်း နဲနဲ ထပ်ဆန်တက်သွားရတဲ့ မြို့ တစ်ဖက်ကမ်းမှာ ကပ်ရမတဲ့ ။

အဓိကကတော့ အဲဒီ Oosterdam သင်္ဘောက နဲနဲသေးတော့ ၊

Harbour Bridge အောက်က ဖြတ်လို့ ရတယ် ၊ ကပ်လွတ်တယ်တဲ့ ။

အဘတို့ သင်္ဘော Celebrity Solstice က သူ့ထက် နဲနဲ ပိုကြီး / ပိုမြင့်တော့ကာ ၊

Harbour Bridge အောက်က ဖြတ်ရင် မလွတ်နိုင်ဘူးတဲ့ ။

 

17 အဲဒီ Oosterdam သင်္ဘောက နဲနဲသေးတော့ Harbour Bridge အောက်က ဖြတ်လို့ ရတယ် ။

17 အဲဒီ Oosterdam သင်္ဘောက နဲနဲသေးတော့ Harbour Bridge အောက်က ဖြတ်လို့ ရတယ် ။
17 အဲဒီ Oosterdam သင်္ဘောက နဲနဲသေးတော့ Harbour Bridge အောက်က ဖြတ်လို့ ရတယ် ။

 

အဘတို့ သင်္ဘောကြီး Sydney မြို့ ရဲ့ အထိမ်းအမှတ် ၊

နာမည်ကျော် Harbour Bridge ရဲ့ ဘေးနားမှာ ဆိပ်ကမ်း ကပ်လိုက်ပါပြီကွယ် ။

 

17 အဘတို့ သင်္ဘောကြီး နာမည်ကျော် Harbour Bridge ရဲ့ ဘေးနားမှာ ဆိပ်ကမ်း ကပ်လိုက်ပါပြီကွယ် ။

17 အဘတို့ သင်္ဘောကြီး နာမည်ကျော် Harbour Bridge ရဲ့ ဘေးနားမှာ ဆိပ်ကမ်း ကပ်လိုက်ပါပြီကွယ် ။
17 အဘတို့ သင်္ဘောကြီး နာမည်ကျော် Harbour Bridge ရဲ့ ဘေးနားမှာ ဆိပ်ကမ်း ကပ်လိုက်ပါပြီကွယ် ။

 

17 သင်္ဘော ရဲ့ ဘေးနားမှာ တွေ့ရတဲ့ တန်ဖိုးကြီး ဇိမ်ခံ ရွက်လှေလေး ( ၂ ) စီး ။

17 သင်္ဘော ရဲ့ ဘေးနားမှာ တွေ့ရတဲ့ တန်ဖိုးကြီး ဇိမ်ခံ ရွက်လှေလေး ( ၂ ) စီး ။
17 သင်္ဘော ရဲ့ ဘေးနားမှာ တွေ့ရတဲ့ တန်ဖိုးကြီး ဇိမ်ခံ ရွက်လှေလေး ( ၂ ) စီး ။

 

မနက် ၆ နာရီ လောက်ဘဲ ရှိသေးတဲ့အတွက် ၊ စောသေးတော့ ၊

Sydney Boat ဆိပ်က Ferry Boat လေးတွေကတော့ မနိုးထသေးပါဘူး ။

လှတပတ Ferry Boat လေးတွေ တန်းစီ ငြိမ်သက်နေတဲ့ ရှုခင်းလေးကလည်း ၊

( ပါတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက် အေးဆေးပြီး ) တစ်မျိုး ချစ်စရာ ကောင်းနေပြန်ပါတယ် ။

 

17 မနက် ၆ နာရီ ၊ Boat ဆိပ်က Ferry Boat လေးတွေကတော့ ၊ မနိုးထသေးပါဘူး ။

17 မနက် ၆ နာရီ ၊ Boat ဆိပ်က Ferry Boat လေးတွေကတော့ ၊ မနိုးထသေးပါဘူး ။
17 မနက် ၆ နာရီ ၊ Boat ဆိပ်က Ferry Boat လေးတွေကတော့ ၊ မနိုးထသေးပါဘူး ။

 

မနက် ၉နာရီမှာတော့ ၊ အဘတို့ သင်္ဘောပေါ်က ဆင်းပြီး ၊

အပေါ် ဓါတ်ပုံထဲက Ferry Boat ဆိပ်ကမ်း ရဲ့ အနောက်က မြင်နေရတဲ့ ၊

Circular Quay Railway Station ကနေ ရထားစီးပြီး ၊ အိမ်ပြန်လာခဲ့ပါတယ် ။

 

ခရီးထွက်ရတာဟာ တစ်မျိုး ပျော်စရာ ကောင်းသလို ၊ ခရီး ကအပြန် ၊

ကိုယ့်ရဲ့ နွေးထွေးတဲ့ Home Sweet Home အိမ်ဂေဟာ ကို ပြန်ရတာကလည်း ၊

တစ်မျိုး ပျော်စရာ ကောင်းလှပါတယ် လေ ။

( အဘ ရဲ့ ခွေးလေးတွေ နှင့်လည်း ပြန်တွေ့ရတော့မယ်လေ )

 

ဘာပဲ ပြောပြော ၊ နှုတ်ဆက်ခဲ့ပါတယ် “Celebrity Solstice” ရယ် ၊

မင်း နှင့် ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေအတွက် ကျေးဇူးပါ ။

 

အဘ ရဲ့ ” အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား ” ခရီးစဉ်ကို ၊

အဆုံးအထိ မပျင်းမရိ သည်းညည်းခံ ဖတ်ပေးခဲ့တဲ့ ရွာသူားတွေကိုလည်း ကျေးဇူးပါ ။

 

ပြီးပါပြီ ။

 

အဘ ဖေါ ( F R ) ။

 

 

17 နှုတ်ဆက်ခဲ့ပါတယ် “Celebrity Solstice” ရယ် ၊ မင်း နှင့် ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေအတွက် ကျေးဇူးပါ ။

17 နှုတ်ဆက်ခဲ့ပါတယ် "Celebrity Solstice" ရယ် ၊ မင်း နှင့် ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေအတွက် ကျေးဇူးပါ ။
17 နှုတ်ဆက်ခဲ့ပါတယ် “Celebrity Solstice” ရယ် ၊ မင်း နှင့် ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေအတွက် ကျေးဇူးပါ ။

 

17 ဒါလေးတွေကတော့ “Celebrity Solstice” ရဲ့ အချက်အလက် လေးတွေပါ 1 ။

17 ဒါလေးတွေကတော့ "Celebrity Solstice" ရဲ့ အချက်အလက် လေးတွေပါ 1 ။
17 ဒါလေးတွေကတော့ “Celebrity Solstice” ရဲ့ အချက်အလက် လေးတွေပါ 1 ။

 

17 ဒါလေးတွေကတော့ “Celebrity Solstice” ရဲ့ အချက်အလက် လေးတွေပါ 2 ။

17 ဒါလေးတွေကတော့ "Celebrity Solstice" ရဲ့ အချက်အလက် လေးတွေပါ 2 ။
17 ဒါလေးတွေကတော့ “Celebrity Solstice” ရဲ့ အချက်အလက် လေးတွေပါ 2 ။

 

 

13 comments

  • kyeemite

    July 8, 2014 at 9:31 am

    အပိုင်းပေါင်း ၁ရ ပိုင်းဖြင့် မပျင်းမရိ စိတ်ရှည်လက်ရှည် တင်ပြခဲ့သော ကိုရင်ဖေါရဲ့ တောလားကြီးအတွက်
    ကျေးဇူးတင်ပါတယ်…စာဖတ်သူများကိုပါ ငွေမကုန် ကြေးအကုန် ခရီးအတူခေါ်သွားလို့…

  • ဦးဦးပါလေရာ

    July 8, 2014 at 11:41 am

    ဒါလေးကိုလဲ pdf လုပ်ထားရင် ကောင်းမယ် ကိုဖေါရေ..

    ဒါထက် ဒီစီးရီးမှာ ပိုစ့်စုံအောင်မဖတ်လိုက်ရဘူး..
    အခုလို ခရီးထွက်တော့ ကိုဖေါရဲ့ ခွေးကလေးတွေ ဘယ်သွားထားလဲဆိုတာလေး….

    • Foreign Resident

      July 8, 2014 at 12:31 pm

      ဦးဦးပါလေရာ says:
      ” ဒါလေးကိုလဲ pdf လုပ်ထားရင် ကောင်းမယ် ကိုဖေါရေ ”

      သဂျား လုပ်နေတယ် ဦးပါရေ ။

      ” ကိုဖေါရဲ့ ခွေးကလေးတွေ ဘယ်သွားထားလဲဆိုတာလေး ”

      အမျိုးသမီး ဘက်က တူလေး ရှိတယ်ဗျ ။

  • ဇီဇီ

    July 8, 2014 at 11:54 am

    ဟွန့်။
    အိမ်ပြန်ပြီ ဆိုလို့ ဘဖော အိမ်ထိလိုက်မို့ဟာ၊။
    အိမ်ထိလည်း မခေါ်ဘူးးး
    😀

    ဘာပဲပြောပြော ဘဖောတို့ နဲ့ အတူ ခရီးတစ်ပတ် လိုက်ခဲ့ရလို့ ကျေးဇူးပါ။
    :s:

  • kai

    July 8, 2014 at 3:11 pm

    ကမ္ဘာ့တောင်ခြမ်းမို့လားမသိ…
    ပုံတွေကြည့်တာ.. စာကိုဖတ်တာမှာ.. ကမ္ဘာ့တခြားတနေရာကလို.. သီးသန့်ခံစားမိတယ်..။

    တနေ့တော့.. လည်လည်သွားဦးမယ်…။ :mrgreen:

    • Foreign Resident

      July 11, 2014 at 4:05 am

      kai says:
      ” ကမ္ဘာ့တောင်ခြမ်းမို့လားမသိ… ပုံတွေကြည့်တာ.. စာကိုဖတ်တာမှာ..
      ကမ္ဘာ့တခြားတနေရာကလို.. သီးသန့်ခံစားမိတယ်..။ ”

      ဟဲ ဟဲ ။ ဒါဆို သူဂျီး နှင့် ရင်းနှီးမယ့် ၊ ကမာ္ဘ့ မြောက်ခြမ်း ၊
      သူဂျီးတို့ အိမ်နား ( နိုင်ငံ ) က အကြောင်းတွေ တင်ပေးမယ် ။
      ဟင်း ဟင်း ဟင်း ၊ အဲဒီတော့မှ ၊ ငါ့ အတင်းတွေ တုပ်နေပါတယ် မပြောနှင့် ။

      ဟီ ဟိ ၊ ပြောနေကြာပါတယ် ၊ ဒီနေ့ဘဲ စတင်ပေးမယ် ။

      • kai

        July 11, 2014 at 7:47 am

        လက်ခံစွာ စောင့်မျှော်နေကြောင်းပါ.. အဘဖောရေ့..။
        ဟင်းဟင်း..
        လော့ကျတဲ့ ကျလိစ်ကျလိစ်ကို ရှောင်သွားတာတော့.. စိတ်မကောင်း.. :buu:

  • အရီးခင်

    July 8, 2014 at 11:28 pm

    Cruise သင်္ဘောမောင်းတာ နဲ့ ကုန်တင်သင်္ဘောမောင်းတာ ဘယ်ဟာက ပိုပြီး ခက်လဲ အဘဖော။

    Cruise သင်္ဘောပေါ်မှာ ဖျော်ဖြေရတာ သာမာန် တီးတတ်ရုံ နဲ့ ရမယ်မတင်ဘူး။
    အတော်လေး ပါရမီထူးတဲ့ အနုပညာရှင်တွေ ဖြစ်ရမယ်။

    လောင်းကစားခန်းမှာ ရော ကစားသူရှိရဲ့လား။
    ကြည့်ရတာ လူရှင်း နေတာမို့။

    အစားတွေကတော့ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီမဲ့ပုံဘဲ။

    Sydney မြို့ ရဲ့ နံနက်ခင်း က လှလိုက်တာ။
    နွေမို့ ထင်တယ်။ မနက် ၅နာရီခွဲ နဲ့ လင်းနေပြီ။

    အဘဖော ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေကို ရွာထဲ မျှပေးပြီး ကျွန်မတို့အားလုံး ကို ပါ ခရီးထဲ ခေါ်သွားနိုင်ခဲ့လို့ ကျေးဇူးပါရှင့်။

    ဒါထက်
    ရှေ့နှစ်ခရီးစဉ် က ဘယ်နေရာဖြစ်မလဲ။
    သွားစရာ အာဖရိကတိုက် ဘဲ ကျန်တော့ မယ် ထင်ရဲ့။
    အဲဒီမှာ စိန်သွားဝယ်လေ အဘဖော။
    ;-)))

    • Foreign Resident

      July 11, 2014 at 4:22 am

      အရီးခင် says:
      ” Cruise သင်္ဘောမောင်းတာ နဲ့ ကုန်တင်သင်္ဘောမောင်းတာ ဘယ်ဟာက ပိုပြီး ခက်လဲ အဘဖော ”

      မှန်တာပြောရရင် ၊ ကုန်တင် Cargo သင်္ဘောတွေက ၊ ကုန် Weight ပါပါတော့ ၊
      Cruise သင်္ဘောတွေထက် ၊ အများကြီး ပိုကြီး ၊ ပိုလေး ၊ ပို Momentum ပါတယ် ။
      Momentum အရမ်းကြီးတဲ့အတွက် ၊ ထိမ်းရ ပိုခက်တယ် ။

      နောက်ပြီး ၊ Cruise သင်္ဘောတွေမှာက ၊ အထောက်အကူပြု ပစ္စည်းတွေ ပိုပါတယ် ။
      ဥပမာ ။ ။ Twin / Triple Propellers ။ Even 2 to 3 Bow & Stern Thrusters ။

      အဲဒါကြောင့် ၊ မေါင်းနှင်ရတာ တစ်ခုတည်းဘက်ကနေ ကြည့်ပြောရရင်တော့ ၊
      Cruise သင်္ဘောတွေ ကို မေါင်းရတာက ပိုလွယ်တယ် ။

      ဒါပေမယ့် ၊ Cruise သင်္ဘောတွေပေါ်မှာက ခရီးသည် ထောင်ချီတဲ့ အသက်တွေ ပါနေတော့ ။
      အလျော် အစားမှာ အရမ်းမြင့်သွားတယ် ။ လုံးဝ အထိအခိုက် မခံတော့ဘူး ။

      အဲဒါကြောင့် ၊ ကုန်တင် Cargo သင်္ဘောတွေ မှာ ၊ Sea / Navigation Watch တစ်ခုမှာ ၊
      Officer Of The Watch ( OOW ) အဆင့် အရာရှိ တစ်ယောက်ဘဲထားပေမယ့် ။

      ခရီးသည် Cruise သင်္ဘောတွေပေါ်မှာ ၊ Sea / Navigation Watch တစ်ခုမှာ ၊
      Officer Of The Watch ( OOW ) အဆင့် အရာရှိ တစ်ယောက် ၊
      Chief Officer အဆင့် / Management Level အရာရှိ တစ်ယောက် ၊
      Master / Captain အဆင့် အရာရှိ တစ်ယောက် ၊
      စုစုပေါင်း ၃ ယောက်စီ ထားတယ် ။

      ဆိုလိုတာက ၊ ခရီးသည် Cruise သင်္ဘောတွေ ရဲ့ Sea / Navigation Watch တစ်ခုတိုင်းမှာ ၊
      ကုန်တင် Cargo သင်္ဘောတွေ ရဲ့ Deck ဘက် အရာရှိ တစ်စီးလုံးစာ အင်အား ရှိနေရတယ် ။

    • Foreign Resident

      July 11, 2014 at 4:54 am

      အရီးခင် says:
      ” Cruise သင်္ဘောပေါ်မှာ ဖျော်ဖြေရတာ သာမာန် တီးတတ်ရုံ နဲ့ ရမယ်မတင်ဘူး။
      အတော်လေး ပါရမီထူးတဲ့ အနုပညာရှင်တွေ ဖြစ်ရမယ်။”

      အွန် ၊ လာဖျော်ဖြေတာက ၊ နိုင်ငံတကာမှာ ၊
      နာမည် အသင့်အတင့် ရထားပြီးသား ၊ Pro တွေပါ ။

      ” လောင်းကစားခန်းမှာ ရော ကစားသူရှိရဲ့လား။
      ကြည့်ရတာ လူရှင်း နေတာမို့။ ”

      လောင်းကစားခန်းမှာ ၊ ကစားတဲ့သူတွေ များပါတယ် ။
      ကျနော်က လူရှင်းတဲ့အချိန် ရွေးရိုက်တာ မို့ပါ ။

      ” ဒါထက် ရှေ့နှစ်ခရီးစဉ် က ဘယ်နေရာဖြစ်မလဲ။ ”

      ” Alasaka Cruise & Rocky Mountaineer Tour ”
      Alasaka ရေခဲတောင် Cruise သင်္ဘော ခရီးစဉ် နှင့် ၊
      ကနေဒါ ရော့ကီး တောင်တန်း ပေါ်က အမြန် ရထား ခရီးစဉ် အတွဲလေးကိုတော့ ၊
      စိတ်ထဲမှာ Feeling လာမိနေတယ် ။

      Jordan က Petra နှင့် Egypt က Pyramid တွေလဲ မိုက်တယ် ။
      ဒါပေမယ့် ၊ အဲဒီ ဒေသ က ၊ မတည်ငြိမ်ဘူး ဖြစ်နေတယ် ။

      ဘာကို ရွေးရင် ကောင်းမလဲ ၊ မသေချာသေးပါဘူးလေ ။

  • Ma Ma

    July 11, 2014 at 10:22 am

    ( အဘကတော့ မကစားဖြစ်ခဲ့ဘဲ အားရင်စားဘို့ကိုဘဲ ပိုအားသန်နေမိတယ် ။)
    ရွာထဲမှာလဲ တူရာတူရာ စုမိကြတာထင်ပါရဲ့။ 😀

    ခရီးစဉ်အရှည်ကြီးကို ပုံရောစာရော စုမိအောင် ခရီးသွားရင်း ဒိုင်ယာရီရေးပြီး ပြန်တင်တာလား။
    ဒါမှမဟုတ် ခရီးစဉ်ပြီးမှ ပြန်စဉ်းစားပြီး စာစီတာလား သိချင်မိတယ်။ 🙂

    ကိုယ်တိုင်ခရီးသွားရင်း ရိုက်ခဲ့တဲ့ပုံတွေက ခရီးကပြန်ရောက်ရင် ရောထွေးကုန်ပြီး ခရီးစဉ်တွေလည်း ကဘောက်တိကဘောက်ချာဖြစ်ကုန်တတ်လို့။ 🙁

    • Foreign Resident

      July 11, 2014 at 3:23 pm

      Ma Ma says:
      ” ခရီးစဉ်အရှည်ကြီးကို ပုံရောစာရော စုမိအောင် ခရီးသွားရင်း ဒိုင်ယာရီရေးပြီး ပြန်တင်တာလား။
      ဒါမှမဟုတ် ခရီးစဉ်ပြီးမှ ပြန်စဉ်းစားပြီး စာစီတာလား သိချင်မိတယ်။ ”

      ကျနော်က တွေ့တွေ့သမျှ ဓါတ်ပုံရိုက်လိုက်တယ်လေ ။
      ဓါတ်ပုံ ထဲမှာ အချိန်တွေပါပါတော့ ၊
      စီကာ စဉ်ကာ အကုန် မှတ်မိတာပေါ့ ။

  • manawphyulay

    August 5, 2014 at 12:16 pm

    အဘဖောရဲ့ တောလားဆိုပေမယ့် ခုလို နေရာစုံကို အတူတူသွားရောက်သကဲ့သို့ ဖတ်ရှုရပါတယ်။
    မနောတောင် တစ်ခါတလေ စဉ်းစားမိတယ်။ ဒီလိုနေရာတွေ ဒီတစ်သက်မှာတော့ ရောက်ပါ့မလားလို့ တွေးမိပါတယ်။
    ခုတော့ အဘဖောရဲ့ တောလားနဲ့ပဲ ကျေနပ်နှစ်သက်နေမိပါတော့တယ်ရှင်။

Leave a Reply