ရင်တော့ အနာသား …(ရပ်ကွက်ထဲမှာ…)

alinsettJuly 8, 20141min38831
ကျနော် ချစ်သော စာအုပ်များ
ကျနော် ချစ်သော စာအုပ်များ

ရင်တော့ အနာသား ။

ရပ်ကွက်တွေထဲမှာ စာအုပ်အငှားဆိုင်လေးတွေ ရှားပါးကုန်ပြီဗျ ။

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်တုန်းကတောင် ရှိပါသေးတယ် ။

အဲဒီ အချိန်လောက်က ကျွန်တော် စာအုပ်အငှားဆိုင်တွေဘက် ချောင်းပေါက်မတတ် အသွားအလာ ရှိနေပါတယ်။
လစဉ် ဖတ်နေရတဲ့ မဂ္ဂဇင်းတွေကြောင့်. . .
အသစ်ထွက်နေတဲ့ ရသဝတ္ထုတွေကြောင့်  ဖတ်ချင်စိတ်တွေတဖွားဖွားပေါ်နေတာပါ။
ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးဆီမှာ ဖတ်ချင်တဲ့ စာအုပ်သစ်. . . မရောက်သေးရင် ဟိုဘက်ရပ်ကွက်တွေအထိ ဝေးချင်ဝေးပါစေ . . .
သွား ငှားဖတ်ခဲ့တာပါ ။

စာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန်တော်ဟာ . . . နှစ်ပေါင်းများစွာ အဆက်အသွယ် ရှိနေခဲ့ခြင်းပါ။

မြို့နယ်ပြောင်း အိမ်ပြောင်းရရင်လည်း ရောက်ရာအရပ်မှာ စာအုပ်အငှားဆိုင်ကို မရမကရှာပြီး ငှားဖတ်ခဲ့တာ. . .။

ကျွန်တော် လေးတန်းကျောင်းသားလောက်ကစပြီး . . .
ဝတ္ထုတွေ အမေမသိအောင် ခိုးမဖတ်ခင်ကတည်းက ကာတွန်းစာအုပ်လေးတွေကို ကျောင်းလွယ်အိတ်ထဲ ခိုးထည့်. . .
ချောင်ထဲမှာ ခိုးဖတ်ရတဲ့အရသာနဲ့ ကြီးပြင်းခဲ့တာ. . .

တစ်ခါတုန်းကတော့ ဘာစာအုပ်အငှားဆိုင်မှ မရှိတဲ့ သတင်းစာမရောက် လှည်းမပေါက်တဲ့ ပင်လယ်ထဲကကျွန်း
တစ်ကျွန်းပေါ် ကျွန်တော် နေခဲ့ရချိန်ရှိပါတယ်။
အဲဒီကျွန်းပေါ်မှာနေစဉ် ငါးနှစ်တာ အချိန်ဟာ . . .
ကျွန်တော့် ဘဝမှာ စာအုပ်ကို အဆာလောင်ဆုံးနေ့ရက်တွေပါ။
ဖတ်စရာ စာအုပ်ကလေး လေးငါးအုပ်ကို ကကြီးလေးတစ်လုံးကအစ အလွတ်ရတဲ့အထိ
ထပ်ခါထပ်ခါ ဖတ်နေရုံလေးနဲ့ မတင်းတိမ်နိုင်ခဲ့။

တစ်လတစ်ခါလောက် မေမေ. . .မြို့ပေါ်သွားးတိုင်း စာအုပ်လေးတွေ ဝယ်ခဲ့ပါမေမေရယ်လို့ မှာခဲ့ရ. . .

(အဲဒီနောက်  ဆန္ဒမျိုးစုံပြပြီး ကျွန်တော် ဟောဒီရန်ကုန်ဆီ ပြေးထွက်ခဲ့ရ )

ကျွန်တော် ပင်လယ်ထဲကကျွန်းကလေးတစ်ကျွန်းပေါ်မှာတော့ ကျွန်တော့်ဘဝကို ရိုးရှင်းကုန်ခမ်းမသွားလိုဘူး။
ကျွန်တော်. . . စာအုပ်စာပေတွေနဲ့
ဝေးလွန်းရာမှာ မနေပျော်ဘူးလေ

ရန်ကုန်ကို ပြန်ရောက်လျှင်ရောက်ချင်းပဲ စာကြည့်တိုက်တွေကိုလည်း အလွတ်မပေး
စာအုပ်အငှားဆိုင်လေးတွေကိုလည်း အလွတ်မပေးခဲ့ပဲ သည်းသည်းမည်းမည်း စာအုပ်တွေကို ဆာလောင်ခဲ့တာပါ။

အခုနောက်ပိုင်း
စာအုပ်အငှားဆိုင်လေးတွေဘက်မရောက်ဖြစ်တာ တစ်နှစ်နှစ်နှစ်လောက် ရှိရောပေါ့။
အချိန်ပိုမရှိသလောက် ပေးနေရတဲ့အလုပ်နဲ့ မိသားစုတာဝန်တွေကြားမှာ. . .
စာအုပ်ဖတ်ချိန်လည်း နည်းခဲ့ရပါပြီ ။
စာကြည့်တိုက်ဆီတောင် မရောက်ဖြစ် ။

စာအုပ်အငှားဆိုင်တွေဆီက ရသစာအုပ်တွေကိုလည်း အခုအသက်အရွယ်မှာ သိပ်မဖတ်ဖြစ်တော့တာလည်းပါပါရဲ့။

အင်တာနက် ပေါ်ကနေ စာအုပ်တွေကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်သွားတာလည်း ပါပါရဲ့။
အင်တာနက်ပေါ်မှာ ကိုယ်ဖတ်ချင်တာကို ရှာဖတ်ရတာ လွယ်ပေမယ့် ကွန်ပြူတာမှန်သားးပြင်ကြီးပေါ်က စာသားတွေကို ဖတ်ရတာထက် စာအုပ်ကလေးကိုပဲ လက်က ကိုင်ပြီး ဖတ်ချင်တာပါ။
စာရွက်နံ့သင်းသင်းလေး ရနေတဲ့ စာအုပ်ကလေးတွေဟာ
အလွန်ပဲ ချစ်စရာ. . . မြတ်နိုးစရာကောင်းလှပါတယ် ။

စာအုပ်တွေကို ဆာလောင်တတ်အောင်. . .

စာပေဆိုတာကို ချစ်တတ်သွားအောင် အစပြုခဲ့တာဟာ ဘယ်နေရာက စပါလိမ့်လို့ . . .ပြန်တွေးကြည့်မိတယ် ။

ကျွန်တော့်မေမေက စုံထောက်ဝတ္ထုတွေ သိပ်ဖတ်တာပဲ။
ကျွန်တော့်မေမေရဲ့ ညီမ
( ကျွန်တော့်ဒေါ်လေး)ကတော့. .
တွတ်ပီမှ တွတ်ပီ . . .။

ကျွန်တော့်ဖေဖေကတော့. . .
သူဖတ်ချင်တဲ့ စာအုပ်ကို သီးသန့်စွဲပြီးသတ်မှတ်မထားသူ
ဖတ်သင့်တာကိုပို ဦးစားပေးသူ. .

အဲဒီ စာအုပ်အစွဲမရှိတာလေး ကျွန်တော် အမွေရခဲ့တယ်ထင်တယ် ။
ဖေဖေက သုတစွယ်စုံမဂ္ဂဇင်းလို ဗဟုသုတရစေတဲ့စာအုပ်တွေ ငှားခိုင်းတယ် ။
မေမေနဲ့အဒေါ်က သူတို့ ဖတ်ချင်တာတွေ ငှားခိုင်းတယ်။
စကားမပီကလာပီကလာအချိန်ကတည်းက . . .
ကျွန်တော်နဲ့ စာအုပ်အငှားဆိုင်လေးတွေက ရင်းနှီးခဲ့တာ။
နောက်ပိုင်း မေမေတို့ဖတ်ချင်တာကို ကျွန်တော် သွားငှားပေးရတဲ့အခါ ကျွန်တော်စာအုပ်ပုံကြီးကြားမှာ စာအုပ်တွေကို အကဲခတ်ရခြင်းကို ပျော်လာတယ်။ မေမေ့အကြိုက်ကို လိုက်ရင်းနဲ့ ဘယ်စာအုပ်က ဖတ်လို့ကောင်းသလဲ ဖတ်သင့်သလဲဆိုတာ အကဲတွေခတ်လို့ပေါ့။

ကျွန်တော်ကိုယ်တိုင်ကျတော့ ကာတွန်းစာအုပ်တောင် တမျိုးထဲ စွဲမဖတ်ချင်သူ ။
အမျိုးမျိုးအစားစားကို ရွေးထုတ်ပြီး အစုံဖတ်ရတာကို သဘောကျလာသူ. . .

ကျွန်တော့်ကျောင်းလွယ်အိတ် ဖတ်စာအုပ်တွေကြားထဲမှာ ကျွန်တော်ဖတ်ချင်တဲ့ ကာတွန်းစာအုပ်တွေ ရှိတယ်။

ကျွန်တော်ကလေးဘဝကလိုပါပဲ။
အသက်ကလေးရလာတော့လည်း စာအုပ်အငှားဆိုင်ပေါ် တင်ထားသမျှထဲက အကောင်းနဲ့ မကောင်းကို ကိုယ့်ဉာဏ်လေးနဲ့ ခွဲပြီး ရွေးဖတ်တယ် ။

မေမေဖတ်တဲ့ နိုကိုဇူးဇင်တို့ တင်မြင့်တို့ ဆွေလှိုင်ဦးတို့ ကို လိုက် ဖတ်ကြည့်တယ် ။
ဖေဖေ ဖတ်တဲ့ ရသ သုတ အစုံပါတဲ့ မဂ္ဂဇင်းတွေကိုတော့ ကလေးဘဝကနေ ဒီနေ့အထိ စိတ်ဝင်စားတယ်။
အချစ်ဝတ္ထုတွေလည်း ဖတ်ကြည့်တယ် ။
အရင်က ရေးတဲ့ အချစ်ဝတ္ထုတွေ စုံထောက်ဝတ္ထုတွေဟာ သိပ်ရိုးတာပဲ ။
ကျွန်တော်က ဇာတ်လမ်းသိပ်မထူးတာတွေကို  စိတ်မဝင်စားနိုင်တော့ဘူး ။
အဲဒီနောက် ဆယ့်သုံးနှစ်သားလောက်မှာ. . .
အပျော်ဖတ်ဝတ္ထုတိုင်းကို မဖတ်ဖြစ်တော့ပဲ ဆရာကြီးပီပိုးနင်းတို့. . .
ဦးဖေမြင့်တို့ ရေးတဲ့စာတွေလို…အတွေးအခေါ်အယူအဆဘက်ကို ဖတ်မိပြန်ရော. . .
ရသဆိုလည်း တော်ရုံဖန်တီးမှုမျိုးကို မဖတ်ဖြစ်တော့ပဲ တကယ်အားထုတ်ဖန်တီးကြသူတွေရဲ့ စာအုပ်ကို ရွေးဖတ်မိတာ
ပြီးတော့  နိုင်ငံတကာစာပေလောကကို မျက်စောင်းထိုးချင်လာလို့ ဘာသာပြန်စာအုပ်တွေကို မြည်းစမ်းမိရောပေါ့။

ကျွန်တော် ဖတ်ကြည့်ချင်သမျှ စာအုပ်အမျိုးအစားစုံစုံလေး ရှိနေတဲ့ အငှားဆိုင်လေးတွေ ရှိခဲ့တော့  သိပ်အဆင်ပြေတာပေါ့။
တစ်အုပ်ချင်းကို ဝယ်သာဖတ်နေရင်  စာအုပ်ဈေးနှုန်းနဲ့ မွဲမှာ။
အငှားဆိုင်လေးတွေကနေ ငှားဖတ်တော့. . .စာအုပ်မျိုးစုံကိုလည်း သင့်တော်တဲ့ ဈေးလေးနဲ့ ဖတ်ခွင့်ရတယ် ။
(သိပ်ကြိုက်လွန်းလို့ ခဏခဏ ပြန်ဖတ်ချင်လောက်အောင် သိမ်းထားရမယ့်စာအုပ်မျိုး ငှားဖတ်မိရင်တော့ ဝယ်သိမ်းဖို့ကြိုးစားမိတာပေါ့။)

စာအုပ်မျိုးစုံနဲ့ စတင်ထိတွေ့ခဲ့ခြင်းရဲ့အစဖြစ်တဲ့
စာအုပ်အငှားဆိုင်လေးတွေဟာ
ကျွန်တော့်လို စာပေချစ်မြတ်နိုးမိသူတွေဖြစ်လာဖို့
အကြောင်းရင်းခံတစ်ခုပဲလို့
ကျွန်တော် ယူဆပါတယ် ။

အခု. . .
ရပ်ကွက်ထဲမှာ. . .
စာအုပ်အငှားဆိုင်လေးတွေ မရှိတော့ဘူး ။

စာအုပ်အငှားဆိုင်လေးတွေ ပါးသည်ထက်ပါးပြီး ရှားသည်ထက်ရှားရာကနေ . . .
အခုတော့ . . .
စာအုပ်အငှားဆိုင်တွေ. . . မျိုးတုံးသွားပြီပေါ့။
ဒါ . . . မကောင်းပါဘူး ။

လူငယ်လေးတွေ စာအုပ်အငှားဆိုင်နဲ့
မထိတွေ ့ကြ တော့ဘူး။
ဂိမ်းဆိုင်တွေ . . .
အင်တာနက်ချက်တင်တွေ. . .
လက်ဖက်ရည်ဆိုင်တွေ
ဘိလိယက်ခုံတွေဘက်ပဲ ခြေဦးလှည့်နေကြပြီ။

လူငယ်လေးတွေအတွက် အပျင်းပြေအလုပ်ဟာ စာအုပ်အငှားဆိုင်ကနေ စာအုပ်လေးတွေ ငှားဖတ်ခြင်းမဟုတ်တော့ဘူးပေါ့။

စာအုပ်အငှားဆိုင်လေးတွေ ပပျောက်လာခြင်းနဲ့အတူ
စာပေနဲ့ထိတွေ ့ချစ်ကြိုက်မိသူ လူငယ်လေးတွေလည်း အနာဂတ်မှာ နည်းသွားလိမ့်မယ်။
စိတ်မကောင်းစရာပါပဲ ။

စာအုပ်အငှားဆိုင်လေးတွေ
ပြန်လည် ရှင်သန်လာမယ့်တစ်နေ့. . .
ရောက်လာနိုင်ဦးမလား. . .

စာအုပ်အငှားဆိုင်လေးတွေ . . .
ဟိုတုန်းကလို စိုစိုပြေပြေ ပြန်လည် လည်ပတ်နေကြတဲ့တစ်နေ့ဟာ
သေချာပေါက် ရောက်မလာနိုင်တော့ဘူးဆိုရင်တော့. . .

အင်းးးးးးးးးးးးး

ကျွန်တော်တော့. . .

အားရပါးရ ဝမ်းနည်းမိတော့မှာပဲ။

————-

လေးစားစွာဖြင့်. . .

အလင်းဆက်(Gazette)

22 : 18  /  6 / 7 / 2014 /

31 comments

  • JackSkellington

    July 8, 2014 at 9:28 am

    အရင် က စာအုပ်တွေ ငှားဖတ်တယ် ဝယ်ဖတ်တယ်။
    နောက်ပိုင်းကျတော့ များသောအားဖြင့် စာအုပ်တွေကို အီးဘွတ်ခ် နဲ့ ဖတ်တယ်။
    စာအုပ် ကိုင်ဖတ်ရတာလောက် အားမရပေမယ့် ဝန်ကျဉ်းသကိုး။
    နောက် စာအုပ် က ဝယ်ဖတ်ရရင်လဲ ဖတ်ချင်တာတွေ များပြီး ဈေးတွေက ကြီး ဆိုတော့ မွဲကိန်းမြင်နေတယ်။ း)
    စာအုပ် အငှားဆိုင် ကို သွားဖို့ အခွင့်အလမ်း မပေါ်တာလဲ ၄ ၅ နှစ် ရှိပြီ ဆိုတော့ကာ။ (ဒီမှာတော့ စာကြည့်တိုက် ရှိတယ် ပြောတယ် သွားကြည့်ဦးမှပါ။)
    ဒါပေမယ့် ရန်ကုန် ပြန်ရောက်ရင်တော့ စာအုပ်ဆိုင်တွေ သွားမွှေပြီး စာအုပ်တွေ အထုပ် နဲ့ အထည် နဲ့ ပြန်ပြန်သယ် နေတုန်းပဲ း)။
    ခုတော့လဲ စာအုပ် ဖတ်တာထက် ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေ ကြည့်တာ က ပိုပို များလာနေတော့တယ်။

    • alinsett (gazette)

      July 8, 2014 at 9:52 am

      စာကြည့်တိုက်တွေလည်း.. များများ ပေါ်ထွက်လာစေချင်တယ်..
      တကယ် စာအုပ်စာပေ ရှိတဲ ့ စာကြည့်တို်က်တွေပေါ့..
      တကယ့် ရပ်ကွက်ထဲက လူငယ်တွေနဲ ့..
      ထိထိရောက်ရောက် ထိတွေ ့နေမယ့်..စာကြည့်တို်က်မျိုးတွေ..
      ရှိနေစေချင်တယ်.. ။
      ———–
      စာအုပ်ကို.. ဝါသနာမပါလို ့မဖတ်ဘူး..ဆိုတဲ ့ အယူအဆလေးတွေတွေ ့နေရတာလည်း..စိတ်မချမ်းသာလှဘူးဗျာ.. ။

  • Nyo Win

    July 8, 2014 at 9:48 am

    ဟုတ်တယ်အလင်းဆက်ရေ….ဟိုတုန်းကတော့အဖိုးနည်းနည်းနဲ ့စိတ်အဆာပြေဆုံးအရာ..စိတ်ဓာတ်ခွန်အားအပေးဆုံးအရာပေပဲ..ခုများတော့…. 🙁

  • Choo

    July 8, 2014 at 10:37 am

    ကွကို အငှားဆိုင်ဖွင့်လိုက်ပေါ့ တစ်ချက်ခုတ် ၂ချက်ပြတ်ဘဲ 🙂

    • surmi

      July 8, 2014 at 11:05 am

      ကွကိုယ်ဖွင့်ဖို့ စဉ်းစားဖူးသေးဗျာ
      စာရေး ကောင်မလေးနှစ်ယောက်ရဲ့လစာက အနဲဆုံး ၃၀၀၀၀ဝ ကျော်ဆိုတော့
      ဆိုင်ငှါးခ ၊ မီတာခ အမြတ်ခွန် ဘာခွန် ညာခွန် စည်ပင် အားလုံးပေါင်းရင် စားရိတ်ချည့်ဘဲ ၁ဝ သိန်းမလောက်ဘူး 🙁
      တစ်နေ့ ဝင်ငွေ ၃၅၀၀ဝ ဆိုရင်တောင်မှ
      သူ့စားရိတ်ဘဲရသေးတယ် ။
      ဆိုတော့ ……
      ဘယ်တော့ ဘယ်တော့ ဘယ်တော့မှ အငှါးဆိုင်ယဉ်ကျေးမှု
      မဖြစ်လာနိုင်တော့ပါကြောင်းးးးးး

      • alinsett (gazette)

        July 8, 2014 at 3:42 pm

        ဖွင့်ဖူးပါကြောင်းးးးး
        ထိထိရောက်ရောက် လာငှားဖတ်မယ့်သူတွေ မရှိလို့ အားလျော့ပြီး
        ဆိုင်ပိတ်ခဲ့ရပါတယ်။
        အခု နေတဲ့ရပ်ကွက်မှာလည်း ဖွင့်ဖို့ စိတ်မကူးရဲဘူးဗျာ
        ကိုယ့်အရှေ့မှာ ဖွင့်နေတဲ့ နှစ်ဆိုင်တောင် ပြုတ်ပြုတ်ဗြုန်းသွားပြီလေ
        လာ ငှားဖတ်ဖို့ကို စိတ်မဝင်စားကြတော့တာများလားလို့

        😥

  • kai

    July 8, 2014 at 10:50 am

    ယူအက်စ်မှာကျ.. စာအုပ်အရောင်းဆိုင်တွေပေါ့..
    တော်တော်ပြုတ်ကုန်ကြပြီ…
    ဒီကစာအုပ်အရောင်းဆိုင်ဆိုတာက.. ကော်ဖီဆိုင်နဲ့တွဲပြီး.. ထိုင်ခုံတွေဆိုဖာတွေထားပေးထားသမို့.. စာအုပ်အသစ်တွေကို ..အလကားမူးတင်း.. ကြိုက်သလောက်ထိုင်ဖတ်လို့ရတာရယ်…။
    မပြီးရင်.. ဝယ်သွားပြီးဆက်ဖတ်…။
    ၁ပါတ်လောက်နေမှ.. ရီတန်းလည်းလုပ်လို့ရပါတယ်..။

    ဆိုတော့..
    အခုလို.. စာအုပ်ဆိုင်တွေ.. အငှားဆိုင်တွေ… ပြုတ်ကြတာဟာဖြင့်…
    ဒါဟာ.. လူ့ယဉ်ကျေးမှုရဲ့.. ခေတ်ပြောင်းတော်လှန်ရေးတခုထဲရောက်နေလို့ရယ်သာလို့.. ထင်ကြောင်း..။
    =
    Borders Group – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Borders_Group
    Wikipedia
    On February 16, 2011, Borders applied for Chapter 11 bankruptcy protection and ….. Borders Bankrupt: Ann Arbor bookstore chain to close nearly 200 stores, …
    =
    Barnes & Noble: Going out of business? – ChicagoNow
    http://www.chicagonow.com/…/barnes-noble-going-out-of-busine...
    ChicagoNow
    Apr 30, 2014 – Best selling author Micael Levin speculates that Barnes & Noble could be …. Tags: bankruptcy, Barnes & Noble, independent bookstores, …

    • alinsett (gazette)

      July 8, 2014 at 3:49 pm

      ဒီက စာအုပ်အရောင်းဆိုင်တွေက
      ခပ်ဖြေးဖြေးတော့ လည်ပတ်နေပါရဲ့။
      ဒါပေမယ့် စာအုပ်တစ်အုပ်ရဲ့ ဈေးနှုန်းက
      တစ်ရက်စာ ဝင်ငွေ ကျော်နေတာ ခက်တယ်
      စာအုပ်တစ်အုပ်ကို အနည်းဆုံး ၁၅၀ဝ / ၂၀၀ဝ
      တကယ့် စာအုပ်ကောင်းဆို သောင်းနားကပ် ပေးရတယ်

      အဲဒါ ဆိုးတာ
      မဝယ်ဖြစ်တာ များပါတယ်။
      ဝင်ငွေနဲ့မှ မမျှတာ

      • Kaung Kin Pyar

        July 9, 2014 at 9:50 am

        ဒီလို ပညာဒါန စာကြည့်တိုက်ရှိမယ်ဆိုရင် အိမ်မှာရှိသမျှစာအုပ်မွှေပြီး ပို့ပေးပါ့မယ်လို့…..
        ကိုယ်မလုပ်နိုင်တာ တခြားလူလုပ်ဖြစ်တာ…တတ်နိုင်တဲ့ဘက်က ကူညီမည်ဖြစ်ပါကြောင်းးး

        :mrgreen:

  • Yae Myae Tha Ninn

    July 8, 2014 at 11:42 am

    အင်္ဂလန်မှာတော့ လမ်းတိုင်းမှာ စာကြည့်တိုက်တခု ရှိတယ်လို့ ကြားဖူးတယ်…
    အဲဒါတွေအတွက် ကျွန်တော်လဲ ပရဟိတ လုပ်ငန်းပေါ့… စာဖတ်ခန်းလေး ကို ကွန်ပျူတာ ပညာဒါန သင်တန်းမှာ တွဲဖွင့်ထားတယ်… 🙂 လှူမယ့် ကူမယ့်သူတွေ ရှိရင် ဆက်သွယ်ကြပါဦး…
    myanmargazette.net/199370 ပို့စ်မှာလဲ ရေးထားပါတယ်ဗျာ… ကျေးဇူးတင်ပါတယ်…

    • alinsett (gazette)

      July 8, 2014 at 3:45 pm

      လုပ်ဗျာ
      ကျနော် ကိုရေမြေ့သနင်းရဲ့ ပရဟိတအလုပ်ကို စိတ်ဝင်စားပါတယ်။
      တစ်ခုခု ကူညီဖို့လည်း တွေးထားသေးတယ်။
      နေဦးဗျ
      လာမယ်ဗျ

  • ဇီဇီ

    July 8, 2014 at 11:52 am

    စာအုပ်ဆိုင်ဖွင့်မဲ့ အစား ဂိမ်းဆိုင်တို့ ဘီယာဆိုင်တို့ ဖွင့်တာ မြတ်လို့နေမှာ..
    :hint:

    • မဟာရာဇာ အံစာတုံး

      July 8, 2014 at 12:02 pm

      ဂိမ်းဆိုင်ကလည်း ခုသိပ်မစွံတော့ဘူး
      ဘီယာဆိုင်တွေကတော့ဖြင့် အတော်စွံတယ်
      ညဘက် ဘယ်နေရာကြည့်ကြည့် ဘီယာဆိုင်၊ KTV၊ မာဆွတ် တွေမှာပဲ လူပြည့်ပြည့်နေတယ် …
      မယုံရင် ရွာထဲက လူဂျီးတွေ မေးကြည့်ဘာလား … :mrgreen:

      ဟက်ကောင် အလင်းဆက် …
      ဒစ်ဂျစ်တယ် ခေတ်ကို လှမ်းနေပြီဟ ….
      ပေပါ ခေတ်က ကျန်ခဲ့တော့မှာ …
      နိုင်ငံဂျား မီဒီယာတွေတောင် ပေပါ -> ဒစ်ဂျစ်တယ် ကို ကူးပြောင်းနေဘီ …
      ဟုတ်လားတော့ မသိဘူး .. ငါလည်း ရမ်းတုတ်တာ … :mrgreenn:

      • kyeemite

        July 8, 2014 at 2:29 pm

        ညဘက် ဘယ်နေရာကြည့်ကြည့် ဘီယာဆိုင်၊ KTV၊ မာဆွတ် တွေမှာပဲ လူပြည့်ပြည့်နေတယ် …
        မယုံရင် ရွာထဲက လူဂျီးတွေ မေးကြည့်ဘာလား … :mrgreen:
        ဟတ်အကောင် အံစရာ..နီက လူဂျီးဒွေဂိုစော်ကားတာလား…
        လူပြည့်နေတာနီ သိမှတော့ နီသွားလို့ပဲပေါ့ 😀

        • alinsett (gazette)

          July 8, 2014 at 3:36 pm

          ဘီယာ ဆိုင်လားးး
          အဲ့ဒီအကောင် အံဇာ
          ဇ မရှိပါဘူး ဦးကြီးရာ
          ဘီယာ နှစ်ခွက်လောက် သောက်ပြီး ရပ်ကွက်ကိုပတ်ရမ်းနေမယ့်ကောင်

          :mrgreen:

    • alinsett (gazette)

      July 8, 2014 at 3:39 pm

      ဘီယာဆိုင်ဂီမ်းဆိုင် ဖွင့်တဲ့လူအတွက်တော့ အမြတ်ပေါ့နော်
      စာအုပ်အငှားဆိုင်တွေ ဖွင့်ရင် အလုပ်မဖြစ်တာက
      စာပေလောကအတွက် အရှုံးပဲ လို့ ဆိုရမယ်ထင်တယ်။
      တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်ပြီး ရှုံးတဲ့
      စာပေလောကအရှုံးလည်း ဖြစ်တယ်နော်

      😥

  • အစ်မငယ်ငယ်ကဆိုစာအုပ်ဆိုင်တော်တော်မက်တယ် ရောက်တဲ့နေရာမှာ စာမုပ်အငှားဆိုင်ရှာတာ။စာအုပ်ဆိုင်လည်းခနခနဖွင့်ဖူးတယ် ကျောင်းဆင်းယင်ထိုင်တာ။အစ်မကိုကဝါသနာပါလို့ဖွင့်တာ ပိုက်ဆံကဒီလောက်မရဘူး။
    အခုခေတ်မှာတော့ကလေးတွေခမျာ ကျောင်းတွေကျူရှင်တွေနဲ့ချာချာလည်ပြီး စာအုပ်ဆိုင်ဆိုတာသိမှာတောင်မဟုတ်။
    ကိုယ်တွေကတော့လည်း အင်တာနက်ကပဲရှာဖတ်မိတာများသွားပြီ စာအုပ်အငှားဆိုင်ထက် FBဆိုင်မှာပဲံလူစုကုန်ပြီလေ။
    🙂

    • alinsett (gazette)

      July 8, 2014 at 3:33 pm

      ခုခေတ် ကလေး လူငယ်တော်တော်များများ
      စာအုပ်အငှားဆိုင်တွေဘက် မလှည့်ပဲ
      FB ဘက် လှည့်တာလည်း အဟုတ်ပဲဗျို့
      စာအုပ်အငှားဆိုင်လေးတွေဘက် မလှည့်ကြတော့တာကိုတော့
      ခံစားရတယ်ဗျာ. . .

  • အရီးခင်

    July 8, 2014 at 11:19 pm

    သူကြီးပြောတဲ့ US မှာ ပြုတ်တဲ့ စာအုပ်ဆိုင်လေးတွေ ဆိုတာနဲ့
    Meg Ryan နဲ့ Tom Hanks ပါတဲ့ “You’ve Got Mail” ကို အပြေးသတိရတယ်။
    Meg Ryan ရဲ့ စာအုပ်ဆိုင်လေး နားမှာ Tom Hanks တို့ရဲ့ ကာဖီဆိုင် ရော၊ ပုံပြောခန်း တွေ စာဖတ်ခန်း တွေ ပါတဲ့ စာအုပ်ဆိုင်ကြီး လာဖွင့်လို့ သူ့ဆိုင်လေးပိတ်လိုက်ရတဲ့ ဇာတ်လမ်း။
    အခုတော့ အမေဇွန် အွန်လိုင်း စာအုပ်ဆိုင် ကြောင့် အဲဒီ ဆိုင်ကြီးတွေပါ သက်ဆိုးရှည်မယ် မထင်တော့ဘူး။

    အရင်ကတော့ စာအုပ်အငှားဆိုင် တွေ အက် အတော်လေး စီပွါးဖြစ်ခဲ့တာ။
    အခုတော့ လူတွေက စာအုပ်ဖတ်ဖို့ထက်
    ဇာတ်လမ်းအခွေတွေ ကြည့်လာတာရယ်၊
    ဂျာနယ်တွေ မပြတ်ထွက်နေတာမို့ ဖတ်စရာ ပေါလာတာရယ်၊
    အင်တာနက်ထဲ ကြိုက်တာ မွှေလို့ ရလိုက်တာကတော့ အားလုံးထဲမှာ တရားခံပေါ့။

    အရီးကတော့ အင်တာနက် ထဲ စာတွေဖတ်လို့ ရတာ က ကောင်းတာရွေးတတ်ရင် အင်မတန် အကျိုးများပါတယ်။
    ဒီလိုပါဘဲ ဆက်ဆက် ရယ်။
    လောကကြီးထဲ တစ်ခုရဖို့ တစ်ခုပေး ရတာ ထုံးစံပါဘဲ။

    ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အခုချိန် စာကြည့်တိုက်တိုင်းမှာ အင်တာနက်သုံးလို့ ရတဲ့ ကွန်ပြူတာတွေ ပါ ရှိပါတယ်။
    အင်္ဂလန်မှာတော့ စာအုပ်ငှားခ၊ ကွန်ပြူတာသုံးခ မပေးရပါ။
    စာအုပ်က တစ်ခါ ငှား ၆အုပ်၊ ၂ပါတ် ရပါတယ်။
    ကွန်ပြူတာ က တစ်နေ့ ၂နာရီ သုံးလို့ ရပါတယ်။
    လမ်းတိုင်းမှာတော့ မဟုတ်ပေမဲ့ လမ်းလျှောက် သွားလို့ အကွာအဝေး တိုင်းမှာ စာကြည့်တိုက်ရှိပါတယ်။
    တစ်ချို့ ရက်တွေ မှာ Mobile ကား ကြီး နဲ့လဲ လမ်းတွေ ထိပ်မှာ ရပ်ပြီး စာအုပ်ငှားပါတယ်။
    သက်ဆိုင်ရာ မြို့နယ်ကောင်ဆယ်လ် တွေ က လုပ်ပေးတာပါ။
    သက်ဆိုင်တဲ့ စာကြည့်တိုက်ကဒ် လုပ်ထားရင် တစ်နယ်လုံး ရှိသမျှ စာကြည့်တိုက် တိုင်း မှာ သုံးခွင့်ရှိပါတယ်။
    ဘတ်ဂျက် က အစိုးရ ဆီကလဲ ရ၊ မြို့နယ်ထဲ နေတဲ့ လူတွေ ဆီက ကောင်ဆယ်လ် ကလဲ ရပေါ့။
    လူ (အစိုးရ) ဖြတ်ခုတ် လို့ မရတဲ့ စနစ်ကောင်း ရှိတာမို့ ကလဲ ပေးပျော် တယ် ခေါ်မှာပါ။

    • alinsett (gazette)

      July 9, 2014 at 11:14 am

      ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ အခုချိန် စာကြည့်တိုက်တိုင်းမှာ အင်တာနက်သုံးလို့ ရတဲ့ ကွန်ပြူတာတွေ ပါ ရှိပါတယ်။
      အင်္ဂလန်မှာတော့ စာအုပ်ငှားခ၊ ကွန်ပြူတာသုံးခ မပေးရပါ။
      စာအုပ်က တစ်ခါ ငှား ၆အုပ်၊ ၂ပါတ် ရပါတယ်။
      ကွန်ပြူတာ က တစ်နေ့ ၂နာရီ သုံးလို့ ရပါတယ်။
      လမ်းတိုင်းမှာတော့ မဟုတ်ပေမဲ့ လမ်းလျှောက် သွားလို့ အကွာအဝေး တိုင်းမှာ စာကြည့်တိုက်ရှိပါတယ်။
      တစ်ချို့ ရက်တွေ မှာ Mobile ကား ကြီး နဲ့လဲ လမ်းတွေ ထိပ်မှာ ရပ်ပြီး စာအုပ်ငှားပါတယ်။
      သက်ဆိုင်ရာ မြို့နယ်ကောင်ဆယ်လ် တွေ က လုပ်ပေးတာပါ။
      သက်ဆိုင်တဲ့ စာကြည့်တိုက်ကဒ် လုပ်ထားရင် တစ်နယ်လုံး ရှိသမျှ စာကြည့်တိုက် တိုင်း မှာ သုံးခွင့်ရှိပါတယ်။
      ဘတ်ဂျက် က အစိုးရ ဆီကလဲ ရ၊ မြို့နယ်ထဲ နေတဲ့ လူတွေ ဆီက ကောင်ဆယ်လ် ကလဲ ရပေါ့။
      လူ (အစိုးရ) ဖြတ်ခုတ် လို့ မရတဲ့ စနစ်ကောင်း ရှိတာမို့ ကလဲ ပေးပျော် တယ် ခေါ်မှာပါ။

      —————————-

      အဲဒါလေး.ဖ.တ်ပြီး….အားကျတာတွေရော…
      ဒီနိုင်ငံအတွက်.. အားမလိုအားမရဖြစ်မိတာတွေရော….ဖြစ်လို ့…. အရီးရေ….

  • Foreign Resident

    July 9, 2014 at 6:05 am

    ဟုတ်ပါ့ကွယ် ၊ အဘတို့ ရန်ကုန် အိမ်နားမှာလည်း ၊
    စာအုပ်အငှားဆိုင်တွေ. . . မျိုးတုံးသွားပြီ မရှိတော့ဘူးကွယ့် ။
    တကယ်ကို ဝမ်းနည်းလွန်းပါတယ် ။

    ဝထ္တုလို စာအုပ်မျိုးတွေကို အဘ က ဝယ်ဖတ်နိုင် / လေ့ ရှိပါတယ် ။
    ငှားဖတ်ရတဲ့ မဂ္ဂဇင်းတွေ ကို မဖတ်ရတော့တာတောင် ကြာပေါ့ ။

    ဩဇီဖက်မှာတော့ Council Library မြို့နယ် စာကြည့်တိုက်ကနေ အမြဲ ငှားဖတ်ဖြစ်တယ် ။

    • alinsett (gazette)

      July 9, 2014 at 11:25 am

      စာအုပ်အငှားဆိုင်တွေနဲ ့..အဲဒီလို.. အသွားအလာ ရှိသူတွေအတွက်တော့…
      စာအုပ်အငှားဆိုင်လေးတွေ မရှိတော့တာ..တကယ် ဝမ်းနည်းစရာပါ…အဘရေ…
      ကျနော်တို ့ဆီမှာ.. စာကြည့်တိုက်က အားကိုးလို ့မရတော့ ပို ဝမ်းနည်းစရာပေါ့… ။

  • Kaung Kin Pyar

    July 9, 2014 at 9:47 am

    Computer ပေါ်မှာ မြင်ရတဲ့စာကိုဖတ်ရတာနဲ့…စာအုပ်လေးလက်ကကိုင်ပြီး ကော်ဖီလေးတစ်ခွက်နဲ့ ငြိမ့်ရတဲ့အရသာ….ဘာဘာဘာနဲ့မှကို မတူပါ…

    • alinsett (gazette)

      July 9, 2014 at 11:32 am

      အဲဒါ….ပြောတာ.. ကောင်းကင်ရေ…

      ဟုတ်တယ်.. ။
      စာရွက်နံ ့သင်းသင်းလေးကအစ..ချစ်နေမိတာဗျ ..

  • weiwei

    July 9, 2014 at 11:18 am

    မိုးအေးအေးမှာ အိပ်ယာထဲကွေးပြီး စာအုပ်ဖတ်ရတဲ့ အရသာက အကောင်းဆုံးဖြစ်ခဲ့ဖူးတယ် ..
    အခုတော့ မျက်စိက တော်တော်မွဲနေပြီမို့လို့ စာအုပ်ဖတ်ဖို့ထက် တီဗီကလာတဲ့ မြန်မာစာတန်းပါထိုးထားပြီးဖြစ်တဲ့ (5 movies) ကိုပဲ အားပေးဖြစ်နေတော့တယ် ..
    ဒါပေမယ့် အခုထိ စာအုပ်တွေကို ရူးသွပ်စိတ်ကျန်နေတုန်းပါပဲ ..

    • alinsett (gazette)

      July 9, 2014 at 11:59 am

      မိုးအေးအေးမှာ အိပ်ယာထဲကွေးပြီး စာအုပ်ဖတ်ရတဲ့ အရသာက အကောင်းဆုံးဖြစ်ခဲ့ဖူးတယ် ..

      ဟုတ်တယ်.. အန်တီဝေ..
      ကျနော်လည်း.. စာအုပ်တွေ တစ်ထပ်ကြီး.ဘေးချပြီး..မိုးအေးအေးမှာ..စာဖတ်ရတာလေး..
      စွဲလမ်းဖူးတယ်.. ။

      အခုဆို… အရင်လို… စာအုပ်အငှားဆိုင်လေးတွေ..မရှိတော့ဘူးဆိုတော့…
      တတ်နိုင်သလောက်..ချွေတာစုဆောင်းပြီး.. ဝယ်ထားရတဲ ့ စာအုပ်လေးတွေနဲ ့ပဲ..စခန်းသွားနေရတယ်ဗျာ.. ။

  • attach ment

    July 10, 2014 at 2:54 pm

    တို့မြောက်ဒဂုံကိုပြောင်းလာကြပါလား
    ဒီမှာတော့စာအုပ်အငှားဆိုင်လေးတွေတော်တော်လေးများသေးတယ်လေ

    • alinsett (gazette)

      July 12, 2014 at 9:35 am

      မြောက်ဒဂုံဘက်မှာ…စာအုပ်အငှားဆိုင်ယဉ်ကျေးမှုလေး..ဖြစ်ထွန်းနေတုန်းပဲလား..

  • ဦးကြောင်ကြီး

    July 11, 2014 at 2:22 pm

    ရင်နာတာ ဖင်နာတာထက် အပုံဂျီး သာပါဒယ်.. အလွမ်းစက်.. အငိုနဲ့ တိတ်..တိတ်

    • alinsett (gazette)

      July 12, 2014 at 9:25 am

      အလွမ်းစက် တဲ ့…
      လာပြန်ပြီ နာမည်တမျိုး…

      :mrgreen:

Leave a Reply