မြဲ မြံ​ ​စေ

Maung ThuJuly 8, 20141min20310

မြြဲမြံ​စေ

______​

တိုင်​းပြည်​ကနုနု

မုန်​တိုင်​းကထန်​ထန်​

ဒီမို​က​ရေစီ​လျှောက်​လမ်​းမှာ

ဆူး​တွေကခြံရံ ။

ဖြည​်​းဖြည်​းနဲ့မှန်​မှန်​

ရည်​သန်​ကာအ​ရောက်​သွား

တို့လက်​​တွေခိုင်​ခိုင်​တွဲမယ်

​ ​မြဲမြံ​စေသား ။       ။

 

​မောင်​သူ

 

 

 

 

10 comments

  • surmi

    July 8, 2014 at 11:34 am

    လက်ကတော့ ခိုင်ပါရဲ့
    ယိုင် နဲ့နေတာ စိတ်ထား ……
    နင် လားဟဲ့လောကဓံ
    အံကြိတ်ကာ တောင့်ခံပေမယ့်
    မဖေါက်မပြန် သဘောမရှိတာမို့
    ထောက်ကန် အားတွေလဲ
    မြောက်ပြန်လေမှာ မျောသွားပါပေါ့
    မောလှပြီ ကွယ် တို့ …………

  • ဇီဇီ

    July 8, 2014 at 12:12 pm

    ယုံကြည် ထားတယ် ~~~~~~
    ခိုင်မှာသော တွဲလက်များရယ်~~~

  • Maung Thu

    July 8, 2014 at 12:23 pm

    ​မောလှပြီရယ်​လို့
    အားငယ်​ကာ မ​သွေလိုက်​ပါနဲ့
    ​​လေတိုက်​တိုင်​းမယိမ်​းယိုင်​​အောင်​
    စိတ်​ဓာတ်​​တွေ မြဲခိုင်​​စေ​ကြောင်​း
    ​ဒေါင်​းအလံစိုက်​ကာ​ထူလို့
    လာအတူ​ရှေ့သို့ချီကြမယ်​
    ညီကြလူအ​ပေါင်​း …

  • Kaung Kin Pyar

    July 8, 2014 at 1:25 pm

    အင်းးး အပေါ်က ကဗျာလေးအပြင် ထပ်ဖြည့်ထားတာလေးတွေပါ ဖတ်ရတော့ ပိုပြည့်စုံသွားသလိုပဲ….

    :mrgreen:

  • kyeemite

    July 8, 2014 at 2:34 pm

    ညီစေအောင်စုပေါင်းပြန်တော့
    ဘာသာ တဲ့ ကွဲကြပြန်တယ်
    ကိုယ်သူဆော် သူ့ကိုယ်ဆော်နဲ့
    နိုင်ငံသားချင်းချနေကြတယ်
    ကြားလို့မတော်တယ်
    ဘာအလံ ဝေယံမှာစိုက်စေတော့
    စိတ်ဓါတ်မှ မူမမှန်ရင်
    ပူပြန်အုံးမှာမလွဲ။ :boss:

  • kai

    July 8, 2014 at 2:49 pm

    “ကွဲပြန်ပေ”

    စေသားရယ်လို့
    ဝေဝါးကာ ဆုတောင်းရင်ဖြင့်
    ဆုပေးသူသာ စည်ကာဥမယ်
    ထုကြဟေ့ မောင်း။

    အောင်မောင်းတော့မဟုတ်
    ချည်တုတ်ပေါ့အသံထွက်တယ်
    လဒူ.. လဒူတဲ့ကွဲ့.. နှောင်း..။ ။ :mrgreen:

  • Maung Thu

    July 8, 2014 at 4:31 pm

    လဒူ​မောင်​း အသာထားလို့
    ညှိကြစို့ကွယ်​
    လက်​နက်​​တွေပယ်​
    အမုန်​းတရား​တွေ​သွေဖယ်​ထား
    ဘာသာမတူ​ကွဲ​ပေမယ်​့
    အားလုံးဟာလူပဲ​ပေမို့
    ယှဉ်​​တွဲကာ​မေတ္တာတရား​တွေန​ဲ့
    လက်​တွဲကာ​ရှေ့ဆက်​သွားရမယ်​
    တရားမပျက​်​​စေနဲ့ ။။။။

  • kai

    July 8, 2014 at 4:49 pm

    တရားမပျက်ပေမယ့်
    ကုလားယှက်တော့ ဂယက်ထတယ်
    ကုလားလည်းလူ တရားလည်းတူသင့်သမို့
    မတရားတာတွေ အလကားထုတ်ချင်ပေမယ့်
    ဆီအုပ်တဲ့ မြပုဝါလို
    မသဒီစွန်းနေတဲ့ တရားဆိုတာကိုပစ်
    ဓါးကိုချစ်လို့
    ပြီတီတီ အကောင်တွေအရင်ရှင်း။ ။ :mrgreen:

  • Mr. MarGa

    July 8, 2014 at 6:22 pm

    မြဲမြံစေ
    မခွဲ အမှန်မသွေရယ်လို့
    အသည်းအသန် ဖြေနေသော်လည်း
    အကြောင်းတစ်ခုခု ပေါင်းစုလာတာနှင့်
    ချက်ချင်းပင် သွေးခွဲချင်ကြသည်မို့
    မတွေးရဲပြီ ဒီပြည်အရေး
    ရင် လေး လှ သည်

Leave a Reply