အစုံသုပ် Key…

ကုိ ထြဋ္July 8, 20141min30416

Banner - KMSpico 9.2.3 FINAL

 

ကျွန်တော် အခုနောက်ပိုင်း တောက်လျှောက် Own Tune တွေ ရေးတဲ့ အခါမှာ… အိုင်တီ အကြောင်းတွေ တော်တော်ပါဖြစ်မယ် ထင်တယ်…

တကယ်လဲ လိုအပ်လာမှာကိုး… ICE ကို တတ်ကို တတ်ရမယ်လို့… ဆရာတယောက်ပြောခဲ့ဖူးပါတယ်….

I   Internet

C   Computer

E    English

ဆိုလိုတာက အခုဆို ခေတ်တွေ ပြောင်းလာသလို လူတွေလဲ ခေတ်မှီလာတယ်…

ဒါပေမဲ့ နည်းပညာရပ်ဆိုင်ရာတွေကျတော့ အားနည်းနေသေးတာ တွေ့မိတယ်….

Andriod ဖုန်းတွေ ကိုင်လာတယ်… Root မဖောက်တတ်သေးဘူး…

ဒီလိုပဲ  Office တွေ အသစ်ပေါ်လာတယ် သုံးတယ်… Activation Failed ဖြစ်တယ်.. ပြန်မလုပ်တတ်သေးဘူး…

ဘယ်လုပ်တတ်မလဲ End User တွေကိုး… အခု မန္တလေး ဂဇက်မှာက မန်ဘာ သောင်းချီတယ် ပြောတယ်… ကျိန်းသေတယ်… End User များမယ်…

အထင်သေးပြီး ပြောခြင်းမဟုတ်ပါ.. အများစုကို ဆိုလိုခြင်းဖြစ်ပါတယ်…

အဲဒီ အတွက်  ဖတ်တဲ့သူတွေ တော်ရုံ လောက်  ဆီပျောက် မီးပျောက်လုပ်နိုင်ပြီး တခြားသူတွေကို အကူညီ မတောင်းရအောင်… ပို့စ်တွေ တင်ပေးပါ့မယ်…

IT Bank ဆိုတဲ့ Tag နဲ့ပေါ့… အဆင်ပြေရင် လက်ခုပ်သံလေး ကြားချင်ပါတယ်… 🙂

ဆိုက်ကို စာလာဖတ်တယ်… တချို့ကတော့ ရသပေါ့.. ကျွန်တော်ကတော့ တတ်တာ ဒါပဲ ရှိတော့… ပညာပဲ ပေးပါမယ်….

ကဲ .. ကဲ လေကြောရှည်နေတာနဲ့ လိုရင်း မရောက်တော့ဘူး…

Important: If you like MS Windows and MS Office please buy legal and original
this program help to test this products, but recommend you buy legal from creators (M$ Corp).
I did this for fun, and now I am done with this.
Working in W8.1 and Office 2013 fresh install and VOLUME LICENSE editions.
Ja mata ne, Farewell, Hejdå, Ciao, Aloha, Zegnaj, Doei

KMSpico v9.2.3 Final Install Edition.

– Requirements: .NET 4.0 or Windows 8/8.1/2012/R2.
– Activate: Windows Vista Business/N/Enterprise/N
Windows 7 Professional/N/Enterprise/N
Windows 8 All
Windows 8.1 All
Office 2010/2013
Windows Server 2008/Standard/Datacenter/Enterprise/2008R2/Standard/Datacenter/Enterprise/
Windows Server 2012/Standard/Datacenter/2012R2/Standard/Datacenter

1. Run KMSpico_setup.exe
2. Install it.
3. Done.

 

ဒါက English လို ညွှန်းထားတာပါ… ဆိုလိုတာက Window 8 သမားတွေအတွက် Key ကို ဖြည်ပေးမယ်… MS ဆိုတာ Microsoft ကိုဆိုလိုတာပါ… Office 2010, 2013 အတွက် Key ဖြည်ပေးမယ်ပေါ့..

လုပ်လို့ရတာတွေ အများကြီးပါပဲ… သူညွှန်းထားပါတယ်…. ဒေါင်းဖို့က…. ဒီလင့်မှာပါ…

http://kickass.to/kmspico-9-2-3-final-thumperdc-t8832676.html

16 comments

  • အရီးခင်

    July 8, 2014 at 11:13 pm

    ခရီးသွားနေတုန်း လဲ အစုံသုတ် နေနိုင်တုန်းဘဲ ကိုး။
    ကောင်းပါလေ့။

    ICE တော့ စိတ်မဝင်စား ။
    ဇီဇီ အရီး မို့ ICE Cream ဘဲ စိတ်ဝင်စားတယ်။
    :-))

    • ဇီဇီ

      July 9, 2014 at 10:06 am

      ဟုတ်ပါတယ် ခင်ညာ။
      နည်းပညာ တို့ ကဗျာတို့ က ဝေးလို့ တော်ရုံ ကော်မန့်မပေးဖြစ်လို့ ပါ။
      ပို့(စ) အကုန်ဖတ်ပါတယ် ခင်ညာ….

      ICE cream ကျွေးမယ်ဆို သေချာပေါက်လက်တို့လိုက်ပါ။
      လာခဲ့ပါ့မယ်။

      :mrgreen:

  • Yae Myae Tha Ninn

    July 9, 2014 at 10:01 am

    ကျေးဇူးတင်ပါတယ်.. မန့်ပေးတဲ့ အရီးခင်ရော.. ရွှေတိုက်စိုးရော.. မဟုတ်ရင်.. အိုင်တီပို့စ်တွေ ဆက်မတင်ဖို့တောင် ဆုံးဖြတ်ထားပါတယ်.. ကျွန်တော်ပေးတဲ့ မက်ဆစ်က ၁ ကိုယ်တိုင်သုံးပြီး အဆင်ပြေလို့ ပေးတာ… ၂ ပြောလိုက်လို့ အော် ဒါလားဆိုပေမဲ့ တကယ့်တကယ် လင့်တွေ ရှာကြည့်ပါ.. စမ်းပြီး လျှောက်လုပ်ကြည့်ပါ ခက်ပါတယ်.. ကျွန်တော်က ဒါနဲ့ ထမင်းစားနေတော့ ရှာကို ရှာရပါတယ်.. သိတော့ အများတကာလွယ်အောင် တင်ပေးတာပါ… ၃ ကိုယ်တိုင်လုပ်တတ်တော့ သူများအားမကိုး သူများ မျက်နှာ မကြည့်ရအောင် စေတနာပါ… ကျေးဇူးတင်ပါတယ်… တကယ်ကို အထူးတင်ပါတယ်… 🙂

  • Yae Myae Tha Ninn

    July 9, 2014 at 10:25 am

    ဆောရီး.. ဇီဇီရေ.. ခုနက ကော်မကောင်းတော့ ဇီဇီကော်မန့် မတွေ့လိုက်လို့.. ကျေးဇူးတင်ပါတယ်ဗျာ.. တခုခုရအောင်တော့ ကျွန်တော်လဲ ရေးပါတယ်.. ကြိုးစားပါတယ်ဗျာ… ဒါတွေဆို အချိန်ပေးပြီးတော့ကို ရေးထားတာပါ.. မြေဖြူကိုင်တဲ့လက်လွဲရင် ကမ္ဘာပျက်တယ်တဲ့.. ကျွန်တော်က အဲလောက် မခမ်းနားပေမဲ့.. မင်းတို့ဆိုက်က တလွဲတွေပါကွာလို့.. လာမမန့်ရလေအောင်.. မဆိုးဘူးပဲ.. လိုင်းစုံတယ်.. တကယ်လဲ အသုံးဝင်တာပဲတို့ ကြားရအောင် ကြိုးစားပါတယ်လို့… 🙂

  • kai

    July 9, 2014 at 3:14 pm

    နည်းပညာနဲ့ပါတ်သက်ရင်.. ပုံနှိပ်သတင်းစာမှာသုံးဖို့စာမူတချို့လိုချင်နေတာတွေရှိတယ်..။
    ဒီရွာ.. အဲ..မြို့မှာ လိုနေတာတခုပေါ့..။
    ဖြည့်မယ်ဆိုကျေးဇူးတင်..။

    ယူအက်စ်ရောက်မြန်မာတွေအဓိကလိုနေ.. သိချင်ကြတာက.. ဆဲလ်ဖုံးတွေကနေ.. မြန်မာစာနဲ့ဖတ်..ရေး..နို်င်ကြဖို့ပါ။

    တခုပဲ..
    အဒိန္နာဒါနာကံမမြောက်အောင်.. ပါးပါးလေးတော့ (Fair Use)ကစားပြီးရေးပေးစေလို..။ :mrgreen:

  • Choo

    July 9, 2014 at 3:39 pm

    ဒါက English လို ညွှန်းထားတာပါ… ဆိုလိုတာက Window 8 သမားတွေအတွက် Key ကို ဖြည်ပေးမယ်… MS ဆိုတာ Microsoft ကိုဆိုလိုတာပါ… Office 2010, 2013 အတွက် Key ဖြည်ပေးမယ်ပေါ့..
    =============
    ဟီးဟီး မျက်နှာပြောင်တာဟုတ်ဘူးနော် ဒဂယ်မသိတာ key ဖြည် တယ်ဆိုတာဘာကိုပြောတာလဲ ခည !!

  • Yae Myae Tha Ninn

    July 9, 2014 at 3:45 pm

    ုkai က အားပေးရင် ရေးမယ်ဗျာ.. စိတ်ချ ကိုယ်ပိုင်လင့်နဲ့ ဒေါင်းလို့ရအောင် ကြိုးစားပေးမယ်… အရင်က ဆိုက်တောင် ထောင်ဖူးတယ်.. သီချင်းတွေ ဒီနေ့ထွက် နောက်နေ့ ကျွန်တော့်လင့်ကနေ ဖရီးဒေါင်းဆိုတော့ ကြာတော့ ပေါက်တယ် ထင်တယ်.. လာပါ ဟက်သွားတယ်.. 🙂 မြို့လို့ သူကြီးခေါ်တယ်နော်.. ဒါဆို နောက် မြို့လို့ပဲ ခေါ်တော့မယ်.. လိုတဲ့ ခေါင်းစဉ်တွေကို မေးလ် ပို့လိုက်လေ.. ရှာပြီး စုပြီး.. လက်တလုံးခြားလေးတွေ တင်ပေးမယ်… muli.htut@gmail.com
    ရေးတတ်တာ သိတာ လုပ်စားနေတာ ဒီလိုင်းဆိုတော့ တင်သာတင်တယ်.. မကြိုက်ကြမှာ အစိုးရိမ်ဆုံးပဲ.. တယောက်ပြောသလို တမိနစ်လေးကျပ်ကို တန်အောင် ပေးချင်တယ်.. မှတ်ထားတာတော့ မဟုတ်ပါဘူး.. ကိုယ့်ကိုယ်ကို ဆင်ခြင်ဖြစ်သွားတာပေါ့.. အဲတယောက်လဲ ကျေးဇူးတင်ပါတယ်… 🙂

  • Yae Myae Tha Ninn

    July 9, 2014 at 5:03 pm

    key ဖြည်တယ်ဆိုတာ.. Choo ရေ… Office 2007 မှာတော့ မဖြစ်ဘူးဗျ.. Office 2010, 2013 မှာတော့ Title Bar မှာ Activation Failed လို့ ပေါ်တယ်လေ.. အဲဒါဆို သုံးရတာ အဆင်မပြေတော့ဘူးလေ… အဲဒါက License Key မရှိလို့ ဖြစ်တာ.. အဲဒါကိုမှ လက်နဲ့ ရိုက်ထည့်စရာ မလိုဘဲ.. ကီးတခုခုနဲ့ ချိတ်အောင်လုပ်တာကို ကီးဖြည်တယ်လို့ ခေါ်တာ.. Window 8 မှာဆိုရင်တော့ Window Geniue ဖြစ်တယ်ဆိုပြီး ကွန်ပျူတာညာဘက်အောက်နားမှာပေါ်တယ်.. ကီးဖြည်မှ ပျောက်တယ်.. ဘာဖြစ်တတ်လဲဆိုရင်တော့ စိတ်ကသိကအောင့်ပေါ့.. တချို့ပါ.. ဖြစ်တာကတော့ စက်နည်းနည်း ဟန်းတယ်.. တခြား Error နည်းနည်းပဲ ဗျ.. အဲအတွက် ပို့စ်တခု အနေနဲ့ သေချာ လေ့လာပြီးတင်ပေးမယ်နော်… အခုကတော့ ဖြစ်တတ်သလောက်နဲ့ ကီးဖြည်တာ ရှင်းပြတာပါ.. 🙂

  • နှူးဘာ မိဂီ

    July 9, 2014 at 5:30 pm

    သများ ဘာပေါရမဲ ဟင်င်င်င်င်

    • kai

      July 10, 2014 at 1:46 am

      အဒိန္နာဒါနာကံမမြောက်အောင်.. ပါးပါးလေးတော့ (Fair Use)ကစားပြီးရေးပေးစေလို..။

  • Yae Myae Tha Ninn

    July 12, 2014 at 10:05 am

    ဟုတ်ကဲ့ပါ.. ပြန်ရောက်ပြီနော်.. ဂဇက်သူားတွေရေ… စိတ်ချ သူကြီး.. ဟုတ်ဘူး.. မြို့အုပ်ရေ… ရေးပေးပါ့မယ်.. တပတ် အချိန်ရတယ်… ခရီးသွားဖို့… 🙂

  • alinsett (gazette)

    July 12, 2014 at 12:17 pm

    ကိုယ်နဲ ့စိမ်းတဲ့ နယ်ပယ်က အကြောင်းအရာအချက်အလက်လေးတွေ ဆိုတော့…
    လေ့လာသွားပါတယ်ဗျာ.. ။

    😆

  • Yae Myae Tha Ninn

    July 12, 2014 at 2:03 pm

    ကျေးဇူးပါ.. အလင်းစက်ရေ… အခုလက်ရှိအားနေတယ် ပြောတယ် ဟုတ်.. ဒါဆို အဲနားက မြေကွက်လေးတွေ စုံစမ်းထား.. အကွက်နဲ့ ဈေးပြော.. အိုကေရင် ပွဲခရမယ်.. ဒါက ပိုမိုက်တယ် ဟုတ်… 🙂 မင်္ဂလာဒုံနား ထောက်ကြန့်နားတွေလဲ ဈေးကောင်းတယ် ကြားတယ်… 🙂

    • alinsett (gazette)

      July 13, 2014 at 11:35 am

      ဈေးကတော့ကောင်းပါ့ဗျာ.. ။
      စပ်စပ်စုစု လုပ်ထားတာလေးတွေလည်း.. ရှိပါ့

      :mrgreen:

  • Yae Myae Tha Ninn

    July 14, 2014 at 8:49 am

    ဒါဆိုလုပ်လိုက်လေ.. ကြာသလားလို့… 🙂

Leave a Reply