MEC နဲ့ အင်တာနက်သုံးမယ်…

ကုိ ထြဋ္July 9, 20141min1546

MEC Internet

ကျွန်တော်ကလဲ အမှတ်မရှိဘူးဗျာ.. ရေးစေချင်ရင် မန့်ပါလို့ ပြောထားတယ်… ဘယ်သူမှ မမန့်လဲ ရေးမိတယ်ဗျာ…

ကိုယ်က သိနေတော့လဲ မသိသေးတဲ့သူတွေကို မျှချင်တာကိုက မကောင်းတဲ့ အကျင့်ဖြစ်နေတယ်…

အခုလဲ MEC နဲ့ အင်တာနက်သုံးလို့ ရပြီတဲ့..

ကဲ.. လျှောက်ပါပြီဗျာ… ရပါပြီဗျာ… Setting ထည့်ကြည့်… ဆိုင်သွားရင်တော့ ရတာပေါ့…

အခု ကိုယ့်ဘာသာထည့်မယ်ဆိုပြီး ထည့်တယ်.. မရဘူး.. ဆိုက်တွေ စုံသွားတယ်…

စမ်းတယ်ဆိုတာ ရမရ ဖုန်းကို Restart ချကြည့်နဲ့ … အလုပ် အင်မတန် ရှုပ်တာဗျ…

အရင်ဆုံးတော့

ပိုက်ဆံ ၁၀၀၀ဝ ထည့်ပြီးရင် မက်ဆစ် ပို့တာလေး ပြောပြပါမယ်…

233 ကို Open EVDO  ဒီအတိုင်းစာကို အတိအကျ ရိုက်ထည့်ပေးပါ…

ပြီးရင် Your product EVDO has been Actived လို့ မက်ဆစ်ပြန်လာမယ်.. ဒါဆို အင်တာနက်အတွက် ငွေနှုတ်ပြီးပြီပဲ…

ဒုတိယ အဆင့်

System Setting ထဲက Mobile networks ထဲကိုဝင်ပါ။ တစ်ချိုု့စက်တွေမှာ more အထဲမှာရှိတတ်သလို တစ်ချိုု့စက်တွေမှာ Wireless and Network အောက်မှာရှိတတ်ပါတယ်။

အဓိကကတော့ Mobile networks ထဲကိုဝင်ဖို့ပါ။ Mobile networks ထဲရောက်သွားပြီဆိုရင် Access Point Names ထဲကိုဝင်ပါ။ Menu Key ကိုတစ်ချက်နှိပ်ပြီး New APN ကိုနှိပ်ပါ။

Name             = mectel

APN               = #777

User name      = wap

Password       = wap

Prompt          = #777 (မပါတဲ့စက်တွေအတွက်မလိုပါ။)

ကျန်တဲ့နေရာတွေမှာ ဘာမှမထည့်ပါနဲ့။ ပြီးရင် Menu Key ကိုတစ်ချက်နှိပ်ပြီး Save ကိုနှိပ်ပါ။

mectel ဘေးက အဝိုင်းလေးကို တစ်ချက်နှိပ်ပြီးစိမ်းသွားအောင်လုပ်ပါ။

ပြီးရင် Back key နဲ့ ပြန်ထွက်ပြီး Data Enable ကို အမှန်ခြစ်လေး ထည့်ပေးလိုက်တာနဲ့ အပေါ်မှာ 3G ပေါ်လာပါမယ်။

မပေါ်ခဲ့ရင် ဖုန်းကို Restart (power ပိတ်ပြီးပြန်ဖွင့်) လုပ်ပေးလိုက်ပါ။ ပြန်ပွင့်လာရင်တော့ 3G နဲ့ မြားလေးတွေ ပေါ်လာတာတွေ့ရမှာပါ။ အားလုံးအဆင်ပြေကြပါစေဗျာ။

(Credit http://mm-mpxteam.net/forum.php?mod=viewthread&tid=9237 )

လုံးဝ ရွှေဆိုတာ အာမခံပါတယ်.. ကျွန်တော် ကိုယ်တိုင်လဲ လုပ်ပေးပြီးသွားလို့… ပြောပြတာပါ…

အပေါ်ကလင့်ကတော့ Setting အမှန်တွေ့တဲ့ ဆိုက်မို့ ဂုဏ်ပြုပြီးတင်ထားပေးတာပါ…. ကျေးဇူးတင်ပါတယ်…

တကယ်အသုံးလိုရင် ပြန်လာရှာပါ.. ကျွန်တော်တင်တဲ့ပို့စ်က Information တွေက ရွှေဆိုတာ သိလာပါလိမ့်မယ်…. 🙂

6 comments

  • alinsett (gazette)

    July 9, 2014 at 11:15 am

    တင်ပြပေးတဲ့အတွက် ဇူးဇူးပါနော်…
    မှတ်သား ဝေမျှ သင့်တဲ ့ အချက်အလက်လေးမို ့ပါ… ။

  • Yae Myae Tha Ninn

    July 9, 2014 at 11:36 am

    ဟုတ်ကဲ့ပါ.. အလင်းစက်ရေ.. ပျောက်နေတာတောင် ကြာသလားပဲ.. အားပေးလို့ ကျေးဇူးပါ… တတ်နိုင်သမျှ Update သတင်းအမှန်ကိုပဲ တင်ပေးပါတယ်.. ကိုယ်တိုင်လဲ စမ်းပြီး အိုကေပြီဆိုမှ Release တာပါ… 🙂

    • alinsett (gazette)

      July 9, 2014 at 12:12 pm

      ပျောက်ဆို… ပြီးခဲ့တဲ ့ရက်တွေမှာ…
      ကျန်းမာရေးကိစ္စရော..
      စီစဉ်ထားပြီးသားခရီးစဉ်ကိစ္စတွေရော..
      အလုပ်ကိစ္စတွေရော..အခြားအခြား..ကိစ္စတွေနဲ ့ပါ…လုံးထွေးပြီး….
      ရွာဘက် လှည့်မလာနိုင်ဘူး ဖြစ်သွားသေးတယ် ။
      ရွာထဲ…အပြင်ကချောင်းပြီး.ဖတ်ရုံပဲ..ဖတ်ဖြစ်တယ်ပေါ့ ..။

      ကိုရေမြေ့သနင်း ပုံမှန်လေး.ပိုစ့်တွေ တင်ပေးနေတာတွေ ့ပါရဲ ့.. ။
      ရွာလေးကို ပုံမှန် လည်ပတ်စည်ကားနေစေတာကြောင့်ရော..
      ကိုယ်တိုင် ဖတ်စရာ ရတာကြောင့်ပါ…
      ပိုစ့်တင်တဲ ့သူတိုင်းကို.. ကျေးဇူးတင်နေတာ.. ။

  • Yae Myae Tha Ninn

    July 9, 2014 at 1:50 pm

    ဟုတ်တယ်ဗျာ.. အုန်းကျွန်းက အစက နည်းနည်းခက်ပေမဲ့ နေ့စဉ်ဖြစ်ပျက်နေတာတွေ.. ကြုံတွေ့နေရတာတွေရေးတော့လဲ မကုန်နိုင် မခမ်းနိုင်ပါပဲ.. အဲဒီထဲကမှ တချို့ အခုလို ပို့စ်တွေပေါ့.. နောက်ကို အနည်းနဲ့အများ ကြုံကြမှာဗျ.. အဲခါကျမှ ဒီဆိုက်က မိုက်တယ်ဆိုရင် ကျွန်တော် မောရကျိုးနပ်ပါပြီဗျာ… 🙂

  • etone

    July 15, 2014 at 12:04 pm

    ဟိုတနေ့က မက်စေ့ ဝင်ထားတာတော့ တွေ့တယ် … ပြီးတော့ မေ့မေ့ပျောက်ပျောက်ပဲ နေလိုက်တာ … ။
    အခုမှ သတိပြန်ရပြီ … လက်တည့်စမ်းဖို့ တခုရပြီ .. .. ကျေးဇူးပါ ။

  • Yae Myae Tha Ninn

    July 15, 2014 at 12:49 pm

    ရပါတယ်ခင်ဗျာ.. အဆင်ပြေတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ… 🙂

Leave a Reply