​ငါတို့​ကျောင်​း

Maung ThuJuly 9, 20141min1676

ငါတို့​ကျောင်​း

___________

 

မ​ပြောင်​းလဲပါဘူး

အရင်​ကလိုပဲ

​ခေါင်​း​လောင်​းသံ​တွေ ညံ​နေတုန်​း ။

 

​ပြောင်​းလဲလာတာက

အဖြူအစိမ်​း​တွေ

မီးခိုး​ငွေ့ကို စားသုံး​နေကြပြီ ။

 

သူတို့လက်​ကြားမှာ

အနာဂတ်​​တွေ တ​ငွေ့​ငွေ့​လောင်​လို့ ။ ။

 

​မောင်​သူ

 

 

6 comments

  • kyeemite

    July 9, 2014 at 9:36 am

    ဟုတ်တယ်ဗျာ..စိတ်မကောင်းစရာပါပဲ

  • ဇီဇီ

    July 9, 2014 at 11:05 am

    နေခြည်မှာ ရွှေရည်မလောင်းနိုင်တော့ တဲ့ စာသင်ကျောင်းတွေပေါ့ဗျာ။

    :hint:

  • Maung Thu

    July 9, 2014 at 12:28 pm

    ရ တန်​း ၈ တန်​း ​တွေကအစ ​ကျောင်​းလစ်​ပြီး ​ဆေးလိပ်​​သောက်​ကြတယ်​
    ​ဆေးလိပ်​ကလည်​း ​ကျောင်​း အနီးနားမှာ အလွယ်​တကူ ဝယ်​ရ​နေတယ်​
    ​ဈေးသည်​​တွေကလည်​း စည်​းမ​စောင်​့ဘူး ​ကျောင်​းသား​တွေ လာဝယ်​လည်​း ​ရောင်​းတယ်​
    ​ကျောင်​းမုန်​့ဆိုင်​​တွေကလည်​း ​ဆေးလိပ်​ ခိုး​ရောင်​းကြတယ်​ ရင်​​လေးစ​ရာပါဗျာ

  • Ma Ma

    July 10, 2014 at 10:40 am

    ဆရာဝန်တစ်ယောက်ရဲ့ အမြင်နဲ့ အနာဂတ်အတွက် ရင်လေးသံပေ့ါ။
    ဘယ်သူမပြု မိမိမှု့ ဆိုသလို …….
    ကိုယ့်အနာဂတ်လှပဖို့ ကိုယ်တိုင်ပဲ ထိန်းဖို့လိုတယ်ဆိုတဲ့ အသိဉာဏ်လေးရသွားအောင် မိဘနဲ့ ဆရာတွေက ဝိုင်းဝန်းဆုံးမဖို့လည်း အရေးကြီးတယ်။
    ကျမတို့အထက်တန်းကျောင်းတုန်းကဆိုရင် ကိုယ်ချစ်ခင်လေးစားရတဲ့ ဆရာ/မတွေ ပြောတာကို အလေးထားပြီး လိုက်နာဖြစ်တယ်။
    ဆရာ/မတွေ ကိုယ်တိုင်ကလည်း တပည့်တွေ ချစ်ခင်လေးစားရသူတွေ ဖြစ်အောင် စံပြပုဂ္ဂိုလ်လို ကျင့်ကြံနေထိုင်ကြဖို့လိုတယ်။
    ဥပမာ- တပည့်တွေ အပေါ်မှာ တန်းတူဆက်ဆံတာ၊ အဂတိလိုက်စားမှုမရှိတာ၊ သိစေချင် တတ်စေချင်တဲ့စေတနာနဲ့ ပြောဆိုဆုံးမတာ မျိုးတွေပေ့ါ။
    အခုကိစ္စတွေကို ရွာထဲကဆရာမလေး ဝင်ပြောရင် ပိုကောင်းမယ်။

  • ခင် ခ

    July 11, 2014 at 1:40 am

    ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို အမှန်တကယ်ထိခိုက်နိုင်သည် ဟူသော စာသားတွေ ဆေးလိပ်ဗူးတွေမှာရေးစေပြီး တီဗွီ billboard တွေမှာ စီကရက်ကြော်ငြာတွေ ခွင့်ပြုဘူးလို့ လုပ်ဆောင်တဲ့အချိန်မှာဘဲ စီကရက် တွေလည်း တံဆိပ်မျိုးစုံ ပိုများလာတော့တာပါဘဲ။
    မလုပ်စေရဆိုတာလဲ သူတို့ဘဲ သွင်းခွင့် ထုတ်ခွင့်ပေးတာလဲ သူတို့ပါဘဲ အဲဒီတော့ ကောင်းစေချင်သလိုလို အဆိုးတွန်းပို့နေတာလားလို့ တစ်ခါလေးတွေးမိရုံလေးပါ

  • alinsett (gazette)

    July 12, 2014 at 9:55 am

    အဖြူအစိမ်​း​တွေ….မီးခိုး​ငွေ့ကို စားသုံး​နေကြပြီ ။….

    အဲဒီစာသားလေး…..
    ဘယ်လောက်..ထိရောက်လိုက်သလဲ..လို ့…
    ရင် နင့်စရာ…..

Leave a Reply