ညီလေး အလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ / ရွာသားများသို့ အပိုင်း(၂)

ေရႊညာသားJuly 9, 20144min71571

                                                      ညီလေး အလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ / ရွာသားများသို့    အပိုင်း(၂)

 

ညီလေးရေ

 

ရှင်းစရာတွေက တစ်ပုံတစ်ပင်ဆိုတော့ အကို တွေးနေရင်းနဲ့ရွာထဲမရောက်လိုက်တာဟာ          အတော်ကြာခဲ့ပေ့ါ ညီရေ။

တစ်ခုရှိတာက ညီလေးရေ အပိုင်း(၂) ကနောက်တစ်ရက်မှာပဲအကိုရေးပြီးသားပါ။သို့ပေမယ့်လည်း ရှင်းပြစရာ အဓိက ကတော့

ဒေါ်ကေဇီပေါ့ ညီရေ။ ရွှေညာသားကလောင်ကိစ္စက ရှင်းပြမှရမယ်ဆိုတော့ အကို မဝင်လာဖြစ်သေးတာပါ။

အန်တီဒုံ အရီးလတ် ဆရာပေါက်တို့ ခေါ်သံကို အရေးမလုပ်တာလည်း မဟုတ်ရပေဘူး ညီလေးရေ။

 

ပြန်ခေါ်ကြတဲ့ အန်တီဒုံအပါအဝင် ကျွန်တော်တို့ရွာထဲမှာ May 2014 Post က ငါးယောက်ပေါင်း ကလောင်စုံပါတဲ့

စာကြမ်းပိုးကိုတွေ့လိုက်ရမှ နဲနဲရှင်းပြဖို့အဖြေပေါ်သွားတယ်။

ကဲ ရှင်းပြမယ် ဒေါ်ကေဇီရေ ။

ရွှေညာသားကလောင်နာမည်တူတွေ အများကြီး ရှိကောင်းရှိနေမှာ ဖြစ်ပေမယ့် ဒီရွှေညာသားကတော့ မန်းမြေကပါ။ခေတ္တ ခဏ

နေတဲ့ နေရာကနေ အမြဲများနေဖြစ်လေမလားလို့ပဲဆိုရမလားပေါ့ညီရေ။ ဒီအထိလောက်ပဲ ပြောပါရစေနော်။

အဲဒါကြောင့် ရွှေညာသား(အထက်အညာမြေ)  ဆိုပြီးမှ ရေးထားတာပါ ဒေါ်ကေဇီ ရေ။

 

ရွှေညာသားကလောင်ကို ဖန်တီးခဲ့တာ သတင်းသီးသန့်အတွက်ပါ။အရင့် အရင်က သူ့မှာ မူရင်းစာရေးနေတဲ့ ကလောင်တစ်ချောင်း

လည်း ကိုယ်ပိုင်ရှိနေပါသေးတယ်။နောက်တော့ တပည့်လေး ရေးတဲ့ပို့တဲ့သတင်းကို Edited လုပ်ပြီးတင်ရင်းနဲ့ ရွာသားအချို့နဲ့

ငြိကြပြီးတဲ့နောက် ကလောင်ကို ထိမ်းထားလိုက်တာပါ။

နောက်ထပ်အစွန်းလွတ်အောင် ရှောင်ချင်တာလည်း ပါသပေါ့ညီရေ။ ဆိုချင်တာ သတင်းကလောင်ဆိုတော့ကာ မှန်သင့်သလောက်တွေ လည်းပါသလို ကလေးတွေရေးတာကို ဒီအတိုင်းတင်တာတွေလည်းပါသပေါ့။နောက်အကို ကိုယ်တိုင်ဝင်ရေးတဲ့

အမြင်ဆောင်းပါးလေးတွေလည်း ခဏတဖြုတ်တော့ ရေးခဲ့ဖူးလေသပေါ့။

ဒီတော့ ဒီကလောင်ကို အရင်ကထက် မရေးတော့တာထက် တစ်ခါတစ်ရံရေးတာမျိုးလေးတွေကို အကျိုးရှိရှိလုပ်ဖို့ သုံးသပ်ပြီးတော့

မှ အကို့အနေနဲ့ ဆက်ရေးနေရတာပါညီရေ။

ဒါဟာ ရွှေညာသား ကလောင်အကြောင်းနဲ့ မန်းဂေဇက်ကို ဝင်ရတဲ့ကနဦးရည်ရွယ်ချက်တွေပါ ညီရေ။

ကဲ စာအကြောင်း ပေအကြောင်းဆက်ကြဦးစို့ညီရေ   …. အချိန်တွေလင့်ကုန်တော့မယ် . . .

 

နောက်ရွာရာအိမ်မှူး မိကေဇီ နဲ့ ဆယ်အိမ်ခေါင်း မာမီတိုက်တို့အပါအဝင် အရီးလတ် အန်တီဒုံတို့ကို ရှင်းပြရင်းပြောချင်တဲ့အချက်က

ညီလေးရေ လို့ခေါင်းစဉ်တပ်ပေမယ့် တကယ်တမ်းက ရွာသူ/ရွာသားအားလုံးကို ရည်ရွယ်ပါတယ်။

အလင်းဆက်ကို ကျွန်တော်မတွေ့ဖူးပေမယ့် သူရေးတဲ့ Post လေးတွေမှာ စာပေချစ်စိတ် ကဗျာချစ်စိတ်လေးတွေ ပါနေတယ်လို့

ခံစားနေရတာ အထင်းသားမို့ သူ့နာမည်လေးတပ်လိုက်တာကို တစ်လွဲမထင်စေချင်ပါဖူးနော် ဒါက ရှင်းပြပေးတာပါ။

ကဲ ဆက်ကြဦးစို့ ညီလေးရေ . . .

 

ညီလေးရေ

တစ်ခုတော့ အကိုပြောချင်တယ်နော်။အကိုက မြန်မာစာကိုချစ်ပေမယ့် မတူညီတဲ့နယ်ပယ်နဲ့ဘွဲ့ရ ဆရာပြန်ဖြစ် စာပြန်သင်

ခဲ့ရပေမယ့် ကလောင်အသက်သွင်းတော့ မြန်မာစာကို ရင်နဲ့အမျှချစ်ခဲ့လို့ မြန်မာစာစာတမ်းတော်တော်များများကိုရေးခဲ့တဲ့သူတစ်ယောက်။

 

ကဲ ညီ့ကို သက်သေပြမယ်ကွာ တစ်ချိန်တုံးက အကိုတုံးခေါင်းတောင် မဖော်ဝံ့ခဲ့တဲ့ကာလမှာ တာရာမင်းဝေဆိုတဲ့ ကလောင်မဖြစ်ခင် ရွှေဘုန်းလူ အမည်နဲ့ရေးခဲ့တဲ့ ဒီကဗျာကို အကိုတို့ ဆရာတွေ အဆောင်မှာ ခိုးဖတ်ပြီး

သွေးတွေဆူပွက် တောက်တွေခေါက် အမိ ရန်ကုန်တက္ကသိုလ်ကြီးရှေ့ မှာ တတ်နိုင်သမျှ ဖြန့်ဝေခဲ့တဲ့ ကဗျာတစ်စပါ ။ဖတ်ဖူးသူတွေလည်း

ရှိပါလိမ့်မယ်။

အကို က ကောင်းပြီးသားကဗျာကို ကောင်းလိုက်တာလို့ မပြောချင်တော့ဘူးနော်။

 

ဒါဆိုရင် အကိုက အဖိုးကြီးပါဗျာ ။

အန်းတိတ်တွေရွတ်ပြမနေပါနဲ့လို့ ညီ မပြောတော့လောက်ပါဘူး။

အကို ကဗျာကိုချစ်တယ် စာကိုချစ်တယ်ဆိုတာ သွေးထဲကနေကို

လှိုက်လှိုက်လှဲလှဲချစ်တာပါညီ။ကဲ သက်သေပြမယ်ကွာ ။

 

ကဲ ညီဖတ်ကြည့်လိုက်ပါဦးကွာ . . . . ဥဒါန်းဆိုတဲ့ကဗျာ ညီကြားဖူုးခဲ့မှာပါ။

                                    ဇာဘုရင်ရဲ့ စံနစ်ဆိုးကြောင့်

                                    ပြည့်တန်ဆာဖြစ်ရတဲ့ ရုရှားမလေးဟာ

                                  အိပ်ယာထဲမှာ ငိုနေတယ်

                                 နေဝင်းရဲ့ စံနစ်ကြောင့်

သူပုန်ဖြစ်ရတဲ့ကျောင်းသားတွေ

                             လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

 

  ဒီနေ့ပွဲဟာ

ရှုံးရှုံးနိုင်နိုင်

ယှဉ်ပြိုင်ခြင်းသာ အဓိကဆိုတဲ့ပွဲမဟုတ်ဘူး

                             သူသေကိုယ်သေ အပြိုင်နွှဲ

ဝိညဉ်ခြင်းရိုက်ခွဲတဲ့ ပွဲဖြစ်တယ်။

                             ဟေ့ ကြိုးစင်

ငါရင်ကော့ပြီးလာခဲ့မယ်။

 

မြန်မာပြည်ငြိမ်းချမ်းပါစေ

                             သွေးစတွေစိုလူး

အလံဦးမှာ

ကိုယ့်အမည်ချိတ်လို့

                             ကြိုးစင်ရိပ်ဝယ်

ကျွန်တော်တို့တိုက်ပွဲဝင်နေပါတယ်။

 

                             ပိတ်မထားရသေးတဲ့

သားကြီးတို့ရဲ့ ကျောင်းစာအုပ်မှာ

                             ဒေါင်းရုပ်လေးတွေ သားငယ်ဆွဲတော့

မေမေမျက်ရည်ဝဲ ရော့မယ်။

 

                             ရှစ်ဆယ့်ရှစ် ခုနှစ်ရဲ့

လက်နက်နဲ့ လွယ်အိပ်တိုက်ပွဲများ

မှုန်ဝါးပြာဝေ

                             ကမာ္ဘမကျေဖူး

ဘီလူးတစ်ခေတ် ဒေါင်းတစ်ခေတ်

တစ်နေ့နေ့လေ

                             မသေသေးရင်

ပြန်လာချင်တယ်

ရင်ခွင်မှာ ထွေးလို့ကြိုပါ မေမေ ရယ်။

 

မြန်မာပြည်ငြိမ်းချမ်းပါစေ

                             သွေးစတွေစိုလူး

အလံဦးမှာ

ကိုယ့်အမည်ချိတ်လို့

                             ကြိုးစင်ရိပ်ဝယ်

ကျွန်တော်တို့တိုက်ပွဲဝင်နေပါတယ်။

            ကောင်းလိုက်တဲ့ ကဗျာလေးနော်ညီ ။အပြစ်ကို ရှာချင်ရင်တောင် အကို ရှာမရခဲ့ပါဘူး ညီရေ။ရှင်းပြစရာလည်းမလိုလောက်ပါဘူးနော်

ညီရေ။

 

ကဲ အကိုက အန်းတိတ်ကို ချစ်သလို ကောင်းတဲ့ အသစ်တွေကိုလည်း ချစ်ပါတယ် ညီရေ ။ဒါပေမယ့် ညီရေ အကိုပြောချင်တာက

သွေးတွေဆူပွက် တောက်တွေခေါက် ဒေါသတွေထွက်နေရတဲ့ ခေတ်ကာလဆိုးကြီးထဲ အကို့အသက်တွေလည်း ကြီးခဲ့ပေပေါ့။

ညီ့ကိုဒီလိုမဖြစ်စေချင်တော့တာ အကို့စေတနာပါ ညီ။ မှန်သော စကားပါ။လုံးဝအမုန်းမပါတဲ့ စာပေအလှတရားကိုပဲ ခံစားကြည့်

ကြရအောင်နော်။

တိုက်ပွဲဝင်ရဲရဲတောက်ဒီမိုကရေစီသူရဲကောင်းကြီးတွေအကြောင်း အကို အသိဆုံးပါ ညီ။ဒါကြောင့် စာကိုချစ်ရာမှာ အရင့်

ရင့်ကျက်စေချင်သေးတယ်ညီ။

ဒီတော့ ညီ့ကို ရင်ခုန်စေချင်တာက မြန်မာစာ စာဟောင်း စာကောင်းလေးတွေနဲ့ ရင်ခုန်ရင်းနဲ့ ပျော်ရွှင်စေချင်လို့ ဒီလိုခေတ်ပေါ်

ကဗျာတွေကို မဆွေးနွေးသေးတာပါ။တစ်ချိန်ချိန်မှာတော့ ကာရန်မဲ့ကဗျာ နောက်ဆုံးစာမဲ့ကဗျာတွေအထိအကိုတို့ ဆက်ဆွေးနွေးကြတာ

ပေါ့ညီရာ။ ညီစိတ်ဝင်စားရင်ပေါ့နော်။နိုင်ငံရေးကို အကို လုံးဝဆွေးနွေးမှာမဟုတ်ပါဘူး ညီရေ။

 

ကဲ ညီရေ မြန်မာစာ ကဗျာဟောင်းလေးတွေကို ဆက်ဆွေးနွေးကြည့်ကြရအောင်လား။

 

ညီလေးရေ

မနေ့ကအထိတော့ အကို ညီ့ကို ကဗျာအချို့နဲ့ စာပြောင်တစ်ချို့ကို ရှင်းပြပေးပြီးပြီနော်။

ဒီနေ့ ဆက်ပြီး ရှင်းပြစရာလေးလဲရှိနေသေးလို့ ညီရေ။ အကိုပြောတာသေသေချာချာနားထောင်နော်။အကိုကြိုက်တဲ့ကဗျာလေးတစ်ပုဒ်ရေးပြ

မယ် ။ ဖတ်ကြည့်နော်။

 

နေဝင်စချိုးမရယ်ကူ

 

ဆိုတဲ့ နာမည်ကျော် ကဗျာအကြောင်းကိုပါ။အကုန်မရရင်တောင် တစ်ပိုင်းတစ်စတော့ဖြင့် ညီလေးကြားဖူးမှာပါ။

 

ကဲ ညီရေ ဂျပန်ခေတ်မှာရေးဖွဲ့ခဲ့တယ်ဆိုတဲ့ ကဗျာပါ ညီရေ။ညီ ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။အကိုအနေနဲ့က ညီရေ ကဗျာတစ်ပုဒ်

ကိုကြိုက်ပြီဆိုရင် အလွတ်ကျက်ပစ်သကွ ။ဒါ့ကြောင့်လည်း နှစ်တွေကြာနေတာတောင် အခုထိမှတ်မိတုန်းဆိုပါစို့ ။

အကိုကြိုက်တာကတော့ စောစောက နေဝင်စချိုးမရယ်ကူဆိုတဲ့အထဲက နောက်ဆုံးပိုဒ်လေးပေါ့ညီရာ။

 

ဘယ် ဘယ်ကိုခွဲ ရင်ကိုခွဲ –

                                      ရှားမီးခဲတွင် ရဲရဲကင်သည်

                                      အကျွန်မမြင်ဝံ့ပါတကား။

 

ကဲ ညီရေ (ရင်ကိုခွဲ) နောက်မှာ စကားစပ်ပါသေးပေမယ့် စာရိုက်မရလို့ ဒီအတိုင်းပဲထားလိုက်တယ်ညီရေ။ကဲ ထားပါ။

ကြည့်ကြည့်စမ်းပါ။အစာငတ်လို့ ကူတာလား ရေကိုငတ်လို့ ကူသလားထင်နေတုန်းမှာ တကယ်တမ်းတော့ လင်ပျောက်ရှာတဲ့ ကဗျာ

လေးပေါ့ညီရာ ။လင်ဖြစ်သူကို ရှားမီးခဲမှာကင်တာကို မျက်မြင်တွေ့ရတဲ့ ဇနီးသယ် ငှက်မလေးရဲ့အဖြစ်ပါညီ။မမြင်ဝံ့စရာပေပဲပေါ့ ညီရယ်။

နွားကျောင်းသားငယ် ကျော့ကွင်းရယ်တည်

 

ဆိုတာလေးကလဲ သနားစရာပေါ့ညီရာ ။

ဘယ်လောက်ချစ်စရာကောင်းလိုက်လေသလဲ။ကဲ ညီရေ သိပ်လှတဲ့ ပြည့်သူ့ဘဝကိုထင်ဟပ်တဲ့ကဗျာတွေပေါ့။ညီရှာဖတ်

ကြည့်ပေါ့ကွာ။ဟုတ်လား ။ဆိုရှယ်လစ်စံနစ်မှာ သိပ်ထင်ရှားခဲ့တာလည်း ပြောကြသေးသကွ။နိုင်ငံရေးတွေပါလာမှာစိုးလို့ ထပ်မရှင်းတော့

ပါဘူးနော် ညီရေ။

ကဲ အကို ဆက်ရှင်းပြစရာရှိသေးတယ်။ မ Pooch မေးသွားတဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ဆိုတာလေ။

 

အဲဒါကတော့ အကိုတို့သိသလောက်တော့ ရှေးကဗျာကွ။ဒါကို နောက်ပိုင်းသီချင်းလုပ်ပြီးပြန်ဆိုကြသတဲ့။ မယ်ပုချ် မေးတဲ့အချိန်မ

တိုင်ခင်ထိ အကိုသတိရနေသေးသကွ။နားထောင်ကြည့်လိုက်ဦးနော်။အကိုက သီချင်းအလိုက်ပဲ ရေးပြမှာ ။ကဗျာလိုစာစပ်နဲ့ နဲနဲတော့ကွဲ

သကွ။

ရွှေခြည်ငွေခြည် တန်းပါလို့

                                               ယက်ကန်းကိုဆင် တန်းကိုဆင်

                                            ရွှေခြည်ငွေခြည် တန်းပါလို့

                                           ယက်ကန်းရွှေစင် တန်းရွှေစင်

                                       ဘုရားငုတ်တိုရောင်တော်လွှတ်မှ

                                      ပုံတော်ရှင်ဝတ်ကြပါစို့

                                      မောင်ကြီးရေ ……. တော့။

                                    (အချို့ကလည်း ပုံတော်ဆင်လို့ ဆိုသကွဲ့ ညီရေ )

                                      အောက်ပြည်ကို လှေတော်ထိုး

                                       ပိုးမှာလိုက်တယ်လေး လေ့။

                                      (မူကွဲမှာလည်း ပိုးမှာလိုက်သလေ လေ့ ဆိုသကွ )

 

                                      အနားတစ်ဖက်တစ်ချက်ရယ်က

                                    စိမ်းနုခြယ် စိမ်းနုခြယ်

                                      အလယ်မှာ မှန်ရောင်ကွပ်တယ်

                                      ချစ်တဲ့သူဝတ်ဖို့ရယ်

                                      လက်ခတ်သံ လက်ခတ်သံ

                                    ပျိုလေးလက်ခတ်သံ

                                      လက်ခတ်သံ လက်ခတ်သံ

                                        နှမလေးလက်ခတ်သံ

                                      လက်ခတ်သံ မိုးကြိုကြား

                                        သောင်းတိုင်ကကြား သလေးလေ့။

                                      ( အမှန်က သောင်းတိုက်ကကြားပါ ညီရေ)

 

သီချင်းဆိုတော့ အသံလိုက်အောင်ဆိုရပေသပေါ့ညီရာ။ကဲ နန်းမတော်မယ်ပုချ် ရေ တစ်ခေါက်လောက်နော်။

 

( အရေးကြီးတာလေးရှင်းပြပေးရရင်တော့ ဒီရွာထဲက အကိုချစ်ခင်တဲ့ ဆရာခေါင်တော့ဖြင့် ပိုဆိုတတ်မယ်ထင်တယ်။အကိုရေးတာကတော့ ရှေးကဗျာအတိုင်းပဲလေ။ ဒါ့ပုံဆြာပေါက်ပြောတဲ့ ရှေးမြန်မာသီချင်းဟောင်းများထဲမှာတော့

အကိုသွားမကြည့်ရသေးပါဘူး။ဆိုလိုတာက ကဗျာကနေသီချင်းပြောင်းဖွဲ့ရာမှာ အချို့အချို့သော စာသား သံနေသံထားပြောင်းသွားရတဲ့

သာဓကတွေ အများအပြားရှိခဲ့သေးသပေါ့ညီရာ။ဒီတော့ ဒီရွာထဲက ကိုခေါင်ရေ တတ်နိုင်ရင် ကျွန်တော်ဖိတ်ခေါ်တာကို လက်ခံပြီး ကျွန်တော့်ညီလေးကို ဝင်ပြီးရှင်းပြပေးပါဦးလို့ . . . . လေးစားစွာဖြင့် )

 

          တတ်နိုင်ရင် ဒါ့ပုံဆြာပေါက်ကလည်း ရေးပေးစေချင်ပါတယ်။ အမှန်ကိုသိရတာပေါ့နော်။ဆြာပေါက် ရဲ့ Post နှစ်ခုကို ကုမုဒြာဂျာနယ်

မေလထုတ် အတွဲ(၄) အမှတ်(၉) ၁ရ – ၆- ၂၁၀၄ အင်္ဂါနေ့ထုတ် စာမျက်နှာ ၂၂ – ၂၃ မှာ ဆက်တိုက် တစ်ပတ်တည်းဖော်ပြခံရတာကိုလည်း

ဂုဏ်ယူပါတယ် ဆရာပေါက်ရေ …

          အယ်ဒီတာမင်းများကရော ယူသားသုံးတာ အကြောင်းရောကြားပါရဲ့လား …. ရွာထဲပြောသံမကြားလို့ပါ….. ဆက်လုပ် ဆြာပေါက် ..

 

 

          ဘာကြောင့်လည်းဆိုတော့ ဒီကဗျာမှာ မူကွဲပေါင်းများစွာရှိနေလို့ ဦးမောင်မောင်တင် ( မြန်မာစာမဟာဝိဇ္ဖာ) ကိုယ်တိုင်ငြင်းချက်ထုတ်ဖူးတယ်လို့လည်း အကိုကြားဖူးနေလို့ပါ ။အကို လည်း မှားကောင်းမှားနိုင်တာပေါ့ ညီရေ။

အကိုကတော့ ဟံသာဝတီတိုက်ထုတ် စာအုပ်ကိုကိုင်ပြီးကျက်ခဲ့ရတာ မို့ပဲ ညီလေးရေ ။

 

ကဲ ညီ တွေးကြည့်စမ်းပါ။ပျို့မောင်ကြီးအတွက် ယက်မဲ့ ယက်ကန်းလွန်းစင်ကိုဆင်တာ ရွှေခြည်ငွေခြည် နဲ့တန်းပြီးဆင်

သလိုလို စပ်ဆိုထားတဲ့ ကဗျာလေးပေါ့ညီရာ။ဘယ်လောက်လှလိုက်လေသလဲ ပြီးတော့ မောင်ကြီးအတွက် ယက်မဲ့ ပုဆိုးအတွက်

ပိုးဆင်ကို အောက်ပြည်သွားမဲ့ လှေတော်သားတွေကို ပိုးချည်မှာပြီးတောင်ယက်မကွဲ့တဲ့ ညီရေ။

 

ကဲ ညီရေ

အကိုရှင်းစရာထပ်ပြန်ပေါ်လာပြသကွ။ညီ သိမှာပါရှေးရှေးတုန်းက လူပျိုအတွက် ကို အပျိုတွေက

ကိုယ်တိုင်ယက်ပေးတာကိုမှ ဝတ်ဆင်ကြသတဲ့ ။ အပျိုတွေက မယက်တတ်ရင်တောင် ဝယ်ပေးကြသတဲ့ညီရ။

 

လူပျိုတွေကလည်း ဂုဏ်ယူသတဲ့ညီရေ။ဒီလိုမျိုး ပျို့မောင်ကြီးကို ယက်ကန်းယက်သလိုမျိုး

ဆက်စပ်တဲ့ ကဗျာတွေအများကြီးထဲက တစ်ပုဒ်လောက်အကိုရှင်းပြပေးမယ်နော် ညီ။လေ့လာကြည့်လို့ရနိုင်တာပေါ့ ညီရာ။

 

ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာပေါ့ညီလေးရာ

 

ချာရစ်ကလေး မပျောက်စေချင်

                                        ထွက်ခဲ့စေချင်

                                       လိင်ပြန်ရင် ဆံရှည်ထားပါနဲ့

                                     သန်းတွေကများ။

                                      လိင်ပြန်ရင်ကိုရင်ဝတ်ဖို့

                                      ပလေကပ်အနံကျယ်

                                    ဈေးကြိုကဝယ်

                                      အနံကျယ် ခါးပုံနွဲ့တယ်

                                      ဆုတ်လိုက်ပါတဲ့။

                                      (ရေးတော့ ချာရစ် – ဖတ်တော့ ဂျာရစ်ပေါ့ ညီလေးရာ )

 

ကဲ ဘယ်လောက်လှသလဲ ညီ။ သိပ်လှတဲ့ ကဗျာလေးပေါ့ ။ကောင်းပါတယ်လို့ အကိုညွှန်းနေရဦးမလားညီရာ။အလွတ်ကျက်ပစ်

လိုက်စမ်းပါ့ ညီရာ။ အော်ဖတ်လိုက်စမ်းပါ။ ကာရန်ရဲ့ အလှ ၊ ကဗျာရဲ့ အလှကို ညီမြင်လာပါလိမ့်မယ်။

ရှေးရှေးက ကိုရင်လူထွက်တာကို လိင်ပြန်တယ် ခေါ်သကွညီရဲ့။တစ်လွဲမတွေးနဲ့နော်။အခုခေတ်ကလေးတွေမသိမှာစိုးလိုပါ့ ညီရာ။

ဒါ့ထက် အဲဒီ့လိုတစ်လွဲတွေးမိလို့ ပြသနာတတ်တဲ့ ကဗျာလည်း ရှိသေးသပါ့ညီရာ။ အမှန်က အကိုတို့အမှတ်မှားတာပါ။

နောက်များမှအကျယ်ချဲ့ရှင်းပြပေးမယ် ညီရေ။ပြောရရင်တော့

 

အကိုတို့ဆယ်တန်းမှာ သင်ရတဲ့ စိန်ခြူးကြာညောင် ဘောလယ်   ပေါ့ညီရာ။

စိန်ခြူးကြာညောင် လရောင်းတွေမလင်းပါလို့

                       မှန်ရွှေပြတင်းရယ်ကမယ်ခုမျှော်

                   သုံးချက်စည်တော် ရိုက်ခတ်ခြည်သော် . . . . .

 

ကဲ ကနောင်မင်းသား အမျက်တော်ရှနေတဲ့ လှုိုင်ထိပ်ထားခမျာ သုံးချက်စည်တော် ယွန်းသော်မှ စက်ယာဆောင်မှာ လူးလူး

လွန့်လွန့်နေရပုံကို အကို ဝင်ပြီးမှများရှင်းနေရဦးမလား ညီရေ။

အကိုအကြိုက်ဆုံးကတော့ အဆုံးအပိုဒ်က သဖြန်ခွန်းထောက်လေးပေါ့ညီ။ အသနားခံတဲ့ လေသံလေးနဲ့ မေးထားပုံလေး

ကိုပေါ့ ညီ။ အကိုတို့ခေတ် ရည်းစားစာရေးရင် ထည့်သုံးလေသပေါ့ ညီရယ်။မှတ်လိုက်စမ်းပါ။

 

အချစ်ကိုယုံ ပုံပါ့ငဲ့အလုံး  

                                                       ရှောင်လွှဲနေပျော်လို့

                                                မကြည်သော် မျက်တော်ဖုံးတယ်

                                                 ဘယ့်တွက်ကြောင့်မုန်း။

 

ကဲ ညီရာ ။လှလိုက်တာ။ရေးတတ်လိုက်တာ ။ဘယ်လောက်ကောင်းတဲ့ မြန်မာစာပေရဲ့ အနုအလှလည်း ။သမိုင်းစဉ်တစ်ဆက်မှာ

မေ့ပျောက်လို့မရနိုင်ခဲ့တဲ့ မြန်မာစာရဲ့ အလှတရားပါညီ။

 

အဲ အကိုတို့ ပြသနာတတ်ခဲ့တယ်ဆိုတာ ဒီကဗျာကို လှိုုင်ထိပ်ခေါင်တင်က ဘောလယ် အနေနဲ့ ရေးခဲ့တာညီ။

 

ဘောလယ် – ဘောလည် ဆိုတာက စိတ်သဘောတော်ပြန်လည် လာအောင်လို့ အဓိပါယ်ရသကွ။

 

သို့သော်ငြားလည်းပဲ ဆရာမ အပျိုကြီးက ဘောလည်ဆိုတာဘာတုန်းလို့ မထမဆုံး စသင်တဲ့ရက်မှာ မေးပါလေရော။

 

အဲ ……. အဲဒီ့တော့ အကိုတို့အဖွဲ့ ( စာတော်တယ်နော် ) အရမ်းကြီးတွေးလိုက်ပြီးတော့မှ

ကနောင်မင်းသားရဲ့ ဘောကြီးသူ့ဘက်ပြန်လှည့်လာအောင်ရေးလို့ ဘောလည်ခေါ်ပါတယ် ဆရာမဆိုတော့ကာ

 

အင်း ညီရာ။ တစ်ခန်းလုံး ရုံးခန်းရောက်သပေါ့။ အကိုတို့ခေတ်က ယောက်ျားလေး ဟဝှာကို ဘော ခေါ်သကိုးကွ။

 

( ဒီအနားမှာ ဒေါ်ကေဇီ တစ်ယောက် ဝင်ကစ်တော့မှာကိုလည်း အကိုမြင်ယောင်သပေါ့ ငါ့ညီရာ . . . . )

 

ကဲ ကဲ ထားပါ။ဒါက ဟာသပြောတာပါ။ဖြစ်လည်းဖြစ်ခဲ့လေသကိုး။ ကနောင်မင်းသားမပြောနဲ့။အကိုတောင် လှိုင်ထိပ်ထားလေး

ဘက်ပြန်လှည့်ချင်စိတ်ပေါ်သွားသကွ ညီရေ။

ကဲ လှလိုက်တဲ့ ကဗျာတွေ စာတွေညီရာ။မြန်မာစာဟာ အရမ်းလှပါတယ်ညီရေ။

 

ကာရန်သံလှလှနဲ့ဆိုလို့ရသလို စန္ဒယားနဲ့တောင်ဆိုလို့ရတဲ့ ကဗျာတွေလည်းအများကြီးပေါ့။

 

ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေဆို အကိုသိထားတာ အပိုင်ခွဲ ကဗျာပေါင်း (၄၀) ကျော်သကွ။

တကယ်တမ်းလူသိများတာ အပိုဒ်(၉) ကိုပဲအသိများတာ။ညီသိမှာပါ။

 

ဘဲအုပ်က တစ်ရာ နှစ်ရာ ဆိုတာလေးပေါ့ညီ ။သီချင်းအဖြစ်အရမ်းအောင်မြင်ခဲ့လေသပေါ့။

တကယ်တမ်းကျတော့ အချင်းကျုရိုးရှင်တို့ ဘာတို့နှင့်စတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာတွဲတွေက ပိုလို့တောင်လှသေးသပ ညီရာ ။

 

အဲဒါကိုတော့ သီးသန့်နောက်မှ ရှင်းရအောင်ပေါ့ညီ။အခု စန္ဒယားနဲ့ဆိုလို့ရတဲ့ကဗျာကို အကိုပြပါဦးဆို ရင်တော့ ဆရာကြီးမင်းသုဝဏ် ရေးတဲ့ ကလေးကဗျာတွေပေါ့ညီ ။ ဆရာကြီး ဂျေ.အိပ်(စ) လုခ် ကနေ အသံ (တုန်း) Tone သွင်းပေးထားသတဲ့ညီ ။

ကြားဖူးမှာပါ။

 

ကဲ လေ့လာလို့လွယ်အောင် အကို တစ်ပုဒ်ပြမယ်ညီ။

 

မောင်လေးရေ ထပါတော့

                                          ရောင်နီလာလှပေါ့။

                                      တစ်ကြော့ နှစ်ကြော့ တေးကိုသီ

                                        ငှက်ကျားနုတ်ပလီ။

                                      တောင်ဆီနားက ခရေပန်း

                                         ပင်အောက်ကြိုင်လို့ လန်း။

 

ကဲ ညီရေ။ဆိုကြည့်လိုက်စမ်းပါဦး။လှလိုက်တဲ့ စာစပ်လေးပေါ့ညီ။အကိုတို့ကို အမေ သားချော့တေးအနေနဲ့ ငယ်ငယ်လေးထဲက

ဆိုပြခဲ့တဲ့ သီချင်းကဗျာလေးပေါ့ညီ။

 

ဒါ့ထက်များ ညီက အကိုရေ မောင်ရင်လောင်း အလှူအတန်းနဲ့ပတ်သတ်တဲ့ ကဗျာလေးတစ်ပိုဒ်လောက်ဆိုရင်ရော။

အကိုပြပါ့မယ်ညီ။

ဗြုန်းနိုင်ပေ့ ကိုရွှေစည်

                                                     တီးနိုင်ပေ့ကိုရွှေနှဲ

                                                ရွှဲနိုင်ပေ့ ကိုရွှေမောင်

                                               လုံမငယ်အရှက်အိုးမို့

                                                အငြိုးနဲ့ပြောင်ရော့ထင်။

 

 

ကဲ ဆရာကြီး မင်းသုဝဏ် မြန်မာစာနည်းပြပေါက်စဘဝမှာရေးခဲ့လေတဲ့။အလှူကိုမြင်တွေ့ခဲ့ပြီး ရွာအလှူကို ပြန်မြင်ယောင်ပြီးရေးဆိုကွ ညီရ။

 

ကဲ ဆိုချင်တာက ဒီနေရာမှာ ပါတဲ့

                                                                                                       ရွှဲနိုင်ပေ့ကိုရွှေမောင် ဆိုတာပါ

ရှေး ရှေးကအလှူတွေမှာ ရွှဲလိုက်တယ်ဆိုတာရှိသကွ။အခုခေတ်တော့ မတွေ့ရတော့ပေဘူး ညီ ရေ။တစ်ခုခုဆို လှောင်တာပေါ့ညီရာ။ အလှူမှာ ကျွေးတဲ့ မွေးတဲ့ အရာမကောင်းလည်း လှောင်သကွ။ အပျိုကိုလည်း လှောင်ကြသကွ။

 

အချို့များဆို ရွှဲ တိုက်မှာ စိုးလို့ မလုပ်အောင် ကြိုတင် ပေးကျွေး ပြီးတောင် ညှိထားတယ်ဆိုကြတာပဲ ညီရေ။ မြန်မာစာကို

လေ့လာရင်းတွေ့လာရတာပေါ့ ညီ။

 

ဘယ်လောက်ချစ်စရာကောင်းတဲ့ ကဗျာလေးတွေလည်း မြန်မာ့ရနံ့ မြန်မာ့ဓလေ့ အညာဓလေ့ စာဓလေ့ကို ဖော်ကျုးနေကြတာတွေနော် ညီ။

 

( ညီလေးတို့ ကာရံမဲ့ကဗျာကြိုက်တာတွေကိုလည်း ခေတ်ဦးအစကနေ ဒီနေ့ခေတ် အထိတတ်နိုင်ရင် ပြန်တူးဆွချင်ပါ

သေးတယ် ညီရေ အချိန်များရရင်ပေါ့။

         

          ဘလက်ချောရဲ့ စာရေးသားဟန်ကလည်း မြင်ရင် မကောင်းတဲ့ အင်တာနက်ကို အတင်းကျိတ်မှိတ်ပြီးတတ်တတ်ဖတ်ရတဲ့ ဒုက္ခ

          ပဲ ညီလေးရေ။ )

 

ဆိုလိုတာက ကာရံမဲ့ကိုလည်းချစ်ပါ စာပြောင်တွေ ဆောင်းပါးတွေ ဝတ္တုတွေထဲကမှ အကိုကြိုက်တဲ့ ရှေးမြန်မာကဗျာလေးတွေ

မြန်မာ ခေတ်စမ်းစာပေကစလို့ အဆင့်ဆင့် လေ့လာသွားကြရင် စာပေချစ်စိတ်တွေများပိုလို့ တိုးတတ်လာလေမလား။

တစ်နည်းပြောရရင် လက်ရည်တတ်လာလေမလားပေါ့ညီ ။

 

နောက်ပြောချင်တာကတော့ အကိုတို့ခေတ်က မြန်မာစာကိုလေ့လာတော့ ကျီးသဲလေးထပ်ဆရာတော်ကြီးပြန်ဖြေဆိုထားတဲ့

စွယ်စုံကျော်ထင်ကျမ်းက

 

အမေး –   ကြည့်ကန်ရှင်ကန်ရှင်ကြီးမေးတဲ့

 

မနာလိုပဲ လိင်ဆုတ်ဆွဲ      မိညဲလျော်ရိုး မည်မျှနည်း

                                      လက်ယာ လက်ဝဲ သည်နှစ်ကွဲ    ဝတ်မြဲကျောက်မျိုး ဘယ်မျှနည်း

 

ဆိုတာတွေရော

 

                                      ရဟန်းတို့ဝယ် မွေးကျင်စွယ် မပယ်အာပတ် သင့်ချိမ့်နည်း

                                      ကျဉ်းမြောင်းရာဝယ် မွေးကိုပယ် အဘယ်အာပတ် သင့်သနည်း

                                                                                                              

စတဲ့ အမေးပုစာ္ဆတွေကို ပါ အကိုကျက်ခဲ့ဖူးတယ်ဆိုရင် ….. ညီယုံမှာတောင် မဟုတ်ဖူးညီ။

ဘာကြောင့်လဲဆိုတော့ ဆရာက မြန်မာစာ တကယ်တတ်ချင်ချင်ရင် ကြည့်ကန်ရှင်ကြီး ကျက်ကွ ဆိုလို့ အကိုတို့ တကယ်ကို

အမေးနဲ့အဖြေပုစာ္ဆ တော်တော်များများ ရအောင် လေ့လာပြီး ကျက်ခဲ့ဖူးတယ်ဆိုတာကို ညီ့ကို ပြောပြတာပါညီ။

တတ်နိုင်ရင်ညီလည်း လေ့လာပါညီ ။ ဖတ်ပါ မှတ်ပါ ကျက်ပစ်လိုက်ပါညီရေ ။

ကဲ တော်သေးပြီ ညီရေ အချိန်တွေလဲ တော်တော်လင့်ကုန်ပြီဆိုတော့ ……

ကျန်တာလေးတွေကို နောက်အပိုင်းတွေများမှပေါ့ညီ ဆက်လေ့လာကြသေးတာပေါ့။

ဆိုလိုချင်တာကလည်း ညီတို့ဆွေးနွေးကြတာကို အကိုစောင့်ဖတ်ရင်း လိုအပ်တာလေးတွေကို အကို ပြန်ဖြည့်တွေးပြီးရေးပေး

ရတာပေါ့ ညီ။

အကို ဝင်မဆွေးနွေးပေမယ့်လည်း ရွာသူ/ရွာသားတွေအားလုံး ထူးချွန်သူတွေကြည့်ပဲမို့ ညီတို့ပြောကြ/ဆိုကြတာတွေကို

ကြားရင် အကို ရေးချင်စိတ်ထပ်ပေါ်လာမှာပါ။ ဆွေးနွေးသူများရင်ဖြင့် အပိုင်း(၃)ကို အမြန်ဆုံးဆက်ရေးပေးပါ့မယ်လို့ပဲ ညီ့ကိုပြော

ချင်တယ်ကွာ။Post တင်တယ်ဆိုတာကလည်း စိတ်ဝင်တစားရှိသူများမှ ရေးရတာ လက်တွေ့တာ ညီရဲ့…….

 

နောက်အရီးလတ်ပြောထားတဲ့ ကိစ္စလေးကလည်း ရေးဖြစ်တန်ကောင်းပါရဲ့လို့ပဲ ပြောချင်တယ်ညီရေ။

 

ညီလေးရေ Post တွေအပြီးမှာ အပြီးနားမယ်ဆိုပေမယ့် …. လက်ရှိ ညီလေးရေ Post တွေရေးနေချိန်ကတော့ ရှိနေဦးမှာပါ …

ပြီးတော့လည်း တွေ့ကြုံ ဆုံကွဲ ဖြစ်မြဲဓမ္မတာပေါ ညီရေ …….

ခွဲရမှာ စိတ်မကောင်းမဖြစ်ပါနဲ့ ….. ကံပါသလောက်ပေါ့ညီရေ . . . . .

 

အခုရေးသလောက်ကို အန်တီဒုံတို့ အရီးလတ်တို့ရော စောင့်ဖတ်မယ့် စွယ်တော်ရွက်တို့ရော Mr.MarGa , Nozomi , ဆရာနီ

တို့ ဦးဆာတို့ ပါ စိတ်အဆာပြေလောက်ပါရဲ့လို့ပဲပြောချင်တယ်   ညီရေ . . . . .

ပြောရရင် အသံသာတဲ့ ရှေးကဗျာလေးတွေကနေ အဆင့်ဆင့်လေ့လာရင်းနဲ့ ညီလေးရဲ့ ကဗျာချစ်စိတ် စာချစ်စိတ်လေး ပိုတိုးလာ

ပါစေလို့ အကို ဆန္ဒပြုရင်းနဲ့ . . . . .

 

 

မြန်မာစာကိုချစ်သလို ညီ့နဲ့ရွာကိုလည်းချစ်တဲ့ အကို

ရွှေညာသား(အထက်အညာမြေ)

71 comments

  • ရွှေညာသား

    July 12, 2014 at 5:51 pm

    ဪ …….. ကဲ ………. ဆရာရှုံးရေ ….
    ကျွန်တော် ရွှေညာသားပါ ဆရာသစ်မဟုတ်ပါဘူး………..
    ဝင်ဖတ်တယ်ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်………..

    အရင် သူဂျီးနဲ့ဆရာရှုံးတို့တစ်ဖက် ကျွန်တော်တစ်ဖက်ဆော်ကြတဲ့
    ရွှေညာသားပါ…..
    လူမှားနေတာကို Email လိပ်စာနဲ့တကွ ရှင်းပြပေးပြီးပါပြီ….
    လိုအပ်ရင် ဖုန်းနံပတ်ပါတင်ပေးပါ့မယ်ဗျာ…………..
    ဝင်ဖတ်သွားတာကို ကျေးဇူးအများကြီးတင်ပါတယ်….
    ဆရာရှူံးရဲ့ စာတွေကိုလည်း မကြာခဏဖတ်ဖြစ်ပါတယ်ဆိုတာလေးလည်း
    မှတ်သွားပါဦးခင်ဗျာ…………….

  • TNA

    July 13, 2014 at 12:00 am

    ဖတ်ရင်းနဲ့ ဆင့်ပွားတွေးတောခံစားသွားပါတယ် ကိုရွှေညာသားရေ။ အရေးအသားက ညက်ညောလွန်းလို့ စာဖတ်နေရတာတဲ့မတူပဲ အိအိလေးနဲ့ငြိမ့်ငြိမ့်လေးသွားနေရသလိုပဲ နူးညံ့လွန်းလှပါတယ်။

  • padonmar

    July 13, 2014 at 12:34 am

    ဒီပို့စ်ကို စာမေးပွဲပြီးမှ ဖတ်မယ်လို့ တေးထားတာ၊ဖွဘုတ်ထဲ ကေဇီလေးက တံခါးခေါက်ပြီး ခေါ်လို့ ခဏဆိုဝင်လိုက်မိတာ၊
    ကဗျာရေယဉ်ကြောမှာ မျောသွားရော…
    မူရင်းကလည်းကောင်း…ကွန်မန့်တွေကလည်း အားရှိနဲ့။
    စာမွဲကျလည်းတန်ပါတယ်….(ဖွဖွ…ကျတော့ မကျပါစေနဲ့)
    ကာချင်းတို့အိုင်ချင်းတို့လေးတွေလည်းရေးပါအုံး….
    (မောင်ဂီရဲ့ နှင်းကေသရာကြောက်တဲ့ သူရဲကောင်းထဲကလိုတော့ မဟုတ်ဘူးနော်)

  • padonmar

    July 13, 2014 at 1:03 am

    ကျမလည်း ဖတ်ရင်း ကိုသစ်ပြောနေတယ်ချည်းထင်နေမိတာ။
    တခုတော့ရှိတယ်၊ကိုသစ်က သတ်ပုံမမှားဘူး။ကိုရွှေညာသားက `တက်´ကို`တတ်´ရေးတယ်။
    `ချည့်´ကို `ကြည့်´ရေးတယ်။
    အဲဒါရုပ်ဖျက်တာလို့ ထင်မိပြန်ရော။
    ကိုသစ်မဟုတ်ဘူးဆိုလည်း
    ကိုသစ်လိုပဲ ချစ်ရမယ့် မောင်တယောက်ရပြီလို့ မှတ်လိုက်ပါမယ်။
    (ထုံးစံအတိုင်း မောင်တွေကပဲ စိမ်းတာ၊အသည်းမာတာပါ)

  • အရီးခင်

    July 13, 2014 at 2:18 am

    ကိုရွှေညာ ရှင့်
    ရွာထဲ မဝင်နိုင်တာမို့ နှုတ်ဆက်တာနောက်ကျနေလို့ စောဒီးပါ။
    ကဗျာ လဲ ရွာထဲရောက်မှ ကြိုက်တတ်လာပါတယ်။
    ဒါပေမဲ့ ဝင်ဆွေးနွေး နိုင်လောက်အောင် အဆင့်မရှိလို့ ပရိတ်သတ်အဖြစ်နဲ့ဘဲ သူများတကာ ဆွေးနွေး တာ ကို ဖတ်ပြီး ပညာယူသွားပါတယ်။
    ယူစီစီ အကြွေးလေး ကို အမြန်ဆပ် မယ် လို့ လဲ မျှော်လင့်ပါတယ်။
    ရွာထဲ အမာခံ တိုးလေ အင်မတန် ဝမ်းသာဖို့ကောင်းပါ့။
    အမြဲမဟုတ်တောင် မပြတ်လေး အသံလေးတော့ ဆက်ပေးပါနော။
    :-)))

  • ဦးကြောင်ကြီး

    July 13, 2014 at 3:25 am

    ရွှေညာသား
    လေမှာပွား
    တေပါလား
    စေရာသွား..

    • အရီးခင်

      July 13, 2014 at 3:27 am

      ဘရာဇီး ရှုံးနေလို့ ရွာထဲလာပြီး ရှုံး မဲ မဲ နေတာလား မောင်မောင်ကြောင်။ :-))

      • ဦးကြောင်ကြီး

        July 13, 2014 at 3:53 am

        မည်းဗာပူးဗျာ… အဲဒိလူ ဘာဒွေပြောနေမှန်းကို မသိဒါ…

  • ရွှေညာသား

    July 13, 2014 at 12:11 pm

    ဟဲ့ ကြောင် .. အဲလေ…
    ငါနှော် … ငါဘာပြောမှန်းကိုမသိတာတဲ့လား……
    ပြောတာပဲကျေးဇူးတင်ပါ့ဗျာ… ဦကြောင်ရေ……………………..
    အန်တီဒုံရေ …. ရွှေညာသားရဲ့ ဖုန်းနံပါတ်ကို ရချင်ရင်
    ပေးပါ့မယ်…
    Email : loveforjustic@gmail.com
    ကိုသာ Connect လုပ်လိုက်ပါ…
    အမှန်တကယ် UCC နှင့်ပတ်သတ်ခဲ့သူ..
    တေစ်ယောက်သာလျှင်ဖြစ်ပြီး ….. ဆရာသစ်နှင့်မတူပါကြောင်း….
    နောက်နောင် … ဆရာသစ်စာတွေကို ရှာဖတ်ပြီး လေ့လာရဦးမှာဖြစ်ပါကြောင်း…..
    တစ်ဖက်က ဆရာသစ်က ပိုတော်မှာဖြစ်ပြီး ရွှေညာသားက အခုမှရွာထဲဝင်လာတာသာဖြစ်
    ပါကြောင်း…………………..ထပ်မံအစီရင်ခံအပ်ပါသည်……..
    ဆရာသစ်ကိုလည်း ….တွေ့မြင်ချင်ပါကြောင်း….ခင်မင်ချင်ပါကြောင်း………
    အန်တီသဲ ….ရေ…………. ကျေးဇူးတင်ပါ့သဗျာ………
    အရီးခင်ရေ……………UCC အကြောင်းက အခန်းဆက်
    ကိုချမှရမှာဗျ……….
    OK လေ ရေးပါ့မယ်……………..
    တကယ်..တကယ်…………

  • ရွှေညာသား

    July 13, 2014 at 12:17 pm

    အန်တီဒုံရေ …………..လူမမှားတော့ဘူးဆိုရင်……..
    အသဲမမာတော့ပါဘူး……………..
    ကာချင်း…..အိုင်ချင်း………တွေရေးပါ့မယ်…………..
    အပိုင်း(၃)က ဖတ်ပြီးရင် နောက် ကူးယူသွားရလောက်တဲ့…
    အကြောင်းအရာတွေနဲ့ကို ….စာဖွဲ့နေပါတယ်လို့…………
    ညီလေးအလင်းဆက်အပါအဝင် ….အဘနီတို့အကြိုက်…..
    ဦးကြောင်….ကိုမိုက်…
    တို့အကြိုက်တွေပါလို့……….
    သတင်းလေးကြိုပေးလက်တို့ထားပါတယ်……….
    ရွှေညာသား

  • ဇီဇီ

    July 13, 2014 at 12:34 pm

    သူများးတွေ အတွက် ကဗျာတွေချည်းး မရေးးနေနဲ့..!
    သများးး အတွက် အစားးအသောက်လေးး ရေးးးပေးးးပါအူးးး
    နိုု့မိုု့ သိတယ် မိုု့ လားးး ။ လက်တောက်ခုုံ ပေါ်ရောက် သွားးးမယ် မှတ်!!
    😀

    :boss:

  • ရွှေညာသား

    July 14, 2014 at 8:54 am

    ဟဲ့ မိကေရဲ့
    ရေးဆိုရေးပါ့မယ်အေ…………
    လက်တောက်ခုံတို့ တောက်ချမယ်ဆို့ မပြောပါနဲ့
    တောက်ချမယ်အသံကြားရင်
    အလိုလို စိတ်ခြောက်ချားလာလို့
    ညည အိပ်မပျော် … ဝူးရယ် းးးးးးးးးးးးးးးးးးးး
    နော် းးးးးးးးးးးးးးး နော်းးးးးးးးးးးးး

    အဟဲ စတာနော်………………… ရေးပါ့မယ့် အညာမုန့်ဆန်းဆန်းလေးတွေ……
    သာဓုပါတော်။
    တွေ့ကြသေးတာပေါ့…
    ကို်ယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာရာအိမ်မှူး – မိကေဇီ နဲ့ အညာသူ/အညာသား မုန့်ဆန်းဆန်းများ အပိုင်း(၁)

    လာမည် …. ဒန် တန့်တန်…………..

  • Phoe Myinttar

    July 14, 2014 at 4:54 pm

    ဒီPost လေးကို ဖတ်ရတာ ငယ်ဘဝကို လွမ်းမိပါသည်
    ရွှေခြည်ငွေခြည်တမ်းပါလို့ ဆိုတဲ့သီချင်းလေးက .. ကျနော်ငယ်ငယ်က မေမေက ချော့သိပ်နေကျ သီချင်းလေးပါ မေမေကိုလည်း လွမ်းရင်း ငယ်ဘဝကိုလည်း အောင့်မေ့ရပါသည်

  • စန်းစန်းတင့်

    July 14, 2014 at 5:12 pm

    ကျမက ကဗျာတွေဘာတွေသိပ်နားမလည်ပေမယ့် မဂဇင်းတွေမှာပါတဲ့ကဗျာတွေကိုတော့ကျော်မသွားပဲ ဖတ်တတ်သူပါ။ ဒီပို့လေးဖတ်ရတော့လည်း ကဗျာနံ့စာနံ့သင်းသင်းလေးနဲ့မွှေးပျံ ့လှပါတယ်ချင့်
    တခုရှိတာကအလင်းဆက်ဆိုတဲ့တယောက်ကိုကဗျာအကြောင်းပြောပြနေတာနဲ့မတူဘဲ အလင်းဆက်ကိုကဗျာအကြောင်းသင်ပေးနေသလိုပဲလို့မြင်မိတယ်ချင့်။ဘာပဲဖြစ်ဖြစ်ကဗျာဆရာတွေကိစ္စဆိုတော့ ဘေးကနေ ဖတ်ရှ ုလေ့လာနေရုံပါပဲချင့်

  • ရွှေညာသား

    July 14, 2014 at 9:17 pm

    ဟဲ့ ဟိုဘက်မှာလည်း စန်းစန်းတင့် ဆိုပြီး ဆြာပေါက်တင်ထားတာတွေ့တယ်။

    မနောက်နဲ့နော်။
    ငါ ရွာဆူမှာအသေကြောက်ချက် ……အေ..
    မဲမဲမြင်ရာဆော်ကုန်ကြလွန်းလို့ …
    ကြောက်ပါ့အေ………..
    ဝင်ဖတ်တယ်ဆိုတာကိုကျေးဇူးတင်ပါတယ်။
    ကျေးဇူးအများကြီး….အများကြီးတင့်ပါ့သဗျာ….
    သင်ပေးနေရတာဆိုတာထက် … အဲဒီ့ အလင်းဆက်ဆိုတဲ့ ကလေးကို
    ခင်လွန်း………….လို့ …………………..စကားပြောရင်းရှင်းရင်းနဲ့ ဒီ Post ထွက်လာရတာပါ
    ကျေးဇူးပြုပြီး ဒီ နာမည်ကြီးနဲ့က အတည်လား ဟင်….
    သာဓုပါတော်…….

  • ရွှေညာသား

    July 14, 2014 at 9:19 pm

    Phoe Myinttar ရေဝင်ဖတ်သွားတာကို
    ကျေးဇူးတင်ပါတယ်ခင်ဗျာ……..
    နောက်နောင် ကျွန်တော်ရေးတာလေးတွေလည်း ဝင်ဖတ်ပါဦးခင်ဗျာ။

Leave a Reply