အင်း တစ်နေ့ တာအလုပ်တော့ပြီးဆုံးသွားပြန်ပီ………….
အချိန်က ည၁၁ နာရီစွန်းစွန်းခန့် ..လက်ကနာရီရော ရုံးနံရံမှာချိတ်ထားတဲ့နာရီပါ ကြည့်စရာမလို….
မလိုဆို ဒီအတိုင်းနေ့ စဉ်စခန်းသွားနေရတာ တစ်နေ့  တစ်လ တစ်နှစ်မှမဟုတ်ပဲကိုး…..
..၀ှူး ကနဲသက်ပြင်းမောတစ်ချက်ရှိုက်ထုတ်ရင်း တိတ်ဆတ်နေတဲ့ရုံးခန်းကိုကျောခိုင်းထွက်လာတော့
အပြင်သြကာသလောကလည်းကိုယ့်ကိုငြီးငွေ့ ဖွယ်အုပ်မိုးကြည့်နေလေရဲ့……
ရှင်းလင်းနေတဲ့လမ်းသွယ်ကနေ လမ်းမထိပ်ထွက်ပြီး တွေ့ တဲ့တက္ကဆီကားတစ်ဆီးတားလိုက်တော့
“ဟာ မင်းသားကြီး တက်လေ xxxxxx ဆိုင်ပဲမဟုတ်လား” ဆိုတဲ့ကားဆရာကိုကြည့်တော့ ကိုယ်လည်း
ယောင်ဝါးဝါး…” ဟုတ်ကဲ့ “ဆိုတဲ့စကားတခွန်းနဲ့ နုန်းချိနေတဲ့ စိတ်နဲ့ ခန္ဓာကိုကူရှင်ပေါ်ပစ်တင်ရင်း
အိမ်နဲ့ မနီးမဝေးမှာရှိတဲ့ကားသမား ခေါ်ဆောင်ရာဆိုင်ဖက် ဦးတည်ထွက်ခဲ့မိတယ်…….
…လျှက်ပြက်သလို တဖျတ်ဖျတ်လက်နေတဲ့ ဒစ်စကိုရောင်စုံမီးတွေနဲ့        ကျယ်ဝန်းပေမယ့်
လူတွေပြည့်လျှံနေတဲ့စာပွဲဝိုင်းတွေကြား ရှားရှားပါးပါး လူမရှိတဲ့မှောင်ကျကျစာပွဲဝိုင်းတစ်မှာ
ဝင်ထိုင်ရင်းဘီယာတစ်ခွက်မှာတော့  ခပ်မာမာအကြည့်နဲ့ ဒါပဲလား ဆိုတဲ့ စာပွဲထိုး ကိုလန်ဒန်တစ်ဘူး
ပါပေးကွာ လို့ ခပ်ထန်ထန်ပြောရင်းနေသားတကျထိုင်ဖြစ်တယ်ပေါ့…….
….လူတွေအိပ်ချိန်ဖြစ်ပါရက်နဲ့ ဒီလူတွေဒီလောက်များနေတာ…ကိုယ့်လိုပဲဒီအချိန်မှအလုပ်ဆင်းတဲ့
လူတွေဖြစ်မပေါ့လို့ ဖြေတွေးတွေးရင်းပစ္စက္ခအချိန်ကိုအာရုံရောက်သွားမိတယ်……………
….ဘီယာတစ်ကျိုက် စီးကရက်တစ်ဖွာဖွာရင်းပတ်ဝန်းကျင်ကိုစူးစမ်းတော့ကိုယ့်ဘေးထိုင်ခုံမှာထိုင်နေသူက
ကိုယ့်လိုတစ်ယောက်တည်းသမား…ကွာခြားတာက သူ့ စားပွဲပေါ်မှာတန်းမြင့်နိုင်ငံခြားအရက်အမြည်းပေါင်း
စုံလင်စွာနဲ့ .. ဘေးမှာ ဆရာ ဆရာနဲ့  စာပွဲထိုးလေးယောက်ခန့် ဝိုင်းလို့ အောင်ပွဲရစစ်သူကြီးဟန်ပန်….
…ဒီလောက်များတဲ့အမြည်းတစ်ယောက်တည်းကုန်အောင်ဘယ်လိုများစားမလဲလို့ မနေနိုင်မထိုင်နိုင်တွေးနေတုန်း
အကိုရီး..ဆိုတဲ့ချွဲနွဲ့ နွဲ့ အသံနဲ့ အတူ ရောင်စုံခြယ်သထားတဲ့ပန်းရိုင်းတပွင့် ဖြတ်ခနဲလွင့်အလာ ဘေးဝိုင်းက ကိုယ့်
မှာ ရုတ်တရက် ဘီယာတောင်သီးသွားလေရဲ့…………
…ဟီတိုက်နေတဲ့ အဲဒီစားပွဲကိုလှစ်လျူရှုရင်း အာရုံကစတိတ်စင်ပေါ်ရောက်သွားတယ်ဆိုရင်ပဲ.. မြူးကြွတဲ့တေးသံနဲ့ 
လိုက်လျှောညီထွေစွာကရင်း စီး ၀ါး ကိုက်သီချင်းဆိုနေတဲ့လိပ်ပြာလေးတစ်ကောင်….တိုနံ့ နံ့ စကပ် စွတ်ကျယ်
သာသာ ချိုင်းပြတ်အကျီင်္ နဲ့ ကိုယ်ကိုတပတ်လှည့်ကလိုက်တိုင်း ၀ိုင်းပေါင်းစုံက ဝေးခနဲ အသံတွေ ဆူညံစွာ လွင့်
ပျံနေတော့တာပဲ….ပန်းကုံး ပန်းစည်း ပန်းခြင်း တွေအပြိုင်အဆိုင်ဆုချတာတွေငေးရင်း ဒါလဲ လေလံတင်ပွဲ
တမျိုးပဲလို့ တွေးမိလိုက်သေး…
…အသိစိတ်ကိုကိုယ်ပေါ်ပြန်ကပ်ရင်း…နားစည်ကွဲမတတ် ဆူညံပေါက်ကွဲနေတဲ့တီးလုံးသံတွေကိုဥပေက္ခာပြုလို့ 
အလုပ်ကြောင်း လူမှုရေးစီးပွါးရေးအကြာင်း ရောက်တတ်ရာရာ စဉ်းစားနေရင်း ပတ်ဝန်းကျင်ပေါ်စိတ်ပြန်တည်
မိတော့ နန်းစတော့ အစီအစဉ်စနေပြီ…
…စိတ်ကာလာစုံ ရုပ်ကာလာစုံ အ၀တ်အစား ကာလာစုံနဲ့ အယောက် နှစ်ဆယ်ကျော်လောက် စင်ပေါ်မှာတန်းစီ
နေပြီး မျက်နှာတွေမှာတော့ မတူညီတဲ့မျှော်လင့်ချက်အရောင်တွေ ဖြိုးဖြိုးဖျတ်ဖျတ်နဲ့ ပေါ့ 
…အလှည့်ကျသီဆိုဖျော်ဖြေရင်း ၀ိုင်းတွေရှိရာ မျက်စချီ မေးထိုးနဲ့ ပန်းကုံးအမဲလိုက်နေကြလေရဲ့ ….
ပန်းကုံးကျသူတွေရဲ့မျက်နှာမှာအပြုံးပန်းတွေဝေပြီးမရတဲ့သူတွေရဲ့မျက်နှာမှာတော့ အားငယ် စိတ်ပျက်မှုတွေက
ဟန်မဆောင်နိုင်အောင် သိသာထင်ရှားနေလေရဲ့…ပန်းကုံးမရလို့ ဝင်ငွေမရတဲ့အပြင် ဆိုင်ရှင်ရဲ့ ညိုငြင်မှုကို
ပါခံရပေအုံးမကိုး…..
…အပြိုင်အဆိုင် ဆုချသူတွေရဲ့ အဖြုန်းငွေ.. ဆုချခံရသူတွေရဲ့ ဝင်ငွေ (ဘာရင်းရသလဲတော့မသိ) ဆိုင်ရှင်အိတ်
ထဲ ရောက်သွားမဲ့ ရာခိုင်နုန်းတွေကိုစိတ်တွက်တွက်ရင်း..ကိုရတဲ့လစာနဲ့ အချိုးချကြည့်တော့…………..
အင်းးးးးးးးးးးးးးးဒီညလည်းသန်းခေါင်ကျော်ပြန်ပီ…။

 

 

ညိုဝင်း

၁၀ရက် ဇူလိုင်လ ၂၀၁၄

About Nyo Win

Nyo Win has written 2 post in this Website..