အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁ ( Introduction ) ။

Foreign ResidentJuly 11, 201418min19311

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၁ ( Introduction ) ။

 

ရွာသူားများ မင်္ဂလာပါဗျာ ။

 

အဘ ဒီတစ်ခါ ( အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် မဟေသီ ရဲ့ ) ၊

ပစ္စည်းထမ်း ပေါ်တာ လိုက်ခဲ့ရတဲ့ နေရာ / ခရီးစဉ် ကတော့ ၊

အမေရိကန် နှင့် ကနေဒါ ၊ နှစ်နိုင်ငံ ခရီးစဉ် ပါဘဲကွယ် ။

 

အဘ မလဲ ၊ ရွာသူားများ သိကြတဲ့ အတိုင်းပါဘဲ ၊

ပဲ့ကိုင်ရှင် မဟေသီ ရဲ့ ၊ ထားရာနေ စေရာသွား ဘဝ ဆိုတော့ကာ ၊

သွားမယ့် နိုင်ငံ တွေ ၊ သွားမယ့် ခရီးသွား ကုမ္ပဏီတွေက အစ ၊ သူ ရွေးတာပါကွယ် ။

 

သူက ဩဇီ Passport ကြီးနှင့် ဆိုတော့ ၊ ဘယ် သွားသွား တင့်တယ်ပြီး ၊ ပြဿနာ မရှိပေမယ့် ၊

ကမာ္ဘ့ အလယ်မှာ ဂုဏ်သိက္ခာ ကြီးလှတဲ့ ၊ မဟာ ရွှေ Passport ကြီးကိုမှ ကိုင်ထား မိနေတဲ့ ၊

အဘ ခမျာမှာတော့ ၊ သိပ် မလွယ်လှပါဘူးကွယ် ။

 

ပထမ ဦးဆုံး ကိစ္စ ကတော့ ၊ ဗီဇာ ကိစ္စ ပါဘဲကွယ် ။

ဘယ်က စဖြစ်သလဲ ဆိုရင် ၊ ထုံးစံအတိုင်း အဘ ရဲ့ ပဲ့ကိုင်ရှင် မဟေသီ ရယ်ပေါ့ ။

နိုင်ယာဂရာ ရေတံခွန် Niagara Fall ကို ၊ အမေရိက ဘက်က ကြည့်တာ သိပ်မလှလို့တဲ့ ၊

အဲဒါ ပိုလှတဲ့ ကနေဒါ ဘက်က ပါတ်ကြည့်တဲ့ ခရီးစဉ်ကို ရွေးတော်မူတယ်လေ ။

ကနေဒါ ဘက် မှာ ၂ ည အိပ်ပြီးမှ ၊ အမေရိက ကို ပြန်ဝင်တော်မူ မတဲ့ ။

 

သူ ကတော့ ဩဇီ နိုင်ငံသားဆိုတော့ ၊ ဘာမှ ဒုက္ခ မရှိဘူးလေ ။

ဩဇီ နိုင်ငံသားဆိုတော့ ၊ ကနေဒါ က ဗီဇာ မလို ။

အမေရိက က ESTA ဆိုတဲ့ အမေရိက ရဲ့ Immigration Web Page မှာ ၊

Register Fee = 14 $ ပေးပြီး စာရင်းသွင်း Register လုပ်လိုက်တာ ၊

၁ဝ မိနစ် လောက်ဘဲ ကြာတယ် ၊ အမေရိက ကို ၂ နှစ် Multiple Entry Visa ရလာရော ။

 

အဘ မှာကတော့ ဂုဏ်ယူဖွယ်ရာ အနီရောင် ရွှေ Passport ကြီးနှင့် ဆိုတော့ ၊

ကနေဒါ ဗီဇာ ကော ၊ အမေရိက ဗီဇာ ပါ လျှောက်ရပေတာပေါ့ ။

( ဒါတောင် အဘ က ဩဇီ PR sticker ကြီးနှင့် Sydney ကနေ လျှောက်ပေလို့ ။

ရန်ကုန် ကနေသာ ဒီ ကနေဒါ ၊ အမေရိက နှစ်နိုင်ငံလုံးသာ ဗီဇာ လျှောက်ရရင် ၊ ရူးမယ် )

 

ဩဇီ PR sticker ကြီးနှင့် Sydney ကနေ ဗီဇာ လျှောက်ရတာ ၊ မခက်ပါဘူး ။

ကနေဒါ ဗီဇာ ကတော့ ၊ Canada Visa Office မှာ Application တင်ရုံဘဲ ။

အမေရိကန် ဗီဇာ ကတော့ ၊ လူတွေ့ပြီး နဲနဲပါးပါးမေးသေးတယ် ၊ ဒါပါဘဲ ။

Application တင် ခဲ့ပြီး ၂ ပါတ် ၃ ပါတ် လောက်ဆိုရင် ဗီဇာတွေ ရတာပါဘဲ ။

 

ပြဿနာ က ၊ အဘ က အမေရိက ကို ( ၂ ) ခါ ဝင်ရမှာလေ ။

ပထမ နယူးရောက်ကို အစ မှာ တစ်ခါဝင်မယ် ၊ အမေရိက မှာ လျှောက်လည်တယ် ။

နောက်တော့ Ontario ကန်ကြီး ရဲ့ တောင်ဘက် ၊

နိုင်ယာဂရာ ရေတံခွန် Niagara Fall နားကနေ ၊ ကနေဒါ နိုင်ငံ ကိုဝင်မယ် ။

ကနေဒါ နိုင်ငံ တိုရွန်တို မြို့မှာ လျှောက်လည်မယ် ။

ပြီးတော့မှ ၊ Ontario ကန်ကြီး ရဲ့ မြောက်ဘက် Thousand Islands Bridge ကနေ ၊

အမေရိက ကို နောက်တစ်ခေါက် ထပ်ဝင်မှာလေ ။ စုစုပေါင်း ၂ခါ ဝင်မှာရယ် ။

 

လူတွေ့မှာတုန်းကလဲ အဘ သေချာ ပြောခဲ့ပါတယ် ။

အမေရိက ကို ၂ ခါ ဝင်မှာမို့လို့ ၊ Double Entry ပေးပါ ဆိုတာ ကို ၊

အဘ ဆီကို Passport ပြန်ပို့လိုက်တော့ ၊ Single Entry ဖြစ်နေပါလေရော ။

 

အဲဒီမှာ ၊ သွားခါနီး လာခါနီးမှ ၊ အဘ လဲ ပြာယာ ပြီး ၊ အမေရိက သံရုံး / ကောင်စစ်ဝန် ရုံး ကို ၊

အကျိုး အကြောင်း အထောက် အထားတွေ နှင့် ပြန် တင်ပြ တောင်းခံရတော့တာပေါ့ ။

အဲဒါတွေ ပြန် လုပ်ရတာ နှင့် တစ်လ လောက် ထပ်တိုး အလုပ်ရှုပ် သွားတာပေါ့ ။

တော်ပါသေးတယ် ၊ အချိန်မှီ Double Entry Visa ပြန်လုပ်ပေးပေလို့ ။

 

အဲဒီ ကနေဒါ ဗီဇာ နှင့် အမေရိက Double Entry ဗီဇာ နှစ်ခု လုပ်တာ ၊

အဘ လည်း စုစုပေါင်း ဩဇီ ၄၀ဝ လောက် မြောက်သွားတယ်လေ ။

မဟေသီ ရဲ့ ကောင်းမှုပေါ့ ။ သူ ကတော့ ၁၄ ဒေါ်လာ ဘဲ ကုန်တာရယ် ။

 

တကယ်လို့ ရွာသူားထဲက အမေရိက ၊ ကနေဒါ ဗီဇာ လျှောက်မယ့်သူရှိရင် ၊

အဘ အဓိက အကြံပေးလိုတာကတော့ ၊

 

ကနေဒါ ဗီဇာ က ထုတ်ပေးတဲ့ Issued Date ကနေ ၆ လ အတွင်း သုံးလို့ရပြီး ၊

အမေရိက ဗီဇာ က ထုတ်ပေးတဲ့ Issued Date ကနေ ၃ လ အတွင်းဘဲ သုံးလို့ရပါတယ် ။

 

အဲဒီတော့ကာ ၊ ကနေဒါ ဗီဇာ ကို အရင် လျှောက်ပြီး ၊

ကနေဒါ ဗီဇာ ရပြီးတော့မှ ၊ အမေရိက ဗီဇာ ကိုလျှောက်တာ ၊ ပို အဆင်ပြေပါမယ် ။

 

ကဲ ၊ ဗီဇာ ကိစ္စပြီးတော့ ၊ Tour ခရီးစဉ် ကိစ္စလေး ပြောပြပါမယ် ။

အဘတို့ ဒီတစ်ခေါက် ခရီးစဉ် ကို Nexus Holidays Pty Ltd နှင့် သွားခဲ့ပါတယ် ။

ခရီးစဉ် နာမည်ကတော့ ” 10 Day Highlights of the US & Canada East Coast Tour ” ပါ ။

အဲဒီ ခရီးစဉ် Details / Brochure ကို အောက်က Web Page မှာ  ကြည့်လို့ရပါတယ် ။

 

<http://www.nexusholidays.com.au/?gclid=COqmpdmeur8CFcIIvAodGJAAcw>

 

အဘ တို့ သွားတုန်းက ၂၀၁၄ ဈေးနှုန်းတွေ နှင့် သွားတာပါ ။

ဒါပေမယ့် ၊ အဲဒီ Web Page မှာ ၊ အခု ၂၀၁၅ ဈေးနှုန်းတွေ နှင့် ဘဲ တွေ့ရပါတော့တယ် ။

ကြည့်ရတာ ဈေးနှုန်းတွေက ၊ နဲနဲစီ ပိုတက်သွားတာ တွေ့ရတယ် ။

ဒါပေမယ့် သိပ်အများကြီးတော့မတက်ပါဘူး ၊ ဒေါ်လှ ၅ဝ / ၁၀ဝ လောက်ဘဲ ပိုလာတာပါ ။

 

ရွာသူားတို့က ၊ အဲဒီ Web Page က Tour Brochure နှင့် တွဲပြီး ကြည့်မှာဆိုတော့ ၊

ကြည့်ရတာ အဆင်ပြေအောင် ၂၀၁၅ ဈေးနှုန်းတွေ နှင့် ဘဲ ရှင်းပြသွားပါ့မယ် ။

 

ရွာသူားတို့ အခေါ်အဝေါ် အသုံးအနှုန်းတွေ လုပ်ပုံကိုင်ပုံတွေ ဗဟုသုတ ရစေဖို့ အတွက် ၊

အဘတို့ ခရီးစဉ် ရွေးပုံ နှင့် အကြမ်ဖျင်း ကုန်ကျစရိတ် တွက်ပုံ ကို ရှင်းပြပါ့မယ် ။

 

” 10 Day Highlights of the US & Canada East Coast Tour “

 

1 အစား အသောက် နှင့် တခြား စရိတ်တွေ မပါသေးတဲ့ ၊ အခြေခံ ကုန်ကျစားရိတ် ။

1 အစား အသောက်  နှင့် တခြား စရိတ်တွေ မပါသေးတဲ့ ၊ အခြေခံ ကုန်ကျစားရိတ် ။
1 အစား အသောက် နှင့် တခြား စရိတ်တွေ မပါသေးတဲ့ ၊ အခြေခံ ကုန်ကျစားရိတ် ။

 

အဲဒီ အမေရိက အရှေ့ခြမ်း ၁ဝ ရက် ခရီးစဉ်အတွက် ၊

အသွား အပြန် လေယာဉ် လက်မှတ် ပါ အပါအဝင် ၊

ဒါပေမယ့် ၊ အစား အသောက် မပါဝင်တဲ့ ၊

တခြား စရိတ်တွေလဲ မပါသေးတဲ့ ၊ အခြေခံ Basic ကုန်ကျစားရိတ် ကို ၊

 

၂ ယောက်ခန်း Twin Share မှာ နေမယ်ဆိုရင် တစ်ဦးချင်းစီကို ဒေါ်လှ ၄၁၉၉ ကျပါမယ် ။

၃ ယောက်ခန်း Triple Share မှာ နေမယ်ဆိုရင် တစ်ဦးချင်းစီကို ဒေါ်လှ ၃၉၉၉ ကျပါမယ် ။

၄ ယောက်ခန်း Quad Share မှာ နေမယ်ဆိုရင် တစ်ဦးချင်းစီကို ဒေါ်လှ ၃၈၉၉ ကျပါမယ် ။

 

OK ပါ ၊ အဘ တို့က ၂ ယောက်ခန်း ယူရတာပေါ့နော် ။

 

အခု Additional အပိုဆောင်း ကုန်ကျစားရိတ် တွက်ပုံတွေ ပြမယ် ။

 

1 “ Admission Package ” နှင့် “ Optional Tour Package ” ။

1 “ Admission Package ” နှင့် “ Optional Tour Package ” ။
1 “ Admission Package ” နှင့် “ Optional Tour Package ” ။

 

“ Admission Package ”

1. West Point Guided Tour,

2. Niagara Falls IMAX Movie,

3. Liberty Cruise, Skylon Tower,

4. Maid of the Mist Boat,

5. Canadian National Tower,

6. Corning Glass Museum,

7. Thousand Island Cruise,

8. Observation Deck at Empire State Building,

9. Washington DC afternoon Guided Tour.

 

အပေါ်က ပြထားတဲ့ ( ၉ ) နေရာတွေ ဝင်ခွင့် / တက်ခွင့် / စီးခွင့်တွေအတွက် ၊

ခရီးသည် တစ်ဦးချင်းစီကို Admission Package ကြေး ဒေါ်လှ ၂၈ဝ စီ ထပ်ပေးရပါမယ် ။

အွန် ၊ အဲဒီနေရာတွေက မဝင် / မစီး လို့မှ မဖြစ်တာကွယ် ။ အဲဒါကို ဝယ်လိုက်ပါတယ် ။

 

အောက်က “ Optional Tour Package ” ဖြစ်တဲ့ ၊ ဒေါ်လှ ၁၉၉ ကျမယ့် ၊

Broadway Show ပွဲ ကြည့်ခွင့် နှင့် NBA Basket Ball ပွဲ ကြည့်ခွင့် ကိုတော့ ၊

Broadway Show ပွဲ က မဆိုးပေမယ့် ၊ နဲနဲ စိတ်ဝင်စားမိပေမယ့် ၊

NBA Basket Ball ပွဲ ကို သိပ် Feeling မလာတာနှင့် ၊ မဝယ်ပါဘူး ။

နို့ ၊ ဘတ်စကက်ဘောပွဲတွေ မှာ အမှတ်တွေ ဘယ်လိုပေးမှန်းတောင် သိမှ မသိတာရယ် ။

 

1 “ Optional Meal Deal ” နှင့် “ Hawaii Stopover ” ။

1 “ Optional Meal Deal ” နှင့် “ Hawaii Stopover ” ။
1 “ Optional Meal Deal ” နှင့် “ Hawaii Stopover ” ။

 

“ Optional Meal Deal ” ( တစ်ဦးကို ဒေါ်လှ ၃၈ဝ စီ )

ဒီကောင်က ခရီးစဉ် တစ်လျှောက်လုံး အစား အသောက် တွေပေါ့ ။

( 7 breakfasts, 1 lunch at Skylon Tower Revolving Dinner Room, 5 dinners )

အွန် ၊ သူတို့ ကြိုစီစဉ်ထားတဲ့အတိုင်း မစားရင် ၊ အဆင်မပြေလောက်ဘူးရယ် ။

အဲဒီတော့ကာ ၊ အဲဒီ ဒေါ်လှ ၃၈ဝ တန် အစား အသောက် Deal လဲ ဝယ်ရမှာဘဲ ။

 

အဲ ၊ အောက်က “ Hawaii Stopover ” ၊

ဟာဝိုင်ရီကျွန်း ကို အပြန်မှာ ဝင်လည်မယ့် ကိစ္စ ကိုတော့ ၊

နောက်မှ ဟာဝိုင်ရီ ကို သပ်သပ် တစ်ခေါက်သွားဖို့ စိတ်ကူးရှိတာမို့ ၊ မယူဖြစ်ဘူး ။

 

“ Optional Tour Extensions ”

 

1 Optional Tour Extension – အပြန် Las Vegas မှာ ၃ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။

1 Optional Tour Extension - အပြန် Las Vegas မှာ ၃ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။
1 Optional Tour Extension – အပြန် Las Vegas မှာ ၃ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။

 

1 Optional Tour Extension – အပြန် Los Angeles မှာ ၃ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။

1 Optional Tour Extension - အပြန် Los Angeles မှာ ၃ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။
1 Optional Tour Extension – အပြန် Los Angeles မှာ ၃ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။

 

1 Optional Tour Extension – အပြန် San Francisco မှာ ၂ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။

1 Optional Tour Extension - အပြန် San Francisco မှာ ၂ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။
1 Optional Tour Extension – အပြန် San Francisco မှာ ၂ ည အိပ်ရင် ဒေါ်လှ ၄၈၉ ထပ်ပေးရမယ် ။

 

US East Coast က အပြန်မှာ ၊

Las Vegas ၊ San Francisco ၊ Los Angeles မြို့တွေ ကို ဝင်လည်တဲ့ Optional Tour Extensions ။

 

လေယာဉ် စရိတ်ပါ အပါအဝင် ၊ တစ်မြို့ ဝင်ရင် တစ်ယောက်ကို ဒေါ်လှ ၄၈၉ စီ ထပ်ပေးရမယ် ။

Las Vegas နှင့် Los Angeles မြို့တွေဆို စရိတ် သက်သာလို့ ၃ ည တည်းလို့ ရမယ် ။

San Francisco မြို့ကတော့ စရိတ် ကြီးလို့ ၂ ညဘဲ တည်းလို့ ရမယ် ။

 

အဲဒီမှာ ၊ Las Vegas ကတော့ ၊ မသွား မဖြစ် မြို့ ဆိုတော့ ၊ ရွေးလိုက်တယ် ။

Los Angeles မြို့ ကိုတော့ ၊ နောင် Hawaii ကိုလာမှ တွဲလာမယ် စဉ်းစားထားတော့ ၊

ဒီတစ်ခေါက်တော့ Golden Gate တံတားကြီး ရှိတဲ့ San Francisco မြို့ကို ရွေးလိုက်တယ် ။

အဲဒီတော့ ၊ ဒီတစ်ခေါက် အပြန်မှာ Las Vegas နှင့် Los Angeles မြို့ ဝင်မယ် ။

 

1 “ Airline upgrade ” ။

1 “ Airline upgrade ” ။
1 “ Airline upgrade ” ။

 

“ Airline upgrade ”

နောက်ဆုံးက ခရီးစဉ် တောက်လျှောက် စီးရမယ့် Airline လေယာဉ် ။

ပုံမှန်အတိုင်း သွားရင် / ပိုက်ဆံ ထပ်မပေးရင် United Airlines နှင့်စီးရမယ် ။

( အဲဒီ United Airlines က ဈေးပေါပြီး Service နည်းတယ် ပြောတယ် )

Virgin Australia / Delta Air Line စီးချင်ရင် ဒေါ်လှ ၂၇၅ စီ ထပ်ပေးရမယ် ။

Qantas Air Line စီးချင်ရင် ဒေါ်လှ ၄၇၅ စီ ထပ်ပေးရမယ် ။

 

အဲဒါနှင့် ၊ နဲနဲလေး ပိုကောင်းတယ် ဆိုတဲ့ Virgin Australia / Delta Air Line ကိုဘဲ ရွေးလိုက်တယ် ။

 

အဲ နောက်တစ်ခု ကျန်သေးတာ က ၊

Tour manager and driver service fees / tips ( $180 payable prior to departure )

ဒါက မပေးမနေရ Mandatory Tip Money ပေါ့ တစ်ယောက်ကို ဒေါ်လှ ၁၈ဝ ကြိုပေးထားရတာ ။

 

နောက် မဝယ် မဖြစ် တစ်ခုကတော့ Travel Insurance ခရီးသွား အာမခံ ပါ ။

Unlimited Medical Cover ဝယ်လိုက်တယ် ။

တစ်ယောက်ကို ဒေါ်လှ ၂၅ဝ စီလောက် ကျတယ် ။

 

အဲဒီလောက် ရွေးပြီး / ပေးပြီး သွားပြီ ဆိုရင်တော့ ၊ အကြမ်းဖျင်း အားလုံး ပြီးပြီ ပေါ့နော် ။

အဲဒီမှာ ပိုက်ပိုက်တွေ ပေးပြီးတာနှင့် ၊ Tour Company က Detail Itinerary ပို့ပေးလိုက်ပြီ ။

 

အောက်ကဟာကတော့ ၊ အဘတို့ ရဲ့ အမေရိကန် ကနေဒါ ခရီးစဉ် Detail Itinerary ပါ ။

 

အဘတို့ရဲ့ ဒီ ခရီးစဉ်ဟာ Sydney ကနေ 03-05-2014 မှာ စထွက်ပြီး ၊

17-05-2014 မှာ Sydney ကို ပြန်ရောက်ပါမယ် ။

 

1 အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား ။

1 အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား ။
1 အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား ။

 

 

10 Day Highlights of the US & Canada East Coast Tour

Departure Date: Saturday 03 May 2014

Number of Passengers: 2

Departure City: Sydney

Room: 1 Double Room ( Twin Share )

E-ticket Numbers: 795-4618739896 & 795-4618739894

 

Additions:

– Meal Package x ( 2 ),

– Admissions Package x ( 2 ),

– 4D3N Las Vegas Add-on Extension Package x ( 2 ),

– 3D2N San Francisco Add-on Extension Package x ( 2 ),

 

Day 01 | 03 MAY 2014 | Sydney . Los Angeles . New York Newark

(VA001 SYD-LAX 1340-1025 | VX166 LAX-EWR 1255-2120)

Holiday Inn Clark Newark (Add: 36 Valley Rd, Clark, NJ 07066/Tel: +1 732-574-0100)

Fly to New York Newark Airport via Los Angeles. On arrival in New York, the tour guide,

Dean will pick you up at the arrivals hall with the ‘Nexus Holidays’ sign and transfer you to the tour hotel.

 

Day 02 | 04 MAY 2014 | West Point Academy/Woodbury Premium Outlet

Holiday Inn Clark Newark (Add: 36 Valley Rd, Clark, NJ 07066/Tel: +1 732-574-0100)

Drive north to West Point Academy (United States Military Academy), probably the most well-known of all commissioning programs and take a guided tour to experience the sweep of America’s history. Then spend a few hours at the best and largest premium outlet in the world – Woodbury Premium Outlet to shop until you drop. Spend tonight at your own leisure and arrangement.

 

Day 03 | 05 MAY 2014 | New York City

Holiday Inn Clark Newark (Add: 36 Valley Rd, Clark, NJ 07066/Tel: +1 732-574-0100)

Today, enjoy a tour of the city’s most famous sights: boat ride to Liberty Island to see the most famous landmark of the country – the Statue of Liberty. Continue onto the Financial District, the observation deck at Empire State Building, Times Square and Fifth Avenue. Spend tonight at your own leisure and arrangement.

 

Day 04 | 06 MAY 2014 | Philadelphia – Washington DC

Metro Points Hotel (Add: 8500 Annapolis Road, New Carrollton MD 20784/Tel: +1 301 459 6700)

Follow the footsteps to independence in Philadelphia and see the Liberty Bell. The afternoon is free or join an optional tour to visit the U.S. Capitol*, the meeting place of the United States Congress, the legislature of the federal government of the United States (subject to clearance), view the White House from a distance and visit the Lincoln Memorial and the nearby Korean and Vietnam War Memorials.

 

Day 05 | 07 MAY 2014 | Washington DC – Hershey Chocolate Factory – Corning Glass Museum – Niagara Falls Area

Wyndham Garden Hotel Niagara Falls (Add: 6170 Stanley Avenue, Niagara Falls, Ontario Canada/Tel: 800-207-4421)

Head north to Hershey and visit the famous Hershey Chocolate World to learn how chocolate is made and taste their latest product. In the afternoon visit the largest glass museum in the world – Corning Glass Museum and watch the live glass-making show. This evening, cross the border and proceed to the Canadian side of the Niagara River in the province of Ontario.

 

Day 06 | 08 MAY 2014 | Niagara Falls – Toronto

Delta Hotel Toronto East (Add: 2035 Kennedy Road Toronto, Ontario/Tel: +1 416-299-1500)

This morning, board the Maid of the Mist for a thrilling boat ride to view the thundering falls from river level. Then watch an IMAX movie “Legends and Daredevils” to learn about Niagara Falls’ incredible stories. At noon enjoy an optional signature lunch at Skylon Tower Revolving Dining Room offering the panoramic views of the whole Niagara Falls region. Continue on to the largest city in Canada – Toronto and enjoy a visit to the top of the famous landmark CN Tower, one of the Seven Modern Wonders of the World, for great views of Toronto’s harbor and skyline.

 

Day 07 | 09 MAY 2014 | Toronto – Thousand Islands – Albany

Holiday Inn Express Downtown Albany (add: 300 Broadway, Albany, NY 12207/Tel: +1 518-434-4111)

Drive to Thousand Islands, situated between Canada and the United States along the St. Lawrence River. There are actually 1,864 individual islands that dot the region. Take a cruise in the Canadian Thousand Island region, which features the more famous sights and views of Thousand Islands, including the renowned and romantic Boldt Castle. Then, cross the border at Thousand Islands Bridge and enter the United States. Continue onto Albany, the capital of New York State.

 

Day 08 | 10 MAY 2014 | Albany – New York JFK . Las Vegas (Day 01)

(DL1629 JFK-LAS 1755-2031)

Stratosphere Casino, Hotel & Tower (Add: 2000 S Las Vegas Blvd, Las Vegas, NV 89104, United States/Tel: +1 702-380-7777)

This morning, visit New York State Museum to learn the state’s cultural history through exhibits of Native American art and crafts, modern architecture and the evolution of New Yorkers’ lifestyles. Continue south into New York City and on to Newark Airport for the conclusion of the tour and for your connecting flights to Las Vegas. Make sure you collect your Las Vegas and San Francisco return transfer vouchers from Dean, the tour guide before departure.

 

Day 09 | 11 MAY 2014 | Las Vegas (Day 02)

Stratosphere Casino, Hotel & Tower (Add: 2000 S Las Vegas Blvd, Las Vegas, NV 89104, United States/Tel: +1 702-380-7777)

Spend the day in Las Vegas at your own leisure. Make sure you call the transfer company today to make a reservation for your transfers on the 13 May 2014. Reservations must be made at least 24 hours prior to departure, otherwise the voucher may be deemed invalid.

 

Day 10 | 12 MAY 2014 | Las Vegas (Day 03)

Stratosphere Casino, Hotel & Tower (Add: 2000 S Las Vegas Blvd, Las Vegas, NV 89104, United States/Tel: +1 702-380-7777)

Spend the day in Las Vegas at your own leisure

Day 11 | 13 MAY 2014 | Las Vegas (Day 04) . San Francisco (Day 01)

(Flight Details will be provided closer to the date of departure)

Hotel Fusion (Add: 140 Ellis St, San Francisco, CA 94102 /Tel: +1 415-568-2525)

Check out of your hotel this morning and you are welcome to leave your luggage at the front desk while you spend the day at leisure. Head back to the hotel to pick up your bags and transfer to Las Vegas McCarran International Airport to board your connecting flights to San Francisco. Upon arrival in San Francisco, use your transfer vouchers to transfer to the hotel from the airport. Make sure you call the transfer company today to make a reservation for your transfers on the 15 May 2014. Reservations must be made at least 24 hours prior to departure, otherwise the voucher may be deemed invalid.

 

Day 12 | 14 MAY 2014 | San Francisco (Day 02)

Hotel Fusion (Add: 140 Ellis St, San Francisco, CA 94102, United States/Tel: +1 415-568-2525)

Spend the day in San Francisco at your own leisure.

 

Day 13 | 15 MAY 2014 | San Francisco . Los Angeles . Sydney

(DL5853 SFO-LAX 1800-1923 | DL6798 LAX-SYD 2210-0615+2)

Check out of your hotel this morning and you are welcome to leave your luggage at the front desk while you spend the day at leisure. Head back to the hotel to pick up your bags and transfer to San Francisco International Airport to board your homebound flights to Sydney.

 

Day 14 | 16 MAY 2014 | In Flight

 

Day 15 | 17 MAY 2014 | Arrive Sydney

 

တော်သေးဘီ ။

 

အဘဖေါ ( F R ) ။

11 comments

  • ဦးဦးပါလေရာ

    July 11, 2014 at 12:33 pm

    .တစ်ယောက် 7000 လောက် မြောက်သွားတာပေါ့…
    .ကျုပ်များဖြင့် တဝက်ဈေးနဲ့ ချပေးရင်လဲ မသွားနိုင်ပေါင်ဗျာ…
    :mrgreen:

    ဒီခရီးစဉ်ကတော့ ပိုပြီး စိတ်ဝင်စားစရာကောင်းမယ်…
    ဖြစ်နိုင်သမျှ ဒီတေး လေး ရေးပါ ကိုဖေါရေ…

    • Foreign Resident

      July 14, 2014 at 1:21 pm

      ဦးဦးပါလေရာ says:
      ” တစ်ယောက် 7000 လောက် မြောက်သွားတာပေါ့ ”

      ဦးပါရေ ။
      အဲဒီ 7000 လောက်ထဲမှာ နေ့လည်စာတွေ အားလုံးနီးနီး နှင့် ညစာ တစ်ချို့ မပါသေးဘူး ။
      နောက်ပြီး Las Vegas နှင့် Los Angeles မြို့တွေမှာက ၊
      ဟော်တယ်ခဘဲ ပါသဗျ ။ ကျန်တဲ့ စရိတ်အကုန် ကိုယ့်ဖာသာပေးရမှာလေ ။
      အဲဒီတော့ကာ အထွေထွေ လည်စရိတ် စားစရိတ် နောက် ၁၀၀ဝ နီးနီး ထပ်လိုက်ရတယ် ။

      ဒါတောင် Premium Outlet တွေမှာ ဝက်ဝက်ကွဲ ဈေးဝယ်ကြတာ မပါသေးဘူး ။

      ဟီ ဟိ ၊ အမေရိက သွားတာ ၊ လျှောက်လည်ဖို့ သွားတာဟုတ်ဖူးရယ် ။
      ဈေးဝယ်ဖို့ Shopping Tour သွားတာ ။
      ဩဇီထက်စာရင် ၊ အမေရိက က အစစ အရာရာ အရမ်း ဈေးပေါတယ် ။
      ကျနော် ဆိုရင် နောက် ၂ နှစ်စာလောက် အတွက် အဝတ်တွေ ဝယ်ခဲ့တယ် ။
      မိန်းမ ဆိုရင်လည်း လက်ကိုင်အိတ်တွေ ဝယ်တာ တစ်ဒါဇင် လောက်ရှိတယ် ။

      • kai

        July 14, 2014 at 1:24 pm

        ချွန်တွန်းပြောဦးမယ်.
        မနေ့ညက.. ဂျေမောင်မောင်တို့.. မခိုင်တို့.. မြန်မာပြည်ပြန်တယ်..။
        သေတ္တာအလုံး၂၀..တဲ့..။

        လက်ဆောင်သွားတောင်းကြ..။ :mrgreen:

  • kai

    July 11, 2014 at 5:21 pm

    ဒီနှစ်ပိုင်းထဲ.. မြန်မာပြည်က.. ယူအက်စ်ကို.. အသုတ်လိုက်လာနေကြသဗျ..
    ၅ထောင်ဆိုလား.. ရထောင်ဆိုလားပဲ..။ ဗီဇာကိစ္စက အစတာဝန်ယူပါတယ်တဲ့..။

    ပြောသာပြောတာ..
    ကျုပ်မှာ.. အဲဒီအဘဖောခရီးအတိုင်းတောင် မရောက်ဖူးသေး..။

    ဒါပေမယ့်.. ပြီးခဲ့တဲ့ တပါတ်ကတင် လပ်စ်ဗေးဂတ်နဲ့..ယူတား(ဇိုင်ယွင် ကင်ညွှန်)က ၃ရက်ခရီးပြန်လာတာ…
    လွတ်လပ်ရေးပိတ်ရက်.. 4th July နေ့မတိုင်ခင်သွားပြီး လပ်စ်ဗေးဂတ်မှာတည်းသမို့.. တည.. ၁၂ဝတန်ဟော်တယ်ကို ပေါချေင်ကောင်းဈေး. ၂၈ဒေါ်လှနဲ့ရခဲ့သဗျ…

    အဲဒါလေး…။ :mrgreen:

  • Ma Ma

    July 11, 2014 at 6:10 pm

    ခရီးစဉ်မစမီ စီစဉ်ရတာတွေကို စိတ်အရှုပ်ဆုံးပဲ။
    (ဘတ်ဂျတ်ကိစ္စက ပိုဆိုးသေး) 😀
    ခရီးတလျှောက်လိုက်ပြီး စားရ ကြည့်ရတာတွေကိုပဲ စိတ်ဝင်စားလို့ နောက်အပိုင်းတွေကို စောင့်လိုက်အုံးမယ်။
    🙂

  • kyeemite

    July 14, 2014 at 1:32 pm

    စီစဉ်ရတာမီလွယ်ပါလားဗျ…အင်း..ဒါတောင် ကိုရင်ဖေါပြောသလို ဆစ်ဒနီကစီစဉ်တာမို့တော်သေးတာနော…
    အိုကေပါဗျာ..ခီများတို့လင်မယားနဲ့အတူ ခရီးစဉ်ကို(ဖရီး) လိုက်ပါဖို့အသင့်ပါပဲ 😀

  • Ma Ei

    July 14, 2014 at 1:35 pm

    လှပတဲ့ ရှုခင်း ဓာတ်ပုံတွေ စောင့်ကြည့်ပါဦးမည်…
    🙂

  • ဇီဇီ

    July 14, 2014 at 7:57 pm

    ကနေဒါ သွားရတော့မ ဟေဟေ့။
    မြစ်တို့၏ မာယာမှာ ကိုမိုးဝေ သွားကတည်းက လိုက်သွားချင်သောနေရာ။
    :mrgreen:

    Niagara Falls လဲမြင်ဖူးချင်သားးးး
    နစ်ကိုးကစ်မင် ဆံပင်ကောက်က နိုင်အာဂရာ ဖော က လှိုင်းလို ကောက်တာတဲ့။

    ခိ။ :mrgreenn:

    ဆိုင်ကို အဲ ရေတံခွန်ပုံယူသွားပြီး ကောက်ခိုင်းအူးမှ။
    လိုက်ခဲ့ဖို့ စောင့်နေမယ် အဘရေ။

  • black chaw

    July 15, 2014 at 12:52 pm

    သင့်အား မြန်မာပြည်မှ အလိုရှိသည် လို့ပဲ
    ပြောခဲ့ပါရစေဗျာ…။
    :mrgreen:

  • ရွှေတိုက်စိုး

    July 15, 2014 at 4:46 pm

    ကျွန်တော်ဖြင့် အဲလိုပေါ်တာ မိချင်စမ်းဘာဘိ….. ဆက်လှုပ်ရှားအုံးနော် အဲဒီ ပေါ်တာကြီး စောင့်နေမယ်… သိချင်လှဘီ….. ဒီတသက် ဒီနိုင်ငံ ဒီကုမ္ပဏီက ပေးတဲ့ လစာနဲ. ရောက်နိုင်မယ်မထင်…… ခွိ

  • NAJA

    July 16, 2014 at 8:32 pm

    ခရီးအသစ်တစ်ခုစပြီဆိုတော့ နှုတ်ဆက်ချင်လို့ပါ ဘဖော
    အသေးစိတ်ရှင်းပြတာတွေအတွက် ကျေးဇူးတင်ပါကြောင်း
    ခရီးစဉ်တိုင်းဖတ်နေပါကြောင်း
    စဉ်းစားကြစေလိုပါတယ် အခန်းဆက်ကိုလဲ ခေါင်းစဉ်ကောင်းတွေ့တိုင်း ရေးစေချင်ကြောင်းနဲ့
    ဘဖော ကျန်းခန့်သာလို့မာပါစေကြောင်း နှုတ်ဆက်ပါတယ်

Leave a Reply