ရယ်ရယုံ (၃၂)

etoneAugust 14, 20101min470

ထိန်းမလား
” မင်းအိမ်ထောင်ပြုဖို့သင့်ပြီ၊ ငါတို့အရပ်ထဲက
သူဌေးမကြီးကသမီးလေးတယောက်တည်းရှ

ိတာ ”
” ဟုတ်လား ”
” သူကသူ့သမီးလေးကို စောင့်ရှောက်မယ့်သူဆိုရင် သဘောကျမယ်လို့ပြောနေတာ ”
” သူ့သမီးက ဘယ်အရွယ်လောက်ရှိပြီလဲ ”
” ခြောက်လ ”

ဂုဏ်ရှိစေရမယ်
” မင်းက အန်တီသမီးကို မေတ္တာရှိလို့ဆို ”
” ဟုတ်ပါတယ်ခင်ဗျာ ”
” အန်တီရဲ့သဘောထားကိုပြောပြမယ်၊ အန်တီက သမက်အတွက်ဂုဏ်မငယ်ချင်ဘူးကွယ် ”
” အဲဒီအတွက်တော့စိတ်ချပါခင်ဗျာ၊ အန်တီရဲ့ချမ်းသာကြွယ်ဝမှုကို
ခုကတည်းကကျွန်တော် ပြောနေတာပါ ”

သူပြင်ကိုယ်ပြင်
ဒေါ်စိန်ဥက မနက်အစောမှာတော့ အသုတ်စုံရောင်းတယ်။ မဗျိုင်းကအသုတ်လာစားရင်း….
” ပေါ့နေလို့ ဆားလေးထည့်ပေးပါဦး…
ငန်သွားလို့မုန့်ဖတ်ကလေးနည်းနည်းလောက်….
ခြောက်တောက်တောက်ကြီးဖြစ်သွားပြီ၊ ဟင်းရည်ကလေးထည့်ပေးပါဦး…
နယ်လို့ကောင်းအောင် ပဲမှုန့်ကလေးထည့်ပေးပါဦး…
အစာတွေကများသွားပြီ၊ မုန့်ဖတ်ကလေးထည့်လိုက်ပါဦး… ”
ဆိုပြီးစားလိုက်၊ ပြင်ခိုင်းလိုက်၊ ထည့်ခိုင်းလိုက်နဲ့ဝဝစားရအောင်လုပ်တယ်။
စားလို့ဝတော့မှ ထရပ်ပြီး ၅၀ဝတန် ထုတ်ပေးတယ်။ ဒေါ်စိန်ဥက ၁၀ဝတန်ပြန်အမ်းတယ်။
အဲဒီတော့မဗျိုင်းက….
” အသုတ်က ၂၀ဝ မဟုတ်လား…. ”
” ၄၀ဝလေ၊ ညည်းစားတဲ့အသုတ်ကတောင် ခဏခဏပြင်သေးတာပဲ၊
ငါယူမယ့်ဈေးလဲပြင်ရမှာပေါ့ ”

အံကျပဲ
” မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို ”
” ဟုတ်ပါတယ်ခင်ဗျာ ”
” ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ
စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊
၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ ”
” အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က
စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ… ”

စိုးရိမ်လို့
” တော်သေးရဲ့ကွာ၊ ငါ့မိန်းမကအထက်ပိုင်းမှာနေလို့၊
မုန်တိုင်းဧရိယာထဲသာဆိုမလွယ်ဘူး ”
” မင်းက မိန်းမအတွက်စိုးရိမ်တယ်ပေါ့လေ ”
” နယ်မြေအတွက်စိုးရိမ်လို့ပါကွာ သူ့လေအားကလဲသေးတာမဟုတ်ဘူး ”

ကြည့်ပါတယ်
သူဌေးရုံးခန်းထဲကို ဝင်လာတဲ့အချိန်မှာ စာရေးမတစ်ယောက်ကိုမတွေ့လို့
သူ့ရုံးခန်းထဲရောက်တော့ မန်နေဂျာ ကိုခေါ် ပြီး
” အလယ်စားပွဲမှာထိုင်တဲ့စာရေးမလာသလား ”
” လာပါတယ် ”
” ကျုပ်ဝင်လာတေ့ာမတွေ့ပါလား ”

ဖွင့်မယ်
” မန်နေဂျာကြီးလာပါဦး ”
” ပြောပါသူဌေး ”
” ရှေ့ခန်းမှာစာရေးမဘယ်လောက်ခန့်ထားလဲ ”
” ၁ဝယောက်ပါ ”
” အင်း ၁ဝယောက်ဆိုတော့ ကျုပ်အခန်းထဲမှာနေရာပေးဖို့ဆံ့မှာမဟုတ်ဘူး၊ ဒီတော့
လက်သမားဆရာခေါ်ဗျာ ”
” ဘာလုပ်မှာလဲဆရာ ”
” ခန်းဆီးတွေဖြုတ်ခိုင်းမလို့ ”

အတွင်းပစ္စည်း
ဦးသာဝဆိုင်ထိုင်နေတုန်း ကောင်မလေး၂ယောက်ရောက်လာပြီး
” မေမေဥရှိလား ”
” ရေချိုးနေတယ်၊ ဈေးဝယ်မလို့ဆို ငါရောင်းတတ်ပါတယ် ”
” မေမေဥမှသိမှာ ”
” ငါလဲ တစ်ဆိုင်လုံးသိပါတယ် ကဲ ပြောဘာဝယ်မလဲ ”
” အတွင်းပစ္စည်းဝယ်ချင်လို့ ”
အဲသည်အချိန်မှာ ဒေါ်စိန်ဥကရေချိုးရာက လှမ်းအော်တယ်။
” ကိုသာဝ တော်မသိဘူး၊ လစဉ်သုံးပစ္စည်း၊ အတွင်းပစ္စည်းတို့ဆိုတာ ကျုပ်မှသိတာ ”

ဘာမှားလဲ
” ကိုသာဝ ”
” ဘာလဲကွ ”
” ဒီနေ့ဘယ်နှစ်ရက်လဲ ”
” ၈ရက်လေ ”
” ဒါဖြင့် ဘာလို့၉ရက်နေ့နေ့စွဲနဲ့ မဖော့အကြွေးယူ ကျပ်၃၅ဝလို့မှတ်ထားရတာလဲ၊
တော့်ကိုအကြွေးမရောင်းပါနဲ့ လို့ကျုပ်မှာထားသားပဲ၊
ဟိုမှာဆိုင်းဘုတ်လဲချိတ်ထားတယ် ”
” မင်းဆိုင်းဘုတ်က ယနေ့အကြွေးမပေးပါလေ ”
” ဟုတ်တယ်လေ မမြင်ဘူးလား ”
” အဲဒါကြောင့် မဖော့ကနက်ဖြန်စာရင်းထဲမှတ်ပေးပါဆိုပြီးပြောလို့
ပေးလိုက်တာပေါ့၊ ငါဘာမှားလို့လဲ ”

ကြိုတင်မှာပါ
ဟိုတယ်တခုတွင် တည်းခိုနေသောဧည့်သည်တဦးက
နံနက်စာစားသုံးရန်စားသောက်ခန်းမသို့ရောက်ရှိလာခဲ့ သည်။
” စားပွဲထိုးလေးလာပါဦး ”
” ဟုတ်ကဲ့ လာပါပြီ ”
” နံနက်စာစီစဉ်ပေးပါဦး ”
” ဟုတ်ကဲ့ လိုအပ်တာမှာပါခင်ဗျာ ”
” ကြက်ဥကြော်၊ ကော်ဖီတစ်ကရား၊ ပေါင်မုန့်မီးကင်သုံးချပ်၊
သိုးသားဟင်းတစ်ပွဲ၊ ပန်းသီး၊ ရေနွေးကြမ်း၊ ပေါင်မုန့်အလွတ်သုံးချပ်
ငါးမိနစ်အတွင်းရအောင် စီစဉ်ပေးပါ။ မြန်မြန်လေးနော်… ”
” ဒီလောက်အမျိုးအစားတွေကို ငါးမိနစ်အတွင်းရဖို့ဆိုရင်
တစ်ရက်လောက်ကြိုတင်မှာမှ ရနိုင်ပါတယ်ခင်ဗျာ။ ”

ရထားနောက်မကျအောင်
လန်ဒန်မြို့ ရထားဌာန၌ အလုပ်လာလျှောက်သူတစ်ဦးအား အရာရှိကလူတွေ့
စစ်ဆေးလေသည်။
” နာမည်ပြောပါ ”
” စမစ်လို့ခေါ်ပါတယ် ”
” မီးရထားလုပ်ငန်းအကြောင်းလေ့လာထားလား ”
” ဟုတ်ကဲ့ ”
” မြို့ပတ်ရထားတွေအမြဲနောက်ကျနေတာကို နောက်မကျအောင် ဘယ်လိုလုပ်မလဲ ”
အနည်းငယ်စဉ်းစားပြီးနောက်….
” မီးရထားအဝင်အထွက် အချိန်ဇယားကပ်ထားတာကို
ဖြုတ်ပြီးသိမ်းထားလိုက်ပါ့မယ်…”

မှန်မှန်ပြောစမ်းပါ
ကျန်းမာရေးမကောင်းသည့် ဇနီးသည်က သူ၏ခင်ပွန်းဖြစ်သူကို
စိုးရိမ်စိတ်ဖြင့်မေးမြန်းလေသည်။
” ရှင့်ကိုမေးစရာရှိတယ် ”
” ဘာများမေးစရာရှိလဲ နေကောင်းအောင်သာနေပါကွာ ”
” ကျွန်မမေးတာ အမှန်အတိုင်းဖြေရမယ်နော် ”
” အေးပါ ကဲ…. မေးလေ…. ”
” ကျွန်မသေသွားခဲ့ရင် ရှင်နောက်အိမ်ထောင်ပြုမှာမဟုတ်လား ”
” မင်းကလဲကွာ မဟုတ်တာ ”
” ကဲပါ မှန်မှန်ဖြေစမ်းပါ ”
” မင်းနဲ့တူတဲ့နောက်အမျိုးသမီးတစ်ယောက်ကိုတော့ ရှာယူမှာပါ ”

နှစ်၂ဝပြည့်
အိမ်ထောင်သက်နှစ်၂ဝပြည့်အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲပြုလုပ်ပြီးနောက်
ဇနီးသည်ကခင်ပွန်းဖြစ်သူအား မေး လေသည်။
” လွန်ခဲ့တဲ့နှစ်၂ဝဖြစ်တဲ့ဒီလိုနေ့မှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်နော် ”
” ဟုတ်တာပေါ့ ”
” အဲဒီနေ့တုန်းက ပျော်လိုက်တာ မင်္ဂလာပွဲလာတဲ့လူတွေလည်း အများကြီး ”
” အင်း… ဟုတ်တယ် ”
” အဲဒီနေ့ကိုဘယ်တေ့ာမှမမေ့ဘူး၊ ဝမ်းသာလွန်းလို့။ ရှင်ရော… ”
” ငါလည်းဘယ်တော့မှ မမေ့ပါဘူး ”
” ပျော်လွန်းလို့လား ”
” ငါ့ဘဝမှာ စိတ်ဆင်းရဲမှုစတင်ခဲ့တဲ့နေ့မို့လို့လေ။ ”

ပူဆွေးလိုက်ပုံက
အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ
သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း
အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။
ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း
အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
” မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ ”
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
” ကျွန်တော် ခင်ဗျားရဲ့ကို်ယ်ရေးကိုယ်တာပူဆွေးမှုကိုတော့
ဝင်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့
နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊
ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊
မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ ”
” ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ ”
” အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ ”
” သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က
သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ ”

ဟုတ်ကဲ့ဆရာ
အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးမကောင်းသော သူမ၏ခင်ပွန်းအားဆေးခန်းသို့
လိုက်ပြပေးလေသည်။ ခင်ပွန်းအား ဆေးစစ်မှုများပြုလုပ်ပြီးနောက်
ဆရာဝန်ကသူ၏ရုံးခန်းအတွင်းသို့ သူမအားခေါ်ကာခင်ပွန်းသည် အတွက်
တီးတိုးမှာကြားလေသည်။
” မင်းရဲ့ခင်ပွန်းဟာ စိတ်ဖိစီးပြီး စိတ်ကစဉ့်ကလျားရောဂါ
ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ တကယ်လို့သာ ငါ့ရဲ့ ညွှန်ကြားချက်ကို
ဂရုတစိုက်မလိုက်နာဘူးဆိုရင် မင်းရဲ့ခင်ပွန်းဟာ ကျိန်းသေပေါက်သေမှာပဲ ”
” ဟုတ်ကဲ့ဆရာ ”
” နံက်တိုင်းသူ့ကို ကျန်းမာရေးဓာတ်စာကျွေးရမယ်၊
အချိန်တိုင်းသူ့ကိုစိတ်ချမ်းသာအောင်ထားရမယ်၊ ညစာကို သူ့အတွက်
ကောင်းကောင်းပြင်ဆင်ချက်ပြုတ်ကျွေးမွေးရမယ်။ ”
” ဟုတ်ကဲ့ဆရာ ”
” ဝေယျာဝစ္စတွေနဲ့သူ့ကို ဝန်မပိစေနဲ့။ ပြသာနာတွေကိုလည်းသူနဲ့မဆွေးနွေးလေနဲ့၊
ဆွေးနွေးရင်သူ့အခြေအနေ ပိုဆိုးလာလိမ့်မယ်၊ သူ့ကို နားပူနားဆာမလုပ်နဲ့၊
အရေးကြီးဆုံးကတော့ သူ့ကိုအမြဲတမ်းချစ်ချစ်ခင်ခင်နေဖို့ပဲ၊ အဲဒီ လိုသာ
မင်းလိုက်နာခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း မင်းခင်ပွန်းရဲ့ကျန်းမာရေးဟာ
လုံးလုံးပြန်ကောင်းလာလိမ့်မယ်”
” ဟုတ်ကဲ့ဆရာ ”
အိမ်အပြန်လမ်းတွင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဤသို့မေးလေသည်။
” ဆရာဝန်က မင်းကိုဘာတွေပြောလိုက်လဲ ”
” ရှင်မကြာခင် သေရတော့မယ်လို့ပြောလိုက်တယ် ”