ကျွန်ုပ်နှင့် ရပ်ကွက်အတွင်းမှရန်ပွဲ

ရာမညJuly 12, 20141min21014

မိုးသဲသောနေ့တစ်နေ့၌
ကျွန်ုပ်နေထိုင်ရာဖြစ်လေသော ဆင်ခြေဖုန်းရပ်ကွက်လေးသည် ရေလွှမ်းခြင်းတို့ဖြင့် ရုတ်ရုတ်သဲသဲဖြစ်လေသည် ။
ကျွန်ုပ်၏အိမ်မှာ အနည်းငယ်မြင့်နေ၍လည်းကောင်း ၊ ကုန်းမြင့်ပိုင်းတွင်ရှိနေသောကြောင့်လည်းကောင်း ရေဘေးဒုက္ခမှ ဝေးခဲ့သည် ။
သို့သော် ရပ်ကွက်အတွင်းရှိ လူပေါင်းများစွာ၏ ဖြစ်ရပ်များကိုမူ တွေ့မြင်နေရလေတော့သည် ။

ကျွန်ုပ်အိမ်၏မျက်စောင်းထိုးလောက်တွင် အကြော်သည် မိစန်း နေထိုင်သည် ။ ကျွန်ုပ်၏ ခြေရင်းဖက် တစ်အိမ်ကျော်တွင်မူ ဆိုက်ကားဆရာ ဂျိုပိန် နေထိုင်လေသည် ။

ကျွန်ုပ်အိမ်ခေါင်းရင်ပိုင်းတွင် သာဂဒိုး ဟုခေါ်သော အထူအပါးနားမလည်သော သူတစ်ဦးနေလေသည် ။
ယခု စာပါအကြောင်းအရာတို့မှာ ထိုသူတို့၏ ဖြစ်ရပ်များကိုရေးသားဖေါ်ပြမည်ဖြစ်သဖြင့်
၎င်း တို့၏စိတ်နေသဘောထားကို ဦးစွာဖေါ်သင့်ပေသည် ။

ဂျိုပိန် ^^
ဂျိုပိန် ဟု နာမည်တွင်သည့်အတိုင်း လွန်စွာ ပေကပ်ကပ်နိုင်လေသည် ။
အကြောင်းအရာတစ်ခု ပေါ်လာပြီဆိုပါက မိမိအမှန် မိမိသာလျှင်နားလည်ကြောင်း တတ်ကြောင်း တော်ကြောင်း များကို
လူရှေ့သူရှေ့၌ ကြွားဝါတတ်လေသည် ။
လွန်လေပြီးသောအတိတ်ကာလတစ်ခုက စာတတ်မြောက်ရေးလှုပ်ရှားမှုဖြစ်သော အသုံးလုံး သင်တန်းတွင် ဆရာဖြစ်ဖူးသောကြောင့် အထက်စည်းမှ ဆက်ဆံစကားပြောခြင်း ၊ တခြားရပ်ကွက်သားများကို မတူမတန်ထင်မှတ်ပြီးလျှင် ရင့်ရင့်သီးသီးပြောဆိုခြင်း ၊ ၆ပေ မျှရှိသောအရပ်အားကိုးဖြင့် အားလုံးကိုငုံ့ကြည့်တတ်ခြင်းတို့မှာ ဂျိုပိန်၏
အမူအကျင့်များဖြစ်လေတော့သည် ။
၎င်း ကို အားနာသောကြာင့် မည်သု့ီမှပြန်မပြောကြသော်လည်း လူတချို့မှာ တဖက်လှည့်၍ပြုံးသွားကြလေသည် ။
တစ်ချို့ကား မဲ့ကြရွဲ့ကြလေသည် ။
ဂျိုပိန်၏ နောက်ထပ်အရည်အခြင်းတစ်ခုမှာ အလှူခံမဏ္ဍတ်တွင် နိဗ္ဗာန်ဆော်အဖြစ် အော်တတ်ခြင်းဖြစ်သည် ။
ငယ်ရွယ်စဉ်က ဘုန်ကြီးကျောင်းတွင် လုပ်အားပေးလုပ်ခဲ့ဖူးသောကြောင့် ပါဠိပါတ်သားများ ဇတ်တော်များကို တီးခေါက်မိသည့်အားလျော်စွာ အယူဝါဒပြိုင်ဖက်ငြင်းပြီဆိုပါက အနိုင်ရတတ်လေသည် ။
ထို့ကြောင့် ၎င်း ဂျိုပိန်မှာ သူ့ကို လူအများအထင်ကြီးလေးစားနေသည်ဟု ဘဝင်လေဟတ်ပြီးလျှင် စိတ်ကြီးဝင်လျှက် ရှိလေ၏ ။

မိစန်း ^^
မိစန်း ၏နာမည် အပြည့်အစုံမှာ စန်းစန်းတင့်ဖြစ်သည် ။
အကြော်ရောင်းရင်း မိသားစုဝမ်းရေးကိုဖြေရှင်းနေသူတစ်ဦးဖြစ်ပြီးလျှင် လွန်စွာမှ နှုတ်သီးထက်သောသူဖြစ်လေသည် ။
မဟုတ်မခံ ဇတ်ဇတ်ကြဲ ဖြစ်၍ ဟုတ်လျှင်လည်း ငြိမ်မနေတတ်သောသူဖြစ်နေသေးတော့သည် ။
မိစန်း နှင့် ပြိုင်ပြီးနှုတ်လှန်ထိုးရန် မည်သူတစ်ဦးတစ်ယောက်မျှပင်စိတ်မကူးဝံ့ကြ၍ ရှောင်ထွက်သွားကြတတ်၏ ။

သာဂဒိုး ^^
ကျွန်ုပ်တို့အားလုံး ထိုသူ၏ကွယ်ရာ၌ သာဂဂျိုး ဟု ခေါ်ကြလေသည် ။
အဘယ်ကြောင့်ဆိုသော် လွန်စွာ ကဂျီ ကကြောင် နိုင်သောကြောင့်ဖြစ်လေရာ
၎င်းနှင့် ကြာရှည်အပေါင်းအသင်းဖြစ်သူနည်းပါးလှပေ၏ ။
စိတ်နုသူဖြစ်ပြီး စောင်းမြောင်းပြောဆိုတတ်သူဖြစ်သောကြောင့်
ကျွန်ုပ်ကိုယ်တိုင် ချော့မော့ ပေါင်းသင်းနေရသောသူဖြစ်ချေတော့သည် ။

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

တနေ့သ၌
ကျွန်ုပ်သည် ပျင်းရိငြီးငွေ့သည့်အားလျော်စွာ လက်ဖက်ရည်သောက်အံ့ဟု ကြံစည်စိတ်ကူး၍
မိတ်ဆွေကြီးဖြစ်သူ ကိုမြင့်ကျော်အား ဖုန်းဆက်ချိန်းဆိုလိုက်လေသည် ။
ထို့နောက် လမ်းထိတ်ရှိ လက်ဖက်ရည်ဆိုင်တွင် အေးအေးလူလူ အပန်းဖြေလျှက် ရောက်တတ်ရာများကိုပြောဆိုကြလေတော့သည် ။
ကျွန်ုပ်တို့ပြောဆိုသောအကြောင်းအရာတို့မှာ အတိတ်ကာလမှ စွန့်စားခန်းများ ၊ လူဆိုးလူမိုက်များနှင့် ရပ်ကွက်အတွင်းမှ လူများအကြောင်း ဖြစ်လေသည် ။

ထိုအခိုက် ကျွန်ုပ်၏ တပည့်လေးဖြစ်သူ မောင်အောင်ဘော်မှ အပြေးအလွှားရောက်လာပြီးလျှင် _ _

” ဆရာ ဆရာ ဟိုမှာ မမိစန်းနဲ့ ကိုဂျိုပိန်တို့ ရန်ဖြစ်နေကြတယ် .. ရပ်ကွက်ရုံးက ဆရာ့ကိုအကြာင်းကြားခိုင်းလိုက်လို့ ”

ကျွန်ုပ်မှာ များစွာ စိတ်ညစ်ညူးမိလေသည် ။ကျွန်ုပ်တို့၏အပန်းဖြေရာအချိန်များကို ထိုသူနှစ်ဦး၏ ရန်ပွဲကဖျက်ဆီးသွားခဲ့လေတော့သည် ။
သို့နှင့် ရပ်ကွက်ရုံးသို့ မိတ်ဆွေကြီးကိုမြင့်ကျော်အား အတူခေါ်ဆောင်ပြီးလျှင် ထွက်လာခဲ့သည် ။

ရပ်ကွက်ရုံးနားရောက်သည်နှင့် မိစန်း၏ အသံစူးစူးကို ဦးစွာကြားရလေသည် ။

” ဒီမှာ ကိုဂျိုပိန် ကျွန်မမှားတယ်လို့ လူကြီးတွေက ဆုံးဖြတ်ရင် ဂျိုကိုင်ပြီးတောင်းပန်ပါ့မယ် ၊ ကျွန်မကိုတော့ ဒီလိုကြီး ငုံ့မကြည့်ပါနဲ့ – -ကျွန်မဝတ်ထားတဲ့ အကျီင်္က လယ်ပင်းဟိုက်တယ်ရှင့် ”

ဂျိုပိန်၏အသံကို မကြားရချေ ၊ မျက်နှာထားတင်းတင်းဖြင့် ခါးထောက်လျှက် ငုံ့ကြည့်နေမည့်ဟန်ကို မြင်ယောင်မိနေသေးတော့သည်။

” ဟာ ဆရာတို့ လာကြပါ လာကြပါ ဒီမှာ သူတို့နှစ်ယောက်စကားများပြီး ရုံးရောက်လာကြလို့ဗျာ ”

ရပ်ကွက် ဥက္ကဌမှာ ကျွန်ုပ်တို့ကို ခရီးဦးကြိုပြုရင်း အခင်းဖြစ်ပွါးပုံကို ရှင်းပြလေတော့သည် ။

(အောက်တွင်ဖေါ်ပြမည့်ဖြစ်ရပ်ကို ထိုသူတို့၏ပြောဆိုဟန်များဖြင့် ပြန်လည်ပြောဆိုမည်ဖြစ်သောကြောင့် အနည်းငယ် ကြမ်းတမ်းပါက တောင်းပန်အပ်ပါသည် )

ရေများဖုံးလွှမ်းပြီးရေကြီးသော တနေ့၌ – – –
ရပ်ကွက်တွင်းရှိ ရေမြှုတ်သောအိမ်များသည် ပစ္စည်းများရွှေ့ပြောင်းခြင်းဖြင့်အလုပ်များစွာ ရှုပ်လျှက်ရှိလေသည် ။

ထိုစဉ် ဆိုက်ကားဆရာဂျိုပိန်မှာ ၎င်း၏ဆိုက်ကားအား ကုန်းမြင့်ပေါ်တွင်ထားပြီးလျှင် အောက်ပါအတိုင်းပြောဆိုလေတော့သည် ။

” တောက် .. အသုံးမကျတဲ့ ရပ်ကွက်လူကြီးကွာ … …… ငါ့ အိမ်ကိုတော့ ချိုင်းထဲ မှာရေမြုတ်ပါစေဆိုပြီး ဟို ပိုက်ဆံရှိတဲ့သူတွေကိုတော့ ကုန်းမြင့်မှာထားတယ် လူကိုခင်လို့မူကိုပြင်တယ်ဆိုတာ လက်တွေ့ပဲ ဒီလိုသောက်ချိုးတွေကြောင့် ရပ်ကွက်ထဲ လူတွေမနေတော့တာ – –
အညှော်ကလည်းလေတိုက်တိုင်း လာနေတယ်ကွာ – – ”

အထက်ပါ စကားသံကိုကြားမိသော မိစန်းမှာ စိတ်တိုသွားသည်ဖြစ်သောကြောင့်

” ဟဲ့ ဂျိုပိန်ရဲ့ နင်မနေချင်ထွက်သွားပေါ့ ဟဲ့ ဘာကိစ္စ ငါ့အကြော်ကိုညှော်တယ်ပြောနေတာလဲ ………
ငါ့ပစ္စည်းနဲ့ ငါညှော်တာ ဘာဖြစ်လဲ ”

“ဒီမှာ သမီးလေး မိစန်း ”

” ဘာသမီးလေးလဲ ပါးရှစ်စိတ်ကွဲသွားချင်လား – ငါ့အမေကိုမစော်ကားနဲ့ ဂျိုပိန် ဂျိုလိန်နဲ့များ ငါ့ကိုလာစမ်းနေတယ် – ဒမှာ မိစန်းတ့ ဲ တစမ်းတဲရှိတယ် ဟင်း ”

ထိုသို့ဖြင့်အချီအချ စကားများကြရာတွင် ရပ်ကွက်သူရပ်ကွက်သားများပါ ပါဝင်လာပြီး လွန်စွာမှ စည်ကားသိုက်မြိုက်ခြင်းသို့ရောက်ရှိခဲ့လေတော့သည် ။
ထူးခြားသည့်ဖြစ်ရပ်တခုမှာ ကျွန်ုပ်အိမ်၏ ခေါင်းရင်းဖက်တွင်နေထိုင်သော သာဂဒိုးသည် ရပ်ကွက်အတွင်းမှ ထွက်ခွါသွားခြင်းဖြစ်လေတော့၏ ။
သာဂဂျိုး အဘယ့်ကြောင့်ထွက်သွားသည်ကို မည်သူမှနားလည်နိုင်ခြင်းမရှိသော်လည်း
ရံဖန်ရံခါ စိတ်ကောက်တတ်သောသူတဦးအဖြစ် ကျွန်ုပ်၏စိတ်ထဲ၌ သတိယမိနေသေးတော့သည် ။

ကျွန်ုပ်လည်း ထိုအမှုကို ပြည့်စုံစွာကြားနာပြီးသောအခါ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ရမည်ကို မတွေးတတ်အောင် ဖြစ်မိသည့်အားလျှော်စွာ နောက်တပတ်နေလျှင် ပြန်လည်ကြားနာ၍ ဆုံးဖြတ်ပေးမည်ဟု ပြောလျှက် လူစုခွဲလိုက်လေတော့ သတည်း ။

ကြိုးစားပါဦးမည်
ရာမည

14 comments

  • ဇီဇီ

    July 12, 2014 at 11:59 am

    ရပ်ကွက်ထဲမှာ ဂလိုပဲ ချိတယ်။
    အနော်တို့ ရပ်ကွက်ထဲမှာ ဂလိုပဲ ချိတယ်။

    :mrgreen:

  • alinsett (gazette)

    July 12, 2014 at 12:05 pm

    အဲ့ သာဂဒိုးကြီးကို..လိုက်ရှာကြဗျာ..
    ရပ်ရေးရွာရေးဆို..သူလည်း..တစ်တပ်တစ်အား..ပါတတ်တာပဲဟာ..
    သူမရှိရင်..ရပ်ရွာ တစ်အားလျော့တယ်.. ။

    😆

  • ဦးကြောင်ကြီး

    July 12, 2014 at 1:03 pm

    အပေါ်မှာ စန်းစန်းတင့် နဲ့ ဂျို ပိန် ရောက်လာဗီ.. သဂဂျိုးကြီးကို လျှာဂျပါဦး…

  • ဇီဇီ

    July 12, 2014 at 2:28 pm

    Ohhhhh.. !!
    Thar ga doe Kyaung Gyi is coming back..
    :mrgreen:

  • kai

    July 12, 2014 at 2:32 pm

    ဘာတွေဖြစ်နေမှန်းသေသေချာချာမသိရပေမယ့်..

    လူ့ဘဝတခုမှာ.. အသိုင်းအဝိုင်းကလေးတခုရ.. ဆွေးနွေးတိုင်ပင်ကူညီဖက်ရတဲ့.. နေရာလေးရ..။
    မိတ်ဆွေအပေါင်းအသင်းတိုး.. အင်မတန်ကောင်းမြတ်တာပါ…။
    ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်.. ကိုယ့်ခန္ဓာကြီးထဲတောင် အခန့်မသင့်ဖြစ်တတ်တာ.. အပြင်တခြားသူ.. သူ့ဘဝ.. ကိုယ့်ဘဝ..အခြေအနေမတူတာတွေနဲ့.. တချို့ဆိုနိုင်ငံတောင်မတူ.. မြို့မတူ.. အသွင်မတူ.. အခန့်မသင့်တာတွေဖြစ်တာ.. မဆန်းရေးချ.. မဆန်း….

    ဒါလေးနဲ့.. လူ့ဘဝကြီးနဲ့စာရင်.. တကယ်ကို..ဒါလေးနဲ့.. အဆင့်လောက်လေးနဲ့..
    သိပြီး.. ခင်ပြီး.. အချိန်တွေပေးဆက်ဆံပြီး.. မိတ်ဆွေတွေကို. စွန့်ခွာတာတို့.. ဖြတ်ပစ်တာတို့.. တိုက်ခိုက်တာတို့… မလုပ်သင့်မလုပ်ကောင်းပါ..။
    ပြဿနာဖြစ်ပြီဆို… ငြိကြပြီဆို..
    တတ်နိုင်သလောက်သည်းခံပါ..။
    ဥပေက္ခာထားပါ…။
    ဒါတောင်ထိခိုက်နေပြီဆိုရင်တော့.. အချိန်တခုစောင့်ပါ..။
    ဒါတောင်ထိခိုက်စေပါတယ်ဆိုရင်တော့.. ကျုပ်ကိုပြောပါလေ…။
    ကြားကနေ ပြတ်အောင်.. မီဒီယာအင်အား.. ပိုင်ရာဆိုင်ရာအင်အားတွေသုံးပြီး.. အပြတ်ရှင်းပေးပါ့မယ်..။
    ရေကုန်ရေခန်းပေါ့..။

    အဟမ်း..
    ကြားထဲကနေ.. ကျေအေးအောင်.. တောင်းပန်ပေးမှာကိုပြောတာပါ.. ။ :mrgreen:
    ပျော်သလိုသာနေကြ..
    မပျော်လည်းအတင်းကိုပျော်အောင်နေ.. ။ ညစ်နေရင်လူဖြစ်ရှုံးသတဲ့..။

    • ရာမည

      July 12, 2014 at 2:45 pm

      ဆင်ချင်ပါဦးလေးသူကြီး
      ဒေါသထွက်နေတဲ့လူအုပ်ကြီးနဲ့တွေ့သွားပါမယ် 🙂

      • kai

        July 12, 2014 at 3:10 pm

        သဘာဝတရားကပေးထားတဲ့.. လက်နက်ကြီးတွေရှိတာပဲ..
        ထုတ်သုံးပေါ့…။

  • TNA

    July 12, 2014 at 3:02 pm

    ဒုတ်တပျက်ဒါးတပျက်ဆူညံပွက်တယ် ကွဲကြပြဲကြအော်ကုန်ကြတယ် ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ် ကျွန်တော်တို့ရပ်ကွက်ထဲမှာဒီလိုဘဲ။ အောင်မယ်လေး လွှမ်းမိုးကိုလွမ်းလိုက်တာ။

  • ဦးဦးပါလေရာ

    July 12, 2014 at 3:12 pm

    .ရေတက်တုန်းဖြစ်တာဆိုတော့ ရေကျသွားအောင်စောင့်ဗျာ…
    .ရေကျသွားရင် ဆိုက်ကားဆရာက ဆိုက်ကားနင်းလိမ့်မယ်
    .အကြော်သည်က အကြော်ကြော်လိမ့်မယ်
    .လမ်းလျှောက်ထွက်သွားသူကလဲ .. လမ်းလျှောက်ပြီးလို့ ပြန်လာမယ်
    .အားလုံး သူ့သဘောသူဆောင်ပြီး သူ့အလုပ်သူလုပ်ကြလိမ့်မယ်…။
    .တစ်ခုတော့ရှိတယ်….
    .ဒီရပ်ကွက်က …
    .ရေ မကြာခဏ တက်တတ်တယ်…
    :kwi:

  • Myo Thant

    July 12, 2014 at 3:40 pm

    ကျနော် မြို့သစ်ကို ပြောင်းတော့မယ်ဗျာ ၊

  • Ko chogyi

    July 13, 2014 at 4:32 am

    ရေတက်ရင် အမှိုက်တွေပါလာပြီး ရေကျရင်တော့အမှိုက်တွေတင်ကျန်ရစ်တတ်တယ်

  • kyeemite

    July 14, 2014 at 9:52 am

    အော်..ရပ်ကွက်ရုံးတောင်ရောက်ကုန်ပလား :harr:

  • စန်းစန်းတင့်

    July 14, 2014 at 5:19 pm

    စန်းစန်းတင့်ရောက်ပါပြီချင့်
    ဟိုနေ့ကဒီပို့ဖတ်ပြီးထဲက အကောင့်ဖွင့်ပြီးဝင်ပြောချင်စိတ်ဖြစ်မိတယ်ချင့်။ ဒီပို့ဖတ်မိလို့လဲစန်းစန်းတင့်လို့အကောင့်နာမည်ကိုပေးချင်စိတ်ဖြစ်မိသွားတာပါချင့်။ဒီပို့ထဲကရပ်ကွက်ဆိုတာလေဟောဒီကျမရောက်နေတဲ့ရွာဆိုတာကြီးကိုကိုယ်စားပြုထားတယ်လို့ထင်မိပါတယ်ချင့်

    • ရာမည

      July 14, 2014 at 8:54 pm

      ဟဲ့ မကြီးစန်း 🙂
      အကြော်သည်ပီသပေတယ်နော်
      ညှော်လိုက်တာများ နှာခေါင်းပိတ်ထားရပေတယ်
      ကျွန်တော့်ကိုပြဿနာထဲလာမထည့်ပါနဲ့ခင်ဗျာ မကြီးစန်းက လူဟောင်းကြီးပါ

Leave a Reply