မူလ လက်ဟောင်း နားစွန်နားဖျား ရပ်ကွက်…။

black chawJuly 12, 20145min36226

aဒီလ ဘလက်ချောကြီးရဲ့ နားစွန်နားဖျားရပ်ကွက် ကို ကောလဟာလ လေးတစ်ခုနဲ့

အစပြုလိုက်ပါတယ်ဗျာ။

 

 

ကောလဟာလ ဆိုတာ ဖြစ်ရပ်မှန် တစ်ခုအပေါ်မှာ အခြေခံပြီးမှ ပွားလာတတ်တာမျိုးပါ။

ဆိုကြပါစို့။ မင်းသား ဟိန်းဝေယံ နဲ့ မင်းသမီး အိချောပိုတို့

ချောင်းသာကို အပန်းဖြေ ခရီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒါ သတင်းတချို့ထွက်ပေါ်လာလို့ဆိုပြီး အိချောပို က ဖြေရှင်း ခဲ့ရပါရောလားဗျာ။

သွားတာကတော့ အဖွဲ့လိုက် အများကြီးပဲ။ ဘယ်လိုကနေ သတင်းတွေထွက်လာလဲ မသိဘူး။

အိချောတို့က အနုပညာ မောင်နှမတွေပါ။ ဒီလို ဖြစ်လာတာကိုလည်း အံ့ဩတယ်။

အိချော သိတ်တော့ မဖြေရှင်းချင်ပါဘူး။ ဒါက အပန်းဖြေခရီး သွားတာပါ။

ပရိသတ်တွေ ထင်သလို မဟုတ်ပါဘူး။

ကဲ…ကြည့်…။

ပရိသတ်တွေက ဘယ်လိုမှ မထင်ကြပါဘူး ကွယ်။

ဘယ်လို ကောလဟာလ တွေများ ထွက်ခဲ့တာပါလိမ့်။

ဖြစ်ရပ်အမှန်ကတော့ ဟိန်းဝေယံ နဲ့ အိချောပိုတို့ ချောင်းသာကမ်းခြေကို

အပန်းဖြေခရီးထွက်ခဲ့တယ်ပေါ့။

အဲဒီသတင်းက ဟုတ်တယ်။

အဲဒီ ဟုတ်တဲ့ သတင်းကိုပဲ အထူးပြုလို့ ဖြေရှင်းသွားတာက

နှစ်ယောက်တည်း သွားတာမဟုတ်၊ အဖွဲ့လိုက်သွားတာ။

ဟေးဟေး။ ယူတတ်ရင် ရပါတယ် ကျောင်းဒကာတို့ရေ။

ပြောခဲ့ပါတယ်။

ကောလဟာလ ဆိုတာ ဖြစ်ရပ်မှန် တစ်ခုအပေါ်မှာ အခြေခံပြီးမှ

ပွားလာ တတ်တာပါ ဆို။ ဟေးဟေး။

 

လူညိုထွား အနုပညာသမားကြီး ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင် နဲ့

မဆင့်လို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီ မေသန်းနု တို့ ရဲ့ တစ်ဦးတည်းသောသား

မင်းသန့်မောင်မောင် တစ်ယောက် အသက် ၁ရ နှစ် ပြည့်ပါပြီတဲ့ မိတ်ဆွေတို့ရေ။

ထုံးစံအတိုင်းပါပဲ အနုပညာ သမား ဖခင်ကြီးနဲ့ အနုပညာသမား မိခင်ကြီးတို့ရဲ့ ခြေရာကို

တစ်ထပ်တည်းနင်းတော့မယ်ဆိုပြီး Sky Star Hotel မှာ စာနယ်ဇင်း တွေကို အပ်နှံတဲ့ အခမ်းအနားကို

မွေးနေ့ပွဲနဲ့အတူ ကျင်းပသွားခဲ့ပါသတဲ့။

အခမ်းအနားမှာတော့ မေသန်းနုကြီး ပုံတွေ မတွေ့မိဘူးခင်ဗျ။

ထူးခြားတာက အဲဒီပွဲမှာ မုဒိတာ စကား ပြောကြားပေးခဲ့တဲ့ ဆရာ ဦးကိုကို (စက်မှုတက္ကသို်လ်) က

မိသားစုသုံးယောက် စုပေါင်းပြီး အနုပညာအလုပ်တစ်ခုကို ဖန်တီးသွားစေချင်ကြောင်း၊

ပရိသတ်များအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးပါ လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်ကြီးကလည်း မဆင့် သာ လက်ခံမယ်ဆိုရင် သူ့အနေနဲ့

အချိန်အခါ မရွေး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါသတဲ့ဗျာ။

မင်းသန့်မောင်မောင် လေးက အင်တာဗျူးတစ်ခုမှာလည်း

“အမှန်အတိုင်း ပြောရရင် မိဘတွေကို ပြန်ပေါင်းစေချင်ပါတယ်” လို့ ပြောသွားခဲ့ပါသေးတယ်။

မင်းသန့်မောင်မောင် က မော်ဒယ် ဟန်သီ နဲ့ Birthday ကော်ဖီကြော်ငြာရိုက်မယ်လို့လည်းသိရပါတယ်။

အဖေ ငါးဆု အမေ ငါးဆု စုစုပေါင်း အကယ်ဒမီအရုပ် ဆယ်ရုပ်ကို အမွေရထားခဲ့တဲ့

မင်းသန့်မောင်မောင် တစ်ယောက် အဖေနဲ့ အမေ ခြေရာကို နင်းလို့

ကိုယ်ပိုင် အကယ်ဒမီ ငါးဆုလောက် ဆွတ်ခူးနို်င်သော

မင်းသားတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

 

အောင်ရဲလင်းတစ်ယောက် ဟဲစတိုင်ပြောင်းလိုက်တာကလည်း သတင်း ဖြစ်လို့နေပါတယ်။

မင်းသားဆိုတော့ စိတ်ဝင်စားကြမှာပေါ့။

အရင်တုန်းက အရှည်ခေတ် တဲ့။ အခုအတို ခေတ် တဲ့။ ဟေးဟေး။

အဲဒါနဲ့ ပတ်သက်လို့ အောင်ရဲလင်းက…

ခုခေတ်က ဟဲစတိုင် အတိုခေတ် ဖြစ်သွားပြီ။ ဘေးနှစ်ဖက်ပါး၊ အပေါ်ဆံပင်ထောင်တာကို

စတိုင်အမျိုးမျိုးနဲ့ ပြောင်းကြတာ နိုင်ငံတကာမှာလည်း ခေတ်စားနေပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေက

Up Date ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အမြဲတမ်း ခေတ်နဲ့အညီ နေထိုင်ပါတယ်။

ခေတ်ရေစီးကြောင်းအတိုင်း နေတဲ့သူမို့ အတိုပုံစံ ညှပ်တာ ဖြစ်ပါတယ် လို့ ပြောသွားပါတယ် တဲ့။

ဟုတ်မယ်ဗျ။ Rocker ကြီး လေးဖြူတောင် ကတုံးဆံတောက် ကေ နဲ့။

ခင်ဗျားတို့လည်း ခေတ်မီအောင် အတိုညှပ်ကြပေတော့ဗျို့။

 

ပါဖေါမန့်စ် ဘုရင်မလို့ နာမည်ကြီးတဲ့ ဖြူဖြူကျော်သိန်းတစ်ယောက် အမေရိကား မှာ

စီလင်းဒီယွန် ရှိုး ကြည့်ခဲ့ရပါတယ်တဲ့။

အောင်မယ် စီလင်းဒီယွန် ဝတ်တဲ့ ဒီဇိုင်းတွေက မြန်မာဒီဇိုင်းတွေလောက် မထူးဆန်းဘူး တဲ့ ခင်ဗျ။

ဟုတ်မှာ။

 

ရုပ်ချောချော အပြုံးချိုချို နဲ့ အဆိုတော် ဉာဏ်လင်းအောင် ကို ဗီဒီယို ရိုက်ဖို့

ကမ်းလှမ်းကြသူတွေ ရှိခဲ့ပေမယ့် မရိုက်ဖြစ်ခဲ့ပါဘူး။

အခု ရိုက်မယ့်ရိုက်တော့လည်း မင်းသမီး နန်းခင်ဇေယျာနဲ့ တွဲလို့ ရုပ်ရှင်ဇာတ်ကားကြီး တဲ့ခင်ဗျ။

ဒါရိုက်တာ ကလည်း အသစ်ပါ။ အောင်ကြူဟိန်း တဲ့။

မင်းသမီးကလည်း နန်းခင်ဇေယျာ ဆိုတော့ အသစ်လို့ပဲ ဆိုကြပါစို့ရဲ့။

အဆိုဘက်မှာ အောင်မြင်မှုရခဲ့တဲ့ ဉာဏ်လင်းအောင်တစ်ယောက်

သရုပ်ဆောင်ဘက်မှာ အောင်မြင်မှုရမရ ဆိုတာကို ပရိသတ်တွေ က စိတ်ဝင်စားနေကြပါတယ်တဲ့။

အဲ…ဉာဏ်လင်းအောင် က ဗီဒီယိုတော့ မရိုက်ဘူး လို့ ဆိုပါတယ်ဗျာ။

 

၂၀၁၃ အကယ်ဒမီ သတင်းတွေ လှုပ်လှုပ်ခပ်ခပ် ဖြစ်လာပြန်ပါရောလားဗျာ။

ဆန်ကာတင် စာရင်းထဲမှာ ဒါရိုက်တာ ဝင်းထွန်းထွန်း ရဲ့ စုန်းပြူး ရုပ်ရှင်ကားလည်း ပါတယ်ဆိုလား။

ခိုင်သင်းကြည် ကြီး ဇာတ်ပို့ဆု ရနိုင်တယ် ဆိုလား။

အဲဒီ စုန်းပြူး ထဲမှာပဲ သိင်္ဂ ီထွန်း ကြီးလည်း အရမ်း ကောင်း သတဲ့။

မခိုင်လေး နဲ့ သိင်္ဂ ီထွန်း ကြီးတို့ ဇာတ်ပို့ဆု အပြိုင်လုကြမယ်ပေါ့။

အောင်မယ်…အမျိုးသမီး ဇာတ်ဆောင်ဆုကိုလည်း အဖြူရောင်ရဲတိုက် ရုပ်ရှင်ကားထဲက အူဝဲကြီးနဲ့

နင်စေရင် ရုပ်ရှင် ကားထဲက ကစ်ကစ် တို့ အပြိုင် တစ်ပြေးနေကြတယ် ဆိုပဲ။

ခင်ဗျားတို့ စိတ်ဝင်စားမလားလို့ ထည့်ပြောလိုက်တာပါဗျာ။

 

အသစ်ထွက်တော့မယ့် တေးစီးရီး လေးတွေ အကြောင်း ထည့်ပြောလိုက်ပါရစေဦး။

တိတ်ခွေခေတ်က လေးဖြူကြီး သီချင်းနှစ်ပုဒ်တည်းနဲ့ စီးရီးတစ်ခွေ ထုတ်ခဲ့ဖူးတာ ခင်ဗျားတို့ မှတ်မိကြဦးမှာပေါ့။

ကေအေတီ ရေးတဲ့ ဂီတ သီချင်း နဲ့ အငဲ ရေးတဲ့ မဉ္ဇူရီ သီချင်း ၂ ပုဒ်ကို ဂီတ မဉ္ဇူရ နာမည်နဲ့ ထွက်ခဲ့တာပါ။

ဆင်သွားတော့လည်း လမ်းဖြစ်ရတော့တာပါပဲ။

လေးဖြူရဲ့ ဂီတ မဉ္ဇူရီ စီးရီး ဟာ အောင်မြင်ခဲ့ပါတယ်ဗျာ။

တစ်ခွေကို ၈၅ ကျပ်နဲ့ ဖြန့်ချိပေးခဲ့ပြီး ပရိသတ်လက်ထဲ ၉ဝ ကျပ်နဲ့ ရောက်အောင် စီစဉ်ခဲ့ပေမယ့်

ဝယ်လိုအားများလွန်းလို့ ဆိုင်တွေက ၁၀ဝ ကျော်အထိ ဈေးတင်ရောင်းခဲ့ကြတဲ့ အထိပါပဲ။

အဲဒီတုန်းက(၁၉၉၅) အလင်္ကာ ဂီတဂျာနယ်က လေးဖြူကို အင်တာဗျူးခဲ့ပါတယ်။

ဂီတမဉ္ဇူရီ မှာ သီချင်း ၂ ပုဒ်ပဲ ပါတယ်ဆိုတာ ဘာဖြစ်လို့ ကြော်ငြာတွေမှာ မရေးထားတာလဲ။

ရေးစရာမလိုဘူးထင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ “ဂီတမဉ္ဇူရီ” ဆိုတာ သီချင်း ၂ ပုဒ်ပဲ ပါပေမယ့်

တေးစီးရီး တစ်ခွေ စစ်စစ် ဖြစ်နေလို့ပဲ။

e

ဆိုတော့ လေးဖြူ က သီချင်း ၂ ပုဒ်ထဲနဲ့ စီးရီးတစ်ခွေ ထုတ်လုပ်အောင်မြင်ခဲ့တယ်ပေါ့ဗျာ။

အခု…မော်ဒယ် သရုပ်ဆောင် မာရီနာ ဆိုတဲ့ ကောင်မလေးက

သီချင်းတစ်ပုဒ်ထဲနဲ့ တစ်ကိုယ်တော် အခွေ ထွက်မလို့ ဆိုတော့ အံ့ဩရပါတယ်။

ဟယ်…လုပ်ရဲလိုက်တာပေါ့။

သီချင်း နာမည်က “ဒီလိုပဲ”

တေးရေးက သားသား

အောင်မယ်…ဂီတအမျိုးအစားကိုတောင် ခွဲခြားပြထားလိုက်သေး။ ဟေးဟေး။

Electro Pop Music ဆိုပဲ။

အသာလုပ်ကြပါကွယ်တို့။

ဘယ်ဈေးနဲ့ ရောင်းမလဲဆိုတာတော့ ပြောမထားဘူးခင်ဗျ။

အခွေထွက်လာရင် ပရိသတ် ဘယ်လို တုန့်ပြန်မလဲ စောင့်ကြည့်ကြရအောင်ပါဗျာ။

 

အကယ်ဒမီ စိုးပြည့်သဇင်  လေးကလည်း ဒုတိယ စီးရီး ထွက်မလို့တဲ့ဗျ။

ပထမစီးရီးက ချစ်သူရွေးမယ် တဲ့။ မြွေမကြောက် ကင်းမကြောက်။

အခု ဒုတိယ စီးရီးက အချစ်ကို ရှာဖွေတွေ့ရှိခြင်း တဲ့။

စိုးပြည့်သဇင် က အချစ်နဲ့ မကင်းနိုင် ဘူး ခင်ဗျ။

အောင်မယ် တေးဂီတ က အိုင်စီ တဲ့ နော်။ မြူးဇစ်ပိုင်းစိတ်ချရတဲ့ သဘောပေါ့။

တေးရေးတွေက ဇဝါ၊ မင်းချစ်သူ၊ မိုးမိုး၊ ညီမင်းခိုင် နဲ့ NLT တို့ ဖြစ်ပါတယ်တဲ့။

စက်တင်ဘာ ၂၂ ရက်နေ့ သူမရဲ့ ၂၂ နှစ်မြောက်မွေးနေ့မှာ

အချစ်ကို ရှာဖွေတွေ့ရှိခြင်း စီးရီးကို နားဆင်ရမှာ အသေအချာဖြစ်ပါကြောင်း။

 

မန္တလေး အခြေစိုက် တေးဂီတဝိုင်းတစ်ဝိုင်း က စီးရီးထွက်ဦးမယ်တဲ့ ခင်ဗျ။

Dusty Way လို့ အမည်ရပါတယ်။ အဆိုတော် နာမည်က ဂျိုဂျိုး ပါ။

ဂျုံခင်းပေါ်က ကျီးကန်းများ လို့ အမည်ပေးထားပါသတဲ့။

မန္တလေးသားတွေလုပ်လိုက်ရင် အဆန်းကြီးပဲ။

စီးရီး title နဲ့ပတ်သက်လို့…

“ရည်ရွယ်ချက်က ဘာလဲဆိုတော့ ကျွန်တော် သဘောကျတဲ့ ပန်းချီဆရာကြီးဗန်ဂိုးရဲ့ ပန်းချီကားတွေအကြောင်း

ထည့်ရေးတာပါ။ ဒီပန်းချီဆရာအသက်သွင်းခဲ့တဲ့ ကျီးကန်းတွေက အခုထိပျံသန်းနေတုန်းပဲပေါ့။ အဲဒီလိုပဲ

ကျွန်တော့်ရဲ့ အနုပညာ မှော်အသွင်းခံရပြီး နှစ်ပေါင်းများစွာ အနုပညာနဲ့ ပျံသန်းနိုင်ပါစေပေါ့။

လို့ ဂျိုဂျိုးက ရှင်းပြခဲ့ပါတယ်တဲ့။

ဆိုတော့ မန္တလေးသား ဂျိုဂျိုး ရဲ့ ဂျုံခင်းပေါ်က ကျီးကန်းများ စီးရီး

မြန်မာတစ်နိုင်ငံလုံးအနှန့် ပျံသန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

 

လက်မထပ်ပဲအတူနေတယ်လို့ နာမည်ကြီးခဲ့တဲ့ အဆိုတော် အောင်လ တစ်ယောက်

ဝါမဝင်ခင်ပဲ ချစ်သူနဲ့ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြပါတယ်တဲ့။

မင်္ဂလာပွဲကိုတော့ ဝါကျွတ်မှပဲ လုပ်မှာပါတဲ့။

မိကောင်းဖခင် သားသမီး ပီသတဲ့ အောင်လ လေးပါပဲ။

ချစ်သူမိန်းကလေးကို မကောင်းမြင်မှာလည်း စိုးတယ် ထင်ပါရဲ့။

အောင်လ ကတော် နာမည်က Julia စိုးငယ်စံ လို့ အမည်ရပါသတဲ့။

အိုအောင် မင်းအောင် ပေါင်းကြရပါစေဗျာ။

 

တောထွက်သွားတဲ့ ဦးဇင်းကြီး ကျော်ဟိန်း ကို လူဝတ်ကြောင် မင်းသား ကျော်ရဲအောင်က

နံနက်ခင်း ဂျာနယ် အင်တာဗျူးမှာ ဖေါ်ထုတ်ချီးကျူးသွားတာလေး ဖေါက်သည်ချလိုက်ချင်ပါသေးတယ်။

ဒီလောကမှာ ဦးကျော်ဟိန်း လုပ်သွားတာတွေက မှန်တာတွေများတယ်။

လွန်ကဲတာလည်း ရှိနိုင်တာပေါ့။ အဲဒီထဲက ကောင်းတာလေးတွေ မှတ်ထားရပါတယ်။

ဦးကျော် အလုပ်အပေါ်အာရုံစိုက်မှုဟာ ကျွန်တော်တို့ထက် အများကြီးသာပါတယ်။

လို့ ပြောသွားတာပါ။

ဟိုတုန်းကတော့ ဦးကျော် နဲ့ ရုပ်ရှင်တွဲရိုက်ဖို့ တောင် ကျော်ရဲအောင်ကြီးက

အင်တင်တင် ရှိခဲ့ရာက အခုလို ဖေါ်ထုတ် ချီးကျူးလာတာတွေ့ရတော့

ဒါလေးကို သတင်းလုပ် ဖေါ်ပြလိုက်ရခြင်းပါဗျာ။

 

 

ပပဝင်းခင် ဆိုတဲ့ မင်းသမီးတစ်လက်ကို ခင်ဗျားတို့ မေ့နေလောက်ရောပေါ့။

ရုပ်ကလေး က ချစ်စရာကောင်းသလောက် ဇော်ဝင်းထွဋ်လို အက်ကွဲရှတတဲ့ အသံပိုင်ရှင်ဖြစ်နေတာကလည်း

ပပဝင်းခင် ရဲ့ ထူးခြားမှု တစ်ခုပါ။

သူမက အခုအချိန်အထိ ယောက်ျား မရသေးဘူးတဲ့ ခင်ဗျ။

ဂျုန်းဂျုန်းကျနေပြီ…ဂျုန်းဂျုန်းကျနေပြီ ဆိုတာမျိုးတော့ ဟုတ်သေးဘူးဗျ။

ဓါတ်ပုံကို ကြည့်ရတာတော့ သန်တုန်းမြန်တုန်း လန်းတုန်း စွမ်းတုန်း ခင်ဗျ။

အပျိုကြီး စာရင်းတော့ ဝင်သွားပြီ ပေါ့ဗျာ။ ဂွကျ မကျ တော့ တွေ့မှသာ မေးကြည့်ပေတော့ဗျို့။

ဟိုတုန်းက သူမသည်လည်း ကောလဟာလ တစ်ခု နဲ့ နာမည်ကြီးခဲ့ဖူးပါတယ်။

ဘလက်ကြီးတို့ကတော့ ကောလဟာလ ကိုပဲ ပပဝင်းခင် အမှတ်နဲ့

အားရပါးရ အားပေးခဲ့ကြဖူးပါတယ်။

ပပဝင်းခင် အစစ်ကြီး ဖြစ်နေခဲ့ရင်လည်း အမြတ်ပေါ့။ ဟေးဟေး။

ထားလိုက်ပါတော့ဗျာ…အဲဒီ ကောလဟာလ ကြီးကို။

အခု ပပဝင်းခင် ရဲ့ အိမ်ထောင်ရေးအကြောင်းတစ်စွန်းတစ်စကို နံနက်ခင်းဂျာနယ်ထဲက

သဲလွန်စ ရလိုက်တာလေး ခင်ဗျားတို့ကို ဖေါက်သည်ချမလို့ဗျ။

“မိဘတွေကတော့ သူတို့ စီစဉ်ပေးတာကို လက်ခံဖို့ ပြောနေပါတယ်။ ပပကတော့

ဘဝတစ်သက်လုံး လက်တွဲသွားရမယ့်သူဆိုတော့ ကိုယ်ရင်ခုန်ရတဲ့သူ၊ ချစ်ရတဲ့သူနဲ့ပဲ

လက်ထပ်ချင်တယ်” လို့ ပပဝင်းခင်က ပြောသွားပါတယ်တဲ့။

အဲဒီလူက အနုပညာနယ်က မဟုတ်တာ သေချာပါတယ် လို့လည်း ပြောသွားသေးသတဲ့။

ဒီဝါကျွတ်လောက်တော့ဖြင့် ပပဝင်းခင်ကြီး မင်္ဂလာသတင်းကြားရနိုင်ပါကြောင်း

ဘလက်ချောကြီးက ခန့်မှန်းတင်ပြလိုက်ရပါတယ်ဗျာ။

 

ဒီနှစ် ဆယ်တန်း စာမေးပွဲ ကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ရွှေမှုံရတီ လေးကို ခင်ဗျားတို့ သိပြီးကြရောပေါ့။

အသက်ငယ်ငယ် နဲ့ အောင်မြင်တဲ့ သရုပ်ဆောင်ဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့သူလေးပါ။

မကြာသေးခင်ကပဲ ဘန်ကောက်ကို သွားပြီး ကျန်းမာရေးအတွက် ဆေးစစ်ခဲ့ရရှာသူလေးပေါ့။

အဲဒီ ရွှေမှုံ လေးကို ချစ်လို့မှ မဝနိုင်သေးခင် ငွေမှုံရတီ ဆိုတာ လာဦးမတဲ့ ကျောင်းဒကာတို့ရေ။

ရွှေမှုံရတီ ရဲ့ ညီမတဲ့။

အသက်က ၁၃ နှစ်ပဲ ရှိသေးသတဲ့။ ဒံပေါက်ဆိုက်လေးပေါ့ကွယ်။

အောင်မယ် အရပ်က ငါးပေ ရှစ်လက်မတောင် ရှိသတဲ့နော်။

ပညာရေးကတော့ ရှစ်တန်းပဲ ရှိပါသေးတယ်တဲ့။

ဂျွန်လွင်ဆီမှာ မော်ဒယ်သင်တန်း တက်နေတာပါတဲ့။

ကဲ…ရွှေမှုံရတီလေး ရိုးသွားရင် ငွေမှုံရတီ လေး ဆက်အားပေးလိုက်ကြဦးစို့ရဲ့…။

 

d

ကျွန်တော်တို့ ချစ်ရပါသော မကြီးစိုး (စိုးမြတ်သူဇာ) တစ်ယောက်လည်း

ပြင်ဦးလွင်မှာ ကားရိုက်ရင်း ကျန်းမာရေးအတွက် အသေးစားခွဲစိတ်မှုတစ်ခု

မန္တလေးမှာ လုပ်လိုက်ရသေးသတဲ့ဗျာ။

“ဆေးရုံတော့မတက်ရဘူး။ နောက်ကျောမှာ ဝက်ခြံလို အဖုက ကြီးကြီးလာတာ လေးငါးနှစ်လောက်ကြာပါပြီ။

အသားပိုဖြစ်လာတယ်။ နာလာတာက မခံစားနိုင်တော့ဘူး။ ပထမ အရေပြား ဆရာဝန်နဲ့ ပြပြီး မခွဲချင်လို့

ဆေးထိုးထားသေးတယ်။ ပြီးတော့ ကျွန်မက ဆေးထိုးရမှာ အရမ်းကြောက်တာ။ ဒါကြောင့် ခွဲလိုက်တာ။”

အင်…ဆေးထိုးရမှာ ကြောက်လို့ ခွဲသတဲ့။

အိုဘယ့်…မကြီးစိုးရေ။ အသက် က လေးဆယ်ကျော်လာပြီဗျာ။

ကျန်းမာရေးကိုလည်း ဂရုစိုက်ပါခင်ဗျ။

မကြီးစိုးသာ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့ ရင်ကျိုးရမှာပါဗျ။

ကျွန်တော်တို့ရဲ့ မကြီးစိုးတစ်ယောက် ကျန်းမာ ပါစေကြောင်း ဆုတောင်းပေးပါတယ်ဗျာ။

 

ရုတ်တရက်ကြီးကျော်ကြားလာခဲ့တဲ့ နန်းခင်ဇေယျာ တစ်ယောက် ရုပ်ရှင်မင်းသမီး တောင်ဖြစ်လို့နေပေါ့။

အခု အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘောထ် တွေရဲ့ကမ္ဘာ ဝတ္ထုကို ရုပ်ရှင်အဖြစ်ဖန်တီးရာမှာ

နန်းခင်ဇေယျာ က မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်မယ်လို့ ကောလဟာလ တွေ ထွက်ပေါ်နေခဲ့ပါသတဲ့။

အဲဒါ မဟုတ်ပါဘူးလို့ နန်းခင်ဇေယျာက ညင်းဆိုသွားပါတယ်တဲ့။

ဟေးဟေး နန်းခင်ဇေယျာသာ ရိုမန်းဘော့ထ် မှာ မင်းသမီးလုပ်ရင် ကြည့်ဖြစ်အောင် ကို ကြည့်…ဦး…မှာ…။

 

c

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဖလန်းဖလန်း ဖြစ်ခဲ့တဲ့ အေးမြတ်သူ လေးလည်း

အသက် ၂၉ နှစ် ကျော်ခဲ့ပြီမို့ အပျိုကြီးစာရင်းဝင်ခဲ့ပြီပေါ့။

သို့ပေမယ့် သန်တုန်း စွမ်းတုန်း တောင့်တုန်း ဖြောင့်တုန်း အို…ဆက်စီဖြစ်တုန်းလို့သာ ပြောပါရစေတော့ ခင်ဗျာ။

သူမမှာ အပိုဆုအဖြစ် ပါးချိုင့်လေးကလည်း စွဲဆောင်မှု မြင့်မားပါတယ်။

သူမကို Sunday ဂျာနယ်က အင်တာဗျူးလုပ်ပါသတဲ့။

အချစ် အကြောင်းပဲပေါ့။

ဖြေလိုက်စမ်းပါဦး အေးမြတ်သူလေးရေ။

ကျွန်တော့်အသက်က ၂၉ နှစ် ဖြစ်နေပြီဗျ။ အချစ်အကြောင်းပြောဖို့ အရမ်းကြီးမလိုအပ်တော့ဘူးထင်တယ်။

အချစ်အကြောင်းပြောရမယ့် အရွယ်က တော်တော် ကြီးကို ကျန်ခဲ့ပါပြီ။

တဲ့။

၂၉ နှစ် လောက်ကိုများ စကားထဲ ထည့်ပြောနေရသေးတယ်။

တင်မိုးလွင် ကြီးကို အားနာစရာကွယ်။

စိုးမြတ်သူဇာကြီးတို့ သန္တာလှိုင်ကြီး တို့ကို အားနာစရာကွယ်။

အေးမြတ်သူ စကားကြောင့် မျက်နှာပူစရာတွေတော့ ဖြစ်ကုန်ပါပြီဗျာ။

 

 

စိတ်မကောင်းစရာ သတင်းလေး ပြောဦးမယ်။

သီရိရှင်းသန့်တစ်ယောက် Facebook ပေါ်ရောက်လာတဲ့ ဓါတ်ပုံတစ်ပုံကြောင့်

ချစ်သူ ရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရပါသတဲ့ဗျာ။

သူမရဲ့ အပြောအရ လုပ်ကြံခံရတယ်လို့ ဆိုပါတယ်။

အခုလာမယ့် ဇူလိုင်လမှာ ချစ်သူသက်တမ်း လေးနှစ်ပြည့်မှာ သူ့ကို နားလည်ပေးလို့ရပါတယ်။

လို့ သီရိရှင်းသန့်က ပြောသွားပါတယ်တဲ့။

တော်တော်ဆိုးတဲ့ လူတွေ။ သီရိလေး အသည်းကွဲအောင်လုပ်ရက်ကြတယ်။

 

ဂျေလို ခရေဇီ ဝါဆိုမိုးဦး လေးတစ်ယောက် အစားမှားလို့ဆိုလား ပန်းလှိုင်ဆေးရုံကို

တက်ရောက်ကုသ ခံခဲ့ရပါတယ်တဲ့။

ဆေးရုံတင်မယ့် ညက ရှစ်ခါလောက်အန် တာတဲ့။

အထက်လှန် အောက်လျှော ပုံစံမျိုးဖြစ်တာတဲ့။ အန်ရင်းနဲ့ ချီးပန်းတာပေါ့ကွယ်။

တုတ်ကွေးလည်း ကွေးလိုက်သေးဆိုပဲ။ ရောဂါကတော့ စုံနေတာပဲ။

အခုတော့ ကောင်းသွားပါပြီတဲ့။

အင်း…ဂျေလိုကြီးလို အာမခံထားဖို့ တိုက်တွန်းလိုက်ပါရစေ ဝါဆိုမိုးဦးရေ။

ဟို လွှတ်တော်ကိုယ်စားလှယ်ကြီးလို ဂျေလိုကြီးတင်ပါး ပြေးမြင်လိုက်ကြပြီ မဟုတ်လား။

ဟင့် အင်း…အသက်အာမခံ ပြောတာ…။

တစ်လွဲမတွေးပါနဲ့ဗျ။ ဟေးဟေး။

 

အေသင်ချိုဆွေ ရဲ့ ပလေးဘွိုင်း စီးရီး ခင်ဗျားတို့ နားထောင်ပြီးကြရောပေါ့။

ပလေးဘွိုင်း မု(ဒ်) အပြည့်နဲ့ စီးရီးကာဗာ က အမိုက်စားပဲနော့်။

အဲဒီ ပလေးဘွိုင်း မု(ဒ်) ကြီးက အပြင်အထိ ပါသွားတယ်ထင်ပါရဲ့။

အေသင်ချိုဆွေ နဲ့ သူ့ချစ်သူ တို့ရဲ့ အကြင်နာပေးတဲ့ ဓါတ်ပုံတွေ အင်တာနက်ပေါ်

ရောက်လာပါရောလားဗျာ။

အော်…ပလေးဘွိုင်း ဆန်လွန်းသော အေသင်ချိုဆွေပါ တကား။

26 comments

  • ဇီဇီ

    July 12, 2014 at 2:54 pm

    I ll be rt back ..!
    :s:

  • ဦးဦးပါလေရာ

    July 12, 2014 at 2:54 pm

    ကိုဘလက်ကြီးရဲ့ နားစွန်နားဖျားရပ်ကွက် ကတော့…

    ဖတ်ရင်းနဲ့ သိစရာလေးတွေလဲသိရ
    ပြုံးစရာလေးတွေလဲ ပြုံးရ
    နှမြောစရာလေးတွေလဲ ….
    အဲ… …
    😀

  • kai

    July 12, 2014 at 3:25 pm

    တိုက်တိုက်ဆိုင်ဆိုင်.. ဒီနေ့ညက.. ဂျေမောင်မောင်နဲ့ ထွန်းအိဒ္ဒြာဗိုလ်ရဲ့ နှုတ်ဆက်ပွဲဒင်နာညပါ..။
    ပြည်နယ်လှည့်ပွဲတွေပြီးသွားသမို့.. အယ်လ်အေပြန်ရောက်လာပြီး.. ယူအက်စ်ကိုနှုတ်ဆက်ပြီပေါ့…။

    ုဖြူဖြူကျော်သိန်းတို့ ညီအမကတော့ ..လွန်ခဲ့တဲ့.. ၂ပါတ်လောက်ကတည်းက မြန်မာပြည်ပြန်သွားတာပါ..။
    သူတို့ညီအမက.. လပ်စ်ဗေးဂတ်ရောက်တုံး.. စီလင်ဒီယွန်သွားကြည့်ကြခဲ့တာပါ။

    အဲဒါလေး…။ :mrgreen:

  • TNA

    July 12, 2014 at 3:27 pm

    နားစွန်နားဖျားမှသည် အတွင်းကျကျသို့ အဟိ အဲ့ ဘာတွေပြောမိပါလိမ့် :mrgreen:

  • ရွှေညာသား

    July 12, 2014 at 5:56 pm

    ပြောတတ်လိုက်တာကွယ်…. ပြောတတ်လိုက်တာ
    လိမ္မာလွန်းသူလေးမို့ ……….. ချစ်ရပါတယ်…………….
    ပြောတတ်လိုက်တာကွယ် ………………….ပြောတတ်လိုက်တာ…
    အချစ်ဆုံးသူလေးမို့ ………….. မင့်ကို ….
    အချစ်ဆုံးကွယ်……………………..
    (မှတ်ချက် – ဂျေညီညီ – ဂျေညီမလေး ဆိုသံမျိုးနှင့် ပြန်လိုက်ဆိုပါရန်)

  • naywoon ni

    July 12, 2014 at 7:34 pm

    ဂျာနယ်​​တွေ ကွာလတီ မက်​ဂဇင်​း​တွေ ဖတ်​ဖို့မလို​အောင်​ကို အနုပညာ အတင်​း​တွေ အဲ့ သတင်​း​တွေစုံပါ​ပေ့ဗျာ ။ ဂဇွတ်​တက်​ရဲ့ မရှိမဖြစ်​ ဘလက်​ကြီး ကျန်​းမာပါ​စေ လို့ ဆု​တောင်​း​ပေးလိုက်​ပါတယ်​ ။ လမ်​း​လျှောက်​ရင်​ အ​ပေါ်ကို ဓာတ်​ကြိုးနဲ့ လွတ်​မလွတ်​​တော့ကြည်​့သွား​ပေါ့ဗျာ ​နော့

  • ဇီဇီ

    July 13, 2014 at 8:35 am

    အိချောပိုရော ဟိန်းဝေယံရော မကြိုက်လို့ ဘူ့ဘက်မှ နာစရာမရှိ
    မဆင့် ကိုတော့ ပြန်မပေါင်းစေချင်။ သားတောင် ဒီ အရွယ်ရောက်မှတော့ နားလည် ရုန်းကန်တတ်နေပြီ။ ခိခိ။ ဒီလူကြီးကို ပေါင်းမနေနဲ့တော့။
    အောင်ရဲလင်းလေး ဒီ ဆံပင်ကို အကြိုက်ဆုံးပဲ။ သူက နားရွက် မလှလို့လားမသိ။ အရင် ဆံပင်တွေက နားရွက်ဖုံး စတိုင်ချည်းပဲ။
    ဖြူဖြူ တစ်ယောက် စလင်း ကိုကြည့်ပြီး ဘာတွေထပ်ပါဖွန် မယ် ဆိုတာတော့ စောင့်ကြည့်ရုံ
    ဉာဏ်လင်းအောင် ကို အဲဒီ သူငယ်ချင်း တစ်ပုဒ်ပဲကြိုက်တယ်။ အသံက ပျော့တယ်။

    ပြန်လာမယ်နော်။
    ဒါပထမပိုင်းးးး ။
    မအားလို့။

    😀

    • ဇီဇီ

      July 13, 2014 at 3:36 pm

      အကယ်ဒမီက မခိုင်လေး ရရင် ကောင်းမယ်။ သူ့ကို ချစ်လို့။
      အောင်လ ပုံလေး က မြင်ပြီး ပြီ။ ကောင်မလေးက ချစ်စာလေး။း
      ပပဝင်းခင်နဲ့ စင်ပြိုင် က သင်းသင်းယုလှိုင်လေ။ ၂ ယောက်က မှားချင်စရာ။ ဆင်ဆင်တွေ။
      မကြီးစိုး ကျန်းမာပါစေ။ ချစ်လို့။
      ဟို ရိုမန်ဘော့ ကို ရိုက်ရအောင် ဘာ ဇာတ်လမ်းရှိလို့တုန်းးး
      အေးမြတ်သူရယ် မိုးဟေကိုရယ်ကို ဖိုတို ပို့(စ) မှာ အကြိုက်ဆုံးပဲ။ ဒီတိုင်းကို ဆက်ဆီဖြစ်တယ်။
      ကျန်တာ တော့ စိတ်မဝင်စားလို့ ကျော်ခဲ့ပြီ။

      သတင်းတွေ အတွက် ကျေးကျေး
      :s:

  • koyinmaung

    July 13, 2014 at 8:39 am

    ဘုရာဒကာကိုဘလက်ကြီးရဲ့အသုတ်စုံအားပေးသွားပါကြောင်း ကျေးကျေးပါ ..

  • alinsett (gazette)

    July 13, 2014 at 11:02 am

    အမှန်က….
    အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘောထ် တွေရဲ့ကမ္ဘာကို…ရုပ်ရှင်ရိုက်မှာက တကယ်ဗျ…

    မင်းသားအဖြစ်..ဦးကြောင်ကြီး..မင်းသမီးအဖြစ်…ဒေါ်ဖွားမေတို ့.. အဓိက ပါဝင်သရုပ်ဆောင်ကြမှာတဲ ့..။
    အထူးသရုပ်ဆောင်မယ်ပေါ့ဗျာ.. ။

    :mrgreen:

  • Foreign Resident

    July 13, 2014 at 1:39 pm

    ဟီ ဟိ ။ မှတ်မှတ်ရရ မြင်မိတာကတော့ ၊
    မေ ဂရေ့စ်လေး အဘတို့ဆီမှာ ကျောင်းလာတက်တယ် ဆိုဘဲ ။
    ဘယ် မြို့ ၊ ဘယ် တက္ကသိုလ်လဲ မ သိ ၊ ဟီ ဟိ ။

    ဟယ် ၊ ငါ ဘာတွေ ပြောမိနေပါလိမ့် ( Credit to Ko Black ) ။

  • Foreign Resident

    July 13, 2014 at 1:47 pm

    ဒါနှင့် ၊ အခု နောက်ဆုံး နာမည်ကျော်နေတဲ့ ၊
    ဦးသောင်း ရဲ့ သား နှင့် ၊
    ဗိုလ်ချုပ် မေါင်သင့် ရဲ့ မြေး မော်ဖူးမေါင်လေးတို့ရဲ့ ၊
    ရင်ထု ပြီး ( ခြေမကို စုတ်ခိုင်းပြီး ) လင်လုကြတဲ့ ၊
    ဇတ်လမ်းလေး လည်း လုပ်ပါဦးဗျ ။ ဟီ ဟိ ။

    • နှူးဘာ မိဂီ

      July 13, 2014 at 1:55 pm

      ဟိ
      နောက်ဆုံးပေါ် မြန်မာ စကားလုံး အသစ်-

      နင့်လင် ငါ့ယောက်ျား

      😀

  • နှူးဘာ မိဂီ

    July 13, 2014 at 2:23 pm

    ဘဘဘလက်ရေ ..
    ကျော် ဉာဏ်မီတဲ့ ကိုလေးရဲ့
    မဉ္ဇူရီ ကိစ္စပဲ ပြောပါရစေဗျာ..
    (ခေးမလေးတေကိစ္စ သများ စိတ်အဝင်စားဗုရယ် .. ဟိ)

    ကျနော်တို့ Record Formats တွေဘက် သွားကြည့်မှ သေချာနားလည်မဗျ
    (အကြမ်းဖျဉ်းပေါ့)
    သီချင်း၄ပုဒ် အောက် ပါဝင်တဲ့ အခွေမျိုးတွေကို mini-albums ဒါမှမဟုတ် EPs (Extended Play) လို့ ခေါ်ပါတယ်တဲ့..
    ဖွင့်ချိန် မိနစ် ၂၅-၃ဝအောက်ပေါ့..။
    မဉ္ဇူရီ က EP လို့ ခေါ်နိုင်တယ်ခည
    Format တွေ အရပြောရရင် Double EP တွေဘာတွေလည်း ရှိသေးသဗျ…။
    EP ကို အခွေလေး ခေါ်ရင် Double EP က အခွေလတ်ပေါ့နော…
    (Double Black ကိုတော့ ပိုစိတ်ဝင်စား = အီကား စကားချပ်)

    ကျနော်တို့ ပုံမှန် နားထောင်နေကျ ဖွင့်ချိန် ၁နာရီအောက်ပေါ့လေ (ကတ်ဆက်ခွေ စကားနဲ့ပြောရရင် C60 တခွေနဲ့ ဆန့်မယ့်)
    ပုံမှန်ခွေမျိုး ကျတော့ LP ခေါ်ပါသတဲ့ (Long Play) ဆိုပါတော့
    သည်တော့ ပုံမှန် ၁၂ပုဒ်ခန့် ပါဝင်တဲ့ အယ်လဘမ်တွေက LP စာရင်းဝင်တွေ ပေါ့ဗျာ..
    ဒါကတော့ အခွေကြီး ခေါ်မလား မဆိုနိုင်။

    တပုဒ်ထဲနဲ့ တခွေ လုပ်တာကိုတော့ Single ခေါ်ပါသတဲ့…။
    ဟိုခေးမ အခွေက Single ပေါ့…။
    ဒီနေရာမှာ နည်းနည်း နားရှုပ်စရာက သူတို့ဆီ Single ခွေ လို့ပြောရင် သီချင်းတပုဒ်ထဲကို
    media သေးသေး(mini-disk စသည်) နဲ့ ထုတ်တာ လို့ နားလည်ထားသဗျ။
    အဆိုတော်တွေ စုပေါင်းစပ်ပေါင်း ထုတ်တဲ့ ခွေတွေများတဲ့ ကျော်တို့ဆီမတော့ အဆိုတော်တယောက်ယောက်က
    Single ခွေ ထုတ်မယ်ပြောရင် .. (အကြမ်းဖျဉ်းတော့) သူတယောက်တည်း ဆိုထားတဲ့ LP တခွေထုတ်မယ် ပြောတာလို့
    သဘောပေါက်ရမှာဖြစ်ပါတယ်။

    ဒါတွေ အသေးစိတ် ပြောရရင် အသံဖိုင် ဖောမက်တွေရော ဗီနိုင်းလ် ခေတ် ဂျုဘောက်စ် ခေတ် တိပ်ခွေခေတ် နဲ့ နောက်ပိုင်း CD ခေတ်တွေ
    အကြောင်းပါ ပါဝင်လာမှာမို့ …သမိုင်းအကြီးကြီးဖြစ်တာမို့ … ကျနော် ဆင်ရေတွင်းမှာပဲ ဆင်းခဲ့ပြီး Super Win ထဲ
    ကုတ်ချောင်းချောင်း ဝင်သွားပါရစေတော့ဗျာ…။

    ဒက်ဂလောက် ဒက်ဂလောက်…။

  • Paing Lay

    July 13, 2014 at 2:49 pm

    အဲ့ တဏှာရှုး စာရေးဆရာ ရဲ့ ဝတ္ထုကို သင်ဇာဝင့်ကျော်၊ နန်းသီရိမောင်၊ ဇွန်သဉ္စာ၊ ဇာဇာထက်၊ မေမြတ်မွန် တို့ကို ရုပ်ရှင်ထည့်ရိုက်မယ်ဆိုရင်ရောဂျာ :mrgreen:

    • JackSkellington

      July 14, 2014 at 9:10 am

      အဲ့ဒီ ရိုမန်းဘော့ထ် ကို ရုပ်ရှင်ရိုက်မယ့် အစား ဟို ကိုဟော့ရော့ ရေးတဲ့ ကျနော် နဲ့ သင်ဇာ ဆိုလား သင်ဇာ နဲ့ ကျနော် ဆိုလား
      အဲ့ဒီ စာအုပ် ကိုသာ ရုပ်ရှင် ရိုက်ပါတော့ဗျာ။ မင်းသမီး တွေလဲ သတ်မှတ်ပြီးသားကို…
      (ရိုင်းသွားရင် ခွင့်လွှတ်ကြဘာာာာာာ)

  • Shwe Ei

    July 14, 2014 at 8:28 am

    မင်းသန့်မောင်မောင် တော့ မင်းသားဖြစ်လာလိမ့်မယ်လို့ မထင်….

  • JackSkellington

    July 14, 2014 at 9:13 am

    တခြား ဟာ တွေ တော့ မသိဘူးဗျ။
    အဲ့ဒီ အနုပညာရှင် တွေ (အဆိုတော်တွေ မင်းသား မင်းသမီး တွေ) ရဲ့ ဖက်ရှင် နဲ့ ပတ်သက်ပြီးတော့ကတော့
    ကိုယ်ပိုင် စတိုင် ကောင်းကောင်းကန်းကန်း ရှိတဲ့ လူ ကို မတွေ့မိတော့ဘူးလားလို့။
    ရက်ပ်ပါ ခေတ်ထရင်လဲ အကုန်လုံး က နွေခေါင်ခေါင်ကြီး အနွေးထည်ကြီး ဦးထုပ် အကြီးကြီးနဲ့
    ပန့်ခ် ဆိုလဲ အကုန် ပန့်ခ်ကြပြန်ရော
    အခု ကျတော့ ကိုရီးယား စတိုင် ထင်ပါရဲ့။
    မင်းသားလေးတွေ ကြည့်လိုက်ရင် နုဖက်ဥအက် လို့….

    အဲ့လို သူများ ဝတ်တာတွေ လိုက်ဝတ်မယ့် အစား ကိုယ်ပိုင် စတိုင် လေး နဲ့ နေကြရင် ပိုကောင်းလေမလားပဲ။

    ဖြူဖြူကျော်သိန်း တစ်ယောက် တော့ လေးစားတယ် ဘယ်သူ ဘာပြောပြော သူ့စတိုင် နဲ့ သူပဲ (ကြည့်ကောင်းတာ မကောင်းတာ တစ်ပိုင်း)

  • kyeemite

    July 14, 2014 at 11:35 am

    လေးစားပါတယ်နားစွန်နားဖျားဘလက်ကြီးရယ်….
    အနုပညာသယ်တွေအကြောင်း တိုတိုတုတ်တုတ်နဲ့ လိုရင်းသိရလို့…. 🙂

  • ကြောင်ဝတုတ်

    July 14, 2014 at 2:11 pm

    ဦးလေးရဲ့ ဂျာနယ်ပေါင်းချုပ်ပိုစ့်ကြီးကို ဘာပြောရမှန်းမသိ ပါးစပ်အဟောင်းသားဖြင့်…
    ဝင်ရောက်ဖတ်ရှု့ ကြည်ညိုသွားပါကြောင်း…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • ရွှေတိုက်စိုး

    July 14, 2014 at 4:58 pm

    အော် ဦးဘလက် ဦးဘလက်…
    ခင်ဗျားကြီး အတော် စွမ်း.. သိလား… ဒီပို.စ်ကြီးဖတ်ပြီး ကျုပ ်ဘယ်လို ကော့မန်.ပေးရမှန်းတောင်မသိတော့ဘူး….. တော်ဘီဗျာ ကော့မန်.မပေးတော့ဘူး…
    တစ်ခုတော့ပြောမယ်….. ကြိုက်တယ်…. ဒါဘဲ….(တော့ပြောဒါဟုတ်ဝူးနော်… ပို.စ်ကိုပြောဒါ)…

  • စန်းစန်းတင့်

    July 14, 2014 at 5:06 pm

    ဦးဘလွတ်ရဲ့ပိုစ့်တွေကို အမြဲဝင်ဖတ်ဖြစ်ပါတယ်ချင့်

  • black chaw

    July 15, 2014 at 1:00 pm

    ကျွန်တော့် နားစွန်နားဖျား ရပ်ကွက်ကို ကြွရောက်ချီးမြှင့်ကြသူ အားလုံးကို
    ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်…ခင်ဗျား…။
    နားစွန်နားဖျား ဘလက်…။
    :mrgreen:

  • Crystalline

    July 15, 2014 at 2:49 pm

    ဦးဘလက်ပို့စ်ကို ဝင်လို့ကိုမရတာ.. ထုံးစံအတိုင်း ဂျာနယ်မဝယ်နိုင်တော့ ကုန်းဆင်းလိုက်ဖို့ကြံရတာ တော်တော်ပင်ပန်း.. :mrgreenn: ကြိုးစားဝင်ရကျိုးလည်းနပ်ပါတယ်.. :)) တနေ့က 5Plus ချယ်နယ်မှာ မင်းသန့်မောင်မောင်ရဲ့ ၁ရနှစ်မြောက်မွေးနေ့နဲ့ အနုပညာလုပ်ငန်းလုပ်ဖို့ စာနယ်ဇင်းအသိပေးပွဲလေးတော့ကြည့်လိုက်ရတယ်.. ကလေးက ဆန္ဒမရှိဘဲ အဖေလုပ်သူက ဒီအဖေ ဒီအမေက မွေးတာ ဒီလမ်းကြောင်းမှာတော့ နေရာတစ်နေရာရအောင်လုပ်ရမယ်ဆိုပြီး နောက်ဆုံးတော့ ကလေးက အဖေ့သဘောလိုက်လျောလိုက်ရတယ်ဆိုပဲ.. ကလေးကိုဗျူးတာကြားလိုက်ရတာလေ.. သူကိုယ်တိုင်က ရှက်တတ်တယ်ပြောပြီး တကယ်ကိုလည်း စင်ပေါ်မယ် အရမ်းနားဗတ်စ်ဖြစ်နေပုံ တော်တော်ရုပ်ပျက်တယ်.. ပရိုင်းဗိတ်စကူးလ်မှာတက်နေတဲ့ အခုခောတ်ကလေးတစ်ယောက်က အဲ့လိုဖြစ်နေပုံကတော့ ထူးဆန်းတယ်.. ဥပတိအရလည်း မင်းသားရုပ်မဟုတ်.. သချင်းလည်းဆိုလိုက်သေးတယ်.. ပင်ကိုယ်သံမရှိသလို ဂီတနဲ့ပတ်သက်ပြီး ဘယ်လိုတဲလင့်မှမပါတာအရှင်းကြီး.. အဖေလုပ်သူက ဘာကြောင့်များ ကလေးဆန္ဒမရှိပါဘဲ.. ဇွတ်ပုံသွင်းချင်သလဲ စဉ်းစားမရ 🙄

  • ဦးကျောက်ခဲ

    July 15, 2014 at 4:13 pm

    ဒီတစ်ခါတော့ နောက်ပေါက်တွေကိုလည်းမသိ… ဉာဏ်လည်းမမှီတာမို့…
    ဖတ်ရုံဖတ်ပြီး မမန့်တတ်ပါကြောင်း… သတင်းပို့ပါတယ် ခင်ဗျာ…
    😀

  • မဟာရာဇာ အံစာတုံး

    July 16, 2014 at 1:06 pm

    ဘဘရဲ့ ပို့စ်ကို ဖတ်ပြီး
    ကျော်တော့ နှာဘူးထလိုက်၊ သံဝေဂ ရလိုက်ပါပဲဗျာ …
    ဟုတ်တယ် …
    စမောလေးတွေ အကြောင်းတွေ့တော့ နှာဘူးချင်သလိုလို
    ဟော … အိုဗာတွေ အကြောင်းတွေ့တော့
    ငယ်ရာက ကြီး၊ စမောလည်း အိုဗာ ဖြစ်ရင် ဂလို လာမှာပါပဲ ဆိုပြီး
    သံဝေဂ ရချင်သလိုလို ပါပဲဗျာ …
    ရချင်သလိုလို လို့ပြောတာနော်။ ရသေးဘူး … ဟွန့် …

Leave a Reply