ရွှေအကြောင်းသိကောင်းစရာ 96,97,98,99

Zaw AungJuly 12, 20141min1263

ရွှေအကြောင်းသိကောင်းစရာ(96)
(စဉ် 95 မှအဆက်)
လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဖြစ်မယ် ကျွန်တော့်ညီဆိုင်မှာ ဝန်ထမ်းလိုတော့ ဆိုင်းဘုတ်တင်လိုက်တယ် အသက်
၂ဝလောက်ကောင်မလေးတစ်ယောက် လာလျှောက်တယ်။ သန့်သန့်ပြန့်ပြန့် သွက်မယ့်ပုံလေးဆိုတော့ ခန့်လိုက်တယ်
ထုံးစံအတိုင်းမှတ်ပုံတင် သန်းခေါင်စာရင်း ရဲစခန်းထောက်ခံစာ ရပ်ကွက်ထောက်ခံစာ မိတ္တူတွေယူထားတယ်။
ပထမတစ်ရက်အလုပ်စဆင်းတယ် လုပ်ငန်းသဘောနားလည်အောင် လိုက်ကြည့်လေ့လာခိုင်းတယ်။ ဘာမှမလုပ်ခိုင်း
သေးဘူး ဒုတိယတစ်ရက်ပစ္စည်းဝိုင်းသိမ်းခိုင်းလိုက်တယ်။ တတိယတစ်ရက် ပေါ်မလာတော့ဘူး။ သူသိမ်းတဲ့ထဲက
ငါးကျပ်သားလောက်ရှိတဲ့ ဆွဲပြားအိတ်တစ်လုံး ပျောက်သွားတယ် CCTV ကင်မရာ ပြန်ကြည့်တော့ ပစ္စည်းသိမ်းရင်း
ဖွက်ယူသွားတာ တွေ့လိုက်တယ် ထောက်ခံစာက လိပ်စာအတိုင်းလိုက်တော့ မရှိဘူး လိပ်စာပြင်ထားတယ်မူရင်းနဲ့တိုက်
မကြည့်လိုက်ရတဲ့အတွက် ခံလိုက်ရတာ။ (စဉ် 97 သို့)
ရွှေအကြောင်းသိကောင်းစရာ(97)
(စဉ် 96 မှအဆက်)
အခုဆိုရင်တော့ မူရင်းပါမှလက်ခံတော့တယ် သန်းခေါင်စာရင်းက ပဲခူးဆိုတော့ ရဲစခန်းမှာအမှုဖွင့်ပြီး စခန်းအချင်းချင်း
ဆက်သွယ်ပြီး စုံစမ်းပေးတယ် ကံကောင်းချင်တော့ လိပ်စာမှာအိမ်နံပါတ်နဲ့ လမ်းနာမည်ပဲ ပြင်ထားပြီး ရပ်ကွက်တွေ
လူနာမည်တွေမပြင်ထားဘူး။ ပဲခူးစခန်းက ဒီအိမ်ထောင်စုစာရင်းရဲ့ လိပ်စာအမှန်ကို ရှာတွေ့သွားတယ်
အဲဒီကောင်မလေး နာမည်နဲ့ ကောင်မလေးကိုလဲတွေ့တယ် ဒါနဲ့မိပြီဆိုပြီးလိုက်သွားကြတာပေါ့။ ဟိုရောက်တော့မှ
အကြောင်းစုံသိရတယ် ဒီမှာခိုးသွားတဲ့ကောင်မလေးက ဟိုကောင်မလေးရဲ့ နာမည်နဲ့အိမ်ထောင်စုဇယား
မှတ်ပုံတင်သုံးပြီး အလုပ်လာလျှောက်တာသူတို့ကဆွေမျိုးနီးစပ်တော်တယ် သူ့ဆီကနေဟိုကောင်မလေးနဲ့
ဆက်သွယ်လို့ရမယ့် ဖုုံးနံပါတ်တစ်ခုရလိုက်တယ်။ အမှုလိုက်တဲ့ဒုရဲအုပ်ကလဲ အတွေ့အကြုံနုသေးတယ်ထင်တယ်
ချက်ချင်းဖုံးကောက်ဆက်တယ် ကျွန်တော်ဒုရဲအုပ်ပါတဲ့။ (စဉ် 98 သို့)
ရွှေအကြောင်းသိကောင်းစရာ(98)
(စဉ် 97 မှအဆက်)
ရဲဆိုတဲ့အသံလဲကြားရောပြေးပြီပေါ့ အဲဒါကမင်္ဂလာတောင်ညွန့်က အဆောင်တစ်ခု အဲဒီအဆောင်လဲရောက်ရော
အဝတ်သေတ္တာနဲ့ဖုံးနံပါတ် မှတ်ထားတဲ့ မှတ်စုစာအုပ်သေးသေးလေး တစ်အုပ်ပဲသိမ်းလို့ရတယ်။ သူနေတဲ့ရွာဖုံးနံပါတ်
သိရလို့ ဖုံးဆက်ကြည့်တော့ သူ့အမေကရွာမှာရှိတယ် ပြန်မလာတာတစ်နှစ်လောက်ရှိပြီ အဆက်အသွယ် ပြတ်နေတယ်
ပြောတော့ဇာတ်လမ်းကပြတ်သွားရော ဒီလိုနဲ့ဆုံးပြီလို့တွက်ထားတဲ့အချိန် တစ်လကျော်လောက်အကြာမှာ နောက်ရဲအုပ်
တစ်ယောက်ရောက်လာပြီး ဒီအမှုကိုခရိုင်ကစိတ်ဝင်စားလို့ လွှဲယူပြီးဆက်လိုက်နေတယ်တဲ့။ ဒီလူကတော့ တော်ပါတယ်
ဖုံးစာအုပ်ကဖုံးနံပါတ်တွေကို တစ်ခုချင်းစိတ်ရှည်လက်ရှည်နဲ့ ဆက်ပြီး အပြောကောင်းကောင်းနဲ့ ပြောတယ်နေမှာပေါ့
နောက်ဆုံးနေပြည်တော်ကဖုံးနံပါတ်တစ်ခုမှာ သဲလွန်စရတယ်။ အဲဒီဖုံးကဒီကောင်မလေးရဲ့ ရည်းစားဖုံး (စဉ် 99 သို့)
ရွှေအကြောင်းသိကောင်းစရာ(99)
(စဉ် 98 မှအဆက်)
ဖုံးကိုင်တာကသူ့ရည်းစားရဲ့အဖေဟုတ်တယ်ဒီကောင်မလေး အခုနေပြည်တော်ရောက်နေတယ်။သူ့သားနဲ့တွဲနေတယ်တဲ့
ဒါနဲ့နေပြည်တော် တက်သွားပြီး သွားဖမ်းကြတာ မိလာတယ်။ ဆွဲပြားတွေက ရန်ကုန်ကအပေါင်ဆိုင်တွေမှာ ပေါင်
ထားတာအကုန်ပြန်လိုက်သိမ်းရတယ် လမ်းစရိတ်နဲ့ဟိုပေးရဒီပေးရနဲ့ တော်တော်ကုန်သွားတယ်။ ကောင်မလေးလဲ
ထောင်တစ်နှစ်ကျသွားတယ် ကြားတယ် အဲဒီကစပြီးဝန်ထမ်းခန့်ရင် မူရင်းမပါရင် လုံးဝလက်မခံတော့ဘူး။ အဲလို
အဖြစ်မျိုးက ရှိတော့ရှိတယ် ရှားတယ်လို့ပြောရမယ်။ ဖြစ်တတ်တာတစ်ခုက ဆိုင်မှာရေရှည်လုပ်ရင်းနဲ့ ဆိုင်ထဲက
ပစ္စည်းကိုမသိအောင် ပြန်ခိုးတာမျိုးပါ မန္တလေးကနာမည်ကြီးရွှေဆိုင်မှာဖြစ်သွားတာ။ ဂျာနယ်တွေမှာပါလာပါတယ်
တစ်ပိဿာလောက်ခိုးပြီးမှ ပိုင်ရှင်ကသိပြီးဖမ်းလိုက်တာမဖတ်ရသေးတဲ့သူတွေအတွက် ပြန်ရေးပြပါမယ်။ (စဉ် 100 သို့)

3 comments

  • koyinmaung

    July 13, 2014 at 5:11 am

    ခုလိုရွှေဆိုင်ဝန်ထမ်းတွေရဲ့အကြောင်းဖတ်ရလိုဗဟုသုတရပါတယ် …..

  • alinsett (gazette)

    July 13, 2014 at 10:44 am

    သိမ်မွေ ့နက်နဲတဲ ့ အပိုင်းကို..ရောက်လာပြီကိုး..

  • ခင် ခ

    August 7, 2014 at 4:08 pm

    ရွှေဆိုင်ဝန်ထမ်းဆိုတာလည်း သစ္စာရှိဖို့ အဓိကများကျမလားဘဲနော်။

Leave a Reply