“မပြောချင်ဘဲ ပြော ရ တော့ မယ့် ကို ပေါက် နှင့် စန်းစန်းတင့် များ”

“မပြောချင်ဘဲ ပြော ရ တော့ မယ့် ကို ပေါက် နှင့် စန်းစန်းတင့် များ”

 

 

ဒုက္ခ ပါ ဘဲ ဦး ဦး ဒေါ်ဒေါ် ကို ကို မမ တို့ ညကြီး တို့ ည လေး တို့ ရေ

လို့ သာ အော် လိုက် ချင် ပါ တယ်။

ဖတ်ရွေး အတွက် တင် လိုက် တဲ ့ ပိုစ် မှာ ကျုပ် ဆို လိုချင် တာ က တစ် ခု

ပြန် ဖြေ ရှင်း နေ ကြ တာ က တစ် ခု ဖြစ်နေလို့ပါဘဲ။

ဒီကိစ္စနဲ့ပါတ်သက်ပြီး

မူရင်းရွာထဲမှာ၊

ဖေစ်ဘုတ်ကရွာထဲမှာ၊

စတေးတပ်တွေမှာ ၊

တည့်တည့် ပြော သ၊ူ

ကွေ့ ဝိုက်ပြောသူ ၊

ရောချပြီးမှလျှောချသွားသူ၊

လူ အ ပေါင်း က

ပြန်ပြီး ကော် မင်း တွေ ပေး ကြ တာ က

ကျုပ် ကို

စန်းစန်းတင့် လို့ မပြော ရုံ တ မယ် ပြော သူ က ပြော

မခိုင်လုံသောအကြောင်းပြ ချက် တွေ နဲ့ ရှင်းလိုရှင်းဆိုတော့

“ခုတ်ရာ တခြား ရှ ရာ တစ် ခြား “ဖြစ် နေ တော့

ကျုပ် က ပြန် မဖြေရှင်းလို့ မ ရ တော့ ဘူး။

ကျုပ် က စတစ်ကီ မပေး လို့ ပြောတာ  က

ကျုပ် ရေးတ ဲ့ ပိုစ် မို့ လို့ စတစ် ကီ ရ ချင် တာ မဟုတ်ဘူး။

ဖတ်ရွှေး အကြိုက် လက် ရွေး စဉ် ဆန် ကာ တင်ပိုစ်တွေကို

မဖတ်ရ သေး တဲ ့ သူ တွေ ဖတ် စေချင် လို့ ဆန် ကာ တင် ရ စေချင်တာ။

ဒါပေမ ယ့် သူများတွေ ကော် မင်း တွေပြန် ဖတ်တော့ ကျုပ် ကဘဲ

စတစ်ကီ မရ လို့ ဝမ်း နည်းကြေ ကွဲ နေ တဲ့ ပုံ စံ ပေါက် နေ တယ်။

ကျုပ် ကလဲ အရမ်းကို ခံ စားချက် နု နယ် တဲ့ စန်းစန်းတင့် ဖြစ် နေတယ်။

ဖြစ် သမျှ ပျက် သ မျှ ကို အစ အဆုံး ပြော ပြ မှ ဘဲ ဖြစ် ပါ လိမ့် မယ်။

ဘာ လို့ လဲ ဆို တော့  ဘယ်က စ လို့ ဘာ ဖြစ်မှန်းမသိ ဘဲ

ကော်မင်း တစ်ကြောင်းလောက် ဝင် ဖတ် ပြီး

ဟို ပြော ဒီ ပြော ပြော တတ် တဲ့သူတွေ က အသေအ ချာ ရှိ နေ လို့ ပါဘဲ။

အဲ ဒီ တော့ ကျုပ် က အ စ အဆုံးဇာတ်ရည် လည်အောင် ရေး ရ ပါ တော့ မယ်။

ကဲ သည်း ခံ ခွင့် လွှတ်ပြီး ဖတ်ကြ ပေ တော့။

 

 

 

**********************************************************

 

 

အခု လက် ရှိ အ နေ အ ထား မှာဒီဖတ်ရွေးဆို တာ ကို ဥပ မာ ေ ပး ရ ရင်

တိုင်းပြည် က စိတ် မဝင် စား တဲ့ ဌာ န တစ် ခု လို

ဖြစ်နေတာ ကြာ ခဲ့ ပြီ။

(ဖတ်ရွေးရှိခဲ့ လို့ ဘဲ တွေ့ ဆုံ ပွဲ ဖြစ် လာ တယ် ဆို တာ တော့ ဘယ်သူ မှ ငြင်းလို့ မရ)

 

ဖတ်ရွေး ကို ရှိ သင့် တယ် လို့ ခံ ယူ သူ က တစ် ဖက်

မရှိ သင့်ဘူး လို့ ခံ ယူသူ က တစ် ဖက်

ရှိ ချင် ရှိ မ ရှိ ချင် နေ ဆိုသူက တစ် ဖက်

ဒါက ရွာသူားတွေဘက်က။

ဖတ်ရွေးအစလို့ ပြောရင် ဘလက်ချော နဲ့ ဦးပါလေယာတို့ က စတင်ခဲ့ ကြ တာပါ။

ဖတ်ရွေးအဖွဲ့ ထဲပါ ဘို့ ဘလက်ချော ကျုပ်ကို ဆက် သွယ် လာတာ

မှတ် မှတ် ရရ 10-6-2012 နေ့ ဘဲ။

အဲ ဒီ နေ့ က ကျုုပ် ရွှေလီ က နေ မန်းလေးကို ပြန် လာ တဲ့နေ့။

သူ ဖုန်းဆက်တော့ မိုး တွေ တဝုန်းဝုန်းရွာ နေတုးံ

ကျူပ်တို့ စီးလာ တဲ့ကား က လမ်းပေါ်မှာပြေးနေတုံး

မကြား တစ် ချက် ကြား တစ် ချက် နဲ့ မို့ မန်းလေး ရောက်မှပြန်ဆက်ရ တယ်သူ့ဆီကို။

သူက ဖတ်ရွေးအဖွဲ့ လုပ်မယ် ကိုပေါက်   သူတို့ နဲ့ လက် တွဲ့ ပါပြောတယ်။

ဖတ်ရွေးထဲ ကို ကျုပ် လဲ ဝင် ပါတယ်။

ဖတ်ရွေး စလုပ် ပြီး မကြာ ခင် မှာ ဖတ်ရွေး က ထွက်တဲ့ လူ တွေ လဲ ရှိ လာတယ်။

အသစ်ဝင် သူလ ဲ ရှိ တယ်။

ခ ဏ လေး ဝင ်လာ ကူ သူ လဲ ရှိ လာတယ်။

 

ဖတ်ရွေး အဖွဲ့ က တစ် လ တစ် ခါ ရွေး တဲ့စာမူ ကို အဖွဲ့ ဝင် တစ်ယောက်ခြင်း စီ က

တစ်လှည့် စီ ကြေ ညာ မယ် လို့ ဆုံးဖြတ် ထားကြ ပါ တယ်။

ဖတ်ရွေး က တင် လိုက် တဲ့ ပိုစ် ဆို ရင် စတစ်ကီ ချိတ်ပေး တယ်။

အဲဒါ က ထုံး စံ လိုဖြစ်နေတာ။

လောကကြီးမှာ တစ်ခါ တစ်ခါ စည်းကမ်း လို့ သတ် မှတ် မထားပေမယ့်

လုပ်သင့် လုပ် ထိုက် တာကိုတော့ လုပ် ပေး ဆို တဲ့ သဘောပါဘဲ။

 

အဲ ပ ထ မ ဆုံး ကျုပ်ရွေး တဲ့ အလှည့် မှာ ဘဲ စကားပြော ရ ပါ တော့တယ်။

ကျုပ် ဖတ်ရွေးပိုစ်ကို တော့ စတစ်ကီ မချိတ်ဘူး။

ကျုပ်က ပြော တော့ မှ စတစ် ကီ ချိတ် တယ် ။

ကျုပ်ရှေ့ က ကြေညာ သွားတဲ့ လူ တွေ ပိုစ်က စတစ်ကီ ချိတ်ပေးတယ်။

( စတစ် ကီ တက် တော့ ဘာ အကျုးိရှိ လဲ မေး ရင် ထိပ် တက် ကပ် နေ တော့

လူ များများ ဖတ်ဖြစ် တာ ပေါ့)

အဲ ဒီ တုန်း ကလဲ ကျုပ်က ဘဲ စန်းစန်း တင့် တယ် ဆု ိတဲ့ ပုံစံ နဲ့ ပြောတာခံ ရ ဘူးတယ်။

ဒါက ပ ထမ ဆုံးအကြိမ် တုံးက ဖြစ် ခဲ့ တာ။

ကျုပ် ကလဲ ဘာ မှ ထပ် မပြော တော့ ဒီကိစ္စ ကပြီး သွားတယ်။

 

စတစ် ကီ ချိတ် စေ ချင် ရင် ပြော ပေး ရ တယ် လို့ ဆို လာ သူ လဲရှိတယ်။

အများနဲ့ ဆိုင် တဲ့ ပိုစ် ကို စတစ် ကီ ချိတ်ေ ပး ပါ လို့ တောင်းဆို မှ ရ တယ် ဆို ရင်

အတော် ရီ စရာကောင်းတဲ့ ဆုံးဖြတ်ချက်လို့ ဘဲ သတ် မှတ် ချင် ပါတယ်။

အရှင်းဆုံးပြောရင် ရင် ဒါ က အယ် ဒီ တာ ကြိုက်လို့ထိပ် တက် ကပ်ပေးရမှာမဟုတ်။

အများနဲ့ ဆိုင် တဲ့ အတွက် မဖြစ် မနေ လုပ် ပေး ရ မယ့် ဝတ္တရားလို့ ဘဲ ဆို ချင် ပါတယ်။

အဲလိုမှ မဟုတ်ရင် လဲ ပြတ် ပြတ် သာ းသား သာ ပြော ထား လိုက် ဖတ်ရွေးကဖြစ်ဖြစ်

ဘာ ဖြစ် ဖြစ ်အယ် ဒီ တာ မကြိုက်ရင်  စတစ် ကီ မချိတ်ဘူးသာ ပြော လိုက်။

စတစ်ကီ ချိတ် တဲ့ အလုပ် ကို အယ် ဒီတာတစ်ယောက်ဘဲ လုပ်။

ဘယ်မော့ မှ ဝင် မ လုပ် နဲ့။

ဒါ ဆိုလဲရှင်းတယ် ။

ကိစ္စ လဲ ပြတ်တယ်။

အ ဖွဲ့ အစည်း တစ် ခု ဆို တာ က တကယ် ပြော ရင် နိုင်ငံ အငယ်လေးပါဘဲ။

အဲ တော့ တိ ကျ တဲ့ စည်း ကမ်း ဆို တာ တော့ ရှိ ကို ရှိ ရ မယ်။

လိုက် နာ တာ မ လိုက် နာ တာ က တော့ တစ် ပိုင်း ပေါ့။

 

*********************************************

နောက်ပိုင်း ဖတ်ရွေး လုပ် ရင်း က

ကျုပ် နဲ့ အဆင် မပြေတာရှိ တော့ ဖတ်ရွေးအဖွဲ့ ကကျုပ် ထွက်တယ်။

ကျုပ် မထွက် ရင် ဖတ် ရွေးအ တွက် အဆင် မပြေ တာေ တွ ရှိ လာနိုင်တာသိလို့ထွက်တာ။

ဖတ်ရွေး ထဲ သာ မ ပါ ပေမယ့် ရွာ ထဲ မှာ စာ ရေး တယ် ဓါတ်ပုံ တင် တယ်။

ကျုုပ်လုပ် နေ ကျ အလုပ်တွေ ကို ကျုပ် အသိစိတ်ဓါတ်နဲ့ကျုုပ်ဆက်လုပ်တယ်။

ပြီးခဲ့ တဲ့ ဖေ ဖော် ဝါ ရီ လ မှာ ရန်ကုန်ကို ကျုပ် ဘုန်း ကြီးလာ ဝတ် တယ်။

အဲဒီအ ချိန် မတိုင် ခင် မှာ ကျုပ်သိ တာ ဖတ် ရွေး မှာ လူ အင် အား နည်း နေ ပြီ ဆို တာဘဲ။

အဖွဲ့ ဝင်တွေ ရှိ တယ် ဒါ ပေမ ယ့် လ စဉ် ပုံမှန် ဖတ် နိုင် သူ မ ရှိ တာ။

အလုပ်တွေနဲ့ မအားကြ တာ။

ဒါကတော့ အားလုံးက မအားလပ်တဲ့ကြားကလုပ်နေကြတော့ ့ဖြစ်မှာဘဲ။

ပြ ဿ နာ မဟုတ်။

အဲဒါ နဲ့ ကျုပ် နဲ့ ဆာ မိ တွေ့ တဲ့ အချိန် ကျုပ် ဖတ် ရွေး ကို ပြန် ဝင် ပေး မယ် ပြော လိုက်တယ်။

ဝင် ဖတ် ပေး မယ် ပြော တော့ သူ တို့ ကလဲ ဝမ်း သာ အား ရ ဘဲ။

ကျုပ်ရန်ကုန်က ပြန် မယ့် မနက်မှာ ကိုစွယ်တော်ရွက်ရဲ့ ရွာကွပ်ပျစ်မှာ

ဖတ်ရွေးအဖွဲ့ သားတွေ နဲ့ ဆုံ တယ်။

ပျော်ပျော်ရွှင်ရွှင်နဲ့စကားတွေ ပြော ဖြစ် ခဲ့ ကြ တယ်။

အဲဒီ ကေ န ကျုပ် ဖတ် ရွေး တဲ့ ပြန ်ရောက်လာ တယ် ပေါ့။

ကျုပ် မွေး နေ့ က ဇူ လိုင် လ ထဲမှာ။

အဲ တော့ ဇူ လိုင် အတွက်အလှည့် ကျ မယ့် ဇွန် လအတွက် ကျုပ်ကြေညာ မယ် လို့

အစော ကြီး က တည်း က တောင်း ဆို ထားတယ်။

ဒီ ပိုစ်ကို ကြေ ညာ ပေး ဘို့ ကျုပ် မှာ ဘာ အခက် အခဲ မှ မရှိ။

ဖတ်ရွေးဥက္ကဌကိုကြီးမိုက်ကလဲ ဒီလ အတွက်ကိုပေါက်ကြေညာပေးပါပြောတယ်။

အဲ တော့ ကျုပ် က ကြေ ညာ ပေး ဘို့ အတွက် ဆန်ကာတင် စာရင်းမထွက်ခင်

က တည်း က ကျုပ် က ကြိုရေးထားပြီးသား။

 

ကြေညာ ဘို့ အတွက် မာ ဃဆီ က စာရင်းတောင်း တယ်။

သူ က ပို့ ပေးတ ယ်။

အ ရင် က ဆို ရင် ကျုပ် က ပိုစ် တွေ ကို  ညည မှာ အင်တာနက်ဆိုင်သွားတင် ပါ တယ်။

အခု ရက် က  မန်းလေးမှာ ည မထွက် ရ အမိန့် ရှိတဲ့ တော့ ည ဆို အင် တာ နက် ဆိုင် မသွားနို်င်။

ကျုပ်ကို်င် ထားတ ဲ့ 680 နဲ့ စတဲ့ CDMA  က အင် တာ နက် လျောက်လို့ မရ ပါ ဘူး။

ဒါ နဲ့ ဘဲ ဒီ ပိုစ ်က ည နေ ပိုင်း အ လုပ်  မပြန ်ခင် ဘဲ တင် လိုက် ပါတယ်။

အဲ လို တင် လိုက် တာ က ပြ ဿ နာ ရ ဲ့ အ စ ဖြစ ်တော့ တာ ပါ ဘဲ။

ဇွန် လ အတွက် ကြေ ညာ ပေး ရ တာ ကြောင့်

“ဇွန် လ မှာ ပွင့် သော ပန်း များ ကိုခူး ဆွတ် ခြင်း”

လို့ခေါင်း စဉ် ပေး ပြီး ဇ ကာ တင် ပိုစ် ကို တင် လိုက် ပါတယ်။

ဒါ ပေ မယ့် ည နေ ပိုင်း က တင် လိုက် တဲ့ ပိုစ ်က  ၂၄ နာရီ ကျော်

နောက် တစ် ရက် ကူး တဲ့ အထိ

စတစ်ကီ မချိတ် သေး ပါ။

ဒါ ပေမ ယ့် ကျုပ် ဘာမှ မပြော။

ကော်မင်းတွေ ဝင် ပေး လာ ကြ တယ်။

ဝင် လာ သမျှ ကော် မင်း ကိုစိ တ်ပါ လက် ပါ ပြန် မန်းေ ပး နေ ပါ တယ်။

ဒါပေမယ့် အထက် တက် မကပ် စတစ် ကီ မပေး သေး။

အဲဒီအ ထိ ကျုပ် စိတ် ထဲ မှာ ဘာ မှ မဖြစ် သေး။

ကျုပ် ညေ န ပိုင်း မှာ တင် လိုက် တဲ့ ပိုစ် က ၂၄နာရီ ကျော် လာ တယ်

ကော် မင်း တွေ ဝင် ပေး  လာ တယ်။

ဒါ ပေ မယ့် အထက် တက် မ ကပ် သေးဘူး။

အဲ ဒီ အ ထိ ကျုပ် က စိ တ် ထဲ ဘာ မှ မရှိ သေ းဘူး။

အခု ရက် မန်းလေး မှာ  ည မထွက်ရ ဆို တော့ ည ည အင် တာနက်ဆိုင်မသွားနိုင်။

အဲတော့ ည ပို်င် းမှာ ဘယ် သူ တွေ မန်း တယ် မ မန်းဘူးဆိုတာကျုပ် မသိ။

နောက် ရက် ရောက် လို ့ သူ များ က ဖတ် ရွေး ပိုစ် က ကြားညှပ် နေတယ် လို့

ကော် မင်း ပေး တော့ မှ ကျုပ်  ဟာ လဲ ကြား ညှပ် သလို ဖြစ် ပြီး မ နေ နိုင် မထိုင်

နိုင် ဖြစ် သွား ပါ တယ်။

မ နေ နိုင် မထိုင် နိုင် ဖြစ် သွား တဲ့ အကြောင်းရင်းက သူများ ပြောလိုက်မှ

အထက် တက် ကပ် ပေး ရ  တဲ့ ဘဝ ရောက်သွားလို့ပါဘဲ။

သူ များ ထောက်ပြ လိုက်မှ အပြေးအ လွှား စတစ် ကီ လုပ်ပေးတာပါ။

အဲ တော့ မှကျုပ် ခေါင်းထဲ တွေး မိ တာ က တော့

သူများက အမြင် မတော် လို့ ပြော မှ စတစ်ကီ ပေး သလား ဆို တာ ပါ ဘဲ။

(ကျနော့် ပိုစ် ကို ဝင် ကော်မင်းေ ပး သူ တွေ ထဲ မှာ

စတစ်ကီ လုပ်ပိုင်ခွင့် ရှိသူ တွေ ပါ တာ သိ နေ လို့ ပါဘဲ။

သူတို့ က သတိ မ ထား မိ လို်က်ဘူး ဆို တာက တော့ သူတို့ပြော မှ ဘဲ ကျုပ်သိ ရ ပါတယ်။)

ဟို အရင် ပ ထ မ တစ် ခါ  တင် တုံး က လဲ အများနဲ့ ဆိုင် တဲ့ ပိုစ် ဖြစ် ပေ မယ့်  အထက် တက် မကပ်။

ပြော လိုက် မှ စတစ်ကီပေး။

အခုတစ်ခါလဲ အထက် တက် မ ကပ် ။

သူ များ က ဝင် ပြော တော့ မှ  အထက် တက် ကပ်။

ပိုစ် ကြေညာ တာ ၂ကြိမ် ။

၂ကြိမ်လုံး ကိုယ့် အလှည့်  မှ ဒီလိုဖြစ်တယ်ဆိုတော့

စိတ် ထဲ မှာ ခု ပါ တယ်။

ကျုပ် ကတော့ ဗြောင်ပြောတာ။

အဲ တော့ ကျုပ် လဲ ဝင် ဖတ်သူ မရှိ တဲ့ အတူတူ တော့ မထူး ဘူးဆိုပြီး

ဇွန် လ အ တွက် ရွေး ချယ် တဲ ့ ပိုစ် အချိန် မစောင့် ဘဲ ချက် ခြင်းတင် လိုက် တယ် ။

(ဒီတစ်ခါ ဆု ရ တဲ့ ပိုစ်ကိုကြေညာရင် ထူးထူး ဆန်းဆန်းဖြစ်အောင်လုပ်မယ်ဆိုပြီး

ရိုက်ထားတဲ့ ဓါတ်ပုံတွေလဲ ဖျက် လိုက်တယ်)

ကျုပ်စိတ်ထဲ မကျေနပ် တာ ကို လဲ ထည့် ရေး  လိုက် တယ်။

အရှင်းဆုံးပြောရင်တော့ အဲ ဒီပိုစ် ကို ကျုပ် တစ် ထိုင် တည်း ရို်က် တင် လိုက် တယ်။

ကျုပ်ပြောတာကို ဘယ် သူ ဘာ ပြော ပြော

ကျုပ် ဘာ မှ ပြန် မပြော ဘူး

ဘာ ကော် မင်း မှ ဝင် မပေး ဘူး လို ့

စိတ် ပိုင်း ဖြ တ် ထား တယ်

အဲ တော့ ကျုပ် ဝင် မဖတ် ဘူး။

အဲ ဒါ က ရွာ ထဲ မှာ။

ဖေစ်ဘုတ်က ရွာသူ သားမှာလဲ တင် တယ်။

ဝင် ဖတ် တယ် ဘာ မှ ကျုပ်ပြန်ကော်မင်းမပေးဘူး။

နောက်ဖေစ်ဘုတ်မှာ ကို သောင်း စိန် တင် တဲ့ ပိုစ် တက် လာ တယ်။

အဲဒီမှာ လဲ ကော် မင်း တွေ ပေး နေ ကြ ပါတယ်။

ကော် မင်း တွေ ကို ဝင် ဖတ် နေ ပေ မယ့် ကျုပ် ဝင် မပြော ပါ ဘူး။

ဒါ ပေမ ယ့် ကျုပ် က အများ အတွက် လို အပ် လို တယ် ထင် လို စတစ်ကီ တောင်းမိတာကို

“နှစ်သိမ့် ရ မ လား “လို့ လာ မေး တဲ့ အချိန် မှာ တော့  ကျုပ် တကယ် ကို စိတ် တိုသွားပါတယ်။

အဲ လို မေး ရ အောင် ကျုပ် က  ၁၆နှစ်သားလဲ မဟုတ်။

ကျုပ် ကိုယ်ပိုင် ရေး တဲ့ ပိုစ် စ တစ် ကီ မရ လို ့ ဂျီ တိုက် နေတာ လဲ မဟုတ်။

ကျုပ် က အနှစ်သိမ့် ခံ ချင် အချော့  ခံ ချင် လို့ ရေးထားတာ မဟုတ် ဘူးလေ။

တစ်ရွာလုံးနဲ့ ဆိုင် တဲ့ ပြန် ကြာ း ချက် ကို စိတ် ဝင် စား သူ တွေ ဖတ် စေ ချင် လို့

ဇကာ တင် ပို့ စ်မှာ ပါ သူ တွေ ဝမ်း သာ ရ အောင် လို့

စတစ်ကီပေး စေချင် လို့ ပြောေ နတာ ။

(တစ် ခု တော့ ရှိ တယ် ကျုပ်ပိုစ်  ဇကာ တင် ပိုစ်မှာ ပါ လို့

လူ သိ စေချင်လို့ စတစ်ကီချိတ်စေချင်တာ

လို့ တော့ လာ မပြော နဲ့ ကျုပ် အ တွက် ဇကာ တင် ပါ တာ  မထူး ဆန်း ဘူး။

ဒါပေမယ့် လည် း ကျုပ် က သာ မန် စာရေ းသူ တစ်ယောက်။

စာ တွေ ဒီ လောက် ရေး နေ ပေ မယ့်

ကျုပ် တစ် ခါ မှ ဖတ်ရွေးအကြိုက် ဆု မရ ဘူး သေး ဘူူး။

နောက်လဲ ဘယ်တော့ မှ ရ မှာ မဟုတ် ဘူး ဆို တာ က လဲ

အသေ အချာဘဲ။

ဘာ လို့ မရ လဲ မေး ရင် ကိုယ် က  အများကြိုက်အောင်မရေးတတ်သေးလို့

မရ တာ လို့ အမှန် အတိုင်းဖြေ ပါ မယ်)

ခက် ခက် ခဲ ခဲ နဲ့ ဝင် ရ တဲ့  သူ တွေ တန်း ပြီး မြင် စေ ချင် တဲ့ စိတ်ဘဲ ရှိတယ်။

ဒါကြောင့် ကျုပ်ကအဲ ဒီ ပိုစ် ကို စတစ်ကီရစေချင်တာ။

အဲ တော့ အဲ ဒီ ပိုစ် အောက် မှာ ကော် မင်း ပေး လိုက်တယ်။

ကျုပ်ကို နှစ်သိမ့် စ ရာ  မ လို ဘူးပေါ့။

အဲ ဒီ မှာ ယုတ္တိမရှိ တဲ့ ဖြေ ရှင်း ချက် တွေ တက် လာ တယ်။

အဲဒီ မှာ ကျုပ် တောက်လျောက်ကော် မင်း တွေ ကို ပြန် ချေ ပ တယ်။

လိုက် ဖြေ တယ်။

နောက်ပိုင်းတော့  ကျုပ် စိတ် လျော့ လို်က ်ပါ တယ်။

ကျုပ်အလုပ် များ နေတဲ့ ကြား ကနေ ကော်မင်း ဝင် ဖတ် လိုက်

သူ က ရေး လိုက် ကိုယ် က ရေး လိုက် လုပ် နေ ရ င် ပြီး မှာ လဲ မဟုတ် သလို

ကျုပ် ကို တိုင် က လဲ ပြန် ဖြေ ရှင်းချင် စိတ် မရှိတော့ ကျုပ်

ပေး ခဲ့ တဲ့ ကော် မင်းတွေကိုအားလုံးကိုပြန် ဖျက် သလို ကျုပ် ရေးထားခဲ့ တာတွေကိုလဲ

ပြန်ဖျက် လို်က် ပါ တယ်။

ကျုပ် က ပိုစ် ထဲ မှာ ကိုပေါက် စာ ရေး တာ ညံ့ လို့လား ဘာ လား ဆို တာက

သူ များ ကို အပြစ် မတင် ချင် လို့ ခပ် ဖော့ ဖော့ လေး ရေး လိုက် တာပါ။

 

 

(Ko Pauk Mandalay တော် ဘီ ဗျို့ ဘာ မှ ဝင် မပြော တော့ ပါ။

ကျနော် ကော် မင်း ပေး ထား တာ တွေ လဲ ပြန် ဖျက် လိုက် ပါ ပြီ။

ဘာ မဟုတ် တဲ့ ကိစ္စ အတွက် အချိန် ကုန် မ ခံ တော့ ပါ။)

လို့ ရေး ပြီး  တဲ့ နောက်ပိုင်း ဝင် လဲ မဖတ် တော့ ပါ။

ဖြေ လဲ မဖြေ တော့ ပါ။

နောက် ရက် ရွာ ထဲ ကို ဝင် ဖတ်တဲ့အခါမှာတော့

7-10-14

kai says: (Edit)

(ဒီရွာထဲ .. ရွာလူကြီးသတ်မှတ်ထားတဲ့ အထဲကတယောက်က..

စတစ်ကီကိစ္စထပြောနေသမို့.. အူကြောင်ကြောင်တောင် ဖြစ်သွားတယ်..။
နောက်… ပရိုစာရေးဆရာအဆင့်ဆိုတာ..

အယ်ဒီတာ့အလုပ်နားလည်ရမှာပေါ့ဆရာပေါက်ရဲ့..
သူ့စားပွဲပေါ်ရောက်နေတဲ့..စာတွေထဲကမှ…

စိတ်ကူးတည့်တာတွေ့လို့.. ရွေးချင်ရွေးမယ်.. မရွေးချင်မရွေးဘူး..။

ဖိအားမပေးသင့်…
ဒါကတခု..) ဆို တဲ့ ကော် မင်း ကို လဲ တွေ့ ရော ဒီကိစ္စ က ကျုပ် ငြိမ်နေ လို့

ရ တော့ တဲ့ ကိစ္စ မဟုတ် ဘူး ဆို တာ ကို သိ လာ ပါ တယ်။

ငြိ်မ်ေ န မယ် ပြန ်မ ပြော ဘူး ဆို ရင် ဘာ မှ ရေရေ ရာရာ မသိ တဲ့ လူက

ကိုပေါက် စတစ် ကီ ငတ် တယ် ထင် မယ်။

အဲဒီ ပိုစ်မှာ ပေး ထားတ ဲ့ ကော်မင်းတွေဖတ်ကြည့် ရင်

(၁) ပန်းနာမယ် နဲ့ ဓါတ်ပုံ ပိုစ်တွေ ကို ပ ထ မရက်က ကျုပ်တင် လိုက်တယ်

အဲ တာကြောင့် ဖတ် ရွေး ပိုစ် လို့ မထင် လိုက်မိ ဘူး။

(၂)  သူကြီး စက်တော် ခေါ်ေ န တဲ့ အချိန် နဲ့ တိုက်ဆိုင်သွားလို့ မမြင်တာဖြစ်မယ်။

(၃) သူကြီးက သတင်းစာ ထုတ်ဘို့ အတွက် အလုပ် များေ နလို့ သ တိ မထားမိ တာ ဖြစ ်မယ်။

(၄) စတစ်ကီ ကိစ္စကိုမော့ တွေ မ လုပ် ဘူး  သူကြီး ဘဲလုပ် တယ် လို့ပြောကြတယ်။

ဆို တဲ့ လေး ချက်  ကို သွားတွေ့ ပါတယ်။

 

အဲ တော့ တစ် ချက် ခြင်းပြန် ရှင်းမယ် ဆိုရင်

 

(၁) ပန်း နာ မယ် ကြောင့် ဖတ် ရွေးပိုစ်လို့ မထင် လိုက် မိ ဘူး။

လက် ခံ ပါ တယ်။

ဒါကြောင့်လဲ ကျနော် ရေးတ ာ ညံ့ ဖျင်း သွားလို့ လား လို့ မေး ခွန်းပြန် ထုတ် မိ တာပါ ဘဲ။

ဒါပေမယ့် ကျနော် က အဲဒီ ပိုစ် ရဲ့ tag ခေါ်မလား ဘာခေါ် မလာ းဆို တဲ့ အောက်ခြေကေ န

မြင် နေရ တဲ့ နေ ရာ မှာ မြန်မာ လို ရော ဘို လို ရော ဖတ်ရွေး လို့ သေ ချာ ရေး ထား ပေးပါတယ်။

အဲ ဒါ ကို သ တိ မ ထား မိ ဘူး မမြင်မိဘူးဆိုရင်တော့ ဘာမှ မပြော လို ပါ။

 

(၂) ကိုလတ်ကြီးက ရီ စရာ ဖြစ်အောင် ပေါ့ သွားအောင်

ခပ် နောက်နောက်လေး ပြောလ ိုက်တာကိုလက်ခံ ပါတယ်။

သူကြီး မင်း စက် တော်ခေါ်ချိန် နဲ့ တိုက်ဆိုင်တဲ့ ပိုစ် ဆိုရင်

သူကြီး မမြင်လို့  စတစ် ကီ မ ရ ဘူး လို့

နောင်လာ နောက် သား တွေ အယူ လွဲ သွားမှာစိုးတဲ့ အတွက်

“ဒီ လို မ နောက် နဲ့ “ လို့ ဘဲ ပြော ချင် ပါ တယ်။

တော်ကြာ ပိုစ ်တင် ခါ နီး ရင် သူကြီး အိပ် ပြီလားလ ို့ လှမ်း မေးရင်

သူကြီး အိပ် ရေး ပျက်မှာ စိုးလို့ ပါ။

နောက် ထပ် ဆက် ပြော ရ ရင ် ရွာထဲ ကို ဝင် လာ တဲ့ အသစ် အသစ် တွေကိုလဲလက်ခံ ပါ တယ်။

ကျုပ် ဘယ် အသစ ်ကို မှ နှိပ ်ကွပ်တယ် ဆို တာ မရှိခဲ့။

ဒါပေမယ့် အယူ အဆ နဲ့ ပတ်သက်လာရင်တော့ ပြော ချင် ပြော မယ်။

အ သစ် ကို မကြို ဆို စ ရာ အကြောင်း မရှိ။

 

(၃) သူကြီး မအားလပ် တာ ကို လက် ခံ ပါတယ။်

အလုပ် များ တာ ကို လဲ လက် ခံ ပါ တယ်။

ပိုစ်တစ်ခု ထဲမှာဖတ် လိုက် မိ တာတော့ တိုးပွားလာ တဲ့

ရွာသူားများနဲ့အချိုး ညီအောင်

မောဒ်အရေ အတွက်ကို (၁၀)အထိ တိုးမြင့်

ခန့်ထားလိုက်ပါတယ် ဆို တာကို ဖတ်ဘူးပါတယ်။

နောက် ကျုပ် သိထားတာကလဲဒီရွာကြီး ကို

အမြဲ မပြတ် ကြည့် နိုင် အောင် အတွက်

တစ်ယောက်နဲ့ တစ်ယောက်အိပ် ချိန် တွေ

မတ ူ သော တောင်ကျွန်း မြောက်ကျွန်း

အရှေ့ကျွန်း အနောက်ကျွန်း နေရာ ဒေ သ

အသီးသီးကလူကို အကူအညီတောင်းပြီး

တာဝန်ပေးထားတယ် လို့ သိရ ပါတယ်။

အခု ့ သူကြီး အပါ အဝင် လူ ၁၁ ယောက်တိတိ အစောင့် ထားတာ

တောင် ကျျုပ်ပိုစ် ကို သတိ မထားလိုက်မိ မမြင် မိ ဘူး ဆို တော့

လူ မျုးိ ရေးဘာ သာ ရေးလို အညှောင့်ထောင်တဲ့ပိုစ်များ

တက်လာ မှာ ကို တော့ seriousဖြစ်မိပါတယ်။

ပြန်တွေးကြည့် တော့လဲကျုပ်ကသာ အရေး ကြီး နေတ ယ်

သူ တို့ အတွက်အရေးမကြီး

တဲ့ ကိစ္စ တစ် ရပ် ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီး သတ်မှတ် ထားလိုက်ပါပြီ။

 

(၄)  စတစ် ကီ ကို သူကြီး ဘဲ လုပ် တယ် ဆို တဲ့ အချက် ကေ တာ့

ကျုပ်သိ ထားတာနဲ့ ဆိုရင်လွဲ နေ ပါ တယ်။

တွေ့ မရှောင် အရေးအ ခင်းမှာ  မော့ 7 က စတစ်ကီ တက်ချိတ်တာပါ။

သူကြီးချိတ် တာ မဟုတ်ဘူးလို့ သိထားပါတယ်။

နောက်တစ်ချက် မော့ အဖြစ် တာ ဝန် ပေး ထား သူ တစ် ယောက် က

ပိုစ်အတော်များများကို သူ စတစ်ကီချိတ်ပေးတယ် လို့ ပြော ပါ တယ်။

သူ  မအားလပ်လို့ဆိုပြီးသူ့ ပေး ထား တဲ့ ပါတ်စ်ဝပ် ကို

နောက်တစ်ယောက်ကိုပေးပြီး သူ့ ကိုယ်စားအလုပ်တွေလုပ်ခိုင်းပါသတဲ့။

အဲဒီကိုယ်စားလှယ် ထပ် ဆင် ့ ပေးခံ ရ သူ က လဲ သူ့ပိုစ် ကို

သူစတစ်ကီ ချိတ် ခဲ့ ဘူးတယ် လို့ ပြောပါတယ်။

အခု ပြဿ နာ ပေါ် လာ တော့ စတစ်ကီ ချိတ် တာ

သူကြီးဘဲ လုပ်တယ် ဆို တာ ဖြစ ်လာပြန်တော့

ကျုပ်တောင်မျက်စေ့လည်ပါတယ်။

ဒါပေမယ့် ကျုပ် ပြော တဲ့ အချက် တွေ ကို သိ သူတွေလဲ ရှိ ပါ လိမ့် မယ်။

ရွာထဲမှာ အပ် ကျ တာ က အစ  သိ သူတွေ လဲ ရှိကောင်းရှိနိုင်ပါတယ်။

မပြောချင် လို့ ရေငုံနုတ်ပိတ် နေ တယ် လို့ဘဲယူ ဆပါတယ်။

ပေါင်ချိန်စကား ငှားပြောရင်တော့ကျုပ်ပြော တဲ့ ကိုယ်စားလှယ် လွဲတဲ့အကြောင်းကတော့

ပစ္စည်း သက်သေ လူ သက်ေ သရှိ ပါတယ်။

မယုံဘူးဆိုရင်တော့ ပြ ပါ မယ်။

 

ဒါပေ မယ့် လဲ မောဒ် တွေ က စတစ် ကီ ချိတ် တဲ့ တာ ဝန် ကို သူ ကြီးကို

ဘယ် ချိန်မှာ ပြန ်အပ် လိုက် တယ် ဆို တာ က တော့ ကျုပ် မသိနိုင်တဲ့ကိစ္စ ပါ။

 

(၅)  အယ် ဒီ တာ ကို ဖိ အား မပေး ပါ နဲ့ ဆို တဲ့ စကားကို တော့ ပြောချင် ပါတယ်။

ကျုပ်က ဖိ အားပေး တာ မဟုတ်ပါဘူး။

ရွာသူားခြင်းအပေါ်မှာ အခွင့်အရေး တန်း တူ မရှိတာကိုထောက်ပြတာပါ။

နောက် ၂ကြိမ်လုံးဖြစ်တဲ့ ကိစ္စ မှာ ကျုပ် ကိုယ် ရေး ကိုယ် တာ အတွက်

ပြောတာမဟုတ်ဘူးဆိုတာကတော့  သူကြီးလဲ သိ ပါ တယ်။

နောက်တစ်ခု စတစ်ကီပေး တာ သူကြီးတစ်ယောက်ထဲ လုပ်တာ မဟုတ်ဘူးဆိုတော့

အယ် ဒီ တာ ကို ဖိ အားပေး တာ မဟုတ်ဘူး လို့ ယူ ဆ နိုင် ပါတယ်။

ဒါ ပေ မယ့် စိတ် ချ ပါ နောက် ဘယ် တော့ မှ ဘယ်သူ ကိုမှ ဖိ အားလဲ မပေး

တွန်းအ ားလ ဲ မ ပေးပါ။

 

(၆) ရွာလူ ကြီး တစ်ယောက်သ တ်မှတ် ထားသူ က စတစ် ကီ ကိစ္စ ပြောတော့ အံ ့ဩ မိ တယ်

ဆို တာ လဲ ပြော ချင် ပါ တယ်။

ဟုတ် တယ် ကျုပ်က လူ ကြီး တစ်ယောက်ဖြစ် ရဲ့နဲ့ ပြောတယ် ဆို ရင်

ပြော သင့် ပြော ထို်က် လို့ ပြော တယ် လို့ ယုံ ကြည် လို့ ပြော တာပါ။

အရှင်းဆုံးပြောရင် စတစ် ကီ ဆို တာ ကို ကျုပ် သိလဲမ သိ ခဲ့။

ကျုပ် ပိုစ် အတွက် စိတ် လဲ မဝင် စားခဲ့။

လွန်ခဲ့ သော နှစ ်များက ဘော လုံး ပိုစ် တစ် ခု  စတစ်ကီရတာနဲ့ပါတ်သက်ပြီး

ကျုပ် ကို လာပြောတော့ မှ ကျုပ် စတစ်ကီ ဆို တာ သိ တယ်။

ဒါ ပေမယ့် ကျုပ်က စာ ရေး သူ။

ကို်ယ် ့ ဖြတ် သန်း မူ့ ထဲ က ကိုယ် မှားယွင်းခဲ့ တာကိုယ် တွေ့ ခဲ့ ရတာ

ကိုယ် သိ ခဲ့ ရ တာတွေကို

ပြန်ပြီး ဝေ မျှ ပေး နေ သူ တစ်ယောက်ဘဲဖြစ် ပါတယ်။

ဒီရွာနဲ့ပါတ်သက် ပြီးဖြစ် ခဲ့ တာ တစ်  ခု ပြောပြ မယ်။

ကျုပ်စာမူကို သုံးပေး တဲ့ ဂျာ နယ် တိုက် တစ်တိုက်က ဘယ်မှ မ ထည့် ခင်သူတို့ဆီ

အရင်ပေးပါ။

သူ တို့သုံးပြီး မှ ထည့်ချင် ရင် ထည့် ပါလို့ ပြော တာ ကို ကျုပ် ငြင်းပယ်ခဲ့တယ်။

ခင်ဗျားတို့ သုံးချင်သုံး မသုံးချင်နေ။

ကျနော် တင် နေ ကြ ဝက်ဆိုဒ်မှာတော့ ကျုပ် အရင်တင်ချင်တင် မယ်

မတင် ချင် မတင်ဘူး

ဘယ်မှ မ တင် ခင် ပေး ချင် ရင်ပေး မယ်

မပေး ချင် လဲ မပေးဘူး

လာ မ ချုုုပ်ပါနဲ့ လို့ ပြော ပြီး ဝက် ဆိုဒ်တွေမှာတင်ခဲ့ ဘူးတယ်။

ဒီဖတ်ရွေးမှာလဲ ကျန် တဲ့ ဝက် ဆိုက်တွေ ဂျာ နယ် တွေ မှာ ပါပြီးသားဆိုရင်

ဖတ်ရွေး ဆု မပေး ဘူး လို့ သတ် မှတ် ချက်ထားခဲ့ တာ တောင်မှ

ကျုပ်တင်နေကြ ဝက်ဆိုက်တွေ( အရင်ကတစ်ခါ တင် ရင် 13နေရာထိ တင်ဘူးတယ်)

မှာ ကျုပ် တင်မြဲ တိုင်းတင် တယ်။

ဂျာနယ်ကိုပို့မြဲ တိုင်းပို့ တယ်။

(ဒီရွာမှာ သာ ကျုပ် ဆု မရ ဘူူးတာ

“ဘွပုတ်ရေ “ ဆို တဲ့ပိုစ်က အေဒင်ဥယျာဉ် ဆိုက်မှာ အယ်ဒီ တာအကြိုက်ဆု ရ ဘူးသဗျ)

ကျုပ်က ဂုဏ်ဖော် ပြောတာ မဟုတ်ဘူး ကျုပ်က စာေ ရ း သူ သက် သက် ဆို တာကိုပြောပြချင်တာ။

ပရို တန်း ဝင် တာ တွေ ဘာတွေလဲ ကျုပ်စိတ်ထဲမှာမ ရှိဘူူး။

ကျုပ် အတွေးတွေ မထူ သေးသမျ

ကွန်ပြူ တာရှေ့ ထိုင်နိုင်သမျှ

စာရေးမယ် ဆို တာ ဘဲ ကျုပ်ခေါင်းထဲမှာရှိ တယ်။

********************************************************

(နောက်ဆို.. လူစိတ်ဝင်စားစေချင်ရင်…ကော်မန့်များချင်ရင်..

မန်းလေးက မြီးရှည်ပုံ ရိုက်ပြီး..” ၁ရက်အတွင်း ဆက်သွယ်လာသူအားအလကားကြွေးနေပါသည်။

တထိုင်ထဲ ၁နာရီအတွင်း ၁ဝပွဲအကုန်စားပြရမည်…

” စည်းကမ်းအသေးစိတ်ကို.. ကော်မန့်နှင့်မေးကဖြေမည်… ” ဆိုပြီးတင်လိုက်နော…

.. နောက်တာ…။ Visual လောကကို.. သိပ် serious မတွေး…မလုပ်စေလို…..)

ဖြစ ်တာ ပျက် တာ အစ အဆုံးမ သိ တဲ့ လူ က ဒီ ကော် မင်း ကို ဖတ် မိရင်

ကိုပေါက် က သူ့ ပိုစ် မှာ ကော်မင်း မ ရ လို ့ ထ ကွိုင် တယ် လို့ ထင် မယ်။

နောက် တာ လို ့အဆုံး သတ် မှာ ရေးထား ပေ မယ်

နောက် တာ ဟုတ် မဟုတ် ကတော့

ဒီ ကော်မင်းကို ပေး သူ ကိုယ်တိုင် ဘဲ သိပါမယ်။

ဖတ်ရွေး ပိုစ်မှာ ကျနော်က ရေးလိုက် ပါတယ်။

အရင်ပိုစ်တွေ မှာ ကော် မင်း တွေ စည် စည်ကားကား ရှိ ခဲ့ တယ်။

ဒါ က လဲ အရွေးခံ ရ တဲ့ ဆန်ကာ တင် များအ တွက် ပါ။

ကျုပ် အတွက် မဟုတ် ပါဘူး။

ဒီ လောက် ကတော့ စာ ကို ရင် ဘတ် နဲ့ ဖတ် သူ တိုင်း သိ ပါ တယ်။

မျက် စေ့ နဲ့ ဖတ် သူ ကေ တာ့ ဘယ် သဘော ပေါက်မ လဲ နော်။

အဲ တော့ ကော်မင်း အကြောင်းလဲ ရှည်ရှည်ဝေး ဝေးပြော ရ ပေ အုံးတော့မယ်။

၂၀၁ဝ အေပ ရယ် လ  ကနေ ကျုပ် ရွာ ထဲ ကို စရောက်တယ်

စ စခြင်း စာရေးတယ်။

နောက်ပိုင်းမှာ ဓါတ်ပုံတင်တယ်။

အခု ၂၀၁၄ ထိ သိပ် မအား လွန်း တဲ့ အချိန်

ကျုပ် ရေး တဲ့ စာ ကို ကျုပ် ကိုယ်တိုင ်သိ်ပ် မကြိုက်တဲ့ အချိန် ကလွဲရင်

ပိုစ်မှန် မှန်တင် တယ် ။

ကော် မင်းပေးတာ က တော့  ဟိုး အရင် က စ ပြီး အခု ချိန် ထိ

ကျုပ် စာ မရေး ဓါတ်ပုံ တင် ဘို့ ပြင် ဆင် ထားတာ  မရှိ တဲ့ နေ့

ကော် နက် ရှင် ကောင်းတဲ့ နေ့ ဆို ရင် တော့ စာတွေလို်က်ဖတ်ရင်း

ကော် မင်း ပေး တတ် ပါတယ်။

“ကိုယ် က ကော် မင်း မပေး ရင် သူများ ကလဲ ကိုယ့် ကို ကော် မင်း ပေးမှာ မဟုတ် ဘူး လို့ “

ရွာထဲ ဝင် စ ကတည်း က ကြား ဘူး ထား တော့ ကျုပ် ပိုစ်ကို ကော်မင်းမျှော် လေ့ မရှိ ဘူး။

ဘာလို လဲ ဆို တော့ ကျုပ် က လဲ သူများပိုစ် တွေ ကို တခုတ်တရ ကော် မင်း လိုက် ပေးလေ့

မရှိ လို့ဘဲ။

ဒီ နေရာမှာ ဖန် တီ းသူ နဲ့ ဖတ် ရှု့ အားပေး သူ စိတ် ထားခြင်း နည်း နည်းတော့ ကွာ မယ်

ဆို တာ ပါဘဲ။

ဖန်တီး သူက တော့ တစ် ခု ဖန် တီး ပြီး ရင် နောက်တစ် ခု ဖန် တီး ဘို့ အားထုတ် လို့ ပါ ဘဲ။

ကျုပ် စာရေး စ က ရေးခ ဲ့  အခန်း ဆက် ပိုစ် တွေ ဆို ရင် တစ် နေ့ တစ်ပုဒ်လ က်တန်းရိုက်ပြီး

တင် ခဲ့ တယ် ဆို ရင်  အပို ပြောတာ ပါ ကွာ လို့ ထင်သူ တွေရှိ နို်င် ပါတယ်။

ဒါ ကကိုယ့်ဖြတ် သန်း မူ့ ကို ရိုးရိုးလေးပြန်ပြော ပြတာ။

အဲ တော့ သူများ ရေး ထား တာ တွေ ကို  အလုပ်တ ခု အနေ နဲ့ လိုက် မဖတ်ဖြစ်တာအမှန်ဘဲ။

တစ်ခါမှာတော့ ကော် နက် ရှင် မကောင်းတဲ့ကြား က တင် ထား တဲ့ဓါတ်ပုံပိုစ်လေး

ကော်မင်းတစ်ခုမှမရှိ လို့ ငါ တင် ထာ း တာ မ လှ လို့ အားပေး သူ မရှိ ဘူး ထင် တယ် တော့ပြောဘူး တယ်။

ဒါ ပေ မယ့် ကော်မင်း ကေ တာ့ ရ ရ မ ရ ရ သိပ် ခေါင်းထဲ မရှိ။

ကျုပ် ရွာ ထဲ စဝင် စအချိန်မှာ ကော်မင်း မရ တဲ့ ပိုစ်

ကော်မင်း တစ်ခု နှစ် ခု ဘဲ ရ တဲ့ပို်စ်တွေ အများကြီး ပါ။

ကော်မင်းတစ် ခု မှ မ ရတဲ့ ပိုစ် တွေ အများ ကြီး ရှိ သလို ရေး ပြီး ၂နှစ်လောက်ကြာမှ

ကော် မင်း ပေး လာ တဲ့ ပိုစ် တွေ လဲ ရှိ ပါတယ်။

ကော် မင်း ရ မှာ သာ  စာ ရေး မယ် ဆို ရင်

ကိုပေါက် ဆို တဲ့ ကလောင် တစ်ချောင်း ဖြစ် လာ မှာ မဟုတ်တာသေချာပါတယ်။

ကော်မင်းနဲ့ ပါတ်သက်ရင် ရွာမှာ ကျုပ် လေး စား  တဲ့ လူ သုံးယောက်ရှိခဲ့ဘူးပါတယ်။

ဘယ်သူပိုစ်ဖြစ်ဖြစ် အမြဲ ဝင်ပြီး ကော်မင်းပေးလေ့ရှိတဲ့

ပေး တဲ့ ကော် မင်းတွေက လဲ ပြီး စလွယ်ေ မြာက် ပင့်ပြီးရေး တတ်တဲ့

ကော်မင်းမျိုး မဟုတ် ဘဲ သေ သေ ချာ ချာ ဖတ်ပြီး မှ မန်း တဲ့ ကော်မင်း

ပိုင်ရှင်တွေဖြစ်ပါတယ်။

သူတို့ သုံးယောက်ကြောင့်ဒီရွာကြီး စည် ကား ခဲ့ ဘူးတယ်ဆိုရင် မှန် ပါ တယ်။

စိန်ပေါက်ပေါက်(ခ)စိန်ဗိုက်ဗိုက်၊ ဆူး နဲ့ ဖရဲ သီး ပါဘဲ။

ကော်မင်းနဲ့ ပါတ်သက်ရင် ကျုပ် ပိုစ် ကို ကော်မင်း ပေး ပါ လို့ ဘယ် သူ မှ မတောင်းဆို ခဲ့

ဘူး သလို  ကော်မင်းမပေးလို့ ဆို ပြီး လဲ ဘယ်သူ ကို မှ စိတ်မဆိုးဘူး

စိတ် မကောက် ဘူး ရန် မ လုပ် ဘူးတာကတော့ သေ ချာ ပါ တယ်။

ကော် မင်း နဲ့ ပါ တ်သက် လို့ ရီ စရာေ ကာင်းတဲ့ ပိုစ်လေး တစ်ခုအကြောင်းပြောလိုက်အုံးမယ်။

ကျုပ် ပိုစ် ကို လူ တစ် ယောက် က ခေါင်း စဉ် ပြောင်း ပြီး ခပ် တည် တည် နဲ့ တင် သဗျာ။

ကလောင် နာမယ် တောင် ကျုပ် နဲ့ ခပ် ဆင် ဆင် ပေး ထား လိုက် သေး တယ်။

စာ ဖတ် နာ တဲ့ သူတစ်ယောက်ကေ ဖာ် တော့ အဲ ပိုစ် က ပေါ် လာ ရော။

ကျုပ် ရေး ထားတဲ့ ပိုစ်  ကို ပေး တဲ့ ကော်မင်း အရေ အတွက် ထက်

ကျုပ် ပိုစ် ကို ခိုး ချ ထားတဲ့လူရဲ့ ပိုစ် ကို ဝိုင်း ပေး ထား တဲ့

ပေးထားတဲ့ကော်မင်းအရေအတွက်ကပို များ ပါ သေးတယ်။

လူ နာ မယ် ထည့် မပြော လို့ မပြော ရဲ ဘူး လို့ တော့ မထင် နဲ့

မပြော ချင် လို့ မပြော တာ။

သိ ချင် ရင် နောက် ဖေးပေါက်ကလာ ပြီးတိုးတိုးတိတ်တိတ်လေး မေးလိုက်။

ပြော ပြ မယ် စိတ် ချ။

 

ကော်မင်း နဲ့ ပါတ်သက်ပြီးပြောရ ရင် တော့

ကြီး ကျယ် တယ် လို့ ထင် ချင် လဲ ထင် နိုင်တယ်

လူ စည် ကား ရုံ ကော်မင်း ရ ရုံ သက် သက် ရည် ရွယ်ပြီး တော့

ကျုပ် ဘယ်တော့ မှ မ ရေးဘူး ဆို တာ ပါ ဘဲ။

ဟုတ် မဟုတ် ကျုပ်ရေးခဲ့ တဲ့ ပိုစ်တွေ ကို ပြန်ဖတ်ကြည့် လို့ ရပါတယ်။

kai says: (Edit)

ဆောင်းပါးသာအေးဆေးရေးပါလေ..။
ဒီကိစ္စ.. ဒီမှာတင်ရပ်လိုက်ပါတော့နော…။
.. ရှေ့ဆက်သွားစရာတွေ.. အများကြီး…။

အကြမ်းရှင်းပြပါ့မယ်..။
စတစ်ကီကိစ္စက.. တော်တော်ပညာပါသဗျ…
ဘာလို့လည်းဆိုတော့ ပထမစာမျက်နှာရဲ့ထိပ်မှကပ်နေတဲ့ပို့စ်ဖြစ်တာမို့.. ရွာကိုဝင်လာသူတိုင်း.. အဲဒါတွေများများရှိနေရင်.. နည်းပညာပိုင်းအရလည်း တော်တော်ဒုက္ခရှိပါတယ်..။
အကြမ်းအားဖြင့်ပြောရရင်.. စတစ်ကီပို့စ်တွေမှာ ကော်မန့်များတတ်တာမို့..တယောက်ဝင်တိုင်း… ဒေတာဘေ့စ်က.. အကုန်ပြန်ပြီး load လုပ်နေရသမို့.. ဆာဗာဒုက္ခများတယ်ဆိုလိုတာပါ..။
ဒါကို.. ဘာနဲ့ချိန်ရသလည်းဆိုတော့.. အထဲက ဆာဗာ ပါဖော့မန့်နဲ့ Log ဖိုင်ကြည့်ချိန်ညှိရတယ်..။
မလုပ်တတ်ရင်.. ဝက်ဘ်ဆိုက်လေးတယ်..လေးတယ်.. ဖြစ်ရော..။

အဲဒါကို ရွာထဲ… တခါပြောဖူးသမို့ သဘောပေါက်တဲ့ မော်မော်တွေက.. စတစ်ကီလုပ်နိုင်ရက်နဲ့.. တတ်နိုင်သလောက်လက်ရှောင်ပါတယ်..။
ဆာဗာကိုပါ(နည်းပညာအရ)ဝင် ကြည့်နိုင်တဲ့ကျုပ်ဆီ ပြန်ဘောလီဘောပုတ်ထားတယ်ဆိုပါစို့..။

ဒီတော့.. စတစ်ကီမှာ.. အယ်ဒီတာအလုပ်ရယ်..။ ဆာဗာအက်ဒ်မင်အလုပ်ရယ် ၂ခုနဲ့ ချိန်ကစားရတာပါလို့…။

 

ဒီ လို အိုင် တီ ပိုင်းတွေ တော့ ကျုပ် နားမ  လည်ဘူး။

သူကြီးက သာ ခက် တယ်ေ ပြာ နေတယ် ဗျာ။

ဒါလေးဖတ်မိတော့ ကျုပ် တောင် အူ ကြောင် ကြောင် ဖြစ် သွားတယ်။

 

(စတစ်ကီချိတ်တာက..အင်မတန်လွယ်ပါတယ်။ တော်ရုံနဲ ့.မော့တွေ မချိတ်ဖြစ်တာလည်း..သဂျီးပဲ.လုပ်ပါစေလေ..ဆိုပြီး..လက်ရှောင်နေတာပါ ။ ဒါပေမယ့်.. ဖတ်ရွေးပိုစ့်လို..အများသိစေဖို ့..လိုကိုလိုတဲ ့ပိုစ့်မျိုး..ဆုကြေငြာပိုစ့်မျိုးကိုတော့.. ရှောင်စရာမလိုပါဘူး ။ တွေ ့ရင် ချိတ်လိုက်ကြမှာပါပဲ.. ။ အခု အချိန်နောက်ကျတာက..လုပ်နိုင်သူတွေ ရွာထဲ..မရှိချိန်မို ့..နောက်ကျတာလို ့ထင်ပါတယ် ။ ဒီလိုပိုစ့်မျိုးကတော့..မချိတ်မဖြစ် ချိတ်ကိုချိတ်ရမှာပဲ..ဟာ..။)

 

အဲ တော့ လဲ အော် ဒါ တွေ က ကျုပ် တို့ လက်လှမ်းမမှီ တဲ့ ကိစ္စ တွေ

ပညာရှင်တွေ ရဲ့ အလုပ် တွေ လို့ ဘဲ သတ် မှတ် လို်က်ပါတယ်

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

Visual လောကကို.. သိပ် serious မတွေး…မလုပ်စေလို။

ဟုတ် ပြီ ဒါ က တော့ ကျူပ် မှား တယ် လို့ ဘဲ ဝန် ခံ ပါ မယ်။

ကျုပ်အဖေတွေ ဆရာ တွေ က အရာရာကို အလေး အနက် ထားပါ

လို့မှာခဲ့ တဲ့ စကားကို မြေဝယ် မကျ နားထောင် မိ တော့လည်း

ဘာ လုပ်လုပ်  အလေးအ နက် ထား တာ အကျင့် ပါနေသ သပေါ့။

ကောင်းပါပြီ ခင် ဗျား တို့ ပြော သလို ဘဲ ဒီ  Visual ဆို တာကြီးကို

မ serious တော့ ပါဘူး။

 

အရင်ကတော့ ရွာ မစည်ကားမှာစိုးလို့ တစ်ရက်ခြားတစ်ခါ

တစ်ခါ တစ်လေတစ်လေတစ်ရက်တစ်ပုဒ်

တစ်ခါတစ်လေတစ်ရက်နှစ်ပုဒ်မဖြစ်ဖြစ်အောင်တင်ဘို့ ကျုပ် မှာ

Serious ခဲ့ ရတာ။

မန်းလေးမြို့ ကြီး က နေ ရွာထ ဲ ကို ဘယ်လိုမှ ဝင်မရ တဲ့ အချိန်

နို်င်ငံခြားရောက်ေ နတဲ့ ရွာသူ တစ်ယောက်ကို  အီးမေးလ်ကနေပို့

ကျုပ် ပတ်စ်ဝပ်တွေပေးပြီး ပိုစ်တင်ပေးဘို့ အကူ ညီတောင်းတဲ့အထိ seriousဖြစ်ခဲ့တာ။

ကျုပ်အလုပ်ကိစ္စ နဲ့ ခရီးထွက်မယ် ဆိုရင်တောင်မှ ပိုစ်တွေ အဆက် ပြတ်သွားမှာ

စိုးလို့ သိ တဲ့ တတ် တဲ့ လူ ကို မေးပြီး စကက်ဂျူးနဲ့ ဘယ် လို တင် ရ တယ် ဆို တာ

သိ တဲ့ တတ် တဲ့ လူ ကို မေးပြီး ပိုစ်အဆက်မပြတ်အောင်တင်ဘို့ seriousခဲ့ ရတာ။

ဓါတ်ပုံတင်ချင် ရင် ည ၁၁ နာရီကျော်မှ တင်ပါဆိုလို့ မိုးချုပ်ထိ စောင့် တင်ဘို့ seriousခဲ့ရတာ၊

ဓါတ်ပုံ တစ်ပုံ ထဲ တင် ပြီး သူကြီး ဆီ က အမှတ် တွေ ယူ ပါ တယ်လို့အပြောခံရလို့

ပိုစ်တစ်ပုဒ် ကို ဓါတ်ပုံ အနည်းဆုံး 8 ပုံလောက်တင်ဘို့ seriousခဲ့ ရ တာ

အိမ်နားက ဆိုင် က ဆာဗာ ဒေါင်း လို့ ဆိုင် ပိတ် ထားတယ် ဆို တာနဲ့

ပိုစ်မတင်ရ မှာ စိုးလို့ အင်တာနက်ဆိုင်ရှိတဲ့ အိ်မ်နဲ့ ဝေး တဲ့

နေရာကို ညည သွားပြီးပိုစ်တင်ဘို့Seriousခဲ့ရ တာ၊

အိမ်နားက ဆိုင် က ကော် နက် ရှင်မကောင်း ပုံ တင် လို့ မရ တော့

ကော်နက်ရှင်ကောင်းတယ်ဆို တဲ့  ဆိုင် အိမ်နဲ့ ဘယ်ေ လာက်ဝေးဝေး

သွားပြီး ပိုစ် တင်ဘို့ seriousခဲ့ရတာ

မန်းလေးမြို့ကအင်တာ နက် ဆိုင်တွေ ည ဆယ် နာရီ ပိတ် ရ မယ်ဆို တဲ့အခါ

ဆိုင်ရှင်နဲ့ ညှိနိူင်း ဆိုင် တံ ခါး ပိတ် မီးအမှောင်ချ အပေါ်ထပ် ထပ်ခိုးလေးမှာ

တစ်ယောက်ထဲ သုးံဘို့ စီစဉ်ေ ပး တဲ့ အခါ  ဆိုင် ကယ် က ဆိုင်ထဲသွင်းမရတော့

အင်တာနက် ဆိုင် ကို ညတိုင်းလမ်းလျောက်သွားပြီး ပိုစ်လေးရေးနိုင်တင်နိုင်အောင်

Serious ခဲ့ ရ တာ

ဇာတ်နာအောင်ပြောတယ်ေ တာ့ မထင် ပါ နဲ့ 2009ခုနှစ် စာတွေစရေး ကတည်းက

2012 မေ လ ထိ ကျုပ် အိမ်မှာ ဘာ ကွန်ပြူ တာ ဘာလက်တော့မှ မရှိ ခဲ့ဘူး

ညတိုင်းညတိုင်း အင်တာနက်ဆိုင်သွားပြီး ဂိမ်းတွေဆော့ ဆူညံ ဆဲဆို အော်ဟစ်နေတဲ့

ကလေးတွေကြားထဲမှာ ကျုပ် ပိုစ် တွေ ကို သွားသွားရေးခဲ့ရတာပါ။

ကိုယ် ည ကိုး နာ ရီလောက်မှ အင် တာန က်ဆိုင်ကိုသွားနိုင်တော့ စက် မရ မှာ စိုးလို့

ဆိုင်ရှင်နဲ့ညှိနိူင်း ည ၉နာရီထိုးခါ နီးရင် ကျနော် လာ လာ မ လာ လာ စက်တစ်လုံးချန်ထားပါ

ကျနော်သုံးသုံးမသုံးသုံး၉ နာ ရီ က စပြီး အင် တာနက်ဘိုး တွက် ထား ပါ ဆို ပြီး

Serious ခဲ့ တာ တွေ

အခု မှ မှား တယ် ဆို တာ သိ ပေ တော့ တယ်။

က ဲ ဒီ အချိန်က စပြီး Visual အတွက် မ serious တော့ တာ အသေအချာ ပါ ဘဲ၊

စိတ်အေးလက်အေးနေပါ တော့ မယ်။

ကျေး ဇူး တင် ပါ တယ်။

 

 

နောက်ဆက်တွဲ သတင်းလေး ထည့် လို်က်ပါအုံးမယ်

(ရွှေတိုက်စိုး နဲ့ ကိုပေါက် နည်းနည်း ညိတာတော့ သတင်းကြားမိသေးတယ်)

ဒါကလဲ သတင်း အမှားကြီး ပါ ဘဲ။

ပိုစ်တစ် ခု မှာ ရွှေ တိုက် စိုး ကို  ကျုပ်က စ လိုက် တယ်။

သူနဲ့ကျုပ်က စ နေ  နောက်နေ ကျ။

သူ အရပ် ပု တာကို ရည်ရွယ်ပြီး

မင်း ဘယ် တော့ မှ လူ ကြီး မဖြစ် လို့ ရေးလိုက်တယ်။

အဲ ဒီရဲ့ အကျုးိ ဆက် ကတော့ ပိုစ် ပိုင်ရှင် က

ဒီ လို လူ ကြီး တွေ ရွာ ထဲ က နေ ဘူ ဒို ဇာ နဲ့ ကော်ထုတ်ရ မယ်လို့ ပြန်ရေးတယ်။

တကယ ် တော့ ကျုပ် နဲ့ ရွှေ တိုက် စုးိ က မန်းလေးသားချင်းလဲ ဖြစ်  တယ်။

အိမ် နီး နား ခြင်း လဲ ဖြစ် တယ်။

အဲ တော့ သူနဲ့ ကျနော် က အမြ ဲ တမ်း က လိ နေ ရ ိနေ ကျ။

တစ်ယောက်နဲ့ တစ်ယောက်စိတ်ဆိုးတယ်ဆို တာ မရှိ။

သူ ရန်ကုန်မှာေ နလို့ သတိ ရ ရင် ဖုန်း ဆက ်တုံး

သူ  မန်းလေး လာ ရင် အတူ ဆိုင်ထိုင်တုံ့း။

အခု ချိန် ထိ သူန ဲ့ ကျနော် အလုပ် တွေ ဆက် စပ် လုပ် နေတုန်း။

ဒီမှာ တစ် ခု ကောက် ချက် ချ နိုင် တာ က အချို့ သောလုူတွေက

စာ ကို သေချာ မဖတ် ဘဲ

ရေ ရေ ရာ ရာ မသိ ဘဲ ကောက်ချက်တွေ ချ တတ် တယ် ဆို တာကို ပါ ဘဲ။

 

 

အခုလို စာ တို စာရှည်တွေ ရေး ရ တယ် ဆို တာ ကလဲ

အရှင်းဆုံးပြောရ ရင် ကိုယ့် ဘက် က ရှိ တဲ့ ချို့ယွင်းချက် ကို

ပွင့် ပွင့် လင်း လင်း ပြော လိုက်ရ င် ပြီး နေတာ ကို

ဝေ့ ဝိုက်ပြီး ဖြေ ရှင်းချက်တွေေ ပး နေ လို့ အခု လို ဖြစ် တာပါ။

အဖြစ်မှန် ကို သိပါ လျက် နဲ ့ ရူး ချင်ယောင် ဆောင်ပြိး ဖြေ ရှင်းချက်ထုတ်

တယ် ဆို တာက လူတစ်ယောက် ကို အနု နည်း နဲ့ စော် ကား တာ နဲ့ အတူ တူပါ ဘဲ။

ဘာ မှ ရေ ရေ ရာ ရာ မ သ ိဘဲ ဝင်ပြောေ နတာ ကလဲ နည်းလမ်း မကျ။

ကိစ္စ တစ် ခု ကတေ ာ့ ဖြစ် သွားခဲ့ ပြီး ပြီ။

ဖြစ် သင် ့ တာ တစ် ခု ကေ တာ့  ဖတ်ရွေးပိုစ်ကို စတစ်ကီ မချိတ်မိ လို့ ပြော တာကို

နောက်ဘယ် လို မဖြစ်အောင် စီ စဉ် မယ် ဆို တဲ့ အစား

ကျုပ် ကို စိတ် လျော့ လိုက် ပါ

စတစ် ကီ ကိစ္စ ကို မခံ စား ပါ  နဲ့ လို့ ဝိုင်းဖြောင့် ဖျ နေတာ

က လဲ အမှား တစ်ခု ပါဘဲ

တာ ဝန် ရှိ သူ ကိုယ်တိုင် ကလဲ နောင် ဘယ် လို မဖြစ် အောင် လုပ် မယ် ဆို တာ ထက်

လူ ကြီးဖြစ်ပြီး စတစ် ကီ ကိစ္စ ပြော တာ ကို အံ ဩ တယ် ပြော လို့ ပြော

စတစ်ကီ ကိစ္စ နဲ့ အယ်ဒီတာ ကို ဖိ အားမပေး နဲ့ ပြော လို့ ပြော

စတစ် ကီ တင် တာ ခက် တယ် လို့ နည်းပညာတွေနဲ့ ပြော လို့ ပြော နေ ပေ မယ်

မောဒ် လို့ ခန့် အပ် ထား သူ ကတော့ အခြားတ စ် နေရာမှာ

စတစ်ကီ တင် တာ လွယ် ပါ တယ် ပြော လို ပြော

စတစ်ကီ ကို မောဒ် ဆီ က ပါစတ်စ ဝပ် ရ လို့ ကိုယ့် ဘာ သာ ကိုယ်ပေးတယ် ပြောလိုပြောဆိုတော့

အဖွင့် နဲ့ အပိတ် နဲ့ မညီ ဖြစ်ေ နတော့

အ ခက် သား ဘဲ လို ပြော လို့ ရတယ်။

တကယ် နင် လာ းငါလ ား ပြောရ ရင် လူ တစ်ယောက် အတွက် ဘာအ ရေးအ ကြီးဆုံးလဲလို့

မေးရင် တကယ် ဓမ္မစစ်ဖြေမယ် ဆို ရင်

မိမိရဲ့ စား ဝတ် နေ ရေး က အရေးအ ကြီး ဆုံးဘဲ ဖြစ ်ပါတယ။်

အဲ တော့ ဘာ တစ် ခု မှ မ serious တာ အမှန ်ပါဘဲ။

ကျုပ် အနေ နဲ့ ပြောရ ရင် ဒီ ဖတ် ရွှေး ပိုစ အတွက် နဲ ့ စတစ်ကီကိစ္စ နဲ့ ဘဲ

၂ကြိမ် တိ တိ အဆင် မပြေ  မူ့ နဲ့ ကြုံ ခဲ့ ပါတယ်။

အဲ တော့ နောက် ဆို ရင် စတစ် ကီ အကြောင်းပြော မှ မဟုတ် သလို

ဖတ် ရွှေး  ရွေး ချယ် တဲ့ စာ မူ လဲ မရေးေ တာ့ ဘူးဆို တာကိုတော့

ပြော ချင် ပါ တယ။်

အခု လို ကျုပ် ပြော နေ လက် အညောင်းခံ ရေး နေတာ က စိတ် ဆိုးလို့ မဟုတ်။

ကျုပ် က စိ တ် ထဲ မှာ မတွေ့ ဘူး ဆို ရင် ဘာ တစ် ခု မှ ခွန်း တုံ့ မပြန် ဘဲ

မ ဆက် ဆံ ဘဲ ခပ် ကင်း ကင်း နေတ တ် တာ ကျုပ် အကျင့်။

 

ဘာ ဘဲ ပြော ပြော အားလုံးကို ကျေး ဇူး တင် ပါ တယ်။

 

 

ကိုပေါက်က မပြော ချင် ဘဲ ပြောတဲ့ စာ

၁၁-၇-၂၀၁၄(ဝါဆိုလပြည့်နေ့)

(ညမထွက်ရ အမိန့် ကြောင့် အပြင်မထွက်ရသောအချိန်တွင်ရေးသားပါသည်။)

 

 

24 comments

  • weiwei

    July 14, 2014 at 8:29 am

    2010 အောက်တိုဘာလကနေ ယနေ့အထိ သိခဲ့သူတစ်ယောက်အနေနဲ့ပြောရရင် ဒီလောက်အထိ ရှင်းပြစရာမလိုပဲ နားလည်ပြီးသားပါ …
    ဒါပေမယ့် အခုလို သေချာရှင်းပြလိုက်တော့လဲ မသိသေးတဲ့သူတွေ သိနိုင်တာမို့လို့ ကောင်းပါတယ်လို့ပဲ ပြောချင်ပါတယ် ..

  • ဇီဇီ

    July 14, 2014 at 8:34 am

    စိတ်မကောင်းဘူးးး
    အချင်းချင်း အထင်လွဲတာမျိုးမဖြစ်စေချင်လို့ ဖဘ မှာ (ရွာမှာ လူသိရှင်ကြား မဟုတ်) ကျနော်သိသလောက် အကျိုးအကြောင်း ရှင်းပြတာပါ။
    ထင်ချင်တာတွေ ဆက်ထင်တာတော့ ကိုယ်ပိုင် အခွင့်အရေးမို့ပါ လေးပေါက်ရေ။၊
    ကျနော့ရှေ့မှာ အထင်မှားနေတဲ့သူဆို မနေနိုင် မထိုင်နိုင် ပြောပြတတ်တာ အကျင့်ဖြစ်နေတာပါ။
    ကျနော့ ကော်မန့် ဘယ်ဟာမှ မဖျက်ထားပါဘူးးး အစအဆုံးဖတ်ရင် တွေ့ပါလိမ့်မယ်။

    ကျနော် သာဆို ဘယ်လိုလုပ်မလဲဆိုရင်…..
    အနော့ရဲ့ အများအတွက် အဖွဲ့အတွက် ရေးထားတဲ့ ပို့(စ) မစတစ်ဘူးနော်။
    နီးရာ မော့ ကို ပြောမှာပဲ။
    လေးပေါက် ကို လေးစားချစ်ခင်ကြပုံနဲ့ ဆို ၂ ခါ မပြောရပါဘူးးး
    ဒါမှမုန့် တဂျီးကို မေး(လ) ပို့လိုက်မှာပဲ။
    ပြီးပြီ။ ဘယ်သူ့ဘယ်သူ့မှ ဒီ လို အကျိပ်အခဲတွေ မကျေနပ်ချက်တွေကို မဖတ်မိတော့ဘူးးး

    အနော် ပြောချင်တာက ဆု ကြေငြာတဲ့ ပို့(စ) ကြီးမှာ…..
    လူတကာဖတ်တဲ့ ပို့(စ) ကြီးမှာ မကျေနပ်တာကြီးကို ပြောထားတာကို လူတွေ မဖတ်စေချင်ပါဘူးးး

    လေးပေါက် စာကောင်းပေကောင်းကို စေတနာနဲ့ ရေးနေမှန်း တစ်ရွာလုံးသိပါတယ်။
    တမင် ချန်တာ၊
    တမင် လုပ်တာ ဘယ်သူမှ မရှိဘူး ဆိုတာ ယုံကြည်ထားရင်တော့ စိတ်ပြေပါ၊

  • ရွှေညာသား

    July 14, 2014 at 8:48 am

    ဆြာပေါက်
    ကျွန်တော်အစအဆုံးဖတ်သွားပါတယ်။
    အမှန်အတိုင်းပြောရရင် ရွာကိုကျွန်တော်အဝင်နဲပါတယ်။ဘာကြောင့်လဲဆိုတော့
    ကျွန်တော်မရင်းနှီးလို့ပါ။ရွာထဲဝင်လိုက်တိုင်း ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့လက်ဆော့
    ရယ် ကိုပေါက်လက်ဆောင် အတွေးပါးပါးလေးရယ်ကို အမြဲဖတ်ပါတယ်။
    တစ်ခါတစ်ခါလိုချင်တဲ့ ဓါတ်ပုံလေးတွေဆို Down ထားပါတယ်။
    အခုလိုဖြစ်ရတာမှာ ကိုပေါက်ကိုလည်း ဘယ်သူမှ(ရွာသူ/ရွာသား)တွေအားလုံး
    ကအပြစ်မမြင်ပါဘူး။
    နောက် ကျွန်တော့်အနေနဲ့လည်း စကြနောက်ကြတာတွေကိုမြင်တွေ့နေရပါတယ်။
    ပျော်စရာကောင်းပါတယ်။ကျွန်တော်ဒီမှနေနေတုန်းလေးသာ
    အခုလိုဝင်ပြောနေပေမယ့် ခရီးထွက်ပြီဆိုရင် ဘာမှ မဝင်ဖြစ်တော့ရင်
    ဘယ်ရွာသူ/ရွာသားများ Post အသစ်တင်ပြီလဲစောင့်ကြည့်ရတာ အမြဲပါ။
    ခက်တာက ရွာရဲ့ ဒီမိုကရေစီပါ။သူဂျီး ဥကိုင်က အမေဒစ်ကန် စတန်းဒတ်ထားပေမယ့်
    ကျွန်တော့်တို့ ဘိရုမာ စံချိန်နဲ့ မကိုက်ညီတာလေးတွေလည်းရှိနေတတ်ပါသေးတယ်။
    အလွယ်ပြောရရင်တော့ ရွာနဲ့ပတ်သတ်တာကို စတစ်ကီပေးသင့်ကြောင်း( ရွှေညာသားအမြင်)
    ကိုပြောပါတယ်။
    အယ်ဒီတာစံမှီ/မမှီ ရွှေညာသားမသိပါ။သို့သော် ဗမာဒီမိုကရေစီအရ ပေးသင့်တယ်။
    လာပြီးရင့်ကျက်ပါမပြောသင့်ပါ။
    နောက် ကိုပေါက် ရွာကိုစေတနာထားတာ ရွာကိုချစ်တာ အားလုံးသိပါတယ်။
    ကျွန်တော်လည်း မန်းသားတစ်ပိုင်းပါ ဆြာပေါက်။
    ဒီတော့ကာ ကျွန်တော် ဆြာပေါက် စာတွေကို ရွာမှာသာမက အပြင်မှာဖတ်ရတိုင်း
    ကိုယ့်ပတ်ဝန်းကျင်ကို ပြလေ့ရှိပါတယ်။
    ဒီလူ ဘယ်သူဆိုတာလည်း ကြွားပါတယ်။မမြင်ဘူးပါဘူး။
    ဒါဘာကြောင့်လည်း ရှင်းပါတယ်။ရွာသားဖြစ်နေလို့ပါ။
    ဆိုလိုတာ စာရေးဆရာတွေအများကြီးထဲမှာ ကိုပေါက်က ရွာသားဖြစ်နေလို့
    ဂုဏ်ယူတာပါ။
    ကျွန်တော်ဖတ်ရတိုင်း မှတ်ပြီးPost ထဲမှာ တောင် ပြန်ပြန်ရေးပေးဖြစ်ပါတယ်။
    ဂုဏ်ယူတာပါ။
    နောက်ကိုလည်း ဆက်ရေးပါ ဆြာပေါက်။
    ကျွန်တော် ပြောတာ ကိုပေါက် ရွာမှာ မနေမှစိုးလို့ပါ ။
    နှစ်ယောက်တစ်ပိုင်းခေတ်ကထဲက လူတစ်ယောက် ရွာလူကြီးဟောင်း
    တစ်ယောက် ခံစားချက်ကို ပါးပါးလေးမြင်နေရလို့ပါ။
    တကယ်ပါ မိကေဇီပြောသလို စိတ်ပြေပါ နော် ဆြာပေါက်။
    မတွေ့မြင်ရပဲ ခင်တဲ့
    ရွှေညာသား(အထက်အညာမြေ)

  • မင်း ခန့် ကျော်

    July 14, 2014 at 9:57 am

    ဒီမှာ တစ် ခု ကောက် ချက် ချ နိုင် တာ က အချို့ သောလုူတွေက

    စာ ကို သေချာ မဖတ် ဘဲ

    ရေ ရေ ရာ ရာ မသိ ဘဲ ကောက်ချက်တွေ ချ တတ် တယ် ဆို တာကို ပါ ဘဲ။

    ဟုတ်လိုက်လေ လေးပေါက်ရေ။
    သူငယ်နာစင်ဖို့လိုတဲ့ရွာသူားတွေရှိနေသရွေ့
    ကျတော်ကိုယ်တိုင်လဲ ဆင်ချင်စရာတွေကြိုးစားဆင်ချင်ပါမယ်။
    လေးစားလျက်။

  • ဦးကြောင်ကြီး

    July 14, 2014 at 10:03 am

    သောက်သဂျီး သောက်သဂျီး သောက်သဂျီး.. အရသာရှိလိုက်ထှာ….

    • kai

      July 14, 2014 at 12:54 pm

      ကျေးကျေးဗျာ..
      အခုလည်းသောက်နေပါတယ်..။
      သောက်သွားပါဦးလား… ? :mrgreen:

      • alinsett (gazette)

        July 14, 2014 at 3:52 pm

        ဦးကြောင်ကြီး says:
        သောက်သဂျီး သောက်သဂျီး သောက်သဂျီး.. အရသာရှိလိုက်ထှာ….

        kai says:
        ကျေးကျေးဗျာ..
        အခုလည်းသောက်နေပါတယ်..။
        သောက်သွားပါဦးလား… ?

        တို့သဂျီးပဲအေးတယ်
        သူ ့ကို ဆဲနေတာတောင်
        ဆဲတယ်လို့ မခံယူဘူး။

        ပန်းနဲ့ပေါက်တယ် အောက်မေ့နေလားမသိ
        ဒါလည်း တမျိုးတော့ကောင်းတာပဲ။

        အေးတာပေါ့။

        :mrgreen:

  • Foreign Resident

    July 14, 2014 at 10:35 am

    ပြောစရာ ကတော့ တစ်ခွန်းဘဲ ရှိပါတယ် ။
    ” ကိုပေါက် မ မှားပါဘူး ”

    မော့ဒ်တွေ နှင့် သူဂျီး ၊ သူလိုလို ကိုယ်လိုလို နှင့် ၊ သတိလွတ်သွားတာပါ ။
    ကျနော်ကတော့ ၊ အဲ့ဒါ ဖတ်ရွေး Post မှန်းကို သတိမထားမိတာ ။

  • ဦးဦးပါလေရာ

    July 14, 2014 at 11:30 am

    – ကိုပေါက်ကို နားလည်ပါတယ်…။ ဒီပိုစ့်မတက်ခင်တည်းက နားလည်ပါတယ်..။

    – ကျနော်လဲ ရွာအကြောင်း အတန်အသင့် သိနေပါတယ်..။
    – ဒီမော်ဒရေတာ ၁ဝယောက်မှာလဲ ကျနော့်လောက် သိနိုင်တဲ့သူ (ကျနော့်ထက်သိနိုင်တဲ့သူ) သိပ်မများဘူးလို့ထင်တာပါပဲ..။
    – သူကြီးဆိုတာကတော့ ရွာအကြောင်း မသိ ဆုံး လို့တောင်ထင်မိပါတယ်..။

    – သူကြီးက သူ့ဆိုက်မှာ မော်ဒရေတာတွေကို ဘယ်လို သတ်မှတ်ထားတယ်ဆိုတာ အသေအချာမသိပေမယ့်
    – ကျနော်ထင်သလောက်တော့ တနေ့နေ့မှာ ရွာသားတစ်ယောက်ဟာ လော့အင်လဲဝင်ရော
    – တွေ့သမျှဟာတွေ အက်ဒစ်လုပ်လို့ရနေတာ တွေ့လိုက်ရပြီး အိပ်မက်မဟုတ်တာသေချာသွားတဲ့အခါ
    – ( အော် လက်စသပ်တော့ ငါ မော်ဒရေတာဖြစ်နေပါပကောလား) လို့ သဘောပေါက်သွားရတဲ့နည်းနဲ့ မော်ဒရေတာ ခန့်တယ်လို့ ထင်တာပဲ…
    – ဟုတ် မဟုတ်ကတော့ သူတို့ကလဲ ဖြေမှာမဟုတ်..။

    – ကျနော့်အထင်များမှန်နေရင် .. အခုတလောဖြစ်ပျက်သမျှတွေရဲ့ အဖြေကို တွေ့ရနိုင်တယ် ထင်မိတယ်..။

    • Foreign Resident

      July 14, 2014 at 12:32 pm

      ” တနေ့နေ့မှာ ရွာသားတစ်ယောက်ဟာ လော့အင်လဲဝင်ရော ၊
      ထင်တာပဲ ”

      ဦးပါအထင်ကို တစ်ခွန်းထဲ ဖြေရရင်တော့ ” မဟုတ်ဘူး ”
      😛

  • kyeemite

    July 14, 2014 at 11:45 am

    ကိုပေါက်က မပြောချင်ပဲပြောပေမဲ့ ကျုပ်ကတော့ ဘာမှမပြောချင်တော့ကြောင်းပါဗျာ :p:

  • Wow

    July 14, 2014 at 12:03 pm

    ဒဂျီးနဲ့ မော့မော့တွေဂို ဆန်ဒပြဂျမားငင်င်င် :mrgreen:
    အနော် ဘီယာဘူး အဲလေ ရေသန့်ဘူး လိုက်ရောင်းမယ် :mrgreen:

  • san san tint

    July 14, 2014 at 1:48 pm

    အမ် မလေး တော်… မ ပြော ချင် ပေ လို ့ ပဲ..
    မ ပြော ချင်ပဲ.. ဒလောက်ရှည်ရှည်ဝေးဝေးပြောလိုက်တာကိုက…စန်းစန်းတင့်ဖြစ်နေတာရှင့်..
    စန်းစန်းပေါက်ရဲ ့.. ။

    ကော်မင်းနဲ့ ပါတ်သက်ရင် ရွာမှာ ကျုပ် လေး စား တဲ့ လူ သုံးယောက်ရှိခဲ့ဘူးပါတယ်။
    ဘယ်သူပိုစ်ဖြစ်ဖြစ် အမြဲ ဝင်ပြီး ကော်မင်းပေးလေ့ရှိတဲ့
    ပေး တဲ့ ကော် မင်းတွေက လဲ ပြီး စလွယ်ေ မြာက် ပင့်ပြီးရေး တတ်တဲ့
    ကော်မင်းမျိုး မဟုတ် ဘဲ သေ သေ ချာ ချာ ဖတ်ပြီး မှ မန်း တဲ့ ကော်မင်း
    ပိုင်ရှင်တွေဖြစ်ပါတယ်။
    သူတို့ သုံးယောက်ကြောင့်ဒီရွာကြီး စည် ကား ခဲ့ ဘူးတယ်ဆိုရင် မှန် ပါ တယ်။
    စိန်ပေါက်ပေါက်(ခ)စိန်ဗိုက်ဗိုက်၊ ဆူး နဲ့ ဖရဲ သီး ပါဘဲ။

    ဒါဆို..ကျန်တဲ့လူတွေရဲ ့ကော်မန်းတွေကရော …

    အနော် ပြောချင်တာက ဆု ကြေငြာတဲ့ ပို့(စ) ကြီးမှာ…..
    လူတကာဖတ်တဲ့ ပို့(စ) ကြီးမှာ မကျေနပ်တာကြီးကို ပြောထားတာကို လူတွေ မဖတ်စေချင်ပါဘူးးးဆိုတဲ့
    ဇီဇီလေးရေ… မွားမွား

    • ဇီဇီ

      July 14, 2014 at 3:19 pm

      ဟာ။ ဘယ်သူတုန်းဟ။
      ပြောချင်ရာပြောပြီး ကျုပ်ကို မွှားမွှား လာမလုပ်နဲ့နော်။

      ဒီမှာ အေးရာအေးကြောင်း ဖြစ်အောင် ဆင်ဆင်ခြင်ခြင်ပြောဆိုနေတာ။
      ပွဲကြီးပွဲကောင်းမြင်ချင်တာလားးး၊
      ရွာဆူတာမြင်ချင်တာလားးး

      ခုတလော ပို့(စ) ရေးဖို့ စိတ်မပါပါဘူးဆိုမှ အပုန်းတွေက တစ်မျိုးအေ။
      ပွက်လောရိုက်အောင် လာလုပ်နေတယ်။

      မှတ်ထားနော်။
      ကျုပ် က ဒီ မျက်နှာနဲ့ပဲ ဘယ်သူ့မဆို ပြောရဲတယ်။
      ခု ကျုပ် လို့ အထင်ခံရလို့ကတော့ အကောင့်ပုံးမှန်သမျှ အကုန်ကစ်မယ်မှတ်။

      👿

      • san san tint

        July 14, 2014 at 4:55 pm

        ဘယ်သူတုန်းဆိုမှ မိတ်ဆက်ဖို့သတိရတယ်ချင့်
        တမီးက ဒီရွာကို စာဝင်ဝင်ဖတ်နေတဲ့ပလိတ်သတ်တယောက်ပါချင့်
        ၂၀၁၃ လောက်ကစ ဖတ်မိကတည်းက မကြာမကြာဝင်ဖတ်ဖြစ်နေတယ်ပေါ့ချင်
        တမီး ဝင်ဖတ်တဲ့အချိန်ကထဲက ဖြစ်လိုက်ကြတဲ့ပြသနာတွေ တန်းရယ်စီလို့

        ပွဲကြီးပွဲကောင်းမြင်ချင်တာလားးး၊
        ရွာဆူတာမြင်ချင်တာလားးးဆိုလို့…ပြန်ပြောရပါအုန်းမယ်
        ဒီရွာမှာ ပွဲကြီးပွဲကောင်းက အမြဲဘဲဖြစ်နေတာမဟုတ်ဖူးလား
        ရွာက တခုမဟုတ်တခုအကြောင်းနဲ့ဆူနေတာပဲမဟုတ်ဖူးလား..
        စာကောင်းပေကောင်း ဖတ်ချင်လို့ ဝင်ဖတ်နေတဲ့လူတွေက..ဒီပြသနာအစုတ်အပြတ်တွေကိုပဲ ဖွင့်ဖတ်မိနေတာလေ။စာကောင်းပေကောင်းတွေလည်း ရှိပါရဲ့။ အဲဒီကြားညပ်နေတဲ့စာကောင်းပေကောင်းလေးတွေကို ကြားညပ်တဲ့အထဲက လိုက်ဖတ်နေရသေးလို့သာ ဝင်ဖတ်နေသေးတာရယ်
        အခုတော့ ဒီလိုပြသနာတွေကို မဖတ်ချင်ပေမယ့်ပိုက်ဆံအကုန်ခံပီး ဖွင့်ဖတ်မိရက်သားဖြစ်ဖြစ်နေလို့ မနေနိုင်တော့လွန်းလို့လိုင်းကောင်းနေတုံးမို ့ မန်ဘာဝင်လိုက်ပြီး ဝင်ပြောတာပါချင့်
        တမီးက ဆူနေတဲ့ရွာထဲ လက်ဖက်ခြောင်ဝင်ခပ်တာပါချင့်။အကောင့်ပုံးမဟုတ်ပါဘူးချင့်။အပွင့်မှ
        အပွင့်စစ်စစ်ပါချင့်။
        အနော် ပြောချင်တာက ဆု ကြေငြာတဲ့ ပို့(စ) ကြီးမှာ…..
        လူတကာဖတ်တဲ့ ပို့(စ) ကြီးမှာ မကျေနပ်တာကြီးကို ပြောထားတာကို လူတွေ မဖတ်စေချင်ပါဘူးးးဆိုတဲ့ ဇီဇီလေးရေ… မွားမွားလို့ရေးလိုက်တာကလည်း သဘောထားလေးကို သဘောတူလို့ပါချင့်
        မဟုတ်မခံ ဇပ်ဇပ်ကျဲစတိုင်နဲ့နေတဲ့ ဇီဇီကိုလည်းခင်မင်နေသူပါချင့်

  • ရွှေတိုက်စိုး

    July 14, 2014 at 4:20 pm

    ကျုပ်နဲ. ကိုပေါက ်ညိတော့ရော ဘယ်သူစီးပွားတုတ်နဲ.ထိုးနေလို.လဲဗျာ….. ညိတာမှ တော်တော်ကို ညိတာ.. ကျုပ်နဲ.ညိလို.ကတော့… ဟွင်းဟွင်း…
    အဲလောက်များအားနေကြရင် ဖတ်ရွေးထဲ ဝင်ဖတ်ကူကြစမ်းပါဗျာ…. ဘယ်နှယ့် ကော့မန်.လေးတွေနဲ. ဟိုကလိဒီကလိ လုပ်မနေကြစမ်းပါနဲ… နောာာာ…
    လေးပေါက်ရေ.. ကျုပ်တော့ ဒီရွာကြီးအကြောင်း စလုံးပေါင်း ဘယ်နှလုံး ရှိတာကအစ သိနေတော့ ပြောတော့ဘူးဗျာ…. လူရာမဝင်ဘူးပဲပြောပြော….

    သူကြီးကလဲ သကြီးပဲ… ပြောချင်ဘူး….
    မော့ဆိုလား ဘာလား ရင်ကော့နေကြတဲ့ သူတွေကလဲ သူတွေပဲ..
    လေးပေါက်ကလဲ …. လေးပေါက်ပဲ…
    ကျုပ်ဆိုတဲ့ ကောင်ကလဲ ရွှေတိုက်စိုးပဲ…… ပြောချင်တော့ပေါင်ဗျာာာာာာာာာာာာာာာာာ အဟီးးးး

    အဲအဲ မပြောဘူးဆိုပြီး ပြောလိုက်အုံးမယ်… ကျုပ်ဖြင့် ရွာထဲက သူတွေကို လွှတ်တော်ထဲ ထည့်ပေးချင်ထာ…… ဟိဟိ

  • Ma Ma

    July 14, 2014 at 4:38 pm

    လူအများနဲ့ဆိုင်တဲ့ပိုစ့်ဖြစ်လို့ စတစ်ကီပေးဖို့လိုတာအမှန်ပဲမို့ ကိုပေါက် မမှားးးးးး

    မော်မော်တွေကလည်း ဘယ်အချိန်ဘယ်အရာဘယ်သူ့တာဝန်ဆိုပြီး တိတိကျကျ မရှိလို့ စတစ်ကီ လုပ်မပေးမိတာမို့ သူတို့လည်း မမှားးးး

    သဂျီးကလည်း ရွာသက်တမ်းတစ်လျှောက် လက်တွဲလာတဲ့ ပင်တိုင်စာရေးသူလည်းဖြစ်တဲ့ ကိုပေါက်ကို ဘာအကြောင်းပြချက်မှမရှိပဲ တမင်စတစ်ကီမပေးတာ မဟုတ်တဲ့အတွက် သဂျီးလည်း မမှားးးးးးးးးးးးး

    တာဝန်ယူ/ပေးမှု သီးသန့်မရှိတဲ့အတွက်ကြောင့် သူ့လိုလို ကိုယ့်လိုလိုနဲ့ လွတ်သွားတာ။

    အဲဒါကြောင့်…………
    ဒီတခါ အပြစ်တင်ရမှာတွေ့ပြီ။
    စနစ်ကြောင့်………..
    စနစ်ကြောင့် …………………. :buu:

  • Iris

    July 14, 2014 at 8:27 pm

    ဟီးးး​သေ​သေချာချာမဖတ်​ပဲ ​ကော်​မန်​့​ပေးလိုက်​ဦးမယ်​.ဘက်​မလိုက်​ဘူးထင်​ထားတဲ့သူကြီးလည်​း ဒီတစ်​ခါ​တော့ နည်​းနည်​းထူးဆန်​း​နေတယ်​။ ဝင်​ရန်​တိုက်​သွားသည်။

  • အရီးခင်

    July 15, 2014 at 9:50 pm

    ဒီမယ် ကိုပေါက်ကြီး
    ဒီ စာ ဖတ်ပြီး စိတ် ၂မျိုး ဖြစ်လို့ ရတယ် ဗျ။
    သိလား။

    ပထမ စိတ်က ဒီ လူကြီး သူလိုရာဆွဲ ပြီး စကားကို ပိုပြီး ပြောတယ်။
    ပြောတဲ့ အထဲမှာ “မမြင်တာဖြစ်မယ်” ဆိုတာလဲ မပါဘဲ နဲ့။
    ပြောခဲ့တာက
    “ကျွန်မ သတိထားမိသလောက် ကတော့ သူကြီးမင်း စက်တော်ခေါ်ချိန် နဲ့ Post တက်ချိန် တိုက်လို့ပါ။”
    ရိုးရိုးလေးရယ်။
    ဒါကို
    “သူကြီး စက်တော် ခေါ်ေ န တဲ့ အချိန် နဲ့ တိုက်ဆိုင်သွားလို့ မမြင်တာဖြစ်မယ်။” တဲ့။
    စကားတာသွားမှု အများကြီး ကွာတယ် မထင်ဘူးလား။
    ကျွန်မ ပြောလိုက်တာက မြင်တာ မမြင်တာ မပြော။ အချိန် ကွာဟ မှု ကို ဘဲ ပြောတာ။
    ဒါကို ရှင်က ဘယ်လို ဘာညာ ဘလာ ဘလာ ဘလာ အစချီ လို့ ….
    ဂျီ ကျပြီး စိတ်ဆိုး ကိုပေါက်ကြီး ကို ရန်တွေ့ ဒီ လူကြီး တွေ့လို့ကတော့ အရိုး အသားအစရှာမရ အောင် အမှုန့်ခြေ မယ် ခြိမ်းခြောက်။
    ကိုယ့်စိတ်ထဲ မှာ လဲ မကျေနိုင် မချမ်းနိုင် တနုံ့နုံ့ နဲ့ အပူမီးပွါး။
    တွေးလေ တွေး လေ ကြိတ်မနိုင် ခဲမရဖြစ်လေ ပေါ့။
    ပြီးတော့ သေခန်းရှင်ခန်းဖြတ်။ ဒီမှာ တစ်ခန်းရပ်။

    နောက် တစ်စိတ် ကတော့
    ဟား “တို့ ချစ်ကိုကြီး” (စီဒီ – ကြောင်) ကတော့ ဟာသဘဲ။
    သများ ပြောတာက တစ်မျိုး၊ သူထင်တာ တစ်လွဲ။ တကဲ့ Typical ကိုပေါက်ကြီးဘဲ။
    ဒီလို ဝူးဝူးဝါးဝါး ထထ လုပ်တာလေး ကို က ချစ်ချာလေး။
    ဒါကြောင့် အစ်မပေါက် အသည်းကျော်ကြီး ဖြစ်ခဲ့တာနေမှာ။
    သူ့ဟာသူ ဘာပြောပြော။ သူ့ အကြောင်း သိပြီးဘဲ။
    စိတ်မတို ပေါင် တော်။
    ဒီလို ထထ မဖောက်မှာ ကို တောင် စိုးရိမ် နေရတာ။
    ဒါလေးများ သီချင်းလေးတောင် ညည်းပြလိုက် ဦးမယ်။ နားဆင်ပေရော့။
    ==================
    မျက်နှာထား တင်းတင်း နဲ့
    နောက် ဒီလို မနောက်နဲ့ ပြောလွှတ်လိုက်တယ်။
    ကိုယ် စနောက် တတ်မှန်း သိရက်သား နဲ့ “ပေါက်” ပြောရက်တယ်။
    ပြောနိုင်ပါတယ်။
    မင်းအနိုင်ယူကွယ်။
    ကိုယ့်ကို အမြဲတမ်း မင်းပြောနိုင်ပါတယ်။
    (စိုးလွင်လွင် ရဲ့ အသံဖြင့် နားဆင်ရန်)
    =============

    ကဲ ကိုပေါက်ကြီး
    ဘယ် စိတ် ကိုကြိုက်လဲ။
    ဘယ် စိတ် ကို ရွေး မလဲ။
    ခင်ဗျားကြီး သဘော။ :-)))))

    ရွာထဲ ငြင်းကြ ခုန်ကြတာ မဆန်းပါ။
    စိတ်ရှင်းရှင်း ခင်ခင်မင်မင် ညီရင်း အစ်ကို မောင်ရင်းနှမ လို အားလုံး စည်း နေတဲ့ စိတ် ရှိရင် ပျော်ဖို့တောင် ကောင်းသေး။
    မောင်နှမတစ်သိုက် ကိုယ့် စိတ် နဲ့ မတူရင် ဒီလိုဘဲ ငြင်းခုန် နေကျ ကိုး။
    ဒါပေမဲ့
    ရွာထဲ မယ်
    သူ့လူ ကိုယ့်လူ
    သူ့ အရပ် ငါ့ အရပ် ဆိုပြီး
    ကွဲတော့ မှသာ ဆန်းပြီး စိတ်ညစ်ဖို့ ကောင်းမှာ။
    မပျော်ဖို့ ကောင်းမှာ။

    ဒီတော့
    ရွာထဲ က ရွာသားတိုင်း စိတ်ကြိုက် လမ်း ရွေးနိုင်တယ်။
    (၁) ပျော်ပျော်ရွှင်ရွှင် နဲ့ တွန်းထိုး ငြင်းခုံ ရန်ဖြစ် ပြီးတော့ ပြန်ချစ် ချင်တာလား။
    ဒါမှမဟုတ်
    (၂) တစ်ယောက် နဲ့ တစ်ယောက် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ စည်း တွေတား စည်းတွေခြားပြီး အကွဲကွဲ အထေ့အငေါ့ အညိုးအတေး တွေ နဲ့ စိတ်ပျက်စရာ စကားတွေ စစ်ထိုး နေချင်တာလား။

    (၁) ကိုလိုချင်ရင်တော့ ဘာဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း ပြောပြီး ဆဲဆို လို့ ရတယ်။
    ပြီးပြီးရော ခေါင်းထဲမထားရ။ လက်သီးပုန်း မထုတ်ရ။ မျက်နှာဖုံး မစွပ်ရ။ နောက်ကွယ် အတင်းမတုတ်ရ။

    (၂) ကို လိုချင်ရင်တော့ နောက်ကွယ်မှာ စုစု လုပ်လိုက် ပြီးတော့ ရွာထဲ ဝင် အော်လိုက် ပြန်ထွက် လိုက် ပုန်းရှိုး ကွယ်ရှိုး ကြောင်သူတော် ကြက်သူခိုး ပုံစံ နဲ့ လုပ်ကြပေါ့။

    ဆဲချင်လား။ လာဆဲပေါ့။ ကိုယ့် အမှန် ရုပ်နဲ့။
    မဟုတ်ရင်တော့ ခွေးဟောင်တယ်ထင်ပြီး ထကြည့်မှာမဟုတ်။

    ဒါပါဘဲ။

    ပုံ
    စုန်းမ
    ရွာ့ မော့မော့ များ ကို ကျိန်စာတိုက်ထားသူ

  • မီ မီ

    August 3, 2014 at 11:21 am

    ပြောချင်နေတာကြာပြီ
    နဲနဲလောက်ဝေဖန်မယ်နော်
    ဒီဆိုက်က လူကြီးတွေတအားရန်ဖြစ်တာပဲ
    တခြားနေရာမှာလူငယ်တွေပဲ ရန်ဖြစ်တာတွေ ့တယ် ဟိ
    ကျွန်မ တင်တဲ့စာတုန်းကလည်း ဘယ်သူတွေမှန်းမသိဘူူး
    ရန်ဖြစ်နေကြတာ
    တော်ကြပါတော့ရှင် လူကြီးဆိုတာ လူငယ်တွေအတုယူဖို့ စံပြမဟုတ်လား
    ကျွန်မပြောချင်နေတာကြာပါပြီ
    မအားလို့ မပြောဖြစ်ရတာပါနော်

    • ရာမည

      August 3, 2014 at 12:00 pm

      မစိုးရိမ်ပါနဲ့ခင်ဗျာ
      လူကြီးတွေက ချစ်လွန်းလို့ နပန်းသတ်တိုင်းသစားနေတာပါ ဟီဟိ
      ပါးရိုက်တမ်းလည်းကစားပါတယ်
      အချိန်ကျရင် အရက်ဆိုင်မှာ ပြန်တွေ့ရမှာပါခင်ဗျာ
      :mrgreen:

      • အရီးခင်

        August 3, 2014 at 2:52 pm

        ကိုရာမည ကြည့်ရတာ ရဲ မို့ ထင်တယ်။
        တစ်ခြား အရေးထက် ရန်ဖြစ် တဲ့ အရေး နဲ့ ပါတ်သက်ပြီ ဆို ဝင်ဝင်လာလို့။
        ကောင်းပါတယ်။
        ရွာ မှာ ပတ်တရောင် လှည့် ပြီး အရေး ဆို သံချောင်းခေါက် ပေး သူ ရှိနေတာ။
        ကျေးဇူးပါရှင့်။
        :-)))

    • အရီးခင်

      August 3, 2014 at 3:14 pm

      ရန်ဖြစ်တာထက် ငြင်းခုံကြတာပါ မီမီ ရယ်။
      “ဒီလို ငြင်းခုံ တာက နေ ပညာ ယူတတ်ရင် ပညာ ရပါတယ်”
      အကောင်းမြင်စိတ်မျိုးတော့ အရင်မွေးထားဖို့လိုမယ်။
      နှစ်ဘက် ကို ဘေး ကနေ ဘက်မပါဘဲ ကြည့်ကြည့်။
      အဲဒါကို ကြည့်ပြီး ကိုယ့် မှာ လဲ ပြင်စရာ တွေ အမှား တွေ အများကြီး တွေ့လာမယ်။
      ဒါဆို ဒီရွာ က အင်မတန်ချစ်ဖို့ ကောင်းတာ တွေ့လာလိမ့်မယ်။
      ငြင်းခုံ ခြင်းကနေ ကိုယ့် ရဲ့ ကိုယ်ပိုင် တီထွင် တွေးခေါ်တတ်မှု ကိုလဲ ဒီက နေ သင်ယူလို့ ရပါတယ်။

      ဟိုးတုန်းက စကားရည်လု စကားပြောပြိုင်ပွဲ တွေ တောင်ရှိခဲ့သေးတာ။
      အခုမှပျောက်ကုန်တာလေ၊
      အနောက်တိုင်းမှာတော့ debate တွေ ကို ပိုပိုပြီးတောင် အားပေးတယ်။
      ကိုယ်လိုရာပြောဖို့ တစ်ခြားကနေလဲ စာဖတ် ရမယ်။
      ကိုယ်နဲ့ တူရာ အတွေး နဲ့ ဆိုင်တဲ့ တစ်ခြားသူ တွေ ရဲ့ အတွေး တွေကို ရှာပြီးလဲ အားဖြည့်ရမယ်။

      အကောင်းဆုံးကတော့
      တစ်ခါတစ်ခါ ငြင်းရင်း ကိုယ် မှားနေတာ ကို ပြန်မြင်လာတတ်တဲ့ သဘောလဲ ရှိပါတယ်။
      အဲဒီ မှားတာ ကို သိရက် ဆက်ငြင်း နေတာ ကိုတော့ – “ဖင်ပိတ်ငြင်းတယ်” ခေါ်တတ်ပါတယ်။ :-)))

  • Mg Yit Htoke

    August 3, 2014 at 5:05 pm

    ဒေါသထွက်နေတဲ့ လူအုပ်ကျီး လွှတ်လိုက်ရမား :mrgreen:

Leave a Reply