Evaluation In Power Of Love Movie…

ကုိ ထြဋ္July 14, 20141min1973

Power Of Love

ဝတ္ထု  လွန်းထားထား၊ ဇာတ်ညွှန်း  နေစိုးသော်၊ ဒါရိုက်တာ မလိခစိုးထိုက်အောင်

သရုပ်ဆောင် မြင့်မြတ်၊ အောင်လ၊ နန်းဆုဦး

 

အဟမ်း အဟမ်း ပြောတော့မယ်နော်…

ပထမဆုံး လွန်းထားထား ဝတ္ထုဆိုတော့ ဒုတိယ ကိုရီးယား လို့ ပြောမလား.. သူကအရင်ရေးပြီး ရုပ်ရှင်တွေ အရင်ကြည့်ဖူးလို့  ပထမ ကိုရီးယားလို့ ပြောမလားပဲ…

မင်းသားတွေရော မင်းသမီးရော ချမ်းသာကြ သင်တန်းတက်ကြ ရုပ်တွေကလဲချောကြ.. အကုန်ပြည့်စုံနေတော့တာပဲ…

ပြီးတော့ ဒီဇာတ်လမ်းက အရင် တခါကြည့်ဖူးတယ်ဗျ… ကျွန်တော်ကြည့်ဖူးတာပဲ ရှိတယ်နော်.. မင်းသားအသစ် မင်းသမီးအသစ်တင်တိုင်း ဒီလို လူငယ်ဖန်စီ မိဘနဲ့သားသမီး ဇာတ်လမ်းတွေလဲ ဖန်တရာတေပဲ…

ဒီကားတောင် ဘယ်နှယောက်ရိုက်ပြီးမှန်းကို မသိတာ… သိတဲ့သူတွေက မန့်ကြနော်.. ဟီး.. ကော်မန့်တောင်းတာ.. တောင်းတာ… 🙂

ပိုဆိုးတာက မင်းသားရော မင်းသမီးရော အသစ်ဆိုတော့ သရုပ်ဆောင်တာ ထောက်တယ်ဗျာ…

ကဲ.. ကဲ.. ဇာတ်လမ်း အကျဉ်းပြောပြမယ်… သူငယ်ချင်း ယောကျာင်္းလေး ၂ ယောက်.. ကောင်မလေးနဲ့ ငယ်သူငယ်ချင်း အဲဒါကို အတူတူကြိုက်တယ်.. သူများဆီမပါစေချင်တာလဲ ပါတယ်…

ပြိုင်ပွဲတခုနဲ့ ဆုံးဖြတ်ပြီး နိုင်တဲ့သူက ပြောပေါ့… မိုက်တယ်နော်.. အချစ်က အဲလောက်ကို တန်ဖိုးရှိတာ.. ထားပါ…

အဲပြိုင်ပွဲက ရေငုပ်ပြိုင်တာ.. တကားလုံးမှာ မက်စရာဆိုလို့… ရေအောက် ကင်မရာပဲ သဘောကျတယ်..

ကျားပေါက် တယ်လီပန့်တုန်းကလိုတော့ မဟုတ်လောက်ဘူး.. အဲမှာတုန်းကတော့ ရေတိုင်ကီကို အပေါက်ဖောက်ပြီး ကင်မရာကို ထည့်ရိုက်တာ.. မြန်မာတွေ တော်တာများနော်… ခိ…

ဒီကားမှာတော့ ကြည်တယ်ဗျ.. ရေအောက်ကင်မရာထင်တယ်.. အဲဒါကိုတော့ နူဘာမိဂီ ပိုကျွမ်းလောက်တယ်.. သူတင်ထားတဲ့ ဒေါ်လီ အင်သည် ဝါးတာားမှာ ကြည့်ကြနော်.. ဟဲ.. ကြော်ငြာပေးတာ…

ဒါကြောင့်ထင်ပါတယ်.. ကာဗာမှာကို အဲပုံကို ကြော်ငြာထားတာ.. ဆန်းမလားပေါ့…

ကဲ.. ဇာတ်လမ်းကို ပြန်ဆက်မယ်.. ဒီမှာ ပြောချင်တာ တခုရှိသေးတာက.. မြန်မာမင်းသားတွေက ဒုတိယ မင်းသားဆို သိပ်မလုပ်ချင်ကြဘူး.. ကျန်ရစ်ဖြစ်တာကိုး.. ဒါပေမဲ့ မင်းသားနဲ့ အပြိုင်ကြဲရတာ..

ဒါကို မင်းသားသစ်ပဲ လုပ်တယ်.. အဲဒါကတော့ အောင်လပေါ့…

ဇာတ်လမ်းထဲမှာ အောင်လက ရေငုပ်တာ နိုင်ပြီး.. ကောင်မလေးကို ချစ်ခွင့်ပန်ခွင့်ရတယ်ပေါ့.. အဲဒါကို မြင့်မြတ်က လိုက်ပြီး ပို့ပေးတယ်.. ကြိုက်ကြတယ်ပေါ့..

ဒါပေမဲ့ အောင်လက စီးပွားရေးကို ပိုစိတ်ဝင်စားတယ်.. ကောင်မလေးက ရိုမန့်တစ်ကို ပိုကြိုက်တယ်.. အောင်လက မအားတော့ မြင့်မြတ်ကို အပ်တယ်.. မြင့်မြတ်က ရိုမန့် ဆန်တယ်..

နောက်ဆုံး မြင့်မြတ် နဲ့ ညားတယ်ပေါ့…

ပြောချင်တာ ဒီမှာစတာပဲ.. ဘာလို့ မင်းသားတွေ ဒုတိယမင်းသားမလုပ်ချင်တာလဲပဲ.. သတိရမိတာ.. မင်းဟိဏ်းပဲ.. သူဆို အစုံလုပ်တယ်.. တကယ် သတိရတယ်…

မြင့်မြတ်ကလဲ ဒီကားမှာ ရိုမန့်ဆန်တယ်သာ ပြောတယ်.. နေတိုးဆို ပိုကောင်းလို့ ထင်မိတယ်.. အဓိကကတော့ ရိုမန့်ဆိုတိုင်း ရိုးရမယ် မပြောပါဘူး..

သူ့လက်မောင်းက တက်တူးက  မျက်လုံးထဲ ကလော်နေတယ်… လူငယ်တွေချည်းမို့ပါ.. မဟုတ်ရင် ကိုလူမင်းဆို ပိုသင့်တော်တယ်… ခရေဇီကိုး… 🙂

ပြီးတော့ အောင်လ .. သူက သီချင်းဆိုတာ ကောင်းပါတယ်.. ကြိုက်တယ်.. သရုပ်ဆောင်တာကတော့ အသစ်မို့လားမသိဘူး… မကြိုက်တော့ဘူး.. သူ့အစား ရဲမွန်ဆို ဟုတ်သေး..

သို့သော် ဒါက အရံ မဟုတ်ဘူး.. အပြိုင်ကြဲရမှာဆိုတော့ မဖြစ်သေးဘူး..

မြင့်မြတ်ပြန်ထည့်မယ် စိတ်ကူးတယ်.. မရဘူးဗျ… အဲဒီမှာ အောင်လ ဇာတ်ရုပ်က အလုပ်ကို ပိုချစ်တဲ့ လုပ်ငန်းကြီး လုပ်တဲ့သူ ပုံစံဆိုတော့.. မြင့်မြတ်ကျတော့ တအားဂေါ်နေတယ်..

မင်းသမီး နန်းဆုဦး.. သူကလဲ အသစ်.. ရီစရာဆိုပြီး ပြောပြီး ရီကြတာ.. ရီလဲ မရီရဘူး..  သူ့အစား ဝတ်မှုန်ရွှေရည်ဆို.. ဟုတ်တုတ်တုတ်.. ဒါဆိုလဲ ကားက ဈေးတွေလန်နေလောက်ပြီ…

အသစ် ၂ ယောက်ကို တင်ချင်တာလဲ ပါမှာပေါ့လေ…

ပြောရရင်တော့ ဘာမှ ကျွန်တော့်လို မတွေးဘဲ.. ရုပ်ရှင်အတိုင်း ကြည့်ရင်တော့ ကောင်းတော့ကောင်းမှာပါ..

ကျွန်တော်တော့ ဆုံးတဲ့ အထိ မကြည့်ဖြစ်ခဲ့ဘူးဗျ… တကယ်ကတော့ အောင်လကို သဘောကျလို့ သွားဌားတာပါ..

အနှစ်ချုပ်အနေနဲ့ဆိုရင် လူငယ်ဖန်စီကားလေး.. မင်းသားသစ် မင်းသမီးသစ်တွေကို တင်ထားတယ်… ကားအကောင်းစားစီး… ကောင်းကောင်းစားဆိုတော့ ကြည့်ရတာတော့ စိတ်ချမ်းသာပါတယ်…

ရေအောက် ကင်မရာသုံးထားတာလေးလဲ သဘောကျပါတယ်.. ရုပ်ရှင်ကို ရုပ်ရှင်အတိုင်းလေးလို ကြည့်မယ်ဆိုရင် ကြည့်လို့ရပါတယ်..

အခုမှ ဒီဇာတ်လမ်းကို စကြည့်ဖူးသူဆိုရင် ကြိုက်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်…

ကျေးဇူးတင်ပါတယ်…

ကျွန်တော့ အမြင်တိုင်းတင်ပြရတာ ဖြစ်တဲ့ အတွက်.. မင်းသားစွဲ မင်းသမီးစွဲတွေက အရမ်းဖဲ့လွန်းတယ် ထင်ရင် ကြိုတောင်းပန်ပါရစေ… 🙂

 

3 comments

  • ဇီဇီ

    July 14, 2014 at 9:55 am

    ဟွန့်။
    သများညွှန်းတဲ့ ကားကို ကြည့်ပြီး သများရဲ့ အောင်လ လေးကို ပြောတယ် ပေါ့လေ။
    😀
    အမှန်တော့ ဇာတ်လမ်းရော မင်းသားရော မင်းသမီးရော အမူအရာရော ဘာမှ မကောင်းလှပါဘူးးး
    အောင်လကို ကြည့်ချင်လို့သာကြည့်ရတာ။
    ဟိ။ :mrgreenn:

    သများကြိုက်တဲ့ မင်းသား တစ်ယောက်က သေပြီ
    တစ်ယောက် က ထောင်ထဲမှာ။

    😥

  • kyeemite

    July 14, 2014 at 1:51 pm

    ရုပ်ရှင် အညွှန်းရေးတော့လည်း ကိုယ့်လူက အဟုတ်ပါလားဗျ…ကျုပ်ကတော့ဗမာကားတွေကြည့်ခဲတယ်..
    ဟိုးတုန်းက ကားဟောင်းတွေပြန်ပြရင်တော့အလွမ်းပြေကြည့်တတ်ပါရဲ့…ခုခေတ်ကားတွေထက် အားထုတ်မှုမှာတော်တော်ကွာတယ်ဗျာ… :p:

  • Yae Myae Tha Ninn

    July 14, 2014 at 3:37 pm

    ဟီး အတူတူပဲ.. မြန်မာကားကြည့်ခဲတယ်.. အောင်လကို အားပေးချင်လို့ ကြည့်တယ်… 🙂

Leave a Reply