” ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့ “

 

မိုးလေးက တဖွဲဖွဲ

ဇူလိုင်လမှာ မသဲဘဲ

ဝန်ကြီးတွေက စုဝေးကာ

ဂျူပလီဟောရဲ့ အခန်းမှာ

အကြံပက်စက် လူတစ်စု

ခေါင်းဆောင်အမိန့်နဲ့ ရမ်းကားပြု

အစည်းဝေးခန်းထိ ၀င်ရောက်ကာ

ပစ်ကြခက်ကြ လုပ်ကြံတာ

ကျဆုံးခဲ့တဲ့ အာဇာနည်

ဒို့ဗိုလ်ချုပ်လည်း ပါလေပြီ

မမေ့နိုင်စရာ ထိုရက်ဟာ

ဇူလိုင်တစ်ဆယ့်ကိုး ထိုနေ့ပါ

တစ်ပတ်လည်လို့ ရောက်ပြန်ပေါ့

မေ့ကောင်းစရာလို့ မမှတ်နဲ့နော့

တိုင်းပြည်ကျွန်တွင်း ကယ်တင်ခြင်း

ဗိုလ်ချုပ်လုပ်ဆောင် အသက်သွင်း

လွတ်လပ်ရေးကြီး ရခဲ့ပြီ

ပေးခဲ့ရပြီ ကိုလိုနီတို့

တရားမျှတ လွတ်လပ်ခြင်း

ရနေပြီလား မြန်မာပြည်အတွင်း

မရသေးရင် ရအောင်ယူစို့

ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့။

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..