” ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့ “

ခင္ခJuly 14, 20141min1836

” ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့ “

 

မိုးလေးက တဖွဲဖွဲ

ဇူလိုင်လမှာ မသဲဘဲ

ဝန်ကြီးတွေက စုဝေးကာ

ဂျူပလီဟောရဲ့ အခန်းမှာ

အကြံပက်စက် လူတစ်စု

ခေါင်းဆောင်အမိန့်နဲ့ ရမ်းကားပြု

အစည်းဝေးခန်းထိ ဝင်ရောက်ကာ

ပစ်ကြခက်ကြ လုပ်ကြံတာ

ကျဆုံးခဲ့တဲ့ အာဇာနည်

ဒို့ဗိုလ်ချုပ်လည်း ပါလေပြီ

မမေ့နိုင်စရာ ထိုရက်ဟာ

ဇူလိုင်တစ်ဆယ့်ကိုး ထိုနေ့ပါ

တစ်ပတ်လည်လို့ ရောက်ပြန်ပေါ့

မေ့ကောင်းစရာလို့ မမှတ်နဲ့နော့

တိုင်းပြည်ကျွန်တွင်း ကယ်တင်ခြင်း

ဗိုလ်ချုပ်လုပ်ဆောင် အသက်သွင်း

လွတ်လပ်ရေးကြီး ရခဲ့ပြီ

ပေးခဲ့ရပြီ ကိုလိုနီတို့

တရားမျှတ လွတ်လပ်ခြင်း

ရနေပြီလား မြန်မာပြည်အတွင်း

မရသေးရင် ရအောင်ယူစို့

ရှေ့ဆက်ခရီးလေး ကောင်းမွန်ချင်လို့။

 

ခင်ခ။

 

6 comments

  • alinsett (gazette)

    July 14, 2014 at 1:37 pm

    အော်.. ဆယ်ကိုးဇူလိုင်…မမေ့နိုင်စရာ တစ်ရက် ကို..ရောက်ပြန်တော့မှာပါလား…။
    အတိတ်ထဲက..ရုန်းမထွက်နိုင်သေးဘူးပဲ…ဆိုဆို…
    အဲဒီရက်ဟာ… ကျနော်တို ့သမိုင်းစာမျက်နှာတွေထဲက…
    (မမေ့နိုင်သေးတဲ့) အနီရောင် စာမျက်နှာပါ… ။

    • ခင် ခ

      July 14, 2014 at 2:47 pm

      ‘ မေ့ကောင်းစရာ အတိတ်ရယ်လို့ မမှတ်ယူလေနဲ့ကွယ်
      တွေ့ပြောင်းကာ နှောင်းနှောင်းခဲ့လည်း …………..’
      ဆိုသလိုပေါ့ ကိုအလင်းဆက်ရေ။

  • kai

    July 14, 2014 at 4:39 pm

    အနော်ရထာက.. စုက္ကတေးမင်းကိုလုပ်ကြံတယ်…
    ကျန်စစ်သားက.. အနော်ရထာကို သစ္စာဖောက်တယ်….
    ..
    .. တပင်ရွှေထီးလုပ်င်္ကြခံရတယ်..။
    ဆင်ဖြူရှင်လက်ထက်မှာ.. ယိုးဒယားတက်သိမ်းတယ်..။
    အလောင်းဘုရား စစ်တိုက်ရင်းသေတယ်..။
    ကနောင်မင်းအသတ်ခံရတယ်..
    သီပေါမင်း ညီနောင်တွေလည်မြိုတုတ်နဲ့ရိုက်သတ်ခိုင်းတယ်..
    ..
    ဗိုလ်ချုပ်အောင်ဆန်းကို ဦးစောလုပ်ကြံတယ်..
    ဦးနုကို.. ဦးနေဝင်းနေရာဖယ်ထောင်ချတယ်..
    ဦးနေဝင်းကို.. မှုးကြီးသန်းရွှေ.. ဖယ်ထုတ်တယ်..။
    ..
    ..
    မြန်မာပြည်မယ်.. အေးအေးချမ်းချမ်း တိုင်းပြည်တိုးတက်အောင်လုပ်ပြီး.. ကောင်းကောင်းမွန်မွန်.. လွန်သွားတဲ့.. မင်း..အုပ်ချုပ်သူ.. အစိုးရမှ ရှိဖူးရဲ့လား…။

    နှစ်၁၀၀ဝ ကျိန်စာ…။ :mrgreen:

    • ဇီဇီ

      July 14, 2014 at 7:31 pm

      ဒီ ဂျူလိုင် ၁၉ မ တော့ တဂျီးနဲ့ မော့ တေ လုပ်ကြံခံရကိန်းမြင်တယ်။
      အဟိ~~
      ခုခွိ!!
      :mrgreenn:

      တဒိသာ ထားနေတော့။
      😀

    • ခင် ခ

      July 14, 2014 at 10:19 pm

      မြန်မာ့ရိုးရာ ခြင်းလုံးပညာ ဆိုသလိုပေါ့ သဂျီးရေ သူတို့စည်းဝိုင်းထဲက အပြင်ကို ခြင်လုံးလေးထွက်သွားမှာစိုးလို့ အလယ်ကို ပြန်ပြန်ပို့နေကြတာပါဗျ

  • နယ် သစ် ပယ် သစ် ကို ဖောက်ထွက် ဘို့ မကြို း စား ဘဲ

    ဒီ အထဲ မှာ ဘဲ လှည့် နေ တဲ့ အခါ

    အချင်းချင်းဘဲ လုပ်ကြံ ပြီး နေ ရာ ယူ ရ တဲ့ သဘောပါ

    ကျနော်ငယ်ငယ်က မြန်မာ့ သမိုင်းစာအုပ်ကို ဖတ် တဲ့ အခါ ဒီ အ ချက ်ကို လာ တွေ့ တယ်

Leave a Reply