” လုပ်သင့်တာလေး လုပ်ကြပါစို့ “

ခင္ခJuly 14, 20141min16016

” လုပ်သင့်တာလေး လုပ်ကြပါစို့ “

 

ဘဝနိဂုံး အဆုံးသတ်တော့

အသက်ကယ်ကြီး အရွယ်အိုလို့

ချိနဲ့ရုပ်ခန္ဓာ အနာရောဂါ

ဖြစ်ပေါ်လာလို့ ဓမ္မတာအရ

သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။

 

နေမယ်ဆိုရင် နေလို့ရသေး

သေလွန်လှတာ နှမျှောစရာလေး

အရွယ်ကငယ်ငယ် သေရရှာတယ်

ဓမ္မာအရ မဟုတ်လှဘဲ

မတော်တဆ ဖြစ်ခဲ့ကြလို့

သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။

 

ရောဂါစဖြစ် နွံနစ်သည့်ဘဝ

တစ်နေ့လုပ် တစ်နေ့စား

ထိုလူများက

ဆေးကုစရာ ငွေမရှိရှာလို့

ကြိတ်မှိတ်ခံစား ဝေဒနာများကို

သေသော်မှသည် ဪကောင်း၏မို့

သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။

 

သူဌေးကြီးလည်း ရောဂါစွဲတော့

ကောင်းပေ့ဆေးရုံ ပါရဂူစုံနဲ့

ကုသကြလို့

ပျောက်သည်လည်းရှိ မပျောက်သည်လည်းရှိ

ဆရာဝန်ကခေါင်းခါပြကာ လက်လွှတ်ပါပြီ

သေလွန်ကြသည် သင်္ခ ါရဟုဆိုလေသည်။

 

ကြီး ငယ် ရွယ် မ လတ်

ထိုသင်္ခ ါရ အလွန်ကြောက်ရမို့

မသွားခင်ခရီး ဘာလိုအပ်လို့

မနှောင်းသေးခင် အချိန်မှီဘို့

ပြန်လည်သုံးသပ် ချင့်ချိန်လတ်၍

လုပ်သင့်တာလေး လုပ်ကြပါစို့။

 

 

ခင်ခ။

 

 

 

16 comments

  • စန်းစန်းတင့်

    July 14, 2014 at 5:27 pm

    ငယ်ငယ်ကဖတ်ခဲ့ဘူးတဲ့ သင်သေသွားသော်ဆိုတဲ့ကဗျာလေးကိုပြန်သတိရမိတယ်ချင်။အဲဒီကဗျာလေးကိုဘယ်သူရေးတာပါလိမ့်။သေချာမသိတော့ဘူး။ ဒီကဗျာလေးကိုဖတ်ပြီးလည်းသံဝေဂရမိတယ်။မလုပ်သင့်တာတွေလျှော့ပြီးလုပ်သင့်တာလေးတွေလုပ်လိုက်အုန်းမှပါပဲချင်

  • ဇီဇီ

    July 14, 2014 at 7:21 pm

    ဟုတ်။
    မသေခင် လုပ်ချင်တာ လုပ်ဖို့ အဲလေ လုပ်သင့်တာလေး လုပ်ဖို့…
    .
    .
    .
    .
    .

    .
    .
    .
    .
    .
    .
    .
    .
    .
    .ပိုက်ဆံ လိုက်ချေးဦးမှ။ အဟိ
    :mrgreenn:

  • alinsett (gazette)

    July 14, 2014 at 7:30 pm

    တချိန်ချိန်မှာ…ခွဲရမှာပဲ…
    ဒီသခါ င်္ရတရားကို..တွေးမိတယ်…
    ဒါပေမယ့်လည်း…စိတ်ရဲ့ဆန္ဒ…..
    ရင်နာစရာဆို..လုံးဝလည်း.မ.တွေးချင်ဘူးကွာ….

    အဲ..အဲ… သခါ င်္ရဆိုလို ့..အဲဒီင်္ သီချင်းလေး..ဆိုမိသွားတယ် ။

    အင်း….မလွဲနိုင်ပဲ..ရောက်လာမယ့် သခါ ် ရတရားကြီး….ကြောင့်….
    မသေခင်….. လုပ်သင့်တာလေး လုပ်ဦးမှ….
    အဲ… ကိုယ်လုပ်သင့်တယ်ထင်ရာ ကိုယ်လုပ်နေလို ့လည်း..မပြီးသေးဘူး ။
    အမှန်အကန် လုပ်သင့်တာလေး….လုပ်ဦးမှ….

    :kwi:

    • ခင် ခ

      July 14, 2014 at 10:26 pm

      သင်္ခ ါရသဘောတရားအရ တစ်ချိန်ချိန်မှာ ခွဲကြရမယ်ဆိုတာ မှန်တာပေါ့ ကိုအလင်းဆက်ရေ ဒါပေမယ့် စိုသောလက် မခြောက် ခြောက်သောလက် မစို ဆိုသလို ကောင်းသောခွဲခွါခြင်းဘဲ ဖြစ်ကြရင် ကောင်းသပေါ့ကွယ် ဟုတ်ဖူးလား။

  • Swal Taw Ywet

    July 14, 2014 at 10:13 pm

    သင်သေသွားသော် ကဗျာ ကဆရာကြီးဇော်ဂျီ သို့မဟုတ် ဆရာကြီး မင်းသုဝဏ် ရေးခဲ့တာ။ မန်းတောင်ခြေမှာ ဘုတ်အကြီးကြီးတွေနဲ့ထောင်ထားတာခင်ဗျ။ ဟိုဘက်လ နေ့တိုင်းမြင်နေကြမို့ ကျက်နေတာ ခုထိမရသေးပါ။ သဂျားမင်း ဖြည့်ပေးစေခလို။
    With respect,
    Swal Taw Ywet.

    • ခင် ခ

      July 14, 2014 at 10:32 pm

      ကိုစွယ်တော်ရွက်ပြောမှဘဲ အဲဒီဘက်ရောက်ရင် ဝင်ဖတ်လိုက်အုံးမယ်။
      ကျွန်တော်မသိဘူးဗျ
      ခုလိုညွှန်ပေးတာ ကျေးဇူးပါနော်။

  • kai

    July 15, 2014 at 12:14 am

    သင်သေသွားသော် (ဆရာဇော်ဂျီ)…

    ဪ….လူ့ပြည်လောက
    လူ့ဘဝကား
    အိုရနာရသေရဦးမည်
    မှန်ပေသည်တည်း။
    သို့တပြီးကား…..
    သင်သေသွားသော်
    သင်ဖွားသောမြေ၊
    သင်တို့မြေသည်၊
    အခြေတိုးမြင့်၊
    ကျန်ကောင်းသင့်၏။
    သင်၏မျိုးသား၊
    စာစကားလည်း၊
    ကြီးပွားတိုးမြင့်
    ကျန်ကောင်းသင့်၏။
    သင်ဦးချ၍ အမျှဝေရာ
    စေတီသာနှင့်၊
    သစ္စာအရောင်
    ဉာဏ်တန်ဆောင်လည်း
    ပြောင်းလျက်ဝင်းလျက်
    ကျန်စေသတည်း။

    (ဇော်ဂျီ)

    • ခင် ခ

      July 15, 2014 at 6:15 am

      ကိုစွယ်တော်ရွက် အပေါ်မှာပြောသလို မန်းတောင်ခြေမှာ ရေးထားကိုသာ သတိမထားမိတာ သဂျီးရေးပြတဲ့ ဒီကဗျာကိုတော့ ဖတ်ဖူးတယ်ဗျ
      လာတင်ပေးတာ ကျေးဇူးပါသဂျီးရေ။

  • ဦးဦးပါလေရာ

    July 15, 2014 at 6:36 am

    အဲဗျာ…
    ကျုပ်သာသေသွားရင်
    ဘယ်အရွယ်မှာသေသေ
    ဘယ်နေ့မှာသေသေ
    လုပ်စရာတွေကတော့ ပြီးဦးမှာမဟုတ်ဘူး…
    လုပ်ပြီးသလောက်တွေကိုပဲ
    ကျေနပ်လောက်စရာရှိမရှိ
    သုံးသပ်ကြည့်ရမှာ..
    :hint:

    • ခင် ခ

      July 15, 2014 at 11:35 am

      ( ဘယ်နေ့မှာသေသေ
      လုပ်စရာတွေကတော့ ပြီးဦးမှာမဟုတ်ဘူး…
      လုပ်ပြီးသလောက်တွေကိုပဲ
      ကျေနပ်လောက်စရာရှိမရှိ
      သုံးသပ်ကြည့်ရမှာ..) ဒီစကားရပ်လေးကို နှစ်သက်မိတယ် ဦးပါရေ။

  • kyeemite

    July 15, 2014 at 8:30 am

    ခုကတော့ ရန်ကုန်လိုနေရာမှာ အချိန်မရွေးသေနိုင်သဗျို့…
    “၁၉ ရက်အတွင်း ရန်ကုန်မြို့တွင် ဓာတ်ကြိုးပြတ်ကျမှုကြောင့် သေဆုံးမှု ခြောက်ဦးရှိလာ”

    ဆိုတော့ မသေခင် ကိုယ်လုပ်ချင်တာလုပ်ကြပါ

  • weiwei

    July 15, 2014 at 10:05 am

    သေဖို့ကတော့ အဆင်သင့်ပါပဲ ..အခုတောင် သေလိုက်လို့ရတယ် ..
    ဒါပေမယ့် သက်သက်သာသာလေးပဲ သေပါရစေ ..

  • black chaw

    July 15, 2014 at 11:53 am

    ဘုရားကြိုက်အောင်သာ နေပါဗျာ…။
    မောင်သစ်မင်း ရေးပြီး ဦးကျော်ဆိုခဲ့တဲ့ သီချင်းရှိတယ်လေဗျာ…။

    လူတချို့က ဘာပြောသလဲဟေ့
    ဘာလုပ်လုပ် အကုန်ကောင်းသတဲ့
    ဒီစကားကြောင့် ဘဝင်မမြင့်နဲ့…ဒီချီးမွမ်းသံမျိုး…အဆိပ်ပျင်း…။
    လူတချို့က ဘာပြောသလဲဟေ့
    ဘာလုပ်လုပ် အကုန်ကဲ့ရဲ့လို့
    စိတ်ဆိုးမလား ငိုကြွေးမလား…
    ဒါမျိုးလည်း ကြုံဦးမှာပဲ…။
    သတိနဲ့…
    ဘုရားကြိုက်အောင်နေ…
    ရည်ရွယ်ချက်ထား…ဘုရားကြိုက်အောင်နေ…
    သုညရှေ့က သုညများတိုးလာသလား…
    သတိထား…အနှစ်မဲ့အကာများ…
    ဂရုစိုက်…ဘုရားကြိုက်အောင်နေ…
    ဘုရားကြိုက်အောင်နေ…
    ဘာပဲလုပ်လုပ် တည်ငြိမ်မှုရှိပါစေ…
    သတိထား…ဘုရားကြိုက်အောင်နေ (ဂရုစိုက်)
    လူချီးမွမ်းခံ အမြင့်မတက်နဲ့…
    အပြစ်ပြောလည်း ခံလိုက်ကွာ…
    တုန်လှုပ်ရန် အကြောင်းလည်းမရှိ…
    ဘာလုပ်ရမယ်မေးမနေနဲ့…။
    သတိနဲ့…ဘုရားကြိုက်အောင်နေ…
    ရည်ရွယ်ချက်ထား…ဘုရားကြိုက်အောင်နေ…
    အသင်လူသား…ဘုရားကြိုက်အောင်နေ
    ဘာပဲ လုပ်လုပ် မှန်ကန်ဖြောင့်မတ်ပါစေ…။
    အပြစ်တင်စကားသံများလည်းမေ့လိုက်…
    ဘုရားရဲ့တရားသာအကောင်းဆုံး
    ဘုရားရှင် တရားတော် ရင်ထဲထည့်လိုက်
    အသင်လူသား…
    ဘုရားကြိုက်အောင်နေ…။

    မသေခင်တော့ ဘုရားကြိုက်အောင်သာ နေပါ ကိုခင်ခရေ…။

    • ခင် ခ

      July 15, 2014 at 12:01 pm

      ဟုတ်ပ ကိုကြီးမိုက်ရေ ရန်ကုန်မှာလည်း ဓာတ်ကြိုးပြတ်ကျ သေးဆုံးမှုက တစ်ခါမကတော့ဘူး ကြားနေရတယ်လေ။

      သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသည် လို့ငယ်တုန်းကဆိုခဲ့တာတောင် သွားသတိရမိတယ် မဝေရေ။

      ဦးဘလက်ရေးတဲ့ အဲဒီသီချင်း သိပ်ကြိုက်ပေါ့ဗျာ။

  • TNA

    July 15, 2014 at 9:14 pm

    သေမယ်ဆိုရင်တောင် နာတာရှည်နဲ့တော့မသေချင်ပါဘူးကိုခင်ခရယ်။ မသေခင်တော့လုပ်ချင်တာလေးတွေ များသား။ ဘာတခုမှမလုပ်နိုင်သေးတာတော့ဝမ်းနည်းမိသား

    • ခင် ခ

      July 15, 2014 at 10:11 pm

      လုပ်ချင်တာတွေတစ်ခုချင်းစီ တဖြေးဖြေးလုပ်သွားပေါ့ဗျာ နာတာရှည်ဝေဒနာနဲ့တော့ ကျွန်တော်လည်းမနေချင်ပါဘူး ဒေါ်သဲရေ။ ဒုက္ခအတော်ရောက်မှာလေ။

Leave a Reply