^^^ ကျွန်ုပ် နှင့် စန်းစန်းတင့် ^^^

ကျွန်ုပ် ၏ ဝတ္ထု ထဲမှ စန်းစန်းတင့်သည် အကြော်သည် ဇတ်ဇတ်ကျဲ မဟုတ်မခံ ၊ ဟုတ်လည်းမခံ ပြန်ပြောတတ်သော
ဇရိုက်အား ပမာပြုထားသော ဇတ်ကောင်တစ်ဦးသာဖြစ်သည် ။

ယခုအခါတွင် စန်းစန်းတင့်ဟူသောနာမည်ဖြင့် တစုံတဦးသည် မန္တလေးဂေဇက်အတွင်း ပြဿနာဖြစ်စေသော ကွန်မန့်များရေးသားတိုက်ခိုက်နေသောကြောင့်
ကျွန်ုပ်၏ဇတ်ကောင်နှင့် မည်သို့မျှမပတ်သက်ပါကြောင်း အသိပေးအပ်ပါသည် ။

ထို့အတူ အဆိုပါဇတ်ကောင်ကို ဖန်တီးသောကျွန်ုပ်နှင့်လည်း မည်သို့မျှ မပတ်သက်ပါကြောင်း အသိပေးအပ်ပါသည် ။
ကျွန်ုပ်ဝတ္ထုထဲမှဇတ်ကောင်နာမည်ကို ယူသုံးပါသည်ဟုဆိုထားပြီးဖြစ်သောကြောင့် ၄င်းစန်းစန်းတင့် အနေဖြင့် ကျွန်ုပ်နှင့် မန်ဘာများအကြား အထင်လွဲမှားစေရန်ပြုမူသည်ဟု
ယူဆဖွယ်ရှိနေပါသည် ။
ထို့ကြောင့် စန်းစန်းတင့်ဟူသော အကောင့်ပိုင်ရှင်အား အခြားနာမည်သို့ပြောင်းလဲစေချင်ကြောင်း
ကျွန်ုပ်မှ ဆန္ဒပြုပါသည် ။

(စန်းစန်းတင့်နှင့် မန်ဘာများအားသိစေလိုသဖြင့်ရေးသားသည်ဖြစ်၍ သင့်တော်သည့်အချိန်တွင် ကျွန်ုပ်၏ ပို့စ်အားပြန်လည်ဖျက်ပေးပါရန်
အက်ဒမင်နှင့်တကွ မော်ဒရေတာများအား အကြောင်းကြားအပ်ပါသည် )

About ရာမည

ရာမည has written 35 post in this Website..