” ဟာ “

ခင္ခJuly 15, 20141min1519

” ဟာ “

 

အရှေ့ရပ်က မှိုင်းလို့ပါဆို

အနောက်တောင်က တိမ်မဲလွှမ်းသကိုး

မှောင်ပြလာ ပတ်ဝန်းကျင်သခို

ပြိုတော့မယ် မိုးရိပ်ကယ်ညို

ရွာမယ့်ဟန် ကြောက်လှသကို

ဆိုင်ကယ်ကို တအားမောင်းထို

အလုအယက် ပြန်ကြအိမ်ဆီကို

မိုးရွာချ စိုလှမှာမို့

ခဏကြာတော့ ပေါ်လှအသံစုံ

ကျိ ဝုန်း ဂျိုင်း ဒိုင်း ကနဲမြည်သံ

ထွက်ပါပေါ့ အာမေဋိတ်……………. ” ဟာ ” ။

 

 

ခင်ခ။

9 comments

  • ညှစ် ကြီး

    July 15, 2014 at 4:40 pm

    ဟာ
    သွားပါပြီကွာ
    တောက်ရေးထဲ
    မိုးကလည်း
    ငါ အိမ်ပြန်ရောက်ကာမှ
    ရွာတာ မဟုတ်ဘူးကွာ

    • ခင် ခ

      July 15, 2014 at 7:01 pm

      ဟုတ်ပ ညှစ်ကြီးရေ
      လွတ်ချင်တဲ့ စိတ်နဲ့
      မောင်းနှင်နေတုန်း
      အဲလိုရွာချလိုက်ရင်
      စိတ်ပျက်မိသွားတာ
      အခါခါပါဘဲဗျာ

  • ဇီဇီ

    July 15, 2014 at 7:30 pm

    ဟုတ်ပါ့။
    ဆိုင်ကယ် စီးတုန်း က အကြောက်ဆုံး က မိုးပဲ။
    ဆိုင်ကယ် ဦးထုပ်မှာ ဝိုင်ပါ မပါဘူးလေ။
    :hint:

    • ခင် ခ

      July 15, 2014 at 8:03 pm

      ကျန်ကျန်ဖန်ဖန်ပြောပ ဇီဇီရေ
      ဆိုင်ကယ်ဦးထုပ်မှာ ဝိုင်ဘာမပါဘူးရယ်လို့ဗျာ
      မိုးရွာရင် ဦးထုပ်ရှေ့လေကာမှန်ပါတာနဲ့က အဆင်ပြေပေမည့် နေပူတဲ့အခါကျတော့ အိုက်ပြန်ရောဗျာ

  • Lucifer

    July 16, 2014 at 7:01 am

    နေပူရင်ဆောင်းဖို့က အပေါက်ကလေးနဲ့ မိုးရွာရင်ဆောင်းဖို့ အပိတ်ကလေးဆိုပြီး နှစ်ခုထားပါလား..ငင်

  • မဟာရာဇာ အံစာတုံး

    July 16, 2014 at 12:54 pm

    ဒီလူကြီးကလည်း အလန့်ထညက်ဗျာ
    ဟာ .. ဆိုတော့ ဘာများတုန်းလို့ …
    မိုးမိတာကိုး ….

  • naywoon ni

    July 16, 2014 at 2:10 pm

    ဆိုင်​ကယ်​စီးတုန်​း မိုးမိတာက အ​ရေးမကြီးဘူး ။ သူအ​ရေးကြီး ကိုယ်​မိုးမိမှာ​ကြောက်​နဲ့ အက်​ဆီးဒင်​့​တွေ ဖြစ်​မှာ​ကြောက်​ရတယ်​ ​။ မိုး​ရေစိုတာက အ​ရေးမကြီး အသက်​က အ​ရေးကြီးသမို့ ​ဖြေး​ဖြေးပဲ စီးကြပါ​လေ ။ အသက်​ဉာဏ်​​စောင်​့ ဆိုတဲ့ စကားလဲ ရှိသားမဟုတ်​လား ။

    • ခင် ခ

      July 16, 2014 at 3:27 pm

      တီထွင်ချင်တဲ့စိတ်ကူးလေးပါလား Lucifer ရေ။

      အဲ သူဖာသာ စိတ်ငယ်ပြီးလန့်တာများ ဒီက ဟာ လို့ဘဲပြောတာကိုး မဟာရာဇာ အံစာတုံးရေ။

      ဟုတ်တယ်အဘနီရေ ဒါပေမယ့် မိုးညို့ရင်ကို ဘာမှန်းမသိ အလောသုံးဆယ်မောင်းကြတော့တာပါဘဲဗျာ ကိုယ်တိုင်လည်းဒီလိုဘဲလေ။

  • ဟို ဒင်း

    July 17, 2014 at 8:00 pm

    ဟပ်ချိုး – ဟပ်ချိုး –
    တိတ်ပါတော့ မိုးရယ် – ဒမှာ နှာစီးဘီ –
    သေအောင်သာ မရွာပါနဲ့ မိုးယယ် – အငှင့်

Leave a Reply