ရွှေအကြောင်းသိကောင်းစရာ 100,101,102,103

Zaw AungJuly 15, 20141min1382

ရွှေအကြောင်းသိကောင်းစရာ(100)
ဂျာနယ်မှာဖတ်လိုက်ရတာပါ မန္တလေးရွှေဆိုင်က အရောင်းဝန်ထမ်းအမျိုးသမီးတစ်ယောက် လုပ်သက်(၇)နှစ်လောက်ရှိပြီ
သူ့ရည်းစားနဲ့ပေါင်းပြီး ဆိုင်ကရွှေတွေကို ဆိုင်ရှင်မသိအောင် နည်းနည်းချင်းခိုးထုတ်တာ တစ်ပိဿာလောက်ရှိမှသိပြီး
နှစ်ယောက်လုံးဖမ်းလိုက်တာ သူတို့ဝယ်ထားတဲ့ ကားတွေ အိမ်တွေပါ လိုက်သိမ်းရတယ်။ လုပ်ပုံကဒီလို သူ့ရည်းစားက
ဆိုင်ကိုရွှေဝယ်သူဟန်ဆောင်ပြီးလာတယ် နှစ်ကျပ်သားကြိုးတစ်ကုံးကို စရံငါးသောင်းလောက်ပေးသွားတယ်
နောက်နေ့မှငွေအကြေချေပြီး လာယူမယ်ပေါ့။ တကယ်တော့ နောက်ဘယ်တော့မှ လာမယူတော့ပါဘူး။ လာယူစရာလဲ
မလိုတော့ဘူးလေ သူ့ကောင်မလေးက ဆိုင်ရှင်မသိအောင်ယူပြီး ပေးလိုက်ပြီလေ။ ဆိုင်ရှင်ဘက်ကစာရင်းစစ်မှုအားနည်း
တဲ့အပိုင်းလဲပါတာပေါ့ ဒီနည်းနဲ့အကြိမ်တွေများလာတော့မှ ဆိုင်ရှင်ကရိပ်မိပြီးဖမ်းလိုက်တာ။
ရွှေအကြောင်းသိကောင်းစရာ(101)
1999 လောက်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ ရန်ကုန်မှာတော်တော် နာမည်ကြီးသွားပါတယ် ရွှေဆိုင်သမားတွေလဲ
တော်တော်လန့်သွားပါတယ်။တရုတ်တန်းကရွှေဆိုင်တစ်ဆိုင်ကို ညဖက်ဖောက်ထွင်းဝင်ရောက်ပြီး တစ်ဆိုင်လုံးရှိသမျှ
ရွှေတွေ ယူသွားတဲ့အဖြစ်ပါ 8 ပိဿာလောက်ပါသွားတယ်လို့သတင်းတွေမှာဖတ်ရပါတယ် ဆိုင်ကအဲဒီတည်းက
ပိတ်သွားတာ ခုထိပြန်မဖွင့်တော့ပါဘူး။ သူတို့အောက်ဆုံးထပ်မှာ ရွှေဆိုင်ဖွင့်ပြီး အပေါ်ထပ်မှာလူနေတာပါ
ပစ္စည်းတွေကိုအောက်မှာပဲမီးခံသေတ္တာကြီးတွေနဲ့ ထည့်သိမ်းတာပါ အကြံသမားတွေက တကယ့်လူဆိုးဂိုဏ်းကြီးတွေ
ပုံစံအတိုင်း စနစ်တကျစီစဉ်အကွက်ချပြီး လုပ်သွားတာပါ။ အဲဒီတိုက်မှာပဲ အပေါ်ထပ်ကအခန်းတစ်ခန်းကို ၆ လ စာချုပ်
နဲ့ငှားနေပြီး လေ့လာပါတယ် စုစုပေါင်း ၃ ယောက်တည်းပါ။ အားလုံးအဆင်သင့်ဖြစ်အောင်ပြင်ဆင်ပြီး အခွင့်သာမယ့်
ညတစ်ည ကိုစောင့်နေပါတယ် (စဉ် 102 သို့)
ရွှေအကြောင်းသိကောင်းစရာ(102)
(စဉ် 101 မှအဆက်)
အဲဒီနားမှာ ပွဲရှိတဲ့ညတစ်ညမှာလှုပ်ရှားကြပါတယ် အပေါ်ထပ်ကနေအောက်ကို နောက်ဖေးလှေကားကနေဆင်းတယ်
နောက်ဖေးအုတ်နံရံကို ဆယ်ပေါင်တူနဲ့ထုဖြိုတယ်။ ပွဲကဆူညံသံတွေနဲ့ဆိုတော့ ပတ်ဝန်းကျင်ကသိပ်သတိမထားမိလိုက်
ဘူးပေါ့ မီးခံသေတ္တာကို gas မီးနဲ့ထိုးဖွင့်တယ်။ မနက်မိုးလင်းလို့ ဆိုင်ရှင်တွေဆိုင်လာဖွင့်တော့ ဆိုင်ထဲမှာ gas အိုးတွေနဲ့
ဟောင်းလောင်းဖြစ်နေတဲ့ မီးခံသေတ္တာပဲတွေ့တော့တယ်။အမှုကအမှုကြီးဆိုတော့ CIDကမပေါ်ပေါ်အောင်လိုက်ပါတယ်
သူတို့ဘယ်လိုလိုက်ခဲ့သလဲဆိုတာ မှုခင်းမဂ္ဂဇင်းမှာ အသေးစိတ်ရေးပြပါတယ်။ နောက်ဆုံးမှတရားခံ ၃
ယောက်ကိုခြေရာခံမိပါတယ်။ တစ်ယောက်က ထိုင်ဝမ်က တစ်ယောက်ကရွှေလီက တစ်ယောက်ကမူဆယ်က
(စဉ် 103 သို့)
ရွှေအကြောင်းသိကောင်းစရာ(103)
(စဉ် 102 မှအဆက်)
တစ်ယောက်ကရဲကိုဆက်သွယ်ပြီး ဖော်ကောင်လုပ် ်သတင်းပေးတယ် ဖော်ကောင်ဆိုအပြစ်လွှတ်ရတယ်ထင်တယ်
အဓိကခေါင်းဆောင်က ထိုင်ဝမ်ရောက်သွားပြီ ပစ္စည်းအများစုကသူနဲ့ပါသွားပြီ။ နောက်တစ်ယောက်က နယ်စပ်မှာ
မတော်တဆမှုတစ်ခုနဲ့ သေသွားပြီ အဲဒီမှာဇာတ်လမ်းက ပြတ်သွားရော။ ဘာမှကိုပြန်မရလိုက်သလောက်ပဲ။
ရွှေအကြောင်းရေးရင်းနဲ့ ရွှေဆိုင်အကြောင်းရွှေလုပ်ငန်းအကြောင်း ရွှေဆိုင်ဝန်ထမ်းအကြောင်းရောက်ရောက်သွားတယ်
ဗဟုသုတရစရာလေးတွေမို့လို့ပါ တစ်ချို့လူတွေအတွက် သတိထားစရာ အသုံးဝင်စရာလေးတွေဖြစ်မယ်ထင်ပါတယ်။
လောကကြီးမှာမသိသင့်တာမရှိ မလုပ်သင့်တာပဲရှိတယ်။ ဆိုတဲ့ဆိုရိုးစကားလိုပေါ့ ဗဟုသုတဆိုတာများလေကောင်းလေ
ပါပဲ စာများများဖတ်သင့်ပါတယ်။ စာများများဖတ်သူတိုင်း မအောင်မြင်ပေမယ့် အောင်မြင်သူတိုင်း
စာများများဖတ်ကြသည် ဆိုတဲ့စကားလဲရှိတယ်လေ

2 comments

  • အရီးခင်

    July 15, 2014 at 11:13 pm

    ရွှေဆရာ ၁၀ဝ ပြည့်ပေမဲ့ ကြားမှာ ပြတ်နေတာ ဖြည့်ပေးပါဦး။
    ဖတ်ရတာ တိုပေမဲ့ စိတ်ဝင်စားစရာပါ။
    ကျေးဇူး။ :-))

    • Zaw Aung

      July 16, 2014 at 8:24 pm

      ပြီးရင် တင်ပါ့မယ်

Leave a Reply