ဉာဏ်​မပါတဲ့ ကံစမ်​းပွဲ အ​ကြောင်​း

naywoon niJuly 16, 20141min1618

ဖြစ်​မလာဘူးဆိုတာ
​သေချာသိ​နေရက်​နဲ့
တစ်​ကယ်​လို့များဆိုပြီး
ရာခိုင်​နှုန်​းနဲနဲ​လေးကိုဖက်​တွယ်​
​မျှော်​လင်​့​နေခဲ့ကြရတာကြာ​ပေါ့ ။
တစ်​ကယ်​ဖြစ်​မလာ​တော့လည်​း
​ကြေကွဲစရာမရှိတဲ့ နှလုံးသားမဲ့သူများလို
အရယ်​အပြုံးနဲနဲ နဲ့ပဲ
​နေ့စဉ်​ဘဝ ဆိုတာကြီးကို
သမရိုးကျဆိုတဲ့ စကားလုံးထက်​
ပို​လေးနက်​တဲ့ စကားလုံးရှာမ​တွေ့တဲ့ အတိုင်​း
သမရိုးကျ ဖြတ်​သန်​း
ဒီလမ်​း ဒီစခမ်​းနဲ့ပဲ
ပြီးပါပြီ လို့ စာတမ်​းမထိုးခင်​​လေး
ဖြစ်​ချင်​တာ​လေး​တွေမြည်​းတမ်​း
​မျှော်​လင်​့လိုက်​စမ်​းပါဦး ။
ဒီလိုနဲ့ပဲ
မ​ပေါက်​မှန်​းသိရက်​နဲ့ထိုးခဲ့တဲ့ထီလက်​မှတ်​​တွေ
များများလာ​ပေါ့ ။

​နေဝန်​းနီ
၁၃း၁၅
ဇူလိုင်​ ၁၆ , ၂၀၁၄

8 comments

  • အရီးခင်

    July 16, 2014 at 2:15 pm

    “Hope For The Best” လို့ ရှိပါတယ်။
    ဒီလိုဘဲ မျှော်လင့်ရင်း “Prepare for the Worst” ပေါ့ အဘနီ ရေ။

  • ဇီဇီ

    July 16, 2014 at 2:22 pm

    ဉာဏ်မရှိတော့လည်း ကံစမ်း နေရတုန်းးး ကံစမ်းနေကြဦးပေါ့

    :hint:

  • မဟာရာဇာ အံစာတုံး

    July 16, 2014 at 4:09 pm

    ဂလောက် အသုံးမကျတဲ့ ကံစမ်းပွဲကြီး
    ဖျက်သိမ်းပစ်လိုက်ရင် လူတွေ ဘယ်လောက် ကောင်းလိမ့်မယ် မသိ
    အခုတော့ မဖျက်သိမ်းတဲ့ အပြင်
    သူ့ရဲ့ အစွယ်အပွား တွေကပါ ကြီးစိုးလာတော့
    လူတွေ မွဲတွင်း နက်တော့မပေါ့ဗျာ

  • kyeemite

    July 17, 2014 at 12:49 pm

    ဖြစ်​မလာဘူးဆိုတာ
    ​သေချာသိ​နေရက်​နဲ့
    တစ်​ကယ်​လို့များဆိုပြီး
    ရာခိုင်​နှုန်​းနဲနဲ​လေးကိုဖက်​တွယ်​
    ​မျှော်​လင်​့​နေခဲ့ကြရတာကြာ​ပေါ့ ။……အမှန်ပဲ…ရာခိုင်​နှုန်​းနဲနဲ​လေးပဲရှိတာအမှန်ပါပဲ

  • ခင် ခ

    September 23, 2014 at 11:17 pm

    မဖြစ်မှန်းသိ
    ဖြစ်သော်ရှိရင်
    အထောက်အပံလေး
    ရကောင်းထင်လို့
    ကံစမ်းလို့သာ
    ထိုးမိတယ်ဗျာ

  • manawphyulay

    September 24, 2014 at 9:52 am

    ကံကို ယုံ၍ ဆူးပုံမနင်းနဲ့ဆိုတဲ့ ဆိုရိုးစကားလေးရှိပေမယ့်

    ခုချိန်ထိတော့ ထီမပေါက်ဖူးသေးပေမယ့်

    အမေရိကန်ထီပေါက်ခဲ့ဖူးခြင်း
    ပွဲတိုင်းမှ ကံစမ်းပေးသော လက်ဆောင်များအား ရရှိဖူးခြင်း
    ပြီးခဲ့သည့်တစ်ပတ်ကတော့ အခွင့်အလမ်း ၉ နှစ်ပြည့် ဟာဝေ ၇၃ဝ ပလပ် ဟန်းဆက်တစ်လုံး ပေါက်လာခဲ့ပါသည်။

    • kai

      September 24, 2014 at 2:12 pm

      ကံ၊စိတ်၊ဥတု၊အဟာရ… တဲ့..
      ဂရင်းကဒ်မဲပေါက်တာဟာ.. ထိုးလိုက်လို့ပေါ့..။
      ပွဲက..ကံစမ်းလက်ဆောင်ပေါက်တယ်ဆိုတာ… ပွဲကိုရောက်နေပြီးထိုးလို့ပေါ့..
      ဟန်းဆက်တစ်လုံး ပေါက်လာတယ်ဆိုတာလည်း.. ထိုးလို့ပါပဲ..
      ဘုရားဟောတရားထဲပါတဲ့ကံကို.. အစိတ်စိတ်စိတ်ခွဲဖြာကြည့်ရင်.. အခု၅ဝမက ရှိမယ်..
      အဲဒီကမှာ..
      စိတ်..
      ဥတု..
      အဟာရ..

      ကိန်းဂဏန်းတွေများပါတယ်..။ ဉာဏ်နဲ့လိုက်စဉ်းစားရင်..အချိန်ကုန်ပါတယ်..။ Chaos တွေပါပဲ…။ :k:

  • alinsett

    September 24, 2014 at 3:56 pm

    ကျနော့်လက်ကတော့…
    ကံစမ်းမဲ မနှိုုက်သင့်တဲ့လက်ဗျ…

    :mrgreen:

Leave a Reply