မောင်ဆာမိနှင့် အမည်းရောင်စာမျက်နှာများ

ေမာင္ရိုးJuly 22, 20141min34850

 

 

 

ကျနော်၏ အဖြူရောင်စာမျက်နှာတို့မှာ ကုန်လောက်ရှိနေပါပြီ ။

ဝါသနာသည်ကား တားလို့မရသေး ။

ထို့ကြောင့် ထိန်ချန်ထားခဲ့သော အမည်းရောင်စာမျက်နှာတို့ကို ပြန်လည်၍တူးဖေါ်မိပြန်တော့သည် ။
ဖတ်မိသူတို့အတွက် စိတ်ပျက်ညစ်ညူးဖွယ်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း
စာရေးချင်သည့်ရောဂါအားကုစားရန်မှာ တခြားနည်းလမ်းရှာမတွေ့သေးသဖြင့် ……………   ………

~~~~~~~~~~~~~~~~~~~

တစ်ခါကဖြစ်ပါသည် ။
အင်းစိန်လမ်းတလျောက်မောင်းနှင်လာသော ၄၅ ဘတ်စ်ကားသည် လှည်းတန်းမှတ်တိုင်တွင်ထိုးရပ်လိုက်သည် ။
ငပိ ငါးချဉ်သိပ်သလို ကြပ်ညှပ်နေသော ဘတ်စ်ကားအတွင်းမှ လူအုပ်ကြီးသည် လွတ်လပ်ရေးရသည့်နှယ် အလုအယက်တိုးထွက်လာကြသည် ။
ထိုလူအုပ်ထဲတွင် မောင်ဆာမိနှင့် ထိုစဉ်က ရီးဇား(ယ္ခု ဇနီး) ဖြစ်သူတို့လည်းပါလာလေသည် ။
ရှေ့မှ လမ်းရှင်း၍ တိုးထွက်နေသော မောင်ဆာမိသည် နှေးတုန့်တုန့်ဖြစ်နေသော ချစ်လှစွာသော မဟေသီအလောင်းအလျာအား လက်ကိုအတင်းဆွဲလျှက် တိုးထွက်လိုက်ပါတော့သည် ။

ပါးစပ်မှလည်း …………

” မြန်မြန်ဆင်းဟ တော်ကြာ စပယ်ယာတွန်းချနေဦးမယ် “

အောက်ရောက်သော်လည်း အဆင်းအတက်များ ရှုပ်ထွေးနေသဖြင့် လူအုပ်နှင့်ဝေးရာသို့ ခတ်သွက်သွက် ဆွဲခေါ်လာခဲ့သည် ။
ပါးစပ်မှလည်း ……

“မင်းက အရမ်းနှေးတာဘဲ ကွာ …… လာ  လာ  ဟိုနားမှနေရိပ်တယ် …”   ဟု  မည်တွန်တောက်တီးလျှက် ………

ထိုစဉ်  ……… နောက်နားဆီမှ ……

” ခစ်  ခစ်  ………”” ………

” အဟီးးး ဟီးးးးး ဟားး ဟားးး ……”

ဟူသော ရီသံတို့ကိုကြားလိုက်ရသည် ။

“”ခစ်  ခစ် “ ဟူသောအသံသည် ကျနော်မကြားဖူးသောအသံဖြစ်သည် ။
” ဟီးဟီး  ဟားဟား “ ဟူသောအသံမှာ မဟေသီအလောင်းအလျာ၏အသံဖြစ်သည်။
သို့ဖြစ်၍ …နောက်သို့ ဆတ်ကနဲ လည့်ကြည့်လိုက်သည် ။

 

“”ဗုဒ္ဓါ !!!!!!! “””””

 
ရုတ်တရက် မောင်ဆာမိ အသက်ရှူကျပ်သွားသည် ။
တစ်ခါမှ မမြင်ဖူးမသိဖူးသူ ကောင်မလေးတစ်ယောက်၏လက်ကို ဆွဲလျှက်သား ဖြစ်နေသည် ။
အလျှင်အမြန်ပင် “ဆောရီး” ပေါင်းများစွာကို စက်သေနတ်ပစ်သလိုပြောနေမိသည် ။
ထိုမှတပါးလည်း ပြောစရာမရှိပေ ။
ကောင်မလေးမှာ ပြုံးစိစိနှင့်ထွက်သွားသည် ။
မောင်ဆာမိ၏ချစ်သူ (ယ္ခု ဇနီး) မှာ တခွီးခွီး နှင့်မျက်နှာပိုးသပ်မရ ။

“” မင်းးကွာ ……  ကားပေါ်ကဆင်းကတည်းကပြောပါလား ……အခုတော့ကွာ … ကံကောင်းလို့ ……””

“..… ပြောချိန်မှမရတာ … သူပဲ အတင်းဆွဲပြေးပြီးတော့ … နောက်လည်းလှည့်မကြည့်ပဲနဲ့ …”

မဟေသီအလောင်းအလျာသည် ထိုနေ့ တစ်နေ့လုံး သတိယတိုင်းရီနေပါတော့သည်း ။

:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကွန်မန်ဒါ ဆာမိ ~~~

 

ယ္ခုနှစ်အာဇာနည်နေ့အခမ်းအနားသည် အောက်မေ့တသဖွယ် နေ့ရက်များကိုပြန်လည်သတိယလျှက် ပြီးဆုံးခဲ့ပါပြီ ။
မောင်ဆာမိတို့ ငယ်စဉ်က အာဇာနည်နေ့အခမ်းအနားကို ကြီးကျယ်စွာ ကျင်းပခဲ့ကြသည် ။
စာစီစာကုံးပြိုင်ပွဲများ ၊ ဟောပြောပွဲများ နှင့် ချီတက်အလေးပြုပွဲများကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြုလုပ်ခဲ့ကြပါ၏ ။
ရပ်ကွက် ကျေးရွာအလိုက် ၊ အဖွဲ့အစည်းအလိုက် တက်ကြွစွာ ပါဝင်ဆင်နွဲကြလေသည် ။
ပွဲတိုင်းကျော် မောင်ဆာမိလည်း ပါဝင်ခဲ့ဖူးသည်ပေါ့ ။

ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ ဘရိန်းဝပ်ရှ် လုပ်သည့်အနေဖြင့် မူလတန်းအဆင့်အား တေဇလူငယ် ၊ အလယ်တန်းအဆင့်အား ရှေ့ဆောင်လူငယ် ၊ အထက်တန်းအဆင့်အား လမ်းစဉ်လူငယ် ဟူ၍ ဖွဲ့စည်းပြီးလျှင် လှုပ်ရှားမှုများဖြင့် ပုံဖေါ်ခဲ့ကြလေသည် ။
ယခုကဲ့သို့အာဇာနည်နေ့အခမ်းအနားတွင်လည်း သက်ဆိုင်ရာအဖွဲ့အလိုက် ချီတက်အလေးပြုကြသည်ပေါ့ ။
ထိုစဉ် မောင်ဆာမိသည် အလယ်တန်းကျောင်းသား ရှေ့ဆောင်လူငယ်တစ်ယောက်ဖြစ်နေခဲ့ပါသည် ။
ထို့ကြောင့်…… အောက်ပါ ဖြစ်ရပ်တို့သည် ယခုကဲ့သို့ ပြန်လည်ပြောပြစရာဖြစ်လာခဲ့လေတော့သည် ။

 

၁၉၈ဝ ကျော်များကာလ ……
တစ်ခုသော အာဇာနည်နေ့အခမ်းအနား ……
ယခုနှစ်ချီတက်ပွဲတွင် ကျောင်းသူားများ၏ဘင်ခရာအဖွဲ့ ၊လမ်းစဉ်လူငယ်အဖွဲ့နှင့် ရှေ့ဆောင်လူငယ်အဖွဲ့များ ပါဝင်ဆင်နွဲကြမည်ဖြစ်သည် ။
မောင်ဆာမိအား ရှေ့ဆောင်လူငယ်အဖွဲ့၏ ခေါင်းဆောင်ရာထူး ပေး၍ချီတက်စေမည်ဖြစ်သည် ။
ထို့ကြောင့် အာဇာနည်နေ့မတိုင်မှီ တစ်ပတ်ကြိုတင်၍ ကျောင်းဘောလုံးကွင်းတွင် စစ်ရေးပြများလေ့ကျင့်ရလေတော့သည် ။

“…… ဗိုက်… ညာ … ဗိုက်  … ညာ   … ဗိုက်  ညာ  …   ဗိုက် … … “ (ဘယ် ညာ ဘယ် ညာ ဟု )
ဟူ၍ ညာသံပေး၍ လည်းကောင်းးးးးး

“…… ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို  အလေးးးးးး ပြု …”   အကြိမ် ကြိမ် လေ့ကျင့်ခဲ့ကြသည် ။
တပ်ဖွဲ့ခေါင်းဆောင်မောင်ဆာမိမှာလည်း  သတိ  သက်သာ  အေးစေ  စသောအမိန့်ပေး တိုင်ပင်မှတ်ရမည်ဖြစ်သဖြင့် အိမ်၌မှန်ကြည့်ပြီး လေ့ကျင့်ရလေသည် ။
ရင်ခေါင်းသံဖြင့် အာခေါင်ခြစ်၍အော်လိုက်သော ” တပ်ဖွဲ့… ဒိ”  (တပ်ဖွဲ့သတိ) ဟူသောအသံမှာ မောင်ဆာမိ၏ အိပ်ခန်းတွင်းမှ မကြာမကြာ ထွက်ပေါ်လာတတ်လေတော့၏ ။
 ” … အလေးးးးးးး  ပြု …………    နေ ……မြဲ … ”  ဟုလည်း ကြားရတတ်ပြန်ပါသည် ။

 

 

ဇူလိုင်လ ၁၉ ရက်  နံနက် 10:00  :

အခမ်းအနားကျင်းပရာ ကွင်းအတွင်းသို့ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ ကျောင်းသားများ ၊ ရပ်ကွက်ကျေးရွာလူထုများ တဖွဲဖွဲ ဝင်ရောက်လာလေပြီ ။
မောင်ဆာမိတို့ ရှေ့ဆောင်လူငယ်အဖွဲ့သည်လည်း စနစ်တကျ နေရယူလိုက်ကြသည် ။
ကျောင်းဘင်ခရာအဖွဲ့မှ စစ်သီချင်းများ တီးမှုတ်နေကြသည် ။

 နံနက် 10:30 
အသံဗလံများ တိတ်ဆိတ်စွာဖြင့် ငြိမ်သက်နေသည် ။

  10: 37 
ဆွဲဆွဲငင်ငင် ဖြင့်စတင်လိုက်သောဥဩ သံနှင့်အတူ အားလုံးအလေးပြုကြသည် ။
အမျိုးအမည်မဖေါ်ပြနိုင်သော ဝေဒနာတရပ်နှင့်အတူ … ဝမ်းနည်းသယောင် ခံစားရသည် ။
ဥဩသံအပြီးတွင် အဖွဲ့အသီးသီး အလေးပြု၍ပြန်လည်ထွက်ခွါကြပါသည် ။
သို့နှင့် ………… မောင်ဆာမိဦးဆောင်သော ရှေ့ဆောင်လူငယ်များအလေးပြုရန် အလှည့်ကျလေပြီဖြစ်သည် ။

မိုက်ကရိုဖုန်းရှေ့တွင် မာန်ပါပါဖြင့်နေရာယူလိုက်သည် ။

“” တပ် ဖွဲ့ ……ဒိ”‘  (တပ်ဖွဲ့ သတိ)

“…… ကျ ဆုံး လေ ပြီးသော  ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ  အာ ဇာ နည် ခေါင်းဆောင်ကြီးများအား  ….. အလေးးးးးးးးးးးးးးး ပြု .……” 

ခေါင်းများငုံ့လျှက် အလေးပြုကြသည် ။ စက္ကန့် ၂ဝ ခန့်တွင်  ‘နေမြဲ’  ဟု ပြောရမည် ဖြစ်သော်လည်း ကွန်မန်ဒါဆာမိမှာ ‘နေမြဲ’ ဟူသောစကားလုံးကိုမေ့နေလေပြီ ။
ခေါင်းများပူအောင် အလျှင်အမြန်စဉ်းစားသည် ။

:hint:
စက္ကန့် ၃၀  သို့ တိုင် စဉ်းစားမရ ။
စက္ကန့်မှသည် မိနစ်သို့ကူးပြောင်းလာခဲ့ပါပြီ ။
အကြိမ်ကြိမ်လေ့ကျင့်ခဲ့ပါသော်လည်း ပါးစပ်ထဲတွင် စားကားလုံးများပျောက်လို့နေသည် ။
ရှေ့ထွက်၍ပန်းခွေချပြီး အလေးပြုနေသော ရှေ့ဆောင်လူငယ်များမှာလည်း သို့လော သို့လော တွေးနေကြမည်ထင်၏ ။
တစ်မိနစ်ကျော်လာသည်နှင့် ပွစိပွစိ အသံများထွက်လာသည် ။
ယခုထိ နေမြဲ ကိုစဉ်းစားမရ ။
နှစ်မိနစ်ခန့ ် ရှိပြီမို့ မဖြစ်မနေ တစ်ခုခုတော့ပြောရပါတော့မည် ။
ထိုစဉ် …စစ်ရေးပြသင်တန်းမှတပ်ကြပ်ဆရာ၏ စကားက်ိုပြန်လည်ကြားယောင်မိလေသည် ။
” ရဲဘော်တို့ … ရဲဘော်တို့ရဲ့လက်ထဲမှာ ရေဘူးပေါက်တာမလိုချင်ဘူး ၊ ရေပါတာဘဲလိုချင်တယ် “

ဟုတ်ပြီ ။မောင်ဆာမိတစ်ယောက် ရေဘူးပေါက်နေသော်လည်း ရေရှာရပါတော့မည် ။
သို့နှင့် …… ရှေ့မျက်နှာနောက်ထား၍ အောက်ပါအတိုင်း အော်လိုက်လေတော့သတည်းးးးးးးးးးး ။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
“””” ခေါင်းး ပြန် ………… မော့ “””””
:mrgreenn:
:mrgreenn:
:mrgreen:

 

လေးစားလျှက်
မောင်ဆာမိ

50 comments

  • Mr. MarGa

    July 22, 2014 at 9:14 am

    ခွီးးး
    ဒီလူကြီး မနက်စောစော မျက်နှာပိုးသတ်လို့မရအောင် လုပ်သွားတယ်
    လက်ကိုဆွဲပြီး ဆင်းလာတော့ ကိုင်ရတာ မတူပါဘူးလို့ မထင်ဘူးလား ဟင်
    ဟီဟိ
    နေမြဲ ကို မေ့နေရင် သက်သာ တွေ အေးစေ တွေ အော်လိုက်တာတော့ မဟုတ်
    :hint:

    • surmi

      July 22, 2014 at 9:20 am

      အဲဒီတုန်းက အလောသုံးဆယ်လေကွယ်
      နောက်မှာကပ်လိုက်လာတယ်ဆိုပြီး လက်ကိုနောက်ပြန်စမ်းပြီးဆွဲလိုက်တာ :mrgreenn:

  • weiwei

    July 22, 2014 at 9:34 am

    ဟားဟားဟားးးးးး …. ရယ်လိုက်ရတာ …

    • surmi

      July 22, 2014 at 2:05 pm

      ဟဲဟဲ ပေါက်ကရပေါင်း သောင်းခြောက်ထောင်လေ :mrgreen:

  • Crystalline

    July 22, 2014 at 10:39 am

    :mrgreen: :mrgreen:
    အခမ်းအနားပြီးတော့ ဦးဆာအဆူမခံရဘူးလား.. :mrgreenn: မနက်စောစောစီးစီး..ရီလိုက်ရတာ… 😀

    • surmi

      July 22, 2014 at 2:08 pm

      အဆူခံရရုံတင်ဘယ်ကလိမ့်မလဲ
      တခါထဲကို ရာထူးပြုတ်တော့တာဘဲ ဟေးဟေး 🙂

  • ခင်ဇော်

    July 22, 2014 at 10:56 am

    ဟယ်။
    မဒမ်ဆာ မို့ ရီနိုင်တယ်။ ဟိ၊
    ကိုယ့်လိုသာဆို လိုက်မဆင်းဘူးးး ထားပစ်ခဲ့မယ်။
    :mrgreen:

    ယောက်ခမ ကွန်မန်ဒိုဆာ ဖြတ်ထိုးဉာဏ် ကောင်းတယ် ဆိုတာတော့ ကိုယ်တွေ့မို့ ယုံတယ်။
    အဟွတ်။ :kwi:

    • surmi

      July 22, 2014 at 2:12 pm

      ကျုပ်က လုပ်သလိုမဖြစ်ရင်
      ဖြစ်အောင်လုပ်ပစ်တတ်တာ ငယ်ကျင့် :kwi:

      ဘာပဲဖြစ်ဖြစ် ဒီပို့စ်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ကူညီချွန်တွန်း အဲ …အဲ မှားလို့ :mrgreenn:
      အဖက်ဖက်ကကူညီဆောင်ရွက်ပေးသော
      ဇီဇီခင်ဇော် အား အထူးကျေးဇူးတင်ရှိပါကြောင်းးးးးး :kwi:

  • နောင် ရိုး

    July 22, 2014 at 11:05 am

    ကိုဆာမိရဲ့ အလွဲများပေါ့…

    • surmi

      July 22, 2014 at 2:15 pm

      ဟဲဟဲ လွဲချက်ကလက်ကုန်ဗျ ကိုနောင်ရိုးရဲ့ 🙂

  • ခင် ခ

    July 22, 2014 at 12:56 pm

    ဪ ဖြစ်မှဖြစ်ရလေဗျာ။
    တော်သေးတာပေါ့ ဘတ်စ်ကားမှတ်တိုင်မှာမို့ မတော် ရုပ်ရှင်ရုံအဝင်မှာသာ မှားဆွဲမိတာဆို ဘယ်လိုများဖြစ်မလဲ မပြောတတ်ဘူးနော်။

    • surmi

      July 22, 2014 at 2:18 pm

      အစ်ကိုရေ
      ရုပ်ရှင်ရုံအဝင်မှာဆို ဘာပြောကောင်းလိမ့်မလဲဗျာ …
      ဗိုက်မှာ သံချပ်ကာတပ်ထားရမယ်ထင်တယ်ဗျို့ :mrgreen:

    • surmi

      July 22, 2014 at 2:20 pm

      ဦးမိုက် ရီနေတာတစ်ခုခုတော့ထူးတယ်နော်
      ဧကန္က သူလဲမှားဆွဲဖူးလားမသိ :kwi:

  • ဦးကျောက်ခဲ

    July 22, 2014 at 1:54 pm

    ကိုရင်ဆာလို သာယာတဲ့ “တစ်ခါက” တွေ မရှိခဲ့ဖူးလို့ ကြွားစရာမရှိ… ဟီ ဟိ
    မဒမ်ဆာကိုတွေ့ရင် ချွန်ပေးမှ…
    “အဲ့လူဂျီး မှားချင်ယောင်ဆောင်ပြီး ဆွဲသွားတာ” လို့…
    ဗိန် ညောင်… ဗိန် ညောင်… ဗိန် ညောင်… ရှေ့ကြည့်… ညာာာာ…. ညှိ
    😀

    • surmi

      July 22, 2014 at 2:24 pm

      တိန် !!!¡¡¡ အဲဒီလို မချွန်ကောင်းဘူးလေ :mrgreen:
      တော်ကြာ ၁၄၄ ထုတ်နေမှဖြင့် 🙂

      ဟဲဟဲ ရေဘူးပေါက်ကိုပြန်အဖါကောင်းလိုက်တာ …
      အဲဒီကစပြီး ဘယ်အဖွဲ့ထဲမှမပါတော့ဘူး
      ရှက်လွန်းးးးးးလို့ :mrgreenn:

  • cobra

    July 22, 2014 at 4:04 pm

    ဦးဆာမိရယ်တော်သေးတာပေါ့
    ယောက်ျားကြီးလက်သွားမဆွဲမိလို့
    ဟီးးဟီးးး

    • surmi

      August 3, 2014 at 8:42 am

      မြွေမင်းသားရယ် အဲဒါတော့ဘယ်မှားလိမ့်မလဲဝ
      မတူဘူးလေ မတူဘူး မတူဘူး ဟဟ 🙂

  • အာဂ

    July 22, 2014 at 4:45 pm

    ခေါင်းမော့…. ခေါင်းး ပြန် ………… မော့ ခိခိ

    • surmi

      August 3, 2014 at 8:51 am

      ဟဲဟဲ သိတယ်မဟုတ်လားကိုအာဂ
      ငယ်ငယ်ကတည်းက ပေါက်ကရတွေဖြစ်လာတာ

  • နှူးဘာ မိဂီ

    July 22, 2014 at 4:52 pm

    တော်သေးတယ်… အလင်းဆက်တို့လို ဂျော်လကီ မှားမဆွဲလာလို့ …ငိငိ..

    • alinsett (gazette)

      July 23, 2014 at 3:05 pm

      ဘာာာာာာာာာာာာာာာာာာ

      ခီညားကို..မှားဆွဲရမှာ…
      ——-
      ဒါနဲ ့….
      ဒီမယ်..မယ်ဂိ ။
      ခီညားရဲ ့ကနားမှာ… နတ်ကဒေါ် လိုသလား… ။

      :mrgreen:

      • နှူးဘာ မိဂီ

        July 24, 2014 at 3:17 pm

        နတ်ကတော် တော့ မလိုဝူး ..သငယ်ပဲလိုတယ်…
        ဒချိ ဒချိ..

    • surmi

      August 3, 2014 at 8:53 am

      အောက်မငေးးးး
      ဂျော်လကီတော့ မဆွဲပါရစေနဲ့ ဂစ် ဂစ် :mrgreenn:

  • TNA

    July 22, 2014 at 5:53 pm

    အောင်မယ်လေးရီလိုက်ရတာ အူးဆာရယ်။ ခွက်ခွက်ကိုလန်ကောပဲ။ အဲ့လက်ဆွဲတဲ့ကိတ်စနကတော့ ဦးဆာဦးသွားသကိုး။ အဟိ ကျွန်မလဲတေးထားတာ ရေးဖို့။ ကျွန်မလွဲတာကတော့ သားနဲ့ ဘယ်ကယောင်္ကျားကြီးမှန်းမသိဘူးမှားဆွဲတာ။ အကုန်ကတော့ မယုံပါဘူး လက်သေးသေးနဲ့လက်ကြီးကြီးတမင်မှားဆွဲတာဆိုပြီး :mrgreen: အဲ့တုန်းကလဲတောင်းပန်လိုက်ရတာ ရှက်လဲရှက်ပေါ့။ ခုလဲကွ့ကိုယ်ပြန်မြင်ကြည့်ပြီးရီလိုက်ရတာ။

    • ခင်ဇော်

      July 23, 2014 at 7:42 am

      လိုက်တယ်နော်။
      ချွေးမ အလွဲ က ရွေးလိုက်တဲ့ ယောက်ခမွ ၂ ယောက်လုံး အလွဲတွေ။
      အာဟိ (ခွက်ဒစ်တူ ကျောက်)

      :mrgreen:

      • surmi

        August 3, 2014 at 9:01 am

        မသဲနုရေ
        မတူတဲ့အလွဲလေးတွေအကြောင်းလဲလုပ်ပါဦးဗျို့
        အမှတ်တရ အမှားများက်ုစီးရီးအလိုက် စောင့်နေမယ်နော 🙂

  • Nyo Win

    July 23, 2014 at 12:40 pm

    အဟမ်း အဟမ်း….ကျနော်အထင်တော့ ကောင်မလေး က လက်မှားကိုင်ခံရမနဲဘူးဆိုပြီး
    ငြိမ်ခံနေလားမသိ..ဦးဆာတို ့စွံချက်တွေထွက်ထွက်လာပီ…ဦးဆာရဲ ့အမည်းရောင်စာမျက်နှာပေါ်
    မှာ အလင်းကွက်တွေ တွေ ့နေတယ်နော…..
    ဒါနဲ ့…………………
    “””” ခေါင်းး ပြန် ………… မော့ “”””” 🙂

    • surmi

      August 3, 2014 at 9:05 am

      ပလုတ်တုတ် !!
      အိုက်သလိုမဟုတ်ပါဘူးဆြာညိုရယ် 🙂
      ကျနော်ကိုက ဆင်းချင်ဇောများပြီး အတင်းဆွဲချသွားမိတာပါ :mrgreenn:
      အဲ့ဒီရှေ့ ဘယ်သောအခါမှာ မကြည့်ဘဲ မဆွဲရဲတော့ပါဘူး ဟေးဟေး

  • မဟာရာဇာ အံစာတုံး

    July 23, 2014 at 2:57 pm

    ခွိခွိခွိ ….
    ဟိုတစ်ယောက် ပြောကတည်းက ဖတ်ချင်နေတာ
    အခုမှ ဖတ်ရတယ် …
    ရေလည် မိုက်တယ် ဥဆာ ….
    ခေါင်းပြန် .. မော့ … တဲ့ … ဟီဟိ …
    :mrgreen:

    ဒါနဲ့ … ဥဆာရဲ့ ပထမ အလွဲလေးလို …
    ကျော်လည်း အလယ်တန်း ကျောင်းသားဘဝက လွဲခဲ့ဖူးသေးတယ်ဗျ …
    အဲ့ဒီတုန်းက ကျောင်းဆင်းချိန်မှာ …
    ကောင်မလေး တစ်ယောက်ကို ကိုယ့်သူငယ်ချင်း အမှတ်နဲ့ လက်ဆွဲပြီး ခေါ်သွားဖူးလေရဲ့ …
    တော်ဒေးဒယ် .. ကောင်မလေးက အေးဆေးမို့ …

    • surmi

      August 3, 2014 at 9:10 am

      မှားတာရော ဟုတ်လို့လားမောင်အံရယ်
      တမင်များ မှားချင်ယောင်ဆောင်ပြီး ဆွဲသလားကွာ
      ကျောင်းဆင်းချိန်ကဘတ်စ်ကားလောက်မကျပ်ဘူးလား လို့ :kwi:
      အခုချိန်တော့ မှားမဆွဲလေနဲ့နော်
      သိတယ်မဟုတ်လား :mrgreen:

  • Novy

    July 23, 2014 at 3:49 pm

    ကိုရင်ဆာရယ် ကံကြီးပေးလို့ပေါ့
    ကောင်မလေးရဲ့ အဝှာ ( ပိုက်ဆံအိပ်) မှားဆွဲမိမှ ဒုက္ခ :mrgreen:

    • surmi

      August 3, 2014 at 9:12 am

      ဂစ် !!!
      အဲ့သလိုတော့ မမှားပါရစေနဲ့ အန်တီနိုဗွီရယ်
      အဲဒီလိုမှားမိရင်လေ ဘယ်လိုပြောပြောယုံမှာမဟုတ်တော့ဘူး :kwi:

  • attach ment

    July 23, 2014 at 5:40 pm

    လူရွင်တော်တွေပြောတာထက်ကိုပိုပြီးရီနေရတယ်

    • surmi

      August 3, 2014 at 9:14 am

      ရီသောသူအသက်ရှည်၏ တဲ့
      များများသာအားရပါးရရီပစ်ဗျာ :kwi:

  • အရီးခင်

    July 24, 2014 at 10:25 pm

    ကဆာမိ
    အဖြူ အမဲ အပြီး ဆက်လာမဲ့ ရောင်စုံ စာမျက်နှာများ ကို မျှော် နေပါတယ်။
    ကိုယ်လဲ ဘယ်သူ ကို လက်ဆွဲဘူး လဲ စဉ်းစားနေတယ်။ 🙄 ;-)))

    ကိုယ့်ကို လာဆွဲ လို့ကတော့။ ဘာ ဆင်ခြေ မှ မကြားချင်ဘူး။
    သများက ဂျူဒို ခါးပါတ်နက် ရှင့်။

    “ခေါင်းပြန်မော့” လို့ အော်လိုက်သံ က နားထဲ ဂလိထိုးပြီး ဝင်သွားတယ်။ lol:-)))

    • surmi

      August 3, 2014 at 9:18 am

      ဗျို့အရီး
      အရီးကတော့ ဒီလိုအလွဲမျိုးမရှိလောက်ပါဘူးဗျာ
      တော်သေးတယ်
      ကျနော်ဆွဲမိတဲ့သူက အရီးလိုမဟုတ်လို့
      မတော် တွန်းချလိုက်ရင် မှောက်လျက်လဲနေမှာ :kwi:
      အရီးမှာ အမြဲဆောင်ထားတတ်တာ ဘာ ဆိုလားပဲနော် :mrgreenn:

      • အရီးခင်

        August 3, 2014 at 3:06 pm

        တစ်ချိန်က ကွကိုယ် ဘဝင် လေဟပ်ပြီး အရူးထဆောင် ထားခဲ့တာပါ။
        နောက် ဈေးကျကျလာချိန် ဈေးကွက်ပျက်မှန်း သိလာတော့ မသိမသာ ကြော်ငြာပြီး အိတ်ထဲက ထုတ်ပစ် လိုက်ရတာ။:-))

        မှတ်ဉာဏ်ကောင်းဘဲ။
        နေမြဲ ကို မေ့တာမဟုတ်လောက်ဘူး။
        တမင် မေ့ချင်ယောင်ဆောင်တာဘဲ ဖြစ်မယ်။ lol:-))

  • naywoon ni

    July 24, 2014 at 11:50 pm

    ​တော်​​သေးတာ​ပေါ့ လက်​မှားဆွဲတာမို့ ။ အဲ့သလိုမျိုး ​ကောင်​မ​လေး တစ်​​ယောက်​​ယောက်​က ကိုယ်​့ မှားဆွဲတာ မခံရဖူးဘူး မ​ဟုတ်​လား ။ ​ပြော​တော့ပါဘူးကွယ်​ ကိုယ်​့အနက်​​ရောင်​ စာမျက်​နှာ​တွေ ​ပေါ်ကုန်​လိမ်​့မယ်​ ။

    • surmi

      August 3, 2014 at 9:25 am

      အော ဒိုအဘနီတို့မှာလဲ ဇတ်လမ်းရှိသက်ုးးး
      အဲဒီလို ဆတ်တငံ့ငံ့မလုပ်ခဲ့နဲ့လေဗျာ
      ၁၉၈ဝ ကျော်က ဇတ်လမ်းဟောင်းလေးတွေလုပ်ပါဦးး
      မန်းမြေမှာ ခဏတာ တို့
      ရေနီမြောင်းနဘေးက အမြဲချောင်းတဲ့ ကောင်မလေးတို့
      ဘာတ်ို့ ညာတို့ 🙂

  • padonmar

    July 25, 2014 at 12:47 am

    ညသန်းခေါင်ကြီး တဟိဟိနဲ့ ရီနေမိတာ အသံမထွက်အောင် မနည်းထိန်းလိုက်ရတယ်…ခေါင်းပြန်မော့တဲ့…

    • surmi

      August 3, 2014 at 9:29 am

      ဒို့အစ်မလည်း ခွင့်တိုင်ထားပေမယ့် သံယောဇဉ်တော့မပြတ်ရှာဘူးနော်
      ကျေးကျေးပါဗျို့ 🙂

  • kai

    July 25, 2014 at 5:32 am

    ” ရဲဘော်တို့ … ရဲဘော်တို့ရဲ့လက်ထဲမှာ ရေဘူးပေါက်တာမလိုချင်ဘူး ၊ ရေပါတာဘဲလိုချင်တယ် “

    အဲဒီ စကားလေးကြောင့် မြန်မာပြည်ချောက်ထဲဇောက်ထိုးကျတာလို့.. ထင်မိတယ်..
    ဘယ်နှာ..
    .. စစ်တပ်အယူအဆကြီးကို.. အရပ်ဖက်နိုင်ငံရေးထဲအတင်းသွပ်ထည့်တော့… ရေဘူးထဲ.. ရူရူးတွေပေါက်ထည့်တဲ့ခေတ်ရောက်သွားတာပေါ့…

    ကဲ..ကဲ..
    ” ခေါင်း.. ပြန်… မော့… ဗူးထဲက…. ရေ….. သောက်…။ “ :mrgreen:

    မှတ်ချက်။ ။ ကြုံ၍တွန်းပြောခြင်းဖြစ်သည်။ ကြုံတွန်း…။ မောင်ဆာမိ၏စာနှင့် မသက်ဆိုင်.. :brgreen:

    • surmi

      August 3, 2014 at 9:30 am

      အဟမ်းးးး
      တွန်းလို့ကောင်းလားးးး :mrgreen:

      ကဲကဲ ကူတွန်းလိုက်ပါဦးမယ်
      ဘေလေဆပ် .… ဘေလေဆပ် ……… :mrgreenn:

  • ဦးကြောင်ကြီး

    August 3, 2014 at 1:54 am

    ရှေ့ဒန်းမှာ ရေဗူးပေါက်တာ မလိုချဉ်တဲ့ ဗိုလ်ဂျီးလုပ်သူ လှံစွပ်ပြောဖို့မေ့ပြီး တက်ထိုးခိုင်းတော့ စစ်သားတွေလည်း ကျားဆိုပြီး ပြေးထိုးကြတာ သေမှာမကြောက်တဲ့ ရန်သူတွေ ထွက်ပြေးပါလေရောလား..

    • surmi

      August 3, 2014 at 9:34 am

      အဲဒီ ဗိုလ်ကြီးလည်း ကျုပ်လိုကောင်ဖြစ်မယ်
      တော်သေးတယ် ကျုပ်လည်း စစ်ထဲမရောက်လို့
      ရောက်များရောက်ရင် တပ်ရင်းတစ်ခုလုံးကို ဒုက္ခပေးနေမိမှာ :mrgreen:

  • ကထူးဆန်း

    August 3, 2014 at 11:10 am

    ဘွတူ ခုမှ တွေ့သကိုး ..

    ဟိဟိ .. ကျွန်တော်လည်း အဲ့ဒီ့လို အချိန်အခါ ဝန်းကျင် လမ်းစဉ်လူငယ် သင်တန်းဆင်းပွဲ မှာ တာဝန်ကျ ဘူးပါရဲ့ ..

    တစ်ခါမှ လူရှေ့ ထွက်ဘူးတဲ့ ကောင် မဟုတ်တဲ့ သူကို အရပ်ကလန်ကလား .. အာကျယ်ကျယ် ဆိုပြီး ထင်ပေါ်လို့ စင်တော်ကောက်ခံ ရပြီး သင်တန်းပြ ရဲ ကြီးက ရှေ့ထုတ်လိုက်ပါရော..

    ကဲ အော်စမ်းကွာ ဆိုတော့ … လူယဉ်ကျေး ကထူးဆန်းဆို တော့ သတိ ကို
    အော်လိုက်တာက ….

    တပ်ဖွဲ့……..

    သတိ မယ်

    လို့ ပြောမိလို့ အဆဲ ခံရတာ မိုးမွှန်သွားတာဘဲ ..

    ဒါက်ို အမှတ်မရှိတဲ့ ရဲဆရာကြီး က သင်တန်းဆင်းတော့ လည်း လူမလဲ ကျွန်တော့်ကို ဘဲ ဆက်ပြီး ရှေ့တန်းတင်ထားတယ်လေ..

    သင်တန်းဆင်း နေ့ အားလုံးလူကြီးတွေ ဆြာကြီးတွေ ရှေ့ မှာ သတိကြီးစွာဖြင့် အဲ့ဒီ့ အမှား ထပ်မမှား ရအောင် ကထူးဆန်းတို့ သတိကြီးကြီးထားပြီး လုပ်တာပေါ့ ဗျာ ။

    အားလုံး အဆင်ပြေပြေ နဲ့ ချီတက် အလေးပြု . သတိ သက်သာ နေမြဲ ဆိုပြီး မိန့်ခွန်းခြွေတာ နာခံပြီး ဆြာကြီးကို အလေးပြု ပြန်ထွက် ရတော့ မဲ့ အချိန် …

    ပြီးတော့မယ် အမှား မရှိဘူး ဟ ဆိုပြီးကထူးဆန်းတို့ ဝမ်းသာအားရ အော်လိုက်တာ ပေါ့ဗျာ …

    တပ်ဖွဲ့ … ချီတက် အလေးပြု ရန်…… ဘယ်လှည့် …… ဆို ပြီး

    အဲ့ဒီ့မှာ လွဲ တော့တာဘဲ ဗျိူ ့ ……

    ဘာဖြစ်သွားတာလဲ သိလား … ညာ လှည့် အော်ရမှာ ဘယ်လှည့်အော်မိတယ်လို့ ထင်တယ်ဟုတ် …. ဟုတ်ဘူး ….

    နေမြဲ ဆိုပြီး ဩဝါဒခြွေတာ နာခံ နေရတော့ သတိ ပြန်ပေးပြီးမှ ဘယ်လှည့် အော်ရမှာ သတိ ဆိုတဲ့ အမိန့် မပေးမိတော့ အနောက် က ငတတွေ ဘာလုပ်ရမှန်း မသိဘဲ အူကြောင်ကြောင်တွေ ဖြစ်ကုန်တော့ နေမြဲ ကနေ ဘယ်လှည့်လိုက်တာ ရှေ့ က ကျွန်တော် တစ်ကောင်ဘဲ ရှိတယ် လေ ….
    :mrgreen:

    • surmi

      August 3, 2014 at 11:37 am

      ဟားဟား ဖြစ်ရလေ ကိုထူးဆန်းရေ
      အဖေါ်တော့ရှိသွားပြီဗျာ …
      နေမြဲ ပုံစံကနေ စစ်ရေးပြလူလှည့်နည်းအတိုင်းလှည့်လိုက်တော့အတော်ကို ကို့ယို့ကားယားဖြစ်သွားမှာဘဲ
      မျက်လုံးထဲတန်းပေါ်လာတယ် 🙂
      ဒါနဲ့
      ဘယ်ညာ မှားလို့ ကောက်ရိုးခြေထောက် မြက်ခြေထောက်ရော အော်ခဲ့ရသေးလား းmrgreen:

  • black chaw

    August 4, 2014 at 11:30 am

    တချို့အလွဲတွေက
    သိသိကြီးနဲ့ လွဲထည့်လိုက်တာမျိုးတွေဗျ။
    ကောင်မလေး လက်က နူးညံ့လားဟင်င်င်င်။
    :mrgreen:

    • surmi

      August 4, 2014 at 11:44 am

      ငင် !!
      မလုပ်ကောင်းဘူးလေ ဟေဟေ့
      မနေ့က အင်တာဗျူးမှာ အားလုံးပြောပြပြီးပြီဘဲ
      အပူအနွေးတော့ နဲနဲကွာပါတယ်ဆိုနေမှ ……

      ဟိုက်ရှ် !! ဘာတွေပြောမိပါလိမ့် :mrgreenn:

Leave a Reply