အပျိုကြီးက ဘာကို ရွေးခဲ့ပါလိမ့်

moonpoemJuly 16, 20141min21815

အကယ်၍ ကျွန်ုပ်၏ အစ်မအပျိုကြီးသည်အမျိုးသမီးဖြစ်သဖြင့် အမျိုးသမီးထုကို
ကိုယ်စားပြုသည်ဆိုကြပါစို့….။

သူနှင့်ကျွန်ုပ်ငယ်စဉ်က အိုးပုတ်ချိုးရုပ် ဝယ်လျှင် သူသည်
မည်သည့်အိုးပုတ်ချိုးရုပ်ကို မဆိုဝယ်၏။လှလှ မလှလှ သူမရွေး သူ့မှာရှိသမျှှနှင့်ရအောင်ဝယ်၏။

ဒါသည် ငယ်ရွယ်စဉ် အခါဆယ်ကျော်သက်အရွယ်၌ ဘာပဲဖြစ်ဖြစ်ချစ်တတ်သော အမျိုးသမီးထုကိုကိုယ်စားပြု
လေ၏။သူတက္ကသိုလ်တက်မည်ဆိုသောအခါ အိတ်လှလှလေးများကို မြင်လျှင် သဘောတွေကျပြီး ပြုံးတတ်လာပြီ။တကယ်လှသောအိတ်ကိုရွေးချယ်ဝယ်ယူတတ်လာပြီ။မလှလျှင် နေခဲ့လေတော့။

ဒါသည် သစ်ရွက်လှုပ်လျှင် တခိခိရယ်တတ်သောအရွယ် ချောတာလှတာမြင်လျှင် ရင်ခုန်တတ်သည့် ် အသက်၂ဝကျော်ခါစ အမျိုးသမီးထုကိုကိုယ်စားပြုလေ၏။

သူကျောင်းပြီး၍ အလုပ်စဝင်သောအခါ ဖိနပ်သွားဝယ်ရန် လိုက်မိပြန်၏။
ဟိုဖိနပ်က ကြိုးရှုပ်သည် ဒီဖိနပ်က ဒေါက်မြင့်သည် ဟိုဟာက ပုံတုံးသည် စသဖြင့် ချေးများလေသည်။ဖိနပ် တစ်ရန်ရဖို့တော်တော်ရှာယူရလေသည်။

ဒါသည် ချောတာလှတာမြင်လျှင် ပင် သိပ်ရင်မခုန်တတ်ဘဲ ချေးများလာပြီး
ကိုယ့်စိတ်တိုင်းမကျမချင်း
ခေါင်းမငြိမ့်တတ်တော့သော
နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော်တဆိတ်ဟ်ိုင်းသည့်
အမျိုးသမီးထုကိုကိုယ်စားပြုလေ၏။

သူရန်ကုန်ရောက်စက သူနှင့် ကျွန်ုပ် အိမ်အတွက်
လိုအပ်သည်များကိုသွားဝယ်၏။
သူသည် အလှကုန်ဝယ်တော့ promotionပေးတာကိုစိတ်ဝင်
တစားရွေးချယ်၏။Discount
ချတာမြင်လျှင် ဝယ်တာမဝယ်တာ
နောက်ထားသွားရောက်ရွေးချယ်၏။

ဒါသည်သိပ်ချေးမများတော့
သော်လည်း သင့်တော်မည်ကို ရွေးချယ်လာသည့်
့်အသက်၂ရ ၂၈နှစ်အရွယ် အပျိုကြီးထုကို ကိုယ်စားပြု၏။

တစ်လောကတော့သူနှင့်ကျွန်ုပ် လှည်းတန်းဘက်သွားလေသည်။တစ်နေရာအရောက် လမ်းဟိုဘက်ခြမ်းကို်သူစိုက်ကြည့်လေ၏။ထိုနေရာတွင်ဆိုင်၂ဆိုင်ရိ
ှလေ၏။တစ်ဆိုင်ကBrandedများသာရောင်းသောဆိုင်နောက်တစ်
ဆိုင်ကကြိုက်တာယူ၁၈၀ဝဆို
ိုသော ဆိုင်။

၂ဆိုင်ထဲက ဘယ်ဆိုင်သွားမည် မသိ။သူပြုံးလိုက်ပြီး လမ်းကူးသွားသော်လည်း ကျွန်ုပ်မလိုက်သွားမိလိုက်။

ထို့အတွက်ယခုစာကိုရေးသော
အခါ အချက်အလက်မစုံသဖြင့် ဝမ်းနည်းမိသည်။

သူသည် ကြိုက်တာယူ၁၈၀၀
ထဲက လိုအပ်သည်ကို ရွေးခဲ့သည်လား ဒါမှမဟုတ် Branded မြင့်မြင့်ကို ရွေးခဲ့လေသည်လား တွေးရခက်သည့် ပုစ္ဆာတစ်ပုဒ်ပမာ။

ထိုအချိန်၌ကျွန်ုပ်အစ်မအပျိုကြီး
သည် အသက်၃ဝရှိပြီ ဖြစ်လေ၏။

15 comments

  • ဇီဇီ

    July 16, 2014 at 3:17 pm

    အသက် ၃ဝ လူတွေးမေးတယ်
    ဘယ်တော့များမှ စားရမှာလဲ။
    ဟန်ဆောင်ရပြီ။.
    လူတွေမသိအောင် အပြုံးလေးနဲ့ လိမ်ရပြီ။

    :kwi:
    ခိ။
    မိန်းကလေး ဆိုတာ ၃ဝ လောက်ဆို အဲဒီ မေးခွန်းရင်ဆိုင်ရပြီနော်..
    😀
    ရွေးချယ်တာကတော့ ကိုယ့် မုဒ် နဲ့ ကိုယ်ပေါ့ကွယ် .. :mrgreenn:

  • Iris

    July 16, 2014 at 3:38 pm

    ဟဟ… ထင်​တာက​တော့ သူ ဘရန်​းဒက်​ထဲက ဒစ်​စ​ကောင်​့ ကိုပဲ​ရွေးဖို့များတယ်​။

  • ခင် ခ

    July 16, 2014 at 3:50 pm

    တလောက အသက် ၈ဝ အရွယ် အမျိုးသမီးကြီးတစ်ယောက်ကို တမ်းတမ်းစွဲကြိုက်နေတဲ့ အသက် ၃၄ နှစ်အရွယ် အမျိုးသားလေးက လက်ထပ်ယူတယ်ဆိုလား ဖတ်မိလိုက်တယ်နော်။
    အချစ်ဟူသည် အသက်ကန့်သတ်ချက် မရှိဟု ဆိုဖွယ်ရာရှိပါသကား။

  • မဟာရာဇာ အံစာတုံး

    July 16, 2014 at 4:01 pm

    အပိုကြီး ဆိုတာ …
    လိုတာထက် နည်းနည်း ပိုချင်ချင် ဖြစ်တတ်လေတော့ကာ
    ဟုတ်သည်ရှိ မဟုတ်သည်ရှိ ဘရန်းဒတ် ဆိုင်ထဲ ဝင်သွားဖို့ ရှိပါတယ် …
    ဝယ်၊ မဝယ်တော့ အတပ် မပြောနိုင်ဘူး …
    ကပ်စေး ကလည်း နည်းတတ်ကြသေးသကိုး ခည … ဟီဟိ
    :mrgreen:

  • moonpoem

    July 16, 2014 at 4:34 pm

    အပျိုုကြီး ဘာရွေးခဲ့လဲဆိုတာ စာဖတ်သူရဲ ့လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်ပါတယ်။ အားရပါးရ ရွေးချယ်နေကြပါလား။အခုတောင် ကွန်မန့် ၄ခု ၄မျိုး ဖြစ်နေပြီ 😀

  • Mr. MarGa

    July 16, 2014 at 5:01 pm

    နှစ်ဆိုင်လုံးကို ဝင်ကြည့်ပြီး ဒီအတိုင်း ပြန်ထွက်လာဖို့ များနေသလိုလို 😀

  • lu lu

    July 16, 2014 at 6:27 pm

    နှစ်ဆိုင် လုံးဝင် ကြည့် ဈေးဆစ် ကြည့်
    တွက်ခြေကိုက်မကိုက် ချိန်ကြည့် ပြောတဲ့ဈေးမရရင် ကြိုက်လျက်သား
    နဲ ့လှည့်ပြန်မည် ဒါကြောင့်အအပျိုကြီးဖြစ်နေသည်
    😀

  • ရွှေအိမ်စည်

    July 16, 2014 at 9:54 pm

    ဆရာနန္ဒသိန်းဇံ စကားဌားသုံးရရင်….လိုချင်တာရနိုင်ပါလျက်နဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်
    ရှိနေလို့ အိမ်ထောင်မပြုပဲ တမင်နေသူကိုမှ အပျိုု လူပျို လို့ခေါ်တယ်

  • kyeemite

    July 17, 2014 at 1:04 pm

    ကျုပ်ကတော့ အပျိုကြီးမဟုတ်လို့ ကြိုက်တာယူ 1800 ဆိုင်ထဲဝင်သွားလေသတည်းလို့
    မဖြေခဲ့တော့ဘူးဗျာ 😀

  • အရီးခင်

    July 18, 2014 at 1:27 am

    ဘာမှ မဝယ်ခဲ့ဘူး လို့ ထင်တယ်။ :-)))

    တစ်ဆက်တည်း ပြောရရင်
    သူကြီး အဆို နဲ့ ဆန့်ကျင်ဘက်။
    ကိုယ့်ဟာကို မီးခလုတ်ဖွင့်ဝင်ရတာ နဲ့ကို ကြောက်တာ နဲ့ အိမ်ထောင်ဖက် မရှာရတဲ့။
    How we end up marrying the wrong people ဆိုတဲ့ article ရှိတယ်။
    ကြုံရင် တစ်ခြား အချက် တွေ ပါ ပြောပြဦးမယ်။

    ကိုယ့်ဟာကို ဘာကြိုက်တယ် ဘာမကြိုက်ဘူး မသိတာ က ရှေ့ဆုံးက အချက်ပေါ့။
    ကိုယ်ဘာဆိုတာကို ကိုယ့်ကိုယ်ကို မသိနားမလည်တာ။

    ဒီတော့ ကြိုက် မကြိုက် မသိနိုင်ရင် အဲဒီ အိတ် ကိုတော့ ပိုက်ဆံကုန်ခံပြီး ဝယ်မနေကြပါနဲ့ ကွယ်။
    လွတ်လွတ်လပ်လပ် အနှောင်အဖွဲ့ ကင်းကင်း အရသာကို နောက်မှ မကြိုက်တဲ့ အိတ်အလေးကြီး လွယ် ရတဲ့ တာဝန် နဲ့ မလဲ ချင်ကြပါနဲ့။

    အသေအချာ ကိုယ့် အကြိုက် ကိုယ်နဲ့ ကိုက်ရင် …
    တစ်ရာ တန်ဖြစ်ဖြစ် တစ်သိန်းတန်ဖြစ်ဖြစ် အကြောင်းမဟုတ်တော့။
    မလွတ်တမ်းသာ ဆွဲဝယ်ပြီး တစ်သက်စာ လွယ်ကြပေရော့။
    :-)))

  • kai

    July 18, 2014 at 6:46 am

    … အိမ်ထောင်မကျတဲ့အပျို/လူပျိုတွေက..ကီးကိုက်တဲ့လူနဲ့..လိုက်အိပ်တတ်.. လိုက်အိပ်နိုင်တာပဲ..
    ပိုလို့တောင်အခွင့်အလန်းရှိသေး..
    အဲလိုသဘောထားပြီး.. လုပ်ကြစေချင်..
    ဒါပေမယ့်.. အချိန်တခုရောက်ရင်တော့.. (ဖြစ်နိုင်ရင်)လူသားတာဝန်… တခုကို.. ယူစေချင်..။

    ဆိုတော့..
    အိမ်ထောင်ပြုတယ်ဆိုတာ….ကာမပိုင်..
    ကာမ (အပြန်အလှန်)ပိုင်ဆိုင်ခွင့်ကို.. စာချုပ်နဲ့ သဘောတူမျှလက်မှတ်ထိုး… ကန့်သတ်ထားလိုက်သာတာဖြစ်တယ်လို့.. ယူဆစေချင်..။

    စာချုပ်ဆိုတာ.. လူကလုပ်တာမို့.. စာချုပ်ပါလူ၂ယောက်သဘောမမျှရင်.. အတူတူသဘောတူချက်နဲ့.. ဖျက်ပစ်ခွင့်လည်း.. ရှိကြောင်း.. သိကြစေချင်..။

    • အရီးခင်

      July 19, 2014 at 7:48 pm

      သူကြီးပြောတဲ့ အခွင့်အလမ်း က အင်မတန် စိတ်ဝင်စားစရာရှိပြီး တကယ် ပျော်ဖို့ကောင်းမှာပါ။
      အဲဒီ အခွင့်အလမ်း ကို မိန်းကလေးများ မယူ ခင် ဒီ မေးခွန်း (၂) ခု ကို သူကြီးမင်း ဖြေပါရှင့်။

      (၁) အပျို တွေ ကိုယ် ကီးကိုက်တဲ့လူ ဘယ်နှစ်ယောက်လောက် နဲ့ လိုက်အိပ်သင့် သလဲ?
      (၂) ကိုယ်လူ ဘယ်နှစ်ယောက် နဲ့ အိပ်ခဲ့လဲ ဆိုတာကို နောက်ပိုင်း “စာချုပ်နဲ့ သဘောတူမျှလက်မှတ်ထိုး” မဲ့ သူ ကို ကြိုးမချည်ခင် ဖွင့်ပြောဖို့ လို/မလို?

      Just let me know. :-)))))

  • manawphyulay

    July 18, 2014 at 11:29 am

    အပျိုကြီးက ဘာကို ရွေးရွေး အပြောတွေက မလွတ်ဘူးဆိုတာ သိပါတယ်နော် ဟွန့်

  • အရီးခင်

    July 20, 2014 at 8:46 pm

    သူကြီးမင်း မလာသေးတော့ မစောင့်နိုင်တော့ သမို့
    ကိုယ့်ဟာကိုဘဲ ပြောချင်ရာ ဝင်ပြောပါပြီ။
    အခု ပြောတာတွေ ကို စိတ်ချင်းတူပါက ယူပြီး မတူက ပယ်နိုင်ပါကြောင်း။ :-))

    အင်မတန် ကာမ သောင်းကျန်း တဲ့ မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုချိန်
    သူ့လူက တကယ်ဘဲ သဘောထားကြီးနိုင်မတဲ့လား။
    နောက်ပိုင်းလဲ မိန်းကလေး အပေါ် သံသယအတွေး မထား ဖို့ သေချာရဲ့လား။

    ဒဲမီမိုး ပါတဲ့ “Indecent Proposal” ဆိုတဲ့ ရုပ်ရှင်တစ်ကားရှိတယ်။
    ငယ်ရီးစားကနေ လင်မယားဖြစ်လာတဲ့ စုံတွဲ။
    ယောကျာင်္းက အာခီတက်။ အိမ်ယာ တစ်ခု ကို အရမ်းလုပ်ချင်စိတ်ပြင်းပြနေသူ။
    ပိုက်ဆံက မလောက်တော့ လောင်းကစားရင် ပိုက်ဆံပေါ်လာမှာဘဲ တွေးကြပြီး Las Vegas သွားပြီး ကစားကြရော။
    နိုင်မလိုဖြစ်ပြီး ထုံးစံအတိုင်း နောက်ဆုံး အရင်းပြုတ်ပါလေရော။
    အဲဒီအချိန် သူ့မိန်းမ ကို လောင်းကစားပွဲ က ဘီလျှံနာ တစ်ယောက် က မျက်စိကျနေခဲ့တယ်။
    ရုပ်ရှင် ဆိုတော့လဲ အဲဒီ သထိန်း က အပြင်မှာတွေလို ဘိုက်ပူ အဆီအစ် နေတဲ့ မျက်နှာကြီး မဟုတ်ဘဲ အင်မတန် ကြည့်ကောင်းသူပေါ့။
    သူတို့ လဲ ရှုံးရော သူတို့ ကို ခေါ် မိတ်ဖွဲ့ပြီး offer လုပ်ခဲ့တယ်။
    မိန်းမ ကို သူနဲ့ တစ်ည ပေးအိပ် ရင် ဒေါ်လာ တစ်သန်း ပေးမတဲ့။
    စိတ်ဝင်စားရင် ဆက်သွယ်ပါ လို့ဆိုခဲ့တယ်။
    လင်မယား ၂ယောက် “နိုး” ဆိုတာ ကို ခါးခါးသီးသီး ပြောခဲ့ပြီး မှ
    နောက်ဆုံးမတော့ ယောကျာင်္းဖြစ်သူက သူမိန်းမ ကို အဲဒီ လူ နဲ့ တစ်ည ပေးအိပ် ဖို့ သဘောတူလိုက်တယ်။
    ရလာတဲ့ ဒေါ်လာ တစ်သန်း ကို သူတို့ လိုချင်တဲ့ မြေဝယ် ဖို့ ကြိုးစားတော့ လူတစ်ယောက် က ငွေ ပိုပေးပြီး ဝယ်သွားခဲ့ပြီ။
    အဲဒီ လူက ဟို သထိန်း ပေါ့။
    နောက်ပိုင်း မှာတော့ အဲဒီ ယောကျာင်္း က သူ့မိန်းမ ဘာလုပ်လုပ်၊ ဘယ်သွားသွား၊ ဘယ်သူ နဲ့ စကားပြောပြော သံသယ နဲ့ ကြည့်နေတော့တာ မို့ ကွဲ ကြရော ဆိုပါတော့။

    ရုပ်ရှင် ထဲ မှာ က ဒီကိုယ်တော် က သူ့မိန်းမ သူများ နဲ့ အိပ်ဖို့ သူ့ သဘော ပါပြီးနော်။
    မိန်းမ က စ ကညော့ ပြီး လက်ခံတာ မဟုတ်ဘူး။
    ဒါ ပေမဲ့လဲ တကယ်တန်း (အဓိက လိုချင်တာ မဖြစ်ဘဲ အဆင်မပြေ ဖြစ်ချိန်) သူ့ရဲ့ မသိစိတ် ဝန်တို စိတ် က ထိန်းမရ ဖြစ်ခဲ့တာပါဘဲ။
    အပြင်မှာ ဆိုလဲ ဒီ အတိုင်း ဘဲ ဖြစ်မှာပါ။
    သံသယစိတ် ဆိုတာ နောက်ကွယ်မှာ တိတ်တိတ်လေး စောင့်နေတာကိုး။
    သံသယဟာ လူ့သဘော၊ လူ့အနုံ အငုံ စိတ် စစ်စစ်ပါဘဲ။
    အဲဒီ နောက်မှာ စိတ်ရှင်းရှင်း လွတ်လွတ်လပ်လပ် နေဖို့ အခွင့်အရေး ဆုံးရှုံးသွားပါမယ်။

    ပြောချင်တာက
    အိမ်ထောင်ရေး ကို စိတ်ရှင်းရှင်း နဲ့ အောင်မြင်အောင် တည်ဆောက်ချင်တဲ့ မိန်းကလေးများ (အဓိက – မြန်မာပြည်မှာ) သတိထား ဖို့ပါ။
    လူလွတ် မို့ have fun လုပ်ချင်ရာ လုပ်လို့ ရပါတယ်။
    နောင်အခါမှာ ကိုယ့်ကို သံသယ နဲ့ ကြည့်နေတာကိုလဲ ခံနိုင်တယ်။ ဂရုမစိုက်ဘူး ဆိုရင်ပေါ့။
    “မယုံသလို လာ မလုပ် နဲ့ မကြိုက်ဘူး” ဆိုရင်တော့ နဂိုထဲက အကြည့်လွတ် အောင် ကိုယ့် ကိုယ်ကို စောင့်ထိန်း ဖို့ဘဲ ရှိပါတယ်။

    ကြုံရာ ကီးကိုက်သူ နဲ့ အိပ်ဖို့ လွယ်ပါတယ်။
    ကိုယ့်ကိုယ်ကို ထိန်းပြီး တန်ဖိုးရှိအောင် နေဖို့ကမှ ခက်တာပါ။
    ခက်တယ်ဆိုပေမဲ့ အလွယ်ကြိုက် စိတ်အလို မလိုက်ကြပါနဲ့။
    နောင်အခါမှာ အကျိုးယုတ်ပါတယ်။

    တန်ဖိုးကြီး တယ် ဆိုတာ
    လုံခြုံတဲ့ နေရာမှာထားလို့ တန်ဖိုးကြီးတာ မဟုတ်ပါဘူး။
    တန်ဖိုးကြီးလို့ လုံခြုံတဲ့ နေရာမှာထားရတာပါ။

    အိတ် ဥပမာ နဲ့ ဆိုရင် “Prada” အိတ်ချင်းတူရင်တောင် ပိုပြီး တန်ဖိုးကြီးတာက မှန်ဘီရို ထဲ မှာ ရှိနေတာမဟုတ်လား။
    ဒီလို အိတ်တွေ ကို လမ်းဘေးမှာ ကြိုက်တာယူ ၁၈၀ဝ လို့ ဘယ်သူမှ ချမရောင်းပါ။

    ဒီတော့ အပျိုကြီး ဆိုတာဟာလဲ …
    တန်ဖိုးကြီးလို့ တော်ရုံဝယ်မဲ့သူ တွေ မကပ်နိုင်တဲ့ “Prada” အိတ် စစ်စစ် တွေပါနော။
    :-)))

Leave a Reply