” အလေးပြုတာဘဲ အဖတ်တင်”

 

ဇူလိုင်တစ်ဆယ့်ကိုး

တစ်ပတ်လည်လို့ ခနနေတိုး

ဟွန်းတီးကြဖို့ ဆိုသူဆို

သြဥဆွဲသင့် ပြောသူပြော

အလေးပြုကွယ် လုပ်သူလုပ်

ချီတက်ကြမယ် စုသူစု

ဒီတစ်ရက်အတွက် တပ်လှန့်တာလား

ဒီတစ်ရက်အတွက် တော်လဲတာလား

ဒီတစ်ရက်ဘဲ လုပ်ကြမှာလား

ဒီတိုင်းပြည်အတွက် နေ့စဉ်ရက်ဆက်

ဘာတွေပြုပြင် ဘာလုပ်သင့်ထင်

ဒါတွေစဉ်စား တိုးတက်သွားဖို့

လုပ်သင့်တာတွေ အများကြီးမို့

တစ်ရက် တစ်မနက် လေးပြုနုတ်ဆက်

နောက်ရက်ဒုံရင်း ပြန်နေဖြစ်ရင်

အလေးပြုတာဘဲ အဖတ်တင်။

 

ခင်ခ။

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..