” အလေးပြုတာဘဲ အဖတ်တင်”

ခင္ခJuly 16, 20141min1064

” အလေးပြုတာဘဲ အဖတ်တင်”

 

ဇူလိုင်တစ်ဆယ့်ကိုး

တစ်ပတ်လည်လို့ ခနနေတိုး

ဟွန်းတီးကြဖို့ ဆိုသူဆို

ဩဥဆွဲသင့် ပြောသူပြော

အလေးပြုကွယ် လုပ်သူလုပ်

ချီတက်ကြမယ် စုသူစု

ဒီတစ်ရက်အတွက် တပ်လှန့်တာလား

ဒီတစ်ရက်အတွက် တော်လဲတာလား

ဒီတစ်ရက်ဘဲ လုပ်ကြမှာလား

ဒီတိုင်းပြည်အတွက် နေ့စဉ်ရက်ဆက်

ဘာတွေပြုပြင် ဘာလုပ်သင့်ထင်

ဒါတွေစဉ်စား တိုးတက်သွားဖို့

လုပ်သင့်တာတွေ အများကြီးမို့

တစ်ရက် တစ်မနက် လေးပြုနုတ်ဆက်

နောက်ရက်ဒုံရင်း ပြန်နေဖြစ်ရင်

အလေးပြုတာဘဲ အဖတ်တင်။

 

ခင်ခ။

 

4 comments

  • moonpoem

    July 16, 2014 at 5:03 pm

    မှန်ပါ လေးလေးခရေ။ ထူးမခြားနား ပတ်ပျိုးတွေချည်းပါပဲ။

  • ဇီဇီ

    July 16, 2014 at 5:05 pm

    Credit to Thar Yar Aye

    ဒီနေ့ မနက်ရုံးအလာ တက္ကစီ စီးတော့ ကားဆရာကပြောသည်

    အာဇာနည်နေ့မှာကျွန်တော်တို့ကားတွေကို ဟွန်းမတီးရဘူးပြောတယ်
    ကားတွေအားလုံးဝိုင်းပြီး ဟွန်းတီးလိုက်ရင် သူတို့ဖမ်းနိုင်တာကျလို့
    တိုက်ပြေးသွားတဲ့ကားတောင်မိအောင်ဖမ်းနိုင်တာ မဟုတ်ဘဲ ကြီးကြီးကျယ်ကျယ်ပြောနေတယ်။ပြည်သူကိုဘဲဝိုင်းညှစ်နေတယ်။ သူတို့ကျူးလွန်တဲ့အမှုတွေကျတော့မိတာကျလို့။

    အကုန်သိ်မ်းကျုံးပြီးဖမ်းတော့ရော —သူတိုထောင်က တင်ကျွေးထားနိုင်လို့လား။
    ခင်ဗျား ပုဒ်မ ၁၈ ကို လျော့ပေးလိုက်တာသာကြည့် ။ ၂၀၁၁ ကထုတ်ထားတဲ့ ပြစ်ဒဏ်အတိုင်းဆို ဒီနှစ်တွေမှာလို ခွင့်ပြုချက်မရှိဘဲ ဆနွပြတဲ့သူ ထောင်ဂဏန်းလောက်ကို သူတို့နှစ်နဲ့ချီ ထောင်တဲထည့်ကျွေးထားရမှာ ။ ဒါကြောင့် ၂၀၁၄ မှာ ပြစ်ဒဏ်ကို သုံးလပြောင်းလိုက်တာ။ လူလည်တွေ။

    ဟွန်းသံလေး စက္ကန့် 30လောက် တီးလိုက်တော့ရော၊ မြန်မာပြည်က သစ်တောတွေပြုန်းသွားလို့လား ၊ ဧရာဝတီမြစ်ကြီးခမ်းခြောက်သွားလို့လား။ နားပင်းပြီးမမြင်မကြားရတွေများလာမှာမို့လား ။ စာမတတ်ပေမတတ်တွေပေါလာမှာမို့လို့လား။တရုတ်ကို ရောင်းတဲ့ ဂက်စ် ငွေ့တွေ မြုံသွားမှာစိုးလို့လား ။ ဘင်္ဂါလီတွေ ဟွန်းသံကြားလို့ တရားဝင် မြန်မာပြည်ထဲဝင်လာမှာမို့လား ။ လူဆိုးသူခိုးတွေများလာမှာမို့လား ။

    ဖုန်းထဲကို ဟွန်းသံထည့်တော့ရော ဘာဖြစ်လဲ။ သူတို့ဘာလုပ်နိုင်လို့လဲ။
    အလကား အပိုတွေလုပ်နေတယ.်
    တိုင်းပြည်ကို တိုးတက်အောင်
    ရာဇဝတ်မှုတွေနည်းအောင် လုပ်မယ်မရှိဘူး။
    အလကားနေပြသာနာရှာနေတာဘဲ။တမင်အကြောင်းရှာနေတာ ။ ပြည်သူက လည်းမတီးနဲ့ဆိုတီးမယ် ။ သူတို့က သောက်ညာဏ် မရှိဘဲဖမ်းမယ် ။ ဆူကြပူကြမယ် ။ ပြီးရင်တိုင်းပြည် ကိုစစ်တပ်ကြီးက ကယ်တင်မယ် ။ ဒါဘဲ။ ဒီအကွက်တွေရဖို့တမင်လုပ်နေတာ။

    ခင်ဗျား 436 ထိုးပြီးပြီလား။
    အဲဒါကို ထိုးရမှာ အမှန်ဆုံးနည်းလမ်းဘဲ
    လွတ်တော်ထဲမှာဖြေရှင်းရမယ်ကိစ္စဆိုပေမယ့် နိုင်ငံတကာကို သူတို့ဖွဲ့စည်းပုံပြင်ချင်ကြောင်းပြဖို့လူအင်အားဘယ်လောက်ထောက်ခံထားတယ်ဆိုတာပြဖို့လိုတယ် ။

    တဲ့

    တက္ကစီ ဆရာပြောသွားတာပါ။

  • alinsett (gazette)

    July 16, 2014 at 6:14 pm

    နေ့တိုင်း အလေးပြုတဲ့အနေနဲ ့..
    ကိုယ့်တိုင်းပြည်ကို…ကောင်းကျိုးသယ်ပိုးသွားသူ..အဲဒီအာဇာနည်တွေရဲ ့ စိတ်နေသဘောထားမျိုးနဲ ့..
    လှုပ်ရှားကြပါစို ့….. ပေါ့..ဗျာ…

  • kyeemite

    July 17, 2014 at 10:54 am

    အချိန်ကိုက် ကဗျာနဲ့အတွေးလေးကို အားပေးသွားပါေဂျာင်းးး

Leave a Reply