နားစွန်နားဖျား အနုပညာ သတင်းဆန်းများ (August’ 2014)

black chawAugust 11, 20145min46335

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကို မောင်နှမများ…မင်္ဂလာပါ…။

ဒီလ နားစွန်နားဖျားရပ်ကွက်ထဲ ရောက်လာတဲ့ အနုပညာသတင်းတွေကို

အောက်မှာ ဖတ်ကြည့်ကြပေတော့ဗျာ။

 

 

အကယ်ဒမီ ဂယက်

၎င်း နှင့် ပြိုင် အရွေးခံမည့် ပုဂ္ဂိုလ်များ အကယ်ဒမီ ရွေးချယ်ရေးအဖွဲ့တွင် ပါဝင်နေပြီး

ထိုသူများက မိမိကို မဲပေးလိမ့်မည်မဟုတ်ကြောင်း၊

အကယ်ဒမီ ရွေးချယ်တဲ့ နေရာမှာ ပြည်ပမှ အကဲဖြတ်ဒိုင်များကို ခေါ်ယူရွေးချယ်သင့်ပါကြောင်း

ဒါရိုက်တာ စင်ရော်မောင်မောင် က ပွင့်လင်းစွာ ပြောကြားလိုက်ပါတယ် တဲ့။

ဟေးဟေး…စဉ်းစားရမယ့်အချက်ပါပဲ ကျောင်းဒကာ။

အကယ်ဒမီ စိစစ် အကဲဖြတ်ရေး အဖွဲ့ ဥက္ကဌ ဦးအောင်လွင် ကြီး နှုတ်ထွက်သွားပြန်ပါရောလားဗျာ။

သူပါဝင်တဲ့ ရုပ်ရှင်တစ်ကား ရှိနေလို့ အကဲဖြတ်အဖွဲ့ထဲ မပါချင်တာ ဆိုလား။

ကျင့်ဝတ် စောင့်ထိန်းသော ဦးအောင်လွင်ပါ ခင်ဗျာ။

သရုပ်ဆောင်ထဲက အကယ်ဒမီ ခန့်မှန်းမှု သတင်းတွေလည်း ထွက်လာခဲ့ပါတယ်ဗျာ။

အောင်မယ်…သဉ္စာဝင့်ကျော် လေးတောင် စုန်းပြူးဇာတ်ကားနဲ့ အကယ်ဒမီ ပေးရင် ရနိုင်တယ်ဆိုလား။

ပေးမှတော့ ရပြီပေါ့ဗျာ။

မခိုင်လေးနဲ့ သိင်္ဂ ီထွန်း ကြီးလည်း အဲဒီ စုန်းပြူး ဇာတ်ကားနဲ့ပဲ တဲ့။

တိုက်ဆိုင်မှုရှိလျှင် ဆိုတဲ့ ရုပ်ရှင်ကားမှာ မိုးဟေကို အကယ်ဒမီ ရနိုင်တယ်လို့ ပြေတီဦး က

ဟောကိန်းထုတ် လိုက်တယ်ဆိုလား။

နားစွန်နားဖျား ကြားမိတဲ့ အကယ်ဒမီ သတင်းလေးတွေ စုစည်းတင်ပြလိုက်တာပါဗျာ။

 

အထူးခြားဆုံး ဒိုင်ယာလော့ခ်

စင်ရော်မောင်မောင်ကြီးက သူ့ သား မင်းသန့်မောင်မောင် ကို ပွဲထုတ်ဖို့

Birthday PASSION TEA ကြော်ငြာကို မော်ဒယ် ဟန်သီ နဲ့ တွဲဖက်လို့

အမျိုးသားဇာတ်ရုံမှာ ရိုက်ကူးခဲ့ကြပါတယ်တဲ့။

မင်းသန့်မောင်မောင် ရဲ့ အမေ ဒေါ်မေသန်းနုကြီးလည်း လာရောက်အားဖြည့်ကူညီခဲ့တယ်ပေါ့ဗျာ။

အဲဒါနဲ့ ပတ်သက်လို့ အလင်းတန်းဂျာနယ်ကို စင်ရော်မောင်မောင် ပြောသွားတဲ့ ဒိုင်ယာလော့ခ် လေး က

ထူးခြားလို့ ပြန်တင်ပြပေးလိုက်ပါတယ်ဗျာ။

ထူးခြားတာကတော့ ကျွန်တော်တို့ရဲ့ ကြော်ငြာရိုက်ကွင်းကို အကယ်ဒမီငါးထပ်ကွမ်းမင်းသမီးကြီး

ကြွရောက်လာတယ်။ မင်းသန့်အတွက်လိုအပ်တာတွေကို မိတ်ကပ်က အစ၊ အဝတ်အစားတွေရော စီစဉ်ပေးတယ်။

အိုက်တင်တွေဘာတွေကိုလည်း ချောင်ထဲမှာခေါ်ပြီး သင်ပေးတယ်။ ဒီမင်းသမီးကတော့ ပြည်သူချစ်တဲ့ မင်းသမီးပါ။

ဒေါ်မေသန်းနုလို့ ခေါ်ပါတယ်။ ကျွန်တော်ကလည်း ဝမ်းသာအားရ ကြိုဆိုပါတယ်။ အမေ တစ်ယောက်အနေနဲ့

သားကို လာအားပေးတဲ့အတွက် ပိုကောင်းတာပေါ့။ ကျွန်တော်က သားကို အရမ်းချစ်တော့ သားကို ချစ်တဲ့ အဖေက

သားအမေကို မချစ်စရာ အကြောင်းမရှိပါဘူး။ ချစ်ခြင်းမေတ္တာတရားဆိုတာက လူရဲ့အသက်အရွယ် အပိုင်းအခြားအရသာ

ကွာခြားရင် ကွာခြားမယ်။ ကိုယ်ချစ်တဲ့ သားအတွက် သူ့ရဲ့အမေတစ်ယောက် လာအားပေးတော့ ကျွန်တော်တို့ ပျော်ရွှင်ပါတယ်

တဲ့…။

ကဲ…။

သားအမေကို မချစ်စရာ အကြောင်းမရှိပါဘူး ဆိုတဲ့ စင်ရော်မောင်မောင် ရဲ့ ဒိုင်ယာလော့ခ်ကို

ဒီလအတွက် အထူးခြားဆုံး ဒိုင်ယာလော့ခ် အဖြစ် ရွေးချယ်တင်ပြလိုက်ရပါကြောင်း။

 

သုံးစားလို့ မရတဲ့ မင်းသမီးတွေ

အနုပညာ ပျိုးခင်းက မင်းသမီးသစ်တွေ တင်တဲ့ အစီအစဉ်က အောင်မြင်ခဲ့ပါတယ်။

ပထမ အသုတ် ၃ ယောက်တင်ရာမှာ ရွှေမှုံရတီ၊ အိချောပို၊ ယုသန္တာတင် တို့ ၃ ယောက်လုံး

ဈေးကွက်ဝင် မင်းသမီးတွေ ဖြစ်ခဲ့ပါတယ်။

အခုလည်း ဒုတိယ အသုတ် မင်းသမီးသစ်တွေ တင်ဖို့ ပြင်ဆင်နေပြန်ပါပြီ။

အဲဒီလို အနုပညာ ပျိုးခင်းက မင်းသမီးသစ်တွေ တင်တာဟာ

သုံးစားလို့ မရတဲ့ မင်းသမီးတွေ များလာတာကြောင့်

လို့ ဒါရိုက်တာ ဝိုင်း က ပြောလိုက်တဲ့အခါ…။

ကိုယ့်လောကသား အချင်းချင်း..

အဲဒီလောက်ကြီး ပြစ်ပြစ် ခါခါ ပြောဖို့လိုလို့လားလို့

ဒါရိုက်တာဝိုင်း ကို မေးချင်စိတ်ဖြစ်မိပါတယ်ဗျာ။

 

ယိုးဒယားပြန် နိုင်းနိုင်း

မြန်မာ ဒါရိုက်တာ အချို့က ယိုးဒယား မင်းသား မင်းသမီးတွေ ကို ငှားရမ်းပြီး

ရုပ်ရှင်ရိုက်ဖို့ ကြိုးပမ်းနေချိန်မှာ ယိုဒယားက ပီးမက် ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့

Kantana ထုတ်လုပ်ရေးက မြန်မာ့ ရုပ်ရှင်မင်းသား နိုင်းနိုင်း နဲ့ ရုပ်ရှင် ရိုက်ကူးဖို့

ကြိုးစားနေပါတယ်တဲ့။

နိုင်းနိုင်းကို ယိုးဒယားကို ခေါ်ပြီး စကားပြောကြတယ်ဆိုလား။

ဆွေးနွေးဆဲ အဆင့်မှာသာ ရှိသေးပေမယ့် ဂုဏ်ယူစရာသတင်းအဖြစ် တင်ပြလိုက်ရခြင်းရယ်ပါ။

အေးမြတ်သူ အကယ်ဒမီ ရမယ့် ရုပ်ရှင်

ဟိုတုန်းက မွန်းတဲ့ချိန်မှာ နေဝင်သည် ဇာတ်ကားနဲ့ ချိုပြုံးကြီး အကယ်ဒမီ ရခဲ့တာ မှတ်မိကြဦးမှာပေါ့။

အကြိုင်ဆိုတဲ့ မိန်းမပျက် နေရာက သရုပ်ဆောင်ပြီး ရခဲ့တာပါ။

အခု ဒါရိုက်တာမီးပွားက စမ်းစမ်းနွဲ့(သာယာဝတီ) ရဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်နေပါတယ်။

ခေါက်ထီးလေး မလုံ့တလုံ တဲ့။

အေးမြတ်သူ က ကြွေ ဆိုတဲ့ အပျက်မလေး အဖြစ် သရုပ်ဆောင်ရပါတယ်။

မိုခမ်း လည်း ပါသေးသတဲ့။ ကြွေနဲ့ ဘဝတူပေါ့နော်။

ခေါင်း အဖြစ် ကေကေမိုးမြင့် တဲ့။

အပြင်မှာသာဆို လူတွေ တိုးလို့တောင်ရမှာမဟုတ်။

အေးမြတ်သူ က မိန်းမပျက်အဖြစ်သရုပ်ဆောင်ခဲ့တာ အတော်များနေပြီဆိုပဲ။

ပရိသတ်ကောင်မလေး တစ်ယောက်က အေးမြတ်သူကို ပြောပါတယ်တဲ့။

အစ်မ မကောင်းတဲ့ မိန်းမ လုပ်တဲ့ကား အရမ်းကောင်းတာပဲ

ဆိုတော့…အေးမြတ်သူက ပြန်ပြောရပါသတဲ့။

ဘယ်ကားပြောတာလဲ။ အစ်မ မကောင်းတာလုပ်တဲ့ ကားက အများကြီးပဲ

အေးမြတ်သူလို အပျက်မလေးဆိုရင်တော့ ဘလက်ကြီးက ကယ်တင်ဖို့ ဝန်မလေးပါဘူးခင်ဗျ။

အင်း…  ခေါက်ထီးလေး မလုံ့တလုံ ရုပ်ရှင်နဲ့ အေးမြတ်သူတစ်ယောက်

အကယ်ဒမီ ရနိုင်ပါတယ်လို့ ဘလက်ကြီးက ရုပ်ရှင်မပြီးခင်ကတည်းက

ကြိုတင် ဟောကိန်းထုတ်လိုက်ရပါကြောင်း…။

ဇွတ်…။

ဘုရား နဲ့ သိတဲ့ ဆိုတေး

ယဉ်မတော်တဆ ဖြစ်ပြီး ဆေးကုနေရတယ် ဆိုတဲ့ အဆိုတော် ဆိုတေး တစ်ယောက် အနုပညာအလုပ်တွေကို

ပုံမှန်ပြန်လုပ်နေပါပြီတဲ့။

ဆိုတေး တစ်ယောက် ကားအက်ဆီးဒင့် ဖြစ်ပြီး ဆေးကုနေချိန်မှာ ပေါ်လာခဲ့တဲ့ မိန်းမတစ်ယောက် ကိစ္စကို

ဆိုတေးဘက်က ဘာတွေများပြောမလဲ ဆိုတာ ပရိသတ်က စိတ်ဝင်စားကြပါတယ်။

ဘလက်ချောကြီး ကိုယ်တိုင်လည်း ဆိုတေး ရဲ့ ပရိသတ်မဟုတ်ပေမယ့် ဆိုတေးရဲ့ အဲဒီကိစ္စကိုတော့

စိတ်ဝင်တစား ရှိနေခဲ့ပါတယ်။

အတင်းပြောဖို့ စပ်စုနေမိတယ်ပေါ့။

ဟော…နောက်ဆုံးမှာတော့ ဆိုတေး ဆီက ဖြေရှင်းစကား ထွက်လာခဲ့ပါပြီ။

အဲဒါက လူတစ်ဦးတစ်ယောက်ချင်းစီကို လိုက်ပြီး ရှင်းပြနေဖို့တော့ မလိုပါဘူး။

ကျွန်တော် မှန်တယ် မှားတယ် ဆိုတာ ဘုရားသိတယ်။

တဲ့။

ဟုတ်တာပေါ့နော်၊

တစ်ယောက်ခြင်းစီကိုတော့ ဘယ့်နှယ့် လိုက်ရှင်းပြနေနိုင်ပါ့မလဲ ပေါ့နော်၊

အော်…ဖြစ်မှဖြစ်ရလေ ကိုဆိုတေးရယ်…။

မိန်းမခိုးပြေးတဲ့ ဟိန်းဝေယံ

ကောလဟာလ ပေါလှပါသဗျလို့ ပြောရမှာက အနုပညာလောကပါ ခင်ဗျ။

အခုလည်း မင်းသား ဟိန်းဝေယံ မိန်းမခိုးပြေးသွားပြီဆိုတဲ့ သတင်းဟာ ကောလဟာလပါလို့

ဟိန်းဝေယံ ကိုယ်တိုင်က ဖြေရှင်းသွားပါတယ်တဲ့။

အပေါ်က ဆိုတေး စကားငှားပြောရရင်တော့

ဟိန်းဝေယံ မိန်းမခိုးတယ် မခိုးဘူးဆိုတာ ဘုရားသိပါတယ်

ပေါ့နော်။

သိချင် ဘုရား သွားမေးကြည့်ကြ။

ဟေး…ဟေး…။

မသေခင်နားထောင်သွားရမယ့် ဖြူဖြူကျော်သိန်း စီးရီး သစ်

စီလင်းဒီယွန် ရဲ့ To Love You More သီချင်းကို

ကော်ပီပြန်ဆိုခဲ့တဲ့ ဘယ်သူကိုယ့်လောက်ချစ်လဲ ဆိုတဲ့ သီချင်းကို

ခင်ဗျားတို့ မှတ်မိကြဦးမှာပါ။

ဒေါက်တာ ဖြူဖြူကျော်သိန်း ကြီး က ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို အဲဒီ သီချင်းနဲ့ သိမ်းပိုက်သွားခဲ့တာပေါ့။

နောက်ထပ်လည်း စီးရီးတွေ တစ်ခွေပြီး တစ်ခွေ ထွက်ခဲ့ရာမှာ အခု ပဉ္စမ မြောက် စီးရီး ထွက်တော့မယ်ဆိုပဲ။

စီးရီးနာမည်က နာမည်ကျန်ရစ်မယ် တဲ့။

သီချင်းစုစုပေါင်း ဆယ်ပုဒ် တိတိ ပါမယ် ။

တေးဂီတ က The Scare Rock Band ။ (နာမည်မကြီးသေးတဲ့ အဖွဲ့သစ်)

တစ်ခွေလုံးကို သူတို့ပဲ ရေးပြီး သူတို့ပဲ တီးပါတယ် ။

အဲဒီ အခွေနဲ့ ပတ်သက်လို့

ဖြူ့ပရိသတ်တွေ ဘယ်သူမဆို မသေခင် တစ်ခါလောက်

နားထောင် သွားဖို့ကောင်းတဲ့ သီချင်းမျိုးတွေ ဖြစ်မယ်လို့

ဖြူယုံကြည်ပါတယ်

လို့ ဖြူဖြူကျော်သိန်းက အမွှန်းတင်ပြောဆိုလိုက်သောအခါ…

ဟေးဟေး…။

မသေခင်နားထောင်သွားတာထက် နားထောင်ပြီး သေသွားရင်

ဘယ်လိုလုပ်ကြမလဲ..။

အို…လူပဲ သေတာ မဆန်းပါဘူး။

မသေခင်တော့ ဖြူဖြူကျော်သိန်း သီချင်းလေးတွေ နားထောင်သွားပါဦး ကျောင်းကြီးဒကာ။

ပစ္စည်းကောင်းလေး ရထားတဲ့ ခွန်းဆင့်နေခြည်

သရုပ်ဆောင် အဆိုတော် ခွန်းဆင့်နေခြည် Facebook ပေါ်က စတေးတပ် တစ်ခုကလည်း

အရမ်း…အရမ်းကို လူပြောများခဲ့ပါတယ် ကျောင်းဒကာ။

“ကျွန်မကို အတုလားတဲ့။ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကာယအလှမယ်ဆု ရှစ်ဆုတော့

ရခဲ့ဖူးတယ်။ မော်ဒယ်ဆု မဟုတ်ဘူးနော်။ ကာယအလှမယ်ဆု။ ကိုယ်လုံးအလှကို ပြိုင်ရတဲ့ ကာယအလှမယ်ဆု။

မော်ဒယ်တွေပြိုင်သလို မျိုး ပြိုင်တာ မဟုတ်ဘူးနော်…တစ်ကိုယ်လုံးချွတ်ပြီး အနာရွတ်တို့ အကြောပြတ်တာတို့ ရှိမရှိ

ဆေးစစ်ရတယ်။ အမျိုးသမီးဆရာဝန်မတွေ စစ်တာ။ တစ်ယောက်ချင်းစီ ဝင်စစ်ရတယ်။ အဲဒီ ဆေးမှတ်အောင်ရင်

ဆယ်မှတ်ရတယ်။ စင်ပေါ်မှာ ပြိုင်တာက လမ်းလျှောက်တာရယ်၊ ရုပ်ရည်ပြေပြစ်မှုရယ်၊ ကိုယ်လုံးအနေအထားရယ်

ကိုယ်ဟန်ပြတဲ့ Post ခုနှစ်မျိုးရယ်၊ အသံကောင်းမကောင်းလည်း စကားပြောခိုင်းသေးတယ်”

ဟု ခွန်းဆင့်နေခြည်က Facebook မှ အကျယ်တဝင့် ရှင်းလင်း လာသောအခါ…။

အတုလို့တောင် ထင်မှတ်မှားရပါသော အစစ်အမှန် ပစ္စည်းများပိုင်ရှင် ခွန်းဆင့်နေခြည် ရယ်လို့

ဘလက်ကြီးက တင်စားလိုက်ရပါကြောင်း…။

အတုလား အစစ်လား မခွဲခြားတတ်သူတွေကို သနားတယ်။

ဟေးဟေး…။

အမေရိကားပြန် ဖြူဖြူကျော်သိန်း နဲ့ အမေရိကားပြန် ထွန်းအိန္ဒြာဗို

ဟိုတုန်းက ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်း၊ ယိုးဒယားပြန် အမာစိန် စသည်ဖြင့် နိုင်ငံခြားပြန်ဆိုတဲ့

ဂုဏ်ပုဒ်ကို ဂုဏ်ယူဝင့်ကြွားစွာ နာမည်ရှေ့က ထည့်သုံးခဲ့တဲ့ အနုပညာရှင်တွေ ရှိခဲ့ဖူးပါတယ်။

ဒီဘက်ခေတ်မှာတော့ နိုင်ငံခြားဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေကြတာမျိုးဆိုတော့ သိတ်ပြီး

မထူးဆန်းတော့ပါဘူး။

ဖြူဖြူကျော်သိန်း နဲ့ ထွန်းအိန္ဒြာဗို တို့ အမေရိကားက ပြန်ရောက်လာတဲ့အခါ သူတို့ရဲ့

အမေရိကားဖီလင်လေးတွေ ပြန်ပြောကြပါတယ်။

ဖြူဖြူကျော်သိန်း က

အမေရိကားမှာ လွတ်လပ်ခြင်းဆိုတဲ့ အငွေ့အသက် နဲ့ အရသာကို လေထဲမှာတောင် ရနေတယ်လို့

ခံစားခဲ့ရတယ်။ စီးပွားရေး ကျပ်တည်းတယ် ဆိုပေမယ့် ဆင်ပိန် ကျွဲ ပါပဲ။ လူတွေက အစာရေစာ ဖေါသီတယ်။

လူဝတွေ များတယ်။ အသားအရောင်၊ ဓလေ့စရိုက်၊ လူမျိုး၊ အဆင့်အတန်း ခွဲခြားမှု မရှိဘူး။ လမ်းလျှောက်တဲ့အခါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုပြည့်နေတာ မြင်ရတယ်။ ဈေးဝယ်တဲ့အခါ ရောင်းသူတွေ အရမ်းဖေါ်ရွေတယ်။

လူပါးဝတာမရှိဘူး။ လူကို လူလိုပဲ မြင်တယ်။ ဆက်ဆံတယ်။ ကိုယ့်ကို နှိမ်တဲ့လူ မရှိဘူးဆိုတာ သိထားတော့

လူတစ်ယောက်ချင်းစီကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုများကြတာ တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတာ

တွေးကြည့်ရင် သူတို့ရဲ့ ပညာရေးစံနစ် အရမ်းကောင်းလို့ပါ။ ငယ်ဘဝကတည်းက ပညာရေးမှာ Brain Work

လုပ်ပေးလိုက်နိုင်တယ်။ လူလူချင်း မတူကွဲပြားမှုကို လက်ခံနိုင်စွမ်းရှိပြီး လူ့အခွင့်အရေးလေးစားဖို့ သင်ပေးနိုင်တော့

စိတ်ဓါတ်မြင့်မားတဲ့ သူတွေ အဖြစ် ကြီးပြင်းလာတာပေါ့။ အဲဒီလို တွေ့ရတာ အရမ်းကျေနပ်တာပဲ။ ဒါကြောင့်

တခြားနိုင်ငံက ခိုလှုံတဲ့သူတွေ သိတ်များတာပါ။ လွတ်လပ်ခြင်းအရသာဟာ ဖြူဖြူတို့ ရှူတဲ့လေထဲမှာတောင်

ပါလာတယ်လို့ ခံစားရပါတယ်။ အဲဒီလေကို တခြားနိုင်ငံတွေမှာ မရှူခဲ့ဖူးပါဘူး။ လူတွေကို ကြည့်ရတာ ငါတို့ဟာ

လွတ်လပ်တဲ့ ပြည်သူတွေဖြစ်တယ်။ ငါတို့ ရှူတဲ့လေဟာ လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းကို ပေးတယ်ဆိုတဲ့

ခံစားချက်တွေ ရှိနေကြတဲ့ သူတွေကို မြင်ခဲ့ရပါတယ်”

လို့ သူမရဲ့ အတွေ့အကြုံကို ရှည်ရှည်ဝေးဝေးကြီးကို ရှင်းပြခဲ့ပါတယ်။

 

ထွန်းအိန္ဒြာဗို ကလည်း

“ဒီမိုကရေစီနဲ့ အလွန်အသားကျပြီးသား တိုင်းပြည်ဖြစ်တဲ့ အတွက် ဘာပဲလုပ်လုပ် တစ်ဖက်လူအတွက်ကို

အရင်ဆုံးကြည့်တယ်။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုဟာ တစ်ဖက်လူ အနှောက်အယှက်ဖြစ်နေမလား

ဆိုတာပေါ့။ သူတို့ဆီက Law တွေကို လူတွေရဲ့ ဦးနှောက်ထဲမှာ ရိုက်သွင်းပြီးသားဖြစ်နေတယ်။ ဒီတော့

ဆင်ခြင်ပြီးသားလည်း ဖြစ်နေတယ်။ အဲလို တိုင်းပြည်မျိုးမှာ သွားလာလှုပ်ရှားရတာလည်း စိတ်လုံခြုံစိတ်ချတယ်။

ဒီမှာလည်း ကျွန်မပရိသတ်တွေ နဲ့ အရမ်းပျော်ရွှင်နွေးထွေးမှု ရပါတယ်။ ဟိုမှာကျတော့ ကိုယ်က သူစိမ်းဆိုပေမယ့်

စိတ်က မကြောက်ဘူး။ ကိုယ်လည်း သူတို့ ဥပဒေမှာ ဘာတွေ လိုက်နာရမလဲဆိုတာ ရှာဖွေပြီးနေရတယ်။”

လို့ သူမရဲ့ ဖီလင် ကို ပြန်ပြောပြပါတယ်။

အော်…ဒို့မြန်မာပြည်ကြီးက ဒီမိုကရေစီ မရှိတာ ကျနေတာပဲ။

လွတ်လပ်ခြင်း နဲ့ မျှတခြင်း မရှိတာ ကျနေတာပဲ။

ပြောနေလိုက်ကြတာ…ဟွန့်…။

တစ်ကိုယ်တော် နီနီဝင်းရွှေ

အမေရိကားမှာ ယောင်နောက် ဆံထုံးပါပြီး နေထိုင်တဲ့ အဆိုတော် နီနီဝင်းရွှေ ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို

ဩဂုတ် ၁၅ မှာ ကျင်းပမယ်လို့ သိရပါတယ်။

နီနီဝင်းရွှေ ဟာ မြန်မာသံရော စတီရီယို သီချင်းတွေနဲ့ပါ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူတစ်ဦးပါ။

ချာလီ၊ ဦးလေးကြီး၊ ပန်းရည်ဘဏ်တိုက် စသည်တို့ဟာ သူမရဲ့ အောင်မြင်တဲ့ စီးရီးများစွာထဲက တချို့ပါ။

အဲဒီပွဲမှာ နီနီဝင်းရွှေ ကိုချစ်ကြခင်ကြသူတွေ လည်း ဝိုင်းကြဝန်းကြ သီဆိုပေးကြဦးမှာလို့ သိရပါတယ်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲဆိုပေမယ့် အနုပညာ မောင်နှမတွေလည်း ဝင်ရောက်သီဆိုကြမှာပါတဲ့။

အထူးခြားဆုံး ကို ပြောစမ်းပါဆိုရင်တော့ နည်းနည်းငြိမ်သက်သွားတယ်လို့ ယူဆရတဲ့

ကျွန်ုပ်တို့၏ မိုးစက်ဝိုင် တစ်ယောက် နီနီဝင်းရွှေပွဲမှာ ပါဝင်သီဆိုဖြစ်မယ်ဆိုတဲ့ အကြောင်း။

ခင်ဗျားတို့ နည်းနည်းတော့ သည်းခံခွင့်လွှတ် နားဆင်ပေးရမယ့် သဘောရှိပါကြောင်း၊

သီချင်းဆိုတာက သူမရဲ့ ပရိုလိုင်းမဟုတ်တဲ့အတွက် အားနည်းမှုတွေ သေချာပေါက်ရှိနေမယ်ဖြစ်ပါကြောင်း၊

“မိုးစက် အကောင်းဆုံးတော့ ကြိုးစားသီဆိုသွားမှာပါ။ ပညာရှင်အဆင့်မဟုတ်တဲ့အတွက် မိုးစက် ဖျော်ဖြေနေရင်းနဲ့

အမှားအယွင်း ရှိခဲ့ရင်လည်း အခုကတည်းက ပရိသတ်ကြီးကို ကြိုပြီးတော့ တောင်းပန်ထားပါတယ်”

လို့ မိုးစက်ဝိုင်က ပြောထားပါတယ် ဆိုတဲ့အကြောင်း။

လိုရင်းပြန်ကောက်ရရင်ဖြင့် မိုးစက်ဝိုင် ပါဝင်ဖျော်ဖြေမယ့် နီနီဝင်းရွှေ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီး ကို

ဩဂုတ် ၁၅ မှာ ကျင်းပသွားမှာပါတဲ့ ဗျာ။

နေရာကတော့ အမျိုးသား ကဇာတ်ရုံမှာ တဲ့ ကျောင်းဒကာ တို့ရေ။

ရုတ်ရုတ် မလုပ်နဲ့ သရဖူသိမ်းပလိုက်မယ်

အခုတလော သရဖူ ရုပ်သိမ်းတယ်ဆိုတဲ့ ကိစ္စတွေ မော်ဒယ်လောကမှာ ရေပန်းစားလှပါတယ်။

ခင်ဝင့်ဝါ လေး နဲ့ စလိုက်ကြရအောင်ပါ။

Miss Supranational Myanmar 2013 ခင်ဝင့်ဝါ လေးဟာ

Miss Supranational Myanmar 2014 ဆုရှင်ကို သရဖူလွှဲပြောင်းပေးခွင့်မရခဲ့ပါဘူးတဲ့။

လက်ဆင့်ကမ်းဖို့ အရည်အချင်းမမီလို့ပါတဲ့။

နောက် Miss Grand International 2013 ထားထက်ထက် ဟာ လည်း

အလှမယ်တစ်ယောက်ရဲ့ စာချုပ်ပါ စည်းမျဉ်းစည်းကမ်း နဲ့ မကိုက်ညီတဲ့ အတွက်

သရဖူ ရုပ်သိမ်းသွားဖို့ရှိတယ်လို့

Beauty Pageants of Myanmar Organization မှ CEO ကိုဟန်ဇော်လတ် က ပြောပါတယ်တဲ့။

နောက်တစ်ယောက်ကတော့ မြန်မာ့ဂုဏ်ဆောင် ခဲ့တဲ့ အလှမယ်လေး မေမြတ်နိုးပါ။

သူမဟာ Miss Asia Pacific World 2014 သရဖူကိုဆွတ်ခူးနိုင်ခဲ့တာပါ။

ပထမဆုံး Miss ပြိုင်ပွဲတစ်ခုရဲ့ အဓိက သရဖူကို ဆောင်းနိုင်ခဲ့သော မြန်မာအလှမယ်လေးပါ။

ဂျာနယ်ထဲပါတဲ့ သတင်းအရ ပြောရမယ်ဆိုရင်တော့ ကိုးရီးယားနိုင်ငံ Miss Asia Pacific World Organization ကနေ

အလှမယ် မေမြတ်နိုးကို ပေးအပ်ချီးမြှင့်ခဲ့တဲ့ သရဖူကို ပြန်သိမ်းဖို့အတွက် သတိပေးစာ ပေးပို့ခဲ့ပါသတဲ့။

လွယ်လှချည့်လားကွယ်။

ဘယ်လို အပြစ်တွေကို ကျူးလွန်ခဲ့လို့ သရဖူ ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ရပါသလဲ။

အဲဒီအတွက် National Director မလှနုထွန်းက Organization ဘက်ကို သရဖူ ပြန်မသိမ်းဖို့

တောင်းပန်ပေးခဲ့ပါတယ်တဲ့။

Crown ရုပ်သိမ်းခံခဲ့ရတဲ့ နောက်တစ်ယောက်ကတော့ Miss Globe Myanmar သရဖူ ဆုရ ဂျူးစံသာ ပဲ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့ မှာ အဇာဘိုင်ဂျန် မြို့ကို သွားရောက်ယှဉ်ပြိုင်ရတော့မယ့် ဆဲဆဲမှာ သရဖူရုပ်သိမ်းခံခဲ့ရတာပါ။

Miss Globe Myanmar မှ National Director မလှနုထွန်းက ကြေညာချက်ထုတ်သွားခဲ့တာပါတဲ့။

အဲဒါနဲ့ပတ်သက်ပြီး ဂျူးစံသာ တို့ဘက်ကလည်း Park Royal Hotel မှာ စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ခဲ့ပါသေးတယ်။

အဲဒီပွဲမှာ Miss Golden Land Organization မှ CEO ကိုဟန်ဇော်လတ် ပါ တက်ရောက်ရှင်းလင်းခဲ့ပါတယ်တဲ့။

ဖတ်ရသလောက်ကတော့ နားလည်မှု လွဲတာမျိုးလို့ ယူဆရပါတယ်။

ဂျူးစံသာ အနေနဲ့လည်း National Director လှနုထွန်းကို တရားစွဲမယ်ဆိုတဲ့ အသံတွေလည်း ထွက်လာတယ်ခင်ဗျ။

တာဝန်ရှိသူတွေအနေနဲ့ သဘောထား ကြီးကြီးထားကြပါလို့ တိုက်တွန်းချင်ပါတယ်။

မယ်တစ်ယောက်သရဖူ ဆောင်းခွင့်ဆိုတာ မလွယ်ကူတဲ့ အခြေအနေမျိုးပါခင်ဗျ။

မော်ဒယ်တစ်ယောက် Miss ဖြစ်ဖို့ရာ အင်မတန် ခက်ခဲတဲ့ ကိစ္စ မျိုးကြီးခင်ဗျ။

အဲဒီလို ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရခဲ့တဲ့ သရဖူကို အလွယ်တကူ ရုပ်သိမ်းခံရတာဟာ ဖြစ်သင့်ဖြစ်ထိုက်ပါရဲ့လား။

သူတို့လေးတွေရဲ့ အနာဂတ်ကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးကြပါဦးလို့ တောင်းပန်ပါရစေ။

ဂျူးစံသာ ရဲ့ အသက်ကလည်း ၁ရ ကျော်ကျော် လေး ရှိသေးတာပါ။

လိုအပ်ရင် နည်းနည်းပါးပါး ဆုံးမသွန်သင် ပေးလိုက်ပေါ့ခင်ဗျာ။

ဂျူးစံသာ အစား သွားရောက်ယှဉ်ပြိုင်မယ့်သူအဖြစ် လှယဉ်ကျေးကို သတ်မှတ်လိုက်ပါတယ်တဲ့။

လှယဉ်ကျေး အသက်က ၂ရ ရှိပါပြီတဲ့။

အဲဒါပေမယ့် ရက်ပိုင်းအတွင်းမှာပဲ အလှမယ် အပြောင်းအလဲ ဖြစ်ခဲ့ပြန်ပါတယ်။

လှယဉ်ကျေး အပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့လို့ ဆိုလား။

တကယ်သွားပြိုင်မယ့် သူက အေးချမ်းမြေ့ ဖြစ်သွားပါပြီတဲ့။

လိုက်လို့ကို မမီနိုင်အောင်ပါပဲဗျာ။

အဲဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ ဒီဘက်ခေတ် ပထမဆုံး အလှမယ်လို့ ပြောလို့ရတဲ့

နန်းခင်ဇေယျာ ရဲ့ စကားလေးနဲ့ ဒီသတင်းကို အဆုံးသတ်လိုက်ပါရစေ။

“ နိုင်ငံတကာ ပြိုင်ပွဲဝင်မယ့် Miss တွေအနေနဲ့ စာချုပ်ကို သေချာဖတ်ပြီး ကိုယ်လက်ခံနိုင်မှ

လက်မှတ်ထိုးကြပါလို့ ပြောချင်ပါတယ်”

 

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

35 comments

  • ဇီဇီ ခင်ဇော်

    August 11, 2014 at 9:44 am

    အကယ်ဒမီ ဂယက်
    ဒီ ဂယက်တော့ အရင်က ဝင်စားဖူးပါရဲ့။ ခုတော့ မကြည့်ဖြစ်တော့ စိတ်မဝင်စားး
    :mrgreenn:

    .
    .

    အထူးခြားဆုံး ဒိုင်ယာလော့ခ်
    မဆင့် နေရာ က ကြည့်ရင်တော့ သူ့ ပျံလွှား ကိုကို ကြီးကို ဘယ်လောက် မုန်းမုန်း သားလေး အတွက်ကတော့ သူ့ လုပ်ပေးရမဲ့ အပိုင်းတွေရှိသေးး
    ကင်းကင်းနေလို့ မရ။
    ကျနော့ စိတ် အတိုင်းပြောဆို မင်းသန့်မောင်မောင်က မင်းသားဖြစ်ဖို့ လိုအပ်တဲ့ စွဲဆောင်မှု တစ်ခု မရှိသေးပါကြောင်းးး
    :mrgreenn:

    .
    .

    သုံးစားလို့ မရတဲ့ မင်းသမီးတွေ
    တင်တဲ့ ဆရာတွေ စေတနာမှန်ရင်တော့ ရည်ရွယ်ချက်ကောင်းတာပေါ့။ ဟေ့ဟေ့ဟေးးးး
    ပြောတဲ့ စကားကြီးကတော့ စိတ်ဓာတ်ကို ပေါ်လွင်စေသလိုပဲ။
    “ခု ဝင်တဲ့ လူတွေ ကော်မန့်တွေ အဆင့်မမှီလို့ အရင်လူတွေ ပြန်လွမ်းတယ်” ဆိုတဲ့ ရွာထဲက အပြောတွေကို ကြားရင် ခံစားရသလိုပဲ။ ဟိဟိ :mrgreenn:

    .
    .

    ယိုးဒယားပြန် နိုင်းနိုင်း
    မင်းသားထဲ မတော့ မင်းသားတယောက် ရှိရမဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးရှိတယ်လို့ သတ်မှတ်လို့ရပါရဲ့။
    နိုင်နိုင်းမှာ မရှိတာ မင်းသား ဇ လေးရယ် မျက်လုံး အားမပါတာလေးရယ် ပဲ ရှိတာ။
    သူ့ ဇ ကိုတော့ အိမ်ထောင်ကျပြီး မွေးတဲ့ ကလေးတွေမှာ မှ သိပါကြောင်းးး၊ ခိခိ
    :mrgreenn:

    .
    .

    အေးမြတ်သူ အကယ်ဒမီ ရမယ့် ရုပ်ရှင်
    သူရယ်၊ မိုးဟေကိုရယ်ကိုကြိုက်တယ်။
    ဓာတ်ပုံမှာ ဆက်ဆီဖြစ်တဲ့ မျက်နှာပေးကို သူတို့ ၂ ယောက်ပဲ လုပ်တတ်တယ်။ အကုန်ချွတ်ပြတဲ့ ဆက်ဆီမတွေနဲ့ မတူဘူးနော်။ တခြားစီ။
    ဆက်ဆီဖြစ်ဖို့ အကုန်ချွတ်မှ ဆိုတဲ့ မော်ဒယ်တွေကို သိပ်သနားတယ်။
    သူတို့ ခြေဖျားမမှီလို့။ သရုပ်ဆောင် အမူအရာကို မိုးဟေကို ကို ပိုကြိုက်တယ်။
    :mrgreenn:
    .
    .

    ဘုရား နဲ့ သိတဲ့ ဆိုတေး
    မရှင်းနိုင်ရင်တော့ ကိုယ်စောင့်နတ်တို့ ဘုရားတို့ကို လွှဲချလိုက်တာပဲ။
    ဟိဟိ :mrgreenn:

    .
    .
    မိန်းမခိုးပြေးတဲ့ ဟိန်းဝေယံ

    သွသူ မိန်းမ ခိုးခိုး ယောင်္ကျား ခိုးခိုး စိတ်မဝင်စားးး။
    :mrgreenn:
    .
    .

    မသေခင်နားထောင်သွားရမယ့် ဖြူဖြူကျော်သိန်း စီးရီး သစ်
    ကျောင်းဒကာ ဘက်။
    ဖြူဖြူရဲ့ “ဘယ်သူ ကိုယ့်လောက် ချစ်လဲ” က စီလင်းရဲ့ ” To Love you more ” ကို ပြန်ဆိုတာ မဟုတ်ဘူးလားး
    ဖြူဖြူ မသေခင်ဆို ပြတဲ့ သီချင်းကို ဇီဇီမသေခင် နားထောင်ရမှာပေါ့ကွယ်။

    :mrgreenn:

    .

    ပစ္စည်းကောင်းလေး ရထားတဲ့ ခွန်းဆင့်နေခြည်၊
    နေခြည် ဇော်မင်း က အဆင့်မှီ ပစ္စည်းကောင်းလေးတွေ ရထားတာပဲလို့။ (မြင်ရသလောက် ) ခိခိ
    ရှင်းစရာမလိုပါဘူးးး အသိသာကြီးးး။ ပိတ်သတ်ကြီးက ဇ ကွဲတွေလို ရိုက်တာ မြင်ချင်လို့ စကားခေါ်လေသလားးး ဟေးဟေးဟေးးး

    :mrgreenn:
    .
    .

    အမေရိကားပြန် ဖြူဖြူကျော်သိန်း နဲ့ အမေရိကားပြန် ထွန်းအိန္ဒြာဗို။
    သူတို့တွေ ဘာဘာ တဂျီး နဲ့ တွေ့ခဲ့တာ မြန်းလားးး ဟီးဟီးဟီးးး :mrgreenn:

    ,
    ,

    တစ်ကိုယ်တော် နီနီဝင်းရွှေ
    နီနီ က ပိုလှလာသလိုပဲ။ :mrgreenn:
    .
    .

    ရုတ်ရုတ် မလုပ်နဲ့ သရဖူသိမ်းပလိုက်မယ်

    အဲ ဒီ အရှုပ်တော် ပုံတွေတော့ လိုက်မမှီ။
    လူမြင်သူမြင် ပေးထားတဲ့ သရဖူက ပြန်သိမ်းလို့ ရလားးး 🙄

    • black chaw

      August 11, 2014 at 10:08 am

      စီလင်းဒီယွန် သီချင်းလေး အမှန်ပြင်ပေးတာ ကျေးဇူးနော့။
      :mrgreenn:

  • ခင် ခ

    August 11, 2014 at 10:03 am

    ဖြူ့ပရိသတ်တွေ ဘယ်သူမဆို မသေခင် တစ်ခါလောက်

    နားထောင် သွားဖို့ကောင်းတဲ့ သီချင်းမျိုးတွေ ဖြစ်မယ်လို့

    ဖြူယုံကြည်ပါတယ်

    လို့ ဖြူဖြူကျော်သိန်းက အမွှန်းတင်ပြောဆိုလိုက်သောအခါ…

    ဟေးဟေး…။

    မသေခင်နားထောင်သွားတာထက် နားထောင်ပြီး သေသွားရင်

    ဘယ်လိုလုပ်ကြမလဲ..။??????????????????????????

    ဘာဘဲဖြစ်ဖြစ် နားထောင်ရပေအုံးမယ်ပေါ့။

  • ဦးဦးပါလေရာ

    August 11, 2014 at 10:56 am

    .အောင်မယ်ငီး……
    .ဇင်ယော်ကြီးလုပ်မှပဲ … ချစ်စရာကလေးတွေ့လို့မှ ချစ်တယ်လို့ မပြောရဲတော့ဘူး…….။
    :mrgreen:

    .ဆိုတေးရဲ့ဒိုင်ကိုတော့ရေလည်ခိုက်သွားပြီ…
    .အဲ့ဒါမျိုးလေးက တော်တော်အသုံးကျသဗျ…..
    .ကိုချောကြီး လှည်းတန်းခဏခဏလာတာ လဘက်ရည်လာသောက်တာဆိုတာလဲ ဘုရားသိပါတယ်နော…
    :mrgreen:

    အမေရိကားပြန်နှစ်ယောက်ရဲ့ အမေရိကားပရိုမိုးရှင်းလေးကိုလဲ သဘောကျမိပါရဲ့…
    ဘာတဲ့…

    ကိုယ့်ကို နှိမ်တဲ့လူ မရှိဘူးဆိုတာ သိထားတော့ …………………

    ဘာပဲလုပ်လုပ် တစ်ဖက်လူအတွက်ကို အရင်ဆုံးကြည့်တယ်။ ……

    ကြီးတော်တို့ရေ…
    အဲဒါ သမိုင်းတစ်လျှောက် လူယုတ်မာတွေ အုပ်ချုပ်ခဲ့တဲ့နေရာမှမဟုတ်ပဲဗျ….
    ဒီလောက်တော့ ရှိမှာပေါ့ …..
    :buu:

  • kyeemite

    August 11, 2014 at 11:19 am

    အမေရိကားပြန် ဖြူဖြူကျော်သိန်းပြောသွားတာတော်တော်သဘောကျမိတယ်ဗျာ
    “အမေရိကားမှာ လွတ်လပ်ခြင်းဆိုတဲ့ အငွေ့အသက် နဲ့ အရသာကို လေထဲမှာတောင် ရနေတယ်လို့
    ခံစားခဲ့ရတယ်။”….ဆိုတာလေးရယ်
    “ငယ်ဘဝကတည်းက ပညာရေးမှာ Brain Work လုပ်ပေးလိုက်နိုင်တယ်။
    လူလူချင်း မတူကွဲပြားမှုကို လက်ခံနိုင်စွမ်းရှိပြီး လူ့အခွင့်အရေးလေးစားဖို့ သင်ပေးနိုင်တော့
    စိတ်ဓါတ်မြင့်မားတဲ့ သူတွေ အဖြစ် ကြီးပြင်းလာတာပေါ့။ ”…ဆိုတာလေးရယ်ပေါ့
    အော်…အဲဒီလေမျိုး ကို ကျုပ်တို့လည်းရှုဖူးချင်ပါဘိ :p:

  • အလင်းဆက်

    August 11, 2014 at 11:49 am

    ဖြူ့ပရိသတ်တွေ ဘယ်သူမဆို မသေခင် တစ်ခါလောက်

    နားထောင် သွားဖို့ကောင်းတဲ့ သီချင်းမျိုးတွေ ဖြစ်မယ်လို့

    ဖြူယုံကြည်ပါတယ်

    တဲ့လား
    ဖြူလေးရယ်…

    :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 11, 2014 at 12:10 pm

    ကျွန်တော်က သားကို အရမ်းချစ်တော့ သားကို ချစ်တဲ့ အဖေက
    သားအမေကို မချစ်စရာ အကြောင်းမရှိပါဘူး။

    ဟေဟေ့ …
    တော်ကီ ကတော့ ဖျားလောက်တယ် …
    ကျောင်းဒကာကြီး ကလည်း မြင်တတ်တယ် … :mrgreen:

  • နှူးဘာ မိဂီ

    August 11, 2014 at 12:24 pm

    ဘာဗျ..
    ယုစ့်ကို သုံးစားမရတဲ့ မင်းသမီးဒွေ ဆို စောင်းဆဲတယ် ..ဟုတ်စ…
    ဝိုင်း ဆိုဒဲ့ ဒါလိုက်တာ ကို ကျုပ် သတ်မဲ ….

    😛

    • ဇီဇီ ခင်ဇော်

      August 11, 2014 at 4:21 pm

      အိပ်ချင်မူးတူးနဲ့ သေချာမဖတ်ဘူးထင်တယ်။
      ဝိုင်းပြောတာ သူတင်တဲ့ မင်းသမီးတွေကို မဟုတ်ဘူးးး
      :k:
      ပြောသာပြောရတာ အဲ့ ၃ ယောက်က လှတယ်လို့
      ထင်ရရုံက လွဲလို့
      အေသင်ချိုဆွေ တို့ အယ်ဆိုင်းဇီတို့ လောက်တောင် အမူအရာ မကောင်းးးဘူးး
      ဟိုက အဆိုတော်တွေနော်။
      :k:

      • black chaw

        August 11, 2014 at 7:29 pm

        အဲ့ ၃ ယောက် ရော
        အေသင် ရော
        ဆိုင်းဇီ ရော
        ဆက်စီ ဖြစ်တယ်ကွယ့်
        တူမ တော် ရှင် ဂွမ်း ဇိ ရဲ ့။
        ညည်းက မိန်းမချင်း ဆိုတော့
        အဲ့ဒိ ဆက်စီ ကို
        ခံစားနိုင် မယ် မထင်။

  • Mr. MarGa

    August 11, 2014 at 12:54 pm

    အင်း
    ကျနော်လည်း
    အနုပညာနယ်ပယ်နဲ့ တဖြည်းဖြည်း ဝေးးးး ကွာ….

    • ဇီဇီ ခင်ဇော်

      August 11, 2014 at 1:11 pm

      အာ့ဆို
      သများ ရဲ့ အကြမ်းပညာလောကထဲ ခြေစုံပစ် ဝင်ခဲ့လေ။

      :mrgreen:

  • Paing Lay

    August 11, 2014 at 2:52 pm

    အကယ်ဒမီကတော့ ကိုသားကြီးမရှိတော့ကတည်းက စိတ်မဝင်စားခဲ့တာကြာပေါ့ဗျာ။

    ဇင်ယော်ဆိုတဲ့ ဘဲကြီးရဲ့ Dialogue ကိုတော့ Copy/Paste ဆွဲပြီး Facebook Status မှာ လိုက် tag ထားရမလိုလို 😀

    ကိုဝိုင်းရယ် ဒါကတော့ မင်းသမီးပဲဖြစ်ချင်ကြတာကိုးဗျ သရုပ်ဆောင်ဖြစ်ချင်ကြတာလဲမဟုတ်ဗျာ။ အဟောသိကံပေါ့ ဟဲဟဲ။

    မင်းသားနိုင်းနိုင်းလည်း ပြည်တွင်းမှာ ရုပ်ရှင် ရိုက်တာ သိပ်မတွေ့တော့ဘူး ပန်းကြာဝတ်မှုန် နောက်ပိုင်းပေါ့။

    အေးမြတ်သူ နဲ့ မိုးဟေကို ကိုတော့ ဘူ့ပိုကြိုက်လဲဆိုရင် ဇီဇီဘက် တစ်မဲပေးရမှာပဲ။ မိုးဟေကိုက ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ထင်ပါကြောင်းးးးးးးးး။ :mrgreen:

    ဆိုတေး နဲ့ ဟိန်းဝေယံကတော့ ဘယ်လိုရှင်းရှင်း ရမယ်မထင်။ ဖြစ်နိုင်ရင်တော့ ဆိုတေးကတော့ တစ်နှစ်လောက် သင်္ကန်စည်းပြီး နေရင်ကောင်းမယ်ထင်ပါတယ်။ ဟိန်းဝေယံကတော့ မေမေရေ သားကို မြန်မြန်သာ မိန်းမပေးစားလိုက်ပါတော့သာ ပြောရုံရှိတော့တယ်။ 😀

    မသေခင်လေး နားထောင်ရဦးမယ့် စီးရီးဆိုတော့ မသေခင်မှာ ဘယ်လို ဖက်ရှင်အဆန်းတွေ နဲ့ ပွဲထွက်လာဦးမလဲဆိုတာတော့ စောင့်ကြည့်ချင်သေးတယ် :mrgreenn:

    ဟမရေးးးးးးးးးးးးခွန်းဆင့်နေခြည်က ဂလိုဂျီးလားးးးးးးးးးးးးးးးးးးး :harr:

    အန်တီခိုင်ကြီး နဲ့ မဖြူဖြူပြောမှ ဩဇီမှာနေတဲ့ ကိုဘုန်းကျော်ရေးတဲ့ ပို့စ်ကို မြင်ယောင်မိပါရဲ့။

    အန်တီ နီနီဝင်းရွှေရဲ့ One Lady Show မှာ ဖျော်ဖြေမယ့် မိုးစက်ရေ။ မိမိကိုယ်ပိုင်ဟန်နဲ့ပဲ ဖျော်ဖြေပါလို့ အကြံပြုပါရစေ။ 🙂

    Miss & Crown ကတော့ ဂျင်းထည့်တတ်တဲ့ အေဂျင်စီ နဲ့ လူယုတ်မှာ ခရိုနီ တွေရဲ့ လက်ဝါးချင်းရိုက် ထားတယ်လို့ မြင်မိပါကြောင်းးးးးးးးးးးးးး။ :mrgeen:

    • black chaw

      August 11, 2014 at 3:18 pm

      အေးမြတ်သူက
      မိုးဟေကို ထက်
      လတ်ဆတ်သေးတာတော့
      သေချာတဲ့ အချက်ပါပဲ။
      ဟိတ်ကောင် ဘလက်ချော
      မင်း သူတို ့ ၂ ယောက်ထဲက
      ၁ ယောက်ကို မဖြစ်မ နေ
      ယူရမယ်လို ့
      ဓါးထောက်ပြီး အကျပ်ကိုင် ရင်
      ကျွန်တော့်ရွေးချယ်မှုက
      အေးမြတ်သူပါခင် ဗျာ။
      ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်။

      • အလင်းဆက်

        August 11, 2014 at 4:16 pm

        လေးဘက်လက်
        အေးမြတ်သူကို … ယူရင်…ဒေါ်ဖွားမေကို.. အဆစ်ထည့်ပေးပါ့မယ်.. ။
        ကြားထဲက.. အမြင်မတော်လို ့..ကျနော်က…အဆစ်ဝင် လက်ဆောင်ပေးတာပါ… ။

        :mrgreen:

  • Crystalline

    August 11, 2014 at 3:49 pm

    မိုးစက်ဝိုင်အသံက စကားပြောရင်တောင် ညောင်နာနာ ဘိုလို သချင်းဆိုမလဲမသိ.. 🙄

    • TNA

      August 12, 2014 at 12:29 pm

      နီနီဝင်းရွှေကတော့ မိုးစက်ဝိုင်ကအသံအရမ်းကောင်းတယ်ဆိုပဲပြောတာ။ တခြားမင်းသမီးအဆိုတော်တွေထက်ပိုတောင်ကောင်းသေးဆိုပဲ။ နားထောင်ကြည့်ရအုံးမပေါ့

  • Myo Thant

    August 11, 2014 at 4:42 pm

    မဲမဲကျော်သိန်းသီချင်း နားမထောင်ရင် သေဒဏ်လို့ဆိုလည်း ပျော်ပျော်ကြီး သေဒဏ်ကျခံလိုက်မယ် ၊

    စင်ရော်ရေ တစ်ခြားဟာတွေစားလို့ဝမှ ဒီစကား ပြန်ထွက်လာတာလား ၊

    အကယ်ဒမီကတော့ တကယ့်ကားကောင်းတွေ မထွက်တော့ကတည်းက စိတ်မဝင်စားတော့ဘူး ၊

    ပါးချိုင့်လေး အေးမြတ်သူကိုတော့ ဓါတ်ပုံအဖြစ်ပဲ တွေ့ဘူးကြောင်း ( မြန်မာကား မကြည့်၍ )

  • အာဂ

    August 11, 2014 at 6:14 pm

    အချိန်မရတော့လို့ ကွန့်မန့်ကို အကြွေးမှတ်ထားပါ။နက်ဖြန်မှဆက်ရေးပါမယ်။

    အကြွေးနဲ့မကင်းသူ

    အာဂ

  • pooch

    August 11, 2014 at 6:56 pm

    လွတ်​လပ်​ခြင်​းနဲ့ မျှတခြင်​းကို ကန်​​တွေအ​လေးထားတာ​တော့အမှန်​ပဲ
    အခုသူတို့နဲ့အလုပ်​တွဲလုပ်​ဖြစ်​တာ ၁ နှစ်​​ကျော်​ ရှိလာတဲ့အချိန်​ ပိုသ​ဘော​ပေါက်​လာတယ်​
    ဖြူဖြူကို အား​ပေးရအုန်​းမှာ​ပေါ့​လေ
    ဂျာနယ်​ဖတ်​ဖို့အချိန်​​ပေးစရာမလို ပိုက်​ဆံကုန်​စရာ မလိုပဲ စုံစီနဖာသိရတာမို့
    မကြာမကြာတင်​​ပေးပါ :mrgreen:

  • TNA

    August 11, 2014 at 7:43 pm

    စုံနဖာကိုစီသွားတာပဲ။ ကွန်မင့်တွေပါအားဖြည့်ထားတော့ မန့်ဖို့တောင်မကျန်။ မဲမဲကေိာင်သိန်းကတော့ နားထောင်ပီးသေမစိုးလ်ု့ နားမထောင်တော့ပါဘူး။ ကျန်တာကတော့ အလှမ်းဝေးလှသမို့ ဗဟုသုတအနေနဲ့ တအံ့တဩဖတ်ရှု့သွားပါတယ်

  • thit min

    August 12, 2014 at 1:28 pm

    ကျင့်ဝတ်နဲ့ညီအောင်စွန့်လွှတ်စရာရှိ..စွန့်လွတ်ရတယ်ဆိုတဲ့ဒဿနကို
    တွေ့ရပါတယ်။

    ပတ်ဘလစ်ဖစ်ဂါတွေ..ပြောမှားဆိုမှားရှိသွားရင်သူများတွေထက်ပို
    အပြောခံ..အမှတ်သညာပြုခံရတယ်…လို့ဆိုတာပါလားလို့နားလည်မိပါတယ်..။

    ဖြူဖြူတို့ မခိုင်တို့ ထောက်ပြချက်လေးတွေကလဲ လှပါတယ်..။

    ဆိုတော့ကါ……
    ခင်ဗျားရေးတဲ့ ဒီစာစုလေးဟာ..အနံ့အရသာနဲ့ အခင်းအကျင်းလှပတဲ့
    “ကတ်ပက်ချီနို”တခွက်လို ခံစားမိပါရဲ့…။

  • မြစာကလေး

    August 12, 2014 at 11:37 pm

    ကျန်သူတွေ ကိုတော့ သိပ်မသိဘူး။
    ဖြူဖြူကျော်သိန်း ကိုတော့ သိနေတယ်။
    သူက ဘယ်သူ နဲ့ ယူတော့ မယ် ဆိုလား။
    အဲ့လူက ရွှေတွေ ညွတ် အောင် ဝတ်တယ် ဆိုလား။
    အဲဒါကို မြေးတော်လေးက ဟားပြီး အပုတ်ချတယ် ဆိုလား။
    ဝုတ်မဝုတ်တော့ သိဝူး။ lol:-)))

  • မြစာကလေး

    August 13, 2014 at 2:42 am

    မဆီမဆိုင် ပေမဲ့ ပြောပါရစေ။
    ဟောလိဝုဒ် က နာမည်ကြီး ဟာသ သရုပ်ဆောင် “ROBIN Williams” တစ်ယောက် ဆေးစွဲ ပြီး စိတ်ကျရောဂါ နဲ့ သူ့ကိုယ်သူ အဆုံး စီရင် သွားပါတယ်။
    လူအတော်များများ က အဲဒါကို Take That အဖွဲ့ဝင်ဟောင်း နာမည်ကြီး အဆိုကျော် “Robbie Williams” နဲ့ မှားထင်မိကြပါသတဲ့။
    Twitter ထဲမှာ အဆိုတော်ကြီး အတွက် ဝမ်းနည်းကြောင်း ဝိုင်းရေးကြသတဲ့။
    ငိုရခက် ရီရခက် ပါလား။

    RIP Robin !!!
    We all miss you.

    သူ့ရဲ့ ရုပ်ရှင်တစ်ကား “Jumanji” ကို အတော်နှစ်သက်ခဲ့ပါတယ်။

    • Crystalline

      August 13, 2014 at 7:07 am

      ညကမှ သတင်းကြည့်ရင်းတွေ့လိုက်တယ်… စိတ်မကောင်းဘူး… :(( R.I.P

  • manawphyulay

    August 13, 2014 at 12:54 pm

    စုံတကာစေ့ သတင်းတွေပါလား။ ဒါတောင် နားစွန်နားဖျားမို့လို့နော်… အရင်းနားဆို အိတ်သွန်ဖာမှောက် ရေးလို့လောက်မှာမဟုတ်ဘူး။

  • Kaung Kin Pyar

    August 13, 2014 at 3:49 pm

    သတင်းပလင်း ဒီတစ်ပိုစ့်ထဲနဲ့ အင်တာနက်မွှေစရာမလို..ဂျာနယ် ဖတ်ရန်မလိုဘဲ သိသွားပါရဲ့….
    ဒါနဲ့…
    အတွမ်လေးလဲ….နီနီဝင်းရွှေပွဲ ဝင်နွှဲမတဲ့..
    :
    :
    :
    မကေဇီမလာခင်…လစ်ပြီဗျို့……
    ဝှစ်!!!!!

    • ဇီဇီ ခင်ဇော်

      August 13, 2014 at 3:55 pm

      ဘာ!!!
      လာပြီ။
      👿

      နီနီပွဲမှာ ဝင်မနွှဲပဲ ခဏစောင့်ပါဦးလို့။
      ဇီဇီ ပွဲကျမှ ခေါ်မယ်လို့။
      :i:

      ဟင်းးးးး
      လိုက်ထိန်းနေရတယ်။
      တော်ကြာ နီနီ ဆွဲဆောင်လို့ ယူအက် ကို ပါသွားမှ စလုံးက ခြင်္သေ့မ အသီးကွဲ နေရတော့မယ်။
      😥

      သီချင်း ဆိုဖို့ ဆိုပြီး ခေါ်သွားမှာ ကြောက်တာ။
      :mrgreenn:

  • sorrow

    August 13, 2014 at 5:07 pm

    အသဲကွဲနေတီ…အေရီယားနားဂရန်ဒီလေး လုပ်လို့ …ရည်းစားရှိတယ်တဲ့ …အဟင့်ဟင့်

  • black chaw

    August 22, 2014 at 10:29 am

    ကျွန်တော် လျှောက်ရေးထားတဲ့
    နားစွန်နားဖျား သတင်းတွေကို ဖတ်ပြီးသကာလ
    ကွန်းမန့် ချီးမြှင့်ကြကုန်သော
    မိတ်ဆွေ အယောက်တိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
    ဘဝပေးအခြေအနေအရ
    တစ်ယောက်ချင်း လေးလေးစားစား တုန့်ပြန်နိုင်စွမ်း မရှိဖြစ်ခဲ့ရခြင်းအား
    ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်ခင်ဗျာ။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • ဦးကြောင်ကြီး

    August 22, 2014 at 12:17 pm

    အနုပညာရှင်ထဲမှာ ဘယ်ကောင် လျှာအရှည်ဇုံးလဲ သိချဉ်ဒယ်ဗျာ

    • ကျောက်စိမ်း တိန်ညင်

      August 22, 2014 at 7:00 pm

      ဇာဂနာ

  • kai

    September 3, 2014 at 3:20 pm

    http://myanmar.mmtimes.com/index.php/timeout/11761-2014-09-02-10-16-05.html?limitstart=0

    အလှမယ်မေမြတ်နိုးဟာ တောင်ကိုရီးယားအလှမယ်ပြိုင်ပွဲကနေရရှိတဲ့ သရဖူကို ခိုးယူထွက်ပြေး
    နေတယ်ဆိုတဲ့သတင်းကို နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပေမယ့် သူ့အနေနဲ့ သရဖူ
    ကို ခိုးယူလာခြင်းမဟုတ်ပဲ တကယ်တမ်းမှာလည်း ဒေါ်လာတစ်သိန်းတန်တဲ့အရာ မဟုတ်ပါဘူး
    လို့ မေမြတ်နိုးက ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

    “ခိုးယူတယ်ပြောရအောင် သူတို့ဘက်က သမီးကို သရဖူကို ကိုရီးယားမှာထားခဲ့ဖို့ မပြောခဲ့ပါဘူး။
    သူတို့နဲ့ အလုပ်ဆက်မလုပ်တော့ဘူးလို့ပဲ ပြောခဲ့တာပါ။ ပြီးတော့ သမီး လေယာဉ်ပေါ်ရောက်ပြီး
    လေယာဉ်ထွက်တော့မှ ဒီသရဖူပြန်သိမ်းမယ်ဆိုတဲ့စာကို ထုတ်ပြန်ခဲ့တာပါ။ စာထဲမှာလည်း ရှင်းလင်းအောင် မြင်ရမှာပါ။ မြန်မာနိုင်ငံရောက်မှ ပြန်ပေးရမယ်ဆိုပြီးတော့ ရေးထားတာပါ။
    သမီးရဲ့ဂုဏ်သိက္ခာကို အရမ်းထိခိုက်ပါတယ်”လို့ စက်တင်ဘာလ ၂ ရက်နေ့က၊ ဦးဝီစာရလမ်းရှိ
    House of Memories စားသောက်ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ
    မေမြတ်နိုးက ပြောပါတယ်။

    မေမြတ်နိုးနဲ့ မိခင်ဖြစ်သူတို့ဟာ တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံကို ဩဂုတ်လ
    ၂ရ ရက်နေ့မှာ ပြန်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ တောင်ကိုရီးယားရှိ Miss Asia Pacific
    World Organization က မေမြတ်နိုးထံကနေ သရဖူရုပ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး
    နောက်တစ်နေ့လေယာဉ်နဲ့ မြန်မာပြည်ပြန်သွားဖို့စီစဉ်ပေးခဲ့တယ်လို့ ကြေညာချက်ထဲမှာ
    ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    ကြေညာစာထဲမှာ မေမြတ်နိုးဟာ အဖွဲ့အစည်း၊ နေရှင်နယ်ဒါရိုက်တာ တို့အပေါ် လိမ်လည်ကာ
    လေးစားရိုသေမှုမဲ့ပြီး သူ့မိခင်ဖြစ်သူကလည်း ကိုရီးယားနိုင်ငံမှာ နေထိုင်ဖို့အတွက် ဗီဇာရယူတဲ့
    အပေါ်မှာ တရားမဝင်နည်းလမ်းများကို သုံးခဲ့တယ်လို့ဖော်ပြထားခဲ့သလို Miss Asia Pacific
    World 2014 သရဖူပိုင်ရှင်အဖြစ် တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်မယ်လို့လည်း မေမြတ်နိုး
    အပေါ် အယုံအကြည်မရှိတော့ဘူးလို့ဖော်ပြထားပါတယ်။

    ကြေညာစာထဲမှာ ဖော်ပြထားတဲ့အချက်တွေဟာ သူ့ကို ထိခိုက်ရုံတင်မဟုတ်ဘဲ မြန်မာနိုင်ငံက
    အလှမယ်လို့ ပြောထားတာဖြစ်တဲ့အတွက် ကြောင့် နိုင်ငံကိုပါ ထိခိုက်စေတယ်လို့ မေမြတ်နိုးက
    ဆိုပြီး မြန်မာနိုင်ငံနဲ့ သူ့ကို တောင်းပန်စာပေးပို့မှသာ သရဖူကိုပြန်အပ်မယ်လို့လည်း ထပ်လောင်း
    ပြောခဲ့ပါတယ်။

    “သမီးစိတ်ရှိတိုင်းသာဆိုရင် အခုချက်ချင်းတောင် သွားပြန်ပေးလိုက်ချင်ပါတယ်။ ဒါပေမဲ့လည်း
    သမီးရဲ့ နစ်နာမှု၊နာမည်ပျက်မှုကြောင့် တောင်းပန်စာလိုအပ်ပါတယ်။ နေရှင်နယ်ဒါရိုက်တာဖြစ်သူ
    ကိုလည်းပြန်မအပ်နိုင်ပါဘူး။ မြန်မာနိုင်ငံကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး ကိုယ့်နိုင်ငံသားဖြစ်တဲ့
    သမီးဘက်မှ ဘာရပ်တည်မှုမှမရှိခဲ့ဘဲ တစ်ချိန်လုံး သမီးနဲ့အမေဖြစ်သူရဲ့ မကောင်းကြောင်းတွေကို
    ဟိုနိုင်ငံမှာ သွားပြော နေခဲ့သူပါ။ ဘယ်လိုနည်းနဲ့မှ သူ့ကို သွားမပေးနိုင်ပါဘူး။ ကိုရီးယားအဖွဲ့
    အစည်းကိုပဲ တောင်းပန်စာပေးခဲ့ရင် သက်ဆိုင်ရာလူကြီးတွေ ရှေ့မှာ သရဖူပြန်ပေးမှာပါ။ သူတို့
    ဘက်က မတောင်းပန်ခဲ့ရင်တော့ တရားစွဲတဲ့ထိ လုပ်သွားမှာပါ”လို့လည်း မေမြတ်နိုးက ပြတ်ပြတ်
    သားသား ဆိုပါတယ်။

    တောင်ကိုရီးယားမှာ ကြုံတွေ့ခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း “ဟိုရောက်တော့ သမီးကို
    သူတို့က တစ်ကိုယ်လုံးခွဲစိတ်ပြုပြင်ဖို့ ပြောပါတယ်။ ခွဲစိတ်ပြီးရင် သမီးက ပိုလှလာမယ်၊ ပြီးတဲ့
    နောက်မှာတော့ စပွန်ဆာရှာရမယ်လို့ ဆိုပါတယ်။ စပွန်ဆာကိုလည်း ကိုရီးယားနိုင်ငံမှာ မလုံ
    လောက်ရင် ဂျပန်နိုင်ငံမှာပါသွားရှာတဲ့ထိ လုပ်ရမယ်ပြောပါတယ်။ သမီးနဲ့မေမေက ဘယ်လိုမှ
    အဲဒါကို သဘောမတူနိုင်လို့ စဉ်းစားကြည့်ဦးမယ်၊ ဒါက မဖြစ်နိုင်ဘူးလို့ဆိုတော့ သမီးတို့ကို
    ဆိုးလ်မြို့နဲ့ဝေးတဲ့ ဘူဆန်က တိုက်အဟောင်းကြီးမှာ ပစ်ထားခဲ့ပါတယ်။ အဲဒီတိုက်ကြီးက
    ပတ်လတ်စတစ်ဆာဂျရီလုပ်တဲ့နေရာကြီးပါ။ ကိုရီးယားကားတွေထဲမှာပါတဲ့ ခေါင်းမိုးထပ်မှာ
    နေရတာပါ။ သူ့ဖိတ်ခေါ်စာထဲမှာ သမီးတို့ကို နေ၊ စားစရိတ် အကုန်တာဝန်ယူတယ်ဆိုပေမယ့်
    ဘာမှလုပ်မပေးခဲ့ပါဘူး။

    ပြီးတော့ မေမေက သူ့စရိတ်နဲ့ သူ လေယာဉ်လက်မှတ်ကအစဝယ်ပြီး ကိုရီးယားကို လိုက်ခဲ့
    တာပါ”လို့ ဆိုပါတယ်။ ဖိတ်ခေါ်စာထဲမှာ အမေဖြစ်သူအတွက် လေယာဉ်လက်မှတ်ဝယ်ပေးမယ်
    ရေးထားတာကြောင့် သူက ကိုရီးယားအဖွဲ့အစည်းကို ပြောခဲ့ပေမယ့် ဗီဇာရတာလွယ်အောင် ထည့်ရေးရခြင်းသာဖြစ်တယ်လို့ ပြောဆိုခံရတယ်လို့လည်း မေမြတ်နိုးက ရင်ဖွင့်ပါတယ်။

    မျှော်လင့်မထားတဲ့ အခြေအနေများကို တောင်ကိုရီးယားနိုင်ငံမှာ တွေ့ကြုံရတဲ့အခါမှ အဲဒီ
    အဖွဲ့အစည်းအကြောင်းကို အင်တာနက်မှာ အသေးစိတ်ရှာကြည့်ဖြစ်ခဲ့ပြီး အရင်ကလည်း
    အလှမယ်တွေနဲ့ အလားတူပြဿနာတွေဖြစ်ခဲ့တာကို တွေ့ရှိရတယ်လို့ဆိုပါတယ်။

    အလှမယ်ဖြစ်သူကို စပွန်ဆာလူကြီးတွေကိုဧည့်ခံခိုင်းတဲ့ ဗွီဒီယိုဖိုင်ပါ ရှာတွေ့ခဲ့သလို
    လေယာဉ်ကွင်းရောက်တဲ့ထိ ပစ္စည်းများကိုပြန်မပေးဘဲ လိုက်နှောက်ယှက်တာ တွေ
    လုပ်တာကိုလည်း တွေ့ရတာမို့ သူအလှည့်မှာလည်း အဲဒီလိုမျိုးလုပ်ဆောင်ခံရမှာ ကြောက်တဲ့
    အတွက်ကြောင့် တောင်ကိုရီးယားရောက်မြန်မာလူမျိုးဖြစ်သူရဲ့အကူအညီနဲ့ မြန်မာပြည်ကို
    ချက်ချင်းပြန်လာရခြင်းဖြစ်တယ်လို့ ပြောပြပါတယ်။

    “ကိုရီးယားကိုရောက်တဲ့နေ့က ဟိုမှာရောက်နေတဲ့ မြန်မာလူမျိုးသုံးယောက်က အန်တီတို့ရောက်
    မှာကိုသိပြီး လာကြိုခဲ့ကြပါတယ်။ ပြီးတော့ သူတို့ရဲ့ဖုန်းနံပါတ်ကိုပေးခဲ့ပြီး အကူအညီလိုရင်
    ဖုန်းဆက်ဖို့ပြောခဲ့ပါတယ်။ အန်တီတို့ပြန်တဲ့ ခရီးစဉ်အစအဆုံးကို သူက ကူညီပေးခဲ့တာပါ။
    ဒီနေရာကနေ သူ့ကိုလည်း ကျေးဇူးတင်ပါတယ်။ သူနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း
    ရှိတာဖြစ်လို့ သက်သေပြလို့ရပါတယ်” လို့ မေမြတ်နိုးရဲ့ မိခင်ဖြစ်တဲ့ ဒေါ်စန်းစန်းထွေးက
    ဆိုပါတယ်။

    • kai

      September 3, 2014 at 3:24 pm

      international pageant ‘after being offered winning votes for sex’

      By Deborah Arthurs
      Created: 08:13 EST, 19 October 2011

      A British beauty queen told yesterday how she fled an international pageant after being groped by officials and offered votes in exchange for sex.

      Amy Willerton, 19, quit the Miss Asia Pacific World contest in South Korea after three ‘shambolic’ day, claiming that she was sexually assaulted by organisers and sponsors, invited to give sexual favours to secure votes and fed just one meal per day.

      When she reported the corruption to police she says she was stunned to see officials openly bribing local officers with cash, although Korean National Police have denied this.

      Read more: http://www.dailymail.co.uk/femail/article-2050922/British-beauty-queen-Amy-Willerton-fled-international-pageant-sex-bribes.html#ixzz3CF0Wawwq
      Follow us: @MailOnline on Twitter | DailyMail on Facebook

  • သရဖူ ကိစ္စ ကတော့ ဘယ်သူမှားတယ် ဘယ်သူမှန် တယ်ဆိုတာကတော့ အတိအကျ မသိပေမယ့်

    ကလေးကစား သလို လုပ်နေတာ ကို တာဝန်ရှိလူကြီးတွေ က ထို်င်ကြည့် နေတာ တော့ အရုပ်ဆိုးတယ်လို့ ထင်ပါတယ်။

    ခက်တာက အခုတလော က သရဖူ ထက် နဂါး ခေါင်းလောင်းက ပို ခေတ်စားနေသ ကိုးဗျ

Leave a Reply