အတိုက်အခံလား? မီဒီယာလား?

အတိုက်အခံလား? မီဒီယာလား?
—————————————-

ဒီကနေ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့

မြန်မာအပါအဝင် နိုင်ငံတွေမှာ

အစိုးရရယ် အတိုက်အခံရယ်ရှိမှ

ဒီမိုကရေစီ က အသက်ဝင်နေတာ။

ဒီလိုအတွဲအစပ်မရှိရင် ဒီမိုကရေစီ ဆိုတာ

အနှစ်သာရမပေါ်လွင်နိုင် ပြည်သူတွေ

အကျိုးခံစားခွင့်တွေ မညီမျှနိုင်တော့ဘူး။

တိုင်းပြည်မှာအင်းအားစုတွေကချိန်ခွင်လျှာသဖွယ်

မျှနေရမယ်။ မျှတယ်ဆိုပေမဲ့အရောင်းအဝယ်

ပုံစံမျိုး တွက်လို့မရဘူး။အစိုးရ ၅ဝ – အတိုက်အခံ

၅ဝ အဲသလို မရဘူး။

အခြေခံအားဖြင့် –

အစိုးရကောင်းနဲ့အတိုက်အခံညံ့

အစိုးရညံ့နဲ့ အတိုက်အခံကောင်း

အစိုးရကောင်း အတိုက်အခံကောင်း

အစိုးရ ညံ့ အတိုက်အခံညံ့

အဲသလို ယေဘုယ ဆန်ဆန်

ပွဲထွက်လာတတ်ပါတယ်။

အစိုးရကတိုင်ပြည်ကိုအုပ်ချုပ်မယ်။စီမံမယ်။

အတိုက်အခံက အစိုးရဲ့အားနည်းချက် ချွတ်ချော်

တာတွေ မှားယွင်းတာတွေကို ထောက်ပြမယ်။

ဒါမျိုးနဲ့တိုင်းပြည်က လည်ပါတ်နေရမယ်။

အစိုးရနဲ့အတိုက်အခံ သဘောထားကွဲလွဲတာ

ရှိချင်ရှိမယ်။ လက်တွဲနိုင်တာရှိချင်ရှိမယ်။

ဒီနှစ်ခု ဟန်ချက်ညီနေဖို့ အရေးကြီးတယ်။

ဒါတွေကို တဖက်တလမ်းက ပြည်သူတွေဆီကို

ပေါင်းကူးချပြပေရမှာက မီဒီယာတွေအလုပ်။

မီဒီယာ ရဲ့ အရေးပါမူ့က ဒီမိုကရေစီတိုင်းပြည်

စနစ်ရဲ့ အသက်သွေးကြော။စတုတ္ထမဏ္ဍိုင် လို့

နေရာပေးထားရတာ။

အစိုးရဘာလုပ်တယ်။အတိုက်အခံဘာပြောလဲ။

ကြားကပြည်သူကို အသိပေး နိုင်ရမယ်။

ပြည်သူကမီဒီယာအသံနားထောင်ပြီး တိုင်းပြည်

ကဘယ်လောက်သွားနေပြီလဲ။ ဘယ်လောက်

တော့ရောက်နေပြီ။ပြည်သူတွေကဘယ်လိုပါ

ရမယ်။ စသည်ဖြင့် သိနားလည်လွယ်ရမယ့်

အသံနဲ့ပြောနိုင်ရမယ်။

တကယ့်ပွဲစားအသွင်မျိုးဖြစ်နေရမယ်။

အစိုးရဘက်ချည်းပင်းနေလို့မရဘူး။

အတိုက်အခံဘက်ချည်းဇောင်းပေးလို့မရဘူး။

ကြားမှာမားမားမတ်မတ်ရပ်နေရမယ်။

ဒါကဒီမိုကရေစီဟေ့ ဆိုတဲ့စနစ်အောက်ကို

မြင်ကြည့်တာပါ။

ဒီတော့ဒီကနေ့မြန်မာဒီမိုကရေစီလမ်းကြောင်းမှာ

အစိုးရကတော့ အုပ်ချုပ်နေတာပဲ။စီမံခန့်ခွဲနေတာ

ပဲ။

အတိုက်အခံဘက်ကရော တာဝန်ကျေပြွန်

ပါရဲ့လားး?

မီဒီယာကရော ??

ကျတော်မြင်နေတာကတော့

အတိုက်အခံအလုပ်ကို မီဒီယာတွေလုပ်နေပြီး

အတိုက်အခံတွေ ချောင်ခို နေကြတော့မဲ့

အခြေအနေရောက်တော့မလားးးးးး လို့။

23 comments

  • ဇီဇီ

    July 17, 2014 at 12:36 pm

    “”အစိုးရကတော့ အုပ်ချုပ်နေတာပဲ။စီမံခန့်ခွဲနေတာပဲ။
    အတိုက်အခံဘက်ကရော တာဝန်ကျေပြွန်ပါရဲ့လားး?””

    ဪ ဪ။
    တာဝန်ကျေတဲ့ အစိုးရကြီး စံချိန်မှီ အစိုးရကြီး ဆိုတော့။
    အဟစ်။

    ဟုတ်တယ်ဗျာ။
    အတိုက်အခံတွေ တောက်တုံးမကျလှပါဝူးးး

    ၂၀၁၅ မှာ ခု လက်ရှိ ပြည်ထိုင်ခိုး အစိုးရကြီးပဲ ဆက်မဲပေးကြတာပေါ့။

    :kwi:

  • TNA

    July 17, 2014 at 12:50 pm

    အတိုက်အခံက်ု အဆိုးမြင်နေသမို့ဝင်မဆွေးနွေးတော့ပါဘူး။ ကြံတွေက အားကြီးတဖက်သတ်ပြောလွန်းတယ်။ တခုပဲ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့သက်ဆိုင်တာမို့ မီဒီယာပဲဖြစ်ဖြစ် ပြည်သူလူထုပဲဖြစ်ဖြစ် အတိုက်အခံလုပ်သင့်လုပ်ရမှာပဲ။ အဲ့ဒါဘာမှားလဲ။ အစိုးရကိုအကြိုက်ရင်မည်သူမဆိုအတိုက်အခံလုပ်ခွင့်ရှိတယ် အဲ့ဒါလေး

  • မင်း ခန့် ကျော်

    July 17, 2014 at 1:16 pm

    ခုမြန်မာပြည်မှာအတိုက်အခံပါတီဆိုတာလွတ်တော်ထဲမှာ
    မပေါ်လာသေးဘူး။
    အမတ် ခြောက်ရာကျော်ထဲမှာ အတိုက်အခံလို့ပြောနိုင်တာ
    ဘယ်လောက်မှမရှိဘူး။
    ခုလိုအစိုးရစည်းလွတ်ဝါးလွတ်နဲ့ပရမ်းပတာဖြစ်နေတာ
    အတိုက်အခံကောင်းမရှိလို့။
    အဲဒီလိုမရှိလို့ မီဒီယာကခေါင်းဝင်ခံနေတာ။
    ပြည်သူ့အသံနဲ့ဆန္ဒကသတ်သတ်။
    အတိုက်အခံကသတ်သတ်။
    ပြည်သူဆိုတာ အစိုးရဘက်ထောက်ခံချင်ထောက်ခံမယ်။
    အတိုက်အခံဘက်ထောက်ခံချင်ထောက်ခံမယ်။
    အစိုးရကို ထိန်းချင်ရင်အင်အားကြီးအတိုက်အခံဖြစ်အောင်လုပ်။
    အင်အားဆိုတာ လွတ်တော်အမတ်နေရာတွေပဲ။

    • TNA

      July 17, 2014 at 6:09 pm

      NLD ကအတိုက်အခံနေရာယူထားတာဖြင့်နှစ်ပေါင်းများစွာ။ ဘယ်သွားအိပ်နေသဒုန်း။ ရပ်သိရွာသိ ကဘာသိ

    • ကထူးဆန်း

      July 18, 2014 at 10:19 am

      Zimbabwe
      Robert Mugabe
      Morgan Tsvangirai

      မြန်မာပြည်လဲ ထိုလမ်းစဉ်အလား …..

  • ဟို ဒင်း

    July 17, 2014 at 7:44 pm

    တိုက်ကြ – ခံကြ
    တိုက်သူတိုက် – ခံသူခံ
    သို့သော် – တိုက်နည်းမှားရင် – ကွိကနဲ – ဟက်ဟက်

  • အရီးခင်

    July 17, 2014 at 10:55 pm

    တကဲ့ ဒီမိုကရေစီ အစစ် ရလာတဲ့ နေ့ ကျရင် ပက်ပက်စက်စက် ဝေဖန်တာပေါ့ ကိုခန့် ရယ်။

    အခုတော့ ဒီမိုကရေစီ က အစစ် မဟုတ်သေးတာ လူတိုင်း သိသင့်တယ်။
    ရွှေရေစိမ် ကြီး။
    ဒီမိုကရေစီ နာမည်ခံပြီး အာဏာရှင် စနစ် ကြီးစိုးနေဆဲ။
    ဘယ်လိုလုပ်ပြီး အတိုက်အခံ ကောင်းကောင်း ရှိနိုင် ရနိုင် ပါဦးမလဲ။
    တကဲ့ ဒီမိုကရေစီ လမ်းပေါ် ရောတ်အောင် တကယ်လမ်းဖောက်ပေးမဲ့ သူ လိုတယ်။
    ရှိလဲရှိတယ်။
    မသုံးနိုင် (သို့) မသုံးချင်ကြတာ။ 🙄

  • kai

    July 18, 2014 at 6:31 am

    ၈၈ဖြစ်တော့.. အဲဒီအချိန်က.. တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တယ်..
    အဲဒီတုံးကများ.. ကျောင်းသားတွေခမြာ.. .. အမေရိကသမ္မတကဘယ်လိုအုပ်ချုပ်.. ချပ်ခ်အန်ဘဲလန့်င်ကဘယ်လို..
    ဥရောပစနစ်..ဒီမိုကရေစီဘယ်လို..
    ယုတ်စွ.. တိုကျိုမီးရထားလမ်းစနစ်..။ အင်္ဂလန်ပါ့ဗလစ်ထရန်စပို့တေးရှင်း..။ ယူအက်စ်.. နယူးယောက်ရေပေး/ဂက်စ်ပေးစနစ်.. လွှတ်တော်..။ အိမ်ဖြူတော်..။ တရားရေး.. ဘယ်လို… မသိရေးချ..မသိကြ…။
    ကွန်မြုနစ်ဆိုတာနဲ့.. (ဘာသာပြန်ဆရာ..ပြန်ချင်သလိုပြန်ထားတဲ့) စာတွေအရ..
    အရင်းရှင်ဆိုတာနဲ့.. (ဘာသာပြန်ဆရာ..ပြန်ချင်သလိုပြန်ထားတဲ့) စာတွေအရ..
    စာတွေအရ..
    ဒါပဲသိကြတာ…
    လက်တွေ့မပါ.. နိုင်ငံရေးနဲ့.. နုနယ်တဲ့အတွေ့အကြုံများနဲ့ပေါ့…။

    အခု..၂၀၁၄.. ၈၈ကနေ.. ၂၆နှစ်ကြာသော်…
    အဲဒီခေတ်ခေါင်းဆောင်တွေတော်တော်များများ.. အခုဘောင်းဘီကျွတ်ကျနေတဲ့.. အစိုးရနဲ့အတူတူအလုပ်လုပ်တဲ့သူလုပ်…။ ဒီချုပ်ထဲရှိလိုရှိ..။ ၈၈သီးသန့်အလုပ်လုပ်သူလုပ်..

    သူတို့ကို.. ယုံလို့… ရ..ပါ… ကြောင်း..နဲ့.
    အဲ..
    မယုံရတာ.. စစ်တပ်လို့.. မှတ်.. မှတ်…။ :mrgreen:

  • မင်း ခန့် ကျော်

    July 18, 2014 at 9:26 am

    ကျတော်က ဒီအတိုင်းဆက်သွားနေရင် ဒီလိုတွေကအမှန်ဖြစ်သွား
    မှာ ခေါက်ရိုးကျိုးသွာနိုင်တယ်မြင်လို့ပါ။
    ကျတော်တို့နိုင်ငံကခေါက်ရိုးကျိုးသိပ်လွယ်တာ။
    သူကြီးပြောတဲ့အစိုးရနဲ့အတူတူလုပ်သူတွေက
    ငြိမ်းချမ်းရေးစင်တာကလူတွေကိုဆိုလိုတာလား?

    ကျတော်ကတော်တော်များများကိုယုံတယ်။
    လုပ်ရပ်တွေကိုပဲ မြင်တာ ဝေဖန်တာ။
    စစ်တပ်ကတော့ ပြည်သူတွေဒီမိုစနစ်နဲ့ရင့်ကျက်မှ ထွက်သွား
    မယ်ဆိုထားလို ဒီစကားအရ မယုံရေးချမယုံ။

    • kai

      July 18, 2014 at 11:20 am

      မြန်မာပြည်ရဲ့ အဓိကပြသနာက.. အတွေးအခေါ်.. ဓလေ့..ထုံးစံတွေမှာ ရှိနေတာလို့ထင်တယ်..။
      အတွေးအခေါ်တွေရဲ့.. အမြုတေအခြေက.. ဘာသာရေး..

      ဆိုတော့..
      ယူအက်စ်က.. ဟိုအရင်ဆယ်စုနှစ်တွေက..(လူတွေအတွေးအခေါ်ကို သိသာထိန်းကျောင်းနေတယ်ထင်ရတဲ့) မြန်မာပြည်ရဲ့မီဒီယာနဲ့စာရေးဆရာတွေကို..အဓိကခေါ်တယ်..
      ပြတယ်..သင်တယ်..ပေါ့..။
      နောက်ပိုင်းနှစ်တွေမတော့.. ဘုန်းကြီးတွေ.. ယူအက်စ်ဗီဇာသာလျှောက်ပါလေ့.. အသားကုန်ပေးတာ..
      ကပ္ပိယတောင်အဆစ်ပေးသေး..။အခုတောင်.. ပိုင်းလော့ဆရာတော်ကြီးဆန်ဖရန်လေဆိပ်အဝင်.. သီတဂူဆရာတော်ကြီး.. အယ်လ်အေသွားဆေးခန်းကုသခံ..။ ပီနန်ဆရာတော်ကြီးနယူးယောက်ရောက်..။
      တိုက်ဆိုင်ချက်..။ :mrgreen:

      အဲ.. ဗိုလ်ချုပ်တွေလည်း.. ဝင်ခွင့်နဲ့ထရိန်နင်တွေ.. တိုးလို့ပေးလာသဗျ..။
      သူတို့တွေ.. ဘာလုပ်နေတယ်ဆိုတာ.. ရိပ်မိမယ်ထင်..။

      ဆိုတော့…
      လက်ဆယ်ချောင်း.. ၁ခါစာ.. နည်းနည်းလျှော့ရမလား….. လို့..။
      တင်းခံနေတာ.. လူထုသာ… ရှိတော့…။ :mrgreen:

      • မင်း ခန့် ကျော်

        July 18, 2014 at 1:33 pm

        ဟုတ်ပြီ သူကြီး သဘောပေါက်ပါပြီ။အပေါ်ပိုင်းကို။
        ##
        လူထု လူထု ဆိုတာထက်
        အွန်လိုင်းပေါ်ကလူထု လို့များ :mrgreen:

  • မင်း ခန့် ကျော်

    July 18, 2014 at 9:29 am

    ဟို ဒင်း
    July 17, 2014

    တိုက်ကြ – ခံကြ
    တိုက်သူတိုက် – ခံသူခံ
    သို့သော် – တိုက်နည်းမှားရင် – ကွိကနဲ – ဟက်ဟက်

    ဒါပဲကျတော်ဆိုလိုရင်း။
    ပြည်သူရွေးတဲ့အစိုးရမပေါ်မချင်းကျတော်က
    ဒီသဘောတွေပဲပြောမှာ။
    ပြည်သူတွေ ကွိကနဲ့ မဖြစ်စေချင်ဘူး။

    • အရီးခင်

      July 18, 2014 at 12:59 pm

      ပြည်သူ တွေ မှာ ဒါထက်ပိုပြီး များ “ကွိ ” လို့ ရနေသေးလို့လား ကိုခန့် ရယ်။
      အခု ရော ကွိ နေတာ ဟုတ်ဘူးလားရှင့်။
      ဒါထက် ပိုပြီး ကွိ ရရင်တော့ ဟိုလို နိုင်ငံ ဘဲ ဖြစ်တော့မယ်။

      • မင်း ခန့် ကျော်

        July 18, 2014 at 1:40 pm

        အရီးကတော့ သန်း၆ဝ ကိုလှေကြီးကြီးထဲထည့်ပြီး
        ပင်လယ်အော်ထဲ ဆွဲ ပစ်လိုက်မှ ။
        စဉ်းစားကြည့်ပါအနာဂါတ်ကို။

  • alinsett (gazette)

    July 18, 2014 at 10:51 am

    တာဝန်ကိုယ်စီ..ကျေဖို ့လိုသည်ပေါ့ဗျာ.. ။
    တာဝန်ကျေအောင်လုပ်ဖို ့ဆိုတာလည်း..အသိလေးက..ရှိဦးမှ… ။

    • မင်း ခန့် ကျော်

      July 18, 2014 at 2:14 pm

      ဟုတ်ပါတယ် အလင်းဆက်ရေ
      အဲဒီအသိအတွက်နဲ့အချိန်ဘယ်လောက်များ
      ပေးဆပ်ရပါလိမ့်နော်။

  • ဇီဇီ

    July 18, 2014 at 11:28 am

    နိုင်ငံရေး တက်ယောင်ကားတွေ၊ နိုင်ငံရေး သီလကြောင်တွေရဲ့ ပါးစပ်က ထွက်တဲ့ စကားတွေထဲမှာ အမုန်းဆုံး စကားလုံးက …

    “စစ်တပ်ကို စည်းရုံးနိုင်ဖို့လိုတယ်” “စစ်တပ်ကို မစည်းရုံးနိုင်ဘူး” …. စတဲ့ စကားလုံးတွေပဲ။

    .ေ-ာက်ကျိုးနဲ အဲဒီ စစ်တပ်က စည်းရုံးမှ ရမှာလား။ အဲဒီ စစ်တပ်က တိုင်းပြည်ကောင်းတာ လုပ်ဖို့ ဖွဲ့ထားတာ မဟုတ်ဘူးလား။ သူများစည်းရုံးမှ ကောင်းရမှာလား။ မစည်းရုံးရင် မကောင်းဘူးတော့ဘူးလား။

    နဂိုကတည်းက “စစ်တပ်က ကောင်းတာ လုပ်ဖို့လိုတယ်” … ဆိုတာကို အနှီ “တတ်ယောင်ကားတွေ၊ သီလကြောင်တွေ” သိဖို့ လိုပါတယ်။

    (ကိုထိုက်)
    :mrgreen:

  • ဇီဇီ

    July 18, 2014 at 11:30 am

    ပြောလိုက်ရင် … အတိုက်အခံတွေရဲ့ အပြစ်တွေကြီးပဲလိုလို … ။ အတိုက်အခံတွေ မကောင်းလို့ (သို့) ကောင်းကောင်း မလုပ်နိုင်လို့ … တိုင်းပြည်ကြီးပဲ ပျက်နေသလိုလို … မပြောင်းလဲ သလိုလို …. ။

    စစ်တပ်၊ ချိတ်ထမိန်ဝတ်တွေနဲ့ ကြံ့ဖွတ်တွေကို မစည်းရုံးတဲ့ လူတွေ နဲ့ မစည်းရုံးနိုင်တဲ့ လူတွေကပဲ အပြစ်ရှိသလိုလို …

    စစ်တပ်၊ ချိတ်ထမိန်ဝတ်တွေနဲ့ ကြံ့ဖွတ်တွေကပဲ … နိုင်ငံသား မဟုတ်သလိုလို … တာဝန် မရှိသလိုလို …

    အဲဒီ စစ်တပ်၊ ချိတ်ထမိန်ဝတ်တွေနဲ့ ကြံ့ဖွတ်တွေက … ဘာတွေလဲ။ မြန်မာနိုင်ငံသားတွေပဲ မဟုတ်ဘူးလား။ အာဏာယူထားသူတွေ မဟုတ်ဘူးလား။ သူတို့မှာ တိုင်းပြည်အတွက် တာဝန် မရှိဘူးလား။

    သူတို့က တာဝန်မကျေ၊ အကျင့်ပျက်ပြီး တိုင်းပြည် ဖျက်နေတာ … သူတို့မှာ တာဝန် မရှိဘူးလား။

    သူတို့ကို တိုင်းပြည်အတွက် ကောင်းတာ လုပ်ဖို့ ပြောရမှာလား၊ …

    သူတို့ ကောင်းတာလုပ်ဖို့ ပြောနေသူတွေကို “ေ-ာက်တင်း” ထိုင်တုပ်မှာလား …

    ခင်ဗျားတို့ ဦးနှောက်သုံး စဉ်းစားနိုင်ဖို့ပါ။

    (ကိုထိုက်)
    :mrgreen:

    • မင်း ခန့် ကျော်

      July 18, 2014 at 2:17 pm

      လူပြိန်းကြိုက်စကားတွေ

  • ဇီဇီ

    July 18, 2014 at 2:20 pm

    ဒေါ်စု နဲ့ NLD ကို မကြိုက်ရင် ၂၀၁၉-၂ဝ ကျမှ ဆော်ကြပါ။
    =====================================
    NLD ကပါတီဝင်တွေကို တောင်ပြောမြောက်ပြော မပြောကြစေချင်ပါ။ မကျေနပ်ရင် ပါတီဝင်ပြီး ကုညီဝန်းရံကြပါ။ ဒေါ်စုကကြိုဆိုမှာပါ။ သူတို့မှာ အားနည်း ချက်တွေရှိကောင်းရှိမှာပါ။ ဒါပေမဲ့သေချာတာကတော့ နှစ်ပေါင်းများစွာထောင်ကျ ကျိုးကန်း မိသားစုတွေဘဝပျက် ၊ အခုလည်း ရင်တထိတ်ထိတ်နဲ့ စိတ်မချရသေးတဲ့အနေအထားမှာ ကိုယ်ကျိုးမက်လို့ အတ္ထဇောနဲ့ ပါဝင်လှုပ်ရှားနေသူဆိုတာ အလွန်နည်းပါးမယ်လို့ယူဆပါတယ်။ နိုင်ငံအနာဂါတ်မှာ ဒေါ်စုရဲ့ခေါင်းဆောင် မှုအောင်မြင်ဖြစ်ထွန်း စေချင်လွန်းလို့ ဝန်းရံပေးနေကြ သူတွေပါ။ အဘိုးအဘွားကြီးတွေကအစ လူငယ်လေးများအထိပါပဲ ။ လူ့သဘာဝ အားနည်းမှားယွင်း မှုလေးတွေရှိနိုင်ပေမဲ့ အင်မတန်လေးစား ဖို့ကောင်းပါတယ်။ အခြား ပါတီကလူတွေဆို အဲသည်လို ကိုယ်ကျိုးမဖက်တဲ့ဖြူစင်တဲ့ စိတ်ထားနဲ့ပါဝင်ကြ လှုပ်ရှားနေကြတာပါလို့ ဘယ်သူရဲရဲဝံ့ဝံပြော နိုင်ပါသလဲ။

    ပူပူနွေးနွေးဟာသ .. လူတဦးရဲ့ စကားတခုကတော့ NLD က လူတွေ ထောင်တွင်းအတွေ့ အကြုံတွေသာ သာချင်သာမယ်တဲ့။ အတော် အောက်တန်းကျတဲ့စကားပါပဲ။ NLD က လူတွေထောင် ကျခဲ့တာ လာဘ်စားလို့ ရာဇဝတ်မှုကျူးလွန်လို့မှမဟုတ်တာ။ အမြင်ကပ်လို့ ပုဒ်မမျိုးစုံလျှောက်တပ် ခံခဲ့ရတာပဲ။ ဒါကို စော်ကားပြောဆိုတာကတော့ အင်မတန်ကို အဆင့်အတန်း မရှိ လူကြီးလူကောင်းမဆန်တာပါပဲ။ အခြားသူတွေသာ နိုင်ငံဘဏ္ဍာကို ခိုးစားနေပေမဲ့ အကာ အကွ့ယ်ပေးခံခဲ့ရ လို့ထောင်မကျခဲ့တာပါ။ အမယ်ပါသေးတယ်.. NLD ကိုထောက်ခံ သူတွေထဲမှာ နာမည်မရှိတော့သော အနုပညာရှင်များ..တဲ့။ Analysis လုပ်တာကအတော့်ကို အဆင့်မရှိ ပါလား။

    ဖြူစင်ရဲရင့်ပြတ်သား ပညာတတ် ကမ္ဘာကျော် လှပခန့်ညားတည်ကြည်တဲ့ ဒေါ်စုနဲ့ NLD ပါတီကို မြန်မာနိုင်ငံသားများဝိုင်းဝန်းထောက်ခံကြပါမှ အာဏာရှင် စနစ်က လွတ်မှာပါ။ မကောင်းရင်နောင်ကျတော့ တခါ ဆော်ကြသေးတာပေါ့။ သေချာတာက NLD သည် သေနတ်မရှိလို့ စစ်အာဏာရှင်ဘယ်တော့မှမဖြစ်နိုင်တဲ့ အတွက် မစွံခဲ့ရင် ၂၀၂ဝ မှာ ဖြုတ်ချရလွယ်မှာပါ။ ရှေ့ကလူတွေလို အရှက်မဲ့ ဆင်ခြေမျိုးစုံပေးပြီး ကုပ်ကပ်နေမှာ မဟုတ်ပါဘူး။ ဦးကုလားမုန်းတို့ပူနေတဲ့အနေအထား ဖြစ်လာရင် (၂၀၁၅-၁၉အတွင်း) ၇၈၆တွေလွှမ်းမိုးလာရင် ချကြပေါ့ ဆော်ကြပေါ့။ ခုကတည်းကတော့ တစ်တီတူးငှက်လို မိုးပေါ်ခြေထောင်အိပ်မနေကြပါနဲ့။

    စင်ကာပူတိုးတက်တာ Oxford / Cambridge တက္ကသိုလ်ဆင်း သားအဖ အုပ်ချုပ်လို့ပါ။ မြန်မာပြည်လည်း အောက်စဖို့ဒ်ဆင်း တဦး ၅ နှစ်လောက်တော့ စမ်းအုပ်ချုပ်ခွင့်ရရင်… လက်အောက်က ပညာတတ်တွေ ဝိုင်းဝန်းရင် ပြည်တွင်းက စစ်တက္ကသိုလ်ကချည်း ထွက်တဲ့သူတွေ ဦးဏှောက်ဆေးခံခဲ့ရပြီး အုပ်ချုပ်ဖျက်ဆီးခဲ့တဲ့ နှစ် (၅၀) ထက်တော့ သာမှာပါ။

    (တပ်ကလူတွေအားလုံးက်ိုစော်ကားမပြောလိုပါ။ ကျနော့် သူငယ်ချင်းတွေ လည်းအများကြီးပါ။ တကယ်နိုင်ငံချစ်စိတ်နဲ့ တပ်ထဲရောက် သွားခဲ့သူတွေ ၊ ညီကို အချင်းချင်းဆော်ရင်း သေကြေ ကျိုးကန်းသွားကြသူတွေကို ဘာပဲဖြစ်ဖြစ် သနားစာနာ လေးစားပါတယ်။ အရပ်ဘက် ပညာရပ်ဆိုင်ရာအုပ်ချုပ်ရေးဘက် ဝင်ဝင်ပြီး သေနတ်နဲ့ခြောက်စား လာဘ်စားခဲ့ သူတွေကိုဆိုလိုပါတယ်)

    (credit Min Aung Khaing)

    😀

    ခွေးလွှတ်ပါ။
    ခင်ညား စာဖတ်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်သွားနိုင်တဲ့ သူတွေ အတွက် လာလာပေးနေရတာ။
    ဟိ။
    တပ်ကို မကောင်းပြောတာ လူပြိန်းဆို စု မကောင်းပြောချင်တဲ့ရဲ့ ခေါင်းထဲက ဗလာပေါ့။
    ဟိ

    :mrgreen:

    • မင်း ခန့် ကျော်

      July 18, 2014 at 3:17 pm

      မရှင်းတာရှိရင်မေးပါ။
      ဖြေနိုင်ပါတယ်။
      ရေးထားတဲ့ဆိုလိုရင်းက အာဏာရှင်တွေအတွက်မဟုတ်။
      တိုင်းပြည်အတွက်တကယ်လုပ်မယ့်သူတွေအတွက်ပါ။
      အိုးမလုံး အုံပွင့်စရာမလိုပါ။
      အာဏာရှင်တွေထဲဒေါ်စုမပါ။nld မပါ။
      အားနည်းတယ်ထင်တဲ့အပိုင်းတွေကိုပြောတာပါ။
      nld ဗဟိုပါတီအဆင့်အစည်းအဝေးတွေမှာ ပါတီရဲ့လိုအပ်ချက်တွေ
      ကို ထောက်ပြပြောဆိုရဲတာ တယောက်ပဲရှိပါတယ်။
      ဒေါ်စုကဒါမျိုးလူတွေများများပေါ်စေချင်တာပါ။
      သူ့မျက်နှာကြည့်ပြီးခေါင်းငြိမ့်ခေါင်ခါးတွေကို သူအားမရတာကြာပြီ။
      ဒီထက်ပိုပြောရင် တိုင်းပြည်သစ္စာဖောက်ဖြစ်လိမ့်မယ်။
      မရှင်းရင်မေးပါ။
      နားမလည်ရင်မေးပါ။

  • Mr. MarGa

    July 18, 2014 at 2:44 pm

    မီဒီယာ
    အတိုက်အခံ
    အစိုးရ
    အာဏာရပါတီ
    လေလောဆယ်မြင်တာကတော့
    မီဒီယာကို ဟိုဘက်ရော ဒီဘက်ရောက ဝယ်နေကြသလား လို့ 🙄

  • မင်း ခန့် ကျော်

    July 18, 2014 at 3:06 pm

    Mr. MarGa
    July 18, 2014

    မီဒီယာ
    အတိုက်အခံ
    အစိုးရ
    အာဏာရပါတီ
    လေလောဆယ်မြင်တာကတော့
    မီဒီယာကို ဟိုဘက်ရော ဒီဘက်ရောက ဝယ်နေကြသလား လို့ 🙄

    မီဒီယာများပွပေါက်တိုးသောကာလ များလားး???
    ကျေးဇူးပါ။ တွေးစရာမို့ ကျေးဇူးပါ။

Leave a Reply