ရွှေအကြောင်းသိကောင်းစရာ 104,105,106,107

Zaw AungJuly 17, 20141min1262

ရွှေအကြောင်းသိကောင်းစရာ(104)
ရွှေဆိုင်ဖွင့်ဖို့လေ့လာနေသူတစ်ယောက်က ၁၅ ပဲရည်အထည်တွေကို မှတ်ကျောက်တိုက်ကြည့်တာအပြင်ဘယ်လိုစစ်လို့
ရသေးလဲ မေးလာပါတယ်။ ၁၅ ပဲရည်အထည်မှာ အတုတွေကမျိုးစုံရှိပါတယ် ကျွန်တော်ဆိုင်ဖွင့်စက အတုနဲ့အလဲခံခဲ့
ရတဲ့အကြောင်း စဉ် ၅၅ မှာ ရေးခဲ့ပြီးပါပြီ အတုတွေကတော့ ရွှေရည်စိမ်အတု အပေါ်ကရွှေ အောက်ကကြေးနဲ့လုပ်ထား
တဲ့အတု အဲဒါကိုထပ်ထည် လို့ခေါ်ကြတယ်။ လက်ကောက်အပွတွေမှာ အထဲမှာကြေးချောင်းထည့်ထားတဲ့အတု
လက်စွပ်တွေမှာ မှတ်တိုက်လို့ရတဲ့နေရာကရွှေ မရတဲ့နေရာကကြေးနဲ့လုပ်ထားတဲ့အတု ဆွဲကြိုးတွေမှာ
တစ်လက်မနှစ်လက်မလောက် ကြေးနဲ့လုပ်ထားတဲ့အတု အမျိုးစုံရှိပါတယ်။ အဓိကစစ်ဆေးတာကတော့ မှတ်ကျောက်
တိုက်ကြည့်တာပါပဲ လက်ကောက်တွေဆို မှန်ပေါ်ပစ်ချကြည့်ပြီး အသံနားထောင်ကြည့်ရတယ် မသင်္ကာရင်ကတ်ကြေးနဲ့
ညှပ်ကြည့်ရတာပေါ့။ အကျစ်ထည်တွေဆိုရင်တော့လွယ်တယ် density စမ်းတဲ့စက်နဲ့စမ်းလိုက်ရုံပဲ (စဉ် 105 သို့)
ရွှေအကြောင်းသိကောင်းစရာ(105)
(စဉ် 104 မှအဆက်)
density စမ်းတဲ့စက်တွေလဲ အမျိုးအစားအမျိုးမျိုး ကုမ္မဏီအမျိုးမျိုးကထုတ်တာတွေ ရှိပါတယ် ဈေးနှုန်းတွေကလဲ
သုံးသိန်းကျော်ကနေ ဆယ်သိန်းကျော်အထိရှိပါတယ်လူသိများတာကတော့ AD, Shinpo, Shimadzu တံဆိပ်ပါ
ပဲ စိတ်ဝင်စားရင် သူတို့ကုမ္မဏီတွေကိုဖုံးဆက်စုံစမ်းလို့ရပါတယ် အသေးစိတ်ရှင်းပြပါတယ်။နောက်တစ်ခုမေးထားတာက
အပွထည်ကိုရွှေရည်စမ်းလို့ရတဲ့ စက်အကြောင်းပါအဲဒီကုမ္မဏီတွေမှာ စုံစမ်းလို့ရမှာပါ ကျွန်တော်သိရသလောက်ကတော့
အဲဒီစက်တွေကဈေးတော်တော်မြင့်ပါတယ်။ ရွှေကိုလေဆာနဲ့ထောက်ပြီး ရွှေပါဝင်မှုနှုန်းကို ဖော်ပြတယ်လို့ဆိုပါတယ်
အထဲမှာကြေးချောင်းထည့်ထားတာမျိုးကို စမ်းနိုင်မစမ်းနိုင်မသိပါဘူး။ ရွှေဆိုင်တော်တော်များများပြင်ပရွှေမဝယ်ပါဘူး
ပထမအချက်က သူခိုးရွှေဖြစ်မှာစိုးလို့ပါ (စဉ် ၁၅ မှာရေးပြီးပါပြီ) ဒုတိယအချက်ကတော့အတုဖြစ်မှာစိုးလို့ပါ
(စဉ် 106 သို့)
ရွှေအကြောင်းသိကောင်းစရာ(106)
(စဉ် 105 မှအဆက်)
အတုမှားဝယ်မိတာက ကိုယ်ငွေကြေးဆုံးရှုံးရုံပဲရှိမယ်။ သူခိုးရွှေဝယ်မိရင် သူခိုးကိုဖမ်းမိသွားတဲ့အခါ ပစ္စည်းအသိမ်းခံရရုံ
တင်မက သူခိုးလက်ခံအမှုနဲ့ပါ အဖမ်းခံရတတ်တယ်။ အဲလိုအဖမ်းမခံရအောင် ပေးရကမ်းရနဲ့ ထပ်ကုန်တယ်။
ကိုယ့်ဆိုင်က ဝယ်သွားတဲ့ရွှေပဲ ကိုယ်ပြန်ဝယ်တာ အကောင်းဆုံးပါပဲ။ နောက်တစ်ခုမေးထားတာက ရွှေဆိုင်ဖွင့်ချင်တယ်
ရွှေအကြောင်းနားလည်ချင်တယ် ဘယ်မှာရွှေသင်တန်းတက်ရမလဲတဲ့ ရွှေသင်တန်းအကြောင်း စဉ် ၃၅ မှာရေးပြီးပါပြီ
ရွှေသင်တန်းကြော်ငြာတွေ သတင်းစာမှာပါတတ်ပါတယ် တွေ့ရင်ဖုံးဆက်စုံစမ်းလို့ရပါတယ်။ အခမဲ့သင်တန်းပေးတာ
ကတော့ ရန်ကုန်တိုင်းရွှေကုန်သည်များအသင်းမှာရှိပါတယ်။ ရွှေဘုံသာလမ်းမှာပါ လာစုံစမ်းလို့ရပါတယ်။ နာမည်ကြီး
ရွှေဆိုင်တစ်ဆိုင်ကလဲအရင်က အခမဲ့ရွှေသင်တန်းတွေပေးခဲ့ပါတယ်။ နောက်ထပ် ပေးမပေးတော့မသိတော့ပါဘူး။
(စဉ် 107 သို့)
ရွှေအကြောင်းသိကောင်းစရာ(107)
(စဉ် 106 မှအဆက်)
ဘယ်သင်တန်းတက်ရမလဲလို့ မေးလာရင်တော့ကိုယ်နဲ့အဆင်ပြေတဲ့သင်တန်းသာတက်ပါ တစ်ခုနဲ့တစ်ခုသိပ်မကွာပါဘူး
ကျွန်တော်အခုရေးနေတဲ့ ရွှေအကြောင်းသိကောင်းစရာ (၁) ကနေအခုအထိရေးခဲ့တဲ့ ဟာတွေကိုပဲ သင်ပြပြောပြမှာပါ။
Tate Sein Gold Shop page ထဲက notes ထဲမှာအစအဆုံးရှိပါတယ် ဝင်ဖတ်ကြည့်လို့ရပါတယ်။ အဲဒါတွေအားလုံးဟာ
ကျွန်တော်သင်တန်းတက်လို့ သိခဲ့တာတွေမဟုတ်ပါဘူး ဒီလိုပဲလုပ်ရင်းကိုင်ရင်း ခံလိုက်ရရင်းနဲ့ သိလာခဲ့တာတွေ
ကိုယ့်ထက်ဝါရင့်သူတွေ ပြောပြတာတွေ ကနေသိလာခဲ့တာတွေပါ။တကယ်ရွှေဆိုင်ဖွင့်ချင်တယ်ဆိုရင်တော့
ကျွန်တော်အကြံပေးချင်တာကလက္ကားပေးတဲ့ရွှေဆိုင်တစ်ဆိုင်ကို သွားလိုက်ပါ ကျွန်တော့်ဆိုင်လာလည်းရပါတယ်
ကြိုဆိုပါတယ် ဘယ်ရွှေဆိုင်မဆိုကြိုဆိုမှာပါ သူရောင်းရတော့မှာကိုး ရွှေဆိုင်ဖွင့်ချင်တဲ့အကြောင်းပြောပြပါ။
ဘာအကူအညီပေးနိုင်လဲမေးပါ စိတ်တိုင်းမကျသေးရင် နောက်တစ်ဆိုင်ထပ်ဝင်ပါ။ (စဉ် 108 သို့)

2 comments

  • အရီးခင်

    July 17, 2014 at 10:43 pm

    ရွှေကို ငရဲမီး တို့ပြီး အတု အစစ် ခွဲလို့ ရတယ် ဆိုတာ ဟုတ်လားရှင့်။
    အက်စစ်မှာ စိမ်လိုက်တာကို ပြောတာလား။
    ဗဟုသုတလေးတွေ အတွက် ကျေးဇူးပါ။

    • Zaw Aung

      July 18, 2014 at 6:35 am

      မှတ်ကျောက်မှာ တိုက်ပြီး မှတ်ရာပေါ်မှာ ငရဲမီး အစက်ချကြည့်ရပါတယ်

Leave a Reply