အရေးအကြီးဆုံးအရာ

Pye Kun ZawJuly 18, 20141min680

ယနေ့ခေတ်လူတွေ အဓိကလက်ခံထားသော ဘာသာတရား၄မျိုးစလုံး မတူတာတွေရှိသလို တူတာတွေလည်းရှိပါတယ်။ အဲ့ဒီတူတာတွေနဲ့တင် ဘာသာအားလုံးအတူတကွ အေးအေးချမ်းချမ်နေထိုင်လို့ ရပါတယ်။ ဒီလိုတူညီတဲ့အချက်တွေအားလုံးဟာ ဘာသာတိုင်းရဲ့အခြေခံမရှိ မဖြစ်အချက်တွေထဲမှာပါပါတယ်။ ဗုဒ္ဓဘာသာမှာဆို ခါးဝတ်ပုဆိုးလိုအမြဲဆောင်ထားရမယ့် ငါးပါးသီလဟာ အခြားဘာသာတွေမှာလည်း အခြေခံတရားတွေဘဲဖြစ်ပါတယ်။ ဥပမာဘာသာတစ်ခုနှင့်တစ်ခု သူ့အသက်သတ်တာ(ပါဏာတိပါတာကံ)ကို လူ၊တိရိစ္ဆာန်၊အပင်စတာတွေပေါ်မှာ ယူဆပုံခြင်းကွဲပြားကြပေမယ့် အားလုံးတူတာလူ့အသတ်ကိုသတ်ရင် အပြစ်ရှိတာပါ။ အစွန်းရောက်တွေကိုတော့ ထည့်မတွက်ထားပါဘူး။ နောက်ခိုးမှု၊ကာမကျူးလွန်မှု စတဲ့မကောင်းမှုတွေအားလုံး ဘာသာအားလုံးက မလုပ်ဖို့တားမြစ်ထားပါတယ်။ ဘာသာတရားတွေကွဲပြားသွားတာက နိဗ္ဗာန်(ထာဝရချမ်းသာဘုံ)ကိုရောက်ဖို့ နည်းလမ်းတွေ နိဗ္ဗာန်ရဲ့ယူဆပုံတွေမတူကြတာပါ။ ဒါကနောက်ဘဝ(သေသည်၏အခြားမဲ့) အတွက်သာဖြစ်ပါတယ်။ ယခုဘဝအတွက်တော့ ဘာသာမတူတဲ့သူတွေဟာ မိမိဘာသာအခြေခံတရားတွေကို စောင့်ထိန်းရုံမျှနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လို့ရကိုရပါတယ်။ ဒီအခြေခံတရားတွေကို် မစောင့်ထိန်းနိုင်ရင် ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင် မိမိဘာသာကယူဆတဲ့နိဗ္ဗာန်ကိုဘယ်လိုနည်းနှင့်မှ မရောက်နိုင်ပါ။ မူလတန်းမအောင်တဲ့သူက ဘွဲ့ရဖို့မဖြစ်နိုင်သလိုပါ။ ဒါပေမယ့်အခုအခြေအနေမှာ ဘာသာမတူတာကိုဘဲ အပြစ်မြင်ပြီး တစ်ဘာသာနှင့်တစ်ဘာသာ ရန်ဖြစ်သတ်ဖြတ်ကြမယ်ဆို အခြေခံတရားတွေပါပျက်ယွင်းပြီး မိမိတို့ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင်နိဗ္ဗာန်ကို ဘယ်လိုမှမရောက်နိုင်ပါ။ မိမိလက်ခံထားတဲ့ဘာသာဟာ မိမိအတွက်တော့ အမှန်ချည်းပါဘဲ။ ဥပမာနိဗ္ဗာန်အစစ်အမှန်ဆိုတာ မိမိဘာသာယူဆထားပုံလက်ခံထားပုံအတိုင်း ဖြစ်နေမယ်ဆို မိမိလက်ခံထားတဲ့ဘာသာက လမ်းညွှန်မြေပုံပါဘဲ။ အဲ့ဒီတော့မိမိဘာသာတရားက ချမှတ်ထားတဲ့လမ်းအတိုင်းသွားယုံပေါ့။ အဲ့ဒီလိုဘဲ အခြားဘာသာဝင်တွေကလည်း သူတို့လက်ခံထားသလိုသွားကြပါတယ်။ သူတို့လမ်းမှားနေတယ်ဆိုပါစို့။ သဘောကောင်းတဲ့သူဆို မိမိလိုဘဲလမ်းမှန်သွားဖြစ်အောင် ဖိတ်ခေါ်လိမ့်ပါမယ်။ ဒါပေမယ့်အဓိကအလုပ်ကမိမိလမ်းဆုံးရောက်ဖို့ပါ။ အခြားသူကမိမိဖိတ်ခေါ်တာလက်မခံဘူးဆို အချိန်ကုန်ခံဖို့မသင့်ပါဘူး။ နိဗ္ဗာန်ကိုသုံးမကုန်နိုင်တဲ့ လိုတရရွှေငွေကျောက်သံပတ္တမြားတောင်ကြီးလို့ ဥပမာပေးရင် အဲ့ဒီဆီကိုအရောက်သွားဖို့အဓိကပါ။ လမ်းမှားနေတဲ့သူကို အတင်းအဓမ္မ မိမိသွားတဲ့လမ်းသွားပါဟဲ့လို့ ဆွဲခေါ်နေမယ် သူကလည်းမလိုက်ချင်ဘဲ သူသွားတဲ့လမ်းကသာအမှန်လို့ အငြင်းပွားရင် တစ်ယောက်နှင့်တစ်ယောက်ထိုးကြကျိတ်ကြရင်း အချိန်ကုန်မယ်ဆို မိမိအတွက်အလွန်နှမြောဖို့ကောင်းပါတယ်။ အပြင်မှာသာအဲ့ဒီလို ရွှေငွေကျောက်သံပတ္တမြားတောင်ကြီးကို မြင်ရလို့ရှိရင် မိမိလမ်းမှန်ပြတာကိုမလိုက်ဘဲ လမ်းမှားသွားနေတဲ့သူကို ဘယ်သူမှစိတ်ဆိုးရန်ဖြစ်နေမှာမဟုတ်ပါဘူး။

အခြားဘာသာတွေကိုတော့မသိပေမယ့် ဗုဒ္ဓဘာသာအဖြစ်ကိုရဖို့ (လမ်းမှန်ကိုသိဖို့) သံသရာမှာလည်ပတ်ခဲ့သော အချိန်များနှင့်ယှဉ်ပါက ဘယ်လောက်ခက်ခဲသလဲဆိုတာကို ပြေပြလိုပါတယ်။ ကမ္ဘာ၄အသင်္ချေနှင့်တစ်သိန်းအတွင်း ဗုဒ္ဓမြတ်စွာဘုရား ၂၈ဆူသာပွင့်ခဲ့လေသည်။ ဘုရားတစ်ဆူ၏သတ်တမ်းမှာလည်း နှစ်တစ်သိန်း တစ်သောင်း နှစ်သောင်း တစ်ရာစသဖြင့်ကွဲပြားကြရာ သာသနာ့၏သက်တမ်းသည်လည်း နှစ်တစ်သိန်းတမ်းလိုကာလရှည်ကြာသောသက်တမ်းတွင် ဘုရားပရိနိဗ္ဗာန်စံဝင်သည်နှင့် သာသနာလည်းကွယ်လေသည်။ ယခုဂေါတမမြတ်စွာဘုရားလို သက်တမ်းတိုပါက ဘုရားပရိနိဗ္ဗာန်စံဝင်ပြီးနောက်သာသနာချန်ခဲ့လေသည်။ သို့သော်လည်းသာသနာ၏သက်တမ်းမှာ အနှစ်ငါးထောင်လို့ဆိုကြပေသည်။ လွန်ရောကျွံရောတွက်မှ ဘုရားတစ်ဆူကို နှစ်တစ်သိန်းသာသနာပြုပါက ကမ္ဘာ၄အသင်္ချေနှင့်တစ်သိန်းအတွင်း နှစ်ပေါင်း၂သန်း၈သိန်းသာ သာသနာနှင့်ကြုံကြိုက်ခွင့်ရရပေသည်။ ကမ္ဘာ၄အသင်္ချေနှင့်တစ်သိန်းဆိုသည်မှာ ဘယ်လိုတွက်ရသနည်း။ တစ်အသင်္ချေဆို်သည်မှာ မရေမတွက်နိုင်အောင်များသောဂဏန်းပင်ဖြစ်သည်။ အနီးစပ်ဆုံးပြရသော်တစ်ချိူ့က တစ်အနောက်မှာသုည၁၄လုံးဖြင့် ပြောကြပါသည်။ ထိုပမာဏအထိ တစ်ကနေစလို့ ရေတွက်လျှင်ပင်အသက်သာဆုံးမည် မပြီးဆုံးနိုင်ပါဟုဆိုရပေမည်။ ထိုမျှလောက်များသောအရေအတွက်ရှိသည့် ၄အသင်္ချေနှင့်တစ်သိန်းပုံတစ်ပုံဖြစ်သော တစ်ကမ္ဘာဆိုသည်မှာကော ဘယ်လောက်ကြာပါသနည်း။ တစ်ကမ္ဘာဟုဆိုလိုက်လျှင် ကမ္ဘာပျက်ဆဲကိုမဟာကပ်တစ်ခု ပျက်ပြီးအတိုင်းနေဆဲကိုမဟာကပ်တစ်ခု ကမ္ဘာဖြစ်ဆဲကိုမဟာကပ်တစ်ခု ကမ္ဘာဖြစ်ပြီးယခုလူသားအပါအဝင်သက်ရှိတို့ နေထိုင်နိုင်သောကာလကိုမဟာကပ်တစ်ခု ၄ပုံပုံလိုက်သော်၁ပုံထပ်ထွက်လာသည်။ ထိုမှတဖန် မဟာကပ်တစ်ခုကို အန္တရကပ်၆၄ကပ်ရှိသေးသည်။ ထို့ကြောင့်နောက်ထပ်၆၄ပုံတစ်ပုံထပ်ပုံ ရပေအုံးမည်။ အန္တရကပ်တစ်ကပ်ဆိုသည်မှာ လူ့တို့၏သက်တမ်းအနိုမ့်ဆုံးဆယ်နှစ်ကနေ အမြင့်ဆုံးအသချေင်္နှစ်အထိ အနှစ်တစ်ရာမှာတစ်နှစ်စီတိုးသွားခြင်းနှင့် ထိုမှတစ်ဖန်ဆယ်နှစ်တမ်းအထိ ပြန်ဆုတ်သွားခြင်းကိုခေါ်ပါသည်။ ယခုကာလမှဆုတ်နေသည်ကာလဖြစ်ပါသည်။ ဂေါတမဘုရားလက်ထက်က အနှစ်တရာတမ်းဖြစ်ပြီး ယခုသာသနာနှစ် ၂၅၀ဝကျော်လာတာကြောင့် တစ်ရာမှ၂၅နှစ်နုတ်ပါက ၇၅နှစ်ကျန်ပေမည်။ သဘာဝဘေးအန္တရယ်၊စစ်ပွဲစတာတွေကြောင့် သေတာတွေမပါဘူးဆိုရင် ယနေ့ခေတ်လူတစ်ယောက် ပျမ်းမျှနေနိုင်တဲ့သက်တမ်းဟာလည်း ထိုဝန်းကျင်ရှိပါသည်။ ဒါကြောင့် ၁ဝကနေပြီး အသချေင်္အထိ နှစ်ရာကြာတိုင်း၁တိုးတိုးပြီးရေ နောက်အသချေင်္ကနေ ၁ဝအထိ၁လျော့လျော့ပြီးရေပါက အကြမ်းဖျင်း ၁၀၀*အသချေင်္*အသချေင်္ နှစ်ကြာပါလိမ့်မည်။ သို့ပေသောကြောင့် ၄အသင်္ချေနှင့်တစ်သိန်းပုံတစ်ပုံ၏ ၄ပုံပုံ၁ပုံ နောက်ထပ်၆၄ပုံတစ်ပုံဖြစ်သော နှစ်ပေါင်းအသချေင်္ရဲ့အသချေင်္ နောက်ထပ်အဆတရာကြာပါလေသောနှစ်၏ ၂သန်း၈သိန်းမျှသော အလွန်တရာနည်းပါးလှသည် အခွင့်အရေးရသောအချိန်လေးမှာ ဗုဒ္ဓဘာသာရဲ့အခြေခံငါးပါးသီလကိုစောင့်ထိန်းရင် နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာတရား(ဗုဒ္ဓမြတ်စွာဘုရားပွင့်မှရသော)ကိုသာ အားထုတ်သင့်ပေသည်။