အရေးအကြီးဆုံးအရာ

Pye Kun ZawJuly 18, 20141min1697

ယနေ့ခေတ်လူတွေ အဓိကလက်ခံထားသော ဘာသာတရား၄မျိုးစလုံး မတူတာတွေရှိသလို တူတာတွေလည်းရှိပါတယ်။ အဲ့ဒီတူတာတွေနဲ့တင် ဘာသာအားလုံးအတူတကွ အေးအေးချမ်းချမ်နေထိုင်လို့ ရပါတယ်။ ဒီလိုတူညီတဲ့အချက်တွေအားလုံးဟာ ဘာသာတိုင်းရဲ့အခြေခံမရှိ မဖြစ်အချက်တွေထဲမှာပါပါတယ်။ ဗုဒ္ဓဘာသာမှာဆို ခါးဝတ်ပုဆိုးလိုအမြဲဆောင်ထားရမယ့် ငါးပါးသီလဟာ အခြားဘာသာတွေမှာလည်း အခြေခံတရားတွေဘဲဖြစ်ပါတယ်။ ဥပမာဘာသာတစ်ခုနှင့်တစ်ခု သူ့အသက်သတ်တာ(ပါဏာတိပါတာကံ)ကို လူ၊တိရိစ္ဆာန်၊အပင်စတာတွေပေါ်မှာ ယူဆပုံခြင်းကွဲပြားကြပေမယ့် အားလုံးတူတာလူ့အသတ်ကိုသတ်ရင် အပြစ်ရှိတာပါ။ အစွန်းရောက်တွေကိုတော့ ထည့်မတွက်ထားပါဘူး။ နောက်ခိုးမှု၊ကာမကျူးလွန်မှု စတဲ့မကောင်းမှုတွေအားလုံး ဘာသာအားလုံးက မလုပ်ဖို့တားမြစ်ထားပါတယ်။ ဘာသာတရားတွေကွဲပြားသွားတာက နိဗ္ဗာန်(ထာဝရချမ်းသာဘုံ)ကိုရောက်ဖို့ နည်းလမ်းတွေ နိဗ္ဗာန်ရဲ့ယူဆပုံတွေမတူကြတာပါ။ ဒါကနောက်ဘဝ(သေသည်၏အခြားမဲ့) အတွက်သာဖြစ်ပါတယ်။ ယခုဘဝအတွက်တော့ ဘာသာမတူတဲ့သူတွေဟာ မိမိဘာသာအခြေခံတရားတွေကို စောင့်ထိန်းရုံမျှနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လို့ရကိုရပါတယ်။ ဒီအခြေခံတရားတွေကို် မစောင့်ထိန်းနိုင်ရင် ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင် မိမိဘာသာကယူဆတဲ့နိဗ္ဗာန်ကိုဘယ်လိုနည်းနှင့်မှ မရောက်နိုင်ပါ။ မူလတန်းမအောင်တဲ့သူက ဘွဲ့ရဖို့မဖြစ်နိုင်သလိုပါ။ ဒါပေမယ့်အခုအခြေအနေမှာ ဘာသာမတူတာကိုဘဲ အပြစ်မြင်ပြီး တစ်ဘာသာနှင့်တစ်ဘာသာ ရန်ဖြစ်သတ်ဖြတ်ကြမယ်ဆို အခြေခံတရားတွေပါပျက်ယွင်းပြီး မိမိတို့ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင်နိဗ္ဗာန်ကို ဘယ်လိုမှမရောက်နိုင်ပါ။ မိမိလက်ခံထားတဲ့ဘာသာဟာ မိမိအတွက်တော့ အမှန်ချည်းပါဘဲ။ ဥပမာနိဗ္ဗာန်အစစ်အမှန်ဆိုတာ မိမိဘာသာယူဆထားပုံလက်ခံထားပုံအတိုင်း ဖြစ်နေမယ်ဆို မိမိလက်ခံထားတဲ့ဘာသာက လမ်းညွှန်မြေပုံပါဘဲ။ အဲ့ဒီတော့မိမိဘာသာတရားက ချမှတ်ထားတဲ့လမ်းအတိုင်းသွားယုံပေါ့။ အဲ့ဒီလိုဘဲ အခြားဘာသာဝင်တွေကလည်း သူတို့လက်ခံထားသလိုသွားကြပါတယ်။ သူတို့လမ်းမှားနေတယ်ဆိုပါစို့။ သဘောကောင်းတဲ့သူဆို မိမိလိုဘဲလမ်းမှန်သွားဖြစ်အောင် ဖိတ်ခေါ်လိမ့်ပါမယ်။ ဒါပေမယ့်အဓိကအလုပ်ကမိမိလမ်းဆုံးရောက်ဖို့ပါ။ အခြားသူကမိမိဖိတ်ခေါ်တာလက်မခံဘူးဆို အချိန်ကုန်ခံဖို့မသင့်ပါဘူး။ နိဗ္ဗာန်ကိုသုံးမကုန်နိုင်တဲ့ လိုတရရွှေငွေကျောက်သံပတ္တမြားတောင်ကြီးလို့ ဥပမာပေးရင် အဲ့ဒီဆီကိုအရောက်သွားဖို့အဓိကပါ။ လမ်းမှားနေတဲ့သူကို အတင်းအဓမ္မ မိမိသွားတဲ့လမ်းသွားပါဟဲ့လို့ ဆွဲခေါ်နေမယ် သူကလည်းမလိုက်ချင်ဘဲ သူသွားတဲ့လမ်းကသာအမှန်လို့ အငြင်းပွားရင် တစ်ယောက်နှင့်တစ်ယောက်ထိုးကြကျိတ်ကြရင်း အချိန်ကုန်မယ်ဆို မိမိအတွက်အလွန်နှမြောဖို့ကောင်းပါတယ်။ အပြင်မှာသာအဲ့ဒီလို ရွှေငွေကျောက်သံပတ္တမြားတောင်ကြီးကို မြင်ရလို့ရှိရင် မိမိလမ်းမှန်ပြတာကိုမလိုက်ဘဲ လမ်းမှားသွားနေတဲ့သူကို ဘယ်သူမှစိတ်ဆိုးရန်ဖြစ်နေမှာမဟုတ်ပါဘူး။

အခြားဘာသာတွေကိုတော့မသိပေမယ့် ဗုဒ္ဓဘာသာအဖြစ်ကိုရဖို့ (လမ်းမှန်ကိုသိဖို့) သံသရာမှာလည်ပတ်ခဲ့သော အချိန်များနှင့်ယှဉ်ပါက ဘယ်လောက်ခက်ခဲသလဲဆိုတာကို ပြေပြလိုပါတယ်။ ကမ္ဘာ၄အသင်္ချေနှင့်တစ်သိန်းအတွင်း ဗုဒ္ဓမြတ်စွာဘုရား ၂၈ဆူသာပွင့်ခဲ့လေသည်။ ဘုရားတစ်ဆူ၏သတ်တမ်းမှာလည်း နှစ်တစ်သိန်း တစ်သောင်း နှစ်သောင်း တစ်ရာစသဖြင့်ကွဲပြားကြရာ သာသနာ့၏သက်တမ်းသည်လည်း နှစ်တစ်သိန်းတမ်းလိုကာလရှည်ကြာသောသက်တမ်းတွင် ဘုရားပရိနိဗ္ဗာန်စံဝင်သည်နှင့် သာသနာလည်းကွယ်လေသည်။ ယခုဂေါတမမြတ်စွာဘုရားလို သက်တမ်းတိုပါက ဘုရားပရိနိဗ္ဗာန်စံဝင်ပြီးနောက်သာသနာချန်ခဲ့လေသည်။ သို့သော်လည်းသာသနာ၏သက်တမ်းမှာ အနှစ်ငါးထောင်လို့ဆိုကြပေသည်။ လွန်ရောကျွံရောတွက်မှ ဘုရားတစ်ဆူကို နှစ်တစ်သိန်းသာသနာပြုပါက ကမ္ဘာ၄အသင်္ချေနှင့်တစ်သိန်းအတွင်း နှစ်ပေါင်း၂သန်း၈သိန်းသာ သာသနာနှင့်ကြုံကြိုက်ခွင့်ရရပေသည်။ ကမ္ဘာ၄အသင်္ချေနှင့်တစ်သိန်းဆိုသည်မှာ ဘယ်လိုတွက်ရသနည်း။ တစ်အသင်္ချေဆို်သည်မှာ မရေမတွက်နိုင်အောင်များသောဂဏန်းပင်ဖြစ်သည်။ အနီးစပ်ဆုံးပြရသော်တစ်ချိူ့က တစ်အနောက်မှာသုည၁၄လုံးဖြင့် ပြောကြပါသည်။ ထိုပမာဏအထိ တစ်ကနေစလို့ ရေတွက်လျှင်ပင်အသက်သာဆုံးမည် မပြီးဆုံးနိုင်ပါဟုဆိုရပေမည်။ ထိုမျှလောက်များသောအရေအတွက်ရှိသည့် ၄အသင်္ချေနှင့်တစ်သိန်းပုံတစ်ပုံဖြစ်သော တစ်ကမ္ဘာဆိုသည်မှာကော ဘယ်လောက်ကြာပါသနည်း။ တစ်ကမ္ဘာဟုဆိုလိုက်လျှင် ကမ္ဘာပျက်ဆဲကိုမဟာကပ်တစ်ခု ပျက်ပြီးအတိုင်းနေဆဲကိုမဟာကပ်တစ်ခု ကမ္ဘာဖြစ်ဆဲကိုမဟာကပ်တစ်ခု ကမ္ဘာဖြစ်ပြီးယခုလူသားအပါအဝင်သက်ရှိတို့ နေထိုင်နိုင်သောကာလကိုမဟာကပ်တစ်ခု ၄ပုံပုံလိုက်သော်၁ပုံထပ်ထွက်လာသည်။ ထိုမှတဖန် မဟာကပ်တစ်ခုကို အန္တရကပ်၆၄ကပ်ရှိသေးသည်။ ထို့ကြောင့်နောက်ထပ်၆၄ပုံတစ်ပုံထပ်ပုံ ရပေအုံးမည်။ အန္တရကပ်တစ်ကပ်ဆိုသည်မှာ လူ့တို့၏သက်တမ်းအနိုမ့်ဆုံးဆယ်နှစ်ကနေ အမြင့်ဆုံးအသချေင်္နှစ်အထိ အနှစ်တစ်ရာမှာတစ်နှစ်စီတိုးသွားခြင်းနှင့် ထိုမှတစ်ဖန်ဆယ်နှစ်တမ်းအထိ ပြန်ဆုတ်သွားခြင်းကိုခေါ်ပါသည်။ ယခုကာလမှဆုတ်နေသည်ကာလဖြစ်ပါသည်။ ဂေါတမဘုရားလက်ထက်က အနှစ်တရာတမ်းဖြစ်ပြီး ယခုသာသနာနှစ် ၂၅၀ဝကျော်လာတာကြောင့် တစ်ရာမှ၂၅နှစ်နုတ်ပါက ၇၅နှစ်ကျန်ပေမည်။ သဘာဝဘေးအန္တရယ်၊စစ်ပွဲစတာတွေကြောင့် သေတာတွေမပါဘူးဆိုရင် ယနေ့ခေတ်လူတစ်ယောက် ပျမ်းမျှနေနိုင်တဲ့သက်တမ်းဟာလည်း ထိုဝန်းကျင်ရှိပါသည်။ ဒါကြောင့် ၁ဝကနေပြီး အသချေင်္အထိ နှစ်ရာကြာတိုင်း၁တိုးတိုးပြီးရေ နောက်အသချေင်္ကနေ ၁ဝအထိ၁လျော့လျော့ပြီးရေပါက အကြမ်းဖျင်း ၁၀၀*အသချေင်္*အသချေင်္ နှစ်ကြာပါလိမ့်မည်။ သို့ပေသောကြောင့် ၄အသင်္ချေနှင့်တစ်သိန်းပုံတစ်ပုံ၏ ၄ပုံပုံ၁ပုံ နောက်ထပ်၆၄ပုံတစ်ပုံဖြစ်သော နှစ်ပေါင်းအသချေင်္ရဲ့အသချေင်္ နောက်ထပ်အဆတရာကြာပါလေသောနှစ်၏ ၂သန်း၈သိန်းမျှသော အလွန်တရာနည်းပါးလှသည် အခွင့်အရေးရသောအချိန်လေးမှာ ဗုဒ္ဓဘာသာရဲ့အခြေခံငါးပါးသီလကိုစောင့်ထိန်းရင် နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာတရား(ဗုဒ္ဓမြတ်စွာဘုရားပွင့်မှရသော)ကိုသာ အားထုတ်သင့်ပေသည်။

7 comments

  • နှူးဘာ မိဂီ

    July 18, 2014 at 1:19 pm

    သဂျင်းမီး လာတော့မယ် မကြာခင်…
    သူက ဒါမိုး စောင့်နေဒါ…

    :mrgreen:

    • ဇီဇီ

      July 18, 2014 at 1:22 pm

      ပြောမို့ ပြောမို့။
      အောက်ဆုံး တစ်ကြောင်းကို မဟုတ်ကြောင်း လာပြောလိမ့်မယ်။
      ငိ

      :mrgreen:

        • surmi

          July 18, 2014 at 1:54 pm

          သဂျီးလား ?
          ဟွင်းးး ဟွင်းးးး :mrgreenn:

  • kai

    July 18, 2014 at 1:55 pm

    ဗုဒ္ဓဘာသာမှာဆို ခါးဝတ်ပုဆိုးလိုအမြဲဆောင်ထားရမယ့် ငါးပါးသီလဟာ အခြားဘာသာတွေမှာလည်း အခြေခံတရားတွေဘဲဖြစ်ပါတယ်။

    အဟမ်း…
    ငါးပါးသီလဆိုတာ.. ဗုဒ္ဓဘာသာမပေါ်ခင်ကတည်းက.. အိနိ္ဒယမှာရှိနေတာဖြစ်ကြောင်းနဲ့..
    အဲဒီခေတ်ကလူတွေ.. သချင်္ာမတွက်တတ်သေး..။ စာအရေးအသား..မရှိသေး..။
    သုံည(zero) မရှိသေး…
    ဆိုတော့..

    အန္တရကပ်တစ်ကပ်ဆိုသည်မှာ လူ့တို့၏သက်တမ်းအနိုမ့်ဆုံးဆယ်နှစ်ကနေ အမြင့်ဆုံးအသချေင်္နှစ်အထိ အနှစ်တစ်ရာမှာတစ်နှစ်စီတိုးသွားခြင်းနှင့် ထိုမှတစ်ဖန်ဆယ်နှစ်တမ်းအထိ ပြန်ဆုတ်သွားခြင်းကိုခေါ်ပါသည်။ ယခုကာလမှဆုတ်နေသည်ကာလဖြစ်ပါသည်။ ဂေါတမဘုရားလက်ထက်က အနှစ်တရာတမ်းဖြစ်ပြီး ယခုသာသနာနှစ် ၂၅၀ဝကျော်လာတာကြောင့် တစ်ရာမှ၂၅နှစ်နုတ်ပါက ၇၅နှစ်ကျန်ပေမည်


    အိနိ္ဒယမှာသုံညဆိုတာကနေ.. ၁၀၊၁၀၀။၁၀၀၀။စသဖြင့်တွက်တတ်သွားတာက.. ဂေါတမဘုရားပရိနိဗ္ဗာန်ပြုပြီးနှစ်၁၀၀ဝကျော်ကြာမှပါဗျ…။
    စကား.. စကားများ… ဘဝပုံပြီး.. မယုံစေလို…။

    နောက်တာပါ..။ယုံချင်လည်းယုံပေါ့ဗျာ…
    တကယ်တော့လေးသချေင်္ကမ္ဘာတသိန်းထဲက.. ကမ္ဘာတခုဆိုတာက..
    ၄ဂဏန်းကို..ဖက်တိုရီယယ် ၆ထားပြီး စကွဲယားတင်..။ အဲဒီထဲ.. ပါမြူတေးရှင်း ၆နဲ့ထား..။ ၆ကို.. ကွန်ဘိုင်နေးရှင်း ၃နှုတ်ပြီး.. ၄နဲ့မြောက်တာကို.. ဖက်တိုရီရယ် ၆ရထားတဲ့ဟာနဲ့ပေါင်း..။
    ၈၇.၅၄ နဲ့မြောက်ပြီး.. မိုင်းနပ် ၃၂ရဲ့ ဖက်တိုရီရယ် ၂နှုတ်တာနဲ့ညီတာပါ… လို့..။ :mrgreen:

    မယုံဘူးလား..
    မယုံရင်.. အဝီထိ(စိ မဟုတ်)ငရဲကို.. ကပ်၂၅.၄ကို.. ဖက်တိုရီရယ်၃ နှစ်နဲ့ တရက်လျှော့ကျသွားမယ်..။
    (ဒါလည်း..နောက်တာပါ)
    ယုံသလား..
    တာဝတိ ံသာအပေါ်ထပ်က..ထပ်ခိုးဘုံထဲမှာ.. (နတ်သမီးတွေဘာလုပ်တယ်ချောင်းကြည့်လို့ရတဲ့ဘုံ) နှစ်၆သချေင်္ ကမ္ဘာ၂ခုနဲ့၆ရက်တိတိ နတ်သားတဖက် ၄၆၅ပါးနဲ့ပျော်ပါး နေရမယ်..။
    (ဒါကတော့..အတည်ပြောတာ) :mrgreen:

    The oldest known text to use a decimal place-value system, including a zero, is the Jain text from India entitled the Lokavibhâga, dated 458 AD, where shunya (“void” or “empty”) was employed for this purpose.[22] The first known use of special glyphs for the decimal digits that includes the indubitable appearance of a symbol for the digit zero, a small circle, appears on a stone inscription found at the Chaturbhuja Temple at Gwalior in India, dated 876 AD.[23][24] There are many documents on copper plates, with the same small o in them, dated back as far as the sixth century AD, but their authenticity may be doubted.

  • ဦးကြောင်ကြီး

    July 19, 2014 at 12:44 pm

    သဂျီးဦးမာမွတ်က မယုန်ဒဲ့ဗက်ပြောပီးသွားတော့ အနော်ဂ ယုန်ဒဲ့ဖက်က ပေါမြီ.. ထောက်ခံမယ်လို့ ပြောတာမဟုတ်နော်..။ အခုလူ့သက်တမ်းကို ၇၅နှစ်လို့ ကျမ်းအကိုးအကားနဲ့ ပြောတာတွေ့တယ်။ အဲလို တဖြည်းဖြည်း အသက်တိုလာ နောက်တော့ အသချေင်္သကမ်တမ်း ပြန်ရောက်သွား၊ အဲလိုနဲ့ သံသရာလည်တယ်ပေါ့။ ဒါပေမဲ့ ပို့စ်ထဲမှာ ပြောသလို မမြန်ဘူး ယူဆတယ်။ ဘာနဲ့တူသလဲဆိုတော့ ဒါဝင်ရဲ့ မျောက်ကလူဖြစ် အီဗော်လူးရှင်း ဆင့်ကဲဖြစ်စဉ် သီအိုရီလိုပဲ ပြောင်းလဲမှုသည် သိပ်ကြာသိပ်နှေးလို့ မသိသာလွန်းဖြစ်မည် ထင်တယ်။ ဘယ်လောက်မသိသာလဲဆို ဖြစ်လို့ဖြစ်မှန်းမသိအောင် ကြာလွန်းတဲ့ တဖြည်းဖြည်းခြင်း ပြောင်းလဲမှုမျိုးကိုပြောတာပါ။ ဥပမာ ကမာ္ဘလည်ပတ်နှုန်းပြောင်းနေတယ် ဒါပေမဲ့ ပုံဖော်တင်ပြ မရလောက်အောင် အသေးစိတ်လွန်းလို့ နှစ်သောင်းသိန်းချီတာတောင် စက္ကန့်အစိတ်အပိုင်းလေးတခုစာ ပြောင်းသွားနှုန်း ဖြစ်ပါတယ်။ ဒီလိုပဲ ဆုတ်ကပ်မို့ အသက်တိုလာတယ်ဆိုတာ လက်ခံပေမဲ့ စာမှာပါသလို တွက်လို့ရလောက်အောင် မြန်မည်မထင်ပါ။ ကျမ်းအကိုးအကား ပြန်ကြည့်လျင်လဲ ဘုရားတဆူနဲ့ တဆူအကြား လုံးဝအစအန မကျန်အောင် အချိန်ကွာခြားတယ်။ ရေတွက်လို့ မရတဲ့အချိန်လို့ကို ပြောလို့ရတယ်။ နို့မို့ရင် ကပ်ကမာ္ဘတခုသည် ရေတွက်လို့ရသလို ဖြစ်နေမှာပေါ့…။

  • Paing Lay

    July 19, 2014 at 2:59 pm

    ဒီလို ဘာသာရေးနဲ့ ပတ်သက်လာရင် သဂျီးကတော့ အောင်ကြူးနဲ့ ကိုရင်စံလှကြီးတို့ရဲ့ ဒဏ်ကို ဒူပေဒဏ်ပေခံနေကြ 😀

Leave a Reply