မြို့အုပ် နှင့် မြို့သူားများသို့…
ဒီလို ခေါင်းစဉ်နဲ့ဆို စိတ်ဝင်စားပြီ… ပြသနာတခုတော့ တက်ပြီဆိုပြီး… ဟီး…
တက်ပါဘူးဗျာ…တဂျီးပြောတာလေးနဲ့.. ကျွန်တော်က အစီအစဉ်လေးတွေနဲ့ တင်ဆက်မယ် စိတ်ကူးနေတုန်း.. လာတူတာ ပြောပြချင်တာပါ…
kai says:
နောက်လ..နောက်လတွေမှာ.. ရွာထဲက.. စာတွေကို..ပုံနှိပ်စာအဖြစ်..တိုးယူဆွဲသွားမည်ဖြစ်ပါကြောင်း.. လေးပါ..ထပ်ဖြည့်ပါရစေ..။
မြန်မာပြည်ထဲကသူတွေကို.. ပရိုတန်းခြေလှမ်းအဖြစ်ပြနိုင်အောင်.. စာမူခအဖြစ်(စတိ) ပေးသွားမယ်ဖြစ်ပြီး. မြန်မာပြည်ပြင်ပကသူများအတွက်လည်း.. စာမူခပေး/ပြန်ယူပြီး.. ဂဇက်ရံပုံငွေတရပ်အဖြစ် မတည်ထားသွားချင်ပါတယ်…လို့..
အပြင်ကနေ.. အဓိကရေးပေးနေတဲ့.. ဇီဇီ အပါအ၀င်.. ရွာ့လူကြီး..ကာလသားသမီးများ… အဲဒီကိစ္စ.. ဆွေးနွေးပေးကြစေလို..။
အဲဒါလေးကို မပြောခင် အရင်ဆုံး ရွာလို့ မသုံးတာလေးကို ခွင့်လွှတ်ပါ… အားလုံးက ရွာလို့ သုံးနေချိန်မှာ မြို့လို့ သုံးတာက တဂျီးကိုယ်တိုင် ပို့စ်တခုမှာ မန့်ထားတာပါ… မြို့ဖြစ်နေပြီဆိုတာပါ…
အရင်ကဆို ကျွန်တော် ကော်ပီ ပေ့စ်တွေ များခဲ့ပါတယ်.. အဲဒါပဲ လုပ်ခဲ့တာပါ…
အခုတော့ မရေးမနေရ.. ဆိုပြီး… ရေးရင်းရေးရင်းနဲ့… မရေးရမနေနိုင်ဖြစ်နေပြီလေ… ပိုးဝင်သွားတာ…
အဲဒါကို ပြန်မန့်ထားတာက…
ရွာသူ ဇီဇီကတော့ ထိုကိစ္စနဲ့ပက်သက်ပြီး အခုလို မန့်ထားတာလေးကို ပြန်တင်ပြပါတယ်။
ဇီဇီ says:
ဟင်။
သများ ဘာလုပ်ပေးရမလဲ ဟင်???
ဘယ်လို ဂန်ဒတွေ မျိုးလိုချင်တုန်းးးး။
ဓာတ်ပုံ
ပန်းချီ
ခရီးသွားဆောင်းပါး
လမ်းညွှန်ဆောင်းပါး
အတွေးအမြင်ဆောင်းပါး။
နိုင်ငံရေးဆောင်းပါး
သရော်စာ
ရသဝတ္ထု (ပင်ကိုယ်ရေး/ဘာသာပြန်)
ကဗျာ
သတင်း/အတင်း (ဖျော်ဖြေရေး)
အစားအသောက်
အမေးအဖြေ
တဂျီး သတင်းစာကြည့်ရသလောက်တော့ အဲဒါတွေ အစုံပဲ။
ဒီထဲက ဘယ်အတွက် …. ဘယ်လောက် လိုချင်တယ် ဆိုတာ ပဲ ပြောလေ။
ပြန်မွှေသင့် မွှေ၊
ညှစ်သင့်ရင် ညှစ်။
အတင်း ဓားမြတိုက်တန်တာတိုက်
ခိုးသင့်တာခိုး
အလစ်သုတ်သင့်တာသုတ်
နား အဟွာပြုတန်တာပြု (နားပူနားစာ လုပ်တာ ပြောပါတယ်။)
ဂလိုပဲကြိုးစားကြတာပေါ့။
ပြောချင်တာ အဲဒါ.. ကျွန်တော်လဲ မနေနိုင်တော့ အခုဆို အပိုင်းလေးတွေ ခွဲပြီး ရေးပါပြီ…
ဂျန်န၀ါရီ နောလစ်…. အထွေထွေ ဗဟုသုတပေါ့…
သွားမယ်၊ ၀ါးမယ်၊ မြိုမယ်၊ ဆို့မယ်… အစားအသောက်ကောင်းကောင်း ဆိုင်လေးတွေ တန်ကောင်းသက်သာပေါ့.. အဲဒါလေးတွေ တင်ဆက်သွားမှာပါ…
ဗီဒီယို အညွှန်း… ကောင်း၏်၊ ဆိုး၏်… ဘယ်လို မကောင်းတာ.. ဘယ်လိုကောင်းတာ… ပြောပြမှာပါ.. မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား၊ ကုလားကား အစရှိသဖြင့်ပေါ့…
တေးစီးရီး အညွန်း… အရင်အခွေတုန်းက ဘယ်လို.. အခုတော့ ဘယ်လို… ဆိုထားတဲ့ အချိန်.. အဆိုတော်ရဲ့ စိတ်ခံစားချက်.. ဘာကြောင့်ရေးတာ.. အဲဒါတွေကို တင်ဆက်မှာပါ…
ဘ၀တကွေ့က အင်္ဂလိပ်စာ… တေးစီးရီးနာမည်နဲ့ အင်္ဂလိပ်စာ မဟုတ်ပါ… တဘ၀လုံးနီးပါးလောက် ထိတွေ့ခဲ့ရတဲ့ အင်္ဂလိပ်စာတွေကို မျှဝေမှာပါ… စကားပုံတွေ၊ ဘာသာပြန်တွေ၊ ကဗျာခံစားချက်တွေ၊ Usageတွေ
အကုန်လုံးကို တခုစီ တခုစီ သေသေချာချာ ရှင်းပြမှာပါ…
IT Audit Trip… အဲဒါကတော့ လက်ရှိ ခရီးထွက်ထားတာလေးတွေကို ပြန်ပြီး အမှတ်တရ အနေနဲ့ ပြန်ရေးမှာပါ… ဒါကတော့ ခရီးစဉ်ပြီးရင် မရှိတော့ပါဘူး…
ပေါင်းစပ်မှု စွမ်းပကား… ဒါက တကယ်ကို ချက်ကြ ပြုတ်ကြပြီး.. ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ တင်ဆက်မှာပါ… မိန်းမရယ် ကျွန်တော်ရယ်.. တကယ် ချက်ပြီး တင်ဆက်မှာပါ…
IT Bank… ဒါကကျတော့ အသစ်သစ်တွေ နည်းပညာတွေကို တင်ပြမယ်.. တကယ် အသုံးဝင်တဲ့ အဆင်ပြေတဲ့.. အရာတွေကို ကိုယ်တိုင်စမ်းသပ်သုံးစွဲပြီး မျှဝေခြင်းပါ…
အဘိုးပြောသော ပုံပြင်များ… ရှင်းပါတယ်.. အဘိုးရေးထားတဲ့ စာမူတွေ မ လာတဲ့ သဘောပါ…
ဖြစ်ရမယ်… ဒါကနေ့စဉ် ကြုံတွေ့ရတဲ့ အလုပ်အကိုင် အတွေ့အကြုံ ဖြစ်ရပ်ထဲက… အူကြောင်ကြောင်နိုင်မှုတွေ.. ဟာသတွေ.. စိတ်ရှုပ်စရာတွေ.. ရင်ဖွင့်တာပါ….
တော်တော်များသွားပီ… ရေးနိုင်ပါ့မလားတော့ မမေးနဲ့.. ပြောပီးပကော.. ပိုးဝင်နေတယ်ဆို…. ကိုပေါက် ပြောသလို Serious (ဆီးသီးယပ်) ဖြစ်နေတယ်ဆို…
ဒါပေမဲ့ ကုသိုလ်၊ ပညာ၊ ဥစ္စာ တခုခုရအောင်တော့ ရေးမှာပါ… အနည်းဆုံးတော့ ဖတ်ပြီး အကျိုးမရှိ မဖြစ်စေရပါဘူးလို့…
တဂျီးရွေးတာ မရွေးတာတော့ မသိဘူး.. ခင်ခ ပြောသလို ကျေးဇူးပါ ဂဇက်ကြီးရယ်လို့ပဲ ပြောချင်ပါတယ်…
တခုသာသွားတာက… FB မှာဆို ပို့စ်သွားတင်ရင် မသိတဲ့ကောင်လဲ ၀င်ဆဲသွားနိုင်တယ်.. ဒီမှာက အနည်းဆုံးတော့ အကောင့်လုပ်ပြီးမှ ဆဲလို့ရတယ်.. Record တခု ကျန်ခဲ့တယ်…
မန့်သာ မမန့်တာ ဖတ်တဲ့သူက ဘယ်လိုပြောပြောရှိပြီးသားဆိုတော့ အဲဒီအတွေးနဲ့တင် ပီတိ ဖြစ်ရတယ်…
တချိန်မှာလဲ ဒါဟာ သမိုင်းတခုအဖြစ်ကျန်ခဲ့မှာ… ဥပမာ ဦးကြီးမိုက်လိုပေါ့… သမီးဖြစ်သူကို ဒါ ငါရေးတဲ့ ပို့စ်တွေ .. ငါရေးတဲ့ ဆိုက်ဆိုပြီး… ကျွန်တော်လဲ မျိုးဆက်ရလာရင် ပြမှာပဲ…
ဒီအခါကျမှ ဒါ ဖေဖေရေးတဲ့ပို့စ်တွေကွဆိုပြီး ပြောလို့ရမှာ…
နောက်များလုပ်တဲ့ တွေ့ဆုံပွဲ၊ အလှူပွဲတွေဆို ခေါ်ပါလို့… မြန်မာပြည်တွင်းသာနော်…
အခုဆို အသားကျနေပါပြီ… မြို့လေးနဲ့… ကျွန်တော့် ပို့စ်တွေကိုရော မျက်စိသားကျပြီလား မသိ…
မတင်ရ မနေနိုင်ဆိုတော့ Home မှာလဲ တောက်မြင်ကပ်လောက်အောင် ပလူပျံနေမှာပဲနော်… ဟီး..
မနေ့ကများဆို ပို့စ်မတင်ရတာ… ဘာလိုနေမှန်းကို မသိဖြစ်နေတာ… အဲဒီအတွက် မြို့အုပ်ရော.. ဂဇက်ကြီးရော… ဆက်လက်တည်တံ့အောင် ဆောင်ရွက်နေကြသော မြို့သူားတွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ….
ရေမြေ့သနင်း (ခ) လူတလုံး…
လုပ်ပါဆရာရယ်
ဒီလိုရေးတင်နိုင်ဖို့ဆိုတာ ဝါသနာရောပညာရော အားလုံးပြည့်စုံမှဖြစ်တာပါ ။
ဘက်စုံလိုင်းစုံတော့ ပိုကောင်းတာပေါ့ ။
မမန့်ဘဲဖတ်တံ့သူထဲ ကျနော်လည်းပါနေပါတယ်ဗျာ ။
အနည်းဆုံးတော့ စားဂျပိုးအဖွဲ့နဲ့ ဖတ်ရွေးအဖွဲ့က ဖတ်ဖြစ်ပါလိမ့်မယ် ။
Was this answer helpful?
LikeDislikeအဲ. အဲ.
မမန့်လို့ မဖတ်ဘူးတော့ မထင်နဲ့နော်
ကျုပ်လဲ ဝင်ဝင်ဖတ်ပါသဗျ
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ်ဗျာ.. အခုလို အားပေးတာ.. မြှောက်ပေးရင် သိတဲ့ အတိုင်းပဲ.. ရေမြေ့သနင်းတို့က.. ဟီး..
Was this answer helpful?
LikeDislikeဟမ်မငေးးးး
စွယ်စုံရ ပညာရှင်ပါ့လားးး
ပေါ့ထလိတ် လန်းစကိတ်ဓာတ်ပုံ လေးတွေ ရိုက် ပြီး တင်ပါအူးးး
Was this answer helpful?
LikeDislikeပြန်လာရင်.. IT Audit Trip ရယ်.. သွားမယ်၊ ၀ါးမယ်၊ မြိုမယ်၊ ဆို့မယ် ရယ်.. ဘ၀တကွေ့က အင်္ဂလိပ်စာ ဒါတွေကို တပြိုင်နက်ထဲ တင်ပြသွားမှာပါ.. ကြည့်ရှုအားပေးတော်မူကြပါ…
Was this answer helpful?
LikeDislikeပြန်လာရင်ဆိုတော့ ခရီးသွားမလို့ပေါ့
ခရီးစဉ်မှာ အဆင်ပြေပါစေဗျာ
တကယ်ပြန်လာရင် တင်ပေးရမှာနော်
Was this answer helpful?
LikeDislikeစုံစီနဖာ ဟင်းလေးအိုးကြီးပေါ့

Was this answer helpful?
LikeDislikeပြန်ရောက်ပါပြီဗျာ.. တင်တော့မှာ.. အမြင်ကတ်လောက်အောင်ကိုတင်တော့မှာ.. စိတ်ချ…:)
Was this answer helpful?
LikeDislikeပိုစ့်တွေ တင်နေမယ်လို့ ပြောတဲ့ သူတွေကို တကယ်ကျေးဇူးတင်တယ် ။
ပိုစ့်တွေ တင်နေကြမှ ကျနော် ချစ်တဲ့ ရွာကြီးက စိုပြေစည်ကားနေမှာကိုး…
တခါတလေ… ဘာပိုစ့်မှ တက်မလာ… ဘာကွန်မန့်မှ…တက်မလာပဲ..
ရွာကြီး တိတ်ဆိတ်နေရင်…
ကျနော်..မနေတတ်လွန်းလို့ … ။
ဆိုတော့….
အစ်ကိုတော်ရေ….
အားပေးလေ့လာဖို့ အသင့်ပါ…လို့ …
Was this answer helpful?
LikeDislikeစိတ်ချ ရုံးက မပြောင်းသေးလို့.. ရုံးက ပြောင်းပြီးရင် ရေမြေ့သနင်းကနေ အင်တာနက် သနင်းဖြစ်မှာ.. အဲခါကျရင် ပိုပြီး တင်ဦးမှာ…
Was this answer helpful?
LikeDislike