မြန်မာ- ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးဖျော်ဖြေပွဲ

manawphyulayJuly 18, 20142min1524

မြန်မာ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်သည့် ကျောက်ဆည်ဆင်အက
မြန်မာ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်သည့် ကျောက်ဆည်ဆင်အက

မြန်မာ- ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးဖျော်ဖြေပွဲကို အမျိုးသားပြဇာတ်ရုံတွင် ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ အဖွင့် အခမ်းအနားတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကျောက်ဆည်ဆင်အကဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ကိုရီးယားနိုင်ငံ၏ နာမည်ကြီး ဗုံအကဖြင့် ဖျော်ဖြေပြီးနောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရခိုင်ရိုးရာ ဆီမီးခွက်အကဖြင့် ဆင်နွှဲခဲ့ပါသည်။ ထို့နောက် ကိုရီးယားနိုင်ငံ၏ K-Pop Dancer အကများ ဆက်လက် ဖျော်ဖြေပြီးနောက် ကိုရီးယား အဆို၊ အက များ ပြိုင်ပွဲဖိုင်နယ်ကိုပါ ပြုလုပ်ပြီး ဆုရရှိသည့်အဖွဲ့ကို ဆုတော်ငွေ ၁ဝ သိန်းချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဖွင့်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကျောက်ဆည်ဆင်အကဖြင့် ဖွင့်လှစ်စဉ်
အဖွင့်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ကျောက်ဆည်ဆင်အကဖြင့် ဖွင့်လှစ်စဉ်

ကိုရီးယား ယဉ်ကျေးမှု ဗုံအက
ကိုရီးယား ယဉ်ကျေးမှု ဗုံအက

IMG_0022

IMG_0023

မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သည့် ရခိုင် ဆီမီးခွက်အက
မြန်မာ့ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သည့် ရခိုင် ဆီမီးခွက်အက

IMG_0028

IMG_0029

IMG_0031

ကိုရီးယား K-Pop
ကိုရီးယား K-Pop

4 comments

  • ဇီဇီ

    July 18, 2014 at 3:20 pm

    ဟယ်။
    မိုက်တယ်တော့။
    ကြည့်လို့ ကောင်းမှာပဲ။

    🙂

  • Mr. MarGa

    July 18, 2014 at 4:06 pm

    Kpop က
    မိန်းကလေးအဖွဲ့တွေ မလာလို့လား ဟင်
    ခုဟာတွေ ကြည့်တတ်ဖူး :mrgreenn:

    • manawphyulay

      July 24, 2014 at 3:38 pm

      K pop က မိန်းကလေးတွေကတာ။ အတော် မိုက်တယ်။ ကောင်လေးတွေ ကတာလည်း မိုက်တာပဲ။
      ပြိုင်ပွဲကျတော့ မြန်မာက လူတွေပြိုင်တာ ပထမဆု ၁ဝ သိန်းပေးတယ်။ ဆုတော့ လိုချင်မိသား သီချင်းလည်း မဆိုတတ်၊ ကလည်း မကတတ်၊ ဘာမှမလုပ်တတ်တာ ခက်တယ် အဟိ။

  • Paing Lay

    July 18, 2014 at 4:14 pm

    8လပိုင်းကျရင် 2ne1 လာမယ်ဆို။ ဖွဘုတ်မှာကြားရတာကတော့ ဈေးနှုန်းတွေက Micheal Learn To Rock လာတုန်းက ဈေးနှုန်းအတိုင်းဆိုပဲဗျ။ :harr:

Leave a Reply