” မပြုံးနိုင်သော်လည်း မမုန်းပါဘူးကွယ် “

ခင္ခJuly 18, 20141min1155

 

” မပြုံးနိုင်သော်လည်း မမုန်းပါဘူးကွယ် “

 

“မေမေ ကျောင်းကအိမ်စာတွေအများကြီးပေးလိုက်တယ် ဒီညနေသမီး စာလုပ်ရမှာနဲ့ မဆော့ရတော့ဘူး”

ပြောတော့

“သမီးရယ် ကျောင်းသူဆိုတာစာလုပ်ရမှာပေါ့ စာပြီးလို့အချိန်ရရင်ဆော့ပေါ့သမီးရေ” ဆိုပြီး အမေကရယ်လို့

 

” အမေ သမီး ဆယ်တန်းကိုဂုဏ်ထူး(၄)ဘာသာနဲ့ အောင်တယ်”

ပြောတော့

“အမေ ဂုဏ်ယူတယ်သမီးရေ” ဆိုပေမယ့် အမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းနေသော်လည်း အမေ့မျက်နှာ ပြုံးနေလို့။

 

“အမေ သမီး ဆေးကျောင်းတက်ခွင့်ရပြီး အမေသမီး ဆေးကျောင်းသူကြီးဖြစ်ပြီအမေရေ သိလား”

ပြောတော့

“အမေ ဝမ်းသာတယ်သမီးရေ” ဆိုပေမယ့် အမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းနေသော်လည်း အမေ့မျက်နှာ ပြုံးနေလို့။

 

“အမေ သမီး နောက်ဆုံးနှစ်စာမေးပွဲအောင်တယ်အမေရေ သမီးဆရာဝန်ဖြစ်ပြီ သိလား”

ပြောတော့

“အမေ ကျေနပ်တယ်သမီးရေ” ဆိုပေမယ့် အမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းနေသော်လည်း အမေ့မျက်နှာ ပြုံးနေလို့။

 

“အမေရာ ဆေးရုံမှာ နေ့လည်စာထမင်းတောင်ဘယ်လိုစားလိုက်မှန်းမသိဘူး ထိုင်ချိန်တောင်မရပါဘူးအမေရေ အလုပ်တွေလုပ်ရတာ”

ပြောတော့

“အတွေ့အကြုံရတာပေါ့သမီးရေ” ဆိုပေမယ့် အမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းသော်လည်း အမေ့မျက်နှာ ပြုံးနေလို့။

 

“အမေ သမီးမှာချစ်သူရှိနေပြီအမေ သူကသမီးအလုပ်လုပ်တဲ့ဆေးရုံက ဆရာဝန်ဘဲအမေ အမေနဲ့တွေ့ချင် လို့တဲ့”

ပြောတော့

“ဪ ငါ့သမီးလေးအရွယ်ရောက်ပြီကိုး ခေါ်ခဲ့ပေါ့သမီးရေ” ဆိုပေမယ့် အမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေ ဝိုင်းနေ သော်လည်း အမေ့မျက်နှာ ပြုံးနေလို့။

 

“အမေ သမီး တို့လက်ထပ်ကြတော့မှာကို အမေသဘောတူတယ်မလား”

ပြောတော့

“အမေသဘောတူပါတယ်” ဆိုပေမယ့် အမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းနေလေရဲ့…………..

 

“အမေကို သမီးတို့နှစ်ယောက် ကန့်တော့ပါတယ်ဆိုပြီး”

ကန့်တော့ တော့

“အေးကွယ် ဒီလင်ဒီမယားအိုအောင်မင်းအောင်ပေါင်းကြရပါစေ သမီးအခုလို အိမ်ထောင်နဲ့ဖြစ်သွားပြီဆိုတော့ အမေတို့တာဝန်ကျေပြီမို့ အမေစိတ်အေးရပါတယ် အမေဝမ်းသာတယ် သမီး” ဆိုပေမယ့် အမေ့မျက်ဝန်းထဲက မျက်ရည်တွေဝိုင်းနေရာကနေ ပါးပြင်ပေါ်ကို တစ်လိမ့်ချင်းစီ စီးကျနေပြီး အမေမျက်နှာမှာ ပြုံးရိပ်ယောင် တွေမှိန်နေ သလားလို့။

 

“အမေ ဘာလို့မျက်ရည်ကျတာလဲ အမေ မပြုံးနိုင်တော့ဘူးလား သမီးကိုစိတ်ဆိုးနေပြီလား ပြောပါအုံးအမေ”

ပြောတော့

“အမေစိတ်မဆိုးပါဘူး အရင်တုန်းကလည်းသမီးကို စိတ်မဆိုးဘူး ချစ်တာဘဲ အခုလည်းသမီးကို စိတ်မဆိုးဘူး ချစ်တာဘဲ နောင်လည်း သမီးကိုအမြဲချစ်နေမှာပါဘဲ မျက်ရည်တွေက သူအလိုလိုထွက်ကျလာတာသမီးရဲ့ ဘာလို့ထွက်ကျတာလဲ ဆိုတာ သမီးအမေဖြစ်လာတဲ့ တစ်ချိန်ချိန်မှာနားလည်သွားမှာပါသမီးရယ် အမေ မပြုံးနိုင်သော်လည်း မမုန်းပါဘူးကွယ်” ။

 

 

ခင်ခ။

 

 

 

5 comments

  • Mr. MarGa

    July 18, 2014 at 4:26 pm

    အင်းးး
    တကယ်တော့
    ဒါဟာ
    ဝမ်းသာဝမ်းနည်း ယှက်ဖြာနေတဲ့ အပြုံးတစ်ခုလို့ ပြောရလေမလား……

  • TNA

    July 18, 2014 at 6:26 pm

    မိဘမစ်တာ ပီတိပေါ့နော် ကိုခင်ခ

  • kyeemite

    July 21, 2014 at 10:39 am

    မိဘ ဖြစ်နေပြီဆိုတော့ မလွဲမသွေကြုံ နေဆဲ …နောက်လည်းထပ်ကြုံရပေအုံးမပေါ့ ဗျာ… 😥

    • ခင် ခ

      July 21, 2014 at 11:34 am

      မိဘမေတ္တာကိုထားခွင့်ကြုံရတာလဲ အခန်းဆက်ရသစာပေ တစ်ခုကိုဖတ်နေရသလိုပေါ့ ကိုကြီးမိုက်ရေ။

  • ခင်ဇော်

    July 21, 2014 at 11:40 am

    မေမေတွေကို သနားလိုက်တာ။

    :hint:

Leave a Reply