အဟိ။
ပန်းကန်တွေ အဖြူအမည်းပြောင်းပြီး အသစ်ဝယ်ပြီးကတည်းက ဒီ ၂ ယောက်ကို မညှင်းရသေးလို့ တင်လိုက်တယ်။
နို့မို့ ဖွဘုတ်မှာဗျာ။ သူများတွေ ဗိုက်ဆာနေချိန်ဆို ဓာတ်ပုံတွေ တက်လာပါပြီ။ အနော်တို့ ကို ညှင်းချက်က ဂလိုပါ ဆို …

:mrgreenn:

ဒီထဲမှာ ဂွဇွတ်လိ(ခ) ရရင်ဖြင့် ကိုကို ကျောက်ရယ်လေ အိမ်မပြန်ခင် ချတ်ဘောက်ကနေ မမနှင်းကို ခိုင်းထားသဗျ။
ကြက်သွန်ကို ဘယ်လိုလှီးထားးးး
ဘယ် အသီးအနှံကို ဘယ်ပုံဘယ်နှယ် လုပ်ပေါ့ဗျာ။
ကိုယ်ဘယ်နှမိနစ် အတွင်းပြန်လာမယ်လေး ဘာလေးပေါ့။ အဲဂလို။   :mrgreenn:

အဲ။ မပြီးသေးဘူးးး ချက်ပြီး ပြုတ်ပြီး သူက စားချင်နေပြီဗျ။
အဲလာ မမနှင်းက အလှဆင်ပြီး ဓာတ်ပုံရိုက်တာကို သူက စိတ်မရှည် အော်ချင်ဟောက်ချင် လုပ်သေးတာ။
မမနှင်း ဘက်တော်သား တွေ အများဂျီးရှိလို့သာဗျ။ နို့မို့ မလွယ်။   :mrgreenn:

(အဟစ်။ မှတ်ပလားးး၊ ထမင်းဆိုင်ကို ၂ ပတ် နောက်ဆုတ်လိုက်ရလို့ ဖွတယ်ဟယ်။ ခိခိ)

:s:

အမှန်က အနော့ အကြိုက် အကုန် ဝက် ဟင်းတွေချည်းရွေးထားတာဗျ။
နောက်မှ ယောက်ခမွသဲကိုသတိရပြီး ငါးနဲ့ ဘဲ ကို ကြားညပ်လိုက်ရတယ်။
အဟေးဟေးဟေးးးး

:s:

 

 

 

တနင်္လာနေ့ – ၀က်ဦးနှောက်ယိုးဒယားချက်၊ ဘဲပေါင်း၊ မှိုရေညှိ ၀က်နံရိုး ဟင်းချို၊၊ ပဲပြားပဲပင်ပေါက်ကြော်.. အချိုပွဲ-ဇီးသီး၊…သီး

 

ဝက်ဦးနှောက်ကို ဖွဖွလေးရေဆေးပြီး ဇလုံထဲမှာ ပဲငံပြာရည်အကြည် ၊ ဂျင်းရည်နဲ့နှပ်ထား ။ ကြက်သွန်နီ / ဖြူ ၊ ဂျင်းမီးဖုတ် လက်တဆစ်လောက် ၊ နနွင်း ၊ ဟင်းချက်ငရုပ်သီးမှုန့်တို့ကို ညက်နေအောင်ရောထောင်းထား (ကြိုက်တတ်ရင် မိတ်သလင်ထည့်) ၊ ဆီအတော်အသင့်ပူရင် (အရမ်းကြီးမပူရ) ထောင်းထားတာတွေကို ဆီသတ် ၊ နွမ်းလာရင် ငရုပ်သီးစိမ်းကို ဓားနဲ့ဖောက်ပြီးထည့် ။ အနံ့မွှေးလာရင် ရေ အကြမ်းပန်းကန် ၂လုံးလောက်ထည့် ၊ ဆူလာရင် အသားမှုန့် အချိုဇွန်း ၁ဇွန်းလောက်ထည့်ပြီးမွှေ ။ ပြီးမှ ၀က်ဦးနှောက်ကိုထည့်ပြီး အိုးကို သာသာလေး မကပ်အောင်/သမအောင်လှုပ်ပေးပါ ။ ဆီအရမ်း မပြန်ခင် ကြိုက်တတ်ရင် ကြူးဆိုင် လက်တသစ်လောက် စဉ်းထားတာလေး ထည့်လိုက်ရင် အတော်ကိတ်ပါ၏.... ဤကား အစပ်ချက်နည်း...

1) ၀က်ဦးနှောက်ကို ဖွဖွလေးရေဆေးပြီး ဇလုံထဲမှာ ပဲငံပြာရည်အကြည် ၊ ဂျင်းရည်နဲ့နှပ်ထား ။ ကြက်သွန်နီ / ဖြူ ၊ ဂျင်းမီးဖုတ် လက်တဆစ်လောက် ၊ နနွင်း ၊ ဟင်းချက်ငရုပ်သီးမှုန့်တို့ကို ညက်နေအောင်ရောထောင်းထား (ကြိုက်တတ်ရင် မိတ်သလင်ထည့်) ၊ ဆီအတော်အသင့်ပူရင် (အရမ်းကြီးမပူရ) ထောင်းထားတာတွေကို ဆီသတ် ၊ နွမ်းလာရင် ငရုပ်သီးစိမ်းကို ဓားနဲ့ဖောက်ပြီးထည့် ။ အနံ့မွှေးလာရင် ရေ အကြမ်းပန်းကန် ၂လုံးလောက်ထည့် ၊ ဆူလာရင် အသားမှုန့် အချိုဇွန်း ၁ဇွန်းလောက်ထည့်ပြီးမွှေ ။ ပြီးမှ ၀က်ဦးနှောက်ကိုထည့်ပြီး အိုးကို သာသာလေး မကပ်အောင်/သမအောင်လှုပ်ပေးပါ ။ ဆီအရမ်း မပြန်ခင် ကြိုက်တတ်ရင် ကြူးဆိုင် လက်တသစ်လောက် စဉ်းထားတာလေး ထည့်လိုက်ရင် အတော်ကိတ်ပါ၏…. ဤကား အစပ်ချက်နည်း… 2) ကျောက်စ်ရဲ့ အလွယ်ဘဲပေါင်းနည်းက…. ဘဲကို အတုံးကြီးကြီး (တစ်ကောင် ၄ခြမ်း) တုံး ၊ ဖင်ဆီဖူးဖြုတ် (မကြိုက်ဘူး) ၊ ဂျင်းရည် (စားပွဲတင် ၁ဇွန်း) ၊ သကြား (အချိုဇွန်း ၁ဇွန်း) ၊ ပဲငံပြာရည်အနောက် (စားပွဲတင် ၁ဇွန်း) ၊ ပဲငံပြာရည်အကြည် (စားပွဲတင် ၁ဇွန်း) ၊ ဆား အနည်းငယ် ၊ Chinese 5 Spices (အချိုဇွန်း ၁ဇွန်း) ၊ နာနတ်ပွင့် ၁ပွင့် ၊ သစ်ကြမ်းပိုးခေါက် လက် ၂လုံးခန့် ၊ ဟင်းချက်ဝိုင် (စားပွဲတင် ၁ဇွန်း) နဲ့ သမအောင်နယ်ပြီး ရေခဲသတ္တာအောက်ဆင့်မှာ ၂နာရီလောက်နှပ်ထားပါ ။ ပြီးမှ ရိုက်စ်ကွတ်ကာ (သို့) ပေါင်းအိုးထဲမှာ ဆီတွေထွက်လာအောင် လုံးလိုက်တယ် ။ ဆီဖျစ်ဖျစ်မြည်လာရင် ဂျင်းမီးကင် လက် ၂လုံးစာလောက် ထုထောင်းထည့် ၊ အနံ့မွှေးပြီး ဘဲအရည်ပြား အရောင်ပြောင်းလာရင် ရေ ဖန်ခွက် ၂လုံးလောက်ထည့်ပြီး ဘဲနူးအောင်တည်လိုက်တယ် ။ ဘဲသား အရမ်းကြီးမနူးခင် ပဲပြား မှိုခြောက်ထည့် အရသာ အသားမှုန့်နဲ့ပြင်ပြီး… လက်စသတ် ၊ နူးရင် ကြိတ်လို့ရပြီ ။ ဘဲဂေါင်းနဲ့ လည်ချောင်းကတော့ တုံးပြီး ကြံမဆိုင်နဲ့ ဟင်းချို ချဉ်စပ်ချက်… ဂွဒ်၏

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အင်္ဂါနေ့ – ငါးဆုပ်ဆန်လှော်ဟင်းလေးဆမ်း…ငါးဆုပ်လုံးလေးထမင်းထဲထည့်အုပ်စား..ဘယာကြော်ရွရွလေး ကိုက်..

 

ငါးခြစ်သား ၊ ငါးခူ ၊ ငါးရံ့အကွင်းလိုက်တုံးထားတာတို့နဲ့ ချက်လို့ရပါတယ် ။ ငါးခူငါးဆုပ်ကတော့ ပိုပြီးစားလို့ကောင်းပါတယ် ။ ငါးအသားလွှာ ၃၀သားလောက်ကို ထုံးစံအတိုင်း နနွင်း ဆား ဂျင်း ကြက်သွန်ဖြူ ဆန်မှုန့်အနည်းငယ်နဲ့ ငါးဆုပ်ထောင်းပြီး အရွယ်တော်လုံးထားပါမယ် ။ အနှစ်အတွက် ပဒဲကော လက် ၂သစ်ခန့် ၊ ဂျင်း ၁တက် ၊ ကြက်သွန်နီ ၁ဥ ၊ စပါးလင် အရင်းပိုင်း လက် ၂သစ်ခန့် ၊ ငရုပ်သီး ဟင်းချက်မှုန့် စားပွဲတင် ဇွန်း တဝက်သာသာလောက်ကို ရောပြီး ညက်နေအောင်ထောင်းထားပါမယ် ။ ဆန် စားပွဲတင် ၂ဇွန်းမောက်မောက်ကို မီးအသင့်အတင့်နဲ့ ညိုရောင်သမ်းလာအောင် လှော်ပြီး ညက်နေအောင် ထောင်းထားပါမယ် ၊ အရမ်းမှုန့်သွားစရာမလိုပါဘူး ။

1) ငါးခြစ်သား ၊ ငါးခူ ၊ ငါးရံ့အကွင်းလိုက်တုံးထားတာတို့နဲ့ ချက်လို့ရပါတယ် ။ ငါးခူငါးဆုပ်ကတော့ ပိုပြီးစားလို့ကောင်းပါတယ် ။ ငါးအသားလွှာ ၃၀သားလောက်ကို ထုံးစံအတိုင်း နနွင်း ဆား ဂျင်း ကြက်သွန်ဖြူ ဆန်မှုန့်အနည်းငယ်နဲ့ ငါးဆုပ်ထောင်းပြီး အရွယ်တော်လုံးထားပါမယ် ။ အနှစ်အတွက် ပဒဲကော လက် ၂သစ်ခန့် ၊ ဂျင်း ၁တက် ၊ ကြက်သွန်နီ ၁ဥ ၊ စပါးလင် အရင်းပိုင်း လက် ၂သစ်ခန့် ၊ ငရုပ်သီး ဟင်းချက်မှုန့် စားပွဲတင် ဇွန်း တဝက်သာသာလောက်ကို ရောပြီး ညက်နေအောင်ထောင်းထားပါမယ် ။ ဆန် စားပွဲတင် ၂ဇွန်းမောက်မောက်ကို မီးအသင့်အတင့်နဲ့ ညိုရောင်သမ်းလာအောင် လှော်ပြီး ညက်နေအောင် ထောင်းထားပါမယ် ၊ အရမ်းမှုန့်သွားစရာမလိုပါဘူး ။ ဟင်းအနှစ်ကို ဆီ စားပွဲတင် ၃ဇွန်းခန့်နဲ့ ဆီသတ်ပါမယ် ၊ ကြိုက်တတ်ရင် ငရုပ်သီးစိမ်း ဓားနဲ့ မွှန်းပြီးထည့်ပါ ။ မွှေးလာရင် ဆန်လှော်ထည့်ပြီး နှံ့သွားအောင်မွှေပေးရပါမယ် ။ အတော်လေး လုံးသွားမှ ရေ ဖြည်းဖြည်းချင်း လောင်းထည့်ပြီး မွှေပေးပါ ၊ စပါးလင် အပေါ် အဖျားပိုင်းကို ထုထောင်း ထုံးပြီးထည့်ပါ ။ ရှမ်းနံနံ ၊ ငရုပ်ကောင်းစေ့တွေပါ အပူအစပ်ကြိုက်ရင် ထည့်လို့ ရပါသေးတယ် ။ ရေပွက်ပွက်ဆူလာရင် လုံးထားတဲ့ ငါးဆုပ်တွေထည့် ၊ ခဏနေရင် နှစ်သက်ရာ အရွက် တစ်မျိုးရော နွမ်းသွားရင် အရသာပြင်ပြီး စားလို့ရပါပြီ ။ ကျနော်ကတော့ လက်သင့်ရာ မုန်ညှင်းစိမ်းအရွက်တွေထည့်ပါတယ် ။ မျှစ်ပြုတ် ၊ ကနဖော့ ၊ ဘူးသီး ၊ ပိန္နဲသီးစိတ် … အဆင်ပြေရာ ထည့်လို့ရပါတယ် ။ ဟင်းရည်က ပူစပ်ဆိမ့် အတော် အရသာရှိတာမို့ ခံတွင်းမြိန်စေဖို့ အာမခံတယ်ဗျို့… 2) ကုလားပဲခြမ်းကို တစ်ညရေစိမ်၊ ဆားအနည်းငယ်ထည့်ပြီး မညက်တညက်ထောင်းထားပါ။ လေးစိတ်ကွဲအောင်ထောင်းထားသော စမုံစပါးအနည်းငယ်၊ငရုတ်သီးစိမ်းပါးပါးလှီး အနည်းငယ်၊ စားဆိုဒါအနည်းငယ်တို့ကိုရောပြီး ထောင်းထားသောပဲဖြင့်နယ်၍ အရွယ်တော်လုံးပြီး ဆီများများဖြင့်ကြော်ပါ။ သတိပြုရန်မှာ ဘယာကြော်အနှစ်များ ရေအရမ်းမခြောက်ရန်နှင့် မီးအရမ်းမပြင်းရန် ဖြစ်ပါသည်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဟူးနေ့ – ၀က်နံရိုးနုသစ်တိုသီးချက် ၊ ဘူးသီးအရည်သောက်၊ ခရမ်းချဉ်ငရုတ်ပွငါးပိချက်၊ တို့စရာ-zucchini..အချိုပွဲ-ဂျယ်လီ

 

ချက်နည်းက မခက်ဘူး သစ်တိုသီးပဲလိုတာ ။ ကျောက်စ်တို့က မော်လမြိုင်ဘက်ကလက်ဆောင်ပေးတဲ့ သစ်တိုသီးတွေကို ပါးပါးလှီး သန့်စင်ပြီး သယ်လာတာလေ ၊ ဒီရောက်တော့ ထုံးစံအတိုင်း ကြာကြာခံအောင် ခဲထားရတာပေါ့ ။ ချက်မယ်ဆိုမှ ထုတ်ပြီး ပဲငံပြာရည်အကြည် ဂျင်းရည်တို့နဲ့ နှပ်ထားတဲ့ ဝက်နံရိုးနုကို ငရုပ်သီးဟင်းချက်မှုန့် ၊ နနွင်းမှုန့် ၊ ကြက်သွန်နီ/ဖြူ ၊ သစ်တိုသီးတွေရောပြီး မီးအနေတော်နဲ့ လုံးချက်လေး ချက်လိုက်တာ ။ ဆီလား... သဘောလောက် စားပွဲတင် ၁ဇွန်းဆိုရပြီ ။ ချဉ်စပ်ကလေး ခံတွင်းလည်းရှင်း အရသာလည်း ကောင်းမှကောင်း..

ချက်နည်းက မခက်ဘူး သစ်တိုသီးပဲလိုတာ ။ ကျောက်စ်တို့က မော်လမြိုင်ဘက်ကလက်ဆောင်ပေးတဲ့ သစ်တိုသီးတွေကို ပါးပါးလှီး သန့်စင်ပြီး သယ်လာတာလေ ၊ ဒီရောက်တော့ ထုံးစံအတိုင်း ကြာကြာခံအောင် ခဲထားရတာပေါ့ ။ ချက်မယ်ဆိုမှ ထုတ်ပြီး ပဲငံပြာရည်အကြည် ဂျင်းရည်တို့နဲ့ နှပ်ထားတဲ့ ဝက်နံရိုးနုကို ငရုပ်သီးဟင်းချက်မှုန့် ၊ နနွင်းမှုန့် ၊ ကြက်သွန်နီ/ဖြူ ၊ သစ်တိုသီးတွေရောပြီး မီးအနေတော်နဲ့ လုံးချက်လေး ချက်လိုက်တာ ။ ဆီလား… သဘောလောက် စားပွဲတင် ၁ဇွန်းဆိုရပြီ ။ ချဉ်စပ်ကလေး ခံတွင်းလည်းရှင်း အရသာလည်း ကောင်းမှကောင်း..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကြာသပတေးနေ့- ငါးမြွေထိုးအကောင်ကြီးကို ချဉ်စော်ကားသီးအချဉ်ထည့် မုန်ညင်းထုပ်အုပ် ဆီကျန်ရေကျန်ချက်..ကောင်းချက် ..ကြက်ဥငရုတ်ပွကြော်နဲ့လည်း လိုက်မှလိုက်..ထမင်းမြိန်တာ..ပြီးတော့ သရက်သီးဂျယ်လီလေးစား.

 

 ကြက်ဥ ၄လုံးကို ငန်ပြာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ခပ်ကြာကြာပွနေအောင် ခေါက်ထားပါ..ငရုတ်ပွစိမ်းအရှည်မျိုးကို မထူမပါးလှီးပြီး အစေ့ထုတ်ပါ..ခေါက်ထားတဲ့ကြက်ဥထဲကို ခုနငရုတ်သီးများထည့်ပြီးကြော်ပါ..အရသာရိုးရှင်းပြီး ငရုတ်ပွနံ့မွှေးနေတဲ့ကြက်ဥမွှေကြော် ရပါပြီ

1) ငါးမွေထိုးက ဒီနိုင်ငံမှာ မရနိုင်တာမို့ မြန်မာနိုင်ငံဖွား ငါးမွေထိုးကို သယ်ခဲ့တာပါ ။ အကောင်ကြီးလေ အဆီများလေမို့ တချို့က ညှီစော်နံတယ်ဆိုပြီး မကြိုက်ကြပါဘူး ။ ကျောက်စ်ရဲ့ နည်းကတော့ ငါးမွေထိုးအကောင်ကြီးတွေကို မီးဖိုပြာနဲ့နယ်ပြီး ရေစင်အောင်ဆေးပါတယ် ။ ပြီးမှ ဗိုက်ခွဲ ၊ ခေါင်းဖြုတ် ၊ အရွယ်တော်တုံး ၊ မကျည်းသီး အနှစ်နဲ့ နောက်တစ်ခါနယ်ပြီး ၁၅မိနစ်လောက် နှပ်ထားပါတယ် ။ အဲဒါမှ အညှီနံ့ပျောက်မှာပါ ။ ပြီးမှ ရေပြန်ဆေး ၊ နနွင်း ၊ ငရုပ်သီးဟင်းချက်မှုန့် ၊ ငံပြာရည် ၊ ဟင်းချိုမှုန့်အနည်းငယ်နဲ့ သေသေချာချာနယ်ပြီး ထပ်ထားပါတယ် ။ နာရီဝက်လောက်နေရင် စပါးလင်နဲ့ဂျင်း လက်တစ်ဆစ်လောက်ကို ငရုပ်သီးဟင်းချက်မှုန့်နဲ့ ရောထောင်းပြီး ဆီသတ်ပါတယ် ။ အနံ့မွှေးလာရင် နှပ်ထားတဲ့ ငါးမွေထိုးတွေကိုထည့် ၊ သာသာလေး သမအောင် အထက်အောက်လှန်ပေးပြီး မကျည်းရည် အနည်းငယ်နဲ့ လုံးလိုက်ပါ ငါးမွေထိုးတွေ မာမာလေးဖြစ်သွားရင် ရပါပြီ ။ ကြာကြာအထားခံအောင် သယ်လာရမှာဆိုတော့ အကျက်ချက်လို့ မဖြစ်ဘူးလေ ။ ငါးမွေထိုးဟင်း အေးသွားရင် သယ်လို့ လွယ်ပြီး မသိုးအောင် ဗူးထဲထည့်ပြီး ခဲထားလိုက်ပါတယ် ။ ချက်ခါနီးတော့မှ ငရုပ်သီးခွဲကြမ်းကို ကြက်သွန်ဖြူ/နီ ထောင်းထားတာနဲ့ဆီသတ်ပြီး ၊ စားနိုင်သလောက် ငါးမွေထိုးဟင်း (ရေခဲပျော်ပြီး) ကိုထည့် ၊ ဆီပြန်လာရင် ချဉ်စော်ကားသီးခြောက် ရေစိမ်ထားတာကိုထည့် ၊ ရေဆူရင် အရသာပြင်ပြီး နှစ်သက်ရာ အရွက်ကလေးအုပ်လိုက်ရင် ထမင်းမြိန်စေမည့်ဟင်းကောင်း တစ်ခွက်ရပါပြီ….။ 2)
ကြက်ဥ ၄လုံးကို ငန်ပြာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ခပ်ကြာကြာပွနေအောင် ခေါက်ထားပါ..ငရုတ်ပွစိမ်းအရှည်မျိုးကို မထူမပါးလှီးပြီး အစေ့ထုတ်ပါ..ခေါက်ထားတဲ့ကြက်ဥထဲကို ခုနငရုတ်သီးများထည့်ပြီးကြော်ပါ..အရသာရိုးရှင်းပြီး ငရုတ်ပွနံ့မွှေးနေတဲ့ကြက်ဥမွှေကြော် ရပါပြီ

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သောကြာနေ့ – ၀က်ပေါင်ကို ၀ိုင်နဲ့ပေါင်းထားတာရယ်..zucchini အသုပ်ရယ် နှစ်မျိုးတွဲစားတော့ လိုက်တာပဲ..အချိုပွဲ- ချယ်ရီ

 

ဒါကလေးကတော့ ဝက်ပေါင်သားပေါင်း စတူးပါ ၊ မဲမဲတူးတူးကြီး အာရုံသိပ်မလာလို့ ပဲငံပြာရည်အနောက် မသုံးထားပါဘူး ။ ဝက်ပေါင်ကို ဟင်းချက်ဝိုင် သကြား ဆားနဲ့ နယ်ပြီး ရေခဲသတ္တာထဲမှာ အနည်းဆုံး တစ်ညသိပ်လောက် နှပ်ထားပါ (အဟိ... ဒီဝက်ပေါင်က ခဲထားတာ ကြာပေါ့) ။ ချက်ခါနီးမှ ဝက်ပေါင်ကိုထုတ်ပြီး အပြင်အခေါက်တွေ နီရဲသွားအောင် သကြားလှော်နဲ့ အိုးကင်းပူတိုက်ပါတယ် ။ ပြီးရင် ထမင်းပေါင်းအိုးထဲမှာ ရေသင့်ရုံထည့် ၊ ဂျင်းလက်တစ်ဆစ် ဓားပြားရိုက် ၊ ပဲငံပြာရည်အကြည်နဲ့ရောပြီး ပွက်ပွက်ဆူသွားအောင် တည်လိုက်ပါတယ် ။ ပြီးမှ ဝက်ပေါင်ကို ထမင်းပေါင်းအိုးအပေါ်က ဇကာထဲဆယ်ထည့်ပြီး ၁နာရီလောက်ပေါင်းလိုက်တာ နူးအိသွားပါလေရော ၊ ဒါပေမယ့် အခေါက်ကအဆီတွေ အောက်က ပေါင်းခံရည်ထဲစစ်သွားတာမို့ မအီပါဘူး ။ ပြီးမှ ကန်စွန်းရွက် (သို့) မုန်ညှင်းစိမ်းကို နွမ်းသွားအောင် အိုးကင်းပူတိုက် ၊ ဝက်ပေါင် ပေါင်းခံရည်နဲ့ရောပြီး အရသာပြင်လိုက်ရင် ရှယ်ပါပဲ ။ ကျောက်စ်ကတော့ အနံ့မွှေးအောင် ဂျင်းချောင်းပါးပါးလှီးထားတာ အပေါ်က ဖြူးလိုက်တယ်လေ... မိုက်စ်

1) ဒါကလေးကတော့ ဝက်ပေါင်သားပေါင်း စတူးပါ ၊ မဲမဲတူးတူးကြီး အာရုံသိပ်မလာလို့ ပဲငံပြာရည်အနောက် မသုံးထားပါဘူး ။ ဝက်ပေါင်ကို ဟင်းချက်ဝိုင် သကြား ဆားနဲ့ နယ်ပြီး ရေခဲသတ္တာထဲမှာ အနည်းဆုံး တစ်ညသိပ်လောက် နှပ်ထားပါ (အဟိ… ဒီဝက်ပေါင်က ခဲထားတာ ကြာပေါ့) ။ ချက်ခါနီးမှ ဝက်ပေါင်ကိုထုတ်ပြီး အပြင်အခေါက်တွေ နီရဲသွားအောင် သကြားလှော်နဲ့ အိုးကင်းပူတိုက်ပါတယ် ။ ပြီးရင် ထမင်းပေါင်းအိုးထဲမှာ ရေသင့်ရုံထည့် ၊ ဂျင်းလက်တစ်ဆစ် ဓားပြားရိုက် ၊ ပဲငံပြာရည်အကြည်နဲ့ရောပြီး ပွက်ပွက်ဆူသွားအောင် တည်လိုက်ပါတယ် ။ ပြီးမှ ဝက်ပေါင်ကို ထမင်းပေါင်းအိုးအပေါ်က ဇကာထဲဆယ်ထည့်ပြီး ၁နာရီလောက်ပေါင်းလိုက်တာ နူးအိသွားပါလေရော ၊ ဒါပေမယ့် အခေါက်ကအဆီတွေ အောက်က ပေါင်းခံရည်ထဲစစ်သွားတာမို့ မအီပါဘူး ။ ပြီးမှ ကန်စွန်းရွက် (သို့) မုန်ညှင်းစိမ်းကို နွမ်းသွားအောင် အိုးကင်းပူတိုက် ၊ ဝက်ပေါင် ပေါင်းခံရည်နဲ့ရောပြီး အရသာပြင်လိုက်ရင် ရှယ်ပါပဲ ။ ကျောက်စ်ကတော့ အနံ့မွှေးအောင် ဂျင်းချောင်းပါးပါးလှီးထားတာ အပေါ်က ဖြူးလိုက်တယ်လေ… မိုက်စ် 2) ဂျပန်သခွားကို ခြစ်နဲ့ခြစ်ပြီးသားကို ကြက်သွန်စိမ်းပါးပါး၊ပဲမှုန့်အနည်းငယ်၊ဆီပါလေရုံ၊ကြက်သားမှုန့်တို့နဲ့ခပ်ဖွဖွနယ်၊သံပယိုသီးညှစ်၊အကြမ်းမှုန့်နည်းနည်းထည့်၊ဆားနောက်ဆုံးမှထည့်နယ်ပါ။အရသာကိုယ့်စိတ်ကြိုက်ရပြီဆိုရင် အအီပြေစေမယ့် ဝက်ပေါင်သားပေါင်းနဲ့လိုက်တဲ့ သောက်ဆမ်းသခွားချဉ်သုပ် ရပါပြီ

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

စနေနေ့ – ”မိုးကလေး မဆိုစလောက်..ဒန်ပေါက် ပိုမောက်”

 

dan pout

ကျောက်စ်တို့အရပ်က စိနတိုင်းဆိုတော့ အိန္ဒိယစာ အနှီဒံပေါက်က စိတ်ရှိတိုင်းဝယ်စားဖို့ မလွယ်လှပါဘူး ။ ဆိုင်မရှိဘူးလားဆိုတော့ ရှိတော့ရှိပါရဲ့ အရောင်အဆင်းကလည်း စွဲမက်လောက်ဖွယ်မရှိ ၊ အနံ့အရသာကလည်း ချိုချိုရဲရဲ ပါးစပ်ထဲမှာ အာမထိလျှာမထိမို့ စားချင်ရင် ကိုယ့်အားကိုယ်ကိုး ၊ အိမ်မှာပဲချက်စားရတာပေါ့ ခင်ဗျာ ။ မချက်တတ်ခင်ကတော့ အတော်လက်ဝင်မယ် ထင်ထားခဲ့ပေမည့် တကယ်တမ်းတော့ ထမင်းနဲ့ဟင်း သက်သက်စီချက်တာထက်စာရင် အချိန်ကုန်သက်သာ လူလည်းသက်သာပါတယ် ။ ကိုင်း… ကျောက်စ်ရဲ့ မြန်ဆန်လွယ်ကူ ကြက်သားဒံပေါက်အစိမ်းဖောက်ကလေးကတော့ ဒီလိုပါခင်ဗျာ ။ ကြက် အရွယ်တော် ၆၀သားလောက် တစ်ကောင်ကို ခေါင်းတွေ ခြေထောက်တွေဖြတ်ပြီး လေးပိုင်းပိုင်း ၊ ဆား အချိုဇွန်း ဇွန်းတဝက် ၊ နနွင်း အချိုဇွန်း ဇွန်းတဝက် ၊ ပဲငံပြာရည် အကြည် စားပွဲတင် ၂ဇွန်း ၊ ဒိန်ချဉ် စားပွဲတင် ၁ဇွန်းနဲ့ နယ်ပြီး ရေခဲသေတ္တာအောက်ဆင့်မှာ တစ်ညလောက် နှပ်ထားလိုက်ပါတယ် ။ နောက်နေ့ရောက်မှ ကြက်သွန်ဥနီ တစ်လုံးကို ပါးပါးလှီး ၊ ဟင်းချက်ထောပတ် (Gee) စားပွဲတင် ၃ဇွန်းနဲ့ ရိုးရိုးဆီ စားပွဲတင် ၃ဇွန်းရောထားတဲ့အထဲမှာ ရွှေညိုရောင်ပေါက်လာအောင် ရွရွလေးကြော်ပြီး ဆယ်ထားလိုက်ပါတယ် ။ ဒံပေါက်ဆန် (Basmati Rice) နို့ဆီဗူး ၂လုံး (500g ခန့်) ကိုရေစင်အောင်ဆေးပြီး ထမင်းပေါင်းအိုးထဲမှာ ရေပုံမှန် ၊ ဆား အချိုဇွန်း ၂ဇွန်းနဲ့ မိနှစ် ၂၀လောက် စိမ်ထားပါတယ် ။ ပြီးမှ အဲသည့်ဆီထဲကို သစ်ကြပိုးခေါက် လက်တဆစ်လောက်ထည့်ပြီးဆီသတ် ၊ မွှေးလာရင် နှပ်ထားတဲ့ ကြက်သားတုံးတွေကို တစ်ခုချင်းထည့်ပြီး မီးအနေတော်နဲ့ အရောင်ရဲပြီး အရေခွံတင်းလာရုံတင် ကြော်လိုက်ပါတယ် ။ ကြက်သားတုံးတွေ အရောင်လှသွားရင် ပြန်ဆယ်ပြီး ဆီကို သင့်တော်ရုံလောက် ပြန်လျှော့ပါ ။ ကြေညက်အောင်ထောင်းထားတဲ့ ဂျင်း စားပွဲတင် ၂ဇွန်း ၊ ကြက်သွန်ဖြူ စားပွဲတင် ၂ဇွန်း ၊ ဒံပေါက် မဆလာ (ဖာလာစေ့ ၃စေ့ ၊ လေးညှင်း ၆ပွင့် ၊ ဇီးသီးခြောက် သို့ သံပုရာသီးခြောက် တစ်လုံး မပါရင် ထည့်ပါ) 50g ၊ ဒိန်ချဉ် စားပွဲတင် ၅ဇွန်း ၊ နို့စိမ်း စားပွဲတင် ၂ဇွန်း တို့ကို သမအောင်မွှေ၍ ကြက်သား ၊ ဆီလက်ကျန်နဲ့ ရောပြီး မီးမျှင်းမျှင်းမှာ ၁၀-၁၅ မိနစ်လောက် လုံးချက်လေးချက်လိုက်ပါ ။ အိုးမကပ်အောင် သာသာလေး မွှေပေးပါ ။ ရေစိမ်ထားတဲ့ဆန်တွေကို ပေါင်းအိုးထဲမှာပဲ ၄ပုံ ၃ပုံလောက်ချက်ပါ ( ပေါင်းအိုးထဲကထမင်း ရေခမ်းစပြုချိန် ) ။ ထမင်းအနေတော်ပြီဆိုရင် ခလုပ်ပိတ်၍ ထမင်း အပေါ် ၄ပုံ ၃ပုံလောက်ကို ဖယ်ထုတ်လိုက်ပါ ။ လက်ကျန်ထမင်းအပေါ် ချက်ထားသော ကြက်သားနဲ့ ဟင်းအနှစ်များကို ဖြန့်ထည့်လိုက်ပါ ။ အပေါ်က ကြော်ထားတဲ့ကြက်သွန်တွေ ဖြူးလိုက်ပါ ။ ဖယ်ထုတ်ထားတဲ့ ထမင်းကို မုံလာဥနီ အတုံး ၊ ပဲစိမ်းစေ့ ၊ သီဟိုဠ်စေ့ ၊ စဗျစ်သီးခြောက်များနဲ့ အလွှာလိုက် ဖြန့်ထည့်ပါ ။ ကြိုက်တတ်ရင် ကရဝေးရွက်လည်း ထည့်ပါ ။ ပြီးမှ စဉ်းငယ်ခန့် Zarda အရောင်မှုန့်ကလေး ထမင်းပေါ် ကျဲကျဲလေးဖြူးပြီး ၁၅မိနစ်လောက် ပေါင်းအိုးခလုပ်ပြန်နှိပ်၍ နှပ်ထားလိုက်ပါလျှင် အထူးစပါယ်ရှယ် အရောင်စုံ အရသာထူး ကျောက်စ်ဒံပေါက်ကို ရပါပြီ ။

 

 

တနင်္ဂနွေ – ၀က်နံရိုးကုလားပဲဟင်းရည်၊ ၀က်ဆီဖတ်zucchiniဥနီကြော်၊ သရက်ချဉ်သုပ် …

 

သုပ်ရန်သရက်ချဉ်များကို ရေအနည်းငယ်နဲ့ဆေးထုတ်ပစ်ပါ။ကြက်သွန်းစိမ်းပါးပါး၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်နည်းနည်းထည့်နယ်ပါ။သရက်ချဉ်က ဆားလေးတတ်လို့ ဆားကိုလိုမှထည့်ပါ။အစပ်၊အချိုအတွက် တရုတ်ငရုတ်ခွဲကြမ်းပဲငါးပိ အနှစ်ထည့်ပါ။ငရုတ်သီးစိမ်း ပါးပါးလှီးအုပ်ပါ။ ပုံမှန်သရက်ချဉ်သုပ်ထက် အရသာပိုထူးတဲ့ သရက်ချဉ်သုပ်ရပါပြီ။

1) ဝက်နံရိုးနဲ့ ပဲကတော့ လွယ်ပါ့ဗျား ၊ ကျောက်စ်တို့ကတော့ ဖဲဝိုင်းဟင်းလို့ ခေါ်ပါတယ် ။ ဘာလို့လဲဆိုတော့ ဖဲဝိုင်းမှာ ဖဲစားမာန်တက်ရင်း ချက်ကြတာမို့ရယ် ၊ နောက်ပြီး ထမင်းဇလုံထဲကို ဟင်းရည်ဆမ်းပြီး အလွယ်တကူစားလို့ရတာကြောင့်ရယ်ပါ ။ ချက်ပုံချက်နည်းကတော့ ကုလားပဲခြမ်းကို ပွသွားအောင်ရေစိမ် ၊ ဝက်နံရိုးကို ဆား ၊ အသားမှုန့် ၊ ဂျင်းရည် နဲ့ နယ်ပြီးနှပ်ထားပါတယ် ။ ချက်တော့မယ်ဆိုမှ ပဲနူးရုံလောက်တင် ပြုတ်လိုက်ပါတယ် ။ ဝက်နံရိုး နှပ်ထားတာကို ကြက်သွန်နီ/ဖြူ ဂျင်းမီးကင် နနွင်း ငရုပ်သီးဟင်းချက်မှုန့် ဆီအနည်းငယ်နဲ့ လုံးပြီးချက်လိုက်ပါတယ် ၊ ဝက်နံရိုးနူးပြီး ဆီပြန်စပြုလာရင် ပျဉ်းတော်သိမ်ရွက် အနည်းငယ်နဲ့ ကုလားပဲပြုတ်ကိုထည့်ပြီး ဆီပြန်သွားအောင် မွှေပေးလိုက်တာ အိုးကပ်ခါနီးမှ ရေထည့် မီးမျှင်းမျှင်းနဲ့ လွှတ်ထားလိုက်တာပဲ ။ ဟင်းရည် အတော်ဆူလို့ ဝက်နံရိုးတွေနူးမှ အသားမှုန့်ထည့်ပြီး အရသာပြင် ၊ ဟင်းအိုးချပြီး မီးပိတ်လိုက်ရင် ကျောက်စ်ရဲ့ဘော်ဘော် ဖဲသမားတွေ တန်းစီပြီး ဆွဲတော့တာပဲ ခီညား ။ Zucchini နဲ့ မုန်လာဥနီ အစိမ်းကြော်ကတော့ သိပ်မထူးဆန်းပါဘူး ။ ကျောက်စ်ကတော့ ဟင်းသီးဟင်းရွက်ကြော်ရင် မီးပြင်းပြင်းနဲ့ ခဏပဲကြော်တာမို့ ဇကာထဲမှာ ခပ်သေးသေးလှီးထားတဲ့ အသီးအရွက်တွေထည့် ၊ ဝက်ဆီဖတ်လေး သေးသေးတုံးပြီးထည့် ၊ သကြားလေး ဖြူး ၊ ခရုဆီလေးဆမ်း ၊ အပေါ်က ကြက်သွန်ဖြူ ဓားပြားရိုက်လေး အပုံလိုက်တင်ပြီး ဆီအတော် ပူပူမှာ ဆတ်ကနဲထည့်ပြီး ရှဲ လိုက်တယ် ခင်ဗျ ။ မီးပြင်းပြင်းမှာ ၁မိနစ်လောက် စားသောက်ဆိုင်က အကြော်ဆရာ ပေါက်ဖော်ကြီးစတိုင်နဲ့ ရှဲပြီးရင် နှမ်းဆီလေး ၂စက် ၃စက်လောက် ဖြန်းပြီး မီးချလိုက်တာပဲ ။ စားကြည့်ပါ… စားသောက်ဆိုင်က လက်ရာလောက်တော့ အေးချေး…. 2) သုပ်ရန်သရက်ချဉ်များကို ရေအနည်းငယ်နဲ့ဆေးထုတ်ပစ်ပါ။ကြက်သွန်းစိမ်းပါးပါး၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်နည်းနည်းထည့်နယ်ပါ။သရက်ချဉ်က ဆားလေးတတ်လို့ ဆားကိုလိုမှထည့်ပါ။အစပ်၊အချိုအတွက် တရုတ်ငရုတ်ခွဲကြမ်းပဲငါးပိ အနှစ်ထည့်ပါ။ငရုတ်သီးစိမ်း ပါးပါးလှီးအုပ်ပါ။ ပုံမှန်သရက်ချဉ်သုပ်ထက် အရသာပိုထူးတဲ့ သရက်ချဉ်သုပ်ရပါပြီ။

 

ခရက်ဒစ် အကုန် တူ နှင်းနှင်းးး

:chit:
(ဘာလို့တုန်း ဆို ဇွတ် တောင်းနဲ့ အနော် နဲ့ ညကြီးမင်းကြီး ဆူပူစောင့်အောင့်ထရေးပေးတဲ့ ဟိုလူကြီးကြား ဗျာများရလို့)

:mrgreenn:
ဒါပေမဲ့ ဒါကိုက မိန်းမကို ဘယ်လောက်ချစ်ကြောင်း သိသာနေတာနော့။

 

:s:

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120