“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ” အမှတ်(၃)

“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ”
(အမှတ်သုံး)

“ ပ လက် ဖောင်း အမှတ် -၁၈” အ ရောက် မှာ ကျ နော် ရန် ကုန် ကို သွား ချင် တဲ့ ပိုးထ လာ ပါတယ်။
ခပ် ငယ် ငယ် ဆယ် နှစ် သား က တစ် ခါ ဘဲ ရန် ကုန် ကို ရောက်ဘူး ပါတယ်.။
အဲ ဒီ အချိန် ကျ နော် အပြင် စာကို အတော် လေး ဖတ် တဲ့ အချိန် လဲ ဖြစ် ပါတယ်။
စာ ကြည့် တိုက် ပေါင်း စုံ ကို အ သင်း ဝင် ကဒ် ပြား လုပ်။
စာ အုပ် တွေ ငှား ဖတ် ။
စာ အုပ် အငှား ဆိုင် ပေါင်း စုံ က ထွက် သမျှ မဂ္ဂဇင်း တွေ ဝတ္တု တွေ ငှား ဖတ်။
အခု၂၄လမ်း-လမ်း၈ဝဒေါင့်မှာရှိတဲ့ အမျုိုးသားစာကြည့် တိုက်မှာဆိုရင်
အတော်ရှားပါးတဲ့စာအုပ်တွေကျနော်ဖတ်ခဲ့ရပါတယ်။
အဲဒီမှာထိုင်ဖတ်လဲရ ငှားဖတ်လို့ လဲရ ပါတယ်။
နေရာပေါင်းစုံ က ငှားထားတဲ့စာအုပ်တွေရှိနေတော့
တစ်ရက် ကို အနည်း ဆုံး စာအုပ် နှစ်အုပ်လောက်ဖတ် ဖြစ်ပါတယ်။
တစ် ခါ တစ် လေ ကိုယ် ကြိုက်တဲ့ စာ ရေး ဆရာ များ ရေး တာ ဆို ရင် တစ် ထိုင် ထည်း
ပြီး အောင် ဖတ် လိုက်တာ ည နက် သန်းခေါင် အထိ။
အိမ် မှာ လျှပ်စစ် မီး မရှိ တော့ည စာ ဖတ် ရင် ရေ နံ ဆီ မီး အိမ်နဲ့ ဖတ် တော့
ရေ နံ ဆီ ကုန် လို့ အ ဖွား ဆူ တာ ခံ ရ တာ ကလဲ မကြာ ခဏ။
ကျ နော် စာ ဖတ် တာ ကို အ ဖေက အား ပေး ပါ တယ်။
ကျ နော် က ငါး တန်း ကျောင်း သား ဘဝ က တည်း က ဝတ္တု ဖတ်ဘူးတာပါ။
အိမ် က ဦးလေး တွေ အဒေါ် တွေ ချ ထား တဲ့ စာ အုပ ်တွေ ကောက် ဖတ် ရင်းနဲ့
စာ တွေ ဖတ် ဖြစ် တာ ပါ။
ပ ထမ ဆုံး စ ဖတ် ဖြစ ် ဘူး တဲ့ ဝတ္တု စာ အုပ် ကတော့
တည် ကြည် ရဲ့ သိန်း နက် နဲ့ မင်း အသက် ငါ့ ပေး ဆရာ ကြီး မြ ခိုင် စွန့် စားခ န်း ဝတ္တု တွေပါ။
နောက် ပြီး တော့ ရူ့ မဝ၊ မြ ဝတီ ၊ငွေ တာ ရီ ၊ မိုး ဝေ ၊ သွေးသောက် မဂ္ဂဇင်း တွေ လဲ ဖတ် ရ ပါတယ်။
ရူ့ မဝ က တော့ ဝတ္တု တွေကြိုက်လို့၊
မြဝတီ ကတော့ ဓါတ်ပုံ ပြိုင် ပွဲ တွေ နဲ့ မှတ် ချက်တွေကြိုက်လို့၊
ငွေ တာ ရီ ကေ တာ့ ကဗျာတွေ ကြိုက်လို့ ။
မုိုုး ဝေ တော့ ထူးခြားဆန်းသစ်တဲ့ အရေးအ သားေ တွ နဲ့
ကာ ရန် မဲ့ ကဗျာ တွေ တော် လှန် ကဗျာ တွေကို ကြိုက်လို့။
သွေးသောက်ကတော့ ဝတ္တုတွေကြိုက်လို့။
ဆိုတဲ့ အကြောင်းပြ ချက် တွေ နဲ့
မဂ္ဂဇင်းပေါင်းစုံ ကို ဖတ်ဖြစ်ပါတယ်။
ကျ နော် တို့ အိမ် မှာ အရင် က တဲ က လူ ထု ဦး လှ ရဲ့ ပုံ ပြင် စာအုပ်တွေ ရှိ ခဲ့ ပါတယ်။
တစ် ရက် တော့ သော င်း ပြောင်းထွေလာ ရေး ချင် ရာ ရာ ဆို တဲ့ စာအုပ်လေးကို ဖတ်မိရ ာက
စ ပြီး လူ ထု ဦး လှ ရဲ ့ “ကျနော်………………………” စာအုပ်တွေကိုလိုက်ဖတ်မိ ပါ တော့ တယ်။

အဲ လို စာ တွေ ဖတ် ခဲ့ လို့ ဘဲ မိတ် ဆွေ တစ် ဦး နဲ့ ခင် မင် ခွင့် ရခဲ့ ပါတယ်။
သူက ကျနော် ထက် အသက် ကြီး ပါတယ်။
သူ ့ အလုပ် က အရပ် တကာ လည် ပြီး ခြင်ဆေး ဂျ ပိုး ဆေး ဖျန်းတဲ့ အလုပ် ကို လုပ်သူပါ။
တစ် ပါတ် တစ် ခါ ကျ နော် တို့ အရပ ် ကို ရောက် လာ တတ်ပါတယ်။
သူ့ရဲ့ လွယ် အိ တ် ထဲမှာ ဖတ် စ ရာ စာ အုပ် တွေ အမြဲ ပါ ပါ တယ်။
ကျ နော် စာ ဖတ် တာ ဝါ သ နာ ပါ မှန်း သိ တော့ သူ့ စာအုပ်တွေ ကို ကျနော်ကို ပေး ငှားပါတယ်။
သူ့ ကျေး ဇူး ကြောင့် လဲ ဆယ် တန်းအောင်စ ပေါက်စ န ကျနော် က စာ ကြီး ပေကြီး တွေ
ဖတ် ခွင့်ရခဲ့ ပါ တယ်။
ကျနော် ဖတ် ချင် တယ် ဆို တဲ့ စာ အုပ် ကို သူ က နောက် တစ်ပါတ် လာရင် ယူ လာ ပေး ပါ တယ်။
သူ့ ဆီ က ဘဲ မောင် ထင် ရဲ့ ငဘ တို့
ရန်ကုန်ဘဆွေရဲ့ ချစ်သမီး သို့ တို့ မြန် မာ ပြည် သား တို့
မောင်သိန်းလွင်ရဲ မစန်းစန်းဝင့် တို့ ကိုဖတ် ခဲ့ ဘူး ပါ တယ်။
သူ ပြော ပြ လို့ ချေ ဂွေ ဗားရားဆို တာကိုကြားဘူး လာတယ်
ကွန်မြူ နစ် ဆို တဲ့ စ ကားလ ုံးကြား ဘူး လာ တယ်။
သူပြောပြ လို့ ဘဲ စစ်အ စိုး ရ တို့ မဆလ တို့
ပစ္စည်းမဲ့ လူ တန်း စား တို့ ၊ အရင်းရှင် တို့ ၊ဘူဇွာ တို့ ကြား ဘူးလာပါတယ်။
သူပြောပြ လို့ ဘဲ ကော်လာဖြူ လူတန်းစားတို့ ကြိုးနီစံနစ်တို့
ကားလ်မတ်တို့ အိန်ဂျယ် တို ့ ဆို တဲ့ စကား အသစ် အဆန်းတွေကိုကြား ဘူး လာ ရ ပါတယ်။
သူပြော ပြ လို့ ဘဲ သခင်စိုး တို့ သခင် သန်းထွန်း တို့ ဆို တာ တွေကိုလဲ ကြားဘူးလာရ ပါတယ်။
အစုးိရ ထုတ ်သတင်း စာ များကို ဖတ် ရင်တော့
ပြည်ပြေး တို့ ယူဂျီ တို့၊သောင်းကျန်းသူ အဖျက်သမား တို့ ၊အပြစ်မဲ့ပြည်သူများတို့ကြားရပါ တယ်။
ဦး သန့် အရေး အခင်း ရန် ကုန် မှာ ဖြစ် တဲ့ အ ကြောင်းတွေကို
သူက ဘဲ ကျနော့် ကို ပြော ပြ ပါတယ်။
ကျ နော် ့ အ ဖေ က သူ နဲ့ ပေါင်း တာ သိပ် မကြိုက် ပေ မယ့်
အ တင်း အကျပ် ကြီး တော့ တာ း မြစ် မ ထား ပါ ဘူး။

သူကဘဲ လူငယ် တစ် ယောက် ရဲ့ တိုးတက် မူ့ ဆို တာ ရန်ကုန်မှာဘဲရှိတယ်။
ဖြစ် ချင် တာ တွေ ဖြစ ်နိုင် ဘို့ စွန့် စား ရဲ ရ မယ် လို့ ဆိုခဲ့ ပါတယ်။
သွား ချင် တယ် ဆို ရင် သူ က အဆ က် အသွယ် ရှာ ပေး မယ်ေ ပြာ ပါတယ်။
အဲ တော့ ဆယ် တန်း အောင် ပြီး ချိန်မှာ ကျ နော် က ရန် ကုန် ကို သွား ချင် ခဲ့ ပါတယ်။
ရန်ကုန်သွားမယ်၊
ဟို မှာ အလုပ် တစ် ခု ရ အောင် ရှာ ပြီး ဖြစ် သလို ရှာဖွေ ပြီးစားသောက်မယ်၊
ည ကျောင်းတက် မယ်။
ပြီး ရင် အဲဒီမှာ ဘဲ ရှိ တဲ့ နိုင်ငံခြား ဘာ သာစကား သင် တန်း တက် မယ်။
ပြင် သစ် ဘာ သာ ယူ မယ် လို့ စိတ် ကူး တွေယဉ် ခဲ့ ပါ တယ်။
ပြင်သစ် ဘာ သာ ဆို တာ စာ ပေ နဲ့ ပါတ်သက်ရင် အမြင့် ဆုံး လို့ ဆို တာကို
အကိုကြီး တစ်ယောက်က ပြော ပြ ထားဘူး လို့ ပါဘဲ။
ဒါ ပေ မယ့် ကျနော် အိမ် က ခွင့် မပြု ခဲ့ ပါဘူး။
တကယ် လို့ များ ခွင့် ပြု ခဲ့ မယ် ဆို ရင် လဲ ကျ နော် ဘ ဝ က
အပြောင်း လဲ ကြီး ပြောင်း လဲ သွား မယ် ဆို တာကို နောက် မှ သိ လာ ရ ပါ တယ်။

တစ်ခါ မှာ တော့ သူ ငယ် ချင်း တစ် ယောက် အိမ် မှာ သွား ရင် း နဲ့ စု ပေါင်း စပ် ပေါင်း
ဘာ သာ ပြန ်ထား တဲ့ ကဗျာ စာ အုပ် လေး ကို ဖတ် မိ ရာ က နေ
“လောဘအိုးကလေး “ ဆို တဲ့ ကဗျာလေး ကို ကြိုက်မိရာကနေ
“ရာဘင်ဒြာ နတ်တဂိုး”ဆို တဲ့ အ မည် လေး ကို စိတ်ထဲမှာအမှတ် ထင် ထင် ရှိ လာတော့
အိန္ဒိယ စာ ပေ တွေ ကို ဖတ် ချင် စိ တ် ပေါက်လာပါတယ်။
ဒီတော့ လဲ အိန္ဒိယစာပေ ဂုုရုကြီး ဖြစ် တဲ့
ဆရာ ပါ ရ ဂူ ရေး တဲ့ ဘာ သာ ပြန် စာ တွေ ကို အငမ်း မ ရ ဖတ် မိ ပြန် ပါတယ်.။
မောင် သာ ရ ဆို တာ တစ် ရပ် ကွက် ထဲ နေ တဲ့ သူဆိုတာ ကို သိ ရ ပြန်တော့
သူ့စာ အုပ် တွေ ကို လိုက် ပြီး ဖ တ် မိ ပြန် ပါ ရော။
တစ် ရက် မှာ တော့ သူငယ် ချင်း တစ ်ယောက် က ၂၉လမ်း ၈၃လမ်း က ဝင်း ထဲ မှာရှိတဲ့
ရပ် ကွက် စာ ကြည့် တိုက်လေး တစ် ခု ကို ခေါ် သွား ပါ တယ်။
အဲ ဒီ စာ ကြည့် တိုက်က ဝါ သ နာ ရှင် တစ် ဦး က ထူေ ထာင် ထားတဲ့စာကြည့် တို်က်လေး ပါ ဘဲ။
အဲ ဒီ မှာ စာ ရေး ဆရာ ပေါင်း စုံ ရဲ့ စာ အုပ် ကို အာ းလုံး နီး ပါ း ရ နိုင် ပါတယ်။
အဲဒီ မှာ စာ ဖတ် ရင်း နဲ့ မြသန်း တင့် သိလာ တယ် သိန်း ဖေမြင့် သိ လာ တယ်
မင်းသုဝဏ် သိ လာ တယ ် သိပ္ပံမောင်ဝ သိ လာ တယ် ဇော်ဂျီ သိလာတယ်
ကျော် မြ သန်း သိ လာ တယ် ကြယ်နီ သိ လာတ ယ်
နတ်နွယ် သိ လာ တယ် ရွှေဥဒေါင်းကို သိ လာ တယ် လူ ထု ဒေါ်အမာ သိ လာ တယ်
ခင်နှင်းယု သိ လာ တယ် ခင် မျိုး ချစ် သိ လာ တယ် ခင်ဆွေဦး သိလာ တယ်
မဟာ ဆွေ ၊ စစ် ကိုင်း ဦး ဖိုး သင်း၊ မှော်ပီ ဆရာ သိမ်း ၊ သော် တာဆွေ
မဝင်းမြင် ့ယု ဝတီ ခင် စိန် လှိုင် ……………………………..
အစရှိ တဲ့ ကျ နော် မ သိ သေး တဲ့ ဆရာ ကြီး ဆ ရာ မကြီး တွေရဲ့
စာေ တွကို မြည်း စမ်း ခွင့်ရ လာ ပါ တယ်။
တစ်ရက်တော့ သတင်း စာ ထဲမှာ ကွက် လပ် ကလေး ဖြည့် ပေး ပါ ..မစန္ဒာ ဆို တဲ့
ဝတ္တု ကြော ်ငြာ လေး ကို တွေ့ ရ ကေ န စပြီး မစန္ဒာဆို တဲ့စာ ရေး ဆရာမ ရဲ့
စာ အုပ် ကလေး ကို ရှာ ဖတ် ရာက နေ ကိုကိုတူး က ကျ နော် ရင် ထဲ ကို ရောက်သွားခဲ့ ပါတယ်။
အဲဒီအချိန်မှာ ကျနော် အတွက် ငွေ ဝင် တဲ့ လုပ်ငန်းလေးတစ်ခုကိုလုပ်ဖြစ်ပါတယ်။
ကျနော် ငယ် ငယ် လေး က ထဲက သတင်းစာတွေစာအုပ်တွေ အရောင်းအဝယ်လုပ်တဲ့
ဘော် တယ် ကု လား လုပ် ငန်း ကို တတ်မြောက်ခဲ့ ပါတယ်။
အမေ့ ရဲ့ လက်ငုုတ်လက်ရင်းအလုပ်ပါ။
ကျနော်က စာ ဖတ် တော့ စာအုပ်တွေရဲ့ အကြောင်းကို နားလည်ပါတယ်။
စာအုပ်တစ်အုပ်ရဲ့ တန် ဘိုး ကိုနားလည်ပါတယ်။
ညဈေး တန်း စာအုပ်အဟောင်းရောင်းတဲ့သူ တွေရော
အခြားနေရာ မှာ ဖွင့် တဲ့ စာအုပ်အဟောင်းရောင်းသူတွေနဲ့လဲ ကျနော် က ခင်မင်နေပါတယ်။
ဒီတော့ ပုလင်းဝင်းကိုသွားပြီး သူတို့ ပိဿချိန်နဲ့ရောင်းမယ့် စာအုပ်တွေထဲက
ကျနော်ကြိုက်တဲ့စာအုပ်တွေကိုရွေးထုတ်ပြီး ပြန်ဝယ်ပါတယ်။
ဈေး တော့ ပိုပေးရ ပါတယ်။
ဂျွန် ချိန် ပြီး ချိန် တဲ့ စာအုပ်တစ်ပိဿာကို နှစ်ကျပ် ဆို ရင်
ကျနော်က သုံးကျပ်ပေးရ ပါတယ်။
ကျနော်အတွက်ဒီအလုပ်က စီးပွားလမ်းဖြောင့်ပါတယ်။
အဲဒီအထဲမှာရှားပါး စာအုပ်ပါ လာ တယ် ဆိုရင် တစ်အုပ်ထဲနဲ ့ အရင်းကျေ ပါတယ်။
ကျနော် ဝယ် လာ တဲ့ စာအုပ်တွေကို ကျနော် ဝအောင်ဖတ်ပြီးမှရောင်းပါတယ်။
ကျနော်ကလဲ ရ သမျှ စာအုပ်တိုင်းကိုပြန်မရောင်းပါဘူး။
ကျနော်လို ချင် တဲ့ စာအုပ်တွေကို တော့သိမ်းထားပါတယ်။
(ကျနော် သိမ်းထားတဲ့စာအုပ် ၃၀ဝကျော်ကျော်လောက်ရှိပါတယ်။
ကျနော်အိမ်ထောင်ကျ တော့ ငှားနေရ တဲ့ အိမ်က ကျဉ်းတော့ စာအုပ်တွေကို
သယ်မသွားနိုင်ပါဘူး။
ကျနော်အဖွားအိမ်အပေါ်ထပ်မှာ သေတ္တာထဲ ထည့် ပြီး သော့ခတ်ထား။
ကျနော်ဖတ်ချင်မှသွားယူ။
အဲ့ဒီစာအုပ်တွေက ၁၉၈၄ ဦးကျားကြီး မီးမှာ အကုန်ပါသွားပါတယ်။
နှမျောလိုက်တာ မှ ပြောမပြ နိုင်လောက်အောင်ပါဘဲ။)

မနက်အစောကြီးအိမ်ကထွက်ပြီး
ည မိုး ချုပ် မှ အိမ်ပြန်လာ လူမူ့ ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့
အဖေက ကျနော် ဒီလို စီးပွားရှာနေတာကို လုံး ဝမသိ ပါ ဘူး။
အဖေ သိ တာ ကတော့ ည မ အိပ ်ဘဲ စာအ ုပ်တွေ ဖတ်။
စစ် တု ရင် သွားကစား လို့ ဝရင် အိမ်ကို ပြန် စား တဲ့
“လည်ရာ ပြန်စားရေး “လုပ် နေတယ်ဆို တာပါ။
ဒီလို နေ တာ ကို မကြည့် ချင် တဲ့ အဖေ က
ကျနေ်ာ အမ ဝမ်း ကွဲ တစ်ယောက် ရဲ့ မူလ တန်း ကျောင်း လေး ဆီကို လုပ် အားပေးထည့်လိုက်ပါတော့တယ်။
ကျ နော် ကို စစ ခြင်း သူ ငယ် တန်း မှာ စာ သင် ခိုင်း ပါ တယ်။
နောက်တော့ မီးဖွားခွင့်ယူ သွားတဲ့ ဆရာ မတစ်ယောက်ရဲ့ နေရာ ကို အစား ထိုး ပြီး သင်ခိုင်းပါတယ်။
ဒုတိယ တန်း ကလေးေ လး တွေ ကို သင်ရ တာပါ။
ကျ နော် အဲ ဒီ လုပ်အားပေးဆရာ ဘဝ မှာ ခြောက်လ လောက် ကြာ ခဲ့ ပါတယ်.။
ဆင်းရဲသားအများ စု နေတဲ့ရပ်ကွက်ထဲက ဘုန်းကြီးကျောင်း ထဲ မှာဖွင့်ထားတဲ့ ကျောင်း လေး မှာ လုပ် ခဲ့ရတာပါ။
မနက် ရေ ချိုး ဘို့ နေ နေ သာ သာ မျက် နှာ ကို ပြီး စလွယ် သစ် လာ တဲ့၊
ညဝတ် အိပ် ထား တဲ့ သေး စော် နံ နေ တဲ့ အဝတ်အစားနဲ့ ကျောင်း ကို လာ တဲ့၊
ကျောင်းယူ နီ ဖောင်းအဖြူ အစိမ်း မရှိ လို ့ အိမ် မှာ ရှိတဲ့ အဝတ်အစားနဲ့ ကျောင်းကိုလာတဲ့၊
လွယ် အိတ် မပါ ဖတ် စာ အုပ် မ ပါ ဗလာ စာအုပ် အစုတ် နဲ့ ခဲတံ အတို ဘဲ ပါ တဲ့၊
ကျောင်း မှာ ဝယ် စား စရာ မုန့် ဘိုး မပေးလိုက် လို့ သူများ ဆီ က မုန့် ကိုလု စားတတ်တဲ့၊
အိမ် အ လုပ် ရှိ ရင် ကျောင် း လာ မ တတ် တတ်တဲ့၊
ကျောင်း ကို လာ ရင် အိမ် မှာ ထိန်း မယ့် လူ မရှိ လို့
သူ့အောက်က ကလေး ကို ကျောင်းကိုခေါ်လာ တတ်တဲ့၊
ကျောင်း သား ကျောင်း သူ တွေ ရယ်
ကျောင်းက ပေး ထားတဲ့ လခ က လွဲ ရင် ဘာအ ပို ဝင် ငွေ မှ မရှိတဲ့၊
အရောင်လွင့်လွင့် အဖြူ အစိမ်းန ဲ့ တိုက်ပုံ အကျီ ခပ် နွမ်းနွမ်း ကို ဘဲ ဝတ် တတ်တဲ့ ၊
သုံးစုံလောက်ဘဲ ရှိ တဲ့ ပေါ်ပလင် နဲ့ ပိတ် အင်္ကျ ီ အဖြူ အစိမ်း သာရှိတဲ့ ၊
စာအုပ် ဘိုး ဘာဘိုး မ ပေး နိုင် တဲ့ ကျောင်း သားများ အတွက် မရှိမဲ့ ရှိ မဲ့ လခ ထဲ နေ စိုက်ပေးတတ်တဲ့၊
အောင်ချက် မကောင်း ရင် အ ထောင်းခံ ရမှာ စိုး လို့ စာ မလိုက် နိုင်တဲ့ကျောင်း သူ ကျောင်း သားတွေကို
ကျောင်းဆင်းချိန် မှာ အိမ် မပြန်ဘဲ စာ ခေါ် သင်ပေးတတ်တဲ့၊
ကျနော် လုပ်အားပေးခဲ့ တဲ့ ကျောင်းက ဆရာ ဆရာ မတွေ နဲ့ အတူ နေ ခဲ့ ရ ချိန်မှာ
ကျ နော် ဘဝ အတွေးေ တွ ပြောင်းလဲ လာ လက် တွေ့ဆန်လာ ခဲ့ပါတယ်။
အဲ ဒီ ကျောင်းမှာ ကျ နော် ထက် တစ် နှစ် စော အောင်ပြီး မန်းလေးတက္ကသိုလ်မှာ ညကျောင်းတက်နေတဲ့
ဆရာ မ တစ်ယောက် ရှိ ပါ တယ်။
သူ က လဲ ကျနော် ကို အလုပ် လုပ်ရင်း စာ ဆက် သင် ဘို့ တိုက်တွန်းပါတယ်။
အိမ် ကို ပြော တော့ အိမ် က နေ့ ကျောင်း ဘဲ တက် ရမယ် လို့ ဘဲ ပြော ပါ တယ်။
ကျ နော် ဘာ လုပ် ရ မှန်း မ သိ။
အဲဒီအချိန်မှာဘဲ တက္ကသိုလ် ဝင် ခွင့် လျောက်လွှာတင်ဘို့ အချိန် ကျ လာ ပါ တယ်။
ကျ နော် တို့ နှစ် မှာ ထူး ထူး ခြား ခြား တက္က သိုလ်စာ ပေး စာ ယူ သင် တန်း (အခု တော့ အဝေး သင် တက္ကသိုလ်ပေါ့) စတင် လို့ ဖွင့် ပါ တယ်။
လေး နှစ် တက် ရ မယ်။
သ င်္ခန်း စာ တွေ ကို အိမ် ပို့ ပေးမယ်။
ပြန် ဖြေ ပြီး စာ စဉ် တွေ ပို့ ပေးရမယ်။
တစ်နှစ်မှာအ နီး ကပ် သင်တန်း တစ်ကြိမ်ခေါ် မယ်။
နေ့ ကျောင်းတက် တဲ့ သူ တွေ အတိုင်း ဘွဲ့ ရ မယ်။
ဆို တော့ က ျနော် အတော် ပျော် သွားပါတယ်။
အဲ ဒီ မှာ ကျနော် အိမ် ကို မပြောဘဲ အဲ ဒါ ကို တက် ဘို့လျောက်လိုက်ပါတယ်။
တက္ကသိုလ် ဖွင့် တော့ လဲ အိမ် ကို နေ့ ကျောင်း မတက် တာ မပြောရဲ။
ဓါ တု ဗေဒ မေ ဂျာ ရ တယ် ဆို ပြီး ခပ် တည် တည် နဲ့ ကျောင်းသွားပါတယ်။
သူ ငယ် ချင်း တစ်ယောက် က လဲ ပျင်း လို့ ဆိုပြီး မနက် မနက် ဆို လာေ ခါ် ပါ တယ်။
တစ် ရက်မှာ တော့ စာ ပေး စာ ယူ သင် တန်း က စာ စဉ် နဲ့ ပြ ဋ္ဌာန်းစာအုပ်တွေ
အိမ် ရောက် လာ တာ နဲ့ အိမ် က သိ သွားပါတယ်။
ဒါ နဲ့ ဘဲ အ ဖေ က မေး တော့ အလုပ်လုပ်ရင်းေ ကျာင်း တက် ချင်လို့ ပါ လို့
ဖြေ တဲ့ အခါ ရိုး ရိုး စာ ရေး တော့ မလုပ် နဲ့ ဆို ပြီး အစိုးရ က ဖွင့် တဲ့
စာ ရင် း ကိုင် သင် တန်း ကို တက်ခိုင်းပါ တယ်။
စာ ရင်း ဇယား ကိန်း ဂဏန်းတွေ ကို ဝါ သ နာ မ ပါ တဲ့ ကျ နော်
လိမ်ဖယ် လိမ်ဖယ် နဲ့ ဘဲ စာရင်းအင်းတွေ ကို သင် ရ ပါ တော့တယ်။
အဲဒီမှာ တက် နေ တော့ စနေ နေ့ တိုင်းမှာ နိုင်ငံရေးသိပ္ပံ ဆို ပြီး တစ်ချိန် သင်ရပါတယ်။
အညမည တို့ လူ နဲ့ ပါတ်ဝန်းကျင် သဟာဇာတဖြစ်မူ့ တွေ ဘာေ တွ သင်ရ ပြန် ပါတယ်။
တကယ်တော့ မြန် မာ့ ဆိုရှယ် လစ် ဝါ ဒ သဘောတရားတွေကို သင်ပေးတာပါဘဲ။
ဒီဘာသာရပ်ကစာမေးပွဲလဲမစစ်တော့ ဟိုလိုဒီလို နဲ့ ဘဲ ပြီး သွားခဲ့ ကြ တာ များပါတယ်။
သင်တာကတော့ ကျောင်းအုပ်ဆရာကြီး ကို်ယ်တိုင်သင်တာပါ။
အဲ လို စာ ရင်း ကိုင် သင် တန်း တက် နေရ င်း စာ ပေး စာ ယူ သင်တန်း က စာ စဉ် တွေ
ကို လဲ ဖြေ ရ ပြန ်ပါ တယ်။
စာ ရင်း ကိုင် သင် တန်း က လဲ စာတွေများ
စာ ပေး စာ ယူ သင်တန်း ကလဲ ဆရာမ ရှိ ဘဲ စာအုပ်တွေ ဖတ်ပြီး မေးခွန်းတွေ
ဖြေ ရ ဆို တော့ အ တော်ေ လး ကို စိတ် ရော လူ ပါ ပင် ပန်း ခဲ့ တဲ့ ကာ လပါ ဘဲ။
စာရင်းကိုင် သင်တန်းကလဲ လူ ၂ဝ က သင်တန်း တစ် ဝက် ကျုးိ ချိန်မှာတော့
လူ အတော် များများလျော့ သွား ပါ တယ်။
ကျနော်က တော့ ဇွဲ နဘဲ နဲ့ ဆက်တက် ပါ တယ်။

ကျနော် ့ ဘဝ မှာ အများအားဖြင့် ရွေးချယ်စရာ လမ်း က နှစ် လမ်း ကြုံ လေ့ ရှိ ပါ တယ်။
ဒီဇင်ဘာ လ ရောက် တဲ့ အခါမှာ တက္ကသိုလ် စာ ပေး စာ ယူ သင် တန်း က အနီးကပ်သင်တန်း
တက်ဘို့ ခေါ် ပါ တယ။်
တစ်လ လုံး နီး ပါး တက်ရ မှာပါ။
စာ ရင်း ကိုင် သင် တန်း ကလ ဲ စာ မေး ပွဲ ကြီး ဖြေ ပြီး ပါ ပြီ။
ဒါ ပေမယ့် လက်တွေ့ စာ မေး ပွဲ တစ် ခု လုပ် ဘို့ ကျန် ပါ သေးတယ်၊
လက် တွေ ့ စာ မေး ပွဲ ဆို တာ လုပ်ငန်း တစ် ခု လုံးရဲ့ စာရင်းဇယား
အချက်အလက် တွေချပေးထားပါမယ်။
မှားတာလဲ ပါ မယ် မှန် တာ လဲ ပါ မယ်။
အဲ တာ ကို စာရင်း တည် ့ အောင် ဆွဲ ပေး ရ မှာ ပါ။
အချိန် ခြင်း တိုက်နေ တော့ ကျောင်း အုပ် ကြီး ကို သွား ပြီး ခွင့် တောင်း ပါတယ်။
ပ ထ မ တစ် ခါ မ ရ ဘူးပြော လွှတ်ပါတယ်။
ကျနော် ဒု တိယ တစ် ခါ ထပ် ပြော ပါတယ်။
အဲ ဒီ မှာ သူ က
“ စာ ရင်းကိုင် သင် တန်း က ဆင်း ရင် အလုပ် ရ မှာ သေချာတယ်။
မင်း တက် ချင် တဲ့ တက္ကသိုလ် က ဘွဲ့ ရ ရင် လဲ အလုပ်က ရ ချင် မှာ ရ မှာ
ငါ့ ကျောင်း ပြိး အောင် တက် မတက်ဘူးဆို ရင် ထွက်” လို့ ပြော လိုက်တဲ့ အခါမှာ
လူ ငယ် ပီ ပီ ဒေါ သ တွေ ထွက် ပြီး
အဲ ဒီ ကျောင်း ကို ဆက် မတက်ဘူးဆိုပြီး ထွက် ဘို့ ဆုံးဖြတ် လိုက် ပါတယ်။
စိတ်ထဲမှာတော့ ခင်ဗျားကျောင်း ဆက်မ တက်လဲ အလုပ် တစ်ခု ကေ တာ့ ရအောင်ရှာနိုင်တယ်ဆို တဲ့
မာန တရား အပြည့် နဲ့ပေါ့။
သူ ငယ် ချင်းတွေ နဲ့ ဒီ ကိစ္စကို တိုင်ပင် တော့ လဲ တက္ကသိုလ် ဘွဲ့ ရ အောင်လုပ် ဘို့ ဘဲ
ဝိုင်းပြော ကြတာ လဲ ပါ ပါ တယ်။
အဲ ဒီ နေ့ က စပြီး ကျောင်း မသွား တော့ ပါဘူး။
လေးငါးရက် နေ တော့ ကျောင်း က စာ ရေး လေး အိမ် လိုက် လာ ပါတယ်။
ဆရာ ကြီး က သူ ့ ကို လာ တွေ့ ပါပေါ့။
ကျ နော် က မာ န ခံ ပြီး “ကျောင်း ထွက်လို်က် ပြီ မလာ တော့ဘူး”လို့ ဘဲ ပြော လိုက်ပါတယ်။
ဒါ နဲ့ ဘဲ အဝေး သင် အနီး ကပ် တက် ဖြစ် တယ်ဆို ပါတော့။
ဒါကလဲ ကျနော့် ဘဝ ရဲ့ တစ်ဆစ် ချိုး တစ် ခု ပါ ဘဲ။

(ဆက်လက်ဖော်ပြ ပါ မည်)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
8-7-2014

18 comments

  • weiwei

    July 21, 2014 at 9:51 am

    ကျွန်မတို့ခေတ်ကတော့ ၁ဝ တန်းဖြေပြီး တက္ကသိုလ်တက်ဖို့ ၃ နှစ်တောင် စောင့်ခဲ့ရတယ် ..
    စာအုပ်အငှားဆိုင် ၃ ဆိုင်လောက် ပြောင်းပြီး ဝတ္ထုစာအုပ် အကုန်ကုန်အောင် ဖတ်ဖြစ်ခဲ့ပေမယ့် ကိုပေါက်လို နံမည်တွေကို အတိအကျမမှတ်မိတော့ဘူး ..
    ဆိုင်ကစာအုပ်တွေကုန်သွားတဲ့နောက်ပိုင်း အိမ်က အဖွားရဲ့ စာအုပ်ဘီဒိုကို ဖွင့်ခဲ့တယ်။ အရှင်ဇနကာဘိဝံသစာအုပ်တွေ၊ ဗုဒ္ဓဝင်ကျမ်းတွေ၊ မဟာစည်ဆရာတော်ဘုရားစာအုပ်တွေ၊ မိုးကုတ်ဆရာတော်ဘုရားကြီးစာအုပ်တွေ၊ ဗုဒ္ဓစာပန်းချီစာအုပ်တွေ စသဖြင့် ဘာသာရေးစာအုပ်တွေနဲ့ တွေ့သွားပြီးနောက်ပိုင်း ရသစာပေနဲ့ အလှမ်းဝေးသွားခဲ့တယ် ..

    • မဝေ ရေ

      ကျနော်က တော့ ဘာသာရေး စာပေ နဲ့ အလှမ်းဝေးပြီး ရ သာ စာ ပေ တော ထဲ ရောက်သွားပါတယ်

      နီးစပ်ရာလို့ ဆိုနိုင်ပါတယ်။

  • surmi

    July 21, 2014 at 11:02 am

    တကယ့်ပလက်ဖေါင်းပါဘဲ ။
    ကိုယ့်ဟာကို ရေးကြည့်ပေမယ့်ဒီလိုအစဉ်တစိုက်မစုံခဲ့ဘူး ။
    အထူးသဖြင့် နောက်ခံခေတ်ကြေးမုံတွေစုံအောင်မပါခဲ့ဘူး ။
    ခေတ်တခုရဲ့ ပလက်ဖေါင်းတွေပါဘဲ လို့

  • ခင်ဇော်

    July 21, 2014 at 11:38 am

    လေးပေါက် စာဖတ်အား နဲ့ စာဖတ် သက်တမ်း မနည်းဖူးပဲ။
    မှတ်ဉာဏ်ကလည်း အတော်ကောင်းတယ်။

    • ဟုတ် ပါ တယ် ခင်ဇော်ရေ

      စာ ဖတ်ခြင်း ဟာ အကောင်းဆုံးသောအပန်းဖြေ ခြင်းလို့ ငယ်ငယ်လေးက တည်းက ခ ံ ယူ ထားတော့

      စာပေါင်းစုံဖတ်ခဲ့ဘူးပါတယ်။

      အခုတော့ အချိန်လဲ မပေးနိုင်တော့ ဂျာနယ်လောက်နဲ့ ဘဲ နှစ်ပါးသွားနေရပါတယ်.

  • black chaw

    July 21, 2014 at 2:19 pm

    အေးအေးဆေးဆေးမှ အစအဆုံးဖတ်ပြီး
    ကျေနပ်လောက်တဲ့ ကွန်းမန့်ရေးမယ်လို့
    ကတိပြုသွားပါတယ် ကိုပေါက်ရေ…။

    • ကိုချော

      ပြီးဘို့ အများကြီး ကြ ာ အုံးမယ် ထင် ပ ါတယ်

      အစက အ တို လေး ရေး ရင်း နဲ့ အခု တော့ ရှည်လျား သွား ပြီ

      အပိုငး6 အထိ တော့ ရေး ပြီးးသွားပါပြီ

      စုတ်ချက် ကြမ်းကြမ်း နဲ့ ဆွဲ တဲ့ ပန်း ချီ ကား လောက် ဘဲ ရေ း မှာပါ

  • Mr. MarGa

    July 21, 2014 at 6:53 pm

    ပလက်ဖောင်းတွေ ပြောင်းသွားတိုင်း
    အမှတ်ထင်ထင် တစ်ခုခုတော့ ကျန်ခဲ့တာပါလားဗျာ….

      • Mr. MarGa

        July 25, 2014 at 4:12 pm

        ဒီလောက် စာရေးပျင်းတဲ့သူကို လေးပေါက်က ယုံတယ်ပေါ့လေ 🙂

  • ခင် ခ

    July 22, 2014 at 8:12 am

    ပလက်ဖောင်းတွေ တစ်ခုပြီးတစ်ခုဖြတ်သန်းလျောက်နေစဲမို့ ဆက်ရန်မျော်နေတယ်ဗျို့

    • ကိုခ ရေ

      ပလက် ဖောင်း က တစ် ခု ပြီး တစ် ခု ဆက် လာ မှာ

      အခု မှ အတိတ်ကို နောက်ပြန်ပြေးနေရ တယ်

  • kyeemite

    July 22, 2014 at 8:57 am

    ကျုပ်တို့ငယ်ငယ်က ရွှေသွေးတို့ တေဇ တို့ကစခဲ့တာပဲ..နောက်တော့ ဝတ္ထုတွေ ဖတ်တတ်လာတယ်
    ဝတ္ထုဆိုလို့ ဘာသာပြန်ဝတ္ထုတွေစွဲခဲ့သေးတယ်…အဲ့တုန်းကတော့ ကိုပေါက်ပြောသလို စာကြည့်တိုက်တွေကငှားဖတ်ဖတ်…စာအုပ်အငှားဆိုင်တွေကငှားဖတ်ဖတ် အတော်အဆင်ပြေတာကိုး…
    အခုတော့ စာအုပ်အငှားဆိုင်လေးတွေရှားပါးသွားပြီ…ဝယ်ဖတ်ဖို့ကျပြန်တော့ စာအုပ်စာပေတန်ဖိုးကမြင့်…
    ခုခေတ်လူငယ်တွေ စာနဲ့ပိုအလှမ်းဝေးကုန်သလိုပါပဲ….. 🙁

    • ကျနော် တို့ ငယ်ငယ်က ကလေး ဂျာ နယ ်ရှိ ခဲ့ တယ်။

      ကာ တွန်းအောင်ရှိန် အပါအဝင် ကာ တွန်း ဆရာ ကြီးတွေ မွေး ထုတ် ထားတဲ့ ဇာတ်ကောင်တွေ နဲ့ ပျော် မွေ့ ခဲ့ ရ တယ်

      သတ္တိ မောင် ကမ္ဘာ မျောက်ညို ဦး စိတ် တို ဗ လကြီး ဗလလေး
      မောင်တီထွင် စံရှား ဒိန်းဒေါင်
      ငတက်ပြား ရင်ထဲမှာ ရှိနေ တာလေးတွေ
      နောက် နည်းနည်းကြီးလာတော့ ကြံဗဟုန်း (ကိုမိုက်တို့ RITကပါ)
      စံရွှေမြင့် ……..ထွန်းမင်းလတ်

      ဒါတွေ က စာ မဟုတ် တဲ့ ကာ တွန်း

  • အရီးခင်

    July 24, 2014 at 1:32 am

    နောက်ပိုင်း မိုးသောက်ပန်း ရှိသေးတယ် ကကြီးမိုက် ရဲ့။

    ကပေါက်ကြီး အခုရော ငါ စာရင်းကိုင် လုပ်ခဲ့ရင် လို့ တွေး နေမိသေးလား။

    Research Post လေး ကိုလဲ ဝင် ဖြေပေးပါ ဗျ။ နော်။
    အစ်မပေါက် ဆီက အဖြေလေးပါ ယူလာပေးပါ။ :-)))

  • ကိုလတ် ရေ

    စာရင်းက ိုင် အစစ်တော့ မဖြစ် ခဲ့ဘူး။

    နောက်ပိုင်းတော့ ဒီ စာရင်းတွေ နဲ ဘဲ လုပ် စား ရ တာ ဗျာ

    ဒီစာရင်းတတ်ခဲ့ လို့ လဲ အတော် အဆင် ပြေ သွား တယ်

    လာမယ် မကြာဘူး ခဏ စောင့်

  • kai

    July 25, 2014 at 4:28 pm

    ဆင်ထားတဲ့…ရေးကွက်က.. စိတ်ဝင်စားစရာကောင်းလာပြီ…။
    ကိုပေါက်က.. တော်လှန်ရေးကောင်စီခေတ်.. မဆလခေတ်.. စစ်အုပ်ချုပ်ရေးခေတ်.. အခုလွှတ်တော်ဒီမိုကရေစီခေတ်တွေ သေသေချာချာမှီခဲ့သူမို့.. သက်ကြီးစကားသက်ငယ်ကြားဖြစ်တော့တာပေါ့…

    ရန်ကုန်နေတဲ့သူတယောက်က.. ခေတ်ပြိုင်ထား.. စာယှဉ်ရေးခဲ့ရင်.. တော်တော်”လှ”တဲ့..” ခေတ်လေးခေတ်ပုံပြင်”… ဖြစ်သွားမယ်… ထင်မိတယ်..။

Leave a Reply