လူပီသတဲ့…ဘလက်…။

black chawJuly 21, 20145min39948

 

နည်းနည်းခန့်ခန့်ညားညား ဖြစ်သွားအောင်

ကမ္ဘာကျော် ဒသန ပညာရှင်ကြီးတစ်ယောက် ပြောခဲ့ဖူးတဲ့စကားလေးနဲ့

အစပြုလိုက်ရအောင်ဗျာ။

ဒီလိုပဲ ကိုးကားနေရတာပါပဲ ကွယ်…။ အဟမ်း…အဟမ်း…အဟမ်း…။

:mrgreen:

ဘယ်သူလဲလို့တော့ ကွက်ရှင်မရှုပါနဲ့ ကျောင်းကြီးဒကာ။

အရိုးရှင်းဆုံးဝန်ခံရရင် ဒသန ပညာရှင်ကြီး ရဲ့ နာမည်ကို သိကို မသိတာဗျ။

ကျွန်တော် ဖတ်လိုက်မိတဲ့ အထဲမှာလည်း အဲဒီလို မရေမရာပဲ ရေးထားတာဗျ။

ထားလိုက်ပါဗျာ…အဲဒီ နာမည်က သိတ်အရေးမကြီးလှပါဘူး။

(အင်…မသိတာကိုပဲ သိတ်အရေးမကြီးဘူးဆိုပြီး လုပ်ချသွားတာဗျ…။ ပညာပါတယ်နော်…အာဟီး…။)

သူ့ ဒိုင် က အရေးကြီးတာပါ။

သူ့ ဒိုင်ယာလော့ခ် လေးက ဒီလိုတဲ့ဗျ။

လူဆိုတာ တဲ့ တစ်နေ့တာပတ်လုံးမှာတဲ့ ၃ ခုသော အလုပ် နဲ့ ပဲ အချိန်ကုန်နေရတာပါ

တဲ့။

အာဂ ဆိုတဲ့ တာဝန်ခံ အယ်ဒီတာ အကောင်းစားလေးက မေးတယ်။

အိပ်…စား…ကာမ လား ကိုဘလက်…တဲ့။

မေးပါစေကွယ်။ သူ့သန်ရာ သန်ရာပေါ့။

အင်း…မဟုတ်သေးဘူး ဂ ရဲ့…။

အမေးရှိတော့လည်း အဖြေရှိရတော့မှာပေါ့ဗျာ။

(အင်…သူ့ဟာသူမေး သူ့ဟာသူဖြေ)

၁။ Curiosity – သိချင်စိတ်ပြင်းပြခြင်း၊ စပ်စုခြင်း။

ဟုတ်တယ်ဗျို့။

ခင်ဗျားတို့ မနက်မိုးလင်းတာနဲ့ Facebook ထဲ ဘယ်သူတွေ ဘယ်လိုကြွယ်ထားသလဲဆိုတဲ့

သိချင်စိတ် ပြင်းပြင်းပြပြ မဖြစ်မိကြဘူးလား။

ဦးကြီးမိုက်တစ်ယောက် ညက ဘယ်အရက်ဆိုင်မှာ ဘယ်သူတွေနဲ့ အရက်သောက်သလဲ။

( ဒီလူကြီးက အရက်သောက်တိုင်း အရက်ဝိုင်းမှာပါတဲ့လူတွေကို ဓါတ်ပုံရိုက်ပြီး FB ပေါ်တင်နေကြ။)

:mrgreen:

ကျောက်စ် တို့လင်မယား ညစာ ကို ဘာဟင်းတွေနဲ့ စားကြသလဲ။

(ကျောက်စ် တို့ လင်မယားကလည်း သူတို့ လင်မယား ၂ ယောက်တည်း စားတဲ့ထမင်းဝိုင်းကို

ဓါတ်ပုံရိုက်ပြီး FB ပေါ်တင်နေကြ)

:mrgreen:

ဦးဘလက်ကြီးတစ်ယောက် ဘယ်မင်းသမီး ရင်ဘတ်က တက်တူးပုံကို စတေ့တပ်စ်လုပ်တင်ထားသလဲ။

(ဒီလူကြီးတင်တဲ့ ပို့စ်တွေက သိတ်သိတ်ပြီးတော့ ဆက်စီဖြစ်တာ…ဟေးဟေး)

:mrgreen:

စင်္ကာပူလူမိုက် ခင်ဇော်တစ်ယောက် ဘယ်လို စတေ့တပ်စ် တွေနဲ့ မိုက်ကြေးခွဲထားမလဲ။

(သူ့မွေးစားအဖေ ကိုဆွေကြီးက သိတ်လက်ယဉ်ထှာ။ Like လုပ်ပြီး မျက်နှာချိုသွေးထားမှ…ဟေးဟေး)

:mrgreen:

မျက်နှာမသစ်၊ သွားမတိုက်သေးပဲ ဆီးသွားချင်တာတောင် အောင့်ထားပြီး

FB ပေါ် အရင်တက် စပ်စုလိုက်ရမှ ကျေနပ်ကြတယ် မဟုတ်လားဗျာ။

ဒီတစ်ခုတော့ ကွက်တိ။

၂။ Gossip – အတင်းအဖျင်းပြောခြင်း၊ အတင်းစကား။

ဒါလည်း ဟုတ်တာပဲ ဗျို့။

မနက်စောစော FB ပေါ် မှာ ဘယ်သူတွေ ဖလန်းဖလန်း ဖြစ်နေပြီလဲ။

တစ်ချက် လေ့လာလိုက်ပြီး။

ဥပမာ ပေါ့ဗျာ။

Wow ; မွသဲ ဟိုသတင်းကြားပြီးပြီလား။

TNA ; ဘယ်သတင်းလဲ၊ ဖေါက်သည်ချပါဦး။

Wow ; စိုင်းစိုင်းခမ်းလှိုင်နဲ့ ကိတ်ဝင်းဆွိ  တို့ ချောင်းသာအတူသွားကြတဲ့ သတင်းလေ။

TNA ; ဟယ်။ စိုင်းစိုင်း လေး နှမြောလိုက်ထှာ…ဟယ်။ အဲ့ ကိတ်ဝင်းဆွိ ဆိုတဲ့ ကောင်မ က စိုင်းစည်တွမ်ခမ်းနဲ့လည်း မရှင်းမရှင်းဆို။

Wow ; အေးလေ။ ကိတ်ဝင်းဆွိ က စိုင်းစည်တွမ်ခမ်း နဲ့ ကြိုက်နေတဲ့ကြားက စိုင်းစိုင်းကို ခွချက်လုပ်သွားတယ် ဆိုလား။

TNA ; ဟယ် ဝေါင်း ရယ်။ နင့်သတင်း က တိကျရဲ့လားဟယ်။ စိုင်းစိုင်းအတွက် ငါ့ရင်တွေပူနေပြီဟယ်။

(ကြည့် သူ့ယောက်ျား ဆိုရင်တောင် ဒီလောက် ခံစားရမယ်…မထင်…။)   :mrgreen:

Wow ; ဦးဘလက်ကြီး ရဲ့ နားစွန်နားဖျားရပ်ကွက်သတင်းထဲ ဖတ်လိုက်ရတာပဲ မွသဲရယ်။

TNA ; အံမယ်လေး။ အဲ့ ဦးဘလက် က နားလေးကြီး။ ကြားချင်ရာလျှောက်ကြားတဲ့ လူကြီး။

သူ့သတင်းတွေဆို ချင့်ယုံ…ချင့်ယုံ။

:mrgreen:

(လူကိုများ နားလေးကြီးတဲ့။ အသားလွတ်ကြီး။

ထားလိုက်ပါဗျာ။

ဆိုတော့…

ခင်ဗျားတို့ရော မသည်းနုအေး နဲ့ ဝေါင်းမမတို့ လို မနက်စောစော

Facebook ပေါ်တက်ပြီး အတင်းပြော ဘူးကြတယ် ဟုတ်)

ယောက်ျားလေးဆိုရင်လည်း…အောက်ပါ ချက်ဟစ်စထရီ အတိုင်းပေါ့။

Kyeemite ; မောနင်း…သားကြီး ဟိုသတင်းကြားပြီးပြီလား။

Nozomi ; ဘာသတင်းလဲ သားကြီးရ။

Kyeemite ; နန်းဆု ရင်သားက အော် မဟုတ်ဘူးဆိုပဲ။

Nozomi ; ငါက အစစ်ကြီး မှတ်လို့ သွားငေး နေတာ သားကြီးရ…။

ဒါနဲ့ ဝါဆိုမိုးဦးလေး တင်ပါးလည်း အစစ်မဟုတ်ဘူးဆိုပြီးပြောနေကြတယ် ဟ။

Kyeemite ; ဘယ်သူ ပြောတာလဲ သားကြီးရဲ့။

Nozomi ; ဘလက်ချော ကြီးရဲ့ နားစွန်နားဖျားရပ်ကွက်ထဲ ရေးထားတယ် ဟ။

Kyeemite ; အဲ့လူကြီးက လေဖမ်းဒန်းစီး ထင်ရာတွေ လျှောက်ရေးနေတာပါကွာ။

ဝါဆိုမိုးဦး တင်ပါးလေး နှစ်ခြမ်း ကတော့ အော် တာမှ စစ်စစ် စစ်စစ် နဲ့ တောင် မြည်နေသေး…အဟွမ်း…အဟွမ်း။

:mrgreen:

(ကန်တော့် နော် ကျောင်းကြီးဒကာတို့။ ကိုမိုက်တို့ ကိုနိုတို့ ပြောလေ့ပြောထရှိတဲ့အတိုင်း ပြန်ရေးလိုက်ရတာပါ။

  ဘလက်ချောကြီးကိုယ်တိုင်ကတော့ အဲဒီလို တစ်တစ်ခွခွတွေ ပြောတတ်ဝူးရယ်။ ဟေးဟေး။

  မနက်စောစော ဘုရားအကြောင်း တရားအကြောင်းမပြောတဲ့ ကာလသားအဟောင်းအနွမ်းကြီးတွေပေါ့ကွယ်။)

ခင်ဗျားတို့ရော သူတို့လို

  မျက်နှာ မသစ်၊ သွားမတိုက်၊ ရေအိမ်တောင် မဝင်သေးပဲ သူများအတင်းအဖျင်း မြိန်ရေ ယှက်ရေ ပြောဖူးကြတယ်ဟုတ်။

  အိုကေ…အဲဒါဆို နံပတ် ၂ အချက်ကလည်း ကွက်တိဗျာ။

၃။ Ambiguity – မရေရာခြင်း၊ မပြတ်သားခြင်း။

မနက်အိပ်ယာထတာနဲ့ ဘာကိုစလုပ်ရမလဲဆိုတာ မရေရာတာမျိုးပေါ့။

ဥပမာကောင်းကောင်းလေး ပေးပါ့မယ်။

ဆိုကြပါစို့…။

ဟောင်ကောင်မှာနေတဲ့ ကျောက်စ် တို့ လင်မယား ဗျာ။

ကျောက်စ် အဖြစ်က ဒီလို။

မနက်ခင်း မိုးလင်းတာနဲ့ သွားပဲ အရင်ပြေးတိုက်ရမလား၊

(မနက်မိုးလင်းတာနဲ့ အရင်ဦးဆုံးလုပ်တဲ့ အလုပ်က မနှင်းကို အာဘွားပေးနေကျဆိုတော့

ဒီနေ့မှ မပေးရင် မနှင်းရဲ့ စိတ်ကောက်တာကို ခံရဖို့ ရှိတယ်ဗျာ)

:mrgreen:

မနှင်းကိုပဲ အာဘွား အရင်ပေးလိုက်ရင် ကောင်းမလား၊

(အဲဒါဆိုလည်း ညက သွားမတိုက်လိုက်မိတော့ အာပုတ်စော် တွေက နံနေပြီလေ)

:mrgreen:

အားဟီး…။

ကျောက်စ် အတွက် ခက်စ် နေပြီပေါ့ဗျာ။

နံပတ် ၃ အချက်ကလည်း ကွက်တိကြီးပါ။

လိုရင်းပြန်သွားကြပါစို့။

လူဆိုတာ အဲဒီ ၃ မျိုး နဲ့ပဲ အချိန်တွေ ကုန်ဆုံးနေရတာပါတဲ့။

စပ်စုမယ်။ အတင်းပြောမယ်။ မရေမရာ မပြတ်မသား နဲ့ ချီတုံချတုံ ဖြစ်မယ်။

ဟုတ်တော့လည်း ဟုတ်နေတာပါပဲ ကျောင်းဒကာကြီးတို့ရယ်။

ကျွန်တော်လည်း စပ်စုတတ်တာပါပဲ။ ခင်ဗျားလည်း စပ်စုတတ်တာပါပဲ။

ကျွန်တော်လည်း အတင်းပြောတတ်တာပါပဲ။ ခင်ဗျားလည်း အတင်းပြောတတ်တာပါပဲ။

စိတ်ကူးယဉ်တာတောင် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်…

သဉ္ဇာဝင့်ကျော်လေး နဲ့ ချစ်ပွဲဝင်လိုက်ရကောင်းမလား

ယုသန္တာတင်လေးနဲ့ ချစ်ပွဲဝင်လိုက်ရကောင်းမလား

အေးမြတ်သူကြီးကလည်း ငယ်ချစ်ကြီးဆိုတော့ မပြစ်ရက်နိုင်

အို…အဲဒီလို ချီတုံချတုံ မပြတ်မသား မရေမရာ ဖြစ်ရတာ အခါခါရယ်။

နောက်ဆုံးတော့…စိတ်ကူးယဉ်တာပဲ…ကိုယ်နာတာမှမဟုတ်တာပဲ…ဆိုပြီး

၃ ယောက်လုံးနဲ့ ချစ်ပွဲဝင်ခဲ့မိတာ အခါခါ ရယ်ပါ။

စိတ်ကူးယဉ်တာကိုပြောတာပါ…အာဟီး…:mrgreen:

ဘယ်သူ့ ဂရုစိုက်နေမလဲ ဗျာ။

အဲဒါကိုက လူသား သဘာဝလို့ ဆိုထားခဲ့ပြီပဲ။

ကဲ။

ဘလက်ချောကြီး ရေးတဲ့ ပို့စ်ကို စိတ်ဝင်တစား အထင်တကြီး တစ်လေးတစ်စား ဖတ်ရှုနေသော

အိုဘယ့် ကျောင်းဒကာ ကျောင်းအမကြီးတို့ ခင်ဗျား။

အခု ပို့စ်ကို အဆုံးသတ်ပါတော့မယ်။

နောက်ဆုံးတော့ ဘာမှ မဟုတ်ပါဘူးခင်ဗျာ။

ဒီလိုပဲ ကြားဖူးနားဝ ဒိုင်ယာလော့ခ်လေးတစ်ခုကို အပျော်ပို့စ်လေးတစ်ပုဒ်ဖြစ်အောင်

ရေးကြည့်လိုက်တဲ့ သဘောပါ။

တနင်္လာနေ့ ရုံးတက်ချိန်မှာ ပေါ့ပါး လန်းဆန်းသွားရအောင်ပါ။

ရေးမိမှတော့ မေးလိုက်ပါရစေဦး။

ခင်ဗျားတို့ရော စပ်စုတဲ့ အကျင့်ရှိပါသလား။

အတင်းပြောတဲ့ အကျင့်ရှိပါသလား။

ကျောက်စ် လို သွားပဲ အရင်တိုက်ရမလား မနှင်းကိုပဲ အာဘွားအရင်ပေးရမလားဆိုတဲ့

မရေမရာ မပြတ်မသား ချီတုံချတုံ ဖြစ်ဖူးပါသလား။

ကျွန်တော့် ဒသန ပညာရှင်ကြီးကတော့ လူဆိုတာ အဲဒီ ၃ ခု ကိုလုပ်ရင်း အချိန်တွေ ကုန်ဆုံး

နေရတာတဲ့ ခင်ဗျ။

ဟုတ်မဟုတ် ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်ကြပါဦး။

သိတ်လေးလေးနက်နက်တွေ မတွေးကြစေလို။

ပေါ့ပေါ့ပါးပါး လေး ပြုံး လိုက်စေချင်တာပဲ သီးသန့် ရည်ရွယ်ပါတယ်ခင်ဗျား။

စပ်စု

အတင်းပြော

ချီတုံချတုံ

၃ မျိုးတည်းနဲ့ ချာလပတ် ရမ်းရင်း

လူပီသအောင် ကြိုးစားနေတဲ့…ဘလက်။

 

 

 

48 comments

  • Kaung Kin Pyar

    July 21, 2014 at 10:05 am

    စပ်စု အတင်းပြောတာမဟုတ်ပါဘူး…အူးဘလက်ရ…။ သတင်းတွေစုဆောင်းပြီး ပြန်လည်ဖြန့်ဖြူးတာပါ…..။ နားဝင်ချိုအောင်လဲ မပြောတတ်ဘူး။ ချီတုံ ချတုံတော့ ဖြစ်ဖူးတယ် ခဏခဏ…။ ခုလိုမိုးတွင်းဆို ပိုဖြစ်….။ မနက်မိုးလင်းကတည်းက စပြီး ချီတုံချတုံ ဖြစ်တာပဲ…။ ငါ အလုပ်သွားရကောင်းမလား…အလုပ်မသွားရကောင်းမလား…နဲ့… နောက်ဆုံး မသွားမဖြစ်တော့လဲ ရောက်ရောက်လာရတာပဲ……။

    😥

    • black chaw

      July 28, 2014 at 11:20 am

      @ Kaung Kin Pyar ;
      စပ်စု တာက စူးစမ်းလေ့လာခြင်းလို့ လည်း တစ်နည်းခေါ်လို့ရသပေါ့။
      အတင်းပြောတာကလည်း သတင်းကြေညာခြင်းတစ်မျိုးပါပဲခင်ဗျ။
      ချီတုံချတုံ ဖြစ်တာကတော့…အင်းရည်းဇား ၂ ယောက်ထားမိသလိုမျိုးပဲဗျ။
      ဒီနေ့ ကိုကို့ကို အချိန်ပေးရကောင်းမလား…၊
      မောင်မောင့် ကို အချိန်ပေးရကောင်းမလား…၊
      ဝေခွဲမရ ဖြစ်တာမျိုးနဲ့ ခတ်ဆင်ဆင်ခင်ဗျ…။
      ဆိုတော့ ကောင်းကင်ပြာ ဆိုတဲ့ နာမည်ကို မြင်တိုင်း
      နှုတ်ခမ်းထော်ထော်လေးနဲ့ ပိုးဒါလီသိန်းတန် ကြီး ပြေးပြေး သတိရမိတယ်ခင်ဗျ။
      ပြီးတော့ စိုးအောင် (ကောင်းကင်ပြာ) ဆိုသူကြီးရဲ့ ရုပ်ကြီးကိုလည်း ပြေးပြေး မြင်မိတယ်ခင်ဗျ။
      အဲ့လူကြီးကို မခန့်လေးစားဖြစ်မိတာက ကောင်းကင်ပြာ ဆိုတာကြီးက သူ့သီချင်းမှမဟုတ်ပဲ။
      အဲ့ဒါကို သူ့နာမည်နောက် သွားကပ်ထားတာကို အမြင်ကတ်နေမိတာဗျာ။
      အို…ဘာတဲ့…
      ကောင်းကင်ပြာ…ဒို့ရဲ့ ကောင်းကင်ပြာ
      ဝိုး…ရေ့…။
      (အပျော်ပါ ခင်ဗျာ)
      :mrgreen:

  • TNA

    July 21, 2014 at 10:12 am

    ဟီးးးးဟီးးးးးး ရီလိုက်ရတာအူးဘက်ရယ်။ အူးဘက်က နားလေးသဒဲ့လား။ အင်းဒီလူးရီးနာစွန်နားဖျားနဲ့ လုပ်ပြန်ဘီ :mrgreen: အင်းအူးဘက်ပြောတာတွေ ဟုတ်သလိုလိုရှိအိ ( အတင်းဝန်ခံလို့တော့မဖြစ် ) 🙂 ဟုတ်သယောင်ယောင်ပဲထားလိုက်ပါတော့။ 😀

    • black chaw

      July 28, 2014 at 11:22 am

      @ TNA ;
      ဟုတ်သယောင်ယောင်ပဲ ထားလိုက်တာ ပိုကောင်းပါတယ်ဗျာ။
      ဟုတ်တော့ ဟုတ်နေတာပဲ ဟုတ်ဘူးလားဗျာ။
      :mrgreen:

  • surmi

    July 21, 2014 at 10:13 am

    ဆိုးပါ့ ဗျာ
    ဒီကနေ့မှ စောစောစီးစီး အတင်းပြောလိုက်မိပေတယ် ။
    ကွက်တိကို ဝန်ခံလိုက်ရပါရောလားးးး

    ချီတုန်ချတုန်တော့မဖြစ်တော့ပါဘူးလေ
    ဝါ ကစကားပြောလေသပေါ့ :mrgreen:

    • black chaw

      July 28, 2014 at 11:26 am

      @ surmi ;
      ဝါ ရင့် လာရင် ပိုပြီး ချီတုံချတုံ ဖြစ်တတ်တယ် ကိုဆာမိရဲ့။
      အကျိုးအကြောင်း အဆိုးအကောင်း အကုန်သိထားတော့
      တွက်ချက်လွန်းပြီး လူပျိုကြီး အပျိုကြီးတွေ ဖြစ်တတ်တာ သက်သေပါဗျာ။
      ဥပမာ…( :mrgreen: )

  • weiwei

    July 21, 2014 at 10:34 am

    ဒီမနက် မိုးတွေတအားကြီးနေလို့ မရေမရာတွေးလိုက်သေးတယ် .. အလုပ်သွားရင်ကောင်းမလား မသွားရင်ကောင်းမလားလို့ .
    ဒါပေမယ့် ကိုယ့်လူတွေအကြောင်းကသိနေတယ် .. အကြံတူတွေမို့ တစ်ရုံးလုံးတစ်ယောက်မှမလာရင်ဒုက္ခလို့ တွေးပြီး ကိုယ်ကပဲရောက်အောင်လာခဲ့ရတယ် ..
    တနင်္လာနေ့မှာ စပ်စုခြင်းနဲ့ အတင်းပြောခြင်းဆိုတာ မဖြစ်မနေလုပ်ကြရတဲ့ ပုံမှန်အလုပ်တစ်ခုလိုပါပဲ ..

    • black chaw

      July 28, 2014 at 11:31 am

      @ weiwei says ;
      အင်း…လူပီသတဲ့ မဝေ ကွန်းမန့်ကို
      BC ပေးပါရစေခင်ဗျာ။
      :mrgreen:

  • နှူးဘာ မိဂီ

    July 21, 2014 at 10:57 am

    စောစောစီးစီးဗျာ…
    ကျော့် သင်ချာယီး နဲ့ ယုစ့်လေး ကို ပြန်ပေးပါ….
    ကျော် လူရုပ်ထု …အဲ့လေ ….လူပီသအောင် နေဂျင်ယို့ဘာ…။

    အဲ့၂ယောက်သာ ရလို့ဂဒေါ့…
    ဆွဲစိ ပီးဒေါ့မှ ထည့်ပလိုက်မယ် …. (ရင်ဂွင်ထဲဂို)

    :mrgreen:

    • black chaw

      July 28, 2014 at 11:39 am

      @ ဂီ ;
      ရှေ့က နှူးဘာကြီး မထည့်ချင်လို့ ဖြုတ်လိုက်တယ်ဗျာ။
      ယုသန္တာတင်လေး သွားမထိနဲ့ ညေးရေ။
      မိုးယံဇွန် လေး အားနာစရာကွယ်။
      သင်ချာ လေး သွားမထိနဲ့ ညေးရေ။
      ဦးဘလက်ကြီး အားနာစရာကွယ်။
      မိုးယံဇွန် နဲ့ ဦးဘလက်ကြီးကိုရော
      ရင်ဂွင်ထဲ ဆွဲမထည့်ချင်ဝူးလား ဟင်!!!ဟင်!!!ဟင်!!!
      :mrgreen:

  • Mr. MarGa

    July 21, 2014 at 10:57 am

    ဂွိ
    ဒါဆိုရင်တော့ လူပီသအောင် ပြန်နေဦးမှ
    တစ်ရက်တစ်ရက် ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ် အဆင့်ကနေကို မတက်ဘူး ဖြစ်နေလို့
    ကျန်တဲ့နှစ်ချက်က လွတ်နေသလို…လို…
    လူပီသအောင် ဘယ်သူ့အတင်းတုပ်ရင် ကောင်းမလဲ… 🙄

    • black chaw

      July 28, 2014 at 11:44 am

      @ Mr. MarGa ;
      မည်သို့ပင် ဆိုစေကာမူ
      ကောင်းပါတယ် သကြားရေ…။
      :mrgreen:

  • ခင်ဇော်

    July 21, 2014 at 10:58 am

    (စပ်စု)
    စပ်စု စရာကို မလို အောင် မနက် ဂရုချက်တွေဖွင့်လိုက်တာနဲ့ သတင်းတွေ စုံ။
    ကိုဂျီးဘက် မသိတဲ့ ကိုဂျီးဘက် သတင်းတွေတောင် ကျနော် ရထားတယ်ဆို ယုံလိုက်တော့။
    :boss:
    ~~~~~~~~~~
    (အတင်းပြော)
    အတင်းကတော့ မပြောတာ။ ပြောင်ပဲ ပြောတယ်။
    ခုဆို ပြောင်ပြောဖို့တောင် တော်တော်စဉ်းစားရတယ်။
    အနော်တို့ မောင်နှမ တင်သမျှ စတေးတတ်တွေက သူတို့ကိုပဲ ပြောနေတယ်လို့ ထင်တဲ့သူတွေ အားဂျီးများဂျီး များလာတော့လေ။ အဟိ။
    စိတ်မပူကြပါနဲ့ ။ အဲဒီလောက် မအားလို့ပါ၊
    ဟိဟိ.. :mrgreenn:
    ~~~~~~~~~~~~~
    (ချီတုံချတုံ)
    အဲဒါတော့အမှန်ပဲ။
    မနက်စာ ကော်ဖီသောက်ရမားးး??? မိုင်လိုသောက်ရမားးး??
    နေ့လည်စာ ဟမ်ဘာဂါ နဲ့ ထမင်းလွတ် ဒိုင်းယက်ရမားးး?? ပီဇာနဲ့ ထမင်းလွတ် ဒိုင်းယက်ရမားးးးး??
    ကိုယ်က ညစာမစားဝူး ဆိုတော့ကာ ပေါင်မုန့် ၄ ချပ်ကို နို့ဆီသုပ်စားရမားးးး ထောပတ်သုပ်စားရမားးး သိပ်ချီတုံချတုံဖြစ်တာပဲ။
    ဟေးဟေးဟေးးးး
    :mrgreen:
    ~~~~~~~~~~~~

    စကားမစပ် အနော့ ဒက် က လက်တင်မက အကုန်ယဉ်တယ်။
    အဟွာလေ။
    စကားပြောဆိုနေထိုင်ယဉ်ကျေးရည်မွန်တယ်လို့ ပြောတာပါ။
    😀

    ကိတ်ဝင်းဆွိ က ဘယ်သူနဲ့ တွဲတွဲ ဂယ်ချစ်တာ ထောင်ထဲ က ရဲတိုက်ကိုပါတဲ့ (ဟမ်))))))))))))))))))))))
    :mrgreen:

    • black chaw

      July 28, 2014 at 11:48 am

      @ ခိုင်ဇာ ;
      ရဲတိုက် ကို ချစ်သတဲ့လား…။
      ဟမ်း!!!!!!
      အဲဒါ အချစ်စစ်စစ် ပဲဗျ…။
      ထောင်ထဲက ထွက်လာမယ့်ရက်ကို
      ကြိုနေနော်…နော်…နော်။
      :mrgreen:

  • kyeemite

    July 21, 2014 at 11:37 am

    လူပီသအောင် ဒီသုံးချက်ဆောင်ရမတဲ့လား…
    ကေဇီပြောသလိုပဲ..ခုအင်တာနက်ခေတ်မှာ သိပ်စပ်စုစရာတောင်မလို….
    ပိုက်ပိုက်လေးအကုန်ခံပြီး ဖွဘုတ်တော်ကြီးပေါ်တက်လိုက်တာနဲ့…သတင်းပုလင်းကိုစုံလို့…
    (တကယ်ပါဗျ..သတင်းပုံတွေရော..ပုလင်းပုံတွေရော..တနေ့ကဆို မွသဲတင်ထားတဲ့ ဗော်ဒဂါ တောင်တွေ့လိုက်သေး..ဟေးဟေး ခိခိ 😀 )

    အတင်းကတော့ မပြောတတ်ပါဝူးဗျာ…သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းလေးတွေပဲ
    ဆွေးနွေးကြတာပါလို့…..
    ဇဝေဇဝါကလည်း ဖြစ်မှဖြစ်ပေါ့….ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့…
    ဇဝေဇဝါမဖြစ်တာဆိုလို့ ဘကီးမိုက်မှာတစ်ခုပဲရှိတယ်…
    အရက်သောက်ဖို့သာဖိတ်ကြည့်…လုံးဝ(လုံးဝ)ဇဝေဇဝါမဖြစ်…သွားလိုက်တာပဲ..ခိခိ 😀
    ကျုပ်လူပီသပါတယ်ကျောင်းဒဂါ ရယ်

    • black chaw

      July 28, 2014 at 11:56 am

      @ kyeemite ;
      မည်သို့ပင်ဆိုစေကာမူ…လူပီသသော ကိုမိုက်ရဲ့ ကွန်းမန့်လေးအတွက်
      လူပီသသော ဘလက်ကြီးက ကျေးဇူးအထူးတင်ရှိပါကြောင်း…။
      :mrgreen:

  • alinsett (gazette)

    July 21, 2014 at 12:10 pm

    အဲ့သလိုလား။
    အဟိ။
    အဲ့သုံးချက်နဲ့ အနော် ကိုက် မကိုက်က
    နေပါဦး စဉ်းစားကြည့်စမ်းမယ်

    စပ်စုလားးးး
    စုရဲ့။ ဒါမယ့် စပ်စုတာမဟုတ်ပါဘူးလေ
    စူးစမ်းလေ့လာတာပါ။

    :mrgreen:

    အတင်းတုတ်လား။
    ဟေ့အေး အတင်းတော့ မတုတ်ဘူး။
    သတင်းဖလှယ်တာတော့လုပ်တယ်
    :mrgreen:

    ဇဝေနဲ့ဇဝါ
    ဒါလည်း ဖြစ်တာပဲ

    ဒါဆိုပုံမှန်ပဲ။
    ဟဲဟဲ

    • black chaw

      July 28, 2014 at 11:59 am

      @ alinsett ;
      နော်မယ် ပဲဆိုတော့ အေးဆေးပေါ့။
      ဟေးဟေး။
      :mrgreen:

  • ရဲစည်

    July 21, 2014 at 12:24 pm

    သိချင်စိတ် ပြင်းပြခြင်း စပ်စုခြင်း
    မနက် အိမ်ကထွက်တာနဲ့ မလွှကုန်း ဘူတာ မရောက်မခြင်း မြင်မြင်သမျှ အကုန် စပ်စုပါတယ်…..။

    အတင်းပြောခြင်း
    အဲလာကတော့ နေ့စဉ် မလုပ်ဖြစ်ဘူး ကြုံမှ ဆုံမှ တိုက်ဆိုင်မှ ပြောဖြစ်တယ်…..။

    ဆုံးဖြတ်ချက်ကတော့ ပြတ်သလား မမေးနဲ့ ညနေဆို သောက်ဖို့ ဘယ်တော့မှ မတွေဝေဘူး

    • black chaw

      July 28, 2014 at 12:01 pm

      @ ရဲစည် ;
      အင်း…ညနေဆိုသောက်ဖို့ လုံးဝ မတွေဝေဘူးဆိုတော့
      လူမပီသ ဘူး ဆိုတဲ့ သဘောပေါ့။
      အမ်!!!
      ငါလည်း အတ်တူတူပဲ။
      :mrgreen:

  • ဦးဦးပါလေရာ

    July 21, 2014 at 1:10 pm

    .ဒီပေတံနဲ့တိုင်းလို့ကတော့ ဦးပါလေရာတို့က လူပီသ သမှ ဒေါင်ဒေါင်ကိုမည်နေတာ…

    .စပ်စု –
    .အဲဒါက တော့ မနက်မိုးရင်းရင် မျက်လုံးတစ်လုံးပွင့်ကတည်းက ဖေ့ဘုတ်အရင်ဖွင့်တာ..
    .ကျန်တဲ့မျက်လုံးက နောက်မှပွင့်တာ….

    .အတင်းပြော-
    .အင် … ပြောစရာဆိုတာ သူများအကြောင်းပြောမှ အရသာရှိတာကို
    .သူများအကြောင်း ကိုယ်ကပြော…
    .ကိုယ့်အကြောင်းက သူများပြောဖို့ချန်ထား…
    .အဲဒါမှ မျှတ တော့မပေါ့….

    .ချီတုံ ချတုံ လား…
    .ဟွင်း…… ဟွင်း…..
    .ဒါကတော့ – တော့စီးကရက် ……………….

    :mrgreen:

    • black chaw

      July 28, 2014 at 8:29 pm

      @ ဦးဦးပါလေရာ ;
      ဆိုတော့ … လူပီသသော ဦးဦးပါလေရာပေါ့…ဟေးဟေး။
      တော့စီးကရက် ဖြစ်ရလောက်တဲ့ ချီတုံ ချတုံ ကိစ္စလေး
      သိခွင့်ရရင် သိချင်သား…။ စပ်စုနေမိပြန်ပါပြီဗျာ။
      :mrgreen:

  • Lucifer

    July 21, 2014 at 1:24 pm

    ခုမှပဲ ကိုယ့်ကိုယ်ကို လူပီသကြောင်း သိတော့တယ် :mrgreen:

    • black chaw

      July 28, 2014 at 8:32 pm

      @ Lucifer ;
      ဝင်အားပေးသွားတာ ကျေးဇူးအထူးပါ
      မိတ်ဆွေကြီးလူစီဖာရေ။
      လူပီသသော လူစီဖာ အတွက် ဂုဏ်ယူရပါတယ်ဗျာ။
      :mrgreen:
      :mrgreen:

  • Crystalline

    July 21, 2014 at 1:28 pm

    ကွကိုယ်တော့ သိပ်မစပ်စုတတ်ဘူးထင်တာပဲ..
    အပေါင်းအသင်းလည်း များများစားစားမထားတော့ အတင်းလည်းသိပ်မပြောတတ်ဘူး..
    ကိတ်ဝင်းဆွိလို မရေရာမှု့တော့ မကြာခနဖြစ်တယ်.. :mrgreenn:

    • black chaw

      July 28, 2014 at 8:36 pm

      @ Crystalline ;
      သိပ်မစပ်စုတတ်ဘူးဆိုကတည်းက နည်းနည်းတော့ စပ်စုတတ်တယ်လို့
      ယူဆလိုက်ပါတယ်။
      အပေါင်းအသင်းများများစားစား မထားပေမယ့်
      စိုင်းစိုင်းတို့ စိုင်းစည်တွမ်ခမ်းတို့ အကြောင်းကိုတော့
      ခင်ဇော်ကြီးတို့ နဲ့ ပြောဖူးတယ်ဟုတ်။ အဲဒါလည်း အတင်းပြောတဲ့ အထဲ ထည့်လို့ရတယ်ဗျ။
      ကိတ်ဝင်းဆွိလိုမရေမရာဖြစ်မှု…ဟေးဟေး…
      ဦးဘလက်ကြီးက နားလေးကြီးဗျ…အဲဒါမျိုးဆို မကြားတတ်ဘူးရယ်…။
      :mrgreen:

  • ခင်ဇော်

    July 21, 2014 at 2:34 pm

    ဒါနဲ့ မေးချင်တာလေး တစ်ခု ရှိတယ်။
    စပ်စု သလိုဖြစ်မှာ ဆိုးလို့။ 🙄
    ကွယ်ရာပြောရင်လည်း အတင်းဖြစ်သေးတယ်လေ။ 🙄
    မေးရကောင်းမားးး မကောင်းမားနဲ့ ချီတုံချတုံရယ်။ 🙄

    အဟွာ။
    သများရဲ့ ဟို အကိုဂျီး ရာထူးတိုးပြီး ဖောင်တိန်ဖြစ်သွားတယ် ဆိုတာ ဟုတ်လားဟင်?
    အဟုတ်ဆိုရင် ဒီတခါ လာရင် မုန့်ကျွေးခိုင်းမို့။ ဟိ။ :mrgreenn:

    • black chaw

      July 28, 2014 at 9:15 pm

      @ ခင်ဇော် ;
      မေးချင်ရာမေး ဖြေချင်ရာဖြေ ကဏ္ဍ ဖွင့်လိုက်ရအောင်။
      ဝါဆိုမိုးဦး နဲ့ ဦးဘလက် က ချစ်သူတွေ မဟုတ်ကြပါဘူး ကွယ်…။
      :mrgreen:

  • ဦးကျောက်ခဲ

    July 21, 2014 at 2:45 pm

    ကျောက်စ်တို့ လင်မယားက ကျွန်းကလေးမှာ နှစ်ယောက်ထဲဆိုတော့ လူပီသရတယ်လေ…
    စပ်စုဖို့လား… ။ တယောက်အကြောင်း တယောက်သိ ၊ အပြင်လူပဲ စပ်စုရတာပေါ့…
    “ကိုရေ… ဟိုရှေ့လမ်းပေါ်က ပေါင်ဖြူမလေး ဝတ်ထားတာ ဟော့ တယ်တော့…”
    “ဟမ်မယေး… မိနှင်းရယ် ဝတ်ထားတာ တိုပြတ် ကပ် ဖော် … စိတ်ပျက်စရာကြီး….”
    အဟိ… အဲဒါက အတင်းတုတ်တာလေ…
    “ဟမ်… နှင်းရေ သေခြာကြည့် ၊ အချိုးအဆစ်က မိန်းမမဟုတ်သလိုပဲ…”
    “အင်းနော် ဟုတ်ပါရဲ့ … ဖြတ် ဖောက်ချုပ် ကြီးလားမသိ… ဟီ ဟိ”
    အဲဂလို မသေမချာ မရေမရာလေးနဲ့ နိစ္စဓူဝ ဇာတ်သိမ်းရတယ်လေ…
    အဟိ… ဂွဇက်ရွာသူရွာသားတွေကိုတော့ ကိုယ့်မောင်နှမတွေမို့ ချမ်းသာပေးလိုက်တယ်…
    အပေါ်ကလို လူပီပီသသ စောကြောထားတာတွေ… လုံးဝ ထုတ်မပြော…
    ဆိုကြပါစို့… ကိုဘလက်ရဲ့ … လှည်းတန်းက ကောင်မလေးတို့…
    ဆြာမိုက်ရဲ့ … ငယ်ချစ်ဦးတို့… ။ ကိုနိုရဲ့ … 2 nights in Hong Kong တို့…. အားဟိ
    😀

    • black chaw

      July 29, 2014 at 1:00 pm

      @ ဦးကျောက်ခဲ ;
      ဘလက်ကြီးရဲ့ လှည်းတန်းကကောင်မလေးကတော့
      ရိုး…ဟိုး…ဟိုး နေပြီ။
      သိတ်ပြီး မထူးဆန်းတော့ဘူးရယ်…။
      ဆြာမိုက်ရဲ့ ငယ်ချစ်ဦး ကတော့ အသစ်အဆန်းပဲ ဗျ။
      လုပ်ပါဦးဖေါက်သည်ချပါဦး။
      ကိုနိုရဲ့ 2 nights in Hong Kong ကလည်း စိတ်ဝင်စားစရာကောင်းတယ်ဗျာ။
      ကိုနိုကြီး တော်တော် ကဲခဲ့တယ်လို့ သတင်းအတိအကျ ရထားပါတယ်။
      ဆိုတော့ ကိုမိုက် ရဲ့ ငယ်ချစ်ဦး အကြောင်းပဲ နားထောင်ရမလား…
      ကိုနို ကဲခဲ့သော ဟောင်ကောင် ည အကြောင်းပဲ နားထောင်ရမလား…
      အင်းချီတုံ ချတုံ ဖြစ် ခစ်ခစ်ခစ်ခစ်။
      :mrgreen:

  • အာဂ

    July 21, 2014 at 5:26 pm

    ကျနော့်ကို ရာထူးတွေဘာတွေတိုးပေးပြီး အကောင်းစား တာဝန်ခံတွေဘာတွေဖြစ်လို့ပါလား ဆရာရေ..။ အငီး အိပ်စား..ကာမ..ချိုပါလားနော်…..အမှန်ကမေးတာ အိပ် သောက် သောက်အိပ်…ကာမ..ပါဆရာ

    • black chaw

      July 29, 2014 at 1:03 pm

      @ အာဂ ;
      အော် ကိုယ့်ညီကလည်း ညီလေးက
      တာဝန်ခံအယ်ဒီတာ ဟုတ်ဘူးလားဗျ။
      အရှေ့က အကောင်းစားဆိုတဲ့ နာမဝိသေသနပုဒ်လေး
      ထည့်ပေးမိတာ အပြစ်လားဗျာ။
      အယ်ချုပ် ကြီး ဘလက်…။
      :mrgreen:

      • ခင်ဇော်

        July 29, 2014 at 1:30 pm

        အယ်ချုပ် ဆိုတာ အယ်နေတာတွေကို ချုပ်တဲ့ လူကို ပြောတာလားဟမ်?

        :mrgreen:

  • ကူမားရ်

    July 21, 2014 at 11:54 pm

    စပ်စုချင်ပါရဲ့..ဘူနဲ့ မှမသိဘူး..အိုက်တော့ ဟိုလူ့မေး ဒီလူ့မေး လိုက်မေးတယ်
    အတင်းမပြောတတ်..ဖြေးဖြေးပဲ ပြောတယ်..ပြောရင်လဲတစ်ခါထဲမှာလိုက်တယ်…ဘူ့မှလျောက်ပြောနဲ့..အကုန်ငါပြောခဲ့ပြီးဘီ..နင်ပြောရင် မစုံမှာစိုးလို့..ဆိုပြီး..
    ချီတုံ.ချတုံလည်းဖြစ်ပါ့..ဂျစ်တူက ချီလိုက်ရင်လည်းတုန်တယ်..ပြန်ချလိုက်ရင်လည်းတုန်တယ်..သူ့ကိုကမျိုးနဲ့ရိုးနဲ့ တုန်တာတဲ့.ခိခိခိ..

    • black chaw

      July 29, 2014 at 1:14 pm

      @ ကူမားရ် ;
      ကူမားရ် မှ ဘလက်၊ ကူမားရ် မှ ဘလက်
      ကြားရင် အကြောင်းပြန် ဒါပဲ။
      ဘလက် မှ ကူမားရ်၊ ဘလက် မှ ကူမားရ်
      အသံအားလုံး ကြားတယ် ဒါပဲ။
      :mrgreen:

  • နောင် ရိုး

    July 22, 2014 at 9:47 am

    ညီနောင်ရိုး ကျနော်ကတော့ လူပီသပါတယ်…။ ခုတစ်လော စပ်စုချင်တာတွေတောင် ပိုများနေသေးးးး..
    အတင်းပြောသလား….ပြောပါတယ်…လက်ဖက်ရည်ဆိုင်ထိုင်ချိန် သတင်းဖလှယ်ချိန်ပဲ…
    ဇဝေဇဝါတော့ မဖြစ်ဖူးရယ်…Do နဲ့ Die ၂ မျိုးပဲ ရှိတယ်..
    ဒါလိုချင်ရင် ဒါပဲ…ဖြစ်အောင်လုပ်ရမှာ ကိုယ့်တာဝန်..
    ပထမဆု မရရင် ဇွဲဆုတော့ ရအောင်ယူမယ်…
    ငါကွ ညီနောင်ရိုးးးးးးးး

    :mrgreen:

    • black chaw

      July 29, 2014 at 1:20 pm

      @ နောင်ရိုး ;
      ဒါလိုချင်ရင် ဒါပဲ…တဲ့…။
      ဖြစ်အောင် လုပ်ရမှာက ကိုယ့်တာဝန်…တဲ့…။
      ပြီးတော့ကျတော့…
      ပထမဆု မရရင် ဇွဲဆုတော့ ရအောင် ယူမယ်…တဲ့…။
      ပထမဆုလိုချင်ရင် ပထမဆု ရအောင်ယူပေါ့ နောင်ရိုးရဲ့။
      ပထမဆု မရမှ ဇွဲဆုကိုလိုချင်နေပြန်သေးတာလားဗျာ။
      အင်း ပထမဆုနဲ့ ဇွဲဆု ကြားထဲ ချီတုံချတုံ ဖြစ်နေသော
      ကိုနောင်ရိုးပါခင်ဗျာ။
      :mrgreen:

  • Paing Lay

    July 22, 2014 at 11:09 am

    စပ်စု
    အတင်းပြော
    ချီတုံချတုံ

    ဒီ ၃ချက်မှာ စပ်စုတာကတော့ အနော်ကတော့ ဈေးသည် မျိုးရိုးကလာတယ်လို့ပြောရမလားမသိဘူး။ စပ်စုလိုက်တာမှ လူမုန်းခံရတဲ့အထိပဲ(ကျောင်းသားဘဝတုန်းကပြောပါတယ်။ အခုတော့ ဆင်ဆင်ခြင်ခြင်နေတတ်သွားပြီ)။ အတင်းပြောတာကတော့ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း စပ်မိစပ်ရာ ကွိစိကွစ ပေါ့ဂျာ 😀 ။ ဆုံးဖြတ်ချက်များ ပြတ်သားလိုက်ပုံကတော့ တစ်ခုခုစားတော့မယ်ဆိုရင် ၄၅ မိနစ်ကြာအောင် စဉ်းစားရတုန်း။ အခုတောင်မှ မိန်းမယူရင် ဘယ်မင်းသမီးကို အရင်စပွန်ဆာပေးရရင်ကောင်းမလဲစဉ်းစားနေတုန်း(အိပ်မက်ထဲမှာ ပြောပါတယ်) :mrgreen:

  • cobra

    July 22, 2014 at 4:33 pm

    လေးမိုက်တို့ လေးဘလက် တို့က
    အဲ့အကြောင်းလေးတွေဆွေးနွေးကြတယ်ပေါ့
    လေးမိုက်နော်
    အိမ်ကနီးနီးလေး
    လာတိုင်မှာဗျ

  • lu lu

    July 28, 2014 at 10:04 pm

    အဲ့ အူးးဘလက် ကလေ အမှန်ဒွေ တိတ်ပြောဒါဘဲ
    :mrgreen:

  • manawphyulay

    July 29, 2014 at 8:38 am

    စပ်စု၊ အတင်းပြော၊ ချည်တုံ့ချတုံမဖြစ်ခင်မှာ မနောက ဘာဖြစ်လဲဆိုတော့ မေမေက မနက်လင်းလို့ လာနိုးရင် နာရီကြည့်ပြီး ပြန်အိပ်တဲ့အကျင့်ပါ နေ့တိုင်းလိုလိုစွဲနေတယ်။ နောက်ပြီး ဖုန်းက အင်တာနက်လိုင်းမဖွင့်လိုက်နဲ့ Viber Massage က Group ချက်ထဲက သူငယ်ချင်းတွေ ဘာတွေပြောထားသလဲ၊ ငါ့အတင်းများပြောနေသလားဆိုပြီး ဖွင့်လိုက်တာနဲ့ ပလုံ ပလုံဆိုပြီး တက်လာတာနဲ့တစ်ပြိုင်နက် ဝင်ကြည့်မိတော့တာပါပဲ။ နောက်မှ ဖေဘွတ်မှာ ရိုက်ပြီးသား ဓာတ်ပုံတင်တယ်။
    ဂလိုတွေဖြစ်နေတယ်။ တဖြည်းဖြည်းနဲ့ ရောဂါများ ရင့်လာသလားမှတ်ရတယ်။ ဘယ်လိုဆေးနဲ့ ကုရပါ့ ဦးဦးဘလက်ရေ…

  • black chaw

    July 29, 2014 at 1:24 pm

    @ Paing Lay ;
    @ Cobra ;
    @ LuLu ;
    @ manawphyulay ;
    ကွန်းမန့်လေးများ ချီးမြှင့်ကြတဲ့ ညီလေး ညီမလေးများအားလုံးကို
    ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်ခင်ဗျား…။

  • kai

    July 29, 2014 at 1:40 pm

    အဲဒီလိုလူပီသနေတဲ့လူတွေက…
    တိရိစ္ဆာန်တွေ.. ခေါင်းထဲဝင်… သူတို့ကိုယ်စား. .လူဦးနှောက်ကြီးနဲ့.. သူတို့ခံစားမှု.. ဘဝ.. အခြေအနေတွေ.. အတင်းဝင်စဉ်းစားတွေးခေါ်ပေးနေတာက…
    မြန်မာတွေအတွက်.. “ထူးရှယ်..” အပိုအလုပ်တခုပေါ့…

    အင်း..
    လူဘဝကနေ.. တိရိစ္တာန်ဘဝ.. အတင်းမကူး.. ဘဝမပြောင်းကြပါနဲ့ကွယ်…
    ကွိ..
    ဘာမှလည်းမဆိုင်… :k:

    • အရီးခင်

      July 29, 2014 at 11:49 pm

      သူကြီး မင်း
      ဟားဗတ် က ဆရာတွေ ကို လဲ ကြုံရင် အဲ့ဒီလို ပြောလိုက် ပါဦးလေ။
      ဒီမှာ သူတို့ စ ထားတာပေါ့။ :-))))

      http://news.harvard.edu/gazette/2002/03.14/01-thinking.html

      Scientists think that animals think:
      But what exactly do they think about?
      By William J. Cromie
      Gazette Staff

      Do animals think?

      “Of course they do,” answers Marc Hauser, a Harvard professor of psychology. “How could they not think and manage to survive in the world?”

      Hauser has been studying animal cognition since 1980, when a female spider monkey reached through the bars of her cage at Florida’s Monkey Jungle and gave him a hug. He was 19 years old at the time. “She looked into my eyes and cooed several times,” he remembers. “The experience got me to thinking about what animals are thinking and how to find out.”

      He now believes that animals conceive the world in ways similar to humans, especially species like chimpanzees who live a rich social life. His field and laboratory experiments suggest that humans got their mechanisms for perception from animals. “Those mechanisms came free, courtesy of evolution,” he says.

      Hauser and his colleagues are trying to determine what sorts of thinking processes are unique to humans and what processes we share with animals. The one that comes immediately to mind is language.

      “Animals have interesting thoughts, but the only way they can convey them is by grunts, shrieks, and other vocalizations, and by gestures,” Hauser points out. “When humans evolved speech, they liberated the kinds of thoughts nonhumans have. Feedback between language and thinking then boosted human self-awareness and other cognitive functions.”

      စောဒီးနော် ကဘချော။
      မငြင်းရရင်မနေနိုင်လို့ပါ။ :-))))

  • black chaw

    July 29, 2014 at 1:52 pm

    @ kai ;
    ကွန်းမန့် စာရင်းပိတ်ပြီ ဆိုမှ ပေါ်လာတဲ့ သူကြီး။
    ထုံးစံအတိုင်း မြန်မာတွေကို လေသေနတ်တစ်လက် ကိုင်စွဲပြီး
    စစ်မျက်နှာ ဖွင့်လာပြန်သော သူကြီး။
    ဗဒင်သီချင်းလေးဆိုနေတာပဲ ကောင်းပါတယ်ဗျာ။
    ဒို့ကတော့ ဒို့ကတော့ ဒို့ကတော့ ဝေးဝေးကနေဆုတောင်းပေးမယ်…။
    :k:

    • kai

      July 29, 2014 at 4:25 pm

      ဘာရယ်မဟုတ်..။
      ဖေ့ဘုတ်မှာ အောက်ကစာလေးဖတ်လိုက်ရလို့.. မာန်တက်ပြီး.. ကိုရင့်စာတွေထဲဝင်ရှုပ်လိုက်တာ..။
      ရှုပ်လက်စနဲ့.. ထပ်ရှုပ်လိုက်ဦးမယ်..။
      ဆောရီးနော.. ခွင့်လွတ်ပါ့..။ :k:
      =

      “””မျက်စိမှိတ်ပြီး ကို ကြည်ညို ရ ပါတယ် ဘုရာ့”””

      ဘုန်းကြီး လူထွက်ပြီး မိန်းမယူတာကို လက်ခံနိုင်ဖွယ်ရာ လို့ မြင်တယ် ဆိုရင်၊

      တသက်လုံး ဒီလောက ကိစ္စ ကို ကင်းဖြတ်ဖို့ အားထုတ်၊ သတ္တဝါအများကိုလဲ ကင်းပြတ်နို်င်အောင် လမ်းပြ၊
      ဒါကို ယုံကြည် ကြည်ညိုကြလို့ လှူခဲ့၊ တန်းခဲ့၊ လူလူချင်း ဖင်ဘူးတောင်းထောင် ကန်တော့ခဲ့သမျှ
      အလိမ်ခံခဲ့ရတာ လို့ မမြင်တော့ဘဲ၊
      သူ့အလုပ်ကို သူလုပ်တာ တကဏ္ဍစီလို့မြင်မယ် ဆိုရင်၊

      မြန်မာပြည်မှာ လူငယ်တွေ အတွက် ကြီးပွားရေး၊ တိုးတက်ရေး၊ ကျော်စောရေး အကောင်းဆုံး အသက်မွေးဝမ်းကျောင်းအလုပ် ကို ပြပါဆို ဘုန်းကြီး အလုပ် လို့ပဲ ပြောရမယ်။

      ဆယ်တန်းအောင်ရင် ဆေး၊ စက်မှု၊ စသဖြင့် လိုင်းကောင်းတွေ ရ ဖို့ထက်၊
      ငယ်ငယ်ကတည်းက ဘုန်းကြီးဝတ်ခိုင်း၊ ဓမ္မာစရိယအောင်ရင် အဟောကောင်း၊ အပြောကောင်းအောင် လေ့ကျင့်ဟောပြော၊ ရေးသား၊ နာမည်လေးတလုံးရ၊
      လှူတာ တန်းတာတွေနဲ့ အတော်အတန်စုမိ၊ ဆောင်းမိတဲ့အခါ၊
      ရဟန်းအနေနဲ့ ပါရာဇိက မကျပါဘူး၊
      ခုချိန်မှာ စာရေးဆရာ လုပ်ချင်လို့၊
      ဒါမှမဟုတ် ဝါသနာအရ ဓါတ်ပုံဆရာ၊
      ဒါမှမဟုတ် အဆိုတော်(ပြောမရဘူး နောက်ဆို ဘုန်းကြီးလူထွက် ရက်ပါတွေ ဘာတွေလဲ ပေါ်လာချင် ပေါ်လာနို်င်သေး)
      လုပ်ပြီး ပြည်သူလူထုကို အလုပ်အကျွေးပြုချင်လို့ လို့ ပြော၊
      ချစ်သူ ဘဝ လက်တွဲဖေါ်လဲ တွေ့ပါပြီ လို့ ပြော
      ပြီးရင် လက်ထပ်၊

      ဒါ့ထက် သေချာတဲ့ အသက်မွေးဝမ်းကျောင်း ရှိဦးမလား။

      ဪ ဘုရား ဂုဏ် ကြီးပါလေစွ။

      ချိုတူးဇော်

      =

  • လူပီသကြောင်း အပြေးလာပြောတာ..
    – စပ်စုတာပေါ့ အူးလေးရယ်.. ကိုယ်တိုင်စပ်စုရုံတင် အားမရလို့ အချင်းချင်း သတင်းဖလှယ်ကြသေးတယ်..
    – အတင်းပြောတာလား.. ဒီလိုပါပဲ.. သူများမကောင်းကြောင်း.. ကိုယ့်ကောင်းကြောင်းလေးပေါ့.. ပျော်စရာတောင်ကောင်းသေး..
    – ဟဲဟဲ.. မပြတ်သားတာကတော့ သိပ်မရှိပါဘူး.. ရုံးရောက်ရင်.. ထမင်းအရင်စားရမလား. ကွန်ပျူတာအရင်ဖွင့်ရမလား.. ဖွဘုတ်အရင်သုံးရမလား.. ရွာထဲအရင်ဝင်ရမလား.. ကော်ဖီအရင်ဖျော်ရမလား.. ကိုကို့ဆီအရင်ဖုန်းဆက်ရမလားနဲ့.. ဗျာများမိနေတာ.. ဟိဟိ..

  • ဇီဇီ ခင်ဇော် (26102012)

    August 15, 2014 at 6:30 am

    အတင်းအုပ်တယ်ဆိုတာ နာမည်တော့ဆိုးတယ်။
    လွယ်တယ်များ ထင်နေကြလားမသိ ….
    အတင်းအုပ်ဖို့ဆိုတာ သူများအကြောင်းကိုလဲ သိရဦးမယ်။ အကြောင်းအရာကလဲ သူများစိတ်ဝင်စားစရာ ဖြစ်ရဦးမယ်။ သူများမသိတာလဲ ဖြစ်ရဦးမယ်။
    အကြောင်းအရာရှိပြန်တော့ ကိုယ်အတင်းအုပ်တာကို နားထောင်မယ့်သူကလဲ ရှိရဦးမယ်။
    နားထောင်ချင်စဖွယ်ဖြစ်အောင်လဲ အပြောကောင်းရဦးမယ်။ သူများစိတ်ဝင်စားအောင် မျက်စိထဲပုံပေါ်အောင် အပိုဆာဒါးလေးတွေထည့်ပီး ရွှန်းရွှန်းဝေဝေပြောတတ်အောင် ဉာဏ်ကလဲကောင်းရဦးမယ်။
    သူများမသိအောင် ကွယ်ရာမှာလဲ ပြောတတ်ရဦးမယ် …
    ကဲ …..
    ဘယ်လောက်ခက်တယ်မှတ်လဲ။
    သူများစိတ်ဝင်စားအောင် အတင်းသာကောင်းကောင်းအုပ်တတ် အတင်းပြောတတ်လို့ကတော့ စာရေးတဲ့အခါမှာလဲ တော်ရုံစာရေးဆရာလောက်ကတော့ သနားတယ် ဖြစ်သွားမယ်။
    Credit to Hein Zaw Nyo

    :mrgreen:

Leave a Reply