ဆရာ ” ကိုရွှေအောင်သင်း ” ငယ်ဘဝ

U Pyaung GyeJuly 21, 20141min1456

အင်းစိန်ဘူတာ၊ ဆိုက်ကားအမှတ်( အစ ၁၀ဝ )၊ အချိန်ကား ညဘက်။

အဆင့်မြင့်ပညာရေး သင်ကြားနိုင်ရန်နှင့် ဆိုက်ကားပိုင်ရရေး အတွက် တစ်ညလျှင် အိပ်ချိန် ၂ နာရီခန့်ဖြင့် ကြိုးစားနေသူ လူငယ်တစ်ဦး လမ်းမီးအလင်းရောင်ဖြင့် စာဖတ်နေပါသည်။

” ငညိုရေ၊ ကုန်တွေလာသယ်ပါဦးကွ၊ ဒို့သွားကြရအောင် ” အမည်ရင်းပျောက်ကာ စာတိုငညို အမည်ပြောင် ဖြင့် ကြိုးစားခဲ့ရာ ၄ လအကြာ ဆိုက်ကားပိုင်ဝယ်နိုင်ပြီ၊ ဆိုက်ကားအမှတ်( အစ ၁၃၆ )။

ရန်ကုန်မြို့တွင်း အမှိုက်ကားမောင်းသမားများ အကြိုက်လိုက်ကာ အမှိုက်ကားမောင်းသမားဘဝ ရရှိရေး ကြိုးစားခဲ့ပြန်သည်။ စာဖတ်အားကတော့ လျော့မသွား။ အမှိုက်များတင်နေစဉ် အချိန်ရသည်နှင့် စာဖတ် တော့သည်။ စာဖတ်ကောင်းမှုကြောင့် အမှိုက်ကားကို တစ်နေရာမှ တစ်နေရာရွှေ့ရန် ကြန့်ကြာနေ၍ အုပ်ချုပ်သူ၏ မန်မဲမှုကိုခံခဲ့ရဘူး၏။ ထိုမှတစ်ဖန် အိမ်ထောင်ကျပြီး သမီးလေးရပြန်သည်။ သမီးလေး နောင်ရေး မျှော်တွေးပြီး အမှိုက်ကားမောင်းသမားဘဝမှ စည်ပင်သာယာ အင်/ယာ လိုင်းဘက် ပြောင်းခဲ့သည်။ မိမိသင်ယူခဲ့သော အဆင့်မြင့်ပညာဖြင့် သမာအာဇီဝ လုပ်စားနိုင်ပေပြီ။

ဘဝကို လှေခါးတက်သလို တစ်ဆင့်ပြီးမှ တစ်ဆင့်တက်စေလိုသော ဆရာ ” ကိုရွှေအောင်သင်း ” ငယ်ဘဝ ဖြစ်ပါသည်။

6 comments

  • ခင်ဇော်

    July 21, 2014 at 3:45 pm

    အတ္ထုပတ္တိလားဟင်?
    ဆက်ရေးမှာလားး?

  • surmi

    July 21, 2014 at 4:07 pm

    အားပေးနေမယ်ဗျာ
    အမှတ်မမှားရင် စာရေးစာဖတ်ဂရုကထင်တယ်
    မင်္ဂလာပါဗျို့ 🙂

    • ခင်ဇော်

      July 21, 2014 at 4:09 pm

      ငင်။ ဟုတ်လားးး??
      ဟိုက်!
      ဂျူတီ လစ်တာတွေ ပေါ်ကုန်ပြီ။
      မင်ဂါပါ။
      ကြိုဆိုပါတယ်။
      :mrgreen:

  • Mr. MarGa

    July 21, 2014 at 4:16 pm

    အမ်
    စာရေးစာဖတ်ဂရုကလား
    မင်ဂါပါဗျို့
    မှတ်မိရဲ့လားမသိ 😀

  • ရာမည

    July 21, 2014 at 5:56 pm

    ကြိုဆိုပါတယ်ခင်ဗျာ
    ဒီဆိုက်ထဲမှာရှိတဲ့စာမျိုးစုံကိုဖတ်ပြီး
    နှစ်သက်ရာမှတ်ချက်များကိုလည်းပေးနိုင်ပါတယ်ခင်ဗျာ

  • kyeemite

    July 22, 2014 at 9:00 am

    ကြိုးစားသူတစ်ဦးရဲ့ ကိုယ်တွေ့ပေါ့…

Leave a Reply