အာဇာနည်နေ့မှာဘယ်သူအမြတ်ထုတ်ခဲ့သလဲ?

မြန်မာပြည်သူပြည်သားတွေရဲ့မမေ့အပ်တဲ့
မမေ့နိုင်တဲ့နေ့ထူးနေ့မြတ်တခုဖြစ်တဲ့အာဇာနည်နေ့
ကြီးပြီးဆုံးသွားခဲ့ပါပြီ။
လွန်ခဲ့တဲ့နှစ်ပေါင်း၆ရနှစ်တုန်းကပြည်သူတွေ
တကယ်ကြေကွဲခွင့် နာကျင်ခွင့် မျက်ရည်များနဲ့
ဖြည်မဆည်နိုင် နိုင်ငံအရေးရင်လေးစွာနဲ့
ယူကြုံးမရ အံကိုသာကြိတ်ပြီး နီးရာ နံရံ
တွေကို လက်သီးနဲ့တဝုန်းဝုန်းနဲ့ထိုးပြီး
ကိုယ့်စိတ်ကိုဖြေသိမ့်ခဲ့ကြရပါတယ်။
ဗိုလ်ချုပ်သာခုနေရှိခဲ့ရင်ကွာ ဆိုတဲ့စိတ်နဲ့
မြန်မာပြည်သားတွေဟာ အစိုးရဆိုးတွေ
ရဲ့အုပ်ချုပ်မူ့အသီးသီးအောက်မှာ ရေရွတ်ပြီး
ခရီးဆက်ခဲ့ရတဲ့အဖြစ်ကိုရောက်ခဲ့ရတယ်။
အစိုးရအဆက်ဆက်ကလည်း သူတို့ထက်ကျော်
ပြီးဗိုလ်ချုပ်ကိုတမ်းတသံတွေအစဉ်အဆက်ကြားနေ
ရမြင်နေရပေမဲ့မသိကြိုးကျွံပြုခဲ့ကြတယ်။
အာဇာနည်နေ့ကိုဖျောက်ပစ်ချင်သည့်တိုင်ဖျောက်ပစ်
လို့မရနိုင်တာကြောင့် လူထုပုံရိပ်မှာမှေးမှိန်လာအောင်
တဖြည်းဖြည်းလုပ်လာခဲ့ကြတယ်။
၁၉၉၂လောက်ကစပြီးနိုင်ငံအကြီးအကဲတာဝန်ယူသူ
တွေဥပက္ခာပြုခဲ့ကြတယ်။
ဥဩတွေမဆွဲပေးတော့ဘူး။
လူထုတွေကိုအာဇာနည်တွေနဲ့ဝေးသထက်ဝေးအောင်
နည်းလမ်းပေါင်းစုံနဲ့ခွဲထားလိုက်ကြတယ်။
တနည်းအာဇာနည်ကြီးတွေရဲ့ဝိဉာည်ကိုပါချုပ်ထား
လိုက်ကြတယ်။
ဒါပေမဲ့ပြည်သူတွေရဲ့စိတ်ထဲကရင်ထဲက အာဇာ
နည်တွေကိုသတ်လို့ခွဲထားလို့ချုပ်ထာလို့မရနိုင်ခဲ့ဘုး။
ဒီနေ့ဒီမိုကရေစီအစိုးရစနစ်ထူထောင်ရာမှာ
ပြည်သူတွေကအဓိကဆိုတာကိုသိမြင်လာခဲ့ကြ
လက်ခံလာခဲ့ကြပုံပေါ်လာတယ်။
ပြည်သူတွေအထွတ်အမြတ်တန်ဖိုးထားတာကို
လက်ခံနိုင်ဖို့ကြိုးစားလာခဲ့ကြတယ်။
၂၀၁၃ မနှစ်ကစပြီးမသိမသာ အာဇာနည်နေ့
မှာစစ်ဖက်ကထိပ်တန်းအဆင့်ရှိသူတွေတက်ရောက်
အလေးပြုစပြုလာရာကနေ
ဒီနှစ်မှာထူးထူးခြားခြား ကြံ့ခိုင်ရေးပါတီဥက္ကဌ တက်
ရောက်ဂါရဝပြုခဲ့တာတွေ့ရပါတယ်။
သူတက်ရောက်တာနဲ့အညီ ပြည်သူတွေရဲ့
ဆန္ဒတွေပြည့်ဝအောင် နိုင်ငံအဝှမ်းဥဩသံ
တွေလွှမ်းစေခဲ့တယ်။
ဒါတွေဒီလိုဖြေလျော့လာတာဟာ ၂၀၁၅ ရွေးကောက်ပွဲ
အတွက်ပြင်ဆင်မူ့အတွက်အသုံးချခဲ့တာလားလို့
ကျတော်သံသယဖြစ်စေမိပါတယ်။
ပြည်သူ့မေတ္တာ ၂၆ % လောက်ရဖို့ပဲလိုတဲ့
ကြံ့ခိုင်ရေးပါတီက သမ္မတလောင်း က
အာဇာနည်နေ့မှာ အမြတ်ထုတ်သွားခဲ့လေသလား
စဉ်းစားမိကြောင်း ပြိုင်ဖက်ပါတီအသီးသီးကို
မိချောင်းမင်း ရေခင်းပြလိုက်ရပါငည်ခင်ဗျား။

2 comments

  • အရီးခင်

    July 24, 2014 at 10:12 pm

    ဒီလို ထင်တာလား ကိုခန့် ရဲ့။

    သူဌေးကြီး ရဲ့ FB စာမျက်နှာ ပေါ်မတော့
    ဗိုလ်ချုပ်ရှားပါး ပုံတွေ ဆိုပြီးတင်လိုက်တာ
    အရင်က ဒါမျိုးဆို ဝေါင်ဝေါင်ရှေး သူတွေက ဝင်ပြီး ဝိုင်း like လိုက်ကြ။
    ပြန် share လိုက်ကြ။ လေးစားဖို့ကောင်းလိုက်တာ ပြောကြ (ဘူသူ့ကို လေးစားနေကြတာလဲတော့ မသိ) နဲ့ ဟုတ်နေတော့တာဘဲ။
    သူ့ ကို အမတ် ဝင်ရွေးစေချင်တယ်။
    ၁၉၉ဝ တုန်းက ကြို့ပင်ကောက်အမတ် ဆိုလား။
    အခုလဲ “နင်း မဲ့ နင်း ဒီ ဘက် ကို ရဲရဲကြီး နင်းလိုက်ပါ မြ ရယ်” လို့ ဆိုရမလို ဖြစ်နေပြီ။
    သူ့လို လူ ဆို မဆိုးလှဘူး ။ လက်ခံဖို့ ကောင်းတဲ့ အရည်အချင်း ရှိသလားပါဘဲ။

    ကိုခန့် ရောဘယ်လိုမြင်လဲ။
    တစ်ချိန်မှာ သမ္မတ တောင် မှန်းလို့ ရမှာနော။
    ;-)))

    • မင်း ခန့် ကျော်

      July 25, 2014 at 10:11 am

      လောလောဆယ်တော့ ဉီးရွှေမန်းပဲ မြင်နေတယ်အရီးရေ။
      တမတ်သားနောက်ခံကိုနောက်ထပ်တမတ်သားလောက်
      ဝန်ထမ်းထုဆီကယူလိုက်ရင်
      ဒေါင်းတွေလန်ကျအုံးမှာပဲ။
      ပါတီကိုဝန်းရံကြ။ မဲရှင်တွေကိုစည်းရုံးကြ။
      မတူတာတွေဘေးချိတ်ပြီးတူတာတွေကိုပေါင်းစည်းကြ။
      တရားဝင်မဲဆွယ်ခွင့်ကသုံးလတည်း။
      ခုချိန်လောက်ကစပြီး ပါတီဝင်မဟုတ်တဲ့အမာခံနောက်လိုက်တွေ
      မဲဆွယ်ကြ။
      ဈေးရောင်းသလို ပါတီကို ယုံကြည်လာဖို့ပြောကြ။
      တိုက်တွန်းကြ။
      အဲသလိုတွေလုပ်စေချင်တာပါ။
      ခုတော့
      အပြိုင်ရန်တွေဖြစ်။
      ဝိုင်းကြည့်နေကြတဲ့လူတွေစိတ်ပျက်ကြ။
      ဒါနဲ့ပဲ
      ခြေဉ ပြင်ဆင်ရေးလက်မှတ်က ငါးသန်းနီးပါးပဲရလိုက်တယ်။
      ကျတော်မှန်းတာထက် ထက်ဝက်လောက်နည်းနေတယ်။
      ဟုတ်ကဲ့ပါ။

Leave a Reply