နှစ်ပတ်လည် အမှတ်တရ

အချိန်တွေကုန်တာ မြန်တယ်လို့များ ထင်ရမလား မသိဘူးနော်။ နဖူးစာဂဇက်ရွာလည်ခဲ့တဲ့ အံစာနဲ့ လုံမတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းက ဒီနေ့ (၂၂.၇.၂၀၁၄) မှာ တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန်က ရွာတွေ့ဆုံပွဲပြီးလို့ နောက်တစ်ရက် ဝါဆိုလပြည့်နေ့ပေါ့။ အဲဒီတုန်းက အဖြစ်လေးတွေကို သတိရသား။ တွေ့ဆုံပွဲအချိန်တုန်းက သူက သူ့ကိုမချစ်နိုင်တဲ့ မိန်းကလေးဆီမှာ ပေကပ်ပြီး မနှောင့်ယှက်တော့ပါဘူးဆိုပြီး လုံမကို မခေါ်တော့ဘူး။ (ဗျူဟာမှူးတွေရဲ့ ဗျူဟာလည်း ဖြစ်နိုင်တယ်။) (၆) လလုံးလုံး ကိုယ့်အနားမှာ နေပေးခဲ့တဲ့သူဆိုတော့ ဘယ်အချိန်ကတည်းက သံယောဇဉ်တွယ်မိသွားမှန်း မသိဘူး။ ပြီးတော့ သူက တကယ်ကြီးကို ရှောင်သွားတာဆိုတော့ စိတ်ထဲမှာလည်း တစ်မျိုးကြီးပေါ့။ ဒီလိုနဲ့ မဖြစ်ချေဘူးဆိုပြီး လူဇိုးတွေနဲ့မေတိုင်ပင် လုပ်။ သူတို့ဆီက မဲကလည်း ကိုယ့်ဘက်ကို အလေးသာဆိုတော့ ခြောက်ထောင့်တုံး အဖြေရသွားပါလေရော။ သူနဲ့ လုံမနဲ့က ကြည့်လိုက်တာနဲ့ကို ပုံစံချင်းမတူမှန်း အရမ်းသိသာတယ်။ တကယ်လည်း တူတာအရမ်းနည်းတယ်။ အဲဒီ နည်းပါးတဲ့ တူညီမှုတွေထဲမှာ ဒီဂဇက်ရွာပါနေတာက ကျန်တဲ့မတူညီမှုတွေကို ဖုံးပစ်လိုက်သလိုပဲ။ မှတ်မှတ်ရရ လွန်ခဲ့တဲ့ ့(၂) ရက်လောက်က အအေးသောက်ရင်းနဲ့ facebook သုံးကြတာ တက်လာတဲ့ News Feed တွေက အတူတူတွေချည်းပဲ။ ဒီလူတွေချည်းရှိတာကိုး။ Facebook ဆိုလို့ သူနဲ့လုံမက password ပေးထားတာတွေ ဘာတွေလည်း မရှိဘူး။ ဘယ်သူကမှလည်း မတောင်းဘူး။ privacy ကို လေးစားတာလည်း ဖြစ်သလို တစ်ယောက်ကိုတစ်ယောက် ယုံကြည်တာလည်း ပါတာပေါ့။ လုံမကမှ တစ်ခါတစ်ခါ သူ့ဖုန်းထဲက ပုံတွေ၊ စာတွေကို လျှောက်ဖွင့်ကြည့်တတ်ပေမယ့် သူကတော့ လုံမဖုန်းဆို ကိုင်တောင်မကြည့်ဘူး။ ဒီက ဓာတ်ပုံလှလှလေးတွေ ရိုက်ထားရင် အတင်းကြွားရတာ။ နှစ်ယောက်သားက ပုံစံချင်းတစ်ခြားစီဆိုတော့ အကြောင်းသိတွေက အဆင်ပြေပါ့မလားလို့ စိုးရိမ်ကြတယ်။ လုံမကိုယ်တိုင်လည်း စိုးရိမ်မိတာပဲ။ ငါလို အူကြောင်ကြားဂေါက်သီးကို သူသည်းခံနိုင်ပါ့မလားပေါ့။ အူးလေးကျောက်ဆို မဂေါက်နဲ့နော်လို့ သတိပေးရုံတင် မသေချာလို့ တစ်ရွာလုံးသိအောင် ကြေငြာပေးလိုက်သေးတယ်။ ဂေါက်ရင် တစ်ရွာလုံးက ဝိုင်းထိန်းပေးလို့ရအောင်လို့တဲ့။ ဒီလိုနဲ့ပဲ တစ်နှစ်ပြည့်ခဲ့ပြီ ဆိုပါတော့။ တစ်နှစ်အတွင်းမှာ တစ်ခါမှ ရန်မဖြစ်ဖူးဘူး။ မဖြစ်နိုင်ဘူးလို့ ထင်သွားမလား မသိဘူး။ စိတ်ကောက်တာတွေ၊ စိတ်ဆိုးတာတွေက တစ်ဖက်သတ်တည်း ဖြစ်ရတာကိုး။ လုံမက တနင်္ဂနွေသမီး။ ကန်ရာသီဖွား။ စိတ်ကောက်ရတာ၊ ထစ်ခနဲဆို ပေါက်ကွဲရတာက မွေးရာပါအကျင့်။ အချော့ခံချင်တာကလည်း နစ်ယောက်မရှိတဲ့သူ။ သူက စိတ်ကောက်လို့ကောက်မှန်းမသိ၊ ပြန်ချော့ရကောင်းမှန်းမသိ။ တကယ်စိတ်ဆိုးသွားပြီဆိုပြီး ငူငူကြီး ဖြစ်သွားရော။ အဲဒီအခါကျ ဒီဘက်က အချော့ခံချင်တဲ့သူက စိတ်မကောင်းဖြစ်ပြီး ပြန်ခေါ်ရတော့တာပေါ့။ ခုတော့ နည်းနည်းတိုးတက်လာပြီ ထင်တာပဲ။ လုံမတို့နှစ်ယောက်ကြားမှာ တန်ဖိုးကြီးလက်ဆောင်တွေလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုယ်တိုင်လက်နဲ့လုပ်ပေးထားတဲ့ handmade card လေးတွေ၊ ရွာထဲမှာ တင်ပေးထားတဲ့ ပို့စ်လေးတွေက အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေပါပဲ။ တကယ်တော့ လုံမတို့က တွေ့ချိန်ရယ်လည်း သိပ်မရှိဘူး။ လုံမရုံးဆင်းချိန် ဖယ်ရီဂိတ်မှာ တစ်နာရီနီးပါးလောက် သူက စောင့်ရတယ်။ ပြီးရင် ကားဂိတ်ကို လမ်းလျှောက်၊ ကားစီး၊ မှတ်တိုင်မှာဆင်း၊ စာသင်တဲ့အိမ်နားထိ လမ်းလျှောက်၊ လမ်းမှာ စကားလေးပြော၊ ဒီလောက်ပဲ။ ပိတ်ရက်ဆိုရင်လည်း အိမ်အလုပ်ကိုယ်စီနဲ့ မတွေ့ဖြစ်တာများတယ်။ တွေ့ရတဲ့အချိန်ခဏလေးမှာ လုံမရင်ဖွင့်သမျှ နားထောင်ပေး၊ စိတ်တိုလာသမျှ သည်းခံပေးပြီး ဂရုစိုက်ပေးတယ်။ စိတ်ဆိုးတယ်ဆိုတာလည်း မရှိဘူး။ အရာရာကို နားလည်ပေးတယ်။ စကားနည်းနည်းနဲ့ အလုပ်များများလုပ်တယ်။ သူတစ်ပါးလိုအပ်တာကို (သူတတ်နိုင်သလောက်) မတောင်းဆိုရဘဲ ဖြည့်ဆည်းပေးတယ်။ အရာရာအားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဆုံစည်းခွင့်ပေးခဲ့တဲ့ ရွာကိုရော၊ အူကြောင်ကြားကို ဖုန်းဖိုးအကုန်ခံပြီး ဖုန်းဆက်ပေးတဲ့ အူးကျောက်နဲ့တကွ ချစ်သောလူဇိုးများကိုရော၊ ဝမ်းသာပြီး အားပေးကြတဲ့ ရွာသူရွာသားတွေကိုရော၊ နားလည်မှုအပြည့်နဲ့ ချစ်ပေးတဲ့ သူ့ကိုရော အားလုံးကို ကျေးဇူးအကြီးကြီးပါလို့။ ဖုန်းဘေလ်အခုမှဖြည့်ပြီးလို့ ခုမှတင်လိုက်ရတာ။ ်

Posted from WordPress for Android

25 comments

  • Mr. MarGa

    July 22, 2014 at 10:13 am

    အဟမ်း အဟမ်း
    ပို့စ် ဖောင်းပွမှု ဖြစ်တယ်
    နှစ်ယောက်ပေါင်း တစ်ပုဒ်တင်လိုက်ရင် ပီးရော
    :mrgreen:
    နောက်တာပါ
    ဝမ်းသာမိတယ်ဆိုတာပဲ ပြောပါရဇီ
    ဆုံးမစကား အားပေးစကားတွေကိုတော့ ရွာလူကြီးများ ပြောပါလိမ့်မယ်
    မောင်မာဃကတော့ ဘေးကနေ သူတို့ ပြောတာတွေ နာယူမှတ်သားဖို့ စောင့်နေတယ် 🙂

  • surmi

    July 22, 2014 at 10:28 am

    အတူနေကြရင် အားလုံးတူရမယ်လို့ ဘယ်သူကပြောလဲ …
    တကယ်တော့ သေသေချာချာစဉ်းစားကြည့်ရင်
    ဆန့်ကျင်ဖက်က ပိုမြဲတာ ။
    ဥပမာ _
    သူကကြက်ဥကြိုက်ပြီး ကိုယ်ကကြက်သားကြိုက်ရင်ဘာဖြစ်လဲ …
    သူ့ကိုကြက်ဥကျွေးပြီးကိုယ်က ကြက်သားစားလိုက်ပေါ့ ။
    ကဲ စားသောက်ဆိုင်မှာ ဝယ်စားတယ်ဆိုရင်လည်း ကုန်းဘောင်ကြော်ဆိုပါတော့ ၊ ကိုယ်က အသာရွေးစား သူကလအသီးအရွက်ရွေးစားလိမ့်မယ် ။
    မကောင်းဘူးလား .,,?
    သူကနားထောင်သမား ကိုယ်ကစကားများများပြော ဘယ်လောက်အဆင်ပြေသလဲ ။
    အလှအပ မကြိုက်တဲ့ယောက်ကျားကို ရထားတာ အတော်လေး လုံခြုံစိတ်ချရတယ်မှတ်ပါလေ :mrgreen:
    ကဲကဲ တစ်နှစ်ပြည့်မှသည် နှစ်တစ်ရာတိုင် လက်တွဲခိုင်ပါစေသတည်းးး ။

  • weiwei

    July 22, 2014 at 10:29 am

    မင်္ဂလာ မြန်မြန်ဆောင်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်တော့မယ် … 🙂

  • ခင်ဇော်

    July 22, 2014 at 10:34 am

    ဟမ်မငေးးး
    မတူတာများ ပိုကောင်းတယ်။
    ဘာလို့တုန်းဆိုတာ နောက်မှ သင်ပေးမယ်။
    ခု စောသေးတယ်။ :mrgreenn:
    ဟိ။

    ဥမပါ အဲလေ ဥပမာ။
    ကြေးအိုး နော် သူ့ကို အသီးအရွက်ပဲ ကျွေးးး၊ ကိုယ်က အသားချည်း ရွေးစားးး
    ဦးဆာပြောသလို မျိုးပဲ။

    ခိခိ

    :mrgreenn:

  • Crystalline

    July 22, 2014 at 11:10 am

    မွန်မွန်လေး တေမိရဲ့ မာယာတောမှာ မျောသွားခဲ့တာပေါ့.. ယောက်ျားမာယာများ.. :mrgreenn:
    အရကားစတာပါ့… ချစ်စရာကောင်းပြီးအေးဆေးတဲ့ နာ့မောင်လေးနဲ့ ချစ်စရာကောင်းပြီး သွက်လက်ထက်မြက်တဲ့ နာ့ညီမလေးတို့ ချစ်သူသက်တမ်းမှ မင်္ဂလာလျောက်လမ်းထိ တက်လှမ်းနိုင်ပါစေလို့.. :))

  • ခင် ခ

    July 22, 2014 at 11:39 am

    အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့ စကားက ဟိုရှေးရှေးတုန်းကပါဗျာ
    ကျုပ်စဉ်းစားမိတယ် အဲဒီစကားကို သူတို့ခေတ်တုန်းက လူပျို၊အပျို ညားကြဖို့က သုံးနှစ်သုံးမိုး တစ်ဖက်နဲ့တစ်ဖက် အကဲဖြတ်ကာစောင့်ရတော့ သုံနှစ်သုံးမိုးလည်းစောင့်ရသေး အသွင်မတူ အိမ်သူမဖြစ်လည်းဆိုလေတော့ ထပ်ကွဲရအုံးမယ်ဆိုရင်မဖြစ်ချေဘူး မတူ တူအောင်လုပ်ကြရင်း ထိုစကားကြီးက အဓိကနေရာက ဖြစ်သွားပုံထောက်ပါတယ်။ တကယ်တော့ တစ်ခါတလေ ကျုပ်အဖိုးနဲ့အဖွားလည်း ကတောက်ကဆ ဖြစ်ကြတာပါဘဲ ကျုပ်အဖေနဲ့အမေလည်း တစ်ခါတလေ ဖြစ်တာပါဘဲ ကတောက်ကဆ ကတော့ ဟော ကျုပ်တို့ဇနီးမောင်နှံကြတော့ရော တစ်ခါတရံ ကတောက်ကဆကတော့ ရှိကြပါလေရဲ့ဗျာ။ ဒီလိုပါဘဲ ကျုပ် သိတဲ့ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ဇနီးမောင်နံတွေ သူတို့ အဖေ၊အမေ အဖိုးအဖွားတွေ တစ်ခါတလေတော့ ကတောက်ကဆ ဖြစ်ကြတာကို ကြားရပါ့ဗျာ။ ဒါဟာ ဘယ်စုံတွဲဘဲဖြစ်ဖြစ် ထပ်တူညီမျှ အသွင်တူကြပါတယ်လို့ ပြောလို့မရနိုင်တဲ့သဘောပါဘဲ။ အဲဒီအသွင်မတူတာတွေကို တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆများခဲ့လည်း စိတ်မနာကြဘဲ ပြန်ချစ်ကြ တစ်ယောက်အကြောင်းတစ်ယောက်သိလို့ နားလည်မှု့ပေး တတ်ကြလို့ ဖြစ်တည်လာတဲ့ ခံစားမှု(Feeling) ကလည်း ကြည်နူးစရာ အရသာတစ်ခုဆိုတာကို တဖြေးဖြေးချင်းသိလာပါလိမ့်မယ် မွန်မွန်ရေ။
    ဆက်လက်သာ တူယှဉ်တွဲ လျှောက်ကြစမ်းပါ့ဗျ။
    စကားတစ်ခုတော့ လက်ဆောင်ပါး ပရစေ ချစ်ကြသူနှစ်ဦး ချစ်တတ်သူနှစ်ဦး စိတ်နာကျဉ်းအောင်တော့ တစ်ယောက်နဲ့တစ်ယောက်မပြောသင့်ကြသလို စိတ်အခန့်မသင့်လို့ စိတ်ကောက်ကြရင်လည်း တစ်ရက်အတွင်း တစ်ဦးဦးက စလို့ခေါ်တဲ့အကျင့်လေးရှိကြရင် သက်ဆုံးတိုင်ခိုင်မြဲမယ်လို့ ထင်ပါကြောင်း အဲဒါလေးပါ။

  • ဦးကျောက်ခဲ

    July 22, 2014 at 1:30 pm

    ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပေါ့ … မင်္ဂလာရှိပါ့ဗျား…
    ရွာထဲကဖူးစာ … အမြန် ပေါင်းဖက်ကြရပါစေပေါ့ခင်ဗျာ…
    “ဒီဂဇက်ရွာပါနေတာက ကျန်တဲ့မတူညီမှုတွေကို ဖုံးပစ်လိုက်သလိုပဲ…”… မှန်၏
    😀

  • TNA

    July 22, 2014 at 1:31 pm

    အင်းထူးဆန်းလှတဲ့အတွဲ ဟိုဖက်နဲ့တူအောင်ဆုတခုပဲတောင်းပေးလိုက်ပါ့မယ် ချစ်သူသက်တမ်းတနှစ်ပြည့်မှသည် မင်္ဂလာသက်တန်းတနှစ်ပြည့်သို့တက်လှမ်းနိုင်ပါစေ

  • kyeemite

    July 22, 2014 at 1:59 pm

    ဟိုဖက်က အံစာပို့မှာလည်းမန့်ခဲ့ပြီ…..နှစ်ယောက်လုံးကိုလည်း ရင်းရင်းနှီးနှီးသိနေတော့…
    ဒီလိုညဖစ်ဖူးလားပဲမေးတော့မယ်…ပျော်စေချင်လို့ပါ 😀
    ————————————————————–
    “ခလုတ်မှန်းမသိလို့ပါ….”

    အလွန်အရှက်ကြီးသော မိန်းမပျိုလေးတစ်ယောက်၊ ငယ်သူတို့ဘာဝ ချစ်သူရည်းစားအဖြစ်လူငယ်လေး တစ်ဦးနှင့် ရည်ငံနေကြပါသတဲ့။
    တစ်နေ့မှာ ချစ်သူနှစ်ဦး သာယာတဲ့ မြစ်ကမ်းဘေးသစ်ပင်ရိပ်အောက် မြက်ခင်းလေးမှာ ချိန်းတွေ့ နေကြတယ်။ သည်အခိုက်မှာ မနက်ခင်းတုန်းက ပဲကြီးလှော်သုပ်နဲ့ ကြက်သွန်ဖြူအပြင် အဘွားရဲ့ လျှက်ဆားကိုပါ တို့မြီးခဲ့တဲ့ မိန်းမပျိုခမျာ လေလည်ချင်လာခဲ့ပါလေရော။ ခက်ပြီ။ အရှက်ကလည်းကြီး၊ ချစ်သူကလည်းအနီးမှာ အတူထိုင်နေလေများ လည်မိလိုက်လို့ကတော့ မဟာ အရှက် ဟက်တက် ကွဲတော့မှာပဲ။

    လေမလည်မိအောင်အတင်းအောင့်အည်းထားရတယ်။ အောင့်ထားရလွန်းလို့ သွားတွေလည်း စိပြီး၊ ခြေမကလည်း ကွေးလို့။ အဲဒီ ကွေးနေတဲ့ခြေချောင်းတွေနဲ့ခြေမကို မြင်သွားတဲ့ ချစ်သူက
    “အချစ်ရဲ့ ခြေချောင်းလေးတွေက လှရဲ့သားနဲ့ ဘာလို့ ကွေးထားတာလဲကွယ်” လို့ ပြောပြောဆိုဆို ခြေမလေးတစ်ဖက်ကိုကိုင်ပြီး ဆန့်လိုက်တယ်။ မိန်းမပျိုမှာ အောင့်ထားလို့မရတော့ဘဲ ကျယ်လောင် ရှည်လျားတဲ့အသံနဲ့ လေလည်လိုက်မိသွားရော။
    မိန်းမပျိုလေးဟာ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့အုပ်ပြီး ရှက်လွန်းလို့ မြစ်ထဲ ခုန်ဆင်းသေမလို ဖြစ်သွားတယ်။ ချစ်သူကောင်လေးဟာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ပျာပျာသလဲ ချော့မော့တောင်းပန်လိုက်တာက
    “အချစ်ကလေးရဲ့ အီးခလုတ်မှန်းမသိလို့ ကိုင်မိလိုက်တာပါ။ ကိုယ့်ကို ခွင့်လွှတ်ပါကွယ်။ နောက်ဆို မကိုင်မိစေရပါဘူးနော်”တဲ့။
    :mrgreenn: :mrgreenn: :mrgreenn: :mrgreenn:

    • ခင်ဇော်

      July 22, 2014 at 2:07 pm

      ဒါမိုး အတွေ့အကြုံ ဒီရွာထဲက လူဂျီး တစ်ယောက်စီမှာ ရှိလယ်။
      ဘူလည်းတော့ မမေးနဲ့။
      ပြောရဲဝူးးး
      :mrgreenn: :mrgreenn: :mrgreenn: :mrgreenn:

  • sorrow

    July 22, 2014 at 2:22 pm

    ကြည်နူးရပါသည် ခင်ဗျာ …နောက်နောင်များ ကျုပ်ညီ ရေခဲတုံးလေး ကို လက်မပါပါနှင့်…အဟိဟိဟိ ..ဖွတာ ..ဖွတာ …

  • Kaung Kin Pyar

    July 22, 2014 at 3:19 pm

    တစ်နှစ်မှသည် ရာသက်ပန်တိုင်ပါစေ..အမွန်ရေ…..

  • pooch

    July 23, 2014 at 10:59 am

    ဆံဖြူ သွားကျိုူ း ယနေ့မှ စ နှစ်တရာတိုင်ပါစေ ညီမလေး

  • kyeemite

    July 23, 2014 at 11:50 am

    မင်္ဂလာလက်ဖွဲ့အတွက်စုထားတော့မယ်နော :s:

  • မဟာရာဇာ အံစာတုံး

    July 23, 2014 at 2:44 pm

    အို …
    အချစ်ခလေးလည်း တင်ထားပါလား …
    ပို့စ်လေးကို ဖတ်ပြီး ပိုပိုပြီး ချစ်မိသွားပြီကွယ် …

    အပေါ်မှာ ဥဥဆာ ပြောထားတာကို
    သေချာ ဖတ်နော် … ဟီးးး
    :mrgreen:

  • manawphyulay

    July 24, 2014 at 3:21 pm

    ကဲ နှစ်ပတ်လည်အတွက် ဘာတွေ ကျွေးမှာလဲ ညီမလေး… အားလုံးပြန်ဆုံချင်လို့ပါ စားချင်လို့ ဟုတ်ဝူးနော်..

    မင်္ဂလာနှစ်ပတ်လည်များ အတူတကွ နားလည်မှုများဖြင့် တစ်နှစ်ပြီး တစ်နှစ် ဖြတ်ကျော်နိုင်ပါစေနော်။

    သတိတရ
    မမနော

  • အရီးခင်

    July 24, 2014 at 10:24 pm

    အကယ်၍များ
    လုံမ တစ်ယောက်
    သူ့ အရီး ကို
    အကြံပေးခန့်လိုက် မိပါက …… ;-)))

    တစ်နှစ်တာမှသည် ၁ဝနှစ် အနှစ် ၁၀ဝ ဆီသို့ ပျော်ရွှင်စွာ လှမ်းလျှောက်နိုင်ကြဖို့ ကြိုးစား အားထုတ်ကြပါလေ။

    ချစ်တဲ့
    အရီး
    :-))

  • kai

    July 25, 2014 at 6:33 am

    ဒီစုံတွဲနဲ့.. တော်တော်မင်္ဂလာရှိသွားတယ်..
    ဟိုစုံတွဲနဲ့လည်း.. မင်္ဂလာရှိခဲ့တယ်…

    မင်္ဂလာတွေထပ်ပါစေသတည်း..။
    ဆိုတော့..
    မတူတာတွေ.. တူအောင်လိုက်မညှိနဲ့..
    အဲဒါကိုက… ဘဝရဲ့အရသာ… :mrgreen:

    • ခင်ဇော်

      July 25, 2014 at 7:57 am

      နောက် မင်ဂါတစ်ခုရှိသွားအောင် အနော် လှုပ်ရှားလိုက်မယ်။
      မမဝေါင် ကို ကြံရမားးးး
      မမခွစ်ကို ကြံရမားးး

      :mrgreen:

  • လုံမလေး နဲ့ အံ ဇာ ရေ

    ကိုယ့် ဘဝ ကိုယ် ရုန်းကန်ကြ ရ တာ လဲ အမှန် ဘဲ။

    အဲ တော့ တစ်ယောက ်ထဲ ရုန်းကန် တာ ထက် စာ ရင် နှစ်ယောက်ပေါင်းပြီး ဘဝ ကို ရုန်း ကန် တာ နည်း နည်း အမော သက် သာ မယ် ထင် ပါတယ်။

    ဒီ တော့ ကိုင် ဇာ သီ ချင်းလေး ဆို လိုက် ပါ

    ” မင်္ဂလာ ဆောင်ရ အောင် အချစ် ရယ် ”

    ” မင်္ဂလာ ဆောင်ရ အောင် အချစ် ရယ် ”
    ” မင်္ဂလာ ဆောင်ရ အောင် အချစ် ရယ် ”
    ” မင်္ဂလာ ဆောင်ရ အောင် အချစ် ရယ် ”
    ဟုတ် ပီ နော်။။။

    လုံမ လေး တို့ စုံ တွဲ က သူများတွေ အားကျ စရာ။

    ကိုယ် တို့ ချစ် နေ တာ ကို အများ သိအောင်ကြေ ငြာ ထား တော့ အခု လို ပိုစ်လေး တင်

    အားလုံး ကလဲ ကော် မင်းတွေ ပေး ပျော်စရာ ကြီး နော်။

    နောက် မင်္ဂလာဆောင်ရင် ဒီ ထက် ပို ပျော် စရာ ကောင်း မယ်။

    နောက် မင်္ဂလာဆောင် ပြီး လို့ နှစ်ပါတ်လည် ဆိုရင် လဲ ပိုစ်တွေ တင်

    ကော်မင်း တွေ ပေး အတော် ကျက် သရေ ရှိ မယ်။

    ဒါ ပွင့်လင်းမြင်သာ တဲ့ အကျုးိ တရား ပေါ့။

    (ဒီ နေရာ မှာတော့ Lt တွေ တို့ တိတ် တိတ် ပုန်း လင်ယူ မယား ယူ လုပ်ထား သူတွေ တော့ နာ တာ ဘဲ

    သူများလို့ ပွင့် ပွင့် လင်း လင်း မပျော် နိုင် ရှာ ဘူး နော်.၊)

    ဒန် ဒန့် ဒန်

  • black chaw

    August 4, 2014 at 9:42 am

    အံစာ နဲ့ မွန်မွန်
    တစ်သက်လုံး သစ္စာရှိရှိ ချစ်နိုင်ကြပါစေလို့
    ဦးဘလက်ကြီးက
    တော်တော် နောက်ကျနေမှ
    ဆုဝင်တောင်းပေးသွားပါတယ်ဗျာ။

  • aye.kk

    July 22, 2015 at 11:03 am

    အံစာနဲ ့မွန်မွန်ရေ
    ဂဇတ်ဖူးစာနတ်ကကြီးတယ်။
    တစ်ဦးကိုတစ်ဦး၊တန်ဘိုးထားနားလည်ပေးပြီး၊ချစ်မြတ်နိုးစွာနဲ ့
    ရွှေဂဟေအမြန်ဆုံးဆက်နိုင်စေဘို့အန်တီဆုမွန်တောင်းလိုက်ပါတယ်။။

  • အောင် မိုးသူ

    July 22, 2015 at 11:07 am

    ဖူးစားစုံလို့ရယ် တို့နှစ်ဦးတွေ့ကြတယ် ကြင်နာပုံအသည်းနှလုံး ဆန်းစစ်ကြည့်ပေါ့ကွယ်

Leave a Reply