ယောက်ျားတွေ ဘာလို ့ညာကြတာလဲ ?

Yin Nyine NwayAugust 13, 20101min737


တစ်နေ ့မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ ့အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ….အဲလိုခုတ်နေရင်းနဲ ့သူ ့ရဲ ့လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ ့ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။

“အသင် ဘာကြောင့် ငိုနေရတာလဲ ?”

“ကျွန်တော်မျိုး ရဲ ့ပုဆိန် မြစ်ထဲကို ကျသွားလို ့ပါ အရှင် ။ ပုဆိန်မရှိ ပဲကျွန်တော်မျိုုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ “လို ့သစ်ခုတ်သမားက ပြန်ဖြေတယ် ။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ ့အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

“ဒါ သင်၏ ပုဆိန်လား ? ”
“မဟုတ်ပါဘူး အရှင်” သစ်ခုတ်သမားက ပြန်ဖြေတယ်။

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက် နဲ ့အတူ ပြန်ပေါ်လာပြန် ပါတယ်။

“ဒါ သင်၏ ပုဆိန်လား ? ”
“ဒါလဲ မဟုတ်ပါဘူး အရှင်” သစ်ခုတ်သမားက ထပ်ဖြေတယ်။

နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန်တစ်လက် နဲ ့အတူ ပြန်ပေါ်လာပြန် ပါတယ်။

“ဒါ သင်၏ ပုဆိန်လား ? ”
“ဟုတ်ပါတယ်” သစ်ခုတ်သမားက ဝမ်းသာအားရ နဲ ့ဖြေတယ် ။

နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ ့ ရိုးသားမှု ကို နှစ်သက်ကျေနပ်သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ဝမ်းသာအားရနဲ ့ အိမ်ကို ပြန်သွားပါတော့တယ် ။
——————————

———————-

သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ ့ရဲ ့ဇနီး နဲ ့အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။မမျှော်လင့်ပဲ သူ ့ရဲ ့မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်မင်းကြီးဟာ ပေါ်လာပြန်တယ်။

“ဟယ်… မောင်မင်း ဘာဖြစ်လို ့ငိုနေရပြန်တာတုန်း?”

” ကျွန်တော်မျိုးရဲ ့ မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို ့ပါ ။မိန်းမ မရှိပဲကျွန်တော်မျိုး ဘယ်လိုလုပ် အဲ…ဘယ်လိုလုပ် ရပါ့မလဲ ”

နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး “မိုးဟေကို” နဲ ့အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။

“ဒါ သင်၏ မိန်းမ လား ? ”
“ဟာ…ဟုတ်ပါတယ်” အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
“မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ ”

“အိုး….ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို ့ ကျွန်တော် မျိုးက “မိုးဟေကို” ကိုမဟုတ်ပါဘူးလို ့ ငြင်းခဲ့မယ်ဆိုရင် အရှင်က “သင်ဇာဝင့်ကျော်” နဲ ့အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ် ။အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက “ဟုတ်ပါတယ်” ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ် ။ နတ်မင်းကြီးရယ်…ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေး ပါ ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ ။ ဒါဆိုရင် ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘောပေါက်မယ် ထင်ပါတယ်။

7 comments

  • rain pricess

    June 5, 2012 at 6:40 pm

    ယောကျာ်း …….တွေက ဒီလိုပဲလေ
    ညာတတ်တာ သူတို.သဘာဝ….

  • ညလေး

    June 5, 2012 at 6:49 pm

    အထူအပါးနပ်တဲ့ယောက်ျားတို.ရဲ.“မာယာ”မဟုတ်တဲ.“အလိမ်အညာ”တွေပေါ့………
    ခက်ပါတယ်……….

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 6:51 pm

    တွေ့ရား ..
    တွေ့ရား …
    ယောက်ျားတွေ လိမ်တယ်၊ ညာတယ်ဆိုတာ
    အကြောင်းမဲ့ မဟုတ်ဘူးနော့ …
    အဲ့ထဲမှာ ပထမဆုံး တစ်ယောက်ကိုပဲ ဟုတ်တယ်လို့ ပြောလိုက်တာ အကြောင်းမဲ့ မဟုတ်ဘူး ..
    သူ့မိန်းမကို ချစ်လို့ ..
    တကယ်လို့ သုံးယောက်လုံး နတ်မင်းကြီးက ပေးလိုက်ရင် ..
    အိမ်ပြန်ရောက်တော့ သူ့မိန်းမ စိတ်ညစ်ရမှာပေါ့ ..
    ဒါကြောင့် … ဒါကြောင့် …
    သူဂ အားနာပါးနာနဲ့ လိမ်ညာပြီး မိုးဟေကို လေးဂိုပဲ လက်ညှိုးညွှန်လိုက်ဒါ …
    အဟိ .. ထင်ရာ ဆွဲပြောလိုက်တာ … 😀

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 5, 2012 at 10:14 pm

    အဟမ်း….ဝင်ပွားပါတော့မယ်….အပျိုကြီး…အဲလေ…မမလေး….
    မမလေးဆိုတာကမမကြီးထက်သာတယ်ကြီးလွန်းလို့လေးသွားတာ…
    မမလေးခေါ်တိုင်းမြောက်မသွားဖို့အကြံပေးလိုပါတယ်…အဲဘာတွေပြောမိမှန်းကိုမသိတော့ဝူး..
    မမတောင်ကြီးသူရေ….
    ယောက်ျားတွေညာရတဲ့အကြောင်းလေးရှိပါတယ်….
    အဟင်းအဲမှာစတွေ့တာပဲ…..
    ဥပမာတစ်ခုပေးမယ်…
    ကျွန်တော့်ကိုကောင်မလေးကမေးတယ်…
    ကိုဆေးလိပ်သောက်တတ်နေပြီမလားလို့မေးတယ်…
    ကျွန်တော်ကဆေးလိပ်သောက်တတ်ပါတယ်…ဒါပေမယ့်မသောက်တတ်သေးဘူးလို့ဖြေတယ်…
    မညာနဲ့နော်တဲ့…မညာပါဘူးလို့ပြောတယ်….တစ်ခါမှာကျွန်တော်
    စာရေးနေတုန်းဆေးလိပ်သောက်တာသူမြင်သွားတယ်…
    သူ့ကိုလိမ်ရပါ့မလားဆိုပြီးစိတ်ဆိုးတာကတစ်မျိုး..သူမကြိုက်တဲ့ဆေးလိပ်သောက်တာကတစ်ဖုံမို့..
    စိတ်ကောက်သွားပါတယ်…ကျွန်တော်လဲလိုက်ချော့ဟန်ဆောင်…အဲလေ..တကယ်လိုက်ချော့ရတာပေါ့
    ဒါပေမယ့်ကောင်မလေးကမရဘူးကျွန်တော့်အိမ်ကိုတိုင်မယ်ကို့အိမ်ကိုတိုင်မယ်…
    မေမေတို့သိရင်သူတို့မကြိုက်တာလုပ်လို့ကို့ကိုဆူလိမ့်မယ်ပြောပါတယ်….
    ကျွန်တော်လဲပြန်ပြောတာပေါ့….ညီမရယ်ညီမကိုကိုယ်လိမ်တာမင်းကိုမချစ်လို့မဟုတ်ပါဘူးကွာ..
    ကိုယ်ဆေးလိပ်သောက်တာကိုကြိုက်တယ်…ဒါပေမယ့်မင်းမကြိုက်တော့မင်းမကြိုက်တာကို
    မင်းရှေ့မှာမလုပ်ဘူး…မင်းမကြိုက်တာကိုယ်လုပ်တယ်ဆိုတာလဲမသိစေချင်လို့လိမ်ပြောရတာပါကွာ
    လို့ပြောလိုက်တယ်….မင်းမကြိုက်တာကိုမင်းမသိအောင်လုပ်တာဟာလဲမင်းကိုချစ်လို့စိတ်မဆင်းရဲစေ
    ချင်လို့ပါလို့ပြောပြလိုက်ပါတယ်…ကျွန်တော်တကယ်စိတ်ရင်းနဲ့ပြောတာပါ…
    ကျွန်တော်ကအသက်ပြည့်ကတည်းကဆေးလိပ်ကိုခိုးခိုးသောက်နေတဲ့သူဆိုတော့…
    ဆေးလိပ်သောက်တာသုံးနှစ်လောက်ရှိတော့ဖြတ်ရခက်တယ်ဗျ….ဒါလေးခွင့်လွှတ်ပေးပါလို့
    ပြောတော့အင်းပါတဲ့…..တကယ်ကိုပဲခွင့်လွှတ်ပါတယ်…..
    နောက်နေ့ကျတော့ကိုရေညီမကိုယ့်ကိုချုပ်ချယ်လွန်းသလိုဖြစ်နေပြီတဲ့ပြောပြီး…
    ကိုဟာဘာပဲဖြစ်နေဖြစ်နေကောင်းကောင်းဆိုးဆိုးညီမရွေးချယ်ထားတဲ့ချစ်သူဖြစ်တဲ့အတွက်
    ခွင့်လွှတ်နားလည်မှာမို့ညီမကိုလဲကိုမလိမ်ပါတော့နဲ့ညီမမကြိုက်တဲ့အလုပ်မျိုးသိပ်လုပ်ချင်ရင်တောင်
    ညီမရှေ့မှာပဲလုပ်ပါ ညီမကွယ်ရာမှာလုပ်ပြီးညီမကိုမလိမ်ပါနဲ့တဲ့……
    ကျွန်တော်လဲသူပြောသလိုပဲနေပါတယ်…..တခြားမှာသူငယ်ချင်းတွေတိုက်လို့သောက်ခဲ့ရင်တောင်
    သူ့ကိုပြန်ဖွင့်ပြောခဲ့ပါတယ်….ဒီလိုနဲ့မနွေတို့သိတဲ့အတိုင်းကျွန်တော်ရန်ကုန်မှာလာနေရပါတယ်…
    တလခွဲလောက်ကြာခဲ့ပါတယ်…ဒီရောက်တာနှစ်ဆယ့်ရှစ်ကပြန်ရောက်ပါတယ်…
    နှစ်ဆယ့်ခွန်နရက်နေ့မှာသူကျွန်တော့်ကိုချိန်းပါတယ်….
    ကျွန်တော်သူ့အတွက်ဝယ်လာပေးတဲ့…..ဖုန်းမှာချိတ်တဲ့အရုပ်ကလေးကိုလက်ဆောင်ပေးတော့…
    အမြဲတမ်းအမှတ်ရနေဖို့ယူပါမယ်တဲ့….စိတ်ထဲမှာတမျိုးတော့ထင့်သွားတယ်..
    ထင်တဲ့အတိုင်းပါပဲ…နောက်ထပ်ကိုရီးယားမင်းသားလိုလိုချပ်ချပ်ရပ်ရပ်ဖြူဖြူချောချော
    တစ်ယောက်ရောက်လာပါတယ်…သူလာကြိုခိုင်းတဲ့အတွက်လာကြိုရတာပါတဲ့…
    သူမမိတ်ဆက်ပေးခဲ့ပါတယ်…ကိုဒါညီမကိုငယ်ငယ်ကတည်းကသံယောဇဉ်ကြီးခဲ့တဲ့
    သူငယ်ချင်းပါတဲ့….
    ယိုးဒယားကပြန်လာတာတစ်လလောက်ရှိပြီတဲ့….အစ်ကိုလာမယ့်နေ့မှာအဖြေပေးမယ်လို့
    ပြောထားတာအခုအစ်ကိုပြန်လာပြီဆိုတော့ရပါပြီတဲ့…
    ကျွန်တော့်စိတ်တွေပိုပြီးတည်ငြိမ်သွားတတ်ပါတယ်…ကျွန်တော့်မှာဘာဆုံးရှုံးမှုနဲ့ကြုံကြုံအမြဲတမ်း
    စိတ်တွေမလှုပ်ရှားပဲပိုပြီးတည်ငြိမ်သွားတတ်တဲ့အကျင့်ရှိပါတယ်(တစ်ခါတစ်လေမှာမကောင်းဘူးဗျ
    ပေါက်ကွဲလိုက်တာပိုကောင်းတယ်..အတုမယူပါနဲ့)ကျွန်တော်တည်ငြိမ်စွာပဲပြောခဲ့ပါတယ်…
    ကိုယ့်အပြုအမူတွေဟာညီမအတွက်ခွင့်မလွှတ်နိုင်စရာဖြစ်နေရင်…..သူ့အတွက်စိတ်ချမ်းသာပါစေ
    ကွာလို့ပြောခဲ့ပါတယ်……တကယ်ပဲကျွန်တော်ပြောခဲ့တဲ့စကားလေးဟာ
    စိတ်ချမ်းသာစရာလေးတွေသူမသူငယ်ချင်းအတွက်ပေးစွမ်းနိုင်ခဲ့ပါတယ်
    နှစ်ဆယ့်ကိုးရက်နေ့ညနေပိုင်းလေးမှာစိမ်းမြနေတဲ့ပတ်ဝန်းကျင်ကကျွန်တော့်အတွက်
    တည်ငြိမ်စွာအသဲကွဲဖို့နေရာကောင်လေးတစ်နေရာဖြစ်သွားပါတယ်….
    သူမကျွန်တော့်ကိုနောက်ဆုံးလက်ဆောင်လေးပေးသွားပါတယ်….
    မိုင်းလ်ဆဲဗင်းန်ဆေးလိပ်ဗူးလေးတစ်ဗူးနဲ့ဓါတ်ဆီမီးခြစ်လှလှလေးတစ်လုံးပါ……
    သူမရဲ့ချစ်သူအသစ်နှုတ်ခမ်းမှာတော့အဖြူသုံးပုံနှစ်ပုံအဝါသုံးပုံတစ်ပုံအရာလေးထိပ်က
    မီးရဲရဲနဲ့မီးခိုးငွေ့လေးတွေကိုမြင်ရပါတယ်….သူမပျော်ရွှင်လို့ပါ….
    ၂၀၁၂..၃လပိုင်းမော်ဒယ်Honda Dream125လေးပေါ်မှာတစ်ခြားသူရဲ့ခါးလေးကိုဖက်လို့
    သူမကျွန်တော့်ကိုပြုံးပြသွားခဲ့ပါတယ်…..
    ဒီနေ့ညနေသုံးနာရီခွဲမှာကျွန်တော်တည်ငြိမ်စွာအသဲကွဲတာတစ်ပါတ်တိတိပြည့်ပါတယ်…
    အဲတော့…မနွေရေ….မိန်းကလေးတွေဘာကြောင့်လိမ်ရသလဲဆိုတာလေးလဲ…
    ပို့စ်လေးတစ်ပုဒ်လောက်တောင်းဆိုပါရစေ….

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 5, 2012 at 10:18 pm

      အင်း…တည်ငြိမ်လို့သာတော်ရော့မယ်…
      နှစ်ဆယ့်ခွန်နရက်ကို နှစ်ဆယ့်ကိုးရက်ဖတ်ပေးပါ…နှစ်ဆယ့်ခွန်ကကျွန်တော်ရန်ကုန်က
      စထွက်တဲ့ရက်…နှစ်ဆယ့်ရှစ်ပြန်ရောက်တယ်နှစ်ဆယ့်ကိုးမှာ…အင်းလိုင်စင်ရုတ်သိမ်းခံရတယ်

  • သားဦး၊မြေးဦး

    June 5, 2012 at 10:39 pm

    တွေးတတ်ပါဘိသနှယ့်ဗျာ။ဖတ်စာထဲကနေ ထိမိတဲ့အတွေးကောင်းလေးဖြစ်သွားတာပေါ့။

Leave a Reply